Monday, January 21, 2013

အပြည်ပြည် ဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ ညီလာခံအား အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပ ပြုလုပ်သွားမည်

အပြည်ပြည် ဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ ညီလာခံအား အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပ ပြုလုပ်သွားမည်

(၂၆)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ ညီလာခံအား အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံပေါင်း ၁ဝ၂ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ညီလာခံအား ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ တို့တွင် ပြုလုပ်ရန် အစီအစဉ် ရေးဆွဲထားပြီး အီရန်သမ္မတ မာမွတ် အာမက် ဒီနီဂျက်မှ မိန့်ခွန်း ပြောကြားသွားမည် ဖြစ်ကြောင်း အစ္စလာမ္မစ် အသိုက်အဝန်း နီးစပ်ရေး ဆိုင်ရာ ကမ္ဘာ့ဖိုရမ် အထွေထွေ အတွင်း ရေးမှူးချုပ် Ayatollah Mohsen  Araki က ဇန်နဝါရီလ ၂ဝ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။ 

အဆိုပါ ဆွေးနွေးပွဲသို့  မွတ်စလင် ကမ္ဘာမှ သိပ္ပံဆိုင်ရာ၊ နိုင်ငံရေး ဆိုင်ရာနှင့် ယဉ်ကျေးမှု ဆိုင်ရာ အရေးပါသူ ၃ဝဝ ခန့်နှင့် အီရန်နိုင်ငံမှ အတွေး အခေါ်ပညာရှင် ၁,ဝဝဝ ခန့် တက်ရောက်သွားမည် ဖြစ်ကြောင်း Ayatollah Araki က ပြောကြား ခဲ့ပါသည်။ (၂၅)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ ညီလာခံအား ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ လတွင် တီဟီ ရန်မြို့၌  ပြုလုပ်ခဲ့ကြောင်း  သိရှိရပါသည်။

http://www.myawady.net.mm/allnews/global/item/4935-2013-01-21-15-23-39#.UP1ZQ528B8E
(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အစ္စလာမ္မစ်အဖွဲ့ ညီလာခံအား အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံပေါင်း ၁ဝ၂ နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်သွားမည်ဖြစ်ကြောင်းသိရှိ ရပါသည်။
အဆိုပါညီလာခံအား ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ တို့တွင် ပြုလုပ်ရန် အစီအစဉ် ရေးဆွဲထားပြီး အီရန်သမ္မတ မာမွတ်

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာနှင့် ပါတ်သတ်၍ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ် နှင့် မေးမြန်းခန်း

ကချင်ပြည်နယ် လဂျားယန်ဒေသမှာ အစိုးရတပ်တွေရဲ့ စစ်ဆင်နေမှုတွေကို ဇန်န၀ါရီ ၁၉ ရက်နေ့ မနက် ၆ နာရီမှ စတင်ပြီး ရပ်ဆိုင်းမယ်လို့ အစိုးရကကြေညာပြီး ဖြစ်ပါတယ်။

ကချင်ပြည်နယ်အစိုးရကစေလွှတ်သောကုန်ကားများလမ်းခုလတ်တွင် ခရီးဆက်မရဖြစ်နေ

Photo: ကချင်ပြည်နယ်အစိုးရကစေလွှတ်သောကုန်ကားများလမ်းခုလတ်တွင် ခရီးဆက်မရဖြစ်နေ
Monday, 21 January 2013 

ဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သော်လည်းအခြေခံစားသောက် ကုန်ပစ္စည်းများအဆမတန်မြင့်တက်နေသောကြောင့် ဈေးနှုန်းများကျဆင်းစေရေးအတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့ကစေလွှတ်သောကုန်ကားစီးရေ ၆ဝ ခန့်မှာလမ်းခုလတ်တွင် ခရီးဆက်မရဖြစ်နေကြောင်းပူတာအိုခရိုင်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလီပေါ်ရက်ကပြောသည်။

''မနှစ်ကအခြေခံစားသောက်ကုန်တွေ ပို့ထားတာ ပြတ်လပ်သွားလို့ အခုလိုဈေးတွေ တက်ကုန်တာပါ။ ဒီနှစ်ကားလမ်းကအဆင်မပြေဘူး
ဖြစ်နေတယ်။ ကားလမ်းမှာတံတားတွေယာယီပြင်ပြီး ပြည်နယ်အစိုးရ
ကဈေးနှုန်းတွေကျဖို့၊ လွှတ်ထားတဲ့ ကုန်ကားတွေစီးရေ ၆ဝ၊ ၇ဝ လောက် လမ်းခုလတ်မှာခရီးဆက်မရဖြစ် နေပါတယ်။ တပ်ကလုံခြုံရေးအပြည့်အဝ
ပေးနိုင်မှ ဟိုကိုရောက်မှာပါ''ဟု ၄င်းကပြောသည်။

ယင်းသို့ ခရီးဆက်မရဖြစ်နေရခြင်းမှာKIAလက်နက်ကိုင်အဖွဲ့မှ ပိတ်ဆို့ထားခြင်းကြောင့် မဟုတ်ဘဲနယ်မြေဖြတ်သန်းသွားလာရန် လမ်းတံတားများပျက်စီးနေခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

လက်ရှိပူတာအိုခရိုင်တွင် အခြေခံစားသောက် ကုန်ပစ္စည်းများမှာ
ယခင်ထက်နှစ်ဆနီးပါးဈေးကြီးပေးဝယ်နေရကြောင်း၊ လေကြောင်း
ပို့ဆောင်ရေးဖြင့် သယ်ယူလျှင်လည်းကုန်ပစ္စည်းအများအပြားမသယ်နိုင် သလိုကုန်တန်ဆာခဈေးနှုန်းမှာလည်း မြင့်မား၍ တင်သွင်းသူမရှိကြောင်း
သိရသည်။

ပူတာအိုခရိုင်တွင် လူဦးရေ ၁ သိန်း ၂ သောင်းကျော် နေထိုင်ကြပြီး 
၂ဝ၁၂ ခုနှစ်အတွင်းဆန်ဈေးနှုန်းများကြီးမြင့်ခဲ့ရာဆန်နို့ဆီဘူး ၂၂ ဘူးလျှင်
ငွေကျပ် တစ်သောင်းခွဲအထိ မြင့်တက်ခဲ့သည်။

ထိုကဲ့သို့ ဈေးနှုန်းများ မြင့်တက်ရခြင်းသည် ဒေသတွင်းတိုက်ပွဲများ
ဖြစ်ပွားခြင်းနှင့် မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် လမ်းတံတားများပျက်စီးကာ
သွားလာရေးခက်ခဲခြင်း၊ ဝေးလံခေါင်းသီခြင်းတို့ကြောင့်၊ ကုန်ပစ္စည်းများ
ရှားပါးပြတ်လတ်ကာဈေးနှုန်းမြင့်တက်ရခြင်းဖြစ်သည်။

Messenger News Journal
ဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သော်လည်းအခြေခံစားသောက် ကုန်ပစ္စည်းများအဆမတန်မြင့် တက်နေသောကြောင့် ဈေးနှုန်း များကျ ဆင်းစေရေးအတွက် ကချင် ပြည်နယ်အစိုးရ အဖွဲ့ကစေလွှတ်သော ကုန်ကား စီးရေ ၆ဝ ခန့်မှာလမ်းခုလတ်တွင် ခရီးဆက်မ ရဖြစ်နေကြောင်း ပူတာအို ခရိုင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလီပေါ်ရက်ကပြောသည်။

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း၌ မိုးရွာသွန်း မှုကြောင့် ရေလွှမ်းမိုး မှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူ ၁,ဝဝဝ ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း၌ မိုးရွာသွန်း မှုကြောင့် ရေလွှမ်းမိုး မှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူ ၁,ဝဝဝ ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း၌ မိုးရွာသွန်း မှုကြောင့် ရေလွှမ်းမိုး မှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူ ၁,ဝဝဝ ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အာဏာပိုင် များမှ ပြောကြား ခဲ့ပါသည်။

ဖိလစ်ပိုင် Davao del Norte ခရိုင်၌ ဇန်နဝါရီလ ၁၈ ရက်နေ့မှ စ၍ ဖြစ်ပွားခဲ့သော မိုးရွာသွန်းမှု များကြောင့် မြစ်ချောင်းများ၌ ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး ကျေးရွာများနှင့် မြို့များ၌ ရေလွှမ်းမိုး မှုများ ဖြစ်ပေါ် ခဲ့မှုကြောင့် ပြည်သူ ၈ဝဝ ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ခရိုင် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေး အရာရှိ Davao del Norte က ပြောကြား ခဲ့ပါ သည်။ အလားတူပင် Compostela Valley ခရိုင် ၌လည်း ရေလွှမ်းမိုး မှုများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု ၁၇၈ စု၊ သို့မဟုတ် ပြည်သူ ၈၉ဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း ခရိုင် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး အရာရှိ Raul Villocino က ဆင်ဟွာ သတင်း ဌာနသို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

http://www.myawady.net.mm/allnews/global/item/4929-2013-01-21-14-58-48#.UP1K8Z28B8E

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း၌ မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုး မှုများ ဖြစ် ပွားခဲ့ပြီး ပြည်သူ ၁,ဝဝဝ ကျော်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အာဏာ ပိုင်များမှ ပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင် Davao del Norte ခရိုင်၌ ဇန်နဝါရီလ ၁၈ ရက်နေ့မှ

မြန်မာနိုင်ငံ ဖုန်းလောကသို့ Samsung မှ CDMA 800mhz ဟန်းဆက်အသစ်ကို စတင်ထိုးဖောက်

Photo: မြန်မာနိုင်ငံ ဖုန်းလောကသို့ Samsung မှ CDMA 800mhz ဟန်းဆက်အသစ်ကို စတင်ထိုးဖောက်
Monday, January 21, 2013

Samsung ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ လက်ကိုင်ဖုန်း ဟန်းဆက်
များကို တင်သွင်းလျက်ရှိရာ ယခင်က GSMမိုဘိုင်းဟန်းဆက်များ
ကိုသာ တင် သွင်းခဲ့ပြီး ယခုအခါတွင် CDMA800mhz ဖုန်းဟန်း
ဆက်များကို တရားဝင်တင်သွင်းကာ ဈေးကွက်ကို စတင် ထိုးဖောက်လာပြီဖြစ်ကြောင်း သိရသည်။

“အရင်က GSM တွေပဲ သွင်းခဲ့တယ်။ အခု CDMA ဈေးကွက်ကို ထိုးဖောက်တဲ့အနေနဲ့ CDMA 800mhz အတွက် ဟန်းဆက်ကို
စတင်ပြီး သွင်းတာပါ။ ဒီဖုန်းကို မြန်မာနိုင်ငံက CDMA network နဲ့ကိုက်ညီအောင် လုပ်ထားပေးတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ အဆင်ပြေပြီး ကြိုက်နှစ်သက်မှာပါ။ ပြီးတော့ internet သုံးရင် တခြားဖုန်းတွေဆို Network Setting ပြောင်းနေရတယ်။ ဒီဖုန်းကို
Network Setting ပြောင်းစရာမလိုပဲ အသုံးပြုနိုင်အောင်
ပြုလုပ်ပေးထားတယ်။” ဟု Samsung မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Samusung မှ ယခုတရားဝင်တင်သွင်းလာသော Galaxy
Amazing မှာ Touch Screen အမျိုးအစားဖြစ်ပြီး ဖုန်းမျက်နှာ
ပြင်မှာ 3.5လက်မ ကျယ်ဝန်းသည်။ internal memory 3GB
ပါဝင်ပြီး Micro SD ဖြင့် 32GB အထိတိုးမြှင့်အသုံးပြုနိုင်သည်။ ဖုန်းကင်မရာတစ်လုံးပါဝင်ပြီး 3MP အမျိုးအစားဖြစ်သည်။

Android OS, v2.3 (Gingerbread) အမျိုးအစား Android ကို ထည့်သွင်းအသုံးပြုထားသည်။ Bluetooth ပါဝင်ပြီး အရောင်မှာ
အဖြူနှင့် အမည်းနှစ်မျိုး ထုတ်လုပ်ထားသည်။ Samsung brand ဖုန်းဟန်းဆက်ကိုကြိုက်နှစ်သက်သူများအတွက် CDMA 800mhz အမျိုးအစား အတွက် ယခုထုတ်လုပ်ဖြန့်ချီလိုက်သော Samsung
Galaxy Amazing တန်ဖိုးမှာ ငွေကျပ် ၁သိန်း၅သောင်းကျပ်
ဖြစ်ကြောင်း၊ ၀ယ်ယူ သူများအတွက် 2GB MicroSD ကတ်ကို လက်ဆောင်အဖြစ် ထည့်သွင်းပေးမည်ဖြစ်ပြီး အာမခံ ၁ နှစ်
ပေးထားကြောင်း သိရသည်။

ဆုဝေ
The Myanma Age
Samsung ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ လက်ကိုင်ဖုန်း ဟန်းဆက်များကို တင်သွင်း လျက်ရှိရာ ယခင်က GSMမိုဘိုင်းဟန်းဆက်များကိုသာ တင်သွင်းခဲ့ပြီး ယခုအခါ တွင် CDMA800mhz ဖုန်းဟန်းဆက်များကို တရားဝင်တင်သွင်းကာ ဈေးကွက်ကို စတင် ထိုးဖောက်လာပြီဖြစ်ကြောင်း သိရသည်။
“အရင်က GSM တွေပဲ သွင်းခဲ့တယ်။ အခု CDMA ဈေးကွက်ကို ထိုးဖောက်တဲ့ အနေနဲ့ CDMA 800mhz အတွက် ဟန်းဆက်ကိုစတင်ပြီး သွင်းတာပါ။ ဒီဖုန်း ကို မြန်မာနိုင်ငံက CDMA network နဲ့ကိုက်ညီအောင် လုပ်ထားပေးတဲ့အတွက်

လန်ဒန် ဟိဿရိုးလေဆိပ်တွင် ရာသီဥတုကြောင့် ခရီးစဉ်များ ဖျက်သိမ်းရ

Photo: လန်ဒန် ဟိဿရိုးလေဆိပ်တွင် ရာသီဥတုကြောင့် ခရီးစဉ်များ 
ဖျက်သိမ်းရ
Monday, January 21, 2013

