Tuesday, May 26, 2015

မြန်မာကလေးငယ် ၂ ဦး အာဆီယံကျောင်းသားများ သိပ္ပံတီထွင်ဆုရရှိ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျောင်းသားကလေးငယ် ၂ ဦးဟာ မလေးရှား နိုင်ငံကပေးတဲ့ အာဆီယံလူငယ်များ သိပ္ပံဆိုင်ရာ တီထွင်မှုပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ရရှိသွားပါတယ်။

အိန္ဒိယတွင် အပူလှိုင်းကျ၍ လူ ၅၀၀ ကျော်သေဆုံး

အိန္ဒိယနိုင်ငံတွင် ပြင်းထန်သည့် အပူလှိုင်းကျရာ တစ်ချို့ဒေသများတွင် အပူချိန် ၄၈ ဒီဂရီ စင်တီဂရိတ် အထိရှိပြီး သေဆုံးသူလည်း အနည်းဆုံးလူပေါင်း ၅၀၀ကျော် ရှိသည်။

နေတိုးနှင့် နောဒစ်နိုင်ငံများ အာတိတ်သမုဒ္ဒရာအောက်ပိုင်းတွင် စစ်ရေးလေ့ကျင့်

နောဒစ်နိုင်ငံများ၏ လေတပ်များသည် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး မစ်ရှင်ကို အတုယူလျက် အာတိတ် သမုဒ္ဒရာအောက် ဖက်တွင် မေ ၂၅ က စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း ဆွီဒင်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဇာဗီကို အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ရန် ပီအက်စ်ဂျီကြိုးပမ်းနေ


ပြင်သစ်လိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းသည် ဘာစီလိုနာအသင်းမှ ကာတာကလပ် အယ်လ်ဆတ်သို့ ပြောင်းရွှေ့တော့မည့် စပိန်ဝါရင့်ကွင်းလယ်ကစားသမား ဇာဗီကို အငှားစာချုပ်ဖြင့် ခေါ်ယူရန် ကြိုးပမ်း လျက် ရှိနေသည်။

လားရှိုးတွင် မိမိရင်သွေးအား မွေးပြီးပြီးခြင်း ဗိုက်ဖောက်သတ်ကာ အမှိုက်ပုံးထဲ စွန့်ပစ် ခဲ့သည့် ၁၇နှစ် အရွယ် မိခင်ကို အရေးယူထား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့(၁၂)တွင် မွေးကင်းစကလေးငယ်ကို မိခင်ဖြစ်သူက ဘရိတ်ဓါးဖြင့် ၀မ်းဗိုက်ဖေါက်ပြီး အူထုတ်သတ်ကာ အမှိုက်ပုံးထဲစွန့်ပစ်ခဲ့သဖြင့် ဖမ်းဆီး အရေးယူထားကြောင်း လားရှိုး မြို့နယ် ရဲတပ်ဖွဲ့မှ သိရှိရသည်။

စစ်မှုထမ်း တာဝန်များပြီး ဆုံးပြီဖြစ်တဲ့ ဆောင်ဂျောင်ကီ

တောင်ကိုရီးယားမင်းသား ဆောင်ဂျောင်ကီသည် မေ ၂၅ရက်က စစ်မှုထမ်းတာဝန်များပြီးစီးခဲ့ပြီဖြစ် ကြောင်း   စစ်မှုထမ်းတာဝန်များ ကို နှစ်နှစ်နီးပါးကြာ ထမ်းဆောင်ခဲ့သည်။

ယူအန်က နီပေါ ငလျင်ဘေးအတွက် အကူအညီများ တိုး၍ တောင်းခံ


နီပေါတွင် ပြင်းအား ၇ ဒသမ ၈ ငလျင်ဒဏ်ခံရပြီး တစ်လကျော်ပင်ရှိချိန် အိုးအိမ်မဲ့သွားသူများအတွက် ခိုလှုံစခန်းများဆောက်လုပ်ရန်နှင့် စားနပ်ရိက္ခာတို့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက တစ်ကမ္ဘာလုံးက ပို၍ အကူအညီများပေးရန် ပြောကြားခဲ့သည်။ပြန်လည်ထူထောင်ရေး လုပ်ငန်းများထက် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်နေကြောင်း ယူအန် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ဖမ်းဆီးထားသည့် တပ်မတော်သား လေးဦး လွတ်မြောက်လာ

