Wednesday, October 30, 2013

လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်




Photo: လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်
 Wednesday, October 30, 2013

လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်
လိုင်ဇာမြို့မှာ ဒီနေ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းဆွေးနွေး ပွဲကို စတင်ပြုလုပ်နေပြီဖြစ် ပါတယ်။ UNFC အဖွဲ့အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်းတွေ လည်းလာပြီးး တက်ရောက်တာတွေ့ရပါတယ်။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေ အတွက်တော့ မျှော်လင့်စောင့်စားရတဲ့ ငြိမ်းချမ်းရေး အိပ်မက်ဟာ တကယ်အကောင်အထည်ပေါ်လာပြီလို့ ပြောရင်း ၀မ်းသာ နေကြပါတယ်။

ဒီတစ်ကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးဟာ တစ်နိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လက်ခံမလား လက်မခံဘူးလားဆိုတဲ့ အဖြေနှစ်ခုကို အဓိကထားပြောဆိုကြမယ်လို့ သိရပါတယ်။ အောက်တို ဘာလထဲမှာ အစိုးရဘက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်မယ် ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နိုဝင်ဘာလထဲမှာ ကျင်းပမယ် ဆိုပြီး ပြောင်းသွားပြန်ပါတယ်။ အောက်တိုဘာ (၈၊၉၊၁၀) ရက်နေ့တွေ တုန်းက အစိုးရနဲ့ KIO တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့လို့ ဒေသခံအားလုံး ပျော်ခဲ့ ကြတယ်။ KIO ပါတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ဖို့ UNFC ကမျှော်လင့်စောင့်စားခဲ့တယ်နဲ့ တူပါ တယ်။

အခုလိုင်ဇာမှာ ထိပ်သီးအစည်းအဝေး ကျင်းပတာက သက်သေပြနေ ပါတယ်။ ဒီအစည်းအဝေးကနေ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ် စဲရေး ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေကို မမြင်ချင်တော့သလို သေနတ်သံ၊ ဗုံးသံ၊ မိုင်းကွဲသံတွေကို လည်း မကြားချင်တော့ပါဘူး။ ငြိမ်းချမ်းချင်ပါပြီ။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်အတွက် လူနေမှုဘ၀လုံခြုံရေး အာမခံချက် ရချင်လှပါပြီ။ ဒီတော့အဲဒီအစည်းအဝေးက ထွက်ပေါ်လာမယ့် အဖြေကို ကျွန်တော်တို့အနေနဲ့ အကောင်းဘက်ကိုပဲ တွေးထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး အပေါ် သဘောထားအမြင်အမျိုးမျိုးတွေ ထွက်ပေါ်ခဲ့တာ ရှိပါတယ်။ တစ်ဖွဲ့တစ်မျိုး မရိုးအောင်ပြောနေကြမယ့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် ကိစ္စတွေကြောင့် ဒီတစ်ကြိမ်ပြုလုပ်မယ့် အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲကို မပျက်စေချင်တော့ပါဘူး။ ဒီတော့ အစိုးရက လက်သင့်ခံနိုင်တဲ့ တောင်း ဆိုမှုမျိုးတွေကိုသာ UNFC အနေနဲ့ ပြုလုပ်ဖို့ လိုသလို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ထိုနည်းတူစွာ လုပ်ရမှာပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သမျှ တိုက်ပွဲတွေလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်နကြတယ်၊ ဒေသခံတွေက မြေဇာပင်ဖြစ်ရတာပါ၊ အလားတူ အခြားတိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေ မဖြစ်စေချင်တော့ပါဘူး။ တိုက်ပွဲတွေ မဖြစ်အောင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး အပစ်အခတ်ရပ်စဲပြီး တိတိကျကျ လိုက်နာဖို့လိုအပ်တယ်လို့ မြင်မိပါတယ်။ဥပမာ ပြောရရင် လိုင်ဇာ မှာ ပြုလုပ်နေတဲ့ အပစ်အခတ်ရပ်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇာတ်အဖွဲ့ တစ်ဖွဲ့ဟု သဘောထားပါစို့။ ဇာတ်အဖွဲ့မှာပါဝင်ရတဲ့ သဘင်ပညာရှင်အားလုံး စည်းလုံညီညွတ်မှသာ ဇာတ်နာမည် ထွက်လာမှာဖြစ်သလို ပရိတ်သတ်ကလည်း လက်ခံမှာ ဖြစ်ပါတယ်။ 