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဟိဿရိုး လေဆိပ်တွင် ရာသီဥတု အခြေအနေကြောင့် တနင်္လာနေ့က လေယာဉ်ခရီးစဉ် (၁၀)ရာခိုင်နှုန်းမျှကို ဖျက်သိမ်းခဲ့ရကြောင်း သိရှိရသည်။ ကမ္ဘာပေါ်တွင် နေ့စဉ် ခရီးသည် အဝင်အထွက် အများပြားဆုံး စာရင်းဝင် နိုင်ငံတကာ လေဆိပ်သည် တနင်္ဂနွေနေ့ကလည်း ခရီးစဉ် စုစုပေါင်း၏ (၂၀)ရာခိုင်နှုန်းကို ရွှေ့ဆိုင်းခဲ့ရသေးသည်။

အဓိကအားဖြင့် ဗြိတိန်နိုင်ငံ တစ်ဝှမ်းလုံး ဆီးနှင်းများ ထူထပ်များပြားစွာ ကျရောက်နေခြင်းကြောင့် ယခုလို ခရီးစဉ်များ ဖျက်သိမ်းနေရခြင်း ဖြစ်သည်။
လေ့လာသူများက ရာသီဥတု ဆက်လက် ပြင်းထန်နေနိုင်သည့် အခြေအနေကြောင့် အလားတူ အခြေအနေမျိုး လာမည့် နေ့ရက်များတွင် ဆက်လက် ပေါ်ပေါက်နေနိုင်ဆဲဟု မှတ်ချက်ပြုထားသည်။

ဟိဿရိုးသည် ဥရောပတွင် အလုပ်အရှုပ်ဆုံး၊ ခရီးသည် အဝင်အထွက် အများဆုံး လေဆိပ်လည်း ဖြစ်သည်။ တနင်္လာနေ့တွင်မူ ခရီးစဉ် စုစုပေါင်း (၁၃၀)မျှကို ဖျက်သိမ်းခဲ့ရသည်။ ယင်းတို့အနက် အများဆုံးသည် ဗြိတိသျှ လေကြောင်းလိုင်းများ ဖြစ်ကြသည်။

Planet Myanmar Network

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဟိဿရိုး လေဆိပ်တွင် ရာသီဥတု အခြေ အနေကြောင့် တနင်္လာနေ့က လေယာဉ်ခရီးစဉ် (၁၀)ရာခိုင်နှုန်းမျှကို ဖျက်သိမ်းခဲ့ရကြောင်း သိရှိရသည်။ ကမ္ဘာပေါ်တွင် နေ့စဉ် ခရီးသည် အဝင်အထွက် အများပြားဆုံး စာရင်းဝင် နိုင်ငံတကာ လေဆိပ်သည် တနင်္ဂနွေနေ့ကလည်း ခရီးစဉ် စုစုပေါင်း၏ (၂၀) ရာခိုင်နှုန်း ကို ရွှေ့ ဆိုင်းခဲ့ရသေးသည်။

ကံစမ်းမဲပေါက်သည်ဟုဆိုကာ ဘဏ်သို့ငွေလွှဲခိုင်းသည့် ငွေကြေးလိမ်လည်မှုများလာ

Photo: ကံစမ်းမဲပေါက်သည်ဟုဆိုကာ ဘဏ်သို့ငွေလွှဲခိုင်းသည့်
ငွေကြေးလိမ်လည်မှုများလာ
Monday, January 21, 2013

နေပြည်တော်ဇေယျသီရိမြို့နယ်ရှိ စည်ပင်ကြီးကျေးရွာတွင်နေထိုင်သူ
ဒေါ်တိုးတိုးလှိုင်အား ကံစမ်းမဲ သိန်းဆုပေါက်သည်ဟု ဆိုကာ အလှူငွေထည့်ရန်အတွက် ဘဏ်သို့ ကျပ် (၁၁) သိန်းခွဲအား လွှဲပို့ခိုင်း ပြီး လိမ်လည်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဒေါ်တိုးတိုးလှိုင်အား ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် ၁၀ နာရီတွင် ကြေးနန်းရုံးမှဟု နာမည်အလွဲသုံးကာ သိန်း (၂၂၅၀) ဆုပေါက်သည့်အတွက်  အလှူငွေထည့်ရန် ရန်ကုန်ရှိ ရိုးမဘဏ် သို့ငွေလွှဲခိုင်းပြီး လိမ်လည်သွားခြင်းဖြစ်သည်။

“ကျွန်မကို (၁၆) ရက်နေ့က ရန်ကုန်ကြေးနန်းရုံးကဆိုပြီး ဖုန်းဆက်တယ်။ ဖုန်းနံပါတ် ၄၉ အတွဲတွေကိုကံစမ်းမဲ ဖောက်တယ်။ ကျွန်မတို့ကိုကံစမ်းမဲ
ထဲက သိန်း ၂၂၅၀ ကံစမ်းမဲပေါက်တယ်လို့ ပြောတယ်။ ကျွန်မတို့ကို
အလှူငွေ ထည့်ရမယ်လို့ပြောတယ်။ ကျွန်မတို့ကလည်း အဲပေါက်တဲ့ငွေ
ထဲကထည့်လို့ရမလားပြောတော့ သတ်သတ်လွှဲပေးရမယ်လို့ပြောတယ်။” 
ဟု လိမ်လည်ခြင်းခံရသူ ဒေါ်တိုးတိုးလှိုင်က ပြောသည်။

ငွေကြေး အလိမ်ခံရသည့် သူမသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဈေးရှိ ရိုးမဘဏ်သို့ ငွေ (၇) သိန်းအား လွှဲပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် ကာယကံရှင်
မှာ ငွေလွှဲပေးပြီးနောက်မှ ကံစမ်းမဲငွေ မရရှိမှ အလိမ်ခံရမှန် သိကြောင်း ဆိုသည်။

“ကျွန်မကိုလွှဲရမယ့်သူရဲ့နံမည်က ဦးဝင်းသန်းထဋ်၊ မှတ်ပုံတင်နံပါတ်က ၁၄/မအပ(နိုင်)၂၇၁၃၅၉ ကို လွှဲပေးလိုက်တယ်။ ကျွန်မတို့ကလဲရှိတဲ့ ဟာလေး (၇)သိန်းခွဲလွှဲပေး လိုက်တယ်။ ကျန်တဲ့ဟာကို သူစိုက်ပေး
ထားမယ်လို့ပြောတယ်။ ကျွန်မကလည်းတကယ်ထင်ပြီးတော့
လွှဲပေး လိုက်တယ်။”ဟု ဒေါ်တိုးတိုးလှိုင်မှပြောသည်။

၎င်းငွေလိမ်လည်ခြင်းအား ရေဆင်း ရဲစခန်းသို့အကြောင်းကြား
ထားပြီး နောက်ထပ်ပိုက်ဆံ ကုန်မည်စိုးသည့်အတွက် အမှုဖွင့်ဆောင်ရွက်ထားခြင်း မရှိကြောင်း၎င်းက ဆိုသည်။

အထက်ပါလိမ်လည်မှုမျိုးအတွက် တရားရုံးတင်အမှုဖွင့်မည်ဆိုပါက 
ပုဒ်မ (၄၁၇)နှင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ ဒါမျိုးကိစ္စကို တရားရုံးတင်ပြီး အမှုဖွင့်မယ်ဆိုရင် ပုဒ်မ (၄၁၇) လိမ်လည်မှုနဲ့ ဖွင့်မှာပါ။ ကျွန်တော်တို့ဆီမှာ အရင်တုန်းကလည်း ဒီလိုမျိုး အမှုမဖြစ်ဖူးဘူး။” ဟု ရေဆင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း မိမိကိုယ်ကို ဗိုလ်မှူးအဆင့်ရှိ အရာရှိ
တစ်ဦးက ကံစမ်းမဲ ပေါက်သည့် အတွက် စာရွက်စာတမ်းကြေး
ပေးသွင်းရန် ကျပ်(၅)သိန်းတောင်းကာ ၄င်း၏ ဘဏ်အကောင့်ထဲသို့
ငွေသွင်းခိုင်းသည့် လိမ်လည်မှုမျိုး ဖြစ်ပွားခဲ့ဘူးကြောင်းကိုလည်း အင်တာနက် ဖေ့ဘွတ် စာမျက်နှာ များကတဆင့် သိရှိရသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroup
နေပြည်တော်ဇေယျသီရိမြို့နယ်ရှိ စည်ပင်ကြီးကျေးရွာတွင်နေထိုင် သူ  ဒေါ်တိုးတိုးလှိုင်အား ကံစမ်းမဲသိန်းဆုပေါက်သည်ဟုဆိုကာ အလှူငွေ ထည့်ရန်အတွက် ဘဏ်သို့ကျပ် (၁၁) သိန်းခွဲအား လွှဲပို့ ခိုင်းပြီး လိမ်လည်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တူရကီ် နိုင်ငံတွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်စပ်သူ ၈၅ ဦးအား ဖမ်းဆီး

Photo: တူရကီ် နိုင်ငံတွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်စပ်သူ ၈၅ ဦးအား ဖမ်းဆီး
Monday, January 21, 2013

တူရကီ ရဲတပ်ဖွဲ့သည် တရားမဝင် လက်ဝဲဝါဒီ အဖွဲ့တစ်ဖွဲ့နှင့် ဆက်စပ်လျက် ရှိသူများအား ဖြိုခွင်းရန် အတွက် အစ္စတန်ဘူလ်၊ အန်ကာရာနှင့် အစ်ဇမမြို့များ အပါအဝင် မြို့ကြီး ခုနစ်မြို့၌ ရှာဖွေ ဖမ်းဆီးခဲ့ရာ လူပေါင်း ၈၅ ဦး ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခြင်း ခံခဲ့ရသော သူများတွင် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် တော်လှန်သော ပြည်သူ့ လွတ်မြောက်ရေး တပ်ဦးနှင့် ပူးပေါင်း ခဲ့ကြသည့် ရှေ့နေများ ပါဝင် ခဲ့ကြကြောင်း Today's Zaman သတင်း စာ၏ ထုတ်ပြန်ချက် အရ သိရသည်။

တော်လှန်သော ပြည်သူ့ လွတ်မြောက်ရေး တပ်ဦးသည် တူရကီ နိုင်ငံ
အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင်ခဲ့သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ၎င်းအဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်သူ များကို ရှာဖွေ ဖမ်းဆီး ရာတွင် တူရကီ အထူး တပ်ဖွဲ့နှင့် အဓိကရုဏ်း နှိမ်နင်းရေး 
တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁ဝဝဝ ခန့် ပါဝင်ခဲ့ သည်ဟု သိရသည်။

မြ၀တီ
တူရကီရဲတပ်ဖွဲ့သည် တရားမဝင် လက်ဝဲဝါဒီအဖွဲ့တစ်ဖွဲ့နှင့် ဆက်စပ် လျက်ရှိသူများအားဖြိုခွင်းရန်အတွက် အစ္စတန်ဘူလ်၊ အန်ကာရာနှင့် အစ်ဇမမြို့များအပါအဝင် မြို့ကြီးခုနစ်မြို့၌ ရှာဖွေဖမ်းဆီးခဲ့ရာ လူပေါင်း ၈၅ ဦး ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရသည်။

ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်

ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်


ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ယင်း လျှပ်စစ်ဓာတ်အားက မိုက်ခရိုဝပ်ထ် ပမာဏပဲ ရှိပါတယ်။ ဒီတော့ ဖုန်းနဲ့ အခြား အီလက်ထရောနစ် ပစ္စည်း အကြီးစားတွေကို အားသွင်းလို့မရ တာ သေချာပါတယ်။ သို့ပေမယ့် ရည်ရွယ်ချက်က ဦးနှောက်တွင်းမှာရှိတဲ့ Chip များကို ပြန်လည် အားသွင်းဖို့ ဖြစ်ပါတယ်။

ဦးနှောက် တစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ဘယ် အားသွင်းစရာ လိုတဲ့ ပစ္စည်း အစိတ်အပိုင်း ကိုယ်မဆို အားသွင်း ပေးမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ အသုံးပြုနေတာကတော့ ပြန်လည်ခွဲထုတ်ခြင်း သို့မဟုတ် ကြိုးမဲ့ ရေဒီယိုလိုင်းနဲ့ အားသွင်းခြင်းတို့ ဖြစ်ပြီး ဦးနှောက်တွင်းမှာ ထည့်ထားတဲ့ Chip များကို အသက်ရှင်စေပါတယ်။ ခွဲစိတ် ထားသူ အချို့  ဟာ အသက်ဆက်ရှင်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ ကိုယ်တွင်းမှာ ထည့်သုံးတဲ့ နည်းပညာဟာ ပေါ်တာ ကြာပြီ ဖြစ်ပါတယ်။

ယခု ယင်းစက်တွေကို အပြင်ထုတ်စရာမလိုပဲ အတွင်းမှာပဲ သွင်းလို့ ရအောင် ဖန်တီးပေးမယ့် စနစ်ကတော့ အသစ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ထဲမှ cerebrospinal fluid ဆိုတဲ့ အရည်မှ ဂလူးကိုစ့်ဓာတ်ထုတ်ပါမယ်။ ယင်း ဂလူးကိုစ့်မှ အောက်ဆီဂျင်ကို ထုတ်ပြီး ယင်းအော်ကဆီဂျင်ကို အခြေခံလို့ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲပေးစေဖို့ ဖြစ်ပါတယ်။ အဆင့်တွေ များပေမယ့် ထပ်မယ့် ပစ္စည်းက မီလီမီတာ မျှသော အတိုင်းအတာ လောက်ထိကို သေးငယ်ပါတယ်။

ယင်း ပစ္စည်းကြောင့် ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ပြီး ကိုယ်တွင်းမှ ကျန်းမာရေး အထောက်အပံ့ အီလက်ထရောနစ် ပစ္စည်းများကို အားသွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref:realitypod
Aung Kham (TSJ team)
TechSpace Journal

အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။
ယင်း လျှပ်စစ်ဓာတ်အားက မိုက်ခရိုဝပ်ထ် ပမာဏပဲ ရှိပါတယ်။ ဒီတော့ ဖုန်းနဲ့ အခြားအီလက်ထရောနစ် ပစ္စည်းအကြီးစားတွေကို အားသွင်း လို့
အမေရိကန်ကို ခြိမ်းခြောက်လာမည့် အိုစမာဘင်လာဒင် လက်သစ်

အယ်လ်ဂျီးရီးယား နိုင်ငံမှ ဓားစာခံ ဖမ်းဆီး ခေါ်ဆောင်မှုတွင် ပါဝင်သည့် အကြမ်းဖက် အဖွဲ့၏   ခေါင်းဆောင် မော့တား ဘယ်မော့တားသည် အမေရိကန် နိုင်ငံကို ထပ်မံ ခြိမ်းခြောက်လာမည့် အကြမ်းဖက် သမား အိုစမာ ဘင်လာဒင် လက်သစ် ဖြစ်လာနိုင်ဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

၎င်းတွင် နာမည်တု များစွာရှိပြီး အာဖဂန် နစ္စတန် နိုင်ငံတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် မျက်စိတစ်ဖက် ဆုံးရှုံး ခဲ့ရသည့် အတွက် ၎င်းအား ''တစ်ဖက်လပ်'' ဟုလည်းကောင်း၊ စီးကရက် များကို တရားမဝင် ကုန်ကူး သည့်အတွက် ''မာပိုလို လူသား'' ဟုလည်းကောင်း အများက ခေါ်ဆိုကြသည်ဟု သိရသည်။

၎င်း၏ အကြောင်းကို ကနေဒါ သံအမတ်ဟောင်း ရောဘတ် ဖိုလာထက် မည်သူမျှ မသိနိုင်ပေ။ ဖိုလာသည် ၂ဝဝ၈ ခုနှစ်က ဘယ်မော့တား၏ ဓားစာခံ တစ်ဦး ဖြစ်ခဲ့သူ ဖြစ်သည်။ ဘယ်မော့တားသည် ၎င်း၏ အဖွဲ့ အတွင်း၌ ကင်းသမား တစ်ဦးကဲ့သို့ လည်းကောင်း၊ စားဖိုမှူး တစ်ဦး အဖြစ်လည်းကောင်း လျှို့ဝှက်စွာ နေထိုင် တတ်သူ ဖြစ်ကြောင်း၊ ၎င်းအား မည်သူကမှ အကြမ်းဖက် ခေါင်းဆောင်ဟု ထင်မြင် ယူဆမည် မဟုတ်ကြောင်း ဖိုလာက ဆိုသည်။

ထို့ပြင် ၎င်းသည် စကား ပြောရာတွင် တစ်ဖက်သား နားဝင်အောင် ညင်ညင်သာသာ ပြောတတ်သူ ဖြစ် ကြောင်း ဖိုလာက ထပ်လောင်း ပြောကြား ခဲ့သည်။

ဘယ်မော့တား ဦးဆောင်သော အကြမ်းဖက် အဖွဲ့သည် ပြင်သစ် နိုင်ငံ၏ အထင်ကရ အီဖယ်လ် မျှော်စင်ကို ဝင်တိုက်ရန် ၁၉၉၄ ခုနှစ်က ခရီးသည်တင် လေယာဉ် တစ်စင်းကို အပိုင်စီးရန် ကြိုးပမ်း ခဲ့သော်လည်း ပြင်သစ် ကွန်မန်ဒို တပ်ဖွဲ့ဝင် များ၏ တိုက်ခိုက်မှုကြောင့် အောင်မြင်မှု မရရှိ ခဲ့ကြောင်း သိရသည်။

၎င်းသည် အကြမ်း ခံနိုင်သူ တစ်ဦး ဖြစ်ကြောင်း၊ ၎င်း၏ လက်အောက်တွင် စစ်သွေးကြွ များစွာ ရှိကြောင်း၊ ၎င်းသည် အမေရိကန် နိုင်ငံအတွက် အိုစမာ ဘင်လာဒင် လက်သစ် အဖြစ် ပေါ်ထွက် လာနိုင်ကြောင်း  ဖိုလာက ဆက်လက် ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံသည် ၎င်းတို့၏ အဓိက ရန်သူကြီး အိုစမာ ဘင်လာဒင်အား ချေမှုန်း အောင်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် မြောက် အာဖရိက သဲကန္တာရမှ ထွက်ပေါ်လာမည့် အိုစမာ ဘင်လာဒင် လက်သစ်  မော့တား ဘယ်မော့တားအား ဖမ်းဆီးနိုင်ရန် အတွက် အမေရိကန် အထူး တပ်ဖွဲ့ဝင်များ ကြိုးစားကြရ ဦးမည် ဖြစ်သည်။  

http://www.myawady.net.mm/allnews/global/item/4861-2013-01-21-08-47-06

အယ်လ်ဂျီးရီးယား နိုင်ငံမှ ဓားစာခံဖမ်းဆီး ခေါ်ဆောင်မှုတွင် ပါဝင်သည့် အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင် မော့တားဘယ်မော့တားသည် အမေရိကန် နိုင်ငံကို ထပ်မံ ခြိမ်းခြောက်လာမည့် အကြမ်းဖက် သမား အိုစမာဘင်လာဒင် လက်သစ်ဖြစ်လာနိုင်ဖွယ်ရှိကြောင်းသတင်းများ ထွက်ပေါ်လျက် ရှိသည်။

ကေအိုင်အို ဌာနချုပ်အစည်းအဝေးတွင် KIA ဦးစီးချုပ် ဂမ်ရှောင် ဒဏ်ရာရ ထားသောကြောင့် မတက်ရောက်နိုင်


ကေအိုင်အို ဌာနချုပ်အစည်းအဝေးတွင် KIA ဦးစီးချုပ် ဂမ်ရှောင် ဒဏ်ရာရ ထားသောကြောင့် မတက်ရောက်နိုင်
==========================================
လိုင်ဇာ ဇန်န၀ါရီလ (၂၁) ရက်
 လိုင်ဇာမြို့ KIC  ဥက္ကဌ ဦးအင်ဘန်လှ ပိုင် ကျင်ရှင်းဟိုတယ်တွင် ဇန်န၀ါရီလ (၁၉) ရက်နေ့ ညနေ (၂) နာရီ မှ (၃) နာရီခွဲအထိ KIA/KIO နှင့် ဗဟိုကော်မတီဝင်များနှင့် အရာရှိကြီးများ (၇၀) ဦး အစည်းအဝေးပြုလုပ်ခဲ့ ကြပါသည်။
 အစည်းအဝေးသို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။ ဌာနချုပ် သတင်းရပ်ကွက်၏ ပြောဆိုချက်အရ ဦးစီးချုပ်မှာ ဇန်န၀ါရီလ (၂) ရက်နေ့ ခယာတောင်စခန်းတွင် လေယာဉ်ပစ်သေနတ်တပ်ဆင်မှုကို စစ်ဆေးနေစဉ် အစိုးရလေတပ် လေယာဉ်မှ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ ကြောင်း ဒဏ်ရာကို လိုင်စင်ပို့တွင် ကုသနေသော်လည်း သက်သာခြင်းမရှိသည့်အတွက် (၁၄) ရက်နေ့က တရုတ်နိုင်ငံသို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေသည့်အတွက် ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။
 ဗိုလ်ချုပ်ဂမ်ရှောင်၏ ကျန်းမာရေးအခြေအနေ မည်သို့ရှိကြောင်းကို မည်သူမှ တိတိကျကျမသိဘဲ လျှို့ဝှက်ထားကြောင်း သိရှိရသည်။ အစည်းအဝေးတွင် KIO ဥက္ကဌ ဦးဇောင်းဟရားမှ ဦးဆောင်ပြီး အစိုးရမှ ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း KIA အရာရှိတစ်ဦးပြောကြားချက် အရ သိရှိရသည်။
လိုင်ဇာမြို့ KIC ဥက္ကဌ ဦးအင်ဘန်လှပိုင်ကျင်ရှင်းဟိုတယ်တွင် ဇန်န၀ါရီ လ (၁၉) ရက်နေ့ ညနေ (၂) နာရီ မှ (၃) နာရီခွဲအထိ KIA/ KIO နှင့် ဗဟိုကော်မတီဝင်များနှင့် အရာရှိကြီးများ (၇၀) ဦး အစည်း အဝေးပြု လုပ်ခဲ့ ကြပါသည်။
အစည်းအဝေးသို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရှိရသည်။ ဌာနချုပ် သတင်းရပ်ကွက်၏ ပြောဆိုချက်အရ ဦးစီးချုပ်မှာ ဇန်န၀ါရီလ (၂) ရက်နေ့ ခယာတောင် စခန်းတွင် လေ

ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်တွင် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးနှင့် တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်တွင် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးနှင့် တွေ့မည်
Monday, January 21, 2013

မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌ ဆိုးလ်မြို့တော်တွင် မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၈ တွင် စတင်မည့် ကိုရီးယားသို့ ငါးရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ပက်ဂျွန်ဟေးနှင့် တွေ့ဆုံရန် ရှိနေခြင်းဖြစ်သည်။ ပက်ဂျွန်ဟေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီ၂၉ရက်တွင် တွေ့ဆုံဖွယ်ရှိကြောင်း တောင်ကိုရီးယားအရာရှိ
တစ်ဦးကို ကိုးကား၍ယွန်ဟပ်သတင်းကဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီးယားတွင် ပြုံချန်းမြို့၌ ကျင်းပမည့် ဆောင်းရာသီအထူးအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကာ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုလည်း ဖေဖော်ဝါရီ ၁ ရက်တွင် လက်ခံရယူ
သွားမည်ဖြစ်သည်။

Ref: Yonhap
7Day News Journal

မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ်ရွးချယ်တင်မြှောက်ခံခဲ့ရသော ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌ ဆိုးလ် မြို့တော်တွင် မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ နိုင်ငံသို့ လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ချစ်ကြည်ရေး ခရီး လာရောက်မည်

မြန်မာ နိုင်ငံသို့ လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ချစ်ကြည်ရေး ခရီး လာရောက်မည်
Monday, January 21, 2013

လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် 
ဥက္ကဋ္ဌ Madam Pany YATHOTOU အား ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့တွင် လာအို နိုင်ငံရှိ ဆင်ခွမ် ပြည်နယ်၌ မွေးဖွား ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှ B.A (Banking) ဘွဲ့ရရှိခဲ့သည်။

၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်ထိ Bank of Lao PDR တွင် နိုင်ငံခြား
ငွေကြေးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ Bank of Lao PDR တွင် စီးပွားရေးနှင့် စီမံကိန်း ဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ Bank of Lao PDR တွင် ရင်းနှီး မြှုပ်နှံမှု ဌာန ညွှန်ကြားရေး မှူးချုပ်နှင့် ၁၉၈၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ Central Bank of Lao PDR တွင် အုပ်ချုပ်ရေးမှူး တာဝန်များကို ထမ်းဆောင် ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်ထိ (၄)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် တိုင်းရင်းသား ရေးရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်ထိ (၅)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ၏ အမြဲတမ်း အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

၂ဝဝ၆ ခုနှစ်မှ ၂၂- ၁၂- ၂ဝ၁ဝ ရက်နေ့ထိ (၆)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင် ခဲ့သည်။ ၂၃- ၁၂- ၂ဝ၁ဝ ရက်နေ့မှ ၁၄- ၆- ၂ဝ၁၁ ရက်နေ့ထိ (၆) ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌနှင့် လာအို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၅ - ၆- ၂ဝ၁၁ ရက် နေ့မှစ၍ (၇)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း
ကော်မတီ ဥက္ကဋ္ဌနှင့် လာအို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။

Madam Pany YATHOTOU သည် အိမ်ထောင်ရှင် ဖြစ်ပြီး သမီး တစ်ဦး ရှိပါသည်။ Madam Pany YATHOTOU နှင့် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စု လွှတ်တော် နာယက၏ ဖိတ်ကြားချက် အရ မကြာမီ ရက်အတွင်း ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံ တော်သို့ ချစ်ကြည်ရေး အလည်အပတ် ခရီး လာရောက်မည်
ဖြစ်ပါသည်။

မြ၀တီ
လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော်
ဥက္ကဋ္ဌ Madam Pany YATHOTOU အား ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့တွင် လာအို နိုင်ငံရှိ ဆင်ခွမ် ပြည်နယ်၌ မွေးဖွား ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှ B.A (Banking) ဘွဲ့ရ ရှိခဲ့သည်။

အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် တရုတ်စီစဉ်

အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် တရုတ်စီစဉ်
Monday, January 21, 2013

အရှေ့တရုတ် ပင်လယ်ရှိ အငြင်းပွား နေသော ကျွန်းစုများအား တိုင်းတာရေး ဆောင်ရွက်သွားရန် စီစဉ်ထား ကြောင်းနှင့် တိုက်ပွဲဝင် အသင့်ရှိ နေစေရန် ၎င်း၏ စစ်ဘက်အား တောင်းဆိုထားကြောင်း တရုတ် နိုင်ငံက ထုတ်ပြန် ကြေညာ ခဲ့ပါသည်။ ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက် နေစဉ် အတွင်း တရုတ်နိုင်ငံ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာ ပါသည်။

တရုတ် နိုင်ငံသည် ၎င်း၏ ကျွန်းစု နယ်မြေများနှင့် ကျောက်တန်း များဆိုင်ရာ မြေပုံ ရေးဆွဲရေး အစီအစဉ်၏ အစိတ်အပိုင်း အဖြစ် အရှေ့တရုတ် ပင်လယ်ရှိ Diaoyu ကျွန်းစုအား တိုင်းတာရေး
ဆောင်ရွက်သွားရန် ရှိကြောင်း တရားဝင် သတင်း ဌာန တစ်ခုက
ထုတ်ပြန်ခဲ့ ပါသည်။ 

