Saturday, July 28, 2012

၈၈ ခေါင်းဆောင်တွေ အမေရိကန် သံအရာရှိတွေနဲ့တွေ့ဆုံ (ဓါတ်ပုံ)


သျှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများဆက်ဖြစ် ဒေသခံများလူ့အခွင့်အရေးချိုးဖေါက်ခံရ

သျှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများဆက်ဖြစ် ဒေသခံများလူ့အခွင့်အရေးချိုးဖေါက်ခံရ
*******************************************************
ကြာသပတေးနေ့၊ ဂျူလိုင်လ 26 ရက် 2012 သျှမ်းသံတော်ဆင့်သတင်း

သျှမ်းပြည်မြောက်ပိုင်း မန့်တုန့်မြို့နယ်အတွင်း ကချင်စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွါးသော မြန်မာအစိုးရစစ်တပ်က ဒေသခံလူထု၏ ထော်လာဂျီ၊ ကားများချောဆွဲကာ တပ်ခြံစည်းရိုးကာခိုင်းကြောင်း ဒေသတွင်း သတင်းရပ်ကွက် ကဆိုပါသည်။


သျှမ်းပြည်တနေရာ၌ အစိုးရတပ်မှချောဆွဲထားသော ဒေသခံနွားလှည်းများ

ပြည်ချစ်သား စဉ်းစားစေချင်သည် (၃)

 from - http://dr-myochit.blogspot.com 

 ( KIA နဲ့ စစ်တပ်ကြား  သမိုင်းကြောင်းကို  သိချင်တဲ့ လူတွေ ဖတ်သင့်တယ် ဆောင်းပါးပါ။)


၂၃-၆-၂ဝ၁၂ ရက်နေ့ကမြဝတီ သတင်းစာ မှာမြစ်ကြီး နားမှာ ရှိတဲ့ ဒုက္ခ သည်စခန်းကို ဒုက္ခ သည် ယောင် ဆောင်ပြီး လာနေတဲ့ KIA က တပ်ကြပ်အဆင့် လထော် ဘရန်ရှောင် သတင်းကို ပြည်ချစ်သား ဖတ်ရလား။ မြစ်ကြီးနား မြို့ပေါ်မှာ ဒုက္ခသည် စခန်း ၂ဝ လောက်ရှိတယ်။ အဲဒီမှာ တိုက်ပွဲတွေ ဖြစ်လို့ တကယ် ဒုက္ခရောက်ပြီး ရောက်လာကြတဲ့ ရွာသားတွေ ရှိသလို KIA ရဲ့မိသားစုတွေ လည်းရှိကြ တယ်ဗျ။ ဇွန်လကုန် လောက်ကမြစ်ကြီးနား တိုင်းမှူးက အဲဒီနေရာ တွေကို သွားကြည့်ပြီး ထောက်ပံ့ တာတွေ ဘာတွေ လုပ်ပေးတယ်။ ပြီးတော့ တောင်ယာ စပါးစိုက်ချိန် ဆိုတော့ ကိုယ့်ရွာကိုယ် ပြန်နေကြ၊ လိုတာ အကူ အညီ ပေးမယ် ဆိုပြီး ပြောတယ်လို့ သိရတယ်။ အောက်ခြေမှာ ကျတော့ KIA က မပြန်ခိုင်းဘူးပြန်ရင် ဘာဖြစ် မယ် ညာဖြစ်မယ်နဲ့၊ KIA စစ်သား လုပ်ခိုင်းမယ်၊ သတ်ပစ်မယ် လို့ဖြစ်နေတော့ ဘယ်သူက ပြန်ရဲမှာ လည်းဗျာ။ ကျုပ်တို့ မြစ်ကြီးနား မြို့ပေါ်က လူတွေ ဒုက္ခသည် စခန်းဆိုတဲ့ နေရာတွေကို မသွားရဲဘူး၊ Inline  ဖြစ်ရင် ကိစ္စ မရှိဘူး၊ မဟုတ်ရင်  မိသားစု အသက်ဘေးက စိုးရိမ်ရတယ် ဆိုတာ ကျုပ်တို့ဘဲ သိတယ်။

ပြည်ချစ်သား စဉ်းစားစေချင်သည် (၂)

 from - http://dr-myochit.blogspot.com 

 ( KIA နဲ့ စစ်တပ်ကြား  သမိုင်းကြောင်းကို  သိချင်တဲ့ လူတွေ ဖတ်သင့်တယ် ဆောင်းပါးပါ။)

 ပြည်ချစ်သား စဉ်းစားစေချင်သည် (၂)

၂-၂-၂ဝဝ၁၂ ရက်နေ မှာလဲတာ လောကြီးက ကလေး ၁၂  ယောက်ကို ဖမ်းသွားပြီး မိန်းကလေး ၄  ယောက်ကို  အဓမ္မပြုကာပြန်လွှတ် လိုက်တယ်ဆိုတဲ့ သတင်းကို အင်တာနက်မှာ ၁၃-၂-၂ဝ၁၂ နေ့က ဖတ်လိုက် ရပြန်တယ်။ 


ပြည်ချစ်သား စဉ်းစားစေချင်သည် (၁)

 from - http://dr-myochit.blogspot.com 

 ( KIA နဲ့ စစ်တပ်ကြား  သမိုင်းကြောင်းကို  သိချင်တဲ့ လူတွေ ဖတ်သင့်တယ် ဆောင်းပါးပါ။)

ပြည်ချစ်သား စဉ်းစားစေချင်သည် (၁)

Views

Tuesday,July 17,2012 ရက်စွဲဖြင့် အင်တာနက် ပေါ်တွင် ပြည်ချစ်သား ရေးသားထား သော ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ကျွန်တော် ကိုယ်တိုင် ငြိမ်းချမ်းရေး ကိစ္စကို စိတ်ဝင် စားတာက တစ်ကြောင်း၊ ကျွန်တော် မသိသေးတဲ့ အကြောင်း တရားတွေရှိနိုင် သလို ဆောင်းပါးရှင် မသိသေးတဲ့ အကြောင်း တရားတွေ လဲ ရှိနိုင်မယ် လို့ယူဆပြီး ဒီဆောင်းပါးကို ရေးကြည့် လိုက်ပါတယ်။