အဲဒီလို မဟုတ်ဘဲ ကိုယ်ထင်ရာကိုယ်ပြော ကိုယ်လုပ်တာမှ အမှန်ထင်ပြီး တစ်ဖို့တည်းဇွတ်လုပ်နေရင်တော့ ဇာတ်ခေါင်းကွဲသွားမှာ သေချာပါတယ်။ လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့အနေနဲ့ကလည်း ကိုယ့် လူမျိုး ကိုယ့်တိုင်းရင်းသားတွေအတွက် ရှေ့ရှု့ပြီး အစိုးရနဲ့ အပေးအယူသင့်မြတ်နိုင်တဲ့ တောင်းဆိုမှုတွေ ချမှတ်ဖို့ အရေးကြီးပါတယ်။ မဖြစ်နိုင်တဲ့ဟာကို သွားတောင်းရင်တော့ ဇာတ်ခေါင်းကွဲသွားပြီ တစ်ယောက်တစ် ပေါက် ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာရှိတဲ့ တိုင်းရင်းသားများအတွက် တောင်းဆိုမှုတစ်ခုလောက် ပြောချင်ပါတယ်။ လိုင်ဇာမှာ ကတဲ့ အပစ်ရပ်ရေး အကြို ဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့ လိုပါတယ်။

နော်မိုင် ( မြစ်ကြီးနား)
မြန်မာပြည်သား
လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်
လိုင်ဇာမြို့မှာ ဒီနေ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းဆွေးနွေး ပွဲကို စတင်ပြုလုပ်နေပြီဖြစ် ပါတယ်။ UNFC အဖွဲ့အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင် ပိုင်းတွေ လည်းလာပြီးး တက်ရောက်တာတွေ့ရပါတယ်။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေ အတွက်တော့ မျှော်လင့်စောင့်စားရတဲ့ ငြိမ်းချမ်းရေး အိပ်မက်ဟာ တကယ်အကောင်အထည်ပေါ် လာပြီလို့ ပြောရင်း ၀မ်းသာ နေကြပါတယ်။

အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအား တရားစွဲရာ တွင် မြေရှင်သာမက ပန်းရန်၊ လက်သမားအဆင့်အထိ အရေးယူတော့မည်

Photo: အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအား တရားစွဲရာ တွင် မြေရှင်သာမက ပန်းရန်၊ လက်သမားအဆင့်အထိ အရေးယူတော့မည်
Wednesday, October 30, 2013

အဆောက်အအုံများ တရားမဝင်တည်ဆောက်မှုအတွက် တရားစွဲဆို ရာတွင် မြေရှင်သာမကဘဲ ပန်းရန်၊ လက်သမားအ ဆင့်ထိ တရားစွဲဆို မှု ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်ကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ယခုနှစ် စက်တင်ဘာလ တွင်အတည်ပြုခဲ့ပြီးဖြစ်ပြီး ယင်းဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ၄င်းက ပြောသည်။

တရားမဝင် အဆောက်အအုံများ၊ ဆောက်လုပ်သည့် ပန်းရန်၊ လက်သမားများအား တရားစွဲဆိုရေးနှင့် ပတ်သက်၍ ”ဥပဒေပြီးရင် နည်းဥပဒေတွေလိုပါတယ်။ ဘယ်လို လုပ်မလဲ ပေါ့။ ခုက နည်း ဥပဒေတွေရေးဆွဲနေတော့ အဲဒါပြီးရင် စတင်အကောင် အထည်ဖော်ပါ မယ်”ဟု ၄င်းက ပြောသည်။