တရုတ် နိုင်ငံသည် အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် စီစဉ်ထား ကြောင်းနှင့် ဖြစ်ပေါ် လာနိုင်သည့် စစ်ပွဲအတွက် အသင့်ပြင်ဆင် ထားရန် စစ်ဘက် အကြီးအကဲ များနှင့် တပ်ဖွဲ့ဝင် များအား တိုက်တွန်း ပြောကြားထားကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ဌာနချုပ်မှ စစ်ဦးစီးချုပ်က ပြောကြား ခဲ့သည်ဟု PLA ၏ နေ့စဉ် သတင်း ထုတ်ပြန်ရေး ဌာနက ရေးသား ဖော်ပြခဲ့ ပါသည်။

မြ၀တီ အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွား နေသော ကျွန်းစုများအား တိုင်း တာရေး ဆောင်ရွက်သွားရန်စီစဉ်ထား ကြောင်းနှင့် တိုက်ပွဲဝင်အသင့် ရှိ နေစေရန် ၎င်း၏စစ်ဘက်အား တောင်းဆိုထားကြောင်း တရုတ် နိုင်ငံ က ထုတ်ပြန် ကြေညာခဲ့ပါသည်။ ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက် ၍ ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက် နေစဉ်အတွင်း တရုတ်နိုင်ငံ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာပါ သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ အပစ်အခတ်ရပ်စဲရန် မြန်မာအစိုးရ၏ သဘောထားကြေညာချက် ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။

ရဲအရာရှိက အရပ်သား တစ်ဦးကို ထိုးနှက်ပြီး သေနတ်ပြ ခြိမ်းခြောက်မှု အား စစ်ဆေး အရေးယူမည်


ကချင်ပြည်နယ် မိုညှင်းခရိုင်ဟိုပင်မြို့နယ်ခွဲ မြသီတာရပ်ကွက်တွင်နေထိုင်သော ဦးဝင်မြင့်အားဟိုပင် ရဲစခန်းမှ ဒုရဲအုပ်ဦးအောင်မျိုးအေးက ဆိုင်ကယ်အချက်ပြမီးမပြသည့်ကိစ္စဖြင့် ထိုးနှက်ကာလက်နက်ပြ ခြိမ်းခြောက်ခဲ့ခြင်းကို အမှုမှန် ပေါ်အောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့သူများ စားဝတ်နေရေး ခက်ခဲလျက်ရှိ

Photo: မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့သူများ စားဝတ်နေရေး ခက်ခဲလျက်ရှိ
Monday, January 21, 2013

ပဲခူးတိုင်းအတွင်း ပြည်တွင်းစစ်လက်ကျန် မြေမြှုပ်မိုင်းများကြောင့်
ကိုယ်ခန္ဓာ မသန်စွမ်းဖြစ်ခဲ့သူများအနေဖြင့် စားဝတ်နေရေးအတွက်
အလုပ်အကိုင် ရရှိစေရန် လိုအပ်နေကြောင်း ကျောက်ကြီး မြို့နယ်တွင်း
ရှိ မသန်စွမ်းများအား အကူအညီပေးနေသူ တစ်ဦးက မြန်မာ့ခေတ်သို့
ပြောကြားသည်။

အဆိုပါ မြေမြှုပ်မိုင်းများကြောင့် ကျောက်ကြီးမြို့နယ်တွင်း ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ အသက်ရှင်ကျန်ရစ်ပြီး မသန်မစွမ်းဖြစ်လျက်ရှိသူဦးရေ ၆၀၀ ဝန်းကျင်ခန့်ရှိကြောင်းနှင့် မသန်စွမ်းများအနေဖြင့် ခန္ဓာကိုယ်ချို့ယွင်းမှု၊ စီးပွားရေးကျပ်တည်းမှုတို့ ကြောင့် အခြေခံလူတန်းစား ဘဝမှ တိုးတက်လာခြင်း မရှိကြောင်း သိရသည်။

မြေမြှုပ်မိုင်းများကြောင့် မသန်စွမ်းဘဝ ရောက်ရှိသူများနှင့် ပက်သက်၍
ကျောက်ကြီးမြို့သို့ ရောက်ရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်က "မြှေမုပ်မိုင်းကြောင့် မိမိတို့ ဘဝတွေ အင်မတန်မှ ခက်ခဲနေရတဲ့ ပြည်သူ
တွေအတွက် ဘယ်လိုကျွန်မတို့က ကူညီနိုင်မလဲဆိုတာကို လေ့လာတဲ့
သဘောနဲ့လာခဲ့တာပါ" ဟု ပြောကြားသည်။

၎င်းးက "ဒီလိုကူညီဖို့အတွက် အဖွဲ့တွေလဲအများကြီးရှိပါတယ်။ ရံပုံငွေ လှူဒါန်းထားတဲ့ နိုင်ငံတွေလည်း အများကြီးရှိပါတယ်။ လှူဒါန်းသမျှဟာ ထိရောက်ရဲ့လား။ ကူညီမှုတွေဟာ လုံလောက်ရဲ့လား။ ကျွန်မတို့
စောင့်ကြည့်ပေးဖို့လိုပါတယ်"ဟု ထပ်မံပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါ ဒေသများသို့ လာရောက်ခြင်းနှင့် ပက်သက်၍ အသက် ၄၄ နှစ်အရွယ်ရှိပြီ ဖြစ်သော ကိုမြင့်တင်က "အသက် ၁၆ နှစ်အရွယ်မှာ တောထဲ ပိုက်ပစ်ရင်းနဲ့ မိုင်းမှန်ခဲ့တယ်။ အစိုးရဘက်ကကောဘယ်သူဆီကမှ ဘာအကူအညီမှ မရဘူး။ အမေစု လာတဲ့အတွက် အလုပ်အကိုင်တွေ ရဖို့မျှော်လင့်တယ်။ ကျွန်တော်တို့ မသန်စွမ်းတွေကြောင့်မိသားစု စားဝတ်နေရေး ကျပ်တည်းတယ်လေ" ဟု ၎င်း၏မျှော်လင့်ချက်အား ပြောကြားသည်။

အဆိုပါ မိုင်းများကြောင့် မသန်စွမ်းဖြစ်နေသူများတွင် ချို့တဲ့ဆင်းရဲသော
အရပ်သားများ အများအပြားရှိပြီး တပ်မတော်သားများလည်း ရှိကြောင်း
သိရသည်။

"ကျွန်တော်တို့ဆီမှာ ညီအစ်ကို လေးယောက်ရှိတယ်။ အမေအပါအဝင်
ဆို ၅ ယောက်ကျွန်တော် မိုင်းထိတော့ လက်မောင်းတစ်ဖက်ပြုတ်သွား
သလိုပဲ၊ အိမ်ကစီးပွားရေး ကျပ်တည်းသွားတယ်" ဟု ၂၀၁၀ ခုနှစ်တွင်
မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ချောင်းဖြတ်လိုက်ရသူ အသက်
၁၈ နှစ်အရွယ်ဖြူလေးက ပြောကြားသည်။

ထို့အပြင် ၎င်းးတို့ မသန်စွမ်းများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်
လာရောက်ခြင်းအပေါ် ၎င်းတို့၏ အလုပ်အကိုင်အခွင့်အရေးများအပြင်
ထောက်ပံ့ကြေးများပါ ရရှိနိုင်ဖွယ်ရှိသည်ဟု ကြားသိထားကြောင်း
ပြောကြားသည်။

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် နယ်စပ်အတွင်း ပြည်တွင်းစစ်များ ပြင်းထန်စွာ
ဖြစ်ပွားခဲ့သည့် အချိန်များတွင် စစ်ကြောင်းများအား တိုက်ခိုက်ရန်အတွက်
ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများသည် ယနေ့ အချိန်ထိ ကောင်းမွန်စွာ
ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း ကျောက်ကြီးမြို့နယ်တွင်းတွင်
နေထိုင်သူများ ထံမှသိရသည်။

စူးရှ
ဓါတ်ပုံ - စူးရှ
The Myanma Age
ပဲခူးတိုင်းအတွင်း ပြည်တွင်းစစ်လက်ကျန် မြေမြှုပ်မိုင်းများကြောင့် ကိုယ် ခန္ဓာ မသန်စွမ်းဖြစ်ခဲ့သူများအနေဖြင့် စားဝတ်နေရေးအတွက် အလုပ် အကိုင်ရရှိစေရန် လိုအပ်နေကြောင်း ကျောက်ကြီး မြို့နယ်တွင်းရှိ မသန်စွမ်းများအား အကူအညီပေးနေသူ တစ်ဦးက မြန်မာ့ခေတ် သို့ ပြောကြားသည်။

ငြိမ်းချမ်းရေးအတွက်မည်သည့်အခန်းကဏ္ဍကဖြစ်ဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: ငြိမ်းချမ်းရေးအတွက်မည်သည့်အခန်းကဏ္ဍကဖြစ်ဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Monday, January 21, 2013

နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်သူ့လွှတ်တော် အစည်း အဝေးများ မစတင်မီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမဲ ဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်အောင်ဆန်း စုကြည်အား လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများနှင့်တွေ့ဆုံစဉ် ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းရာတွင် "ငြိမ်းချမ်းရေးအတွက်ဆိုရင် ဘယ်အခန်း ကဏ္ဍက ပဲ ဖြစ်ဖြစ်ပါဝင် သွားပါမယ်" ဟု ယင်းက
ပြောကြားသည်။

ပြည်သူ့လွှတ်တော် အစည်း အဝေးများ မစတင်မီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမဲ ဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်အောင်ဆန်း စုကြည်အား လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများနှင့်တွေ့ဆုံစဉ်

ဗညားဦး (နေပြည်တော် မှ ပေးပို့သည်)
Yangon Media Group
နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးများ မစတင်မီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမဲ ဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်အစည်းအဝေး မစတင်မီ

ဇန်န၀ါရီလ ၂၁ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း

Photo: ဇန်န၀ါရီလ ၂၁ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း
Monday, January 21, 2013 

ယနေ့ ဇန်န၀ါရီ ၂၁ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၈ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို - ၁၁၄၁.၉ ကျပ်၊
စင်္ကာပူ တစ်ဒေါ်လာ - ၆၉၈.၉၀ ကျပ်၊
စတာလင်ပေါင် တစ်ပေါင် - ၁၃၆၀.၃ ကျပ်၊
ဂျပန်ယန်း တစ်ရာ - ၉၅၅.၂၄ ကျပ်၊
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၉၀၀.၈၃ ကျပ်၊
တရုတ်ယွမ် တစ်ယွမ် - ၁၃၈.၀၄ ကျပ်၊
အိနိ္ဒယရူပီး တစ်ရူပီး - ၁၅.၉၉၀ ကျပ်၊
ကိုရီးယားဝမ် တစ်ရာ -၈၁.၀၅၈ ကျပ်၊
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၂၈၄.၅၃ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၂၈.၈၆၀ ကျပ် သတ်မှတ်သည်။

Mrtv-4

ယနေ့ ဇန်န၀ါရီ ၂၁ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲ လှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၅၈ ကျပ် သတ်မှတ်ကြောင်း သိရသည်။
ထို့အပြင် Cross Exchange Rate အရ

သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို

Photo: သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို
Monday, January 21, 2013 

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား ဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သမ္မတကတော် မစ်ရှဲလ်အိုဘားမား ရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်း တာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။
 
အစောပိုင်းကတော့ သမ္မတ အိုဘားမား ဟာ အစဉ်အလာအတိုင်း အာလင်တန် (Arlington) အမျိုးသား စစ်သင်္ချိုင်းမှာ လူမသိ သူမသိ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက် အုတ်ဂူမှာ သွားရောက် ပန်းခွေချ
ခဲ့ပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန် ယူမယ့်သူတွေ အနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရတာဖြစ်ပါတယ်။
 
ဒီနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ဟာ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် အမျိုးသား ရင်ပြင်ကို မျက်နှာမူထားတဲ့ Capitol Hill လွှတ်တော် အဆောက်အဦးရှေ့ အများပြည်သူရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့မှာ လုပ်မှာဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်က သမ္မတကျမ်းကျိန်ပွဲကို ပြည်သူပေါင်း ၈ သိန်းလောက် လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။

ဗွီအိုအေ
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင်ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သမ္မတ ကတော် မစ်ရှဲလ်အိုဘားမားရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်းတာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် KIO လက်မခံ

Photo: ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် KIO လက်မခံ
Monday, January 21, 2013

မြန်မာနိုင်ငံအစိုးရမှ အပစ်အခတ်ရပ်စဲရန်ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး (၁၉-၁-၂၀၁၃) ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီမှ KIO အား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အတွက် ကမ်းလှမ်းခဲ့ရာ KIA က လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရှိရသည်။ 

KIA မှ ပြန်ကြားသော အကြောင်းပြန်စာတွင် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများ ရပ်ဆိုင်းထားမည်ဟု အစိုးရမှ ကြေငြာ ထားသော်လည်း ဇန်န၀ါရီလ ၂၀ ရက်နေ့ထိ မြန်မာစစ်တပ်မှ ဆက်လက် တိုက်ခိုက်ဆဲ
ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့သာ သီးခြား တွေ့ဆုံဆွေးနွေးမှု
မပြုလုပ်ဘဲ UNFC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဆွေးနွေးလျင် ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း
ပြန်ကြားခဲ့သည်။ 

အစိုးရမှ ထိုးစစ်များရပ်ဆိုင်းရန် ကြေငြာပြီး နောက်ပိုင်းတွင် အစိုးရတပ်နှင့် KIA ကြား အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် ဇန်န၀ါရီလ ၁၈ ရက်နေ့နောက်ပိုင်းတွင် အစိုးရတပ်အနေဖြင့် လေကြောင်းမှ တိုက်ခိုက်ခြင်းမရှိတော့ကြောင်း KIA အရာရှိ တစ်ဦးမှပြောကြားသည်။ 

