Saturday, April 26, 2014

အငြိမ်းစား ဝန်ထမ်းများ အပိုထောက်ပံ့ကြေးပေးရန် လွှတ်တော်တွင် အဆိုတင်

အငြိမ်းစား ဝန်ထမ်းများကို ပင်စင် လစာအပြင် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုရန် ဧပြီလ ၂၄ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အဆိုတင် သွင်း လာကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အငြိမ်းစား ဝန်ထမ်းများ အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုရန် အဆိုကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်က တင်သွင်းခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယာဉ်ထိန်းရဲများ နေကာမျက်မှန်တပ် တာဝန်ထမ်းဆောင်ရန် ခွင့်ပြုချက်ရရှိ



မြန်မာနိုင်ငံလုံးရှိ ယဉ်ထိန်းရဲများ နေကာမျက်မှန် တပ်တာ တာဝန်ထမ်းဆောင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုလိုက်သောကြောင့် ဧပြီလ၂၆ ရက်နေ့မှစ၍ ယာဉ်ထိန်းရဲများ နေကာမျက်မှန် တပ်ကာ တာဝန်ထမ်းဆောင်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။
ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေချိန်တွင် ၎င်းတို့၏ မျက်လုံးများ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ရန်နှင့် ၎င်းတို့၏ ကျန်းမာရေးအတွက် ဝန်ကြီးဌာနက

လယ်ဝေးမြို့ ဖောင်တော်ချက်မကန်တွင် အပူချိန်မြင့်တက်မှုကြောင့် ကန်အတွင်းရှိငါးများ ထောင်နှင့်ချီသေဆုံး


လယ်ဝေးမြို့ ဖောင်တော်ချက်မကန်တွင် အပူချိန်မြင့်တက်မှုကြောင့် ကန်အတွင်းရှိငါးများ ထောင်နှင့်ချီသေဆုံး

နေပြည်တော်လယ်ဝေးမြို့ရှိ သမိုင်းဝင် ဖောင်တော်ချက်မကန်တွင် အပူချိန်မြင့်တက်မှုကြောင့် ကန်အတွင်းရှိ ငါးအကောင်ရေ ထောင်နှင့်ချီကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ငါးများသေဆုံးရခြင်းမှာ ကန်ပတ်ဝန်းကျင်တွင် အရိပ်ရသစ်ပင်များ မရှိခြင်း၊ ရေကန်အကျယ်အ၀န်းထက် ငါးများပိုများနေခြင်း၊ ငါးစာများကြောင့် ကန်ရေညစ်ညမ်းခြင်းနှင့် ကန်ရေနည်းလာခြင်းကြောင့် ငါးများသေဆုံး ရခြင်းဖြစ်ကြောင်း သိရသည်။

"ငါးတွေသေတာ ကန်တစ်ခုလုံးကို ဖွေးနေတာပဲ။ သေတဲ့ငါးတွေက တီလားပီးယားနဲ့ ငါးကြင်းတွေများတယ်။ တချို့ငါးတွေဆိုရင် အကြီးဆုံး ရှစ်ပိဿာလောက်ရှိတယ်။ ရာသီဥတုကလည်း တော်တော်လေးပူတယ်။ ပြီးတော့ ကန်ရဲ့ရေအနက်ကလည်း နှစ်ပေခွဲလောက်ပဲရှိတယ်။ ဒါကြောင့် အပူချိန်များပြီး ငါးတွေသေကုန်တယ် ထင်ပါတယ်" ဟု ကန်အနီးတွင် နေထိုင်သူ ဦးညွန့်ဝင်းက ပြောကြားသည်။လယ်ဝေးမြို့ဖောင်တော်ချက်မ ဂေါပကဥက္ကဌ ဦးမြင့်လွင်က "ငါးတွေသေတာကို ရုံးစောင့်က ဖုန်းဆက်မှသိတာ။ သွားကြည့်တော့ ငါးတွေသေတာက အများကြီးပဲ။ အရင်နှစ်ကလည်းသေတာပဲ။ အခုသေတာလောက်တော့ မများဘူး။ ငါးသေတွေကို လှေနဲ့လိုက်ဆယ်တယ်။ အနီးနားမှာရှိတဲ့ လူငယ်တွေကလည်း ဆယ်ကြတယ်။ ငါးသေတွေကို စည်ပင်က ကားတွေနဲ့သယ်ပြီး မြို့နဲ့ဝေးတဲ့နေရာမှာ သွားပြီးမြေမြှုပ်လိုက်တယ်။ ပူလို့သေတာပါ။ ရေသစ်ရေဟောင်း လဲဖို့ကလည်း မဖြစ်နိုင်ဘူး။ ငါးလွှတ်တဲ့သူတွေကများတော့ ငါးတွေက သိပ်ကျပ်နေတယ်။ ငါးခူ၊ ငါးရံ့တွေက မသေဘူး။ တီလားပီးယားနဲ့ ငါးကြင်းတွေပဲ သေတာ" ဟုပြောကြားသည်။

ငါးများသေဆုံးပြီးချိန်တွင် ဖောင်တော်ချက်မကန် အတွင်းသို့ သတ်မှတ်ထားသော ရေအနက်သို့ ရောက်အောင်ရေသွင်းခြင်း၊ ငါးများအရိပ်ရစေရန် ဗေဒါပင်များရေထဲသို့ ချပေးခြင်း၊ အောက်ဆီဂျင်ပိုက်များ ရေထဲသို့ လွှတ်ပေးထားခြင်းများ ပြုလုပ်ထားသည်။

လက်ရှိနေပြည်တော် အတွင်းရှိ အပူချိန်များမှာ ဧပြီ ၂၂ ရက်တွင် ၄၁ ဒီဂရီစင်တီဂရိတ်၊ ၂၃ ရက်တွင် ၄၀ ဒီဂရီစင်တီဂရိတ်နှင့် ၂၄ ရက်တွင် ၃၉ ဒသမ ၉ ဒီဂရီစင်တီဂရိတ်ထိ ရှိကြောင်း၊ လက်ရှိအချိန်တွင် သာမန်နှစ်များထက် အပူချိန်တစ်ဒီဂရီစင်တီဂရိတ် ပိုနေကြောင်း၊ ညအပူချိန်များမှာလည်း သာမန်နှစ်များထက် ပိုနေကြောင်း၊ ဧပြီလနောက်ဆုံးပတ်အတွင်း မိုးရွာနိုင်သည်ဟု ခန့်မှန်းထားကြောင်း နေပြည်တော်ပျဉ်းမနား မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးရုံးမှ သိရသည်။     