 လောက်ကိုင်တိုက်ပွဲတွင် ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးထားခဲ့ သည့် တပ်မတော်သား လေးဦး လွတ်မြောက်လာပြီဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
ယင်းတပ်မတော်သားလေး ဦးမှာ ပြီးခဲ့သည့် ဧပြီလကုန်က ကိုးကန့်တပ်ဖွဲ့(MNDAA)ခြေကုပ် ယူထားသော ပွိုင့်(၂၂၀၂)တောင် ကုန်းကို အစိုးရတပ်မတော်က တိုက်ခိုက်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ ၎င်းတို့ပြန်လည်လွတ်မြောက်လာပြီဖြစ် ကြောင်း အတည်ပြုသော်လည်း အသေးစိတ် အခြေအနေကိုမူ မပြောနိုင်ကြောင်း ရဲတပ်ဖွဲ့ကဆို သည်။

သကြားကို ပိုမိုစားသုံးခြင်းကြောင့် ရရှိနိုင်သောဆိုးကျိုးများ

သကြားသည် စွဲလမ်းစေနိုင်သည်။ သို့သော် သကြားကို လွန်ကဲစွာ စားပါက ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သကြားကို လိုအပ်သည့် ပမာဏထက် ပို၍မစားမိစေရန် ရှောင်နိုင်သမျှ ရှောင်ရှားသင့်သည်။သကြားအလွန်အကျွံစားသုံးခြင်း၏ဆိုးကျိုးများကို အာဟာရ ပညာရှင်နှင့် ကိုယ်အလေးချိန်လျှော့ချရေးအတိုင်ပင်ခံ ဒေါက်တာ ဆမ်ရန်ဆိုင်နီက ရှင်းပြထားသည်။
အမျိုးသမီးများအနေဖြင့် တစ်နေ့လျှင် သကြားကို လက်ဖက် ရည်ဇွန်းခြောက်ဇွန်းထက်ပို၍ မစားသင့်ဘဲ အမျိုးသားများ ကိုးဇွန်းထက် ပို၍မစားသင့်ဟု ကျွမ်းကျင်သူများက အကြံပေးထားသည်။
ကျွန်တော်တို့အများစုမှာ သကြား၏ဆိုးကျိုးများကို(သို့မဟုတ်)စားသင့်သောပမာဏကို စဉ်းစားခြင်းမရှိဘဲ အလွန်အကျွံ စားသုံး တတ်ကြသည်။ အရသာကောင်းအောင်၊ တာရှည်ခံအောင် ဖန်တီး ထားသော အစားအစာများတွင် သကြားပမာဏများစွာပါဝင်သည်။ အအေးသံဘူးတစ်ဘူးတွင် သကြားခုနစ်ဇွန်းအထိ ပါဝင်သည်။ အအေးခွက်ကြီးတစ်ခွက်တွင် သကြားလက်ဖက်ရည်ဇွန်း ၄၄ ဇွန်းအထိ ပါဝင်နိုင်သည်။

"မဲစာရင်းကို စိတ်ဝင်စားကြပြီ"

ရန်ကုန်တိုင်း အစွန်အဖျားမြို့နယ်များအပါအ၀င် မြို့ နယ် ၁၃ မြို့နယ်တွင် မဲစာရင်းများ စတင်ကပ်ထားပေးရာ မြို့တွင်းဧရိယာမြို့နယ်များ၌ ပထမအကြိမ် မဲစာရင်းကပ်ထားခြင်းထက် ပြည်သူလူထုစိတ်ဝင်စားမှု ပိုမိုမြင့်တက်လာကြောင်း သတင်း ရရှိသည်။