အစိုးရမှ ထိုးစစ်ဆင်ရန်ကြေငြာပြီး နောက်တစ်နေ့ဇန်န၀ါရီလ ၁၉ ရက်
နေ့တွင် ကာမိုင်းရဲစခန်းအား KIA တပ်ဖွဲ့ဝင်အများအပြားမှ ၀င်ရောက်
စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အဆောက်အဦများ မီးရှို့ခံရကြောင်း ၎င်းနေ့မှာပင် လွယ်ဂျယ်မှ ဗန်းမော်သို့ ထွက်ခွာ
လာသော ခရီးသည်တင်ကား ၂ စီးအား KIA မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား (၁၇)ဦး ဒဏ်ရာရသွားကြောင်း နှင့် ၎င်းနေ့ ည (၈) နာရီ
ခန့်ကပင် ရှေ့တန်းမှ မန်စီမြို့သို့ ပြန်လည်ဝင်ရောက် လာသည့် 
စစ်ကြောင်းအား မန်စီမြို့အ၀င်တွင် KIA မှ မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့်
အစိုးရတပ်ဖွဲ့ဝင် (၃) ဦး ကျဆုံးခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအစိုးရမှ အပစ်အခတ်ရပ်စဲရန်ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး (၁၉-၁-၂၀၁၃) ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီမှ KIO အား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အတွက် ကမ်းလှမ်းခဲ့ရာ KIA က လက်မခံဘဲပယ်ချခဲ့ကြောင်း သိရှိရ သည်။

ငြိမ်းချမ်းရေးအလံသယ်ဆောင်သူတို့စတင်ထွက်ခွာ

Photo: ငြိမ်းချမ်းရေးအလံသယ်ဆောင်သူတို့စတင်ထွက်ခွာ
Monday, January 21, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေး အလံ
သယ်ဆောင်သည့် လမ်းလျောက်အဖွဲ့ ယနေ့နံနက် ၇ နာရီ အချိန်တွင် ဆူးလေဘုရားမှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ 

ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးမရရှိဘဲ ယနေ့ချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးအလံကို ကချင်ပြည်နယ် လိုင်ဇာမြို့အရောက် သယ်ယူရန် စိတ်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းလျောက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိမည်ဟု အတိအကျ မပြောရဲကြောင်း အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ 

"ကျွန်တော်လိုချင်တာကိုပြောရရင် ပြည်တွင်းစစ်ကြီးကို ရပ်စဲစေချင်တယ်၊ အဲကတစ်ဆင့် နိုင်ငံရေးအင်အားစုတွေရယ်၊ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး ပြည်ထောင်စု အကျိုးစီးပွားအတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေးတစ်ခု ဖော်ဆောင်သွားစေချင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ခုသွားတဲ့ ပုံစံ ဒါတွေရလာမှာလား ဆိုတော့ ကျွန်တော်တို့မပြောရဲဘူးဗျ"ဟု ဦးဆောင်သူ လူငယ်တစ်ဦးဖြစ်သူ ကိုရန်နိုင်မျိုး ကပြောကြားသည်။ 

ပထမစီစဉ်ခဲ့စဉ်က ဆယ်ဦးလမ်းလျောက်ရန် စီစဉ်ခဲ့သော်လည်း ယနေ့လမ်းလျောက်ရာတွင် သံဃာတော် ၁၂ ပါးမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ "ဒီစိတ်ဓာတ်ရှိတဲ့ လူငယ်တွေရှိနေတာကို ကျွန်တော် အလွန်အံ့သြဝမ်းသာဖြစ်လှပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် လက်နက်နဲ့ဖြေရှင်းတဲ့နည်းလမ်းဟာ လမ်းစဉ်ဟောင်းကြီး
ဖြစ်ပြီး အောင်မြင်တာမရှိဘူး၊ ကချင်ပြည်နယ်က ပြည်သူတွေ အအေးဒဏ်နဲ့ စစ်ပြေးနေရတာကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။''ဟု ဆိုသော ဆရာဒဂုံတာရာ၏ သဝဏ်လွှာကိုလည်း ဖတ်ကြားပြခဲ့ကြသည်။ 

ထို့နောက် လမ်းလျောက်အဖွဲ့မှ လူငယ်များက ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်ရာတွင် ပူပေါင်းပါဝင်ကြသူများကို ကြိုဆိုကြောင်း၊ တရာဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို မထိခိုက်စေဘဲ ပူးပေါင်းကြရန်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံကြောင်း
ပြောကြားသွားခဲ့သည်။ 

ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေး သဝန်လွှာမျာ ၊အလှူငွေများကိုလည်း ၄င်းတို့မှ တစ်ဆင့်ပေးအပ် လှူဒါန်းနိုင်ကြောင်းလည်း ပြောကြသည်။ မိုင်ရှစ်ရာကျော် ကွာဝေးသည့် ခရီးစဉ်တွင် အခက်အခဲ အမျိုးမျိုနှင့်
ကြုံတွေ့နိုင်ကြောင်း ခရီးစဉ်မှာ လေးဆယ့်ငါးရက်ခန့် ကြာမြင့်နိုင်ပြီး ခရီးစဉ်အောင်မြင်မှု ရမည်ဟု ယုံကြည်ကြောင်း၊ ထွက်ခွာသည့် လမ်းတလျောက်တွင် အာဏာပိုင်များက မေးမြန်းစုံစမ်းမှုများရှိကြောင်း၊ ခွင့်ပြုချက်တောင်းဆိုထားခြင်း မရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်းလည်း သိရသည်။

ဝေယံ
The Myanma Age
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေးအလံ သယ်ဆောင်သည့် လမ်းလျောက်အဖွဲ့ ယနေ့နံနက် ၇ နာရီ အချိန်တွင် ဆူးလေဘုရားမှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးမရရှိဘဲ ယနေ့ချိန်ထိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးအလံကို ကချင်ပြည်နယ် လိုင်ဇာမြို့အရောက် သယ်ယူရန် စိတ်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းလျောက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိမည်ဟု အတိအကျမပြော ရဲကြောင်း အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား

Photo: ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား
Monday, January 21, 2013

ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည်စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက်ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မိုင်းနင်းမိမှုကြောင့် တစ်ဦးမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိ၍ နမ့်ခမ်းပြည်သူ့ဆေးရုံသို့တက်ရောက်ကုသမှုခံယူခဲ့ရကြောင်း တစ်ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါကလေးငယ်များမှာ ကျောင်းပိတ်ရက် ပန်းရောင်းရန် ပန်းခူးသွားစဉ် ယခုကဲ့သို့ မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်း၊ မိုင်းနင်းမိသည့် ကလေးငယ် သုံးဦးစလုံး အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားကလေးများ
ဖြစ်ကြောင်းသိရသည်။

“ပန်း သွားခူးကြတာ အနွေးထည်မရှိလို့ ၀ယ်ဖို့ဆိုပြီး၊ အခု လက်နဲ့
ပေါင်နဲ့လှုပ်လို့မရဘူး”” ဟု မိုင်းနင်းမိ၍ နမ့်ခမ်းဆေးရုံသို့ တက်ရောက်
ဆေးကုသမှုခံယူရသူ ကလေးငယ် ဆန်မိုင်ကပြောသည်။
မိုင်းနင်းမိမှုကြောင့် ၄င်းသည် ဦးခေါင်း ၊ လက်၊ ၀မ်းဗိုက်နှင့် တင်ပါး
တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဗုံးဆံစ ၂၀ ခုကျော် ထုတ်ယူခဲ့ရကြောင်း နမ့်ခမ်းပြည်သူ့ဆေးရုံ တာဝန်ကျ သူနာပြု ဆရာမတစ်ဦးကပြောသည်။

အဆိုပါအရပ်ဒေသ၌ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး
တပ်မတော်နှစ်ခုစလုံးရှိသဖြင့် မိုင်းမှာ မည်သည့်ဖက်က ထောင်သည့်မိုင်းမှန်း မပြောတတ်သော်လည်း ယခုကဲ့သို့ မိမိကလေးငယ်မိုင်းနင်းမိသည့်
ဖြစ်စဉ်အပေါ် များစွာဝမ်းနည်းမိကြောင်း အဆိုပါ ကလေးငယ်၏ဖခင် ဦးဂွန်မိုင်ကဆိုသည်။

“ အခုဒီလိုဖြစ်လာ( တိုက်ပွဲများဖြစ်နေခြင်းကို ဆိုလိုခြင်းဖြစ်) တော့ အရင်ကလိုတောင်ယာလည်းကောင်းကောင်းမလုပ်နိုင်တော့ စီးပွားရေးအဆင်မပြေတော့ဘူး။ စီးပွားရေးကျပ်တည်းချိန် ဒီလိုကလေးတွေက ပန်းခူးရောင်းရတော့ အခုလိုဖြစ်လာတာ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ အရမ်းဝမ်းနည်းတာပဲ”” ဟု ၄င်းကပြောသည်။

အဆိုပါ နေရာသို့ လူကြီးမိဘများမှ ကလေးငယ်များအား သွားစေခိုင်းခြင်း
မရှိသော်လည်း ကလေးငယ်များမှာ တရုတ်ပြည်သို့ရောင်းချရာတွင်
ဈေးကောင်းရသည့်အတွက် ပန်းခူးရန် အဆိုပါနေရာသို့သွားလေ့
ရှိကြခြင်းဖြစ်ကြောင်း ၊ ပန်းမှာ သစ်ခွအနွယ်ဝင်ပန်းတစ်မျိုးဖြစ်ပြီး တစ်ပိဿလျှင် တရုတ်ငွေ ၅ ထောင် ( မြန်မာငွေ ၇ သောင်းခန့်) ရရှိကြောင်းသိရသည်။

ဥာဏ်လင်းအောင်
(နမ့်ခမ်းမှ ပေးပို့သည်)
Popular Myanmar News Journal
ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည်စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက်ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။
မိုင်းနင်းမိမှုကြောင့် တစ်ဦးမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိ၍ နမ့်ခမ်းပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှုခံယူခဲ့ ရကြောင်း တစ်ဦးမှာထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်းသိရ သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ သို့ KIO မှ အကြောင်းပြန်ကြားချက်

Hmuu Zaw

ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် လုပ်ဆောင်နေသော သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွား

မုတ္တမ ကမ်းလွန်ဒေသမှ ရှာဖွေတွေ့ရှိထားသည့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် ပင်လယ်တွင်း ပိုက်လိုင်း သွယ်တန်းနေသည့် PTTEP ကုမ္ပဏီပိုင် PANRITH သင်္ဘောသည် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပိုက်လိုင်း သွယ်တန်းမှု ပြုလုပ်နေစဉ် ရေအောက် ကျောက်ဆောင်နှင့် တိုက်မိသဖြင့် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

သံဖြူဇရပ်ဈေး မီးလောင်ပြာကျ၊ သန်းပေါင်း တသိန်းခန့် ဆုံးရှုံးဟု ခန့်မှန်း

Photo: သံဖြူဇရပ်ဈေး မီးလောင်ပြာကျ၊ သန်းပေါင်း တသိန်းခန့် ဆုံးရှုံးဟု ခန့်မှန်း
Monday, January 21, 2013

ဆိုင်ခန်းပေါင်း ၆၀၀ ခန့် မီးလောင်ပြာကျကာ ဆုံးရှုံးမှုတန်ဖိုး သန်းပေါင်း တသောင်းအထက် ရှိသည်ဟု ခန့်မှန်းထားသည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ရှိ အမှတ် (၁) မြို့မဈေး မီးလောင်ကျွမ်းမှုကြောင့် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ည ၁၁ နာရီဝန်းကျင်မှ စတင်လောင်ကျွမ်းသည့် မီးကြောင့် ဈေးအတွင်းရှိ
ရွှေဆိုင် ၉၅ ခန်း၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ၂၇ ခန်း၊ ကုန်ခြောက်ဆိုင် 
၄၁ ခန်း၊ အထည်ဆိုင် ၂၁၅ ခန်း၊ ကုန်စုံဆိုင် ၇၆ ခန်း အပါအဝင် စုစုပေါင်း ဆိုင်ခန်းပေါင်း ၅၉၆ ခန်းနှင့် ဈေးအပြင်ဘက်ရှိ စားသောက်ဆိုင်တန်းတခုလုံး မီးထဲပါသွားခဲ့သည်။

မြို့နယ် မီးသတ်တပ်ဖွဲ့မှ အချိန်မီ ရောက်မလာခြင်းနှင့် လျှင်မြန်စွာ ကူးစက်လောင်းကျွမ်းခြင်းကြောင့် ဆုံးရှုံးမှု များပြားရခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“ဆယ်နာရီခွဲကျော်ကျော်လောက်မှာ မီးစလောင်တယ်။ ၁၂ နာရီလောက်မှ မီးသတ်က ရောက်လာတယ်။ မီးလောင်တာလည်း ခဏချင်းပဲ။ ကျနော့် မျက်ရှေ့မှာတင် ခဏလေး ကူးသွားတာပဲ” ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်သူတဦးက ပြောသည်။

သံဖြူဇရပ်နှင့် နီးစပ်ရာ ကျေးရွာများနှင့် မုဒုံမြို့နယ်အတွင်းရှိ မီးသတ်ကား ဆယ်စီးကျော် လာရောက် ဝိုင်းကူ ငြိမ်းသတ်ခဲ့ကြသော်လည်း မီးအားပြင်းသည့်အတွက် ငြိမ်းသတ်နိုင်ခြင်း မရှိဘဲ နံနက် ၄ နာရီခန့်
ရောက်မှသာ မီးစွယ်ကြိုးသွားခဲ့သည်ဟု ဆိုသည်။

"ကျနော်တို့ဆိုင်မှာ ဘာပစ္စည်းမှ မထားဘူး။ ဆိုင်ခန်းပဲ ပါသွားတယ်။ ဆိုင်ခန်းတန်ဖိုးသက်သက်ကို သိန်းနှစ်ရာလောက် ရှိတယ်” ဟု ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ရွှေဆိုင်မှ လွဲ၍ ကျန်သည့်ဆိုင်များသည် ဆုံးရှုံးမှုတန်ဖိုး များပြားသည်ဟု သိရသည်။

“မွန်အမျိုးသားနေ့နဲ့ နီးလို့ ဝယ်လှောင်ထားတာ။ ဒီလိုဖြစ်မယ်လို့လည်း ဘယ်သူမှ တွက်မထားလို့ ဆိုင်မှာပဲ ပစ္စည်းတွေ ပုံထားတာ။ အခုဘာမှ မကျန်တော့ဘူး” ဟု အထည်ဆိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။ သူမ၏ ဆိုင်မှ အနည်းဆုံး သိန်း ၃၀၀ အထက် ဆုံးရှုံးမှု ရှိမည်ဟု ခန့်မှန်းသည်။