(လယ်ဝေးမြို့ ဖောင်တော်ချက်မကန်အတွင်း ငါးသေများဆယ်ယူ နေသည်ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ်)
နေပြည်တော်လယ်ဝေးမြို့ရှိ သမိုင်းဝင် ဖောင်တော်ချက်မကန်တွင် အပူချိန်မြင့်တက်မှုကြောင့် ကန်အတွင်းရှိ ငါးအကောင်ရေ ထောင်နှင့်ချီကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ငါးများသေဆုံးရခြင်းမှာ ကန်ပတ်ဝန်းကျင်တွင် အရိပ်ရသစ်ပင်များ မရှိခြင်း၊ ရေကန်အကျယ်အ၀န်းထက် ငါးများပိုများနေခြင်း၊ ငါးစာများကြောင့် ကန်ရေညစ်ညမ်းခြင်းနှင့် ကန်ရေနည်းလာခြင်းကြောင့် ငါးများသေဆုံး ရခြင်းဖြစ်ကြောင်း သိရသည်။
"ငါးတွေသေတာ ကန်တစ်ခုလုံးကို ဖွေးနေတာပဲ။ သေတဲ့ငါးတွေက တီလားပီးယားနဲ့ ငါးကြင်းတွေ များတယ်။ တချို့ငါးတွေဆိုရင် အကြီးဆုံး ရှစ်ပိဿာလောက်ရှိတယ်။ ရာသီဥတုကလည်း တော်တော်လေး

အကျဉ်းကျ ခံနေရသော သတင်းထောက် ပြန်လွှတ်ပေးရေး ပြည်နှင့် မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်

Photo: အကျဉ်းကျ ခံနေရသော သတင်းထောက် ပြန်လွှတ်ပေးရေး ပြည်နှင့် မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်
Saturday, April 26, 2014

သတင်းလွတ်လပ်ခွင့် ရရန်နှင့် ဖမ်းဆီးခံ သတင်းထောက်များ လွှတ်ပေးရန် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နှင့် မွန်ပြည်နယ် မော်လမြိုင်တို့တွင် ဧပြီလ ၂၅ ရက်က ဒေသခံ သတင်းထောက်များ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြည်မြို့တွင် ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲ ခွင့်ပြုမိန့်မှာ ငြင်းပယ် ခံခဲ့ရသော်လည်း ပြည်နှင့် အောင်လံမြို့တို့မှ သတင်းသမား ၁၅ ဦးအပြင် တက်ကြွလှုပ်ရှားသူများ ပါဝင်ပြီး ဗိုလ်ချုပ်ကျောက်ရုပ်၊ ရွှေဆံတော်ဘုရား၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးနှင့် ခရိုင်တရားရုံးများ ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ခွင့်ပြုချက် မရသည့်အတွက် တာဝန်ရှိသူများက သုံးကြိမ် တားမြစ်ခဲ့သည်ကို လက်မခံခဲ့ဘဲ ဆန္ဒဖော်ထုတ်သူများသည် ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရား နှောင့်ယှက်မှုများဖြင့် ထောင်ချခံခဲ့သည့် ကိုဇော်ဖေ အပါအဝင် သတင်းထောက်များ လွှတ်ပေးရန်၊ ပြည်သူပိုင် ရုံးများတွင် သတင်းယူခွင့် ရရှိရန်နှင့် မီဒီယာဖိနှိပ်မှု ရပ်ရန် ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နံနက် ၁၀ နာရီတွင် ဆန္ဒထုတ်ဖော်မှု ပြီးဆုံးခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူ သတင်းထောက်များထံမှ သိရသည်။

အလားတူ မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံတောင်ပိုင်း သတင်းထောက်များ ကွန်ရက်က ဦးဆောင်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ သတင်းသမားများ အပါအဝင် ဒေသခံ လူအင်အား ၁၀၀ ဝန်းကျင် ပါဝင်ကာ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ အမှတ် (၄) တံထားမှ ဘိုကုန်းရပ်ကွက်ရှိ သံလွင်ဈေးနားထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အလားတူ မကွေးမြို့တွင်လည်း ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခံထားရသည့် သတင်းထောက်များနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

(Living color, Dawei Watch)

The Voice Weekly
သတင်းလွတ်လပ်ခွင့် ရရန်နှင့် ဖမ်းဆီးခံ သတင်းထောက်များ လွှတ်ပေးရန် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နှင့် မွန်ပြည်နယ် မော်လမြိုင်တို့တွင် ဧပြီလ ၂၅ ရက်က ဒေသခံ သတင်းထောက်များ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြည်မြို့တွင် ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲ ခွင့်ပြုမိန့်မှာ ငြင်းပယ် ခံခဲ့ရသော်လည်း ပြည်နှင့် အောင်လံမြို့ တို့မှ သတင်းသမား ၁၅ ဦးအပြင် တက်ကြွလှုပ်ရှားသူများ ပါဝင်ပြီး ဗိုလ်ချုပ်ကျောက်ရုပ်၊ ရွှေဆံတော်ဘုရား၊

ပုလဲကွန်ဒို တည်ဆောက်ခဲ့သည့် Asia Express ကုမ္ပဏီမှ ကွန်ဒိုအခန်းများ ရောင်းရငွေ ကျပ် ၂၆ ဘီလျံကျော်အား နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိ


ပုလဲကွန်ဒို တည်ဆောက်ခဲ့သည့် Asia Express ကုမ္ပဏီမှ ကွန်ဒိုအခန်းများ ရောင်းရငွေ ကျပ် ၂၆ ဘီလျံကျော်အား နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ပုလဲကွန်ဒို တည်ဆောက်ခဲ့သည့် Asia Express ကုမ္ပဏီက ကွန်ဒိုအခန်းများ ရောင်းရငွေ ကျပ် ၂၆ ဘီလျံကျော်အား နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိနေကြောင်း ဧပြီ ၂၄  ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

"ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်နှင့်အစိုးရ ပေါင်းစပ်ညှိနှိုင်း၍ စီမံချက်များ ချမှတ်အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို" တင်သွင်းရာတွင် ဒေါက်တာညိုညိုသင်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ပုလဲကွန်ဒိုအား ၁၉၉၉ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် Asia Express ကုမ္ပဏီတို့ အကျိုးတူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကွန်ဒိုမှတိုက် A,B,C,D အား ကုမ္ပဏီကရရှိပြီး တိုက် E,F အား ရန်ကုန်မြို့တော်စည်ပင်က ခွဲတမ်းရရှိခဲ့ကြောင်း၊ ကုမ္ပဏီက ခွဲတမ်းရရှိသည့် တိုက်များအပြင် တိုက် E ရှိ အခန်းပေါင်း ၁၀၀  ကို မိမိသဘောနှင့် ရောင်းချခဲ့ပြီး ယင်းသို့ရောင်းချမှုမှ ငွေကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်ရရှိခဲ့ပြီး ယင်းငွေများအား အစိုးရသို့  ပြန်သွင်းပေးရမည်ဖြစ်ကြောင်း၊ သို့သော် ကျပ်သိန်းပေါင်း ၅၀၀၀ ကျော်ကိုသာ ပြန်သွင်းခဲ့ပြီး ကျပ်သိန်းပေါင်း ၂၆၀၀၀ ကျော်  (၂၆ ဘီလျံ)ကို ယနေ့ထိ ပြန်သွင်းခြင်းမရှိကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

အဆိုပါကိစ္စအား ပြည်ထောင်စု တရားလွှတ်တော်ရှေ့နေချုပ်ထံတွင် မေးမြန်းခဲ့ရာ  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ အရေးယူဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ရာ ယခုအချိန်အထိ ယင်းငွေကြေးများ ဘာကြောင့်ပြန်မရခဲ့သည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းရာတွင် ပြောကြားခဲ့သည်။

"အဲဒီကုမ္ပဏီက နိုင်ငံတော်ကိုပေးရမယ့်ငွေ ကျပ် ၂၆ ဘီလျံဆိုတာ ရန်ကုန်တစ်ဖက်ကမ်းက မဖွံ့ဖြိုးသေးတဲ့ ဒလတို့၊ ကြည့်မြင်တိုင်တို့ဘက်ကို ကူးသန်းဖို့ တံတားတွေတောင် ဆောက်လို့ရနိုင်ပါတယ်။ ဒါတွေက  ပြည်သူ့ဘဏ္ဍာ အများကြီးနစ်နာပါတယ်" ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

ယင်းကုမ္ပဏီမှာ အခြားနာမည်ဖြစ်သည့် National Land ဆိုသည့် အမည်ဖြင့်  ပြည်လမ်းရှိ ဒိုင်းမွန်းကွန်ဒို ဆောက်လုပ်ခဲ့ပြီး မီတာတစ်လုံးလျှင် ပြင်ပပေါက်ဈေး ကျပ်ခြောက်သောင်း၊ ခုနစ်သောင်း ကုန်ကျချိန်တွင် ဒိုင်းမွန်းကွန်ဒိုတွင် နေထိုင်သူများက မီတာတစ်လုံးကို ကျပ်ခြောက်သိန်းကျော် ခုနစ်သိန်းအထိ ပေးခဲ့ရကြောင်း၊ အဆိုပါကိစ္စများမှာ မည်သူ့တွင် တာဝန်ရှိသနည်းဟု ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့သည်။

(ဗဟန်းမြို့နယ် ဆရာစံလမ်းထိပ်ရှိ ပုလဲကွန်ဒိုအား ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်))
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ပုလဲကွန်ဒို တည်ဆောက်ခဲ့သည့် Asia Express ကုမ္ပဏီက ကွန်ဒိုအခန်းများ ရောင်းရငွေ ကျပ် ၂၆ ဘီလျံကျော်အား နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိနေကြောင်း ဧပြီ ၂၄ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
"ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်နှင့်အစိုးရ ပေါင်းစပ်ညှိနှိုင်း၍ စီမံချက်များ ချမှတ်အကောင်အထည်ဖော်ရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို" တင်သွင်းရာတွင် ဒေါက်တာညိုညိုသင်း က

အန္တရာယ်ရှိ အစားအသောက်များ ရောင်းချခြင်း ကျောင်းမဖွင့်မီ အပြီးပိတ်ပင်ရန် လွှတ်တော်တင်



ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ဓါတုဗေဒ ဆိုးဆေးပါ အစားအသောက်များ ရောင်းချခြင်းကို လာမည့် ကျောင်းဖွင့်ရာသီ မတိုင်မီ အပြီးသတ် ပိတ်ပင်ရေး ထိရောက်စွာ အကောင်အထည် ဖော်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ အန္တရာယ်ရှိ အစားအသောက်များ ရောင်းချခြင်း ပိတ်ပင်ရန် အဆိုကို ဧပြီလ ၂၅ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းလာခြင်း ဖြစ်ကြောင်း

တရားရေးဝန်ထမ်း အကျင့်ပျက်လာဘ်စားမှု များပြားသည့် မြန်မာနိုင်ငံတွင် တရားသူကြီးများ ခန့်ထားသည့်ပုံစံ ပြင်ဆင်ရန်လိုကြောင်း FES မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ပြောကြား

တရားရေးဝန်ထမ်း အကျင့်ပျက်လာဘ်စားမှု များပြားသည့် မြန်မာနိုင်ငံတွင် တရားသူကြီးများ ခန့်ထားသည့်ပုံစံ ပြင်ဆင်ရန်လိုကြောင်း FES မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ပြောကြား

တရားရေး ၀န်ထမ်းများ၏ အကျင့်ပျက် လာဘ်စားမှုများပြားသည့် မြန်မာနိုင်ငံတွင် တရားသူကြီးများ ခန့်အပ်ထားသည့် ပုံစံအား ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် FES ဖောင်ဒေးရှင်းတို့မှ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် Media Law Consultant နှင့် University of Ulster, School of Law မှ Senior Lecturer Dr.Venkat Iyer က Eleven Media Group ၏မေးမြန်းမှုအပေါ် ဖြေကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများတွင် အမုန်းစကားများ ဖြန့်ဝေသည့် အနေအထားများအပေါ် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် FES ဖောင်ဒေးရှင်းတို့မှ ဥပဒေကျွမ်းကျင် ပညာရှင်ဖြစ်သည့် Dr.Venkat Iyer အား ဖိတ်ခေါ်၍ ဆွေးနွေးဟောပြောပွဲအား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲအား ဧပြီ ၂၄ ရက်က ရွှေသံလွင်ပိုင် Sky Star ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