လားရှိုးမှာ ရေကြီး

ဓါတ်ပုံတွေကို https://www.facebook.com/ElevenMediaGroup က ယူထားပါတယ်။  မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်ကတော့  " ဂြိုဟ်တုကနေ ကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်မှာ ရေကြီးဖို့ အလားအလာ မြင့်မားတဲ့ဧရိယာတွေ ရှိနေတယ်။ ဆိုလိုတာက အချိန်မရွေး ရေကြီးမှုတွေ ကြုံတွေ့နိုင်တယ်။ ဘယ်ဒေသတွေကို တွေ့နိုင်သလဲဆိုတော့ ကချင်၊ စစ်ကိုင်း အထက်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဖြစ်တဲ့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး ဒေသတွေမှာ ရေကြီးမှု အလားအလာ
တွေ မြင့်မားနေတယ်။ အဲဒါက နာဆာက ပြောထားတာ ဖြစ်တယ်။ ဒီစကားလည်း မှန်ပါလိမ့်မယ်။ မိုး ခုထက် ပိုကောင်း လာရင်တော့ ရေကြီးတယ်ဆိုတဲ့ အဆင့် ရောက်တော့မှာပေါ့။ အခုတော့ ရေလွှမ်းတယ်ဆိုတဲ့အဆင့်ကို ရောက်နေပြီ။  "     ပြောထားပါတယ်။



 

အွန်လိုင်းပေါ်ရောက်လာတဲ့ စစ်တပ်ပိုင် မြ၀တီသတင်းစာ

တပ်မတော် သတင်းစာလို့ ပြောလို့ရတဲ့ မြ၀တီ သတင်းစာက သတင်းတွေကို အောက်ကလင့်တွေမှာ ဖတ်လို့ရပါတယ်။
- http://www.mwdmedia.net/

အောက်ကတော့ မြ၀တီ သတင်းစာရဲ့ Facebook စာမျက်နှာပါ။
 https://www.facebook.com/mwdmedia

အဲဒီ ဆိုက်တွေမှာ မြ၀တီသတင်းစာပါ သတင်းတွေကို အချိန်မှန်မှန် ဖေါ်ပြပြီး  လွတ်လွတ်လပ်လပ် Commet ပေးခွင့်ရှိရင်တော့  မြန်မာပြည်သူတွေကြားမှာ စည်ကားတဲ့ နေရာ ဖြစ်လာမှာ မလွဲမသွေပါဘဲ။ဒါပေမဲ့လဲ ဒုတိယ ကမ္ဘာစစ်ပြီးကာစက Ideology  နဲ့ ရေးသားထားတဲ့ ဆောင်းပါးတွေ ဆိုရင်တော့ အဆဲခံတာ ပိုများပါလိမ့်မယ်။ ပြည်သူတွေ စာဖတ်သူတွေ ဘာတွေ ကြိုက်တယ်ဆိုတာ သတင်းစာတိုက်က လူတွေက ပိုသိမှာပါ။
  အရင်တုန်းကတော့   အစိုးရရဲ့ အတွင်းရေး သတင်းတွေ၊  ဆင်ဆာထိမဲ့ သတင်းတွေ ဆောင်းပါးတွေကို ပြည်ပ မီဒီယာဖြစ်တဲ့ BBC VOA  RFA DVB  ဧရာဝတီ စသည်တို့မှာဘဲ ဖတ်ရခဲ့ရတာပါ။ အဲဒီဆိုက်တွေတောင် ပိတ်ထားလို့   ပြည်တွင်းက လူတွေက ကျော်ခွ ပြီးဖတ်ခဲ့၇တာ၊ ခုတော့ အဲဒီဆိုက်တွေလဲလဲ လွတ်လပ်စွာ ဖတ်ခွင့်ရနေပါပြီ။ အရင်တုန်းကဆို ဘလော့မှန်သမျှ ပိတ်ထားခဲ့တာပါ။ နောက်မှ နိုင်ငံရေး ဘလော့တွေကို ပဲ ပိတ်တယ်။ အခု အစိုးရ လက်ထက်မှတော့ အကုန်လုံးက open ဖြစ်ကုန်ပါပြီ။ မီဒီယာ လွတ်လပ်ခွင့်လဲ ရလာတော့ ပြည်တွင်း မီဒီယာတွေရဲ့ သတင်းတွေဟာ ပြည်ပ အခြေစိုက် မီဒီယာတွေသတင်းထက် ပိုပြီး အရည်အသွေးရှိတဲ့ သတင်းထူး သတင်းမှန်တွေ ဖတ်လာရပါတယ်။ ခုတော့ အင်တာနက် စသုံးရင် ပြည်တွင်း အခြေစိုက် ဂျာနယ်တွေ၇ဲ့ ၀ဘ်ဆိုက်နဲ့ Facebook  ကို အရင်ဖွင့်ကြည့်ဖြစ်တာပါ။

ကြိုးတုပ်ပြီး ခေါ်သွားမယ်တဲ့

The Voice ဂျာနယ်ပါ ပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သတ်ပြီး ရေးထားတဲ့ ဆေားင်းပါးပါ။ ဖတ်လို့ ကောင်းပါတယ်။ ဖတ်ချင်ရင် ဒီမှာ ဖတ်လိုက်ပါ။

အောက်ခြေက မပြောင်းဘူးတဲ့လား ( ၂ )

  from-http://doctorsatephwar.blogspot.com/

အောက်ခြေက မပြောင်းဘူးတဲ့လား ( ၂ )


မေး ။      ။ ခုဆရာပြောတာတွေကလဲ ပြင်ရဆင်ရမယ့်အရာတွေပါဘဲ ၊ ဒါတွေ ပြောင်းလာဘို့အတွက် လိုအပ်ချက်တွေ အများကြီး ဆိုတာတော့ ထားပါတော့လေ ၊ ဒါပေမယ့်တစ်ခုရှိတာက ခုဌာနဆိုင်ရာရုံးတွေကို သွားလိုက်ရင် ပြည်သူကို တန်းတူမဆက်ဆံဘူးဆရာ ၊ အာဏာပြချင်တယ် ၊ အော်ချင်ငေါက်ချင်တယ် ၊ မျက်နှာ ရှစ်ခေါက်ချိုး သူ့လုပ်စာစားနေတဲ့ပုံစံမျိုးနဲ့ ဆက်ဆံတယ် ဒါကတော့ ခုန ဆရာပြောသလို မလိုဘူးမဟုတ်လားခင်ဗျာ ချက်ချင်းပြင်လိုက်ရင် ရနိုင်တာပဲ ခုတော့မပြင်ဘူးဆရာ ဒါကို ဆရာဘယ်လိုပြောမလဲ.......။