မီးလောင်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ မရှိဘဲ လူနေရပ်ကွက်သို့လည်း ကူးစက်ခြင်း မရှိကြောင်း သိရသည်။

လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ကာ လောင်ကျွမ်းခြင်း ဖြစ်သည်ဟု မြို့နယ်အာဏာပိုင်အဖွဲ့က အထက်သို့ အစီရင်ခံရန်အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနနှင့် ညှိနှိုင်းသော်လည်း လျှပ်စစ်အင်ဂျင်နီယာဌာနက လက်မခံကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။

သံဖြူဇရပ်မြို့မဈေးကို ၁၉၈၄ ခုနှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ပြီး
ဈေးသစ်ပြန်လည်တည်ဆောက်ရန်အတွက် လွန်ခဲ့သည့် ၃ နှစ်ခန့်ကပင် မြို့နယ်စည်ပင်က စီစဉ်ခဲ့ဘူးသည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ဆိုင်ခန်းပေါင်း ၁,၁၂၄ ခန်း ရှိသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ အမှတ် (၁) ဈေးကြီး
တခုလုံး မီးလောင်ပြာကျခဲ့သည်။

ကောင်းဝါ
Than Lwin Times
ဓာတ်ပုံ - Eleven Media Groupဆိုင်ခန်းပေါင်း ၆၀၀ ခန့် မီးလောင်ပြာကျကာ ဆုံးရှုံးမှုတန်ဖိုး သန်းပေါင်း တသောင်းအထက်ရှိသည်ဟု ခန့်မှန်းထားသည့် မွန်ပြည် နယ်၊ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ရှိ အမှတ် (၁) မြို့မဈေး မီးလောင်ကျွမ်း မှုကြောင့် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။

သားဂိမ်းဖြတ်ဖို့အတွက် အဖေဖြစ်သူက ဂိမ်းလူသတ်သမားငှား

Photo: သားဂိမ်းဖြတ်ဖို့အတွက် အဖေဖြစ်သူက ဂိမ်းလူသတ်သမားငှား
Sunday, January 20, 2013 

တရုတ်ပြည်မှာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂိမ်း ဝါသနာအိုး သားလေး ကို ဂိမ်းဖြတ်ဖို့အတွက် အဖေဖြစ်သူက ကြေးစားဂိမ်း လူသတ် သမား ငှားရမ်းခြင်း ဖြစ်ပါတယ်။

ကြားရရင် ရယ်စရာ သတင်းလို ဖြစ်နေပေမယ့် သူ့သား တကယ် ဂိမ်းဖြတ် သွားပါတယ်။ အွန်လိုင်းဂိမ်းဝါသနာ အိုးဖြစ်ပြီး အထက်တန်းကျောင်သား ဘဝက စလို့ ယနေ့ချိန်ထိကို စွဲစွဲမြဲမြဲ ဆော့လာသူ ဖြစ်ပါတယ်။ Xiao Feng လို့ အမည်ရတဲ့ သားဖြစ်ပြီး အဖေဖြစ်သူကတော့ Mr Feng ဖြစ်ပါတယ်။

Xiao ရဲ့  Level ဟာ တော်တော်လေးမြင့်တဲ့ အနေအထား တစ်ခုကို ရောက်နေပြီး သူ့ Character ကလည်း ဂိမ်းထဲမှာ တော်တော်လေး ကြမ်း နေပါတယ်။ မအိပ်မစားနဲ့ကို စော့တာကြောင့် အဖေဖြစ်သူက စိတ်ကူး တစ်ခု ရပြီး ကြေးစား ဂိမ်း ဇာတ်ကောင် လူသတ်သမား Hit man တစ်ယောက် ငှား လိုက်ပါတယ်။ ပြီးတော့ ဂိမ်းထဲမှာ Xiao ကိုအပြတ်အသတ် နှိပ်စက်ပြီး ဂိမ်းလောကက စွန့်ခွာသွားချင်လောက်အောင် ဆုံးမလိုက်ပါတယ်။

နောက်ဆုံး သားလေး Xiao ဆီက ထွက်လာတဲ့ စကားကတော့ "အဖေ ကျွန်တော်နဲ့ အဆင်ပြေတဲ့ အလုပ်တစ်ခုရှာတော့မယ်။ ဂိမ်းနဲ့ အကျိုးမပေး ဘူးဗျ" --- လို့ ဆိုလာခြင်း ဖြစ်ပါတယ်။

ယင်း Hit man တစ်ယောက်တင်မကတော့ပဲ နောက်ထပ် Hit man တွေ အများအပြား အလုပ်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဂိမ်း အသေအလဲ စွဲနေတဲ့ လူငယ် များကို ဂိမ်းဖြတ်ဖို့အတွက် မိဘတွေက ငွေကြေး မြောက်များစွာပေး လို့ ကြေးစားငှားရမ်းနေပြီလို့ ဆိုပါတယ်။ အခုဆိုရင် ၃ လအတွင်းပဲ အဲ့လို ကြေးစားငှားဖို့ တောင်းဆိုတာ ၂၀၀ ကျော်မက ရှိနေပြီး နောက်ဆိုရင် တရုတ် ဆိုင်ဘာ ကွန်ရက် အဖွဲ့ချုပ်ကတောင် တရားဝင် ဂိမ်း Hit man ငှားရမ်းမယ့် ဝန်ဆောင်မှုများ ပြုလုပ်နိုင်ချေ ရှိကြောင်း သိရပါတယ်။
--
Ref: pocketlint

http://www.innewsmyanmar.com/2013/01/blog-post_20.html
International news for myanmarတရုတ်ပြည်မှာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂိမ်း ဝါသနာအိုး သားလေးကို ဂိမ်းဖြတ်ဖို့အတွက် အဖေဖြစ်သူက ကြေးစားဂိမ်း လူသတ် သမား ငှားရမ်းခြင်း ဖြစ်ပါတယ်။

ဒေါက်တာဆိတ်ဖွားမှ တောင်းပန်ခြင်း

Photo: ဒေါက်တာဆိတ်ဖွားမှ တောင်းပန်ခြင်း
Sunday, January 20, 2013 

ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာ မျက်နှာများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော် ပင်ပြန့်နှံ့နေခဲ့ပါသည်။

ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန် ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန် အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင် ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည် ။

သို့အတွက်ကြောင့်ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည် ၀ါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွားဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည် ။

ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည် ၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော်နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် " အပေါင်းပါ " ဟုခေါ်ထိုက်သူများမဟုတ်ပဲ ၊ အများပြည်သူလက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိ တရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြ သည့် နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်းပြင် ဆင် ဖေါ်ပြအပ်ပါသည် ။

 ဒေါက်တာဆိတ်ဖွားဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက် စာမျက်နှာများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော် ပင်ပြန့်နှံ့နေခဲ့ပါသည်။

ရုရှားရေတပ်မှ စောင့်ကြပ်ပေးသည့် စစ်သင်္ဘောတစ်စင်းပေါ်တွင် ဆီးရီးယားသမ္မတ ခိုလှုံနေသည်ဟုဆို

Photo: ရုရှားရေတပ်မှ စောင့်ကြပ်ပေးသည့် စစ်သင်္ဘောတစ်စင်းပေါ်တွင် ဆီးရီးယားသမ္မတ ခိုလှုံနေသည်ဟုဆို
Sunday, January 20, 2013 

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်နှင့် ၄င်း၏ မိသားစုသည် ရုရှားရေတပ်မှ စောင့်ကြပ်ပေးသည့် စစ်သင်္ဘောတစ်စင်းပေါ်တွင် ခိုလှုံနေသည်ဟု သတင်းများတွင် ဖော်ပြသည်။

ပြဿနာပတ်လည် ဝိုင်းနေသော အာဏာရှင် အာဆတ်သည် ၄င်း၏ မိသားစု၊ လက်ထောက်တချို့နှင့် အတူ ဆီးရီးယားကမ်းလွန်ပင်လယ်ပြင်ရှိ စစ်သင်္ဘော တစ်စင်းဆီသို့ သွားရောက်သည်ဟု သတင်းများတွင်
ဖော်ပြသည်။ 

ဆီးရီးယားသမ္မတသည် ရုရှား၏ ကာကွယ်စောင့်ရှောက်ပေးမှု
အောက်တွင်နေထိုင်လျက်ရှိကြောင်း၊ ယင်းမှာ ၄င်းအား နိုင်ငံရေးခိုလှုံခွင့်
ပေးအပ်ခြင်းဖြစ်ကြောင်း လုံခြုံရေး သတင်းရပ်ကွက်များက ဆော်ဒီနေ့စဉ် သတင်းစာတစ်စောင်က ပြောကြားသည်ဟု အစ္စရေးတိုင်းမ် သတင်းစာက သတင်းဖော်ပြသည်။ 

ဒမတ်စကတ်မြို့တော် အတွင်းသို့ အတိုက်အခံ တပ်ဖွဲ့များဝင်ရောက်
လာခြင်းအပေါ် သမ္မတအာဆတ်၏ စိုးရိမ်ပူပန်မှုမှာ စစ်သင်္ဘောဆီသို့ ၄င်းထွက်ခွာရခြင်း၏ အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်သည်ဟု
ထောက်လှမ်းရေး သတင်းရပ်ကွက်များက ရေးသားဖော်ပြသည်။ 

ရုရှားသည် ၂ဝ၁၁ ခုနှစ် မတ်လက ဆီးရီးယားနိုင်ငံတွင် လူထုအုံကြွမှု ဖြစ်ပွားပြီးနောက်ပိုင်း အာဆတ်အစိုးရ၏ အမာခံ မဟာမိတ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ဆီးရီးယား ပြည်တွင်းစစ်အတွင်း လူပေါင်း ၆ဝဝဝဝ ကျော် သေဆုံး
ခဲ့ပြီးဖြစ်ကြောင်း  သိရသည်။ 

(ဒေးလီးမေးလ်)
Khit Lu Ngeဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်နှင့် ၄င်း၏ မိသားစုသည် ရုရှားရေတပ်မှ စောင့်ကြပ်ပေးသည့် စစ်သင်္ဘောတစ်စင်းပေါ်တွင် ခိုလှုံနေသည်ဟု သတင်းများတွင် ဖော်ပြသည်။

အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် ထားရှိသော ရွှေချောင်းများကို ဂျာမနီ ပြန်လည် ယူဆောင်မည်

Photo: အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် ထားရှိသော ရွှေချောင်းများကို ဂျာမနီ ပြန်လည် ယူဆောင်မည်
Sunday, January 20, 2013 

အမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံ အတွင်းရှိ ဘဏ်များ တွင်ထားရှိသော ဂျာမနီနိုင်ငံမှ ရွှေချောင်း ထောင်ပေါင်း များစွာကို ယခုအခါတွင် ဂျာမနီနိုင်ငံ ဗဟိုဘဏ်သို့ ပြန်လည် ယူဆောင်တော့ မည်ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ ရွှေချောင်းများကို အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် အဆင့်မြင့် လုံခြုံရေး ဆိုင်ရာ နည်းစနစ် များဖြင့် ရှစ်နှစ်ကျော်ကြာ သိမ်းဆည်း ထားကြောင်း သိရသည်။ ပြင်သစ်နိုင်ငံရှိ ဘဏ်တိုက်တွင် ထည့်သွင်း ထားသော ရွှေ တန်ချိန် ၃၇၄ တန်ကို ဂျာမနီနိုင်ငံ ဖရန့်ခ်ဖာ့တ်မြို့ရှိ ဗန်ဒက်စ် ဘဏ်တိုက် ၏ အလုံတိုက်ခန်း အတွင်းသို့ ၂ဝ၂ဝ ပြည့်နှစ်တွင် ပြန်လည်ရွှေ့ ပြောင်းယူ မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ တာဝန် ရှိသူများက ပြောကြားခဲ့သည်။ 

ထို့ပြင် အမေရိကန် ပြည်ထောင်စု နယူး ယောက်မြို့ရှိ ဘဏ်တိုက်တွင် ထည့်သွင်းထားသည့် ရွှေတန်ချိန် ၃ဝဝ ကိုလည်း ပြန်လည် ရွှေ့ပြောင်း
ယူဆောင် တော့မည် ဖြစ်ကြောင်း ၎င်းတို့က ဆက်လက် ပြောကြားခဲ့သည်။

ထိုရွှေချောင်း များ၏ ယခုလက်ရှိ ကာလ ပေါက်ဈေးမှာ အမေရိကန်
ဒေါ်လာ ၃၆ ဘီလီယံ တန်ဖိုးရှိပြီး ဂျာမနီ နိုင်ငံ၏ အရန် ရွှေပမာဏ၏ 
၁၉ ရာခိုင် နှုန်းရှိကြောင်း၊ အမေရိကန် နိုင်ငံပြီးလျှင် ဂျာမနီ နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ ရွှေ ပမာဏ အများဆုံး ပိုင်ဆိုင်သည့်
နိုင်ငံ ဖြစ်ကြောင်း သိရသည်။

ရွှေချောင်းများကို ပြန်လည် ရွှေ့ပြောင်း ယူငင်ပြီး ပါက ဂျာမနီ နိုင်ငံ၏ အရံ ရွှေပမာဏ တန်ချိန် ၃၄ဝဝ ၏ ထက်ဝက်ခန့်ကို ဖရန့်ခ်ဖာ့တ်မြို့ရှိ ဗန်ဒက်စ် ဘဏ်တိုက်တွင် ထားရှိမည် ဖြစ်ကြောင်း သိရသည်။

သို့သော် ဂျာမနီနိုင်ငံသို့ ရွှေချောင်းများ ပြန်လည် ယူဆောင်ရာတွင် မည်သည့် နည်းလမ်းဖြင့် ယူဆောင်မည်ကို ဗန်ဒက်စ် ဘဏ်တိုက်က ထုတ်ဖော်ပြော ကြားခြင်း မရှိခဲ့ပေ။

မြ၀တီ အမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံ အတွင်းရှိ ဘဏ်များ တွင်ထားရှိသော ဂျာမနီနိုင်ငံမှ ရွှေချောင်း ထောင်ပေါင်း များစွာကို ယခုအခါတွင် ဂျာမနီနိုင်ငံ ဗဟိုဘဏ်သို့ ပြန်လည် ယူဆောင်တော့ မည်ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

