Thursday, March 28, 2013

ကောလဟလနဲ့ လက်ဦးမှုယူ တိုက်ခိုက်တာမလုပ်ကြဖို့ ၈၈မျိုးဆက်တိုက်တွန်း


မိတ္တီလာမြို့ အဓိကရုဏ်းကနေတဆင့်ဆူပူအကြမ်းဖက်မှုဖြစ်ပေါ်စေ မယ့် ကောလဟလကြောင့် စိုးရိမ်ပူပန်နေတဲ့ အပြစ်မဲ့ပြည်သူတွေ အချင်းချင်း လက်ဦးမှုယူပြီး တိုက်ခိုက်တာမျိုးတွေ မဖြစ်စေချင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အသိပေးပြောကြား လိုက်ပါတယ်။

ပဲခူးတိုင်း မင်းလှ၊ စစ်ကွင်းမြို့တွေမှာ ဗလီတွေ အဖျက်ဆီးခံရ

ရန်ကုန်မြို့နဲ့ မိုင်၁၀၀ ကျော်လောက်သာဝေးတဲ့ ရန်ကုန်-ပြည် ကားလမ်းတလျှောက်မှာရှိတဲ့ ပဲခူးတိုင်း မြို့ နယ်အချို့မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီကျောင်းတွေနဲ့ နေအိမ်တွေကို ဒီကနေ့မှာ လည်း အကြမ်းဖက် ဖြိုဖျက်ခဲ့ကြ တယ်လို့ RFA က စုံစမ်းသိရပါ တယ်။
မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့သတင်းပတ်တွေက အကြမ်းဖက်မှုတွေ ဖြစ် ပွားခဲ့ပြီးနောက်ပိုင်း ပဲခူးတိုင်း အနောက်ခြမ်းဘက်ကမြို့တွေဆီ ကူးစက်လာကာ ဒီရက်ပိုင်းအတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီ၊ နေအိမ်အဆောက်အဦးတွေကို ရက်ဆက်ဆိုသလို ဖြစ်ပွား နေကြတာပါ။ မင်းလှမြို့နယ်ထဲမှာ ဒီကနေ့မနက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တစ်ချို့နဲ့ ဗလီတွေကို ဖျက်ဆီးခဲ့ကြတယ်လို့ မင်းလှမြို့ဒေသခံ ဦးကျော်မြင့်က RFA ကိုပြောပါတယ်။

မတ်လ ၂၀ ရက်မှ ၂၈ ရက် ညနေ ၆ နာရီအချိန်အထိ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှ ထိခိုက်၊ ဒဏ်ရာရ ၊ သေဆုံး မှုနှင့် ပျက်စီးဆုံးရှုံးမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ “ရဲဇာနည်” Facebook စာမျက်နှာ တွင် ဖော်ပြ ထား

မတ်လ ၂၀ ရက်မှ ၂၈ ရက် ညနေ ၆ နာရီအချိန်အထိ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှ ထိခိုက်၊ ဒဏ်ရာရ ၊ သေဆုံး မှုနှင့် ပျက်စီးဆုံးရှုံးမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ “ရဲဇာနည်” Facebook စာမျက်နှာ တွင် ဖော်ပြ ထား သည်။

ဆင်ခြင်တုံတရားနဲ့ အတူလက်တွဲလုပ်နိုင်ဖို့ အရေးကြီးတယ် လို့ ဒေါ်အောင် ဆန်းစုကြည် ပြော

နိုင်ငံ့အရေး လုပ်ဆောင်ကြရာမှာ ဆင်ခြင်တုံ တရားရှိဖို့နဲ့ အားလုံးနဲ့ လက်တွဲအလုပ်လုပ်နိုင်ဖို့ လိုတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
ဖခင်ဖြစ်သူရဲ့ ဇာတိဖြစ်တဲ့ မကွေးတိုင်း နတ်မောက်မြို့မှာကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် “အောင်ဆန်း ကွန်ပျူတာ ကျောင်းဆောင်သစ်” ဖွင့်ပွဲနဲ့ လှူဒါန်းပွဲကို ဒီကနေ့တက်ရောက်စဉ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ လူငယ်အဖွဲ့အစည်းအချို့မှ ဆုတောင်းပွဲပြုလုပ်

ပဋိပက္ခများ ပြီးဆုံးရေးအတွက် မေတ္တာထားကြရန် ဘာသာပေါင်းစုံ တိုက်တွန်း

ပုသိမ်မြို့တွင် မတ်လ ၂၇ ရက်မှစ၍ ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်သားများပါ လုံခြုံရေး ဆောင်ရွက်လျက်ရှိ


patein1-march27
ပုသိမ်မြို့အတွင်း လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ အား မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ မြို့အနှံ့ လုံခြုံရေးဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်သားများပါ ကင်းလှည့်စောင့်ကြပ်မှုများနှင့် ရပ်ကွက်အလိုက် လုံခြုံရေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။

မိတ္ထီလာကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးမှ ပြည်သူလူထုထံသို့ ရှင်းလင်းပြောကြားချက်

မိတ္ထီလာကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍
နိုင်ငံတော်သမ္မတကြီးမှ ပြည်သူလူထုထံသို့ ရှင်းလင်းပြောကြားချက်

(အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့သော်လည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြား)
=====================================
(မတ်လ ၂၈ ရက်၊ နေပြည်တော်)

သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။

ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွပ်လပ်ခြင်းရဲ့ အရသာကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်။

ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။ တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။

သွးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြားမြို့ကြီးများကို ပဋိပက္ခများ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင်နေကြတာကို လည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်ဆိုတာကိုလည်း သက်သေထူရာ ရောက်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ်။

မန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ယဉ်ကျေးမှုပေါင်းစုံ စုစည်းတည်ဆောက်ထားတဲ့ နိုင်ငံတော် တစ်ရပ် အနေနဲ့ နိုင်ငံသားအားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကသာလျှင် တည်ငြိမ်အေးချမ်းမှုကို အာမခံနိုင်တဲ့ ဒီမိုကရေစီစနစ် ဖြစ်လာမယ်ဆိုတာကို အားလုံးက အလေးအနက် ခံယူထားကြရမှာ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ရှိနေပေမယ့်လည်း အဆင်ပြေပြေ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် ဒီမိုကရေစီ နည်းလမ်းကျကျ၊ ငြိမ်းငြိမ်းချမ်းချမ်း ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တွေရဲ့ မတူကွဲပြားမှုတွေကို ဂုဏ်ယူကြရမှာဖြစ်သလို တစ်ပြိုင်နက် တည်းမှာပဲကွဲပြားတဲ့ အင်အားတွေကို စုစည်းပြီး ပေါင်းစည်းအားအဖြစ် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်တော်တို့ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားသွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။

 

ကျွန်တော့်အနေနဲ့ ပြည်သူလူထုအားလုံးကို ပြောကြားလိုတာကတော့ အခုချိန်မှာ ကျွန်တော်တို့ မြန်မာ့လူအဖွဲ့အစည်းကို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားနေတာဖြစ်တဲ့အတွက် အစိုးရကလည်း ဖြစ်စဉ်ဖြစ်ရပ် အမှန်တွေကိုအချိန်နဲ့ တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိရှိ သတင်းပေးပြန်ကြားသွားမှာ ဖြစ်သလို ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့လည်း ကောလာဟလတွေရဲ့ အန္တရာယ်ကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင် ရှိရှိနဲ့ ရင်ဆိုင်တုံ့ပြန်သွားကြရင် ကျွန်တော်တို့အားလုံး ဒီစိန်ခေါ်မှုတွေကို သမိုင်း အစဉ်အလာအရ သဟဇာတရှိရှိ နေထိုင်ခဲ့တဲ့ လူအဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အတူလက်တွဲ ကျော်လွှားသွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။


သမ္မတရုံး
 အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့သော်လည်း ပြည်သူလူထုရဲ့ အသက်အိုး အိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ပြောကြား
=====================================
(မတ်လ ၂၈ ရက်၊ နေပြည်တော်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်

ညာဘက်အိပ်လျက် သေခြင်းနဲ့ပတ်သတ်၍

ညာဘက်အိပ်လျက် သေခြင်းနဲ့ပတ်သတ်၍

မေး။ ။ ကောင်းရာဘုံရောက်သူတိုင်းက ခေါင်းညာစောင်းပြီးသာ ကွယ်လွန်တတ်သည်ဟူသောအယူ မှန်ပါသလားဘုရား။

