ရန်ကုန်မြို့ တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်ရပ်ကွက်မှာ အရင်ကနေထိုင်ခဲ့သူ လူပေါင်း၅၀၀ ကျော်လောက် က အဲဒီရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ မြန်မာ့ဂုဏ်ရောင်အိမ်ရာပိုင်ရှင် ၀ါဝါ၀င်းကုမ္ပဏီကို နစ်နာကြေးပေးဖို့ ဒီနေ့စတင်ပြီး သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေကြပါတယ်။
Thursday, January 30, 2014
ဘင်္ဂ္လားဒေ့ရှ် အစ္စလာမစ် ပါတီ ဥက္ကဋ္ဌဌ သေဒဏ်ကျ
ဘင်္ဂ္လားဒေ့ရှ် နိုင်ငံမှာ အကြီးဆုံး အစ္စလာမစ် ပါတီဖြစ်တဲ့ Jamaat-e-Islami ပါတီ ဥက္ကဋ္ဌဌကို လက်နက် မှောင်ခိုမှုနဲ့ သေဒဏ် ချမှတ်လိုက်ပါတယ်။
မြို့စွန်သင်္ချိုင်းမှာသာ ဆန္ဒပြခွင့်ရခဲ့သည့် မတ္တရာလယ်သမားများ
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့အနီးမှာ လယ်ယာမြေတွေ သိမ်းခံထားရမှုကို မကျေနပ်လို့ ရာနဲ့ချီတဲ့ လယ်သမားတွေစုရုံးပြီး ဒီကနေ့မွန်းလွဲပိုင်းက ဟောပြောပွဲတွေနဲ့ ဆန္ဒပြပွဲတွေကျင်းပပြီး ဆန့်ကျင်ကန့်ကွက် ခဲ့ကြပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ White Card ကိုင်ဆောင်သူများ မဲပေးခွင့်ပြုပါက ကန့်ကွက်မည်ဟုဆို
လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ ယာယီသက်သေခံကတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုပါက ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက် မည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။
ကျိုင်းတုံ၌ (၁၂) ဘီးယာဉ်နှင့် ဆိုင်ကယ်ချိတ်မိ သူနာပြု ဆရာမ တစ်ဦး သေဆုံး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တာချီလိတ်လမ်းတွင် ယာဉ်မတော်တဆမှု ဖြစ် ပွားပြီး စေ တနာမြင့် ပုဂ္ဂလိက ဆေးရုံမှ သူနာပြု ဆရာမတစ်ဦး နေရာတွင် သေဆုံးသွားကြောင်းသိရသည်။
မြန်မာ စစ်စခန်း ၄ ခု နယ်စပ်တွင် တည်ဆောက်ဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲ
မြန်မာ စစ်တပ်သည် စစ်စခန်း ၄ ခုအား ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီးတွင် တည်ဆောက်ထားသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက စွပ်စွဲလိုက်သည်။ ၎င်းစစ်စခန်း တည်ဆောက်မူကို ဘင်္ဂလာဒေခ်ျ့က ကန့်ကွက်ကြောင်း ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
ပြည်ပ ကုမ္ပဏီ ၂ ခုကို မြန်မာ့ ဆက်သွယ်ရေးက လိုင်စင် ထုတ်ပေး
တယ်လီနော မြန်မာအား ၃၀.၁.၂၀၁၄ ရက်နေ့တွင် ဆက်သွယ်ရေးလိုင်စင် တရားဝင် ပေးအပ်လိုက်ပြီ ဖြစ်ပါသည်။ ဓါတ်ပုံ - Telenor Myanmar
|
မြန်မာ အစိုးရက ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးနဲ့ မိုဘိုင်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ပြည်ပ ကုမ္ပဏီ ၂ ခုကို တရားဝင် ထုတ်ပေး လိုက်ပါတယ်။
မူးယစ်ဆေးသုံးသည့် ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို အရေးယူ ထောင်ချ
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲတဲ့ ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို ရဲတပ်ဖွဲ့က ထုတ်ပယ်ပြီး ထောင်ဒဏ် အသီးသီး ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။
ကချင်စကားမပြောတတ်သော ဒေသခံရွာသားများအား KIA အဖွဲ့မှ ညှဉ်းပန်းနှိပ်စက်ပြီး ငွေကြေးတောင်းယူ
ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာနှင့် ခါ့ပရာကျေးရွာအကြားခါ့ပရာကျေးရွာရှိ သစ်အ၀ယ်စခန်း များ၌ သစ်တင်ရောင်ချနေသော မံသာကျေးရွာနေ ရွာသား(၆)ဦးကို ဇန်န၀ါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် KIA အဖွဲ့ဝင်များမှ ပြင်း ထန်စွာ ထိုးကြိတ်ရိုက်ပုတ်နှိပ်စက် ပြီး ငွေခြောက်သောင်း တောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ကချင်ဒုက္ခသည်များ ငြိမ်းချမ်းရေးရလိုဟု ဗြိတိန်ဝန်ကြီးထံ တင်ပြ
ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီးဖြစ်သူ Hugo Swire ဇန်န၀ါရီ ၂၉
ရက်က ကချင်ပြည် နယ်ဝိုင်း မော်မြို့နယ်ရှိ စစ်ပြေးဒုက္ခသည်စခန်းသို့
သွားရောက်ကြည့်ရှုရာတွင် ကချင် ဒုက္ခသည် တို့က နေရပ်ပြန် လိုပြီး
ငြိမ်းချမ်းရေးအမြန်ရစေကြောင်း တင်ပြခဲ့သည်ဟု ကချင်ဒုက္ခသည်များကို
အကူအညီပေးနေသူ ဦးကေဘောမ်အောက ပြောသည်။
မြစ်ကြီးနားမြို့တွင် ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည်များတွေ့ရှိ
မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်း ဇန်န၀ါရီလ ၂၅၊ ၂၆၊ ၂၇ ရက်နေ့များ၌
၉၆၉ တံဆိပ်ပါ ပါတိတ် လုံချည် ၀တ်ဆင်သူ၊ ရောင်းချသူများကို တွေ့ရှိခဲ့ရသဖြင့်
မြို့နယ်-အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်အဖွဲ့မှ လိုက်လံ
ဝယ်ယူသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ
မြစ်ကြီးနားမြို့ပေါ်ရှိ အထည်ဆိုင်များနှင့် မြို့မဈေးကြီးအတွင်းရှိ
အထည်ဆိုင်များကို အဆိုပါ ပါတိတ်လုံချည်များအား
ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဒုချီးရားတန်းကျေးရွာ မီးလောင်မှုဖြစ်ရပ်မှန် ပြန်ကြားရေးက ထုတ်ပြန်
ရခိုင်ပြည်နယ် မောင်းတောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီးပြန်ကြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလို သတင်းထုတ်ပြန်ပါတယ်။
မောင်တောမြို့ ဒုချီးရားတန်း အနေက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန်စစ်တွေ၊ ဇန်န၀ါရီ ၂၉ မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ)၌ ဇန်န၀ါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Posts (Atom)