လက်ရှိတွင်မူ တရားမဝင်အဆောက်အအုံများ ဆောက် လုပ်ပါ က မြေရှင်ကိုသာ တရားစွဲဆိုနေခြင်းဖြစ်ပြီး တရားမဝင် အဆောက် အအုံ ဆောက်လုပ်သည်များမှာ လိုင်စင်မဲ့ကန်ထ ရိုက်များမှဆောင် ရွက်မှုများဖြစ်ကြောင်း၊ တရားမဝင်အဆောက် အအုံ ဆောက်လုပ်သည့် ကန်ထရိုက်များမှာ စည်ပင်မှ လိုင်စင် ချထားပေးသူများမဟုတ်၍ ၄င်းတို့ကို အရေးယူ၍ မရဖြစ်နေ သည်ဟု သိရသည်။

ဥပမာအားဖြင့် ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ်ပါက ၂၃ ပေ x ၄၇ ပေ သုံးထပ်အဆောက်အအုံအတွက် ရန်ကုန်စည်ပင်သို့ ငွေ ၁၁၆၇၄၈ ကျပ်သာပေးသွင်းရမည်ဖြစ်သော် လည်း ခွင့်ပြု ချက်မဲ့ဆောက်လုပ် ပါကကြိုတင်ဆောက်ဒဏ်ကြေးဖြင့် ၈၁ဝ၇၅ဝဝ ကျပ် ပေးသွားရမည်ဟု ရန်ကုန်စည်ပင်မှ သိရသည်။

ယခုနှစ်အတွင်း ရန်ကုန်စည်ပင်မှခွင့်ပြုချက်မဲ့ အဆောက် အအုံ ၁၁၅၇လုံးကို တရားစွဲဆို အရေးယူနိုင်ခဲ့ပြီး ခွင့်ပြုချက် ထက်ကျော်လွန်ဆောက်လုပ်သည့် အဆောက် အအုံ ၅၅ လုံးကို လည်း တရားစွဲအရေးယူနိုင်ခဲ့သည်ဟု သိရသည်။

အဆောက်အအုံ တည်ဆောက်မည်ဆိုပါက ရှစ်ထပ်ခွဲ အထိ ရန်ကုန် စည်ပင်(အဆောက်အအုံ) ဌာနမှ စိစစ်ခွင့်ပြုပြီး ၉ ထပ်မှ ၁၁ ထပ်ခွဲထိကို ရန်ကုန်စည်ပင် ညှိနှိုင်းေ ဆာင်ရွက်ရေး ဌာနက စိစစ်ခွင့်ပြုကြောင်း၊ ယင်းထက်ကျော်လွန်ပါက အထပ် မြင့် အဆောက်အအုံ စိစစ် ခွင့်ပြုရေး(CQHP) သို့ ထပ်မံတင်ပြ ရသည်။

ဝေမာထွန်း
Popular Myanmar News Journal
အဆောက်အအုံများ တရားမဝင်တည်ဆောက်မှုအတွက် တရားစွဲဆို ရာတွင် မြေရှင်သာမကဘဲ ပန်းရန်၊ လက်သမားအ ဆင့်ထိ တရားစွဲဆို မှု ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်ကပြောသည်။