‘တတိယမျက်လုံး’စီးရီးနဲ့ ပရိသတ်ရှေ့ပြန်လာမယ့် ဟစ်ဟော့ပ်အဆိုရှင်ရသ

ပရိသတ်များနှင့် နှစ်အတန်ကြာကင်းကွာနေသည့် အဆိုတော်  ရသက   ‘တတိယမျက်လုံး’ဟု အမည်ပေးထားသည့် တစ်ကိုယ်တော်အခွေကို ဇူလိုင်လအတွင်း အွန်လိုင်းမှဖြန့်ချိသွားမည်ဟုပြောသည်။
 ‘‘သီချင်းစုစုပေါင်း ၁၄ ပုဒ် လောက်ပါမယ်။ အွန်လိုင်းကနေ ဇူလိုင် ၂၄ ရက်မှာ စပြီးဖြန့်မယ်။ သုံးပိုင်းခွဲပြီးရောင်းမယ်’’ဟု တတိယမျက်လုံးတစ်ကိုယ်တော် အခွေဖြန့်ချိမည့်အကြောင်းကို ရသကပြောသည်။

"သစ်တောဝန်ထမ်းတွေ သမိုင်းတရားခံ ဖြစ်နေပြီလား" တောရိုင်းမြေများ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ သစ်တောဝန်ကြီးသတိပေး

တောရိုင်းမြေများ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ သစ်တောဝန်ထမ်းများ သမိုင်းတရားခံမဖြစ်စေရန် ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက သစ်တောဌာန၀န်ထမ်းများအား ပြောကြားသည်။

သိမ်းဆည်းခံ အုန်းခြံများ ပြန်လည်ရရှိရေး ငွေဆောင်ဒေသခံများ လမ်းလျှောက်ဆန္ဒပြ

 ငွေဆောင်ကမ်းခြေမှ ဒေသခံတစ်ရာကျော် စုပေါင်း၍ သိမ်းဆည်းခံထားရသည့် အုန်းခြံများပြန်ပေးရန် မေလ ၂၅ ရက် နံနက်က ငွေဆောင်မြို့မှ ဘူးကွဲကြီးကျေးရွာအထိ ခုနစ်မိုင်ကျော်လမ်းလျှောက်ကာ ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြခဲ့ကြသည်။

သတင်းပေး ခြိမ်းခြောက်မှုတစ်ခုကြောင့် ပြင်သစ်လေကြောင်းလေယာဉ်ကို အမေရိကန် F-15များ ခြံရံပျံသန်းခဲ့

မည်သူမည်ဝါမှန်း မသိသူ တစ်ဦး၏ ဆက်သွယ် ခြိမ်းခြောက်မှုကို ခံခဲ့ရသည့်နောက် ပြင်သစ်လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးကို အမေရိကန်လေတပ် တိုက်လေယာဉ်များက ခြံရံလိုက်ပါ ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၂၅ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ပျံသန်းလာသည့် ပြင်သစ်လေကြောင်း ခရီးစဉ်အမှတ် ၂၂ လေယာဉ်ပေါ်တွင် ဓာတုလက်နက်တစ်မျိုး သယ်ဆောင်လာကြောင်း ဆက်သွယ် သတင်းပေးမှု တစ်ခုကြောင့် အမေရိကန် လေတပ်၏ F-15 နှစ်စီးက လုံခြုံရေးအရ ခြံရံလိုက်ပါခဲ့ရခြင်း ဖြစ်သည်။

လော်ခီးလာမှာ သတင်းကောင်း ကြားရမလား ?


လော်ခီးလာဆိုတာ KNU အဖွဲ့ရဲ့ နယ်မြေအတွင်းက ဒေသတစ်ခုဖြစ်ပါတယ်။ အဲဒီနေရာမှာ မြန်မာနိုင်ငံအတွက် အလွန် အရေးပါတဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု မကြာမီရက်ပိုင်းမှာ ပြုလုပ်မယ်လို့ သိရပါတယ်။ လက်ရှိ ဒီမိုကရေစီအသွင် ပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သက်တမ်းဟာ လေးနှစ်ကျော်ကာလသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ မကြာမီ ရွေးကောက်ပွဲတွေ ကျင်းပပြီး တိုင်းပြည်တာဝန်ကိုလည်း ဘယ်သူတွေက လက်ဆင့်ကမ်း ထမ်းဆောင်ကြဦးမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ စိတ်ဝင်စားနေကြတာလည်း အမှန်ပဲဖြစ်ပါတယ်။