ဖြေ။ ။ အိပ်ပုံအိပ်နည်း(၄)မျိုး

၁။ လက်ဝဲဘယ်ဘက်စောင်းပြီးအိပ်သူသည် ကာမဂုဏ်ခံစားသော ပုဂ္ဂိုလ်တို့အိပ်ခြင်းနဲ့တူ၏။
၂။ လက်ယာညာဘက်စောင်းပြီးအိပ်သူသည် ခြင်္သေ့မင်းအိပ်ခြင်းနဲ့တူ၏။
၃။ ပက်လက်အိပ်သူသည် ပြိတ္တာအိပ်ခြင်းနဲ့တူ၏။
၎။ ဈာန်တရားဖြင့်အိပ်ခြင်းသည် ဘုရားရှင်တို့ အိပ်ခြင်းနဲ့တူ၏။ (အံ၊ ၁၊ ၅၆၆)

မြတ်ဗုဒ္ဓမိန့်ကြားခဲ့တာကတော့ အရိယာပုဂ္ဂိုလ်တွေသာ သေပြီးနောက် လားရာဂတိမြဲတယ်။ ပုထုဇဉ်တွေဟာ လားရာဂတိဘုံဌါနမမြဲဘူးလို့ ဟောကြားထားခဲ့တာကို ထောက်ဆကြည့်မယ်ဆိုရင် ပုထုဇဉ်တွေဟာ ဦးခေါင်းညာဘက်စောင်းပြီး သေရုံနဲ့ လားရာဂတိကောင်းတယ်လို့ သေချာမပြောနိုင်ဘူး ထင်ပါတယ်။

ရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ကြီးရှိစဉ်ကတော့ ပုထုဇဉ်ပုဂ္ဂိုလ်တွေနဲ့ပတ်သတ်ပြီး ဘယ်သူတွေကတော့ ဘယ်လိုကောင်းမှုလုပ်လို့ ဘယ်ဘုံရောက်တယ်၊ မကောင်းမှုလုပ်တဲ့သူတွေကတော့ အပါယ်လေးဘုံမှာ ဘယ်ဘုံရောက်တယ်ဆိုပြီး ပြောပြခဲ့ဖူးပါတယ်။

ဒါကြောင့် သာမန်ပုထုဇဉ်တွေအနေနဲ့တော့ သေပြီးနောက် ဘယ်ဘုံရောက်မယ်ဆိုတာ တန်ခိုးကြီးလှတဲ့ မြတ်ဗုဒ္ဓ၊ ရဟန္တာများလောက်သာ ပြောပြပေးနိုင်မှာဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များကတော့ ခန့်မှန်းခြေသာ ပြောပြနိုင်ပါလိမ့်မယ်။ အခု ပြောနေကြတဲ့ ဦးခေါင်းညာစောင်းသေရင် ကောင်းရာဘုံရောက်တယ်ဆိုတဲ့ အယူဆဟာ မြတ်ဗုဒ္ဓက ဦးခေါင်းကို ညာဘက်စောင်း အနားယူခြင်း၊ ပရိနိဗ္ဗာန်စံခြင်းကို အတုယူပြီး ညာဘက်ဦးခေါင်းစောင်း သေတဲ့သူဟာ ကောင်းရာသုဂတိရောက်တယ်လို့ ခန့်မှန်းခြေပြောခြင်းသာ ဖြစ်တယ်လို့ ယူဆမိပါတယ်။ တကယ်တော့ သေခါနီးမှာ ပြုံရွှင်စွာဖြင့် မငြီးမညူဘဲ သေခြင်းတရားကို အေးဆေးရင်ဆိုင်ပြီး တရားနဲ့သေသူသာ ကောင်းရာသုဂတိကို ရောက်တယ်လို့ မှတ်ယူနိုင်ပါလိမ့်မယ်။

အရှင်ကောမလ ဆန်နီနေမင်း
မေး။ ။ ကောင်းရာဘုံရောက်သူတိုင်းက ခေါင်းညာစောင်းပြီးသာ ကွယ်လွန်တတ်သည်ဟူသောအယူ မှန်ပါသလားဘုရား။
ဖြေ။ ။ အိပ်ပုံအိပ်နည်း(၄)မျိုး
၁။ လက်ဝဲဘယ်ဘက်စောင်းပြီးအိပ်သူသည် ကာမဂုဏ်ခံစားသော ပုဂ္ဂိုလ်တို့အိပ်ခြင်းနဲ့တူ၏။
၂။လက်ယာညာဘက်စောင်းပြီးအိပ်သူသည် ခြင်္သေ့မင်းအိပ်ခြင်းနဲ့တူ၏။
၃။ ပက်လက်အိပ်သူသည် ပြိတ္တာအိပ်ခြင်းနဲ့တူ၏။
၎။ ဈာန်တရားဖြင့်အိပ်ခြင်းသည် ဘုရားရှင်တို့ အိပ်ခြင်းနဲ့တူ၏။


မိုဘိုင်းဆင်းမ်ကတ်တွေကို သိမ်းပိုက်ဖို့ ပြင်ကြလေပြီ

မကြာမီရောင်းချတော့မည်ဆိုသည့် တန်ဖိုးနည်းဆင်းမ်ကတ်များသည် ကျပ်ထောင်ဂဏန်း ၀န်းကျင်သာရှိလာမည်ဟု သမ္မတရုံးတာဝန်ရှိသူအ ချို့က မီဒီယာသို့ ပြောကြားထားခြင်းကြောင့် ယခုနောက်ပိုင်းမှ အသစ် ပေါ်ထွက်လာသည့် မိုဘိုင်းဖုန်းဝန်ဆောင်မှုဆိုင် အများစုသည် ၎င်းတို့
၏ ဟန်း ဆက်ဈေးကွက်ကို အပြိုင်အဆိုင် စတင်ပြင်ဆင်နေကြပြီဖြစ်သည်။

ဦးတေဇထူထောင်ထားသော Htoo Foundation မှ ဧဝရက်တောင် သို့ တက်ရောက်ရန် တောင်တက် ဝါသနာပါသူများကိုဖိတ်ခေါ်

ဦးတေဇထူထောင်ထားသော Htoo Foundation မှ ဧဝရက်တောင် သို့ တက်ရောက်ရန် တောင်တက် ဝါသနာပါသူများကိုဖိတ်ခေါ်
Thursday, March 28, 2013

မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ် ခါကာဘိုရာဇီတောင် (၁၉၂၉၆ ပေ)၏ အနီးအနား လွန်စွာလှပသော“ဂမ်လန်ရာဇီတောင်” (၁၉၁၄၂ ပေ) သည် ဆီးနှင်းမြူများ အမြဲ ဖုံးလွှမ်းနေသောကြောင့် ယခုကဲ့သို့ ရှင်းလင်းလှပနေသည့် ဓါတ်ပုံကို ဒေသခံ တိုင်းရင်းသားတို့ပင် ယခင်က မြင်ဘူးခဲ့ခြင်း မရှိပါ။ လွန်စွာရှားပါးလွန်းလှကြောင်းကိုလည်း အသိပေးတင်ပြအပ်ပါတယ်။

အဆိုပါတောင်သို့ မိမိ ၏ သူရဲကောင်း ၅ဦးမှ တစ်ဦးဖြစ်သော“ကိုသက်ထွန်း” မှာ သူကိုယ်တိုင် ဦးစီး၍ တက်ရောက်ရန် ပြင်ဆင်နေပါတယ်။ ထို့အတွက်ကြောင့် ဂမ်လန်ရာဇီ တောင်ထိပ်သို့ လိုက်ပါတက်ရောက်လိုသူများအား Htoo Foundation အနေဖြင့် ဂမ်လန်ရာဇီတောင်တက်ရင်း လမ်းတလျှောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ ပူးတွဲ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည် အားလုံးကို စီစဉ်ပေးမည် ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် လိုက်ပါ တောင်တက်လိုသူများ Htoo Foundation Facebook စာမျက်နှာသို့ လာမည့် ဧပြီလ (၅) ရက်နေ့မှ စ၍ Message ပို့ စာရင်းပေးပါရန် တိုက်တွန်းလိုက် ပါတယ်။ နိုင်ငံခြားသား တောင်တက် ဆရာနှင့် လေ့ကျင့်ပေးမည် ဖြစ်ပါတယ်။

အလားတူ Mount Everest ဧဝရက်တောင် သို့ တက်ရောက်ရန် တောင်တက် ဝါသနာပါသူများကို မိမိတို့၏ Htoo Foundation မှ နိုင်ငံတကာတောင်တက်အားကစားနှင့် ထိမ်းသိန်းကာကွယ် စောင့်ရှောက်ရမည့် Ethic များ၊ Teamwork များ လေ့လာသိရှိနိုင်စေရန် စီစဉ်ပေးမည်ဖြစ်ပါတယ်။ တက်ရောက်ရန် ရွေးချယ်ခံရမည့်သူ များအားလည်း နိုင်ငံခြားတွင် သင်တန်းပေးသွားရန် စီစဉ်ထားရှိပါတယ်။

