Tuesday, November 27, 2012
သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ဖွဲ့စည်ုး့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအသစ် ပြန်လည်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အောက်ဖော်ပြပါ သတင်းထုတ်ပြန်ချက် အမှတ် ၈ ကို ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက် ပါတယ်။
ထုတ်ပြန်ချက်အပြည့်အစုံကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ အခုလို ဖော်ပြထားပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
သတင်းထုတ်ပြန်ရေးအဖွဲ့ 
သတင်းထုတ်ပြန်ချက်(၈/၂ဝ၁၂) 
၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် ၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် 
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး အသစ်ပြန်လည် ဖွဲ့စည်းရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာများ ပေးပို့ခြင်း 
ဒုတိယသမ္မတ ညီ ဟု ပြောဆိုကာ ရွှေလုပ်ကွက် အကြောင်းပြသည့် လိမ်လည်မှု့ ဖြစ်ပွားခဲ့
04(MyanmarPost-vol4_no46-28.11.2012)
NLD ပါတီအတွင်း စိတ်ဝမ်းကွဲမှုနှင့် မကြေနပ်မှုများ ဖြစ်ပေါ်လျှက်ရှိ
27-11-2012
လူထုထောက်ခံမှုအများဆုံးရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအတွင်း အကွဲအပြဲများ အချင်းချင်းတရားစွဲဆိုမှုများ အုပ်စုလိုက် နုတ်ထွက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း တွေ့ရှိ ရသည်။ ယခင်က ၎င်းကဲ့သို့ ပြသနာမျိုး NLD ပါတီအတွင်း ဖြစ်ပွားလေ့မရှိသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ
မြန်မာနိုင်ငံမှတရုတ်ကို အမေရိကန်တို့ ဖယ်မထုတ်နိုင်ဟု တရုတ်သတင်းစာရေးသား
(IANS NEWO မှ20 Nov 2012 ရက်စွဲပါ “US can’t squeeze China out of Myanmar, says daily” သတင်းကိုဘာသာ ပြန်ဆိုသည်)
ရန်ကုန်ရောက် ပထမဆုံးအမေရိကန် သမ္မတအဖြစ် ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့သွားရောက်ပြီး နောက်တစ်ရက်အကြာတွင် တရုတ်နိုင်ငံပိုင် အင်္ဂလိပ်ဘာသာ သတင်းစာ Global Times က  မြန်မာနိုင်ငံမှတရုတ်ကို အမေရိကန်တို့ ဖယ်မထုတ်နိုင်”ဟု ရေးသာလိုက်ပါသည်။
ဒိန်းမတ် ကုန်သွယ်ဝန်ကြီး မြန်မာပြည် လာမည်
 မဇ္ဈိမ သတင်းဌာန ။         ။ ဒိန်းမတ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး သည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာမည်ဖြစ်သည်။
“Mobile Internet သုံးခ ကောက်ခံသည့်ပုံစံ ပြောင်းလဲမည်ဟု MPT သတင်းထုတ်ပြန်”
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းမှတစ်ဆင့် အင်တာ နက်သုံးစွဲခအား ယခင်က သုံးစွဲချိန်အပေါ်မူတည်၍ တွက်ချက်သော Time Based Charging စနစ်ဖြင့် ကောက်ခံခဲ့ရာမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်၍ မိမိအသုံးပြုသော ပမာဏအလိုက် ပေးချေရမည့် Volume Based Charging ဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။
ကျိုင်းတုံမြို့(နောင်နွန်း) ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားမဝင် လက်နက်/ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Photo: ကျိုင်းတုံမြို့(နောင်နွန်း) ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားမဝင် လက်နက်/ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