လက်သည်း ခြေသည်း အက်ကွဲခြင်း

Photo: လက်သည်း ခြေသည်း အက်ကွဲခြင်း
Wednesday, October 30, 2013

လက်သည်း ခြေသည်းတွေ အက်ကွဲတာနဲ့ လက်သည်း ခြေသည်း ကြွပ်ဆတ်
တာက ရေ၊ ကြမ်းတမ်းတဲ့ ဆပ်ပြာ၊ လက်သည်းဆိုးဆေး၊ ဖျက်ဆေးတွေနဲ့ ထိတွေ့မှု များလွန်းတာကြောင့် ဖြစ်တတ်ပါတယ်။ လက်သည်း ခြေသည်း အက်ကွဲတာဟာ ကြည့်ရတာ အရုပ်ဆိုးရုံတင် မကပါဘူး။ လက်သည်း
 ခြေသည်းတွေက လက်ချောင်း ခြေချောင်းရဲ့ ထိပ်နေရာတွေကို အကာအကွယ် ပေးထားပါတယ်။ လက်သည်း ခြေသည်းတွေကို ကီရာတင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ကျန်းမာတဲ့ လက်သည်း ခြေသည်းဟာ ချောမွေ့ပြီး အစင်းရာ၊ အချိုင့်ရာတွေ မရှိပါဘူး။ အစက်အပြောက် ကင်းကာ အရောင်က ကြည်လင်နေတတ်ပါတယ်။

ကာကွယ်မှု

လက်သည်း ခြေသည်းတွေ အက်ကွဲပြီး ပုံပျက်ပန်းပျက် ဖြစ်မလာအောင်
 အောက်ပါ နည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။

- လက်သည်းတွေကို သွားနဲ့ မကိုက်ပါနဲ့။ ဒီလို လုပ်တာက လက်သည်း အခြေက အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ လက်သည်းကို လက်သည်းထိပ်နဲ့ ကပ်ပြီး တိုလွန်းအောင် ညှပ်တာက ကူးစက်ပိုး ဝင်တာကို ဖြစ်စေနိုင်ပါတယ်။

- လက်သည်း ခြေသည်းတွေကို ချွန်ထက်တဲ့ လက်သည်းညှပ် ကိရိယာနဲ့ ညှပ်ပေးပါ။ ထိပ်ပိုင်းကို လေးထောင့်ပုံစံ ညှပ်တာက ထိခိုက်မှု နည်းစေပါတယ်။ လက်သည်း မညှပ်ခင်မှာ လာဗန်ဒါဆီကို လိမ်းပြီး မိနစ် အနည်းငယ်ကြာ ထားပေးပါ။ လက်သည်းတွေ နူးညံ့သွားမှ လက်သည်းကို ညှပ်ပေးပါ။

- အိုးခွက် ပန်းကန်တွေကို ဆေးကြောတဲ့ အခါနဲ့ ဓာတုပစ္စည်းပါတဲ့ သန့်စင်ဆေးရည်တွေ၊ ဆပ်ပြာမှုန့်တွေကို သုံးတဲ့အခါ လက်အိတ်စွပ်ပေးပါ။

- ရေထဲမှာ လက်ကို အကြာကြီး စိမ်တာမျိုး မလုပ်ပါနဲ့။ လက်သည်းတွေကို
 ကြွပ်ဆတ်သွားစေနိုင်ပါတယ်။ ရေချိုးကန်ထဲမှာ စိမ်ပြီး ကြာကြာ ရေချိုးရင် လက်တွေကို ရေနဲ့ မထိအောင် ထားပါ။

- အစိုဓာတ် ထိန်းပါ။ လက်တွေကို ဆေးကြောပြီးတဲ့ အခါတိုင်း အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးပါ။ ရေချိုးပြီးတဲ့ အခါမှာလည်း အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းဖို့ မမေ့ပါနဲ့။ ညအိပ်ရာဝင်ချိန်မှာ လက်သည်း၊ ခြေသည်းတွေကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းဖို့ အရေးကြီးပါတယ်။

- လက်သည်း ခြေသည်းတွေကို သန်စွမ်း ကျန်းမာစေချင်တယ် ဆိုရင် သံပရာသီးစိတ်နဲ့ ပွတ်တိုက်ပေးပါ။

- လက်သည်းဖျက်ဆေး သုံးတဲ့အခါ အဆီတုန်း (Acetone) မပါတဲ့ အမျိုးအစားကို ရွေးပါ။ အဆီတုန်း ပါတဲ့ လက်သည်း ဖျက်ဆေးဟာ လက်သည်းတွေကို ခြောက်သွေ့စေပြီး အက်ကွဲစေနိုင်ပါတယ်။