U Tayza Facebook မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ် ခါကာဘိုရာဇီတောင် (၁၉၂၉၆ ပေ) ၏ အနီးအနား လွန်စွာလှပသော“ဂမ်လန်ရာဇီတောင်” (၁၉၁၄၂ ပေ) သည် ဆီးနှင်းမြူများ အမြဲ ဖုံးလွှမ်းနေသောကြောင့် ယခုကဲ့သို့ ရှင်းလင်းလှပနေသည့် ဓါတ်ပုံကို ဒေသခံ တိုင်းရင်းသား တို့ပင် ယခင်က မြင်ဘူးခဲ့ခြင်း မရှိပါ။ လွန်စွာရှား ပါးလွန်း လှကြောင်း ကိုလည်း အသိပေးတင်ပြအပ်ပါတယ်။

တန်ဖိုးနည်း SIM ကတ် ဖြန့်ဖြူးမည့်ဈေး အတိအကျ မသိရှိသေး၊ ခေါ်ဆို ဈေးနှုန်းများ ပြောင်းလဲမည်မဟုတ်


တန်ဖိုးနည်း SIM ကတ် ဖြန့်ဖြူးမည့်ဈေး အတိအကျ မသိရှိသေး၊ ခေါ်ဆို ဈေးနှုန်းများ ပြောင်းလဲမည်မဟုတ်

တယ်လီဖုန်း SIM ကတ်များ ဧပြီလထဲတွင် ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူရန် စီစဉ်နေပါကြောင်း၊ သို့ရာတွင် မည်သည့် ရက်တွင်ရောင်းမည်၊ မည်သည့်ဈေးနှုန်းဖြင့် ရောင်းမည်၊ မည်သည့်ပုံစံဖြင့် ဖြန့်ဖြူးမည်ကို မသိရသေကြောင်းဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အိုင်တီဝန်ဆောင်မှုမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မတ်လ ၂၅ ရက်က ပြောကြားသည်။ ဧပြီလအတွင်း ချထားပေးသည့် ဖုန်းအမျိုးအစား သုံးမျိုးရှိပြီး GSM၊ WCDMA နှင့် CDMA 800 MHz System များဖြစ်သည် ဟု သိရသည်။ ယခုဆက်လက် ချထားပေးမည့် SIM ကတ်များအားလုံးတွင် အင်တာနက်အသုံးပြုမှုစနစ်ပါဝင်မည်ဖြစ်သော်လည်း အင်တာနက် ကိုတစ်ခါတည်းဖွင့်ပေးထားရင် ဆက်သွယ်ဖို့အတွက်ပဲ သုံးချင်တယ်။ အင်တာနက်ဆော့ဖ် ၀ဲက ပိုက်ဆံစားတယ်ဆိုပြီး ပြောကြာလာတာတွေရှိ တာကြောင့် အင်တာနက် Setting ကိုပိတ်ထားမယ်။ အင်တာနက် အသုံးပြု ချင်တယ်လို့ အကြောင်းကြားလာခဲ့ရင်တော့ ၂၄ နာရီအတွင်း ဖွင့် ပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း အင်တာနက် အသုံးပြု မယ်ဆိုရင် အင်တာနက်အသုံးပြုမှု ၀န်ဆောင်ခ သက်သက်တောင်းပါတယ် ဟု ၎င်းကပြောကြားသည်။ ဧပြီလအတွင်း ထွက်ပေါ်လာမည့် တန်ဖိုးနည်း SIM ကတ်များ၏ ဈေးနှုန်းနှင့် ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်ကို အတိ အကျ သိရှိရခြင်းမရှိသေးသော်လည်း ခေါ်ဆိုနှုန်းများ ပြောင်းလည်းသွား မည်မဟုတ်ပါဟု ဆက်သွယ်ရေး လုပ်ငန်း အိုင်တီဝန်ဆောင်မှုမှ အင်ဂျင်နီ ယာ မှူး ဦးအောင်ကျော်သက်က ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM နှင့် WCDMA သုံးသန်းခန့်ကိုလည်းကောင်း၊ CDMA တစ်သန်းခန့်ကိုလည်းကောင်း ချထားပေးပြီး ယနေ့အထိ Mobile ဖုန်း အသုံးပြုသူ လေးသန်းခန့်ရှိကြောင်းသတင်းရရှိသည်။


Myawady News


http://www.facebook.com/ZinYawNews တယ်လီဖုန်း SIM ကတ်များ ဧပြီလထဲတွင် ဈေးနှုန်းချိုသာ စွာဖြင့် ဖြန့်ဖြူရန်စီစဉ်နေပါကြောင်း၊ သို့ရာတွင် မည်သည့်ရက် တွင်ရောင်းမည်၊ မည်သည့်ဈေးနှုန်းဖြင့် ရောင်းမည်၊ မည်သည့် ပုံစံဖြင့် ဖြန့်ဖြူးမည်ကို မသိရသေကြောင်းဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အိုင်တီဝန်ဆောင်မှုမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မတ်လ ၂၅ ရက်က ပြောကြားသည်။ ဧပြီလအတွင်း ချထားပေးသည့် ဖုန်းအမျိုးအစား သုံးမျိုးရှိပြီး GSM၊ WCDMA နှင့် CDMA 800 MHz System များဖြစ်သည် ဟု သိရသည်။ ယခုဆက်လက် ချထားပေးမည့်

အားသွင်းဖို့အတွက် Portable Battery Bank

အားသွင်းဖို့အတွက် Portable Battery Bank

iPhone 4/4s တို့အတွက် ရည်ရွယ်ပြီး ထုတ်ထားတာ ဆိုပေမယ့် USB Charger ကြိုးသုံးတဲ့ ဘယ်လို အီလက်ထရောနစ် ပစ္စည်းများနဲ့မဆို အသုံးပြု နိုင်ပါတယ်။

စမတ်ဖုန်းမျိုးစုံ၊ ကင်မရာ၊ MP3/4 နဲ့ အခြားသော Gadget များအတွက်လည်း၃ သုံးနိုင်ပါတယ်။ ၂၅၀၀ mAh တောင်ပါရှိပြီး Recharge ရော Discharge မှာပါ ခပ်မြန်မြန် လုပ်ဆောင်နိုင်ပါတယ်။ အရွယ်အစားလည်း သေးငယ်ကျစ်လစ်ပြီး သွားလေရာ အလွယ်တကူ သယ်သွားလို့ ရနိုင်ပါတယ်။

ခရီးသွားရင် ဆောင်ရန် သင့်တော်ပြီး Leopard Power Charger Battery Bank ကို တစ်ခု ၁၀ ဒေါ်လာ ဝန်းကျင်နဲ့ ရရှိနိုင်ကြောင်း သိရပါတယ်။ အောက်ပါလခ့်မှာ အသေးစိတ် ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://buff.ly/10vRnh7
--
Aung Kham (TSJ team)

TechSpace Journal

http://www.facebook.com/ZinYawNews iPhone 4/4s တို့အတွက် ရည်ရွယ်ပြီး ထုတ်ထားတာ ဆိုပေမယ့် USB Charger ကြိုးသုံးတဲ့ ဘယ်လို အီလက်ထရောနစ် ပစ္စည်းများနဲ့မဆို အသုံးပြု နိုင်ပါတယ်။
စမတ်ဖုန်းမျိုးစုံ၊ ကင်မရာ၊ MP3/4 နဲ့ အခြားသော Gadget များ အတွက်လည်း ၃ သုံးနိုင်ပါတယ်။ ၂၅၀၀ mAh တောင်ပါရှိပြီး Recharge ရော Discharge မှာပါ ခပ်မြန်မြန် လုပ်ဆောင်နိုင်ပါတယ်။ အရွယ်အစားလည်း သေးငယ်ကျစ်လစ်ပြီး သွားလေရာ အလွယ်တကူ သယ်သွားလို့ ရနိုင်ပါတယ်။

မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီး၏ဈာပနာအခမ်းအနား မီးလောင်မှုတစ်ခုကြောင့် အနည်းငယ်ကြန့်ကြာမှုဖြစ်ခဲ့သော်လည်း အစီးစဉ်တိုင်းကျင်းပနေ