နိုဝင်ဘာ ၂၂ ရက်က တြိဂံဒေသတိုင်းစစ်ဌာန ချုပ်နယ်မြေအတွင်း သတင်းအရ တာချီလိတ်မှ ကျိုင်းတုံမြို့သို့ ယာဉ်မောင်း ဦးစိုင်းထွန်း(ဘ) ဦးလောဘ မောင်းနှင်လာသော Light truck (အနီရောင်)ယာဉ်အား ကျိုင်းတုံမြို့ (နောင်နွန်း) ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ နယ်မြေခံတပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေစစ်ဆေးရာ အဆိုပါယာဉ်ပေါ်၌ လိုက်ပါလာသူ မနန်းမွန်းလင်း(ဘ) ဦးလုံနန္တိအား တရားမဝင် သယ်ဆောင်လာ သည့် Slide Action Shot Gun အမျိုးအစား သေနတ် ၆ လက်၊ အသံတိတ် ကိရိယာ တပ်ဆင် ထားသော စနိုက်ပါ ပြောင်းရှည် ၆ လက်၊ ၉-မမ ပစ္စတို ၄ လက်၊ ၄ဝ- မမ ဗုံးပစ်လောင်ချာ ၂ လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၈ လက်နှင့် ကျည်မျိုး စုံ ၂ဝဝ၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၂ ခုတို့အား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ လက်နက်/ ခဲယမ်းများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း ပေးခဲ့ပြီး တရားမဝင် သယ်ဆောင် လာသူနှင့် ၎င်း၏ နောက်ကွယ်၌ ကြိုးကိုင် စေခိုင်းသူများအား ဒေသခံပြည်သူ၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။
အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
နိုဝင်ဘာ ၂၂ ရက်က တြိဂံဒေသတိုင်းစစ်ဌာန ချုပ်နယ်မြေအတွင်း သတင်းအရ တာချီလိတ်မှ ကျိုင်းတုံမြို့သို့ ယာဉ်မောင်း ဦးစိုင်းထွန်း(ဘ) ဦးလောဘ မောင်းနှင်လာသော Light truck (အနီရောင်)ယာဉ်အား ကျိုင်းတုံမြို့ (နောင်နွန်း) ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ နယ်မြေခံတပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေစစ်ဆေးရာ အဆိုပါယာဉ်ပေါ်၌ လိုက်ပါလာသူ မနန်းမွန်းလင်း(ဘ) ဦးလုံနန္တိအား တရားမဝင် သယ်ဆောင်လာ သည့် Slide Action Shot
မြန်မာဆက်သွယ်ရေးရဲ့ အင်တာနက်သုံးစွဲခ ပြောင်းလဲကောက်ခံသည့်အပေါ် အင်တာနက်သုံးစွဲသူများက ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်နေကြပြီ
တိုင်းပြည်ကို တိုးတက်အောင်လုပ်နေပါတယ်ဆိုတဲ့ အစိုးရက ဖုန်းလိုင်းနဲ့ အင်တာနက်သုံးတာကို data နဲ့ ယူမယ်ဆိုပီး ကြေငြာထားတယ်။ 
တစ်ကယ်တမ်း သူများနိုင်ငံတွေမှာလဲ data နဲ့ယူပါတယ်၊ ဥပမာ စင်ကာပူဆိုပါတော့ M1 mobile မှာ ဖုန်းသွားဝယ်မယ်ဆိုရင် ဖုန်း sim card ကို သွားဝယ်မယ်ဆိုရင်  iphone 5 ပေးပါတယ်။ ၂ နှစ်စာချုပ်နဲ့ပါ တစ်ခါထဲ ပေးဖို့က iphone 5 16 GB ယူမယ်ဆိုရင် 430 စင်ကာပူဒေါ်လာ ပေးရမယ်။ လစဉ်ကြေးက ၃၉ ကျပ်ပေးရမယ် free local outgoing call 120 (min) ၁၂၀ မိနစ် အလကား ပေးပြောတယ်။ free local sms (မက်ဆေ့ခ်ျ) က အစောင် ၆၀၀ ပေးတယ်။ အင်တာနက် သုံးဖို့က တစ်လကို 2GB အလကားပေးတယ်။ အလကားပေးတယ်ဆိုတဲ့ စကားက နဲနဲတော့မှားနေတယ်ဗျာ၊ လစဉ်ကြေး ၃၉ ကျပ်ထဲမှာပါတဲ့ ၀န်ဆောင်မှုလို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ အခြားသော ၀န်ဆောင်မှုတွေ ပါသေးတယ်ဗျာ။ 
ဆိုတော့ ကျတော်တို့ မြန်မာပြည်မှာ အခု 100kbp ကို ၂ကျပ်ယူမယ် 1MB ကို ၂၀ ကျပ်ယူမယ်။ 100 MB ကို ၁၅၀၀ ဒါမှမဟုတ် ၁၈၀၀ လစဉ်ကြေးနဲ့ ယူမယ်လို့၊ တရားဝင်တော့ မဟုတ်သေးဘူးနော်၊ ပြည်သူတွေကို အကဲစမ်းတဲ့အနေနဲ့ ဂျာနယ်တွေမှာ ဖွပေးလိုက်တယ်။ 