Dr.Venkat Iyer သည် မြန်မာနိုင်ငံတွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ဦးဆောင်ရေးဆွဲနေသည့် မီဒီယာဥပဒေများနှင့် လက်ရှိပြဋ္ဌာန်းပြီးဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ သတင်းမီဒီယာ ဥပဒေ စသည့်ဥပဒေများအတွက် နည်းဥပဒေများ ဆွေးနွေးရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ ဥပဒေဆိုင်ရာ အကြံပြုရန် လာရောက်သူလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာ တိုင်စာများတွင် တရားသူကြီးများ အပါအ၀င် တရားရေးဝန်ထမ်းများ၏ အကျင့်ပျက် လာဘ်စားမှုများအပေါ် ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီသို့ တိုင်ကြားမှုမှာ စုစုပေါင်း တိုင်ကြားမှု၏ ရာခိုင်နှုန်း ၉၀ ကျော်အထိ ရှိနေကြောင်း သိရသည်။ ထို့ပြင် တရားစီရင်ရေး မဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်၏ စွက်ဖက်မှုများ ရှိနေသည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

"တရားစီရင်ရေးနဲ့ ပတ်သက်လို့ တရားစီရင်ရေးက အဂတိလိုက်စားနေတယ် ဆိုတာ မဖြစ်သင့်ပါဘူး။ အဂတိလိုက်စား နေတယ်ဆိုတာအပြင် အဂတိလိုက်စားနေတယ်လို့ မြင်ရင်ကို မကောင်းပါဘူး။ ဘယ်လိုပြုပင်မလည်းဆိုရင် တရားသူကြီးတွေကို ခန့်ထားတဲ့ပုံစံကို ပြင်ဖို့လိုပါတယ်" ဟု Dr.Venkat Iyer က ဆိုသည်။

တရားသူကြီးများအား ခန့်အပ်ရာတွင် ခန့်အပ်ခံရသည့် တရားသူကြီးများသည် ဥပဒေပညာအား အကြွင်းမဲ့ တတ်ကျွမ်းသူဖြစ်ရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံရှိ နာမည်ရသူ၊ နာမည်ကြီး ရှေ့နေများအား တရားသူကြီးများအဖြစ် ပြောင်းလဲနိုင်ရန် လိုအပ်ကြောင်း Dr.Venkat Iyer က ထောက်ပြပြောဆိုသည်။

"နာမည်ကြီးရှေ့နေတွေဆိုတာ ပိုက်ဆံအများကြီးရတဲ့ သူတွေပါ။ ရတဲ့ ပိုက်ဆံကို ပစ်ပယ်ပြီးတော့ ပြည်သူ့ဝန်ထမ်းဖို့ဆိုရင် သူတို့ကို မက်လုံးတွေ ပေးနိုင်ရပါမယ်။ မက်လုံးအပြင် ပိုက်ဆံရပြီးရင် လူထုဝန်ကို  ထမ်းနိုင်ဖို့လိုတယ်ဆိုတဲ့ အချက်ကို ထောက်ပြနိုင်ဖို့ လိုပါတယ်" ဟု  Dr.Venkat Iyer က ဆက်လက်ပြောကြားသည်။

ထို့ပြင် တရားသူကြီးများအား အခါအားလျော်စွာ သင်တန်းပေးခြင်း လုပ်ငန်းစဉ်အား လုပ်ကိုင်ရမည်ဖြစ်ပြီး အဆိုပါ အချက်သည် အရေးကြီးသော အချက်ဖြစ်ကာ တရားသူကြီးများသည် အမြဲတစေလေ့လာ  သင်ယူနေသူများ အဖြစ်သို့ ရောက်ရှိလာစေမည် ဖြစ်ကြောင်းလည်း Dr.Venkat Iyer က ပြောကြားသည်။

"တရားသူကြီးတွေ အနေနဲ့ အရေးကြီးတာတစ်ခုက ပြည်ပနိုင်ငံတွေကို သွားရောက်ဖူးဖို့ပါ။ တခြားနိုင်ငံက တရားသူကြီးတွေ ဘာလုပ်နေတယ်ဆိုတာ သိရှိလေ့လာဖို့ လိုပါတယ်။ တရားသူကြီးဆိုတာ ရှေ့နေလို  မဟုတ်ပါဘူး။ တရားသူကြီးဖြစ်တာနဲ့ ပါးစပ်ပိတ်နေ ရပါတယ်။ ဒါပေမဲ့ တရားသူကြီးဟာလည်း လူသားတစ်ဦးဖြစ်တဲ့အတွက် စကားပြောနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရပါမယ်။ သင်တန်းတွေ တက်ရောက်တဲ့အခါ ပြောခွင့်တွေရလာမယ်။ တရားသူကြီး အချင်းချင်းအကြား၊ နိုင်ငံအချင်းချင်းအကြားမှာ ဆွေးနွေးခွင့်တွေ ရလာမယ်။ ဒါမျိုးတွေလုပ်နိုင်ပြီဆိုရင် တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နိုင်ပါမယ်" ဟု ၎င်းကဆိုသည်။

တရားသူကြီးများ အနေဖြင့် လွတ်လပ်သည့်၊ မည်သူ့ကိုမျှ မကြောက်ရသည့်၊ အလုပ်ခန့်ထားသူမှ အလုပ်ဖြုတ်မည့် အခြေအနေကို မကြောက်ရွံ့သည့် စိတ်ဓာတ်များနှင့် ခေတ်ကာလအလိုက် လိုက်လျောညီထွေသည့် အသိပညာများနှင့် ပြည့်စုံရန် လိုအပ်ကြောင်းလည်း Dr.Venkat Iyer က ဆက်လက်ပြောကြားသည်။               

(မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသော Dr.Venkat Iyer အား Hate Speech; Some Considerations ဆွေးနွေးပွဲတွင် တွေ့ရစဉ်)

တရားရေး ၀န်ထမ်းများ၏ အကျင့်ပျက် လာဘ်စားမှုများပြားသည့် မြန်မာနိုင်ငံတွင် တရားသူကြီးများ ခန့်အပ်ထားသည့် ပုံစံအား ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် FES ဖောင်ဒေးရှင်းတို့မှ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် Media Law Consultant နှင့် University of Ulster, School of Law မှ Senior Lecturer Dr.Venkat Iyer က Eleven Media Group ၏မေးမြန်းမှု အပေါ် ဖြေကြားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများတွင် အမုန်းစကားများ ဖြန့်ဝေသည့် အနေအထားများအပေါ် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် FES ဖောင်ဒေးရှင်းတို့မှ ဥပဒေကျွမ်းကျင် ပညာရှင်ဖြစ်သည့် Dr.Venkat Iyer အား ဖိတ်ခေါ်၍ ဆွေးနွေးဟောပြောပွဲအား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး

မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဘက်များအဖွဲ့ ပထမဆုံး အစည်းအဝေး

Photo: မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဘက်များအဖွဲ့ ပထမဆုံး အစည်းအဝေး
Saturday, April 26, 2014

မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံး အကြိမ် အစည်းအဝေးကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူကျင်းပခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး နဲ့ လူဦးရေ ဆိုင်ရာ ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ပွင့်လင်းပြောင်းလဲလာမှုကို ထင်ဟပ်တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ဖော်ကိုင်ဖက်များအုပ်စု အနေနဲ့ မြန်မာနိုင်ငံရဲ့  ပြောင်းလဲဖြစ်ထွန်းမှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည် အခြေအနေနဲ့ ပါတ်သက်ပြီး အကြမ်းဖက်မှုလှုံ့ဆော်သူ အမုန်း တရားဟောပြော သူတွေကို အစိုးရက ပြတ်ပြတ်သားသား အရေးယူဖို့ လိုတယ်လို့ ဖော်ပြ ထားပါတယ်။ နိုင်ငံသားဖြစ်မှုကိစ္စကိုလည်း ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသမှာ နိုင်ငံတကာက ဝင်ရောက်နိုင်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့  ဖိအားပေးမှုကိုလည်း အဖွဲ့ဝင်တွေက ကြိုဆိုကြပါတယ်။ သန်းခေါင်စာရင်းကောက်ယူရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ကိုလည်း ဆွေးနွေးကြပြီး အသွင်ကူးပြောင်းရေးကို ကူညီသွားဖို့ အတွင်းရေးမှုးချုပ်က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
VOA
မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့ အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံး အကြိမ် အစည်းအဝေး ကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူကျင်းပခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး နဲ့ လူဦးရေ ဆိုင်ရာ ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ပွင့်လင်းပြောင်းလဲလာမှုကို ထင်ဟပ်တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ စစ်ရေးအကဲခတ်တွေကို ယူကရိန်းက ရုရှားလိုလားသူတွေ ဖမ်းဆီး

Photo: နိုင်ငံတကာ စစ်ရေးအကဲခတ်တွေကို ယူကရိန်းက ရုရှားလိုလားသူတွေ ဖမ်းဆီး
Saturday, April 26, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး ၀ါဒီတွေဟာ နိုင်ငံတကာ စစ်ဘက် စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ကို ထိန်းသိမ်းလိုက်ပါတယ်။ ဗီယန်နာ အခြေစိုက် ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE အဖွဲ့ဝင် ၁၃ ဦးထက်မနည်း ပါလာတဲ့ ဘတ်စ် ကားတစင်းကို Slovyansk မြို့နားမှာ ခွဲထွက်ရေးဝါဒီတွေက ဖမ်းထားလိုက်တာပါ။

သူတို့နဲ့အတူ ယူကရိန်းစစ်ဘက် တာဝန်ရှိသူတဦး လိုက်ပါလာတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ အဲဒီမြို့ရဲ့ မြို့တော်ဝန် အဖြစ် ကိုယ့်ကိုယ်ကို ကြေညာထားတဲ့ Vyacheslav Ponomarev က ပြောပါတယ်။

ဂျာမနီနိုင်ငံ ဦးဆောင်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ OSCE အဖွဲ့က Twitter စာမျက်နှာ မှာ ရေးပါတယ်။

ဒီလုပ်ရပ်ဟာ ဆိုးရွားပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jen Psaki က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ရုရှားလိုလားသူများ Slovyansk မြို့ကို လုံခြုံရေးယူထား။ (ဧပြီ ၂၅၊၂၀၁၄)
VOA
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး ၀ါဒီတွေဟာ နိုင်ငံတကာ စစ်ဘက် စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ကို ထိန်းသိမ်းလိုက်ပါတယ်။ ဗီယန်နာ အခြေစိုက် ဥရောပ တိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE အဖွဲ့ဝင် ၁၃ ဦးထက်မနည်း ပါလာတဲ့ ဘတ်စ် ကားတစင်းကို Slovyansk မြို့နားမှာ ခွဲထွက်ရေးဝါဒီတွေက ဖမ်းထားလိုက်တာပါ။

သူတို့နဲ့အတူ ယူကရိန်းစစ်ဘက် တာဝန်ရှိသူတဦး လိုက်ပါလာတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့

ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်

Photo: ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်
Saturday, April 26, 2014

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်းအမှတ် ကျောက်စာထားရှိဖို့ အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။

ဆရာဦးဝင်းတင်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေ၊ ဆရာရေးခဲ့တဲ့ အထင်ကရစာပေတွေကို အဲဒီကျောက်စာ မှာ ရေးသားထားဖို့ ပြင်ဆင်နေ တာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာညီပုလေးက ပြောပါတယ်။
"ဆရာကြီးဘဝဖြတ်သန်းမှုကို ထင်မှတ်တဲ့ဆက်ကြောင်းတွေဖြစ်မှာပါ ၊ဆရာကြီးကို တစ်ယောက်ယောက်က အကဲခတ်ဖြတ်တာလည်း ဖြေရှင်း မှာပေါ့၊ပြီးတော့ ဆရာရေးခဲ့တဲ့ စာတွေထဲက ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ်၊ယဉ်ကျေးမှုနဲ့ပဲဖြစ်ဖြစ်၊စာပေနဲ့ပဲဖြစ်ဖြစ် အဖိုးတန်တဲ့နောက် လူတွေ လက်ဆင့်ကမ်းပြီး ဆရာ့ကို ကိုယ်စားပြုတဲ့ကောက်နှုတ်ချက် တစ်ခုခုတော့ ဖြစ်မှာပေါ့ဗျ၊ ကျနော်တို့ ဥာဏ်ကြီးကြီး၊ခေါင်းကြီးကြီး နဲ့ ရွေးကြမှာပေါ့၊ဒါပေမဲ့ အချိန်ယူပြီး လုပ်ကြမှာပေါ့"
တောင်လေးလုံးကျောင်းတိုက်မှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာမြသန်းတင့် ၊ ဆရာတင်မိုး၊ ဆရာဒေါက်တာ သန်းထွန်း စတဲ့ အထင်ကရ စာရေးဆရာကြီးတွေရဲ့ အထိမ်းအမှတ်ကျောက်စာတွေ ကို ရေးထိုးပြီး မှတ်တမ်းတင်ထားတယ်လို့သိရပါတယ်။

ဆရာဦးဝင်းတင်ဟာ ၁၉၆၈ ခုနှစ်ကစပြီး ၁၉၇၈ ခုနှစ်အထိ မန္တလေးမြို့မှာ ဟံသာဝတီသတင်းစာကို ဦးစီးထုတ်ဝေခဲ့ပြီး သတင်းစာပညာနဲ့ မန္တလေးမြို့ ခံတွေအပေါ် သြဇာကြီးခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ဆရာဦးဝင်းတင် အတွက်ရည်စူးပြီး သံဃာ ၅ ပါးကို ဆွမ်းကပ်လှူဒါန်း ခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်း အမှတ် ကျောက်စာထားရှိဖို့ အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။