ဒေါက်တာဆိတ်ဖွား ။      ။ (ရယ်လျှက်) မောင်ရင် အဲဒါအခက်ဆုံးပေါ့ကွာ....... ဒါပြင်ဘို့ဆိုတာက သိပ်ခက်တယ် ၊ သူက အချိန်ပိုယူရလိမ့်မယ် မထင်ရင် ဂျန်နရေးရှင်း ၂ ဆက်လောက်ကြာသွားနိုင်တယ် ၊ မင်းတို့ ကိုယ်တို့ သက်တမ်း မှာ မမီနိုင်တော့ဘူး ထင်တာပဲ ...။

မေး ။     ။ ဟာ.. မဟုတ်တာပဲဆရာရယ် ချက်ချင်းပြင်လို့ ရရမှာပေါ့ဗျာ ....။

ဒေါက်တာဆိတ်ဖွား ။      ။ ဒါက ခုနပြောခဲ့သလို mindset ကွ .....၊ ခေါက်ရိုးကျိုးနေတဲ့ မြန်မာတွေရဲ့အကျင့် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာတာ သိပ်ပြင်ရခက်တယ် ၊ ဥပမာဆိုပါတော့ မြန်မာတွေ အိမ်မွေးတိရစ္ဆာန် မွေးတာကိုကြည့် ဒီအထဲမှာ သခင်ကိုတုန့်ပြန်မှုအကောင်းဆုံးဆိုတဲ့ ခွေးမွေးတာကိုပဲကြည့် ၊ အနောက်နိုင်ငံတွေမှာ ခွေးကိုဘယ်လိုမွေးလဲ မောင်ရင်လဲသိတယ် ၊ ခွေးကိုလူနဲ့တန်းတူထားတယ် ၊ ကောင်းကောင်းကျွေးတယ် ၊ကောင်းကောင်းထားတယ် ရေချိုးပေးတယ် ဖျားရင်နာရင် ဆရာဝန်နဲ့ကုပေးတယ် ၊ ခွေးနံ့မနံအောင် အမွှေးနံ့သာတွေဘာတွေ သုံးပေးတယ် ခွေးစာကိုတောင် အစာဆိုင်မှာ ခွေး ၁ လသားကနေ ၆ လသားကဘယ်အစာ ၆လက ၁ နှစ်က ဘာကျွေး ဆိုတာမျိုးထိ ရှိတယ် ၊ ပြောချင်တာက ခွေးကိုတောင် ဒီလိုဆက်ဆံတဲ့ လူ့ပတ်ဝန်းကျင်ဟာ လူအချင်းချင်းဆို ဘယ်လို စိတ်ထားမလဲ မောင်ရင်တွေးကြည့်ပေတော့ အများစုက ဒီလိုစိတ်ရှိကြတယ် ချွင်းချက်နဲနဲပါးပါးကလွဲရင် ဒီအတိုင်းပဲ ရှိတယ် ။
မြန်မာပြည်မှာတော့ ခွေးကို ဒီလိုဆက်ဆံဘို့နေနေသာသာ အိမ်ပေါ်တက်ရင်ရိုက်ချတယ် ၊ လူတွေထမင်းစားရင်ခွေးက မျက်နှာငယ်လေးနဲ့ အမြီးနံ့ပြီးစောင့်နေရတယ် ၊ ကျန်မှကျွေးတယ် ၊ ကိုယ်ကျွေးမှ စားရမယ်မှန်းသိရက်နဲ့ အကုန်စားပစ်ပြီး အရိုးပဲကျွေးတယ် ၊ဒီတော့ခွေးခမျာ ဗိုက်ဆာလို့ တွေ့တာလေးစားမိရင် ခွေးသူခိုးဆိုပြီး ရိုက်တယ် တွေ့တာနဲ့ကောက်ပေါက်တယ် နောက်ဆုံးခွေးတွေဟာ လူတွေစွန့်တဲ့ မစင်ကို စားရတဲ့အဖြစ်ရောက်သွားတယ် ၊ ခွေးဖျားရင် သြော် ... သတ္တ၀ါတခု ကံတခုပေါ့လေ ဖျားရှာပြီ ဆိုပြီး ဒီတိုင်းကြည့်နေလို့ သေသွားတဲ့ မြန်မာခွေးတွေ မရေမတွက်နိုင်တော့ဘူး ၊ တော်တော့ကိုနေနိုင်ကြတယ် ၊ အိမ်ပေါ်တက်တဲ့ လှေခါးအောက်ဆုံးထစ်ကလေးမှာ ကလေးတစ်ယောက်ယောက်ကများ ထိုင်နေမိရင် ခွေးကတစ်မှာ ထိုင်ရကောင်းလားဆိုပြီး ခလေးဖင်ကို ရိုက်တဲ့အမေတွေလဲ တပြုံကြီးရှိတယ် ကိုယ့်မြန်မာခွေးတွေ မရေမတွက်နိုင်ရှိပါရက်နဲ့  ပြည်ပကခွေးကို ဈေးကြီးပေးဝယ်ပြီး မွေးတယ် ၊ ခွေးနဲ့လမ်းလျောက်တယ် ၊ မြန်မာ ခွေးကို လက်ကဆွဲပြီးလမ်းလျှောက်တဲ့သူများ မောင်ရင်တွေ့ဘူးလား မြန်မာပြည်မှာ ခွေးဖြစ်ရတာ ခွေးဖြစ်ရှုံးတယ် ဒီထက်ရှင်းအောင်ပြောရရင် ခွေးအခွင့်အရေးချိုးဖေါက်ခံနေရတယ် ပြောချင်တာက မြန်မာတွေဟာ ကိုယ်ကကျွေးမှစားရတဲ့ခွေး ကိုယ်ပြုသမျှနုရတဲ့ခွေးလေးတွေကိုတောင် ဒီလိုဆက်ဆံရင် ကိုယ့်ဖာသာရပ်တည်နိုင်တဲ့ လူအချင်းချင်းကျတော့ ပိုဆိုးတော့တာပေါ့ကွာ ဒီအကျင့်ကြီးက ကလေးလူကြီးအကုန်စွဲနေတာကွ .... သိပ်ပြင်ရခက်တယ် ။