စင်ကာပူသမ္မတ ဧပြီ၃ရက်တွင် မြန်မာနိုင်ငံသို့လာရောက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်းသည် မြန်မာနိုင်ငံသို့ ဧပြီ ၃ရက်တွင်တရားဝင် ချစ်ကြည်ရေးခရီး လာရောက် မည်ဖြစ်ကြောင်းသတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက် ၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မိန့်ခွန်းတစ်ရပ်ကို ယနေ့ ညနေ ၆ နာရီ ၀န်းကျင်တွင် နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် ပြည်သူလူထု သို့ပြောကြားသွားရန် စီစဉ်

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက် ၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က မိန့်ခွန်းတစ်ရပ်ကို ယနေ့ ညနေ ၆နာရီ ၀န်းကျင်တွင် နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် ပြည်သူ လူထုသို့ပြောကြားသွားရန် စီစဉ်နေကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သတင်း ရရှိသည်။

ဘဝအောင်မြင်ရေးနည်းလမ်းများ

မျက်ရည်(၃)မျိုး

နှာချေခြင်းအကြောင်းသိကောင်းစရာ

ကောလာဟလတိုက်ဖျက်ရေးနှင့် သတင်းမှန်ဖြန့်ချိရေးအဖွဲ့ ဖွဲ့စည်း

General Knowledge
ကောလာဟလတိုက်ဖျက်ရေးနှင့် သတင်းမှန်ဖြန့်ချိရေးအဖွဲ့ ဖွဲ့စည်း

အသဲကျန်းမာရေးထိခိုက်စေသော နေထိုင်စားသောက်မှုပုံစံ


အသဲကျန်းမာရေးထိခိုက်စေသော နေထိုင်စားသောက်မှုပုံစံ

၁။ အိပ်ယာဝင်နောက်ကျ၍ အိပ်ယာထ နောက်ကျခြင်း။
၂။ မနက်တွင် ဆီးမသွားခြင်း။
၃။ အလွန်အကျွံ စားသောက်ခြင်း။
၎။ မနက်စာ လွတ်ခြင်း။
၅။ ဆေးဝါးအလွန်အကျွံ မှီဝဲခြင်း။
၆။ ဆေးရောင်များ၊ ဓာတုဗေဓ ပစ္စည်းအသုံးများ အစားအစာတို့ကို အလွန်အကျွံစားသောက်ခြင်း။
၇။ အရက်သောက်သုံးခြင်း။
၈။ မသန့်သော ဆီဖြင့် ကြော်လှော်ချက်ပြုတ်သော အစားအစာများ စားသုံးခြင်း။ (မသန့်သော ဆီများ စားသုံးခြင်း)
၉။ အလွန်အကျွံ ချက်ပြုတ်ပြင်ဆင်ပြီးသော အသင့်စား အစားအစာများ စားသုံးခြင်း။
၁၀။ ကြာရှည် အသိမ်းဆည်းခံအစားအစာများ စားသုံးခြင်း။

ကျန်းမာစေရန် -

အဆီနည်းသော အစားအစာများ စားသုံးခြင်း၊ ဟင်းချက်သည့်အခါ ဆီသန့် အသုံးပြု၍ ပမာဏအနည်းငယ်သာ ထည့်သွင်းချက်ပြုတ် စားသုံးခြင်း၊ လတ်လတ်ဆတ်ဆတ် အသီးအရွက် များများ စားပေးခြင်း တို့ ပြုလုပ်ရန် လိုအပ်ကြောင်း သိရပါတယ်။
--
Ref: medic-facts
International news for myanmar

http://www.facebook.com/ZinYawNews ၁။ အိပ်ယာဝင်နောက်ကျ၍ အိပ်ယာထ နောက်ကျခြင်း။

၂။ မနက်တွင် ဆီးမသွားခြင်း။

၃။ အလွန်အကျွံ စားသောက်ခြင်း။

၎။ မနက်စာ လွတ်ခြင်း။

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ


မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ

ယနေ့ နံနက်ပိုင်းက မင်းလှမြို့တွင် တုတ်၊ ဓားလက်နက် ကိုင်ဆောင်ပြီး ဖျက်ဆီးမှု ပြုလုပ်ခဲ့သူများကို မင်းလှမြို့နယ် ရဲစခန်းမှ လိုက်လံ ဖမ်းဆီးလျက် ရှိနေပြီး ဖျက်ဆီးမှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသည်များ အနက် ၉၅ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များနှင့် ဗလီများဖြစ်ကြောင်း မင်းလှမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။

ဒါဖတ်ပြီးမှ နေပူထဲထွက်ပါ

ဒါဖတ်ပြီးမှ နေပူထဲထွက်ပါ 
Thursday, March 28, 2013

ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ပူပြင်းခြောက်သွေ့သော နွေရာသီအတွင်း
ဝင်ရောက်ခဲ့ပြီဖြစ်သောကြောင့် အပူချိန်မြင့်တက်ခြင်း၊  ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အန္တရာယ် စိုးရိမ်ဖွယ်ရှိနေကြောင်း  မိုးလေ၀သဗေဒ ပညာရှင်
ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။

ရန်ကုန်မြို့တွင် ခရမ်းလွန်ရောင်ချည်ကျရောက်မှုသည် ညွန်းကိန်းအမှတ်အ
ထိ ရောက်ရှိနေပြီး  မော်လမြိုင်၊  ဘားအံမြို့များတွင် (၁၂.၈) လွိုင်ကော်မြို့
တွင် (၁၂.၄)၊  တောင်ကြီးမြို့ တွင် (၁၂) ဒီဂရီ အထိ အသီးသီးကျရောက်
လျက်ရှိကြောင်း ဦးထွန်းလွင်က ထပ်မံပြောကြားသည်။

 ခရမ်းလွန်ရောင်ခြည်ညွန်းကိန်းကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ကစတင်ပြီး တိုင်းတာခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီး ဌာန၏ ထုတ်ပြန်
ချက်အရ သိရှိရသည်။

(၀ မှ ၃) အထိ အနိမ့်စား၊ 
(၄ မှ ၇) အထိ ဆိုလျှင် အသင့်တင့်၊  
၈ မှ အထက်ကို အန္တရာယ်ရှိအဆင့်ဟုသတ်မှတ်ထားသည်။

 ခရမ်းလွန်ရောင်ခြည်သည် အညွန်းကိန်း (၈) အထက်ဖြစ်ပါက အသက်
အန္တရာယ် စိုးရိမ် ထိခိုက်နိုင်ပြီး၊  အညွန်းကိန်း ၈၊ ၉၊ ၁၀၊  အထိရောက်ရှိပါ
က အရေပြားဆိုင်ရာ ရောဂါများ၊  အမြင်အာရုံေ၀၀ါးမှု ချို့တဲ့မှု ရောဂါများ၊  ကျရောက်နိုင်ကြောင်း၊   ခရမ်းလွန်ရောင်ခြည် ကျရောက်မှု  ညွန်းကိန်း (၁၃/၁၄) အထိရောက်ရှိပါက အမျိုးသားဆိုင်ရာ ရောဂါ၊   သားသမီး မရနိုင်
သည့်ရောဂါ များအထိ သက်ရောက်နိုင်ကြောင်း အရေပြား အထူးကု ဆရာဝန်ကြီးတဦးကပြောကြားသည်။

ခရမ်းလွန်ရောင်ခြည် ထိရောက်မှု များပါက အရေပြားဆိုင်ရာ ရောဂါ၊  ကင်ဆာရောဂါ စသည်ဖြင့်  ဖြစ်ပွားတတ်ကြောင်း ကျန်းမာရေးဦးစီး ဌာန မှ ဆရာဝန်တဦးက ပြောကြားသည်။

နေပူထဲသွားလျှင် နေလောင်ခံ လိမ်းဆေး လိမ်းခြင်း၊ ဦးထုပ်ဆောင်းခြင်း၊   ထီးဆောင်းခြင်း၊  နေရောင် စုတ်ယူအား နည်းသည့် အဖြူထည် အင်္ကျီ အ၀တ်အစား ၀တ်ဆင်ခြင်းဖြင့် ပြုလုပ်ပြီးမှ သွားလာသင့်ကြောင်း သူက ဆက်ပြောသည်။

နေပူထဲမှ ပြန်ရောက်ရောက်ခြင်း ရေချိုးခြင်း ၊ ရေခဲရေသောက်ခြင်း ၊ အရက်သောက်သုံးခြင်း မပြုသင့်ကြောင်း သူက ဆက်ပြောသည်။ 

ရန်ကုန်ရဲ့ နေပူဒဏ်ကို ပုဆိုးများနဲ့ ကာကွယ်ထားတဲ့  တက္ကစီတစီးကို  သင်္ကန်းကျွန်းမြို့ နယ် သုဝဏ္ကမီးပွိုင့်မှာ လဆန်းပိုင်းက အောက်ပါအ
တိုင်း တွေ့ရပါတယ်။