စက်လှေနစ်မြုပ်မှု ငါးရက်မြောက်သော်လည်း ဆယ်ယူရန်ကြိုးစားဆဲဖြစ်

Photo: စက်လှေနစ်မြုပ်မှု ငါးရက်မြောက်သော်လည်း ဆယ်ယူရန်ကြိုးစားဆဲဖြစ်
Sunday, January 20, 2013 

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် သင်္ဘောဆိပ်ကမ်းတွင် လွန်ခဲ့သော လေးရက်ခန့်က ရန်ကုန်မှ မြိတ်သို့ထွက်ခွာမည့်
ငွေဝင်တိုးအမည်ရှိ ကုန်တင်စက်လှေကြီးတစ်စီး နစ်မြုပ်သွားကြောင်း 
သိရပြီး တစုံတရာ ထိခိုက်သေကြေမှု မဖြစ်ပွားခဲ့သော်လည်း
စက်လှေပေါ်ပါ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးပြီး ယခုချိန်ထိ
ပြန်လည်ဖော်ယူနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ယင်းဆိပ်ကမ်းရှိ အလုပ်သမားတာဝန်ခံက ပြောကြားသည်။

ယင်းသင်္ဘောသည် ဇန်နဝါရီလ ၁၅ရက်နေ့တွင် နံနက် လေးနာရီ
ခန့်တွင် အသင့်တင်ထားသော ကုန်ပစ္စည်းများဖြင့် စက်လှေ ထွက်ရန် ပြင်ဆင်စဉ် ဦးလှည့်ရင်း ရေစီးအားကြောင့် ယခုကဲ့သို့ တိမ်းမှောက်ရခြင်းဖြစ်ကြောင်း စက်လှေပိုင်ရှင်က ပြောကြား သည်။

“စက်လှေပေါ်မှာ ငရုတ်သီး၊ ကြက်သွန်၊ ဆန်၊ ကြက်စာနှင့် အခြားကုန်ပစ္စည်းတွေ ပါတယ်။ ထွက်ဖို့ တစ်နာရီလောက်
အလိုမှာ ဖြစ်တာ၊ ကာလပေါက်ဈေးဆိုရင် စက်လှေချည်းပဲ တစ်ထောင်လောက်တန်တယ်’’ ဟု ပိုင်ရှင်ဦးသန်းဦးမှ
ပြောကြားသည်။

စက်လှေ ပြန်လည်ဖော်ယူရန် ရန်ကုန်မှ အဖွဲ့တစ်ခုအား
သိန်း၁၄၀ ဖြင့် ငှားရမ်းထားပြီး အမြန်ဆုံး ပြန်လည်ဖော်ယူ
နိုင်ရန် ကြိုးစား လျက်ရှိကြောင်းလည်း ပြောကြားသည်။
ပြန်လည်ဖော်ယူ ရရှိပါကလည်း အားလုံးကို အချိန်ကာလ တစ်ခုအထိ ပြန်လည်မွမ်းမံ ယူရမည်ဖြစ်ကြောင်း၊ လွန်းတင်ခြင်း၊ အင်ဂျင်များပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း
လည်း ပြောကြားသည်။

“ဟိုရက်ကဆို ကျွန်တော်တို့ စက်လှေအနားတောင် ကပ်လို့
မရပါဘူး။ ပစ္စည်းဆယ်ယူသူများက ဝိုင်းပြောကြလို့ပါ။ ပစ္စည်း ဆယ်သူများက ဘယ်ကလာမှန်း မသိပါဘူး။ ကျွန်တော်တို့ ပိုင်ရှင်တွေတောင် ကိုယ့်စက်လှေက ကုန်ပစ္စည်းတွေကို တစ်ခုမှ မရသေးပါဘူး။ ပေါ်လာတာနဲ့ အကုန်ဝိုင်း လုကြတာပါ”ဟု ပြန်လည် ဆယ်ယူရာတွင် စက်လှေပေါ်ပါ ပစ္စည်းများအား ရရှိသူ ယူနိုင်သည်ဟု သတင်းများထွက်နေခြင်းအပေါ် ဦးသန်းဦးမှ ဆက်လက်ပြောကြားသည်။

“စက်လှေ ပေါ်မှာ အစုံပဲ၊ ဆန်၊ကြက်သွန်၊ ကုန်စုံ၊ တခြားကုန်တွေ
လည်း ပါတယ်၊ ကာလတန်ဖိုးဆို ကုန်ချည်းပဲ သိန်းလေးရာ၊ ငါးရာ
လောက်ရှိမယ် ထင်တယ်”ဟု ဆိပ်ကမ်းမှ အလုပ်သမား တစ်ဦးက ပြောကြားသည်။

စက်လှေ အားပြန်လည်ဆယ်ယူရာတွင် သင်္ဘောဝမ်းတွင်းရှိ
ကုန်များအား အပြင်ထုတ်ပြီး ပေပါခွံများအား အစားထိုး၍
ပြန်လည်ဆယ်ယူကြမည်ဖြစ်ကြောင်းလဲ ပြောကြားသည်။

ယင်းကုန်တင်စက်လှေ နစ်မြုပ်မှုနှင့် ပတ်သက်၍ ဆိပ်ကမ်း အာဏာပိုင်များအား မေးမြန်းခဲ့သော်လည်း တစ်စုံတရာ
ပြန်လည် ဖြေကြားခွင့် မရှိကြောင်း ယင်းဆိပ်ကမ်းမှ နယ်ထိမ်းက ပြောကြားသည်။

အောင်ပြည့်
The Myanma Ageရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် သင်္ဘောဆိပ်ကမ်းတွင် လွန်ခဲ့သော လေးရက်ခန့်က ရန်ကုန်မှ မြိတ်သို့ ထွက်ခွာ မည့် ငွေဝင်တိုး အမည်ရှိ ကုန်တင်စက်လှေကြီးတစ်စီး နစ်မြုပ် သွားကြောင်းသိရပြီး တစုံတရာ ထိခိုက်သေကြေမှု မဖြစ်ပွား ခဲ့သော်လည်း စက်လှေပေါ်ပါ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးပြီး ယခုချိန်ထိ ပြန်လည်ဖော်ယူနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ယင်းဆိပ်ကမ်းရှိ အလုပ်သမားတာဝန်ခံက ပြောကြားသည်။

787 Dreamliner လေယာဉ် များ ဘိုးရင်း ကုမ္ပဏီ ပြန်လည် စစ်ဆေးမည်

Photo: 787 Dreamliner လေယာဉ်များ ဘိုးရင်း ကုမ္ပဏီ ပြန်လည် စစ်ဆေးမည်
Sunday, January 20, 2013 

ဘိုးရင်း ကုမ္ပဏီ ထုတ် 787 Dreamliner လေယာဉ် များတွင် တပ်ဆင် ထားသော ဘက်ထ ရီသည် မီးလောင်မှုကို ဖြစ်ပေါ် စေနိုင်သည့် အန္တရာယ် ရှိသောကြောင့် ကမ္ဘာ တစ်ဝန်းရှိ အဆိုပါ လေယာဉ်များ ပျံသန်းမှုကို ရပ်တန့်၍ စစ်ဆေး သွားမည် ဖြစ်ကြောင်း ဘိုးရင်း ကုမ္ပဏီက ဇန်နဝါရီ 
၁၇ ရက် တွင် ပြောကြား ခဲ့သည်။

ဂျပန် လေကြောင်းလိုင်းမှ Dreamliner လေယာဉ်သည် ဇန်နဝါရီ ၁၆ ရက်က အရေးပေါ် ဆင်းသက် ခဲ့ပြီးနောက် အမေရိကန် လေယာဉ် ပျံသန်းရေး ဆိုင်ရာ စီမံခန့်ခွဲမှု ဌာနချုပ် FAA က ယင်းလေယာဉ် ပျံသန်းမှု အားလုံးကို ရပ်တန့်ရန် အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် ဂျပန်၊ အိန္ဒိယနှင့် ချီလီနိုင်ငံ တို့ရှိ လေယာဉ် ပျံသန်းရေး အဖွဲ့အစည်း များက အဆိုပါ လေယာဉ်များ ပျံသန်းမှုကို ရပ်တန့်ခဲ့ခြင်း
ဖြစ်သည်။ 

All Nippon ဂျပန် လေကြောင်း လိုင်းမှ S787 Dreamliner လေယာဉ် တစ်စင်း ဘက်ထရီ ယိုစိမ့်မှုကြောင့် အရေးပေါ် ဆင်းသက် ခဲ့ပြီးနောက် အဆိုပါ လေယာဉ် တွင် တပ်ဆင်ထားသော ဘက်ထရီသည် မီးလောင် နိုင်ဖွယ် ရှိကြောင်း FAA က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြ၀တီ ဘိုးရင်း ကုမ္ပဏီ ထုတ် 787 Dreamliner လေယာဉ်များတွင် တပ်ဆင် ထားသော ဘက်ထရီသည် မီးလောင်မှုကိုဖြစ်ပေါ် စေနိုင်သည့် အန္တရာယ် ရှိသောကြောင့် ကမ္ဘာတစ်ဝန်းရှိ အဆိုပါ လေယာဉ်များ ပျံသန်းမှုကို ရပ်တန့်၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း ဘိုးရင်း ကုမ္ပဏီက ဇန်နဝါရီ ၁၇ ရက် တွင် ပြောကြား ခဲ့သည်။

ကျွန်းသစ်လုံး (၁၀၀၀)ခန့် ဖမ်းဆီးရမိ

၁၈-၁-၂၀၁၃ ရက်နေ့ ၁၂၃၅ အချိန် မင်းတပ်ခရိုင်၊ သစ်တောဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန်ပက်လက်မြို့၊ လဲဘောအုပ်စု၊ ကျင်းဒွေးရဲစခန်း၏ တောင်ဘက်မိုင် ၃၀ ခန့်အကွာ

ကေအိုင်အေကို တာဝန်ခံမည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ရှိဖို့ လိုပါတယ်

Photo: ကေအိုင်အေကို တာဝန်ခံမည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ရှိဖို့ လိုပါတယ်
Sunday, January 20, 2013 

၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယနေ့ ၂၀၁၃ ဇန်န၀ါရီထိ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့တဲ့ ကချင်ဒေသအတွင်းက စစ်ပွဲ တွေနဲ့ ပက်သတ်ပြီး ယခုအချိန်မှာတော့ လူတွေ အပြည့်အ၀ အာရုံစိုက်လာကြပါပြီ။ ကံကောင်းတယ်လို့ ပြော လို့ ရအောင် ပြည်တွင်း ဆူပူမှုတွေ မရှိတာကိုပဲ ကျေးဇူးတင်ရမလိုလို ပါပဲ။ စစ်ပွဲ စတင်ချိန်က စလို့ ငြိမ်းချမ်း ရေး စကားကို တပ်မတော်ကလည်း တွင်တွင်သုံးခဲ့တယ်။ ကေအိုင်အေ ဘက်ကလည်း နိုင်ငံရေးအရ ဆွေးနွေး မယ်ဆိုတဲ့ ကိစ္စကို အပြင်းအထန် ဆွေးနွေးခဲ့တယ်။ အဖြေကတော့ စစ်ပွဲ ၁ နှစ်ခွဲကြာလာတဲ့အထိ ငြိမ်းချမ်းရေး မရနိုင်တာပါပဲ။

 ကေအိုင်အေ ရဲ့ အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ ကေအိုင်အေ ဆိုတာ ကေအိုင်အို အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲထားချိန်ကာလမှာ လိုင်ဇာမြို့မှာ ဌာနချုပ်ထားပြီး သီးသန့် နေထိုင်တဲ့ တပ်ဖွဲ့ပါ။ သို့သော်လည်း ကေအိုင်အေရဲ့ တပ်စခန်းတွေ တည်ရှိတဲ့ မြေပုံအရတော့ ကေအိုင်အေဟာ သာမန် အပစ်ရပ် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ မဟုတ်ဘူးလို့ သုံးသပ်ရနိုင်ပါတယ်။ အဲဒီ နောက် တာပိန်ရေအား လျှပ်စစ်ပြဿနာ ဖြစ်တယ်။ တိုက်ပွဲတွေ စတင်လာတယ်။ တိုက်ပွဲကာလ အစမှာတော့ နယ်မြေ ပြဿနာ အဖြစ် စတင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတဲ့ ခေါင်းစဉ်တွေ ပါလာခဲ့ပါတယ်။ ဆုံးဖြတ်ချက် အတိအကျ မချနိုင်ခဲ့တဲ့ ဆွေးနွေးပွဲများ အဆုံး၊ လဂျားယန်ကို ရိက္ခာပို့ အုပ်ချုပ် မှု လုပ်ရန် ဆိုတဲ့ အကြောင်းကြားစာ အပြီးမှာတော့ အစိုးရသစ် လက်ထက် အပြင်းထန်ဆုံး တိုက်ပွဲ တစ်ခု အသွင် ဖြစ်လာခဲ့ပါတယ်။

 
ဒီအချိန်မှာ တပ်မတော်ရဲ့ အနေအထားကိုလည်း ထည့်မစဉ်းစားလို့ မရပါဘူး။ မြစ်ကြီးနားမှာ မပခ စစ်ဌာနချုပ် ဖွင့်ထားတဲ့ တပ်မတော်ဟာ လွတ်လပ်ရေး ရပြီးကထဲက မြန်မာနိုင်ငံရဲ့ တပ်မတော် အဖြစ်ရပ်တည်ခဲ့တာ ဖြစ်ပါ တယ်။ အပစ် အခတ် ရပ်စဲထားချိန် အတွင်း ကချင်ပြည်နယ် အတွင်း သယံဇာတတွေရဲ့ မှောင်ခိုလမ်းကြောင်းမှာ ကေအိုင်အေနဲ့အတူ တပ်မတော် စခန်းတွေလည်း အကျိုးအမြတ်တွေ ရရှိခဲ့ကြတာလဲ လူတိုင်း သိနေတဲ့ အချက်ပါ။ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ပြီ ဆိုတာနဲ့ ကေအိုင်အေ တပ်ရင်းတွေ ၀ိုင်းရံအခြေကျပြီး ဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ တပ်စခန်းတွေမှာ လုံခြုံမှု မရှိတော့ပါဘူး။