ကုသမှု

လက်သည်း ခြေသည်း အက်ကွဲတာကို သံလွင်ဆီ မှန်မှန် လိမ်းပေးပြီး ရှည်ထွက်လာတိုင်း ညှပ်ပေးပါ။ လက်သည်း ခြေသည်း အက်ကွဲတာက မှိုစွဲတာကြောင့် ဖြစ်တတ်တဲ့ အတွက် သန့်ရှင်း ခြောက်သွေ့အောင် အမြဲ ဂရုစိုက်ပါ။

ကြယ်စင်
ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု
လက်သည်း ခြေသည်းတွေ အက်ကွဲတာနဲ့ လက်သည်း ခြေသည်း ကြွပ်ဆတ်တာက ရေ၊ ကြမ်းတမ်းတဲ့ ဆပ်ပြာ၊ လက်သည်းဆိုးဆေး၊ ဖျက်ဆေးတွေနဲ့ ထိတွေ့မှု များလွန်းတာကြောင့် ဖြစ်တတ်ပါတယ်။ လက်သည်း ခြေသည်း အက်ကွဲတာဟာ ကြည့်ရတာ အရုပ်ဆိုးရုံတင် မကပါဘူး။ လက်သည်းခြေ သည်းတွေက လက်ချောင်း ခြေချောင်းရဲ့ ထိပ်နေရာတွေကို အကာအကွယ် ပေးထားပါတယ်။ လက်သည်း ခြေသည်းတွေကို ကီရာတင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ကျန်းမာတဲ့ လက်သည်း ခြေသည်းဟာ ချောမွေ့ပြီး အစင်းရာ၊ အချိုင့်ရာတွေ မရှိပါဘူး။ အစက်အပြောက် ကင်းကာ အရောင်က ကြည်လင်နေတတ်ပါတယ်။

ကာကွယ်မှု

အပုပ်နံ့ထွက်မှ သိရှိရသည့် စစ်တွေတက္ကသိုလ်ဆရာမတစ်ဦး သေဆုံးမှု

ရခိုင်ပြည်နယ်စစ်တွေတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦးသေဆုံးနေ မှုကို နှစ်ရက် ကြာမှ တွေ့ရှိခဲ့သည်ဟု စစ်တွေမြို့နယ် ရဲစခန်းမှ သိရှိရသည်။

စီးပွားရေးအတွက် ကောင်းမွန်သော ဥပဒေများပေါ်ပေါက်လာရန် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားရမည်

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအတွက် ကောင်းမွန်သည့်စည်းမျဉ်း ဥပဒေများပေါ်ပေါက် လာစေရန် ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည်ဟု ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့ ပူးတွဲပြုစုသည့် Doing Business အစီရင်ခံစာ သစ်တွင် ရေးသားထား သည်။

မိတ်ကောင်း ဆွေကောင်းနှင့် မိတ်တုဆွေတုဆိုတာ

မိတ်ကောင်း ဆွေကောင်းနှင့် မိတ်တုဆွေတု
လောက၌ မိတ်ကောင်း ဆွေကောင်းများ ရှိသကဲ့သို့ မိတ်တု ဆွေတုများလည်း ရှိသည်။  မိတ်ကောင်း ဆွေကောင်းကို ကလျာဏ မိတ္တဟု ခေါ်သည်။ ကလျာဏမိတ္တ အဆွေခင်ပွန်း ကောင်းသည် မိတ်ဆွေအပေါ် ပေးနိုင်ခဲသော အရာကိုပေး၏။ မိတ်ဆွေအတွက် ပြုနိုင်ခဲသော အရာကို ပြု၏။ မိတ်ဆွေအပေါ် သည်းခံနိုင်ခဲသော အရာကို သည်းခံ၏။

အမေရိကန်လုပ် အော်တိုပစ္စတိုသေနတ်အား လှည့်လည်ရောင်းသူ ဖမ်းဆီးခံရ

ကလေးမြို့နယ်အတွင်း အော်တိုပစ္စတိုသေနတ်တစ်လက် လှည်လည်ရောင်းချနေသူကို မြို့မ ရဲစခန်းက အောက်တိုဘာ ၂၈ ရက်က ဖမ်းဆီးအရေးယူလိုက်ကြောင်း အဆိုပါ ရဲစခန်းမှ သိရှိရသည်။