ဓာတ်ပုံ -  http://www.facebook.com/GtrJournal GTR Car Journal) 
ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
ဧရာဝတီ ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ပူပြင်းခြောက်သွေ့သော နွေရာ သီအတွင်း ၀င်ရောက်ခဲ့ပြီဖြစ်သောကြောင့် အပူချိန်မြင့်တက်ခြင်း၊ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အန္တရာယ် စိုးရိမ်ဖွယ်ရှိနေကြောင်း မိုးလေ၀သဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ

မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်

မင်းလှမြို့ အမှတ်(၃) ရပ်ကွက် အတွင်းရှိ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကို မတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် အင်အား (၃၀၀) ခန့်ရှိသော လူအုပ်စုက ၀င်ရောက် ဖျက်ဆီး ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ဖျက်ဆီးမှုကြောင့် အိမ်ခြေ (၁၅) လုံးဝန်းကျင်ခန့် ပျက်စီးသွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များရောက်ရှိ လာပြီးနောက် လူအုပ်စု ကွဲသွားကြောင်း မင်းလှမြို့ အမှတ်(၃) ရပ်ကွက်မှ ဒေသခံ များက ပြောပါသည်။ ဖျက်ဆီးသူ လူအုပ်စုတွင် မင်းလှ ဒေသခံ အနည်းငယ်သာ ပါဝင်ပြီး အများစုမှာ မင်းလှမြို့ အနီးဝန်းကျင် ကျေးရွာများမှ လာရောက် သူများ ဖြစ်ကြောင်း သိရသည်။

မြန်မာနဲ့ မူဆလင် အပြန်အလှန် လေးစားဖို့လိုကြောင်း အရှင်ဝီရသူ မိန့်ကြား

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူက မိတ္ထီလာအရေး အခင်းမှာ သံဃာတစ်ပါး သတ်ဖြတ်ခံရမှုကြောင့် ခုလိုမလိုလားအပ်တဲ့ အရေး အခင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့လည်း အရေးယူမှုများစွာ အားနည်းခဲ့ကြောင်းနဲ့ လက်ရှိမြို့တချို့မှာ ဖြစ်ပွားနေ တဲ့ ဆူပူဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံမဟုတ်တဲ့ ပြင်ပကလူတွေ ပါဝင်နေတယ်လို့ ယူဆကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။

ရန်ကုန်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပမည်


ရန်ကုန်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပမည်

မတ်လ ၂၈ ရက်၊ ၂၀၁၃ 

မိတ္ထီလာမြို့က မတည်ငြိမ်မှုတွေဟာ အရေးပေါ် အခြေအနေ ကြေညာပြီး တပ်မတော်က တာဝန်ယူပြီး တဲ့နောက် အေးချမ်းသွားပြီလို့ ဆိုပေမယ့် တခြားနယ်မြို့တွေကို ကူးစက်ပျံ့နှံ့လာခဲ့ပြီး ရန်ကုန်မှာလည်း ကောလဟာလ
တွေနဲ့ ပြည်သူအများစိုးရိမ်မကင်းဖြစ်နေကြရပါတယ်။
...
ယနေ့ မတ်လ ၂၈ ရက် နေ့လယ် ၂ နာရီမှာတော့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ တခုကို ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင်က ၀ိုင်အမ်စီအေ- YMCA အဆောက်အအုံမှာ ကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။

ငြိမ်းချမ်းမှုတွေအတွက် ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေ စုဝေးပြီး ဆုတောင်းပွဲကျင်းပတာဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
အတွက် နမိတ်ကောင်းတခုဖြစ်ပါတယ်။

မကြာသေးမီ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ကလည်း ဘာသာရေး ခေါင်းဆောင်တွေ စုပေါင်းပြီး စည်းဝေးမှု တခုကို ရန်ကုန်တိုင်း သံလျင်မြို့နယ်မှာ ကျင်းပခဲ့ပါသေးတယ်။

irrawaddy မိတ္ထီလာမြို့က မတည်ငြိမ်မှုတွေဟာ အရေးပေါ်အခြေအနေ ကြေ ညာပြီး တပ်မတော်ကတာဝန်ယူပြီးတဲ့နောက် အေးချမ်းသွားပြီလို့ ဆိုပေမယ့် တခြားနယ်မြို့တွေကို ကူးစက်ပျံ့နှံ့လာခဲ့ပြီး ရန်ကုန် မှာလည်း ကောလဟာလ တွေနဲ့ ပြည်သူအများစိုးရိမ်မကင်းဖြစ်နေကြရပါတယ်။

မီလျံနာကနေ လူမွဲစာရင်း ဝင်သွားတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမားများ

ကျနော်တို့ မြန်မာပရိသတ်တွေ နေ့စဉ်နဲ့အမျှ ရင်သပ်ရှုမောစွာ အားပေးနေတဲ့ အင်္ဂလိပ် ပရီးမီးယားလိဂ်မှ ဘောလုံး ပွဲစဉ်များဟာ ပြိုင်ဆိုင်မှု ပြင်းထန်သလို ကစားသမားတွေ ဟာလည်း ဘောလုံး ကန်နေတဲ့သက်တမ်းတလျှောက် လက်ဖျားငွေသီးတဲ့လူတွေလို့ ဆို ရလောက်အောင် လစာငွေ အဆမတန် ရရှိကြပါတယ်။
ပရီးမီးယားလိဂ် ပရိသတ်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်ပိုင်းတွေတုန်းက အက်စတွန်ဗီလာမှာ နာမည်ကြီးခဲ့တဲ့ လီဟန်ဒရီကို မှတ်မိကြမှာပါ။ ၁၉၉၉ နောက်ပိုင်း ၀န်းကျင်လောက်မှာ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလန်

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ

မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်

ပုတီးကုန်းမြို့၏ လက်ရှိ အခြေအနေမှာ တည်ငြိမ်မှု ရှိနေပြီး ဈေးဆိုင် အချို့ကို ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။ လူစုလူဝေးဖြင့် သွားလာမှုများလည်း မရှိသလောက် နည်းပါးနေပြီး ယနေ့ နံနက်ပိုင်းက ဗလီကိုလာရောက်ဖျက်ဆီးသည်ဆိုသော သတင်းများမှာ ကောလာဟလ ဖြစ်ကြောင်း ပုတီးကုန်းမြို့ သို့ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရဲလုပ်ငန်းများထိရောက်စွာဆောင်ရွက်နိုင်ရေးဖွဲ့စည်းပုံတိုချဲ့ဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီးအတွင်း ရဲလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံတိုးချဲ့ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပထမအကြိမ်တိုင်းဒေသကြီး လွှတ်တော် ဆဌမပုံမှန်အစည်း အဝေးမှသိရသည်။
တာဝန်ထမ်းဆောင်နေတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အားလုံးအတွက်နိုင်ငံတော်က လစာနဲ့စရိတ်များနဲ့ ရိက္ခာငွေတို့ကိုထောက်ပံ့ပေးလျက်ရှိပါတယ် ရဲတပ်ဖွဲ့ကိုလည်းလုပ်ငန်များ ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်ရေး အတွက်ဖွဲ့စည်းပုံများတိုးချဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဖုန်းဇော်ဟန် ကပြောသည်။

မြန်မာကျောက်မျက်တင်သွင်းမှုအပေါ် တရုတ်ကအခွန်လျှော့ပေးရန် ဆွေးနွေး

မြန်မာနိုင်ငံဘက်မှ ၀ယ်ယူခဲ့သော ကျောက်မျက်တန်ဖိုး၏ ၃၃ ဒသမ ၉ ရာခိုင်နှုန်းကို တရုတ်အစိုးရက သွင်းကုန်အခွန်အဖြစ် ကောက်ခံနေခြင်းအပေါ် အခွန်လျှော့ ကောက်ခံရန် ၀န်ကြီးဌာန ချင်း ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံ စီပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း ဇီးကုန်းမြို့တွင်း မြင်ကွင်းများ

မတ်လ ၂၈ ရက်နေ့ ဇီးကုန်းမြို့၏ အခြေအနေမှာ တည်ငြိမ်မှု ရှိနေပြီး မတ်လ ၂၇ ရက်နေ့ က ဖြစ်ပွား ခဲ့သော ပဋိပက္ခဖြစ်စဉ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို သက်ဆိုင် ရာမှ ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ ဇီးကုန်းမြို့ စည်ပင်သာယာဈေး အတွင်းရှိ ဈေးဆိုင်အချို့သာ ဖွင့်လှစ်ခြင်းမရှိဘဲ အများစုမှာ ပုံမှန်အတိုင်း ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ဇီးကုန်းမြို့၏ လုံခြုံရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဇီးကုန်းမြို့တွင် ရောက်ရှိနေသော Eleven Media Group မှ သတင်းထောက်က သတင်းပေးပို့ထားသည်။