ဆရာဦးဝင်းတင်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေ၊ ဆရာရေးခဲ့တဲ့ အထင်ကရစာပေတွေကို အဲဒီကျောက်စာ မှာ ရေးသားထားဖို့ ပြင်ဆင်နေ တာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာ ညီပုလေးက ပြောပါတယ်။

အပူချိန်မြင့်မားလာမှုကြောင့် မြစ်သာမြစ်ရေတစ်နှစ်ထက်တစ်နှစ်ခန်းခြောက်လာ


ချင်းပြည်နယ် မတူပီမြို့နယ်မှ စတင်မြစ်ဖျားခံ စီးဆင်း လာသော မြစ်သာမြစ် သည် အပူချိန်မြင့်မား လာမှုကြောင့် တစ်နှစ် ထက်တစ်နှစ် ခန်းခြောက် လာမှုနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
“မြစ်သာမြစ်ဆိုတာ ချင်းတွင်းမြစ်ရဲ့ အဓိကမြစ်လက်တက်ကြီးတစ်ခုပါ။ ချင်းတွင်းမြစ်ထဲကို ကလေးဝ မြို့ ရွှေမုဋ္ဌောစေတီ အနီးမှာ ပေါင်းဆုံသွား တာပါ။ မြစ်ရေကတော့ တစ်နှစ်ထက် တစ်နှစ်ဆိုသလို နည်းနည်း လာပါ တယ်။
တောတွေက လည်းပြုန်း၊ ရေဝေရေလဲတွေကလည်း ပျက်စီးလာတာေ ကြာင့် မြစ်တွေချောင်းတွေ ခန်း ခြောက်လာပါတယ်”ဟု ကလေး ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

နာက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုး၏ ကျေးဇူးကြောင့် ၁၂ ပတ်အတွင်း ကင်ဆာကျိတ်များ လုံးလုံး ပျောက်ကင်းသွား


နာက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုး၏ ကျေးဇူးကြောင့် ၁၂ ပတ်အတွင်း ကင်ဆာကျိတ်များ လုံးလုံး ပျောက်ကင်းသွား

အလွန်ပြင်းထန်သည့် ရှားပါးကင်ဆာ တစ်မျိုး ခံစားခဲ့ရသော အသက် ၄၇ နှစ်အရွယ် အီယန်ဘရုစ်သည် နောက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုးဖြင့် ကုသမှု ခံယူ ခဲ့ပြီးနောက် အမေရိကန် ပြင်ပတွင် ကင်ဆာရောဂါ လုံးလုံး ပျောက်ကင်း သွားခဲ့သော ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အောက်ပါ ဓာတ်ပုံများ အရ မစ္စတာဘရုစ်၏ ခန္ဓာကိုယ် အနှံ့၌ Non-Hodgkin’s Lymphoma ခေါ် ကင်ဆာ အကျိတ်များ ပျံ့နှံ့နေပုံကို
တွေ့မြင်နိုင်ပြီး အမေရိကန်ထုတ် Brentuximab Vedotin ဖြင့် သီတင်းပတ် အနည်းငယ်ကြာ ကုသ ခဲ့ပြီးနောက် ဒုတိယ အကြိမ် Scan ရိုက်ကြည့် ခဲ့ရာ၌မူ ထိုအကျိတ် အားလုံး ကင်းစင်သွားပုံကို တွေ့မြင်ရမည် ဖြစ်သည်။

ကင်ဆာ အကျိတ်များ ကင်းစင် သွားပုံ၌ အနက်ရောင် အစက်အပြောက် တချို့မှာ ကျောက်ကပ် နှစ်လုံးနှင့် ဆီးအိမ်သာ ဖြစ်သည်။ အဆိုပါဆေးအား မန်ချက်စတာမြို့ The Christie ဆေးရုံ၌ တခြား ကင်ဆာ ဝေဒနာရှင် များနှင့် စမ်းသပ် ကုသလျက် ရှိပြီး အလွန် အောင်မြင်နေကြောင်း သိရသည်။ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု ဌာန NHS ရှိ Non-Hodgkin’s Lymphoma ရှားပါးကင်ဆာ ခံစားနေရသူ ၁၅ဝဝ ခန့်ကို အဆိုပါဆေးဖြင့်
နှစ်စဉ် ကုသပေးနေပြီ ဖြစ်သည်။ “ဒီဆေးနဲ့သာ မကုခဲ့ရင် ကျွန်တော့်ကို ဒီနေ့ တွေ့မြင်ရဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ကင်ဆာ အကျိတ် ၆ဝ-၇ဝ လောက် ပျံ့နေတာ။ ကုသမှု ရလဒ်ကိုကြည့်ပြီး ကျွန်တော့်ရဲ့ အထူးကု ဆရာဝန်တောင် အံ့သြသွားတယ်” ဟု ဘော်လ်တန်မြို့မှ စက်ပြင်ဆရာ မစ္စတာဘရုစ်က ပြောကြားခဲ့သည်။

Search Myanmar
အလွန်ပြင်းထန်သည့် ရှားပါးကင်ဆာ တစ်မျိုး ခံစားခဲ့ရသော အသက် ၄၇ နှစ်အရွယ် အီယန်ဘရုစ်သည် နောက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုးဖြင့် ကုသမှု ခံယူ ခဲ့ပြီးနောက် အမေရိကန် ပြင်ပ တွင် ကင်ဆာရောဂါ လုံးလုံး ပျောက်ကင်း သွားခဲ့သော ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အောက်ပါ ဓာတ်ပုံများ အရ မစ္စတာဘရုစ်၏ ခန္ဓာကိုယ် အနှံ့၌ Non-Hodgkin’s Lymphoma ခေါ် ကင်ဆာ အကျိတ်များ ပျံ့နှံ့နေပုံကို
တွေ့မြင်နိုင်ပြီး အမေရိကန်ထုတ် Brentuximab Vedotin ဖြင့် သီတင်းပတ် အနည်းငယ်ကြာ ကုသ

ကဲ...ကဲ...သင်္ကြန်းးးပီတော....ပြောစရာလေးးတွေ....ဗျာ...


အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတာဝန်မှ အနားယူမည်

အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတာဝန်မှ အနားယူမည်
===========================================
၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။

အခုလို ပြန်လည်အရွေးချယ်မခံချင်တာဟာ တခြားဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပဲ အချိန်ပေးပြီး လုပ်ချင်လို့ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလူမင်းက ပြောပါတယ်။

lu minjရုပ်ရှင်အစည်းအရုံး အမှုဆောင်နေ ရာ ရွေးချယ်ပွဲကိုတော့ ဘယ်အချိန်မှာ စမယ်ဆိုတာ မသိရသေးပါဘူး။

ဒါရိုက်တာကြည်စိုးထွန်း ကတော့ ရုပ်ရှင်လောက အလွှာအသီးသီး က ကော်မရှင် အဖွဲ့တွေ ခေါ်ထားတဲ့ အဆင့်ပဲရှိသေးပြီး နာယကတွေ နဲ့ ရွေးချယ်တာမျိုးမဟုတ်ဘဲ အများဆန္ဒပဲ သွားမယ်လို့ ပြောပါတယ်။

မဲပေးမယ့် လူစာရင်းတွေ၊ အရွေးချယ်ခံပိုင်ခွင့် ရှိတဲ့လူစာရင်းကိုလည်း အများသဘောတူ ရွေးချယ်ဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်ရဦးမှာဖြစ်သလို အဲ့ဒီစာရင်းတွေကိုလည်း အသိးပေးကြေညာသွားမယ်လို့ ဆိုပါတယ်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နေရာအတွက် အချိန်ပေးနိုင်တဲ့၊ တက်ကြွတဲ့ လူတွေ ဖြစ်နိုင်ရင်တော့ ကောင်းတယ်လို့ ဦးကြည်စိုးထွန်းက ပြောပါတယ်။

အလားတူ ဒါရိုက်တာကြည်ဖြူသျှင်ကလည်း အမှုဆောင်သစ် ဘယ်သူတွေ ဖြစ်လာမလဲဆိုတာ မပြောနိုင်သေးပေမယ့် ရုပ်ရှင်လောကအတွက် အကျိုးရှိတဲ့ အလုပ်တွေ လုပ်နိုင်တဲ့ လူမျိုး ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အမှုဆောင်အဖွဲ့ကို ရုပ်ရှင်လောကသား အများစုရဲ့ ဆန္ဒနဲ့ ၂၀၁၂ ဧပြီလ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌရာထူးကို ဦးလူမင်းမတိုင်ခင် ဦးဇင်ဝိုင်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။       

အသံဖိုင်နာစဉ်ရန်

DVB

https://soundcloud.com/dvbradio
၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။
အခုလို ပြန်လည်အရွေးချယ်မခံချင်တာဟာ တခြားဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပဲ အချိန်ပေးပြီး လုပ်ချင်လို့ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလူမင်းက ပြောပါတယ်။

ဆိုင်ကယ်စီး လက်နက်ကိုင် နှစ်ဦး၏ လိုက်လံပစ်ခတ်မှုကြောင့် မိုင်းတင်း ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် သေဆုံး


Myanmar Online News's photo.
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တောင်နောက်ကျေးရွာ ငြိမ်းချမ်းရေးကုန်း ဘုရား၊ နတ်စင်အနီးတွင် ဧပြီ ၂၅ ရက် နံနက်ပိုင်းက မိုင်းတင်းကျေးရွာမှ ပြည်သူ့စစ်ခေါင်း ဆောင်နှင့်အဖွဲ့ စီးနင်းလာသော မော်တော် ယာဉ်ငယ်အား ဆိုင်ကယ်စီး လက်နက်ကိုင် နှစ်ဦးက လိုက်လံပစ်ခတ်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဆိုင်ကယ်စီး လက်နက်ကိုင်တစ်ဦးသေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး လက်နက်ငယ်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဆိုင်ကယ်စီးလက်နက်ကိုင်သူနှစ်ဦးအား မည်သည့်အဖွဲ့မှ ဖြစ် သည်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရှိရသည်။

အချုပ်သားကိုရိုက်သည့် ဒုရဲအုပ် ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၂ ဦးကို လူသတ်မှုဖြင့် ထောင်၁၀နှစ် ချမှတ်

ရန်ကုန်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ နှစ်ဦးနှင့် ရဲတပ်သား ၂ ဦးတို့ကို တောင်ငူခရိုင် တရားရုံး (၁)က ဧပြီ ၂၅ရက်တွင် လူသတ်မှုထင်ရှားခဲ့သဖြင့် အလုပ်နှင့် ထောင် ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု အသတ်ခံရသည့် လူငယ်၏ အစ်မဖြစ်သူ မမြင့်ခက်ခက်မွန်က မဇ္ဈိမသို့ ပြောသည်။
၎င်းတို့ ၄ ဦးမှာ လူသတ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ခရိုင်တရားသူကြီး မောင်မောင်အေးက အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့သည်ဟု ဆိုသည်။
“ သားတစ်ယောက်ဆုံးရှုံးပြီး အစားထိုးလို့မရလို့ မကျေနပ်ပေမယ့်လည်း နိုင်ငံတော်တရားဥပဒေက

“တံမြက်စည်းလှည်းခြင်း၏ အကျိုးကျေးဇူး ကြီးမားပုံ”

Photo: “တံမြက်စည်းလှည်းခြင်း၏ အကျိုးကျေးဇူး ကြီးမားပုံ”
Saturday, April 26, 2014

ယနေ့ခေတ်မှာ ခေတ်လူငယ်များ ဘုရားရင်ပြင်၊
ကျောင်းအ၀န်းစသည်တို့မှာ ညီညာစွာ တံမြတ်လှည်း
သန့်ရှင်းရေးလုပ်ကြတာ တွေ့မြင်ရလို့ ကြည်နူးမိပါတယ်။
အချို့လူငယ်များဆိုရင် စေတနာအဖွဲ့ ဖွဲ့ပြီး ရပ်ကွက်၊
မြို့နယ်တွေမှာရှိတဲ့ ရိပ်သာများ၊ ဘကကျောင်းများမှာ
သန့်ရှင်းရေးဝေယျာဝေစ္စဆောင်ရွက်တာတွေ သိရလို့
ပီတိဖြစ်ရတယ်။ အင်မတန်ကောင်းမြတ်ပြီး
သန့်ရှင်း ရိုးသားတဲ့ စေတနာပါပဲ။

ဒါကြောင့် သူတို့လေးတွေ ပိုမိုကုသိုလ်ပွားနိုင်စေရန်အလို့ငှါ
တစ်ကြိမ်တစ်ခါ တံမြတ်စည်းလှည်းရုံ နဲ့ ကောင်းကျိုးအလီလီခံစားရတဲ့
မထေရ်အကြောင်းလေးကို ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