သံတွဲပဋိပက္ခနဲ့ဆက်နွယ်ပြီး ဖမ်းထားသူ ၁၄ ဦးအမှု စတင်

Photo: သံတွဲပဋိပက္ခနဲ့ဆက်နွယ်ပြီး ဖမ်းထားသူ ၁၄ ဦးအမှု စတင်
Wednesday, October 30, 2013

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းမှာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီး သဗြုချိုင်ကျေးရွာနဲ့ ဆင်ခေါင်းကျေးရွာတွေက ဖမ်းဆီးထိန်းသိမ်းထားသူ ၁၄ ဦးကို ဒီကနေ့ သံတွဲမြို့နယ်တရားရုံးမှာ မီးရှို့မှု၊ အားပေးကူညီမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးခင်ဇော်က RFA ကို အခုလိုပြောပါတယ်။

“သဗြုချိုင်တစ်မှု ရုံးတင်တယ်၊ တရားစွဲတယ်၊ ၄၃၆၊ ၁၁၄ နဲ့ပါ၊ မီးရှို့မှုကို တရားခံ ၁၄ ဦးနဲ့ တရားရုံးမှာ တရားစွဲတင်လိုက်ပါတယ်”

ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အာဏာပိုင်တွေက ရုံးတင်စစ်ဆေးနေချိန်အတွင်း လာရောက်နားထောင်သူတွေကို ကန့်သတ်ပိတ်ပင်မှုတွေရှိခဲ့တယ်လို့လည်း မြို့ခံတွေကပြောပါတယ်။

သံတွဲမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီး ဒီကနေ့အချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားသူဦးရေ ၈၀ ခန့် ရှိပြီး အဲဒီအထဲက တရားရုံးမှာ တရားစွဲဆိုထားသူ ၆၀ နီးပါးလောက်ရှိတယ်
လို့လည်း သိရပါတယ်။

RFA Burmese
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းမှာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီး သဗြုချိုင်ကျေးရွာနဲ့ ဆင်ခေါင်းကျေးရွာတွေက ဖမ်းဆီးထိန်းသိမ်းထားသူ ၁၄ ဦးကို ဒီကနေ့ သံတွဲမြို့နယ်တရားရုံးမှာ မီးရှို့မှု၊ အားပေးကူညီမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုလိုက်တယ်လို့ သိရပါ တယ်။

စီးပွားရေးလုပ်ကိုင်ဖို့အခြေအနေ ကောင်းမွန်တဲ့နိုင်ငံတွေအနက် မြန်မာအဆင့် ၁၈၂ လိုက်


Photo: စီးပွားရေးလုပ်ကိုင်ဖို့အခြေအနေ ကောင်းမွန်တဲ့နိုင်ငံတွေအနက် မြန်မာအဆင့် ၁၈၂ လိုက် 
Wednesday, October 30, 2013

ကမ္ဘာ့နိုင်ငံပေါင်း ၁၈၉ နိုင်ငံက စီးပွားရေးအတွက် ကောင်းမွန်တဲ့ ဝန်းကျင်ဖန်တီးမှု အခြေအနေ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ၁၈၂ နေရာမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ တိုးတက်ဖို့အတွက် လက်ခံနိုင်လောက်တဲ့ အတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC တို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
 
၁၁ ကြိမ်မြောက်ထုတ်ပြန်တဲ့ Doing Business စီးပွားရေးလုပ်ခြင်း ဆိုတဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်နိုင်ဖို့ စည်းကမ်း သတ်မှတ်ချက် အခြေအနေတွေကို ပထမဆုံးအကြိမ် ဖော်ပြထားပါတယ်။ စုဆောင်းရရှိတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ စီးပွားရေးဆိုင်ရာ သတ်မှတ်ချက်ပိုင်း တိုးတက်လာစေဖို့ လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ ပြုပြင်ပြောင်းလဲမှုတွေ၊ အားထုတ်မှုတွေ လုပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်မန်နေဂျာ Kanthan Shankar က ပြောပါတယ်။
 