စင်ကာပူနဲ့ ကျတော်တို့ နိုင်ငံက ယူတာနဲ့ တွက်ကြည့်ရအောင်ဗျာ၊ စင်ကာပူမှာ ကျတော် ၂ နှစ်စာချုပ်နဲ့ယူလိုက်ရင် အိုင်ဖုန်း တစ်လုံးရမယ်ဗျာ။ အိုင်ဖုန်း ၅ တစ်လုံး လက်ရှိပေါက်ဈေး စင်ကာပူဒေါ်လာ ၉၄၈ ကျပ်ပေါ့ဗျာ၊ မြန်မာငွေနဲ့ဆိုရင် 663800 ကျပ်ကျတယ်။ ၂နှစ် စာချုပ်က တစ်လ ၃၉ကျပ်နဲ့ စင်ကာပူဒေါ်လာ 936 ကျပ်ကျတယ်ဆိုတော့ ၂နှစ်စာချုပ် လစဉ်ကြေးနဲ့ ချေလိုက်ရင် ဖုန်းဖိုးကြေပီ။ ၂နှစ်စာချုပ်နဲ့ စ၀ယ်တာနဲ့ လက်ငင်းပေးချေရမဲ့ ပိုက်ဆံ စင်ကာပူ ၄၃၀ မြန်မာငွေနဲ့ဆို ၃၀၁၀၀၀ ကျတယ်။ အဲဒါ ၂ နှစ်စာ အင်တာနက်သုံးခနဲ့  ဖုန်းပြောခ၊ အဲဒီမှာ ပြန်တွက်မယ်။ ၂နှစ်စာ ဖုန်းကို တစ်လ ၁၂၀ မိနစ်နဲ့ ၂၄လ မိနစ် ၂၈၈၀ စာ၊ ကျတော်တို့ နိုင်ငံက ခေါ်ဆိုခနဲ့ဆိုရင် ၁၄၄၀၀၀၊ အင်တာနက်က တစ်လကို 2GB နဲ့ ၂၄ လစာ 49152MB၊ အခု မြန်မာပြည်က ယူမယ်ဆိုတဲ့နှုန်းနဲ့ဆိုရင် ၇၃၇၂၈၀ ကျပ်။ ပေါင်းလိုက်ရင် ၈၈၁၂၈၀ ကျပ် ကျတယ်။ အဲဒါကို လက်ငင်း ပေးချေရမဲ့ငွေ ၃၀၁၀၀၀ နဲ့ ချေလိုက်ရင် ၅သိန်း ၈သောင်းလောက် သက်သာသွားပီ။ 
ဒါတောင် မက်ဆေ့ တစ်လကို အစောင် ၆၀၀ မတွက်ထားဘူး၊ ကျန်တဲ့ ၀န်ဆောင်မှုတွေ ( M1 ဖုန်းကဒ်ချင်းတူရင် ဖုန်းနံပါတ် ၃ ခုကို အလကားကြိုက်သလောက်ခေါ်) ဆိုတာ မပါသေးဘူး အဲဒီတော့ မြန်မာ့ဆက်သွယ်ရေးက ကျတော်တို့တွေကို ဘယ်လောက်အထိ ရိုက်စားလုပ်ထားသလဲဆိုတာ စဉ်းစားသာကြည့်ပေတော့ဗျာ။
အခြား သြစတြေးလျတို့  အမေရိကန်တို့  အစရှိတဲ့ နိုင်ငံတွေမှာဆိုရင် အချို့ သော စားသောက်ဆိုင်တွေ၊ အစိုးရဌာနကြီးတွေ၊ လေယာဉ်ကွင်းတွေမှာ Wi-Fi အလကားပေးသုံးနေကြတယ်။ အင်တာနက်လိုင်း ၀ယ်ရရင်လည်း Unlimited ဆိုပြီး data download ဒေါင်းလုပ် ဆွဲချတာတွေ upload တင်တာအတွက် တစ်ခါထဲ GB တစ်ရာကျော် နှစ်ရာကျော်ကို လစဉ် အလကားခွင့်ပြုထားတယ်။ အဲ့ဒီလို download upload လုပ်လို့ ရတဲ့ အမြန်နှုန်းတွေကလည်း ဘာကောင်းသလည်း မြန်သလည်းမမေးနဲ့ ။ ခွင့်ပြုထားတဲ့ GB ကျော်လို့  ပိုပြီး သုံးမိရင်တောင် အပို MB တွေကို အခကြေးငွေ မယူဘဲ၊ download upload လုပ်လို့ ရတဲ့ အမြန်နှုန်းကိုသာ လျှော့ချပေးတာ လုပ်တယ်။ အဲ့ဒီ လျှော့ချပေးတဲ့ အမြန်နှုန်းတောင် မြန်မာပြည်က လိပ်ထက်နှေးတဲ့ အင်တာနက်နှုန်းထက် မြန်သေးတယ်။
စဉ်းစားသာကြည့်ကျပါတော့ အရပ်ကတို့ရေလို့သာ ပြောလိုက်ချင်ပါတယ်။ (ဒါက အိုင်ဖုန်း ၀ယ်တဲ့လင့် http://store.apple.com/sg/browse/home/shop_iphone/family/iphone5 ဒါက M1 မှာ ၂ နှစ်စာချုပ် အတွက်လင့် http://www.m1.com.sg/iPhone/plans.html ဒါက Sing Tel မှာ ၂ နှစ်စာချုပ်အတွက်လင့် https://info.singtel.com/personal/communication/apple/iphone5/price-plans ဒါက starhub မှာ ၂ နှစ်စာချုပ် အတွက်လင့် http://iphone.starhub.com/#price) ဘာလို့ ကျတော်တို့ မြန်မာ့ဆက်သွယ်ရေးက ဒီလို လုပ်မပေးနိုင်ရတာလဲ ဒီလိုလုပ်ပေးနိုင်မဲ့ကုမ္ပဏီတွေက မကမ်းလှမ်းလို့လား။ ဘာလို့ တရုတ်ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ပီးတော့ ဖုန်းချပေးဖို့ စီစဉ်ရတာလဲ နိုင်ငံတစ်ကာက တစ်ကယ့်ကို ရင်းနှီးမြုပ်နှံမှု လုပ်ပေးနိုင်တဲ့ ကုမ္ပဏီတွေက မလာကျလို့လား။ နည်းပညာလဲမြင့် ပြည်သူတွေလဲ အဆင်ပြေတဲ့ ချိုသာတဲ့ ဈေးနှုံးနဲ့ရမဲ့ ကုမ္ပဏီတွေ လုံးဝ မလာကျလို့လား။ တရုတ်နဲ့ ဘဲ တမင်သက်သက်လုပ်နေတာလို့  သုံးသပ်ရမလို ဖြစ်နေပြီ။  
ဘာလို့လဲဆိုတဲ့ အတွေးတွေနဲ့ မြန်မာ့ဆက်သွယ်ရေး နောက်ပြန်လှည့်ခြင်း ဒါမှမဟုတ် သမင်လည်ပြန်နေခြင်း ဆိုတဲ့ အတွေးတွေ ခေါင်းထဲကို ၀င်လာမိပါတော့တယ်။ 
(ရေးသားသူ - KSL)။