မေး ။     ။ ဒါကတော့ခွေးကိုး... ဆရာရယ် 
ဒေါက်တာဆိတ်ဖွား ။     ။ ခွေးမှမဟုတ်ဘူးမောင်ရင် .... လူအချင်းချင်းလဲ ဒီအကျင့်ကြီးကပါနေတယ် ၊ ဥပမာပြောရရင် အိမ်ဖေါ်လုပ်တဲ့ကလေးတွေကို အိမ်ရှင်ကဘယ်လိုဆက်ဆံလည်း ၊ လူလိုမအိပ်ရဘူး ကြမ်းပြင်လိုဟာမျိုး ၊  မီးဖိုချောင်နောက်ကအခန်းလို ဟာမျိုးမှာအိပ်ရတယ် စားတော့လဲဒီအတိုင်းပဲ အိမ်ရှင်စားပြိး အကျန်တွေစုကျွေးတယ် ၊ရုပ်ရည်ကလေးသနားကမားရှိတဲ့ အရွယ်မရောက်တရောက် အိမ်ဖေါ်ကလေးတွေကို " ဒီရုပ်မျိုးပေါ့ လင်ထောင်တယ်ဆိုတာ " " ညီးကိုဒီအတိုင်းထားလို့မဖြစ်ပါဘူးအေ အိမ်ကဟာကြီးကလည်းညီးကို မျက်နှသာပေးကပေးနဲ့ ဒီတော့ ညီး ကတုံးတုန်းရမယ် ကတုံးမတုန်းရင် အိမ်ပေါ်က ခုမြန်မြန်သာကြွပေတော့ " ဆိုလို့ အိမ်ဖေါ်လေးတွေခမျှာ ကတုံးတုံးရရှာတယ် ပြီးတော့ ဒီအတိုင်းမနေသေးဘူး " ကတုံးမ " လို့ပါခေါ်လိုက်သေးတယ် သူဒီလို နှိမ့်နှိမ့်ချချခေါ်ချင်သလိုခေါ်လိုက်တာကိုပဲ ကလေးက " ဟုတ်ကဲ့မေမေကြီး " " ဟုတ်ကဲ့မမလေး " ဆိုပြီးထူးရရှာတယ် ၊စိတ်ပျက်စရာမကောင်းဘူးလား ၊ နောက်ပြီးမနက်မိုးမလင်းခင် ထရတယ် ၊ အိမ်ရှင်အိပ်ပြီး ည ၁၁ ကျော်မှ အိပ်ရတယ် ၊ တနေ့အလုပ်ချိန်ဟာ ၁၈ နာရီလောက်ဖြစ်နေတယ် ၊ ဒီကြားထဲ သူတို့စိတ်နဲ့မတွေ့ရင် ရိုက်တယ် နှက်တယ် ၊ တွေ့တာနဲ့ ကောက်ပေါက်တယ် ၊အိမ်ဖေါ်ကလေးတွေဖျားရင် ဆရာဝန်တို့ဘာတို့မပြဘူး ဆရာမောင်ဆေးနီမှုန့်လောက်နဲ့ပဲ ကုတယ် ဒီကြားထဲ "  အမလေးတော် ကိုယ်ကအကူရမလားဆိုပြီး ခေါ်ထားပါတယ် တကထဲ ဒင်းကို ပြန်ပြုစုနေရတယ် မြန်မမြန်ပျောက်ကင်းတော်မူပါ သခင်မလေးရယ် " ဆိုပြီး ရွဲ့တာလိုလို စောင်းတာလိုလိုနဲ့ ဟိုဖျားနေတဲ့ကလေးကို စိတ်မဆင်းရဲ ဆင်းရဲအောင်လုပ်တယ် ၊အိမ်ကကလေးတွေက အိမ်ဖေါ်နဲ့ဆော့ရင် မတူတဲ့မတန်တဲ့ဟာနဲ့ ဆော့ရကောင်းလားဆိုပြီး ပိုးစိုးပက်စက်ပြောတယ် ခုန ခွေးနဲ့ ဘာထူးလဲ ၊ ဒီလိုအဆက်ဆံခံနေရတယ် ၊ တနေကုန် ၁၈ နာရီလောက်အလုပ်လုပ်နေပါလျှက် ဒီလိုဆက်ဆံခံနေရတယ် ၊ သြော်သူ့ခမျာ ပင်ပင်ပန်းပန်း လုပ်နေရရှာတာပါလား ၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေရှာတာပါလားဆိုပြီး လူရာသွင်းဆက်ဆံတဲ့သူ မရှိသလောက်ကိုရှားတယ် ၊  ခွေးနဲ့ ဘာထူးတော့လည်း ..... သိပ်ကိုရင်နာဘို့ကောင်းတယ် မောင်ရင် ...

ဒါဥပမာတစ်ခုပြောတာနော် လ္ဘက်ရည်ဆိုင်ပိုင်ရှင်နဲ့စားပွဲထိုး ၊ ကုမ္ပဏီပိုင်ရှင်နဲ့ သူ့ဝန်ထမ်း ၊ ဒရိုင်ဘာနဲ့စပယ်ယာ ၊ ၀ပ်ရှော့ဆရာနဲ့အလုပ်သမား ခြုံပြောရရင် အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေးအကုန်လိုလိုမှာ ဒီအတိုင်းပဲ  နေရာအကုန်လုံးလိုလို ဒီအတိုင်းဖြစ်နေတယ် အထက်စီး အသာစီးရတဲ့သူတိုင်းလိုလိုက သူတို့အောက်ကလူတွေကို အထက်စီးကနေ ဆက်ဆံတာ ခုန မောင့်ရင့်စကားနဲ့ပြောရရင် အာဏာပြနေတာ နေရာတိုင်းလိုလို ဖြစ်နေတယ် ၊ ဒါကိုမောင်ရင်က အစိုးရ၀န်ထမ်းတွေပဲရွေးပြင်ရမယ်ဆိုတော့ ဘယ်တရားပါ့မလဲကွာ .....