စီးပွားရေးလုပ်ငန်းတွေ ထူထောင်ဖို့၊ တိုးတက်ဖို့အတွက် အစိုးရက  ချုပ်ကိုင်ထားတာတွေကို ဖယ်ရှားပြီး စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်သာတဲ့ ဝန်းကျင်မျိုးတွေ ပိုပြီး ဖန်တီးနိုင်တယ်လို့လည်း သူက အကြံပြုပါတယ်။
 
စီးပွားရေးလုပ်ဖို့ကောင်းတဲ့ အခြေအနေမျိုး ရှိတယ်ဆိုရင် စွန့်ဦးတီထွင်သူတွေ ရင်းနှီးမြှုပ်နှံသူတွေဘက်က မြန်မာလူမျိုးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်လိမ့်မယ်လို့လည်း IFC ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Charles Schneider က အစီရင်ခံစာထဲမှာ ပြောထားပါတယ်။
 
ကမ္ဘာ့နိုင်ငံပေါင်း ၁၈၉ နိုင်ငံက စီးပွားရေးလုပ်ငန်းတွေ စတင်နိုင်၊ လည်ပတ်နိုင်တဲ့ အခြေအနေ၊ နယ်စပ်ကုန်သွယ်ရေး အခြေအနေ၊ အခွန်ဆောင်တဲ့ အခြေအနေနဲ့ ဒေဝါလီခံတဲ့ အခြေအနေတွေကို အချက်အလက်တွေ စုဆောင်းပြီး ကမ္ဘာ့ဘဏ်နဲ့ IFC တို့က Doing Business အစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်ပါတယ်။
 
အရှေ့အာရှနဲ့ Pacific ဒေသထဲမှာရှိတဲ့ ၂၅ နိုင်ငံထဲက ၁၅ နိုင်ငံဟာ စီးပွားရေးလုပ်တဲ့နေရာမှာ ပိုပြီး လွယ်ကူနိုင်တဲ့ စည်းကမ်း သတ်မှတ်ချက် အနည်းဆုံး ၁ ခုကို ပြီးခဲ့တဲ့ နှစ်ထဲမှာ အကောင်အထည် ဖော်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွက် ကမ္ဘာပေါ်မှာ စီးပွားရေးလုပ်နိုင်ဖို့ အကောင်းဆုံးနိုင်ငံအဖြစ် စင်္ကာပူနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC တို့က ရွေးချယ်ပါတယ်။ 

VOA
ကမ္ဘာ့နိုင်ငံပေါင်း ၁၈၉ နိုင်ငံက စီးပွားရေးအတွက် ကောင်းမွန်တဲ့ ဝန်းကျင်ဖန်တီးမှု အခြေအနေ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ၁၈၂ နေရာမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ တိုးတက်ဖို့အတွက် လက်ခံနိုင်လောက်တဲ့ အတိုင်းအတာနဲ့ ပြုပြင်ပြောင်း လဲမှုတွေ လုပ်နေတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC တို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားလာ၍ အသစ်ဆောက်လုပ်မည့် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရန် တင်းကျပ်စွာ စစ်ဆေးဟုဆို



Photo: ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားလာ၍ အသစ်ဆောက်လုပ်မည့် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရန် တင်းကျပ်စွာ စစ်ဆေးဟုဆို
Wednesday, October 30, 2013

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာခြင်းကြောင့် ၂၅၀၀ စတုရန်းပေ (ပေ ၅၀ ပတ်လည်) တွင် အသစ်ဆောက်လုပ်မည့် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းစေပြီး တင်းကျပ်စွာ စစ်ဆေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားသည်။