တိုင်းပြည်ကို တိုးတက်အောင်လုပ်နေပါတယ်ဆိုတဲ့ အစိုးရက ဖုန်းလိုင်းနဲ့ အင်တာနက်သုံးတာကို data နဲ့ ယူမယ်ဆိုပီး ကြေငြာထားတယ်။ တစ်ကယ်တမ်း သူများနိုင်ငံတွေမှာလဲ data နဲ့ယူပါတယ်၊ ဥပမာ စင်ကာပူဆိုပါတော့ M1 mobile မှာ ဖုန်းသွားဝယ်မယ် ဆိုရင် ဖုန်း sim card ကို သွားဝယ်မယ်ဆိုရင် iphone 5 ပေးပါတယ်။ ၂ နှစ်စာချုပ်နဲ့ပါ တစ်ခါထဲ ပေးဖို့က iphone 5 16 GB ယူမယ်ဆိုရင် 430
 International Cirsis Group က သမ္မတ ဦးသိန်းစိန်ကို In Pursit of Peace ဆုတံဆိပ်ချီးမြှင့်မည်ဟုထုတ်ပြန်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် အား International Cirsis Group (ICG) က In Pursit of Peace ဆုတံဆိပ် ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ICG သည် နှစ်စဉ် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် လုံခြုံဘေးကင်းရေးအတွက် အား ထုတ်ကြိုး ပမ်းရာတွင် ထင်ရှားသူများကို ချီးမြှင့်ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် သမ္မတဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတဟောင်း
ဝန်ကြီးဌာနများနဲ့ သူတို့ရဲ့ အင်တာနက် စာမျက်နှာ
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာ
အစိုးရ၀န်ကြီးဌာနတွေ ကိုယ်ပိုင်ဝက်ဆိုက် ဖန်တီးကြဖို့၊ ဌာနရဲ့ လုပ်ဆောင်ချက်တွေကို အချိန်နဲ့   တပြေးညီ တင်ဖို့ အထက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။   ဒီနှစ်မကုန်ခင် အွန်လိုင်းမှာ ဌာနစုံ ရှိနေရမယ်လို့ ဆိုပါတယ်။ဌာန ဆိုင်ရာတို့ရဲ့ ၀က်ဆိုက်တော်တော်များများ ရှိနေပေမယ့် နှစ်များစွာ အသုံးမပြု တာ မပြုပြင် မမွမ်းမံတာတို့ကြောင့် တချို့ ၀က်ဆိုက်တွေမှာ
လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ယနေ့ထွက်ပြီ
“အရွယ်မရောက်သေးသူများ မဖတ်ရ” သတိပေးစာတန်းပါ လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ပထမဆုံး ထုတ် မဂ္ဂဇင်း ယနေ့ စတင်ထွက်ရှိလာပါတယ်။ 
ရန်ကုန်မှာတော့ ဒီမဂ္ဂဇင်းဟာ ရောင်းအားကောင်းမယ်လို့ မှတ်ချက်ပေးသံတွေထွက်ပေါ်လာနေပါတယ်။ 
ရန်ကုန်-မန္တလေးကားလမ်းမပေါ်ယာဉ်တိမ်းမှောက် တရုတ်အမျိုးသား သုံးဦးသေဆုံး
ရန်ကုန်-မန္တလေးကားလမ်းပေါ် တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ရာ တရုတ်နိုင်ငံသားသုံးဦး ပွဲချင်း ပြီးသေဆုံး သွားကြောင်း သိရသည်။
နိုဝင်ဘာ ၂၆ရက်နေ့ ညနေ၄နာရီခန့် ကရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်းဇောင်မင်း ချန်မောင်းနှင် လာသော ယာဉ်အမှတ်၅ဂ၊--------ခဲရောင်ပါဂျဲရိုးကာသည် မိုင်တိုင်အမှတ်၃၁၈/၂ အနီးတွင်
"မွတ်စလင်ကုလားမှ အလိုမတူဘဲ အတင်းအဓမ္မ လက်ထပ်ပေါင်းသင်း"
ဒီနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ သတင်းစာထဲမှာပါတဲ့ ကြော်ငြာနဲ ပြီးခဲ့တဲ့ စနေနေ့ က ဖေ့စ်ဘုတ်ပေါ် မှာ ပျံ့နှံ့ခဲ့တဲ့ အကူအညီတောင်း စာလေးကို ဖတ်မိပြီး စိတ်ထဲမှာ မတင်မကျဖြစ်နေလို့ပါ။ရန်ကုန်ဆေးရုံကြီး ဓာတ်မှန်ဌာနမှ အမျိုးသမီးဝန်ထမ်းတစ်ဦးအား မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ပြီး အတင်းအဓမ္မလက်ထပ်ခိုင်းစေမှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့
`ရိုးရာ၊ အစဉ်အလာ၊ ဓလေ့၊ ထုံးစံ´ ဆိုတဲ့ စကားလုံးတွေ ဘယ်လိုဖြစ်ပေါ်လာလဲ ဆိုတာ သင်သိပါသလား။
စမ်းသပ်မှုတစ်ခုရှိခဲ့ဖူးတယ်။ မျောက် ၅ ကောင်ကို အခန်းငယ် တစ်ခုထဲ ထည့်ထားတယ်။