ဂျင်စင်း သုံးစွဲရာတွင် သတိထားရန် အချက်များ

လာမည့်ဘဏ္ဍာနှစ်တွင် အစိုးရက ကျပ် ဘီလျံ၂,၃ဝဝ နီးပါး ပိုသုံးမည်

လာမည့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်အတွက် အစိုးရ၏အရအသုံး ခန့်မှန်းခြေ ငွေစာရင်း (ဘတ်ဂျက်) အရ ပြည်ထောင်စုအစိုးရ၏ စုစုပေါင်း လျာထားအသုံးစရိတ်မှာ ယခင်ဘဏ္ဍာနှစ်ထက် ကျပ်ဘီလျံ ၂,၃ဝဝ နီး ပါး ပိုမိုသုံးစွဲမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ ပြုပြင်ခန့် မှန်းခြေငွေ စာရင်းအရ စုစုပေါင်း သုံးငွေ ကျပ်ဘီလျံ တစ်သောင်း လေးထောင်ကျော်ရှိခဲ့ပြီး၊ ယခု ဘဏ္ဍာနှစ်တွင်မူ ဘီလျံ တစ် သောင်းခြောက်ထောင်ကျော်ရှိသည်။

“လက်ပံတောင်းကြေးနီစီမံကိန်း အရေး ဆားလင်းကြီး၌ ဆန္ဒထုတ်ဖော်ခွင့် ရရှိ”


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ယနေ့ နေ့လည် ၁ နာရီတွင် ပြုလုပ်မည့် ဆန္ဒဖော်ထုတ်မှုအား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ခွင့်ပြုပေးပြီးဟု သိရသည်။
အဆိုပါ ငြိမ်းချမ်းစွာစုဝေးခွင့် စီတန်းလှည့်လည်ခွင့်အား ဥပဒေပုဒ်မ(၅)အရ သက်ဆိုင်ရာမှ မတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ခွင့်ပြုမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် (၆၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲတက်ရောက်

 
နေပြည်တော်  မတ် ၂၇
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်း ဧည့်ခံသည့် ၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပသည်။

တိုင်ဝမ်ငလျင် လူ ၂၀ ကျော် ဒဏ်ရာရ

တိုင်ဝမ်ငလျင် လူ ၂၀ ကျော် ဒဏ်ရာရ

မတ်လ ၂၈ ရက်၊ ၂၀၁၃ 

တိုင်ဝမ်ကျွန်းအလယ်ပိုင်း ကျေးလက်ဒေသမှာ ဗုဒ္ဓ ဟူးနေ့က အားကောင်းတဲ့ ငလျင်တခု လှုပ်သွား တာကြောင့် အဆောက်အဦး လှုပ်ခါသွားပြီးတော့ လူအယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေကပြော ပါတယ်။ ငလျင်ကြောင့် နံရံတခုပြိုကျပြီး လူတယောက် သေဆုံးသွား တယ်လို့ဒေသဆိုင်ရာ ကယ်ဆယ်ရေးဌာနတွေကို ကိုးကားပြီး ရိုက်တာသတင်း က ဖော်ပြပါတယ်။

ငလျင်ဟာ ပြင်းအား ၆ ဒဿမ ၀ ရှိတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပြီး ငလျင် လှုပ်တာကို တကျွန်းလုံးမှာ ခံစားလိုက်ကြရတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုင်ပေမြို့တော်မှာ အဆောက်အဦးတွေ ယိမ်းယိုင်လှုပ်ခါသွားပြီး အပျက် အစီးကို တိုင်းတာ စစ်ဆေးဖို့ အတွက် မြန်နှုန်းမြင့်ရထား လိုင်း တချို့ကို ရပ်ဆိုင်းထား လိုက်ပါတယ်။

Nantou အရပ်က ငလျင်ဗဟိုချက်နားမှာ အစိုးရရုံးတရုံးက နံရံတပိုင်း ပြိုကျတာကြောင့် အလုပ်သမားတဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိ သူတွေကပြောပါတယ်။

VOA တိုင်ဝမ်ကျွန်းအလယ်ပိုင်း ကျေးလက်ဒေသမှာ ဗုဒ္ဓ ဟူးနေ့က အားကောင်းတဲ့ ငလျင်တခုလှုပ်သွားတာကြောင့် အဆောက်အဦး လှုပ်ခါသွားပြီးတော့ လူအယောက် ၂၀ ထက်မနည်း ဒဏ်ရာရ ခဲ့တယ် လို့ တာဝန်ရှိသူတွေကပြော ပါတယ်။ ငလျင်ကြောင့် နံရံတခုပြိုကျပြီး လူတယောက် သေဆုံးသွား တယ်လို့ဒေသဆိုင်ရာ ကယ်ဆယ်ရေး

တရုတ်နယ်စပ် ကားဈေးကွက် မီးသတ်ကားအဝယ်လိုက်


တရုတ်နယ်စပ် ကားဈေးကွက် မီးသတ်ကားအဝယ်လိုက်
===============================

Thursday, March 28, 2013 

ပူပြင်းခြောက်သွေ့သည့် နွေကာလသို့ ရောက်ရှိလာချိန်တွင် မီးဘေး
ကာကွယ်ရန် အတွက် မြန်မာပြည် ဘက်မှ တရုတ်လုပ် မီးသတ်ကားက အဆွဲများနေသည်ဖြစ်ရာ တရုတ်နယ်စပ်ရွှေလီကားဈေးကွက်တွင် မီးသတ်ကား များ အဝယ်လိုက်နေကြောင်း ကားပွဲစားများ အဆိုအရ သိရသည် ။

ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအကြား ဧရာဝတီမြစ်ရိုးတစ်လျှောက် မြို့ရွာ
များမှ ဒေသခံများက ၄င်းတို့ ဒေသအတွင်း အသုံးပြုရန် ကိုယ်ထူကိုယ်ထ ဝယ်ယူခြင်း ဖြစ်ကြောင်း ကားပွဲစားတစ်ဦးက ပြောသည် ။

“ကချင်ပြည်နယ်ဆိုရင် ဗန်းမော် ၊ ရွှေကူနယ်တစ်ဝိုက်ပေါ့။ အဲဒီကနေမြစ်ရိုး
တစ်လျှောက် မန္တလေး အထိပေါ့။ အဲဒီနယ်ခံတွေ အဝယ်များတယ်။ အဟောင်းရော အသစ်ရော အဝယ်လိုက်တယ် ” ဟု သူက ဆိုသည် ။

မီးသတ်ကားအသစ် တစ်စီးလျှင် တရုတ်ယွမ်ငွေ တစ်သိန်းခွဲဝန်းကျင် (ကျပ်သိန်း ၂၀ဝ ကျော်) နှင့် အဟောင်း တစ်စီးလျှင် ယွမ် ၈ သောင်း ဝန်းကျင် (ကျပ်သိန်း ၁၀ဝ ကျော် ) ပေါက်ဈေး ရှိကြောင်း သိရသည် ။

ကိုယ်တိုင် ကားလာဝယ်သူ ဗန်းမော်ဒေသခံ တစ်ဦးက – “ အခုဆို ရပ်ကွက်တိုင်းလိုလို ရပ်ကွက်ပိုင် မီးသတ် ကားတွေဝယ်ထားကြတယ်။ ဋ္ဌဌာနဆိုင်ရာတွေလည်း ကိုယ်ပိုင်ဝယ်တယ်။ မီးလောင်လို့ မီးသတ်ကား အလာ စောင့်နေရတာနဲ့ အကုန်လုံးပြာ ကျတဲ့အထိ ဖြစ်ဖြစ်နေလို့ ရွာတွေကအစပေါ့ဗျာ ကိုယ်ပိုင်မီးသတ်ကားတွေ ဝယ်ထားကြတယ် ” ဟု ဆိုသည် ။

ယခုအခါ တရုတ်နယ်စပ် ရွှေလီကားဈေးကွက်တွင် မီးသတ်ကားအပြင် သစ်တင်ရန် တုန်းဖုန်းအမျိုး အစား ကားများ ၊ ၄ လုံးထိုးကားနှင့် ထော်လာဂျီ
များ အဝယ်လိုက်နေကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်