မြန်မာတပြည်လုံးမှာရှိတဲ့ မြန်မာတိုင်း မြန်မာတိုင်းက ဒီနေ့ကစပြီး တက်ညီလက်ညီပြင်ကြပါမှ နောက် အနှစ် ၂၀ လောက်ကြာရင် အပြောင်းအလဲဖြစ်လာနိုင်မယ့်ကိစ္စကြီးကို တွေးပြီး စိတ်ပူနေရင် မောတာပဲရှိမယ် ... လောကကြီးဟာသူဖြစ်ချင်သလို ဖြစ်နေတယ်လို့နားလည်ထားလိုက်စမ်းပါမောင်ရင်ရာ......
 Voice Of  Myanmar

အောက်ခြေက မပြောင်းဘူးတဲ့လား (၁)

  ဖတ်သင့်သည့် ဆောင်းပါးဖြစ်ပါသည်။

 from -http://doctorsatephwar.blogspot.com/

 

အောက်ခြေက မပြောင်းဘူးတဲ့လား (၁)

 
မေး ။     ။ ခုတစ်လောအပြောများနေတာက အစိုးရသစ်လက်ထက်မှာ သမ္မတကြီးနဲ့ အပေါ်ပိုင်းက အပြောင်းအလဲ လုပ်နေပေမယ့် အောက်ပိုင်းကပါမလာဘူး ၊ ခေါင်းပြောင်းတယ် ကိုယ်မပြောင်းဘူး စသည်ဖြင့်ပေါ့လေ ပြောနေကြတာတွေရှိတယ် ကျွန်တော့်အမြင်လည်း ဒီအတိုင်းပဲရှိတယ် ဒီအပေါ်ဆရာ့ရဲ့ သဘောထားလေး ပြောပေးပါဦး

ဒေါက်တာဆိတ်ဖွား ။     ။ ပြောရရင်တော့ mindset ပေါ့လေ နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာတဲ့ mindset ကို ပြင်ဘို့ဆိုတာ နေ့ချင်းညချင်း ဒီလို ဖြစ်လာနိုင်ဘို့မလွယ်ပါဘူး ၊ အချိန်အတော်ယူရပါ့မယ် ၊ နောက်တစ်ခုက ထိပ်ပိုင်းက ပြောင်းလဲမှုကရော အောက်က လိုက်ပြောင်းနိုင်လောက်အောင် အောက်ကိုဆင်းလာပြီလား ဆိုတာလည်း မေးခွန်းထုတ်စရာပါဘဲ ၊ ဥပမာဆိုကြပါစို့ ၀န်ကြီးတွေ ကိုယ်တိုင်ရုံးထိုင်တဲ့ ဒီရုံးတွေမှာတောင် သိသာတဲ့ ပြောင်းလဲမှုတွေ မတွေ့ရသေးပါဘူး ၊ တန်းတူထား ဆက်ဆံမှုတွေ မရှိသလောက်ပါဘဲ  မိမိတာဝန်ကျေနေပါလျှက်အာက်ကလူက အထက်က လူကိုကြောက်နေရတုန်းပါဘဲ တခါ အထက်ကလူကလည်း အောက်လူက သူ့တာဝန်သူကျေနေပေမဲ့ သူ့သိသာတဲ့လေးစားမှုမျိုးနဲ့ မဆက်ဆံရင် ၊ မရိုကျိုးရင် စိတ်ကွက်ကြ  ၊ မှတ်ထားပြီး အရေးကြုံရင်ဆော်ကြ ၊ နေရမပေးပဲ ချောင်ထိုးထားကြတွေ ရှိနေတုန်းပါဘဲ   တာဝန်သိမှု တာဝန်ယူမှုတွေ ၊ အပြန်အလှန်ထိမ်းကျောင်းမှုတွေ ၊ အောက်ခြေအဆင့်ဆင့်ထိ တိကျတဲ့ အာဏာခွဲဝေမှုတွေ မတွေ့ရသေးပါဘူး တခုခုလုပ်မယ်ဆိုရင် အထက်အဆင့်ဆင့်တင်ပြနေရတုန်း အထက်ကအမိန့်လာမှ အောက်က လုပ်နေရတုန်းပါ ဒီတော့ အောက်ခြေရဲ့ သိသာတဲ့ပြောင်းလဲမှုဆိုတာ ဘယ်တွေ့ရပါ့မလည်းလေ ၊ ဒါလည်းခုန လိုပေါ့ အချိန်ယူရဦးတော့မှာပေါ့ ....။