အခန်းရဲ့ ဒေါင့်တစ်နေရာမှာ ငှက်ပျောတစ်ခိုင်ကို ချိတ်ဆွဲထားတယ်။ စမ်းသပ်မှု လုပ်တဲ့ သူက ငှက်ပျောခိုင်ထားတဲ့နေရာမှာ ရေထွက်တဲ့ ပိုက်ကြီး တစ်ခု ထားထားတယ်။ အကယ်၍
"ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်မှုဖြစ်ပွား”
http://1.bp.blogspot.com/-GTreg5A8EiM/ULRruLeqyZI/AAAAAAAAjjM/efdD7saPncA/s1600/shwe+myanmar+group..jpg
ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ အတွင်းရှိ ဇွဲကပင်ဆောင်စာစစ်ဌာ န၌ ယနေ့ နံနက် အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဇွဲကပင်ဆောင် စာစစ်ဌာန၏ အနောက်ဘက် ဧရာဝတီတိုင်းဒေသကြီး စာစစ်စာရင်းများထားရှိသည့် အခန်းတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီခွဲက စတင်ခဲ့ခြင်းဖြစ်သည်။
"လင်းလင်းရေးတဲ့ သီချင်းတစ်ပုဒ်ကြောင့် ငိုခဲ့ရသူ ချစ်သုဝေ"
ချစ်သုဝေက လူကုန်ကူးမှုဆိုင်ရာ ပညာပေးရေး အတွက်ကျင်းပတဲ့ ဂီတဖျော်ဖြေပွဲကြီးမှာ ပါဝင် ဖျော် ဖြေ မှာဖြစ်ပြီး ဒီပွဲမှာဂရမ်မီနှစ်ဆုရ နာမည်ကျော် အဆိုတော် ဂျေဆင်မရတ်လည်း ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါ တယ်။ ဒီပွဲနဲ့ပတ်သက်ပြီးချစ်သုဝေက..
"MTV EXIT က ထရီဇာကို သီချင်းဆိုပေးဖို့ ကမ်းလှမ်းတယ်။ ဂျေဆင် မရတ်လည်း လာ မယ်။ နိုင်ငံတကာ အဆိုတော်လာမှာကို
အစိုးရသစ်လက်ထက်၌် အမျိုးသမီးအခွင့်အရေး တိုးတက်မှုများရှိလာ
မြန်မာနိုင်ငံအမျိုးသမီးများ၏အခွင့်အရေးနှင့်အခန်းကဏ္ဍမှာ နိုင်ငံတကာ စံနှုန်းနှင့် နိုင်းယှဉ်ပါက မှီနိုင်မှုမရှိသော်လည်း အစိုးရသစ်လက်ထက်၌ တိုးတက်မှုများစွာရှိလာကြောင်း အမျိုးသမီးလှုပ်ရှားမှု အဖွဲ့များက ဆိုသည်။
“ထူးခြားတာက အခု အစိုးရသစ်လက်ထက်မှာ ၀န်ကြီးဌာနတွေမှာ အမျိုးသမီးတွေကို နေရာပေးလာတာတွေပေါ့။ ဒါပေမယ့် နိုင်ငံတကာ
ထိုင်းတွင် ကျောင်းသူများ အဝတ်အစားကိစ္စတွင် မြန်မာကျောင်းသူများအား အတုခိုးရန် ကြေငြာထား
အရှေ့တောင်အာရှမှ အထက်တန်းကျောင်းသူများ၏ ၀တ်စားဆင်ယင်မှုအား ယှဉ်ပြထားပါတယ်။ မြန်မာ၊ လားအို၊ ကမ်ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း (မြန်မာအား အတုယူရန် ထိုင်းစာဖြင့် ထိုင်းအချင်းချင်း ဆုံးမထား သည်)   Shan News 
စစ်ကိုင်းမြို့ရဲ့ ပထမဦးဆုံး တက္ကသိုလ်ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်မည်ဟု သတင်းရရှိ
စစ်ကိုင်းမြို့ရဲ့ ပထမဦးဆုံး တက္ကသိုလ်ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စစ်ကိုင်းခရိုင် အတွင်းမှ ကျောင်းသားကျောင်းသူ ၇၃၅ ဦးကို လက်ခံသင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတက္ကသိုလ်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ နှစ် ထပ်ကျောင်းဆောင် များ၊ စာသင်ခန်းမများ၊ စာကြည့်တိုက်၊ စာတိုက်၊
မြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံး
၂၅-၁၁-၂၀၁၂ ရက်နေ့ ၁၉:၃၀  အချိန် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကမ္မကျေးရွာနေ ဦးချစ်လှိုင် (၅၈)နှစ်၏ နေအိမ်ဝိုင်းရှိ  ရေလောင်းအိမ်သာမြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံးနေကြောင်း သတင်းရရှိ သဖြင့် ငါန်းဇွန်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။
မုံရွာဆန္ဒပြသံဃာများ ဆားလင်းကြီးသပိတ်စခန်းများနှင့် ပူးပေါင်း
