Thursday, August 29, 2013

အမေရိကန်စစ်ပြင်၍ ရွှေဈေးဆက်တိုက်တက်

အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် ရေနံစိမ်းဈေးနှင့် ကမ္ဘာ့ရွှေဈေးများ မြင့်တက်ခြင်းနှင့် အတူ ပြည်တွင်းရွှေဈေးလည်း ဆက်တိုက် တက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

မသန်စွမ်းဖြစ်သွားသည့် စစ်သားဟောင်းများ တစ်နှစ်လျှင် ကျပ်သုံးသောင်းသာ ထောက်ပံ့ကြေးရ

စစ်တပ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါ ချို့ယွင်း ခဲ့ရသည့် စစ်သားများသည် တစ်နှစ်လျှင် ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒု-၀န်ကြီး၏ သြဂုတ် ၂၈ ရက်က လွှတ်တော်တွင် ရှင်း လင်းဖြေကြားချက်တွင် ပါရှိသည်။

"ကင်တားနားရဲ့ကားကိုရိုက်ပုတ်တာဟာ မဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို"

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ကားကို မိတ္ထီလာမှာ ရိုက်ပုတ် ခဲ့ကြတဲ့လုပ်ရပ်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့လုပ်ရပ်တခုပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဝေဖန်လိုက်ပါတယ်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်ပြန်ပို့မည်

W-29-8
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မေလက တရားမ၀င် အလုပ်သမားများနှင့် စပ်လျဉ်း၍  စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-မျိုးညွန့်)
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်သို့ ချက်ချင်းပြန်ပို့ရန် မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက စီစဉ်နေကြောင်း သိရသည်။

အတန်းပိုင်ဆရာမက ခုနစ်နှစ်အရွယ် ကျောင်းသားကို နှုတ်ခမ်းပေါက်ပြဲကာ နှာခေါင်းသွေးထွက်အောင် ရိုက်နှက်မှုအပေါ် မိဘများက တိုင်ကြားမည်ဟုဆို

ဒဂုံမြို့နယ် အ.မ.က(၁) ကျောင်းတွင် ပညာသင်ကြားနေသော ခုနစ်နှစ်အရွယ် ဒုတိယတန်း ကျောင်းသားကို အတန်းပိုင် ဆရာမက ရိုက်နှက်သောကြောင့် အောက်နှုတ်ခမ်းပေါက်ပြီး နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်မြတ်မော်မော်အေးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထား

B-29-8
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားလာပါက ဖြစ်စဉ်အား ကြီးထွားလာမှု မရှိစေဘဲ အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ရင်းများ ကွပ်ကဲရေး ရဲတပ်ဖွဲ့မှ သိရသည်။

ဘင်္ဂါလီ ကျောင်းသားများ တက်ရောက်သင်ကြားနေသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိ

K-29-8
စစ်တွေမြို့နယ် အတွင်းရှိ ယာယီစာသင်ကျောင်းများကို တွေ့ရစဉ်
ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီ ကျောင်းသားများသာ သီးသန့်တက်ရောက် သင်ကြားနေကြသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိကြောင်း ပညာရေးဌာနမှ သိရသည်။

ဆီးရီးယားကို သြဂုတ် ၂၉ ရက်တွင် စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း အမေရိကန် ပြောကြား

I-29-8
ပြင်သစ်လေယာဉ်တင်သင်္ဘော ချားဒီဂေါကို ၂၀၁၁ ခုနှစ် သြဂုတ်က ပြင်သစ်တောင်ပိုင်းဆိပ်ကမ်း တိုလွန်တွင် တွေ့ရစဉ်
ဆီးရီးယားတွင် အစိုးရက အရပ်သားများကို ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့ပြီးနောက် အမေရိကန်နှင့် မဟာမိတ်တပ်များသည် ဆီးရီးယားကို တိုက်ခိုက် ရန် ပြင်ဆင်နေကြောင်း ခန့်မှန်းမှုများ မြင့်မားနေချိန်တွင် အမေရိကန် ထိပ်တန်း တာဝန်ရှိသူ များက ဆီးရီးယားကို သြဂုတ် ၂၉ ရက် အစောဆုံးထား တိုက်ခိုက်ဖွယ်ရှိကြောင်းကို NBC News ပြောကြား ခဲ့ကြောင်း သိရသည်။ သို့သော် ဆီးရီးယား အစိုးရကို အပြောင်းအလဲ ပြုလုပ်ရန် မဟုတ်ဘဲ သမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရအား အပြစ်ပေးရန်သာ ရည်ရွယ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ အိမ်ဖြူတော်သည် အာဆတ်အစိုးရကို ဖြုတ်ချရန် မစဉ်းစားကြောင်း အမေရိကန်သမ္မတ ဘာရက် အိုဘားမား ပြောခွင့်ရပုဂ္ဂိုလ် ဂျေးကာနေးက ပြောကြားခဲ့သည်။

သာကေတမြို့နယ် မြကန်သာ သောက်သုံးရေကန်တွင် အစ္စလာမ်ဘာသာဝင် သုံးဦးက အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် သက်ဆိုင်ရာက ရေနမူနာယူပြီး စစ်ဆေးနေ

S-29-8
အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့သည့် သာကေတမြို့ နယ်ရှိ မြကန်သာ သောက်ရေကန် အား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
သာကေတမြို့နယ် ၄/တောင်ရပ်ကွက်ရှိ မြကန်သာ သောက်သုံးရေကန် အတွင်းသို့ အစ္စလာမ် ဘာသာဝင် သုံးဦး အဆိပ်လာခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် လူစုလူဝေး ဖြစ်ပေါ်ခဲ့သောကြောင့် သက်ဆိုင်ရာမှ အဆိုပါ သောက်သုံးရေကန်အတွင်းမှ ရေကိုနမူနာယူကာ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။