မေး ။     ။ အဂတိ လိုက်စားမှုကရောဆရာ ၊ ဒါက တစ်ကိုယ်ရေနဲ့ပဲ ဆိုင်တယ်မဟုတ်လားခင်ဗျ 

ဒေါက်တာဆိတ်ဖွား ။     ။ ဒီလိုတော့လည်း ပြောလို့မရဘူး ဒီ အဂတိလိုက်စားတယ် ဆိုတာကလည်း မောင်ရင် ၀န်ထမ်းတစ်ယောက်ဖြစ်ဘူးမှ ထဲထဲဝင်ဝင်သိမယ် ၊ ဥပမာအနေနဲ့ ပြောရရင် အဂတိလိုက်စားမှုမှာ လူပြောသူပြောများတဲ့ ရဲတပ်ဖွဲ့ အကြောင်းလေးပြောပြမယ် ၊ ဆိုပါတော့ ပုဂံညောင်ဦးမြို့မှာရှိတဲ့ ညောင်ဦးခရိုင်ရဲစခန်းကလေးဆိုပါတော့ ၊ ဒီရဲစခန်းကလေးဟာ ညောင်ဦးလေဆိပ်အပါအ၀င် အဓိက ကျတဲ့ဘုရား ပုထိုး နေရာတော်တော်များများ  ၊ လုံခြုံရေး တာဝန်ယူထား၇တယ် ၊ တခုခုဖြစ်ရင် သူ့တာဝန် ၊ စိန်ဖူးပျောက်ရင် ၊ ရှေးဟောင်းလက်ရာတွေအဖျက်ခံရရင် သူ့တာဝန် ၊ ခရိုင်အတွင်းတရားဥပဒေစိုးမိုးရေး သူ့တာဝန် ၊ တစ်ခရိုင်လုံးမှာဖြစ်တဲ့ ထမီခိုးမှုကအစ လူသတ်မှုထိ ဖြစ်ရင်လည်းသူ့တာဝန် ၊ နိုင်ငံခြားသားဘုရားဖူးတွေ လုံခြုံရေးလဲ သူ့တာဝန် ၊ ဟိုးထိပ်ဆုံးကနေ ခရိုင်မှူးထက်ကြီးတဲ့ သောင်းခြောက်ထောင်သော လူကြီးများ လူကြီးမိသားစုများ ဘုရားဖူးအဆင်ပြေအောင်ပို့ဆောင်ပေးရေး တည်းခိုနေထိုင်စားသောက်ရေးလည်း သူ့တာဝန် ၊ အရေးကြီးပုဂ္ဂိုလ် လုံခြုံရေးလည်းသူ့တာဝန် ၊ ယာဉ်တန်းတွေ လမ်းကြောင်းလုံခြုံရေးလဲ သူ့တာဝန် ဒီလို ပြောရင် မဆုံးတော့ဘူး တာဝန်တွေက အများကြီး ဒီလိုတာဝန်ထမ်းဆောင်နိုင်ဘို့အတွက် နိုင်ငံတော်က ဘာပေးလည်း မောင်ရင်သိလား 

မေး ။      ။ မသိဘူးဆရာ ဆက်ပါဦး 


ဒေါက်တာဆိတ်ဖွား ။     ။ လစာကလွဲလို့ ဘာမှ မပေးဘူး ၊ ဘာဆိုဘာမှမပေးဘူး ၊ ခရိုင်မှူးမှာဂျစ်အစုတ်တစီးရှိတယ် ဆီ ၁ ဂါလံမှမပေးဘူး ၊ပြင်ဆင်စရိတ်မပေးဘူး ၊ အဲဒီ့အပြင်လဲ ဘာကားမှမရှိတော့ဘူး ကဲ မောင်ရင်ဆိုရင် ဘယ်လိုလုပ်မလဲ ၊ ဒီလောက်ကြီးတဲ့ လုံခြုံရေးယန္တယားကြီးလည်ပတ်ဘို့ တပြားမှမပေးဘူး ၊ ခုထိလည်းမပေးသေးဘူး ရဲသားလေးတွေဟာ ယူနီဖေါင်းကိုယ့်ဖာသာချုပ်ဝတ်ရတယ် ၊ ကိုယ့်ဖာသာ ချုပ်ဝတ်တာတောင်မကောင်းရင်အထက်ကဆူတယ် ၊ ပြည်သူကစုတ်ပြတ်နေတာပဲလို့အပြောခံရတယ် ၊ လုံခြုံရေးတာဝန်ကျနေရာကို ဘယ်သူမှမပို့ဘူး ကိုယ့်ဖာသာရောက်အောင်သွားရတယ် ဒီတော့ ဆိုင်ကယ်တားစီးတာတွေ ကားတားပြီးအလကားစီးတာတွေ ဖြစ်လာတယ် ၊ လုံခြုံရေးတာဝန်ကျနေရာမှာသုံးဘို့ ဆက်သွယ်ရေးစက် ထုတ်မပေးဘူး ကိုယ့်ဖာသာကိုဝယ်ကိုင်ရတယ်  ၊ဒီစက်က မရှိရင်မဖြစ်ဘူး ဒီတော့မရှိရှိအောင်လုပ်ရတယ် လစာကလည်းစားဘို့တောင်မလောက်ဘူးဆိုတော့ တရားမ၀င် လုပ်ငန်းတွေကနေ တောင်းရတဲ့အဖြစ် ရောက်သွားတယ် ၊ နောက်  လမ်းကြောင်းလိုက်ဖို့ကားမရှိဘူး ဒီတော့ ချောဆွဲရတယ် ၊ ထည့်စရာဆီမရှိဘူး တရားမ၀င်ဆီဆိုင်တွေကနေ ထည့်ရတယ် ၊  ပြောရင်ဆုံးမှာမဟုတ်ဘူး ။

ရုံးကိစ္စတွေမှာလည်းဒီအတိုင်းပဲ စတေရှင်နရီ ပေးတာက ထုတ်ရမဲ့နေရာကိုသွားမထုတ်ပဲ လမ်းစရိတ်နဲ့ဝယ်လိုက်ရင် အဲဒီထက်ပိုရတယ် ဒီတော့ ဘယ်သူမှ ဒုက္ခခံပြီး မထုတ်ချင်ဘူး ၊ ဟော.... ဒါပေမယ့်မရဘူးဗျာ မထုတ်ရင် စတေရှင်နရီဘာနဲ့သုံးလဲဆိုပြီး စာရင်းစစ်ကကန့်ကွက်တယ် ၊ ပို့လိုက်ရတဲ့ပြန်တမ်းတွေ  ၊ လုပ်လိုက်ရတဲ့အမှုတွဲတွေ ၊ တက်လိုက်ရတဲ့အစည်းအဝေးတွေ ခရီးစရိတ်မပေးဘူး  ၊ အသုံးစရိတ်မရှိဘူး ကိုယ်ပြောချင်တာက ဒီအောက်ကလူတွေ ပြောင်းအောင် ၊ ပြောင်းနိုင်အောင်ရော အထက်က အစီအမံတွေက အောက်ကိုရောက်ပြီလား ဆိုတာမေးခွန်းထုတ်စရာဖြစ်လာတယ် ။သင့်တင့်တဲ့လုပ်ခလစာတွေပေးပြီးပြီလား ၊ မူလအစိုးရယန္တယားကြီးကိုယ်တိုင်က အောက်ခြေက အဂတိလိုက်စားမှုမပါဘဲ လည်ပတ်နိုင်ပြီလားဆိုတာ မေးခွန်းထုတ်စရာတွေ အများကြီးရှိလာတယ် ၊ ဒါကဥပမာတစ်ခုပေးတာနော် ကျန်တဲ့ဌာနဆိုင်ရာတွေမှာလည်း အလားတူကိစ္စတွေ အများကြီးရှိတယ် ။