 စစ်ပွဲ တစ်ခုရဲ့ သဘောတရားအရတော့ ရန်သူ၊မိမိ (၂)မျိုးသာ ခွဲခြားပြီး ကိုယ့်ကိုကိုယ် ကာကွယ်ရမှာပဲ ဖြစ်ပါ တယ်။ တပ်မတော် စခန်းကို ကေအိုင်အေက ဘေးက တောင်ကုန်းကနေ စိုးမိုးပြီး ပစ်ခတ်တယ်ဆိုရင် ထိုစခန်း ကို သိမ်းပိုက်ထိန်းချုပ်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ အတွင်းပိုင်းအထိ ထိုးဖောက်နေတဲ့ တပ်မတော် စခန်းတွေ အတွက် အုပ်ချုပ်ဆက်သွယ်မှု ဆောင်ရွက်ရာမှာ ထိခိုက်ကျဆုံးမှုတွေ ရှိလာရင် အဆိုပါ လမ်းကြောင်း တစ်လျှောက်ကိုလည်း ရှင်းလင်းရမှာပဲ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းမှ အပ ဆိုတဲ့ စကားဟာ အရမ်းကို ကျယ်ပြန့်ပါတယ်။ အဆိုးဆုံး အဓိပါယ်ဖွင့်ရင် ကိုယ့်ကိုကိုယ် မသေအောင် ခုခံကာကွယ်ဖို့ ကိုယ့်ကို သတ်မယ့်သူကို အရင်သတ်ရတာပါပဲ။ တပ်မတော်ကလည်း ထိုနည်းဗျူဟာ အတိုင်း ကျင့်သုံးသလို၊ ကေအိုင် အေဘက်ကလည်း ထိုအတိုင်းပဲ ကျင့်သုံးမှာ ဖြစ်ပါတယ်။

 
အပစ်အခတ်တွေ စတင်ခဲ့တဲ့ တစ်နှစ်ခွဲကျော်မှာ လျွှတ်တော် အစည်းအဝေးတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ထိရောက်တဲ့ ဆွေးနွေးမှုမျိုး မရှိခဲ့ပါဘူး။ ကချင်စစ်ပွဲရပ် ဆိုတဲ့ ဆန္ဒပြမှု မတိုင်ခင်မှာ သမ္မတကြီးက ထိုးစစ်ရပ် ဆိုတဲ့ အမိန့်ထုတ်ပြန်ခဲ့သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကိုလည်း သမ္မတရုံး ၀န်ကြီး တစ်ပါး ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ လက်ရှိ ကချင်ပြည်နယ် အစိုးရနဲ့ စင်ပြိုင် နောက်ထပ် အစိုးရ တစ်ခုဖွဲ့ပေးဖို့၊ အစိုးရရဲ့ အာဏာသက်ရောက်မှု မဖြစ်နိုင်တော့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခု ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကြားထဲမှာ လက်ပံတောင်းလို ဆူပူမှုမျိုးတွေ၊ ရခိုင်က ဘင်္ဂလီအရေးတွေကြောင့် ဖြေရှင်းနေရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။

 
ကချင်စစ်ပွဲအတွက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကြည့်မယ်ဆိုရင် ကော်မရှင်ဖွဲ့တယ်၊ဆွေးနွေးတယ် ဆိုတာက တစ်ခု၊ သမ္မတကြီးက နေပြည်တော်ကို လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်တာက တစ်ခုဟာ ၂၀၁၃ မတိုင်ခင်မှာ ရှိခဲ့ပေမယ့် ကေအိုင်အေရဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ အပြန်အလှန် မယုံကြည်မှုတွေကြောင့် အကောင်အထည် မပေါ်လာခဲ့ပါဘူး။

 ယခု ၂၀၁၂ နှစ်ဆန်းပိုင်းမှာတော့ သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ အဆုံးစွန်သော အလျော့ ပေးမှုတွေကို တွေ့မြင်ရပါတယ်။ လွှတ်တော် အမတ်များရဲ့ စိတ်ဝင်စားမှုတွေကိုလည်း တွေ့မြင်ရပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲပါ့မယ်ဆိုတဲ့ ကေအိုင်အေရဲ့ ကတိကို ရဖို့ တာဝန်ခံနိုင်တဲ့သူ၊ အကြမ်းဖက်မှုတွေ မပြုလုပ်အောင် တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ဝံ့တဲ့သူ၊ နှစ်ဖက် အဖွဲ့အစည်းကြားမှာ နိုင်ငံငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပါ့မယ်လို့ ပြောဆိုတဲ့သူကတော့ ပေါ်မလာသေးပါဘူး။

 လက်နက်ကိုင် တပ်ဖွဲ့ ၂ ခု ရင်ဆိုင်ထားတဲ့ နေရာမှာ နှစ်ဖက်စလုံး တစ်ပြိုက်နက် အပစ်မရပ်နိုင်ရင် စရပ်တဲ့သူ သေဆုံးမှု များပြားတာပါပဲ။ အပစ်ရပ်ဖို့ ကြေငြာခဲ့ပြီး နောက်တစ်နေ့မှာ ကာမိုင်းရဲစခန်းကို ၀င်စီးတာက သက်သေပါ။ အပစ်ရပ်ဆိုပြီး အကြမ်းဖက်လာ၇င်တော့ ခုခံကာကွယ်ရမှာ ဖြစ်ပါတယ်။ ထွက်သွားဆိုပြီး ပိုက်ဆံနဲ့ အော်လို့ မရသလို နောက်တစ်ဖန် မလာရောက်နိုင်အောင်လဲ မောင်းထုတ်ရမှာက စစ်ပွဲသဘောပါ။

 ဒီတော့ ကချင်စစ်ပွဲကို ရပ်ဆိုတာ တစ်ဖက်သတ် အပစ်ရပ်ယုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဆွေးနွေးနေစဉ်မှာလဲ ပစ်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ပြောသလို အပစ်ရပ်ဆိုတာ လွှတ်တော်မှာ တင်သွင်းယုံနဲ့ ပြီးသွားနိုင်မှာ မဟုတ်သလို အပစ်အခတ်တွေလည်း ရပ်စဲမသွားနိုင်ပါဘူး။ ကေအိုင်အေ လိုချင်တာဟာ အပစ်အခတ်ရပ်စဲမှုတင် မဟုတ်ဘဲ ကေအိုင်အေ ဦးစီးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် အစိုးရ၊ ကချင်ဒေသ အစိတ်အပိုင်းတွေကို ကိုယ်ပိုင် စီမံခန့်ခွဲခွင့်တွေ ဆိုတာကိုလည်း ထည့်စဉ်းစား ပေးရမှာပါ။ သိနေပါလျှက် မသိဟန်ဆောင်ပြီး နာမည်ကောင်းထွက်ယုံ ကချင်စစ်ပွဲအကြောင်း ပြောနေဖို့ အချိန် မဟုတ်တော့ဘူး ဆိုတာ ပြည်သူ တစ်ရပ်လုံး သဘောပေါက်နေပါပြီ။

 တပ်မတော် စခန်းတွေ ဆုတ်ပေးဖို့ ကေအိုင်အေက တောင်းဆိုပါလိမ့်မယ်။ ခပ်လွယ်လွယ် စကားနဲ့ ဆုတ်ဆို တိုင်း ဆုတ်လို့ မရတာတွေကို တစ်နှစ်ခွဲကျော် သက်သေပြခဲ့ပြီးပါပြီ။ အပစ်ရပ်တာတွေ ဖြစ်စေချင်တယ်ဆိုရင် တော့ ကေအိုင်အေဘက်က တာဝန်ခံပေးမယ့်၊ ကေအိုင်အေကို ငြိမ်းချမ်းရေး စကားဝိုင်းထဲ ရောက်အောင် လုပ်ပေးနိုင်မယ့် လူတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုပဲ လိုအပ်တယ်ဆိုတာ ကချင်စစ်ပွဲ အတွက် အဖြေပါ။ အဖြေမရှိတဲ့ ပုစ္ဆာကို ကျွန်တော်တို့ မဲပေးခဲ့သူတွေ နောက်ထပ် ဘယ်လောက်ကြာကြာ ဆက်တွက် နေကြအုံးမလဲဗျာ။…

Opposite Eye ၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယနေ့ ၂၀၁၃ ဇန်န၀ါရီထိ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့တဲ့ ကချင်ဒေသအတွင်းက စစ်ပွဲတွေနဲ့ ပက်သတ်ပြီး ယခု အချိန်မှာတော့ လူတွေအပြည့်အ၀ အာရုံစိုက်လာကြပါပြီ။ ကံကောင်း တယ်လို့aပာလို့ရအောင် ပြည်တွင်း ဆူပူမှုတွေ မရှိတာကိုပဲ ကျေးဇူး တင်ရမလိုလိုပါပဲ။ စစ်ပွဲစတင်ချိန်က စလို့ ငြိမ်းချမ်း ရေး စကားကို တပ်မတော်ကလည်း တွင်တွင်သုံးခဲ့တယ်။ ကေအိုင်အေ ဘက်က လည်း နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတဲ့ကိစ္စကို အပြင်း အထန် ဆွေးနွေးခဲ့တယ်။ အဖြေကတော့ စစ်ပွဲ ၁ နှစ်ခွဲကြာလာတဲ့ အထိ ငြိမ်းချမ်းရေး မရနိုင်တာပါပဲ။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးရေး

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးရေး

ယနေ့ နိုင်ငံတော်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတို့ ပြုပြင် ပြောင်းလဲလျက် ရှိရာ မြန်မာ့ အရေးကို ကမ္ဘာ့ နိုင်ငံများက အထူး စိတ်ဝင်စားလျက် ရှိပြီး ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု မှာလည်း တစ်နေ့ထက် တစ်နေ့ ပို၍ပို၍ တိုးလာကြောင်း တွေ့ရသည်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် တစ်ခုတည်း ကပင် နေ့စဉ် ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက် မှုမှာ ၂၃ဝဝ ကျော်ရှိသဖြင့် ယခင်နှစ်များကထက် ပိုမိုများပြားလာပြီဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အထိ မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား တစ်သန်းကျော် လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာလှည့် ခရီးသွား များသည် မြန်မာနိုင်ငံ အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် နွေးထွေးစွာ ဆက်ဆံမှုနှင့်   ပွင့်လင်း မြင်သာမှု တို့ကြောင့် မြန်မာ့ အရေးကို စိတ်ဝင်စားလျက် ရှိရာမှ မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်ရန် ရွေးချယ် ခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁၂ ခုနှစ်အတွက် သွားရောက် လည်ပတ်ရန် အကောင်းဆုံး နေရာများအား ရွေးချယ်၍ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် CNN သတင်း ဌာနက ထုတ်ပြန်ခဲ့ရာ အင်္ဂလန်၊ မက္ကဆီကို နိုင်ငံ အတွင်းရှိ မာယာ လူမျိုးများ နေထိုင် သည့် နေရာ၊ မြန်မာနိုင်ငံ၊ အမေရိကန် နိုင်ငံ ချီကာ ဂိုမြို့၊ ကာရစ်ဘီယန် ကျွန်းစုတွင် ပါဝင်သော စိန့်ဗင်ဆင့်ကျွန်း၊ နယ်သာလန် နိုင်ငံ၊ ကနေဒါ နိုင်ငံ နယ်နိမိတ် အတွင်းရှိ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း တိုက်တန်းနစ် သင်္ဘော နစ်မြုပ်သည့် နေရာ၊ ဥရုဂွေး နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုမှ အော်လန်ဒို မြို့တို့ ဖြစ်သည်။

ကမ္ဘာလှည့် ခရီးသွားများသည် သဘာဝ ရှုခင်းများနှင့် ရှေးဟောင်း ယဉ်ကျေးမှု များကို ကြည့်ရှု လေ့လာလိုစိတ် ထက်သန်ကြသည်။ နိုင်ငံတော်တွင် ထိန်းသိမ်းထားသော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များနှင့် သဘာဝ ရှုခင်းများ အဖြစ် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ထားသည့် ဘေးမဲ့တောများ၊ အမျိုးသား ဥယျာဉ်များ တည်ဆောက်ထားသည်။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် သဘာဝ သယံဇာတ အပေါ် မှီခိုမှု လျော့ပါးစေသော လုပ်ငန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှု ကိုပါ ဖြည့်ဆည်း ပေးနိုင်သည်။ သို့ဖြစ်၍ နိုင် ငံတော် အစိုးရက ဆက်လက် အကောင်အထည် ဖော်မည့် ၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်အထိ ပဉ္စမ ကာလတို ငါးနှစ် စီမံကိန်းတွင် ပါဝင်သော ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံတော် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် ကမ္ဘာလှည့် ခရီးသွား ဇုန်များရှိ ဒေသခံ ပြည်သူတို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော် လိုက်ရပေသည်။

http://www.myawady.com.mm/allnews/editorial/item/4775-2013-01-19-07-30-03#.UPyfx528B8E
ယနေ့ နိုင်ငံတော်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး တို့ ပြုပြင် ပြောင်းလဲလျက်ရှိရာ မြန်မာ့အရေးကို ကမ္ဘာ့ နိုင်ငံများက အထူးစိတ်ဝင်စားလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုမှာ လည်းတစ်နေ့ထက် တစ်နေ့ပို၍ပို၍တိုးလာကြောင်း တွေ့ရသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းကပင် နေ့စဉ် ကမ္ဘာ

ကေအိုင်အိုက အစိုးရထံ အကြောင်းပြန်


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက ဇန်နဝါရီလ ၁၉ ရက်နေ့ မနေ့က KIO အဖွဲ့ကိုပေးပို့တဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် ကမ်းလှမ်းချက်စာကို လက်ခံရရှိပါကြောင်း KIO အဖွဲ့က ဒီကနေ့အကြောင်းပြန်ကြားစာတစောင်ကို ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ထံ ပေးပို့ခဲ့တယ်လို့ KIO က ပြောပါတယ်။