မက္ကဆီကိုတွင် လေဆင်နှာမောင်းတိုက်ခတ်၍ လူ ဒါဇင်ကျော်သေဆုံး


မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း ကူဒက်အက်အူနာ နယ်စပ်မြို့တွင် လေဆင်နှာမောင်းတိုက်ခိုက်ရာ လူ အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့သည်။
ကောဟူလာ ပြည်နယ်တွင်းရှိသည့် ယင်းမြို့တွင် လေဆင်နှာမောင်းဒဏ်ကြောင့် အိမ်ခြေရာနှင့် ချီကာ ပျက်စီးခဲ့သည်။

နှစ်နှစ်နီးပါး ရှိပြီဖြစ်သည့် ဒလမြို့နယ်အတွင်းက အမျိုးသမီးတစ်ဦး သေဆုံးမှုအတွက် ပြန်ခေါ်သက်သေများ စစ်ဆေး

ဒလမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်အတွင်းက ဖြစ်ပွားခဲ့သည့် အတက် ရောဂါရှိသည့် အမျိုးသမီး တစ်ဦး
သေဆုံးခဲ့သည့် ဖြစ်စဉ်အတွက် ပြန်ခေါ်သက်သေများကို စစ်ဆေးနေသည်ဟု ဒလမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃၊ ဇူလိုင် ၃ ရက်က ဒလမြို့နယ်၊ ညောင်ကုန်းရပ်ကွက်တွင် နေထိုင်သည့် ဒေါ်လှလှစိန်သည် အလုပ်သမား
ဆေးရုံတွင် ဆေးကုသမှုခံယူ နေစဉ် သေဆုံးသွားခဲ့သဖြင့် ဒလမြို့မ ရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်ခဲ့သည်။

ရန်ကုန်လမ်းများ ရေမမြုပ်အောင်မလုပ်နိုင်သေးဘဲ ရေအမြန်ကျအောင်သာ လုပ်နိုင်ဟု စည်ပင်ပြောကြား


မေလ ၂၃ ရက်က ရွာသွန်းခဲ့သော မိုးကြောင့် ရန်ကုန်မြို့တွင် ရေလျှံနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
လက်ရှိအနေအထားအရ မိုးသည်းထန်လာလျှင် ရန်ကုန်မြို့ရှိလမ်းမများ ရေနစ်မြုပ်မှုမဖြစ်စေရန် လုပ် ဆောင်နိုင်ဦးမည်မဟုတ်ဘဲ လမ်းမပေါ်ရှိရေများ အမြန်ဆုံးပြန်ကျသွားနိုင်ရန်သာ လုပ်ဆောင် နိုင်သေး ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိ သည်။

အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင့်မည့် ခန့်မှန်းချက်များကြောင့် အာရှ ရှယ်ယာဈေး အကျဘက် ယိမ်း

ငွေဖောင်းပွမှုနှုန်း မြင့်တက်လာပြီး အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ၏ မာထန်သည့် လေသံက ဗဟိုဘဏ် သည် အတိုးနှုန်းများကို မြှင့်တင်မည့် လမ်းကြောင်းပေါ် ရောက်နေပြီဆိုသော ခန့်မှန်းမှုများ ကို မီးထိုးပေးခဲ့ ပြီးနောက် အာရှ ရှယ်ယာဈေးမှာ တနင်္လာနေ့၌ လေးလံထိုင်းမှိုင်း သွားခဲ့သည်ဟု ဆိုသည်။

လှေစီးဒုက္ခသည်အများစုက မြန်မာနိုင်ငံမှမဟုတ်တာကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေတစ်စတစ်စနားလည်သဘောပေါက်လာကြတယ်

ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြား၌ တရားမဝင်ရွှေ့ပြောင်း သွား လာသော ပင်လယ်တွင်း လှေစီးဒုက္ခသည်များရောက်ရှိနေပြီး ၄င်းတို့ကို လက်ခံ မည့် နိုင်ငံများမရှိသည့်အတွက် ပင်လယ်အတွင်း၌ ဒုက္ခရောက်မည့် အခြေအနေများ ကြုံတွေ့နေခြင်း အပေါ် နိုင်ငံတကာအသိုက်အဝန်းက စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သတင်းများကျယ်ပြန့်စွာပေါ်ထွက်လာ ခဲ့သည်။ အဆိုပါ သတင်းများနှင့်ပတ်သက်ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေ မှန်များကို ပြည်သူများ သိရှိနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ရန်ကုန်မြို့တော်ရှိ စားသောက်ဆိုင်များအားလုံး ည ၁၁ နာရီပိတ်ရန် အမိန့်ထုတ်