 မူလအစိုးရယန္တယားကြီးကိုယ်တိုင်က အဂတိမလိုက်စားပဲ မလည်ပတ်နိုင်သ၍ အဂတိလိုက်စားမှုဆိုတာ ဘယ်တော့မှ မပျောက်နိုင်ဘူး ၊ပြီးတော့ နောက်ဆက်တွဲအနေနဲ့ ဒီအစိုးရယန္တယား လည်ပတ်အောင်လုပ်ရာကနေ ကိုယ်ကျိုးရှာမှုတွေ ဆက်ရှိနေဦးမှာပဲလို့ပြောချင်တယ် ။


( ဒုတိယပိုင်း မနက်ဖြန် ဖေါ်ပြပါမည် )

Voice Of Myanmar

၂၈.ရ.၂၀၁၂ သတင်းများ

 - ကချင်ပြည်သူတွေရဲ့ ဒုက္ခ (ဓာတ်ပုံ) click
- ငြိမ်းချမ်းရေးခိုင်မာဖို့ တပ်ရင်း ၂၀ ကျော်မှ ၇ ရင်း ဆုတ်ပေးရန်လိုဟု ဆို click
- အပစ်ရပ် တိုင်းရင်းသားဒေသများကို မူ ၅ ရပ်ဖြင့် နော်ဝေး ကူညီနေ click
- ပါကစ္စတန်ရှိ တာလီဘန်အဖွဲ့ မြန်မာကို ခြိမ်းခြောက် click
- ကျောက်တော်မြို့နယ် သုံးခွကျေးရွာတွင် ဘင်္ဂါလီမူဆလင် ၀င်ရောက် ခြိမ်းခြောက် click
- အရေးပေါ်အခြေအနေ သြဂုတ်လ ၈ ရက်နေ့ ကုန်မည်ဟု စစ်တပ် ပြောဆို click
- ဘူးသီးတောင်တွင် ဖမ်းဆီးခံ အန်ဂျီအိုဝန်ထမ်း ၃ ဦးကို ရုံးထုတ်၊ အရပ်သား ၆ ဦး ထောင် ၁၀ နှစ်စီချ click
- ယူအန်နှင့် အိုင်အန်ဂျီအို ဆန့်ကျင်ပိုစတာများ ရဲက သိမ်းဆည်း click
- ဂေါက်ကွင်းအတွက် စစ်တပ်က လယ်သိမ်းမှု နိုင်ငံတော် သမ္မတကြီးထံ စာရေး တိုင်ကြား click
- လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ဂူတောင်ကျေးရွာတွင် သေဆုံးသွားသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ် click
- သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် မွမ်းမံပြင်ဆင်ရေး ၀ိုင်းဝန်းပံ့ပိုးရန် နှိုးဆော် click
- ရွှေည၀ါဆရာတော် အရှင်ပညာသီဟ ဆန်ဖရန်ဘေးသို့ ချောမောစွာ ရောက်ရှိ click
- ကလေးစစ်သားအဖြစ် တာဝန်ထမ်းဆောင်ရာမှ နှုတ်ထွက်ခွင့်ရဖို့ မိဘဖြစ်သူတွေ အကူအညီတောင်းခံ click
 - ငွေကံ့ကော်စက်ရုံမှာ ဆန္ဒပြ click
- ဦးဝင်းတင်ရဲ့ဆောင်းပါး ရွေးကောက်ပွဲကော်မရှင် ခေါ်ယူဆွေးနွေး click
- ဒီလှိုင်းဂျာနယ် ဆောင်းပါးအတွက် NLD ကို သတိပေး click
- လယ်သမားနဲ့ စစ်တပ်ပြဿနာ ဝန်ကြီး သွားရောက်ဖျန်ဖြေ click
- အစိုးရဝန်ထမ်းများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေး click
- ၈၈ မျိုးဆက်နှင့် အမေရိကန်သံရုံး ပထမအတွင်းဝန် တွေ့ဆုံဆွေးနွေး click

- “မုန်တိုင်းအန္တရာယ်ကို ဘယ်လိုနည်းနဲ့မှ လျှော့တွက်လို့ မရဘူး” - ဒေါက်တာဦးထွန်းလွင် (မိုးလေဝသပညာရှင်) နှင့် တွေ့ဆုံခြင်း click
- မြန်မာပို့ကုန် ပိတ်ပင်တဲ့ ဥပဒေ သက်တမ်းမတိုးနိုင်သေး click
- ပိတ်ဆို့မှု သက်တမ်းတိုးရင် မြန်မာ့စီးပွားရေး ထိခိုက်နိုင်ကြောင်း အိုင်စီဂျီ သတိပေး click
- တိုင်းရင်းသားအခွင့်အရေး ဥပဒေပြဋ္ဌာန်းရေးအဆို အတည်ပြု click
- ကင်တားနား ခရီးစဉ်အတွင်း ရခိုင်အခြေအနေ ရှင်းပြမည် click
- ရွေးကောက်ပွဲစနစ် ပြောင်းဖို့ ၁ဝ ပါတီ တင်ပြ click
- မြန်မာမှာ စီးပွားရေးလုပ်မယ့် ဂျပန်လုပ်ငန်းအဖွဲ့ click
- အခမဲ့ ဆေးဝါးကုသရေး အစီအစဉ် မြို့နယ်ဆရာဝန်က ပိတ်ပင် click
- မြန်မာအသင်း စတင် ယှဉ်ပြိုင် click
- အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ မြန်မာ ၂၀၀ ဝင်ပြိုင်မည် click
- မြန်မာအားကစားလောကရဲ့ လက်ရှိအနေအထားနဲ့ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ဘာတွေလုပ်သင့်သလဲ (မြန်မာ့အရေး ကမ္ဘာ့အရေး) click
မြစ်ဆုံဆည် ဆက်ဆောက်နိုင်ရန် ကချင်အစိုးရအဖွဲ့ကို CPI ချဉ်းကပ် click
- မြန်မာ့သွင်းကုန် တားမြစ်ချက် စက်တင်ဘာလကုန်ပိုင်းမှာ ကုန်ဆုံးမည် click
- မြန်မာ့ပို့ကုန် အမေရိကန် ပြန်လက်ခံဖွယ်ရှိ click
- လယ်မြေအသိမ်းခံ တောင်သူများကိစ္စ စုံစမ်းဖော်ထုတ်ရန် လွှတ်တော်တွင် အတည်ပြု click