မုံရွာမြို့ပေါ်မှာ မေတ္တာသုတ် ရွတ်ဆိုလှည့်လည်တဲ့ သံဃာအပါး ၂၀၀ ဟာ ဒေသခံ အလှူရှင်တွေက ဆက်ကပ်တဲ့ ဆွမ်းကို ဘုန်းပေး ပြီးတဲ့နောက် မုံရွာမြို့ တဖက်ကမ်းက လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး သပိတ် စခန်းတွေဆီကို သွားရောက် ပူးပေါင်း ခဲ့ကြပါတယ်။
ပေါက်တောမြို့ပေါ် ရပ်ကွက်များတွင် မွတ်ဆလင်များကို ပြန်လည် နေရာ ချထားပေးမည်မှာ မဟုတ်မှန်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မွတ်ဆလင် မိသားစုများအား ယခင်သူတို့နေထိုင်ခဲ့ရာ ရပ်ကွက်များတွင် ပြန်လည် နေရာချထားပေးမည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးက ပြောဆိုလိုက်သည်။ရခိုင်ပြည်နယ် လျှပ်စစ်နှင့် စက်မှု လက်မှု ၀န်ကြီး ဦးသာလူချေအား ပေါက်တောမြို့ပေါ်ရှိ ယခင်
ခွင့်ပြုချက်မရှိဘဲ ဘုရားများပင့်လာသူ
၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၆၂၀ အချိန် ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တာချီလိတ်လမ်း၊ နောင်နွန်း ပူးပေါင်း စစ်ဆေးရေးစခန်းတွင် ကျိုင်းတုံမှတာချီလိတ်သို့သွားမည့် ပင်လုံမြို့၊ ရပ်ကွက်(၁)နေ ထွန်းမြင့်(၃၈)နှစ်မောင်းနှင်၍ ဇနီးဖြစ်သူ နန်းခမ်းဆာ(၂၈)နှစ်လိုက်ပါလာသော ယ/xxxx DT YAMAHA ဆိုင်ကယ်အား ရှာဖွေခဲ့ရာ ဆိုင်ကယ် ကယ်ရီယာခုံပေါ်ရှိ ခရီးဆောင်အိတ်အတွင်းမှ
ဗိုလ်မှူးအတုဟန်ဆောင်လုပ်စားသူအား အပေါင်းပါများနှင့်အတူဖမ်းမိ
Photo: ဗိုလ်မှူးအတုအား အပေါင်းပါများနှင့်ဖမ်းမိ
Tuesday, November 27, 2012
၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၀၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနား လမ်းရှိ ““အောင်”” အမိန့်ရအပေါင်ဆိုင်သို့ ယာဉ်အမှတ် လ/xxxx တိုယိုတာမတ်တူး အဖြူရောင်ယာဉ်သည် ဆိုင်ရှေ့ထိုးရပ်လာပြီး လူတစ်ဦးဆင်းလာကာ ဆိုင်ပိုင်ရှင် ဦးတင့်ဆွေ
(၆၄)နှစ်အား ““ဗိုလ်မှူးက ရွှေပေါင်ချင်လို့””ဟု ပြောဆိုခဲ့သည်။ 
ထို့နောက် ယာဉ်ပေါ်မှ ဗိုလ်မှူး ၀တ်စုံဖြင့် လူတစ်ဦးဆင်းလာပြီး ““တပ်ပြောင်းရွှေ့ရမည်ဖြစ်သဖြင့် ငွေလိုကြောင်း၊ ရွှေဟန်းချိန်း ၁ ကုံးအား ငွေကျပ် ၁၈ သိန်းဖြင့် ပေါင်လိုကြောင်း”” ပြောသဖြင့် ဦးတင့်ဆွေက ရွှေထည်အားယူကြည့်ကာ မှတ်ကျောက်တင်စစ်ဆေးခြင်း
မပြုဘဲ ဘောင်ချာဖြတ်၍ ငွေကျပ် ၁၈ သိန်းအား ပေးခဲ့ သည်။
ငွေရလျှင် ကားအား အမြန်မောင်းနှင်ထွက်သွားသဖြင့် ကားနံပါတ်အား မှတ်သားထားပြီး ရွှေထည်အား စစ်ဆေးရာ အတုဖြစ်နေကြောင်းသိရှိရ၍ မအူပင်ရဲစခန်းသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့သည်။
ဖုန်းသတင်းရလျှင်ရခြင်း ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေရာ ၁၁၀၀ အချိန်တွင် ၎င်းကားနှင့် လူများအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ နယ်ခြားစောင့်တပ်မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးတစ်ဦးဖြစ်ကြောင်း
ပြောဆိုသဖြင့် သက်ဆိုင်ရာတပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတပ်မှမဟုတ်ကြောင်း၊ ၎င်းအမည်ဖြင့်မရှိကြောင်း သိရှိရပြီး လိမ်လည်ရာ၌အသုံးပြုခဲ့သည့် ဗိုလ်မှူးဝတ်စုံအပြည့်အစုံ၊
ကော်စေ့ဖြင့်ပစ်ရသည့် ပစ္စတိုအနက်ရောက် သေနတ်အတု ၁လက်၊ လိမ်လည်သွားသည့် ငွေကျပ် ၁၈ သိန်းနှင့် ယာဉ်တို့အား သိမ်းဆည်းရမိခဲ့သည်။
သို့ဖြစ်၍ ဗိုလ်မှူးအယောင်ဆောင်ပြီး လိမ်လည်သူ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေသူများ ဖြစ်သည့် မြင့်နိုင်ဦး(ခ) သိန်းနိုင်(၄၂)နှစ်၊