သူ့နာမည်က “သကိံသမ္မဇ္ဇမထေရ်”လို့ ခေါ်ပါတယ်။
ဝိပသီဘုရားလက်ထက်တုန်းကပေါ့ မထေရ်လောင်းဟာ
တစ်နေ့မှာ “သခွက်ဗောဓိပင်” ရှေ့ရောက်တဲ့အခါ
ဘုရားပွင့်ခဲ့တဲ့ ဗောဓိပင်ကို ကြည်ညိုစိတ်ဖြစ်ခဲ့တယ်။
နောက်ပြီး အဲအပင်အောက် မှာ ပြန့်ကျဲနေတဲ့
သစ်ရွက်တွေကို သန့်ရှင်းချင်စိတ်ပေါ်လာတာနဲ့
တံမြက်စည်းကိုင်ပြီး လှည်းခဲ့ပါတယ်။

တံမြတ်စည်းလှည်းခဲ့တာလေးကို စိတ်ထဲ အပြန်အလှန်
အောက်မေ့ရင်း အပြန်မှာ စပါးကြီးမြွေနဲ့တွေ့လို့
အမျိုခံလိုက်ရပါတယ်။ သူဟာ ကောင်းတဲ့ အာရုံနဲ့
သေခဲ့တာဖြစ်လို့ သေပြီးနောက်မှာတော့ နတ်ပြည်မှာ
နတ်သားသွားဖြစ်ခဲ့ပါတယ်။ နတ်စည်းစိမ်ကို ခံစားခဲ့တယ်။
အဲဒီအချိန်ကစပြီး သူရဲ့ စိတ်ဟာ နောက်ကျူခြင်းမရှိ၊
အမြဲကြည်လင်နေခဲ့တယ်။
နုနာ၊ ၀ဲနာ၊ ပွေးနာ၊ ၀က်ရူးပျံရောဂါ၊ အနာကြီးရော စတဲ့
အနာမျိုးစုံမှ ကင်းဝေးခြင်းအကျိုးခံစားခဲ့ရတယ်။
စိုးရိမ်ခြင်း၊ ပူပန်ခြင်းမရှိ၊ စိတ်ဓာတ် အမြဲ တည်ငြိမ်နေတယ်။
တစ်စုံတစ်ခုကြောင့် တုန်လှုပ်ခြင်းမရှိ။
သမာဓိကို လိုချင်တဲ့အချိန်မှာ ခဏလေးနဲ့ ရအောင် လုပ်နိုင်တယ်။
နှစ်သက်ဖွယ်အာရုံ၌ မနှစ်သက်၊
အမျက်ထွက်ဖွယ်အာရုံ၌ အမျက်မထွက်၊
တွေဝေစရာအာရုံ၌ မတွေဝေရပါ။
တံမြတ်စည်းလှဲခဲ့တဲ့အချိန်ကစလို့ “အပါယ်လေးပါး”
လားရတယ်ဆိုတာ မရှိခဲ့ပါဘူး။

နောက်ဆုံး အခု ဂေါတမဘုရားရှင်လက်ထက်မှာ
အာသဝေါကုန်ခမ်းလို့ “ရဟန္တာ” ဖြစ်ရပါတယ်။

ဒါဟာ ဗောဓိပင်အောက်မှာ တစ်ကြိမ်တစ်ခါ
တံမြတ်စည်းလှဲခဲ့ရတဲ့ အကျိုးပါပဲ။
တစ်ကြိမ်တစ်ခါ စေတနာထက်သန်စွာ တံမြတ်စည်း
လှဲခဲ့တာလေးတောင် ခုလို ကြီးမားတဲ့အကျိုးပေးတယ်ဆိုရင်
အကြိမ်များစွာပြုလုပ်တဲ့ စေတနာရှင်များ မှာ ပြောဖွယ်မလိုပါ။
ကိုယ်လုပ်တဲ့အလုပ်ရဲ့ မြင့်မြတ်မူလေးကို အာရုံပြုပြီး
စေတနာတိုးပွားအောင်လုပ်ဆောင်ဖို့ပဲလိုပါတယ်။

ဒါ့အပြင် မိမိငယ်စဉ်က ရဖူးတဲ့ကဗျာလေးတစ်ပုဒ်ရှိပါတယ်။
ရေးတဲ့ဆရာတော်ကိုတော့မမှတ်မိတော့ပါဘူး။
“သူ့စိတ်ကိုယ့်စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့လေးစား၊ သနားချစ်ခင်၊
ကြည်ညိုဖွယ်ကောင်း ဂုဏ်ပေါင်းမြတ်ရှင်၊
နတ်ပြည်ရောက်ထွန်းတောက်ကျိုးငါးအင်”တဲ့။
တံမြတ်လှည်းရခြင်းရဲ့ အကျိုးငါးပါးဖြစ်ပါတယ်။

လှည်းသူရဲ့စိတ်ရော မြင်တဲ့သူရဲ့စိတ်ရော ကြည်လင်ပါတယ်။
ဗုဒ္ဓဝေယျာဝေစ္စ၊ သံဃာ့ဝေယျာဝေစ္စလုပ်နေလို့
နတ်တွေလေးစားတယ်။ ချစ်ခင်စောင့်ရှောက်တယ်။
ဂုဏ်သတင်းတွေ သင်းပျံ့တယ်။
သေရင် နတ်ပြည်ရောက်တယ်။

ဒါကြောင့် မိတ်ဆွေများအားလုံး တံမြက်စည်းလှည်း
ကုသိုလ်ယူခြင်းဖြင့် ကောင်းကျိုးတရားတွေ ရရှိနိုင်ကြပါစေ။

- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】

Dhamma Dãna Source
ယနေ့ခေတ်မှာ ခေတ်လူငယ်များ ဘုရားရင်ပြင်၊
ကျောင်းအ၀န်းစသည်တို့မှာ ညီညာစွာ တံမြတ်လှည်း
သန့်ရှင်းရေးလုပ်ကြတာ တွေ့မြင်ရလို့ ကြည်နူးမိပါတယ်။
အချို့လူငယ်များဆိုရင် စေတနာအဖွဲ့ ဖွဲ့ပြီး ရပ်ကွက်၊
မြို့နယ်တွေမှာရှိတဲ့ ရိပ်သာများ၊ ဘကကျောင်းများမှာ
သန့်ရှင်းရေးဝေယျာဝေစ္စဆောင်ရွက်တာတွေ သိရလို့
ပီတိဖြစ်ရတယ်။ အင်မတန်ကောင်းမြတ်ပြီး