- တိုင်းရင်းသားလူမျိုးများအခွင့်အရေးဥပဒေ အဆို အတည်ပြု click
- တိုင်းရင်းသားကာကွယ်ရေး ဥပဒေ သတ်သတ်မှတ်မှတ် ရှိသင့် click
- KIA အား စစ်ဆင်ရန် အစိုးရတပ်ဖွဲ့၏ အရေးပေါ် အစည်းအဝေး click
- ကချင်စစ်ပြေးခြံများမှ ဒညှင်းသီးများကို မြန်မာအစိုးရစစ်သားများ ခူးယူ ရောင်းစားနေ click
- ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျန်းမာရေးအဖွဲ့များ ငှက်ဖျားတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက် click
- နိုင်ငံတကာ မာရသွန်အပြေးပြိုင်ပွဲ ရန်ကုန်မှာ ကျင်းပဖို့ စီစဉ်နေ click
- နယ်စပ်ဖြတ်ကျော် လိုင်စင်မဲ့ကားများ ဥပဒေအရ အရေးယူမည် (ပေးစာ) click
- ၂၃ ကျောင်းမြောက် အမေ့အားမာန် အခမဲ့ ပညာဒါနကျောင်း ဖွင့်လှစ် (ရုပ်သံ) click
- လောကနာထစေတီတော် ထီးတော်တင်ပွဲ (ဓာတ်ပုံသတင်း) click
- ကာတွန်း သော်က လက်ရာများ အမှတ်တရ ပြသ click
- မအီမလည် ဇလုံးစခုမြို့ (ကဗျာ) click
- ဒါတွေကို နောက်ပြန်မလှည့်ဘူးနော် (ကာတွန်း) click
- သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ/မ ၁၂၀,၀၀၀ သုံးမည် click
- ပွင့်ဖြူ လူသတ်မှု သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီး click
- ကချင်ပြည်နယ် ဝန်ကြီးချုပ် ညီမ ခြိမ်းခြောက်ခံရ click
- ကြံ့ခိုင်ရေးပါတီ စည်းရုံးရေး တိုးချဲ့လုပ်နေ click
- ကဏ္ဍငါးခုတွင် အပစ်ရပ်များအား နော်ဝေ တိုက်ရိုက် ကူညီမည်ဆို click
- ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ) click
- ဦးဝင်းတင် ပြောတဲ့ မြန်မာ့ဒီမိုကရေစီ အလင်းရောင် (ရုပ်သံ) click
- အလုပ်သမားအရေးဝန်ကြီး ဦးဆောင်ဆွေးနွေး (ရုပ်သံ) click
- ကျောင်းသားတို့ ပြောစကားများ (ရုပ်သံ) click
- ကျားမြီးဆွဲသူများအကြောင်း (ဆောင်းပါး) click
- သုံးဘက်မြင် ဒိုင်မေးရှင်းကို တီးခေါက်ကြည့်ခြင်း (ဆောင်းပါး) click
- မိုင်းလားမြို့ ရေလျှံ၊ သေကြေ ပျောက်ဆုံး ပျက်စီးမှုများရှိ click
- “မရဏရှပ်ပြေး” လက်ကမ်းစာစောင် ဗန်းမော်တွင် ဖြန့်ဝေ click
- ကော့သောင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ လည်ပတ်တော့မည် click
- ပလက်ဝမြို့တွင် လျှပ်စစ်မီးရရှိသည့် အချိန်တိုးပေးရန် နိုင်ငံတော်သမ္မတထံ လက်မှတ်ထိုး ပေးပို့ click
- မြန်မာအလုပ်သမား ၃ ဦး ပစ်ခတ်ခံရပြီးနောက် ကျန်သူများ အလုပ်မဆင်းရဲ click
- ထိုင်းတွင် သေနတ်ပစ်ခံရ၍ မြန်မာနှစ်ဦး သေဆုံး click
- ကျွမ်းကျင်လုပ်သား လိုအပ်ချက် ဖြည့်ဆည်းရန် ပညာရှင်တို့ သတိပေး click
- ငါးဖမ်းခွင့် ပိတ်လိုက်သဖြင့် လက်လုပ်လက်စား ငါးဖမ်းသမားများ အခက်အခဲဖြစ် click

- Facebook အရှုံးပေါ် click
- လူတိုင်း လက်နက်ကိုင်ဆောင်ခွင့်နဲ့ အမေရိကန်ဥပဒေ click

- အိုလံပစ်ဖွင့်ပွဲအတွက် လှုပ်ရှားမှုများ (ဓာတ်ပုံ) click

စစ်သွေးကြွ၊ အကြမ်းဘက်များရဲ့ ပစ်မှတ် ဖြစ်လာနေကြောင်း ဖော်ပြထားတဲ့ သတင်း ဖြစ်ပါတယ်။

https://www.facebook.com/hmuu.zaw
ဝါဒဖြန့်ချိမှုများ၏ အကျိုးဆက်အားဖြင့် ကမ္ဘာ အရပ်ရပ်မှ အကြမ်းဘက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ ဆက်တိုက် ပေါ်ထွက်လာ
မြန်မာနိုင်ငံအနေဖြင့် အကြမ်းဘက်တိုက်ခိုက်မှုများအား ကြိုတင် ကာကွယ်ရေး၊ အကြမ်းဘက်အဖွဲ့အစည်းများ၏ ဆက်သွယ်လှုပ်ရှားမှုများအား စောင့်ကြည့်ဖော်ထုတ်ရေးဝ အကြမ်းဘက်တိုက်ဖျက်ရေး စသည်တို့တွင် အသင့်ဖြစ်နေရန် လိုအပ် ကြောင်း Asia Times ဆောင်းပါးတွင် ဖော်ပြထား။