ကျော်လွင်ဦး(၃၈)နှစ်၊ ကြူဇင်(၅၁)နှစ်နှင့် ခင်မောင်တင်(၅၂)နှစ်တို့ ၄ ဦး အား ၁၃၄၅ အချိန် မအူပင်ရဲစခန်း(ပ)၁၇၂/၂၀၁၂ ပြစ်မှုပုဒ်မ ၁၄၀/၁၇၀/၄၂၀/၃၄ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၀၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနား လမ်းရှိ ““အောင်”” အမိန့်ရအပေါင်ဆိုင်သို့ ယာဉ်အမှတ် လ/xxxx တိုယိုတာမတ်တူး အဖြူရောင်ယာဉ်သည် ဆိုင်ရှေ့ထိုးရပ်လာပြီး လူတစ်ဦးဆင်းလာကာ ဆိုင်ပိုင်ရှင် ဦးတင့်ဆွေ
(၆၄)နှစ်အား ““ဗိုလ်မှူးက ရွှေပေါင်ချင်လို့””ဟု ပြောဆိုခဲ့သည်။
လက်ပံတောင်း စီမံကိန်း ရပ်စဲရေး ရန်ကုန်ချီတက်ပွဲနှင့် မုံရွာ ထိုင်သပိတ် ဆင်နွှဲ
stopletpatoung7
နယူးဒေလီ (မဇ္ဈိမ) ။       ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တနင်္လာနေ့က ရန်ကုန်နှင့် မုံရွာမြို့တွင် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ရန်ကုန်မြို့တွင် ဆန္ဒပြရန်ရွှေးချယ် ထားသည့် တရုတ်သံရုံးနှင့် ဦးပိုင် ကုမ္ပဏီ လီမိတက်ရုံးရှေ့တွင် လုံခြုံရေး တင်းကြပ်စွာ ချထား၍ ပဋိပက္ခများရှောင်ရှားနိုင်ရန် လမ်းကြောင်းပြောင်း ဆန္ဒပြခဲ့ကြောင်း ဗကသ ကျောင်းသား တဦးဖြစ်သူ ကိုသီဟဝင်းတင် က ပြောသည်။
မိန်းမတစ်ယောက်ရဲ့ နောက်ဆုံး " အပျိုစင်"
http://4.bp.blogspot.com/-8mRruA1lT50/T7f5EOqWgPI/AAAAAAAAKj4/XRKRN58xkWs/s400/www.myanmarexpress.net%2B%252872%2529.jpg
"အပျိုစင်”ဆိုတဲ့ စကားလေး(၃)ခွန်းဟာ စကားအရာ(၃)ခွန်းဆိုပေမယ့် ထိန်းသိမ်းရတာတော့ ခက်ပါလားနော် အမေကမွေးပြီးအချိန်မှစလို့ အရွယ်ရောက်တဲ့အချိန်၊ ဆယ်ကျော်သက် ရူးမိုက်တတ်စအချိန်တွေမှာ ထိန်းသိမ်း ရ ခက်ခဲပါတယ်။ ကိုယ်တိုင်စောင့်ရှောက်မှုနဲ့အတူ အမေ့ရဲ့သွန် သင်ဆုံးမမှုတွေကြောင့်သာ ဆယ်ကျော်သက် ဆိုတဲ့ ဘ၀လေးကနေ
ကျောင်းကိစ္စသဘောထားထုတ်ပြန်ခဲ့သူ အခါတိုင်းရင်းသား ဆာဗေ့ ပျောက်ဆုံးနေ
တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးမှုဒီဂရီကောလိပ်မူလကျောင်းအဟောင်းတွင် ပြန်လည်တက်ရောက် ပညာသင်ကြားလို၍ သဘောထား ထုတ်ဖော်ခဲ့သော ကျောင်းသားကိုယ်စားလှယ် တစ်ဦးပျောက်ဆုံးေ နကြောင်း ကျောင်းသားများထံက သိရှိရသည်။ "ကျွန်တော်တို့ရဲ့ ကျောင်းသားကိုယ်စားလှယ် တစ်ဦး ပျောက်နေတယ်။ မော်ကွန်းထိန်းက လာခေါ်သွားတယ်၊ အဲဒီနောက် သူနဲ့ အဆက်အသွယ် ပျက်သွားတယ်၊ သူ့ဖုန်းကို ဆက်တော့လည်း ဖုန်းပိတ်ထားတယ် ဟု ကျောင်းသားတစ်ဦးက မေးမြန်းခဲ့မှုကို
မြန်မာ အနောက်ဘက် နယ်စပ် တင်းမာ၊ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား အပြန်အလှန် စွပ်စွဲမူများ ပေါ်ပေါက်
http://www.narinjara.com/burmese/wp-content/uploads/2012/11/Bangladesh-Burma-border-GBG.jpg
မြန်မာ တပ်သား ၃ ဦး ဖမ်းဆီး ခေါ်ယူသွားခြင်း ခံရပြီး နောက် ပိုင်း နှစ်ဘက် တပ်များကို နယ်စပ် တွင် တိုးချဲ့ ချနေသဖြင့် အခြေအနေမှာ တင်းမာနေပြီး တပ်သား ၃ ဦး ဖမ်းဆီးခံရမူနှင့် ပတ်ပြီး လည်း နှစ်နိုင်ငံ အကြား တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် စွပ်စွဲ မှုများ ပေါ်ပေါက်ေ နကြောင်း သိရသည်။နိုင်္ဘာလ ၆ ရက်နေ့က မောင်တောမြို့ နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလ ကျေးရွာအနီးတွင်
ကမ္ဘာတစ်ဝန်းထိပ်တန်းတွေးခေါ်မြော်မြင်သူ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နံပါတ်(၁)နေရာကို ရရှိ