"ရန်ကုန်မြို့မှာ နေ့စဉ်ခံစား နေရတာက ကားပိတ်ဆို့မှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပေ ၅၀ ပတ်လည် မြေကွက်မှာ ဘယ်လိုအဆောက်အအုံမျိုးပဲ အသစ်ဆောက်ဆောက် ကားပါကင်ကို မဖြစ်မနေ တင်းတင်းကျပ်ကျပ် ထည့်ခိုင်းပါတယ်။ အခုဆိုရင် ရှော့ပင်းမောလ်တွေရှေ့မှာ ကားတွေပိတ်တယ်။ ကမ္ဘာအေး ဂမုန်းပွင့်ရှေ့၊ တော်ဝင်စင်တာ ရှေ့တို့မှာ ယာဉ်ထိန်းရဲတွေတောင် မနိုင်တော့ဘူး။ တာမွေက သျှင်ပါကူ ဆေးခန်းရှေ့မှာလည်း ကားတွေပိတ်နေပါတယ်" ဟု ၎င်းကပြောကြားသည်။

အသစ်ဆောက်မည့် အဆောက်အအုံများတွင် ကားပါကင်အား အဆောက်အအုံ၏ မြေညီထပ်တွင်ဖြစ်စေ၊ မြေအောက်ထပ်တွင်ဖြစ်စေ၊ ဘေးမြေကွက်လွတ် ရှိပါက မြေကွက်လွတ်တွင်ဖြစ်စေ အဆင်ပြေသည့် နေရာ၌ ထည့်သွင်းရန် သတ်မှတ်ထားပြီး အဆိုပါ သတ်မှတ်ချက်ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ကာ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် လမ်းများ၏ အနေအထားနှင့် ယာဉ်အစီးရေ မမျှတခြင်း၊ ယာဉ်ရပ်နားနိုင်သည့် ကားပါကင်များ မရှိခြင်း၊ လမ်းများပေါ်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု အချို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အဆောက်အအုံများတွင်လည်း အခန်းပမာဏနှင့် လုံလောက်သည့် ကားပါကင်များ မရှိသေးကြောင်း သိရသည်။ ယင်းကိစ္စအား ဖြေရှင်းရန် ယာဉ်ရပ်နားစခန်း အသစ်များ ထပ်မံတည်ဆောက်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယခင်ထုတ်ပြန် ထားခဲ့သော်လည်း အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောရှုပ်ထွေးမှုများ မရှိစေရေးနှင့် ယာဉ်ရပ်နားရန် နေရာများ တည်ဆောက်ရန် ကျပ်သန်း ၇၅၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။

Eleven Media Group 

ယာဉ်ကြောပိတ်ဆို့မှု ပုံမှန်ဖြစ်လေ့ ရှိနေသည့် သျှင်ပါကူ ဆေးခန်းရှေ့အား အောက်တိုဘာ၂၉ ရက် နေ့လယ်ပိုင်းက တွေ့ရစဉ်
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာခြင်းကြောင့် ၂၅၀၀ စတုရန်းပေ (ပေ ၅၀ ပတ်လည်)တွင် အသစ်ဆောက်လုပ်မည့် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းစေပြီး တင်းကျပ်စွာ စစ်ဆေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံ ဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားသည်။

“နာမည်ကျော် Mother Land ဘာလဲ ဘယ်လဲ” (၁)

နာမည်ကျော် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Mother Land အကြောင်းလေးများ မသိချင်ကြဘူးလား ။ အိုခေ.သိသလောက်ပြောပြ မယ်။ဦးတင်မြင့်နဲ့ဦးတင်အေး ညီအကိုနှစ်ယောက် ရဲ့ ဒီအမိမြေ Mother Land အကြောင်း ကတော့ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်အခု သူတို့အကြောင်းပြောရင် ကုလားလို့ထည့်မရေးဘူး နော်ဟဲ.ဟဲ။ တော်ကြာ လူမျိုးရေး ပဋိပက္ခ လော်ဘီလို့ခေါင်းစဉ်တပ်ခံရမှာတော့ကြောက်သဗျ။