ZinYawNews ပူပြင်းခြောက်သွေ့သည့် နွေကာလသို့ ရောက်ရှိလာချိန်တွင် မီးဘေး ကာကွယ်ရန် အတွက် မြန်မာပြည် ဘက်မှ တရုတ်လုပ် မီးသတ်ကား က အဆွဲများနေသည်ဖြစ်ရာ တရုတ်နယ်စပ်ရွှေလီကားဈေး ကွက်တွင် မီးသတ်ကား များ အဝယ်လိုက်နေကြောင်း ကားပွဲစားများ အဆိုအရ သိ ရသည် ။

ထားဝယ်ဒေသ နောက်ဆုံးအခြေအနေ

ထားဝယ်ဒေသ နောက်ဆုံးအခြေအနေ 
======================
28-3-2013

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာထဲ ရောက်နေလို့ ပြောင်းပေးရမယ့်ရွာတွေမှာ နေရာချထားရေးဆိုင်ရာ စာရင်းကောက်ယူမှုတွေ ဒီရက်ပိုင်းအတွင်း အပြီးသတ်ဆောင်ရွက်မယ်လို့ ကြားသိရပါတယ်။

ပထမဆုံးရွှေ့ရဖို့ မူတူးရွာက ဈေးဦးပေါက်ပါတယ် တဲ့။

“မြေကြီးတူးပီး အနောက် နဘူးလယ်ကနေ အရှေ့ကို ဖောက်လာတာ။ 
မြေအကျယ် မီတာ ၅၀၀ လောက် အနက် မီတာ ၅၀ လောက်အထိ ဖောက်လာတာမှာ မူတူးရွာက အရင်ဦးဆုံး ရွှေ့ရမယ့်နေရာ ဖြစ်နေတယ်” လို့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA) က ကိုလေးလွင်က ဆိုပါတယ်။

စီမံကိန်းတွေ လုပ်ဆောင်တော့မယ့် ဒီနေရာကနေ ပြောင်းရွှေ့ရေးကို လက်မခံကြတဲ့ ဒေသခံတွေ ရှိပါတယ်။

မူတူးရွာမှ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးအောင်မြင့်က “သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှာမို့ ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်တို့ရွာကို အတင်းခြိမ်းခြောက်ပီး ပြောင်းခိုင်းတာ ကျနော်တို့ အခွင့်အရေးချိုးဖောက်ပြီး သူတို့လုပ်နေတာကို လုံးဝ လက်မခံနိုင်ဘူး” လို့ ဧရာဝတီ ကို ရှင်းပြပါတယ်။

လျော်ကြေးပေးမယ် ဆိုရင်လည်း “သူတို့ပေးတဲ့ဟာက ကျနော်တို့ဟာ ၁၀၀ တန်ရင် သူတို့က ၅၀ ပဲ ပေးမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” လို့ ဦးအောင်မြင့်က ဆက်ပြောပါတယ်။

အိမ် ၆၀၀ လောက် ရှိတဲ့ မူတူးရွာကို ပြောင်းရွှေ့ဖို့ အိမ်အလုံး ၃၀၀ ကျော် ဆောက်လုပ်ပြီးပြီလို့ ကြားသိရတယ်၊ ဒါပေမယ့် ဘယ်လိုကူညီဆောင်ရွက်ပေးမှုတွေရှိမယ်၊ သီးနှံစိုက်ခင်းစိုက်ဖို့ မြေနေရာ ပြန်ရမရ ဆိုတာတွေ ဘာမှ သေချာမှု မရှိသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

ထားဝယ်ကနေ ထိုင်းနိုင်ငံအထိ လမ်းဖောက်လုပ်စဉ်က ပုဂေါဇွန်းရွာဘက်ရှိ ဥယျာဉ်ခြံတချို့ ပဲ့ပါသွားတယ်၊ 
၁၇ နှစ်သက်တမ်းရှိ ဆီအုန်းပင်တပင်အတွက် ပေါက်ဈေးငွေ ကျပ်တသိန်းခွဲ သတ်မှတ်တောင်းဆိုပေမယ့် အာဏာပိုင်များက ၎င်းတို့သတ်မှတ်ဈေးအတိုင်းသာ ပေးဆောင်မယ်လို့ဆိုတာကြောင့် လျော်ကြေးအတွက် ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။

ထားဝယ်စီးပွားရေးဇုန်မှာ ပါဝင်တဲ့ အဓိက စီမံကိန်းတွေကို ၂၀၁၅ မှာ အပြီးသတ်မှာပါ။
ဒီနှစ်ထဲမှာတော့ အလုပ်အကိုင်အခွင့်အလမ်းအများအပြား ဖန်တီးပေးမယ့် စက်ရုံတွေ စတင် တည်ဆောက်မယ်လို့ သိရပါတယ်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ မျက်စိကျနေတဲ့နေရာများထဲမှာ ဒီစီးပွားရေးဇုန်နေရာလည်း ထိပ်ပိုင်းက ပါဝင်ပါတယ်။ မကြာသေးခင် ရက်ပိုင်းကပဲ ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ လုပ်ငန်းရှင်ကြီးလည်းဖြစ်တဲ့ မစ္စတာသက်ဆင်နဲ့ စီးပွားရေးသမား အများအပြား ဒီဒေသကို လာရောက်လေ့လာကြပါတယ်။ 

အရေးကြီးတဲ့ ဒီစီမံကိန်း အောင်မြင်ဖို့ ထိုင်းနဲ့မြန်မာအစိုးရတို့ကလည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။

(အပေါ်ကပုံကို ထိုင်းဝန်ကြီးချုပ်ရဲ့ facebook ကနေ ယူပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ် ထားဝယ်ကို ရောက်လာကြတဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး ဆွေးနွေးပွဲကာလမှာ ရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်)

ငြိမ်းငြိမ်း
ဧရာဝတီ

ZinYawNews ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာထဲ ရောက်နေ လို့ ပြောင်းပေးရမယ့် ရွာတွေမှာ နေရာ ချထားရေးဆိုင်ရာ စာရင်းကောက်ယူမှုတွေ ဒီရက်ပိုင်းအတွင်း အပြီး သတ်ဆောင်ရွက် မယ်လို့ ကြားသိရပါတယ်။ ပထမဆုံးရွှေ့ရဖို့ မူတူးရွာက ဈေး ဦးပေါက်ပါတယ် တဲ့။

တန်ဘိုးနည်း ဆင်မ်ကတ် ဈေးနှုန်း မသတ်မှတ်ရသေး

တန်ဘိုးနည်း ဆင်မ်ကတ် ဈေးနှုန်း မသတ်မှတ်ရသေး 
==============================

Thursday, March 28, 2013

တန်ဘိုးနည်း ဆင်မ်ကတ်တွေ နဲ့ပတ်သက်ပြီး မကြာခင် ရောင်းချပေးဖို့ အစီအစဉ်ရှိပေမယ့် ဈေးနှုန်း မသတ်မှတ် ရသေးပါဘူးလို့ ဆက်သွယ်ရေး ၀န်ကြီးဌာနက အိုင်တီ ၀န်ဆောင်မှု အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က
ပြောလိုက်ပါတယ်။

ဘယ်နေ့၊ ဘယ်ရက်မှာ ဘယ်ဈေးနှုန်းနဲ့ ဘယ်ပုံစံ ဖြန့်ဖြူးမယ်ဆိုတာ မသိရသေးကြောင်း မြန်မာ့အလင်း သတင်းစာ ကို ဦးဌေးဝင်းက မတ်
လ ၂၅ ရက်နေ့က ပြောသွားတာပါ။ 

"ကျနော့်ဘက်က ၃ သန်းရှိတာတော့ သေချာတယ်။ ဖုန်းတသန်းပဲ ချပေးမယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး" လို့ ဦးဌေးဝင်းက ပြောသွား
တာကို ယနေ့ထုတ် မြန်မာအလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဖုန်းလိုင်းတွေ ချထားပေးဖို့ ဆက်သွယ်ရေး တာဝါတိုင်တွေ လုံလောက်မှု
မရှိသေးဘူးလို့တော့ သူက ပြော ထားပါတယ်။

"ရန်ကုန်နဲ့ မန္တလေးမှာ တော်တော်လေး ကြိုးစားရမယ်။ မြို့ပေါ်တွေမှာနေ
ရာသစ်မရရင် စခန်းတိုးချဲ့လို့ မရဘူး" လို့ သူက ဆိုထားပါတယ်။ 

ဒါကြောင့် စခန်းတွေလည်း ထပ်ချဲ့ပြီး လိုအပ်တာတွေလည်း ထပ်ဝယ်တဲ့
ကိစ္စတွေကို အထက်လူကြီးတွေ လည်း စီစဉ်နေတဲ့အကြောင်း ဦးဌေးဝင်း
က ပြောသွားပါတယ်။

မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေတယ်ဆိုတာကို သမ္မတဦးသိန်းစိန်က မတ်လ ၁ ရက်နေ့က ထုတ်လွှင့်တဲ့ သူ့ရဲ့
ရေဒီယိုမိန့်ခွန်းထဲမှာ ပြောသွားတာလေး အမှတ်ရမယ် ထင်ပါ
တယ်။ 

"မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ
များကို အခြေခံပြီး တိုးချဲ့ပေးနိုင် မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်း မှာ ရောင်းချ 
ပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်" လို့ သမ္မတက ဆိုထားတာပါ။ 

မိုဘိုင်းဖုန်း ဆင်မ်ကတ်တွေ ဈေးချိုချိုနဲ့ ရောင်းချပေးမယ်ဆိုလို့ ဖုန်း ဟမ်းဆက် ဈေးတွေလည်း ရိုက်ခတ်မှု ရှိတယ်လို့ ဆိုကြပါတယ်။ 

လူအများကတော့ တန်ဘိုးနည်း မိုဘိုင်းဖုန်းအတွက် ကင်မ်ပိန်းတွေ
လုပ်ပြီး တောင်းဆိုခဲ့ကြရင်း မျှော်လင့် စောင့်စားနေကြတယ်ဆို
တာကတော့ သေချာပါတယ်။ 

အိမ့်သံစဉ်
ဧရာဝတီ

ZinYawNews တန်ဘိုးနည်း ဆင်မ်ကတ်တွေ နဲ့ပတ်သက်ပြီး မကြာခင် ရောင်းချပေး ဖို့ အစီအစဉ်ရှိပေမယ့် ဈေးနှုန်း မသတ်မှတ် ရသေးပါဘူးလို့ ဆက်သွယ်ရေး ၀န်ကြီးဌာနက အိုင်တီ ၀န်ဆောင်မှု အင်ဂျင်နီယာချုပ် ဦးဌေးဝင်း ကပြောလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ စစ်ဘက် ဆက်သွယ်ရေးလိုင်း မြောက်ပိုင်းဖြတ်တောက်

တောင်ကိုရီးယားနဲ့ စစ်ဘက် ဆက်သွယ်ရေးလိုင်း မြောက်ပိုင်းဖြတ်တောက်

ဆိုးလ်၊မတ်လ ၂၈ ရက်

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် မြင့်လာတာ နဲ့အမျှ မြောက်ကိုရီး
ယားနိုင်ငံ က တောင်ကိုရီးယားနဲ့ ဆက်သွယ်ရေးမှာ နောက်ဆုံး ကျန်နေသေး
တဲ့ စစ်ဘက် အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက် လိုက်ပြီလို့
ပြောလိုက်ပါတယ်။

စစ်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်ခြေရှိတာမို့ ဆက်သွယ်ရေး လမ်းကြောင်းတွေ မလိုအပ်တော့ ဘူးလို့ မြောက်ကိုရီးယား တာဝန်ရှိသူတွေက တောင်ကိုရီး
ယား နိုင်ငံဆီ အကြောင်းကြား လိုက်ပြီ ဖြစ်ကြောင်း အစိုးရအာဘော် ကို
ရီးယား ဗဟိုသတင်းအေဂျင်စီ KCNA က ဗုဒ္ဓဟူးနေ့ မှာပြောပြီး၊ နိုင်ငံပိုင် ရုပ်သံကနေလည်း ကြေညာ ခဲ့ပါတယ်။

နှစ်နိုင်ငံအကြား စစ်မဲ့ဇုံရဲ့ မြောက်ဘက် Kaesong ပူးတွဲ စက်မှုဇုံမှာရှိတဲ့ အရေးပေါ် တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းကို မြောက်ကိုရီးယား ဘက်
က ဖြတ်တောက်လိုက်ပြီဆိုတာကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်း
ရေး ၀န်ကြီးဌာနက ဗွီအိုအေ ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

အရင်တုန်းကလည်း ဒီစစ်ဘက်အရေးပေါ် ဆက်သွယ်ရေးလိုင်းကို မြောက်
ကိုရီးယား ဘက်က ဖြတ်ခဲ့ဖူးတာကြောင့် တောင်ကို ရီးယားအလုပ်သမား
တွေ စက်မှုဇုံထဲမှာ ပိတ်မိနေခဲ့ဖူးပါတယ်။ အခု နောက်ဆုံးလုပ်တဲ့ဆက်သွယ်
ရေး ဖြတ်တောက်မှုကြောင့်စက်မှုဇုံပေါ် ဘယ်လို သက်ရောက်မယ်ဆိုတာ
ကတော့ မသိရသေးပါဘူး။

မြောက်ကိုရီးယားက တောင်ကိုရီးယားအပေါ် နေ့စဉ်လို စစ်ရေးအရ ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်နေချိန်မှာပဲ အခု အဆက်အသွယ်
ဖြတ်တဲ့ကိစ္စ ဖြစ်လာတာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်
တာနဲ့ နောက်ဆုံး လုပ်ခဲ့တဲ့ နျူကလီးယား စမ်းသပ်မှုကြောင့် ကုလသ
မဂ္ဂက ဒဏ်ခတ်အရေးယူမှု ချမှတ်ခဲ့ တာတွေအပေါ် မြောက်ကိုရီးယား
က မကျေမနပ် ဖြစ်နေတာပါ။

ref:VOA ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် မြင့်လာတာ နဲ့အမျှ မြောက် ကိုရီး ယားနိုင်ငံ က တောင်ကိုရီးယားနဲ့ ဆက်သွယ်ရေးမှာ နောက်ဆုံး ကျန်နေသေးတဲ့ စစ်ဘက် အရေးပေါ် ဆက်သွယ်ရေး လိုင်း ကို ဖြတ်တောက် လိုက်ပြီလို့ပြောလိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီသာ ဆောင်ရွက် သွားပါမည်

မိတ္ထီလာမြို့၌ သာမန်ဈေး အရောင်းအဝယ် အချင်းများရာမှ လူအုပ်စုဖြင့် အဆောက် အအုံ များ၊ ဈေး ဆိုင်ခန်းများ ဖျက်ဆီးခြင်း၊ ဆူပူ အကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့် မြို့နယ်၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ဖောက်ဖျက်မှုများ ဖြစ်ပေါ် ခဲ့ခြင်းကြောင့် ဒေသ ဆိုင်ရာ လုံခြုံရေးဝန်ထမ်းများက အခြေအနေအား ထိန်းသိမ်းခဲ့ရပါသည်။ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် မတ်လ

မတ် ၂၇ ရက်ညက ရန်ကုန်မြို့၌ လုံခြုံရေးဆောင်ရွက်နေမှု မြင်ကွင်းများ

Photo: ပဋိပက္ခများ ဖြစ်ပေါ်နိုင်သည်ဟု သတင်းများ ထွက်ပေါ်မှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ မတ်လ ၂၅ ရက် ညပိုင်းမှ စတင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များက အထိုင်ကင်းများ၊ လှည့်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၇ ရက်ညပိုင်းတွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဋိပက္ခများ ဖြစ်ပေါ်နိုင်သည်ဟု သတင်းများ ထွက်ပေါ်မှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ မတ်လ ၂၅ ရက် ညပိုင်းမှ စတင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ ဝင်များက အထိုင်ကင်းများ၊ လှည့်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၇ ရက်ညပိုင်း တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ်၊မုန့်စက်ရုံ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍

မတ်လ ၂၈ ရက် နံနက် ၆ နာရီ ၅၀ မိနစ်

တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန် ၂၊ သံလွင်လမ်းရှိ မုန့်စက်ရုံတစ်ရုံသည် မတ်လ ၂၈ ရက်နေ့ နံနက် ၅နာရီ ၅ မိနစ်အချိန်မှ စတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း မီးငြှိမ်းသတ်နေသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အတိအကျ သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်း အဓိကရုဏ်းသတင်း နောက်ဆက်တွဲ

ပုတီးကုန်းမှာ နေအိမ်တွေကို ဖျက်စီးမှု ဖြစ်ပွား

မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီပတ်ဝန်းကျင်ကစပြီး ပုတီးကုန်းမြို့မှာ အင်အား သုံးရာကျော်ရှိတဲ့ လူအုပ်ကြီးက ဝင်ရောက်ဖျက်စီးတဲ့အတွက် ယခုအချိန်ထိ အိမ်ရှစ်လုံး ၊ဆိုင်ခန်းလေး ခန်းနဲ့ပလီ တစ်လုံး တို့ ပျက်စီးခဲ့ပါတယ်။