ကမ္ဘာကျော် Foreign Policy  မှ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ထိပ်တန်းေ တွးခေါ်မြော်မြင် သူ ၁၀၀ ကိုရွေးချယ်လိုက်ရာသမ္မတ ဦးသိန်းစိန်နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့ နံပါတ်(၁)နေရာကို ရရှိကြေ ကြာင်းသိရသည်။
အစ္စရေး တို့၏ တိုက်ခိုက် မှုကြောင့် ဂါဇာ ကမ်းမြောင် ဒေသ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရှိ
Photo: အစ္စရေး တို့၏ တိုက်ခိုက် မှုကြောင့် ဂါဇာ ကမ်းမြောင် ဒေသ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရှိ
ဟားမာ့စ်နှင့် အစ္စရေးတို့ အကြားတွင် သီတင်းပတ် တစ်ပတ်ကျော် အကြာ အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် ဂါဇာ ကမ်းမြောင် ဒေသရှိ အပျက်အစီး ဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ ဒသ မ ၂ ဘီလီယံ ရှိကြောင်း ဟားမာ့စ် အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
ဂါဇာကမ်းမြောင် ဒေသအား အစ္စရေး တို့က ဗုံးကြဲ တိုက်ခိုက် မှုကြောင့် တိုက်ရိုက် ပျက်စီးမှု အနေဖြင့် အမေရိကန် ဒေါ်လာ ၅၄၅ သန်း ရှိပြီး အခြား ပျက်စီးမှု ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၇ဝဝ ရှိ ကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ရှစ်ရက် ကြာမြင့်သော အပြန်အလှန် တိုက်ခိုက်မှုတွင် မိမိတို့ ဒေသမှ အိမ်ခြေ ၂ဝဝ လုံးဝ ပျက်စီးခဲ့ပြီး အခြားအိမ်ခြေ ၈ဝဝဝ ကျော်လည်း ပျက်စီး ခဲ့ရကြောင်း၊ အစ္စရေး တို့၏ တိုက်ခိုက်မှုကြောင့် ဟားမာ့စ် ဝန်ကြီးချုပ်ရုံး အပါအဝင် ရဲဌာနချုပ် တစ်ခုနှင့် လူနေအိမ် မဟုတ်သည့် အဆောက် အအုံ ၄၂ လုံး၊ ဘာသာရေး အဆောက်အအုံ သုံးခုနှင့် အစိုးရရုံး ရာပေါင်းများစွာ ပျက်စီး ခဲ့ရသည်ဟု ၎င်း၏ ပြောကြားချက် အရ သိရသည်။
http://www.myawady.net.mm/all-news/international-news/2012-11-27-02-50-13
အေးချမ်းမွန်မှ မြ၀တီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
ဟားမာ့စ်နှင့် အစ္စရေးတို့ အကြားတွင် သီတင်းပတ် တစ်ပတ်ကျော် အကြာ အပြင်းအထန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့်ဂါဇာကမ်းမြောင်   ဒေသရှိ အပျက်အစီး ဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ ဒသ မ ၂ ဘီလီယံ ရှိကြောင်း ဟားမာ့စ် အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိ ဒေသခံများနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမည်
Photo: လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိ ဒေသခံများနှင့် ဒေါ်အောင်ဆန်း
စုကြည် တွေ့ဆုံမည်
Tuesday, November 27, 2012 
ပြည်သူ့လွှတ်တော်၏ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၂၉ရက်နေ့တွင် မုံရွာမြို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးတစ်ဝိုက်ရှိ ဒေသခံများနှင့် သွားရောက် တွေ့ ဆုံမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးအုန်းကြိုင်က အတည်ပြု
 ပြောကြားသည်။
လက်ပံတောင်းတောင်သို့ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုဝင်ဘာလ ၂၉ သို့မဟုတ် နိုဝင်ဘာလ ၃၀ ရက် နေ့တွင် လာရောက်မည် ဟုကြားသိ ရကြောင်း၊ မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိ ဒေသခံများ
ရှိရာသို့ လာရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ထိုသို့ လာရောက် တွေ့ဆုံ
ရာတွင် လက်ပံတောင်းတောင် ဒေသခံများသို့ ဟောပြောပွဲ ပြုလုပ်ရန် အစီစဉ်လည်း ရှိကြောင်