ညဥ့်နက်ချိန် သောက်စားမူးယစ်ရာမှ ခိုက်ရန်ဖြစ်ပွားမှုအပြင် လူသတ်မှု၊ လုယက်မှုများပါ ကျူးလွန် လာမှုများကြောင့် ရန်ကုန်မြို့တော်ရှိ ယစ်မျိုးရောင်းချသော စားသောက်ဆိုင်များကို ည ၁၁ နာရီ ကျော် လွန်သည့်အထိ ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။

ကျောင်းအပ်နှံရေးနေ့စတင် ကျောင်းသားတိုင်း ကျောင်းနေနိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်ဖော်ဆောင်

ဇွန် ၁ ရက်တွင် နိုင်ငံအဝန်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ် တော့မည်ဖြစ် သည်။ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်၏ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးအတွက် ကျောင်းအပ်နှံရေးသီ တင်းပတ်ကို ယနေ့ မေ ၂၅ ရက်မှ မေ ၃၁ ရက်အထိ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထားဝယ်မြို့ ရွှေတောင်စားစေတီတော် အောက်ပစ္စယံတွင် ချိတ်ဆွဲထား ရှိမည့် ခေါင်းလောင်းကြီး စတင်သယ်ဆောင်မည်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွှေတောင်စားစေတီတော် အောက်ပစ္စယံ အင်္ဂါထောင့်မြေကွက် လပ်ပေါ်တွင် ချိတ်ဆွဲထားရှိမည့် မဟာ ဝိဇယခေမသီတလနိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီးကို သွန်းလောင်းခဲ့သည့် မန္တလေးမြို့ တမ္ပဝတီရပ် တောင်ဆင်တဲကျောင်းတိုက်မှ ထားဝယ်မြို့သို့ မေ ၂၆ ရက် နံနက် ၇ နာရီအချိန်တွင် အောင်စည်အောင်မောင်းများ တီးခတ်ပြီး ရွှေမိုးငွေမိုးရွာသွန်းကာ စတင် သယ်ယူ မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေ အလိုအလျောက်လဲစက်များ ယခုဘဏ္ဍာနှစ်အတွင်း တပ်ဆင်မည် ဟုဆို

နိုင်ငံခြားသား ခရီးသည်များနှင့် ပြည်သူများ ငွေလည်ပတ်မှု အဆင်ပြေရေးအတွက် နိုင်ငံခြားငွေ အလို အလျောက် လဲလှယ်ပေးသည့် Foreign Exchange ATM စက်များကို ယခုဘဏ္ဍာနှစ် (၂၀၁၅-၁၆) အတွင်း မြို့ ကြီးများတွင် တပ်ဆင်သွားမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က မေ ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ပြည်တွင်းတွင် နိုင်ငံအဆင့် ဆိုင်ဘာလုံခြုံရေး ဆောင်ရွက်ထားမှု သုည အဆင့်သာ ရှိဟုဆို

ပြည်တွင်းတွင် နိုင်ငံအဆင့် ဆိုင်ဘာ လုံခြုံရေးအတွက် ဆောင်ရွက်ထားမှု မရှိသလောက် ဖြစ်နေပြီး သုည အဆင့်သာရှိကာ ဆိုင်ဘာတိုက်ခိုက်မှုများ အတွက်လည်း သီးခြားကာကွယ် ဆောင်ရွက်မည့် အဖွဲ့အစည်း များမရှိဟု ရန်ကုန်တိုင်းဒေသကြီး၊ ကွန်ပျူတာပညာရှင်အသင်း၊ နည်းပညာကော်မတီဥက္ကဋ္ဌ ဦးရဲကျော်သိန်း က မဇ္ဈိမကို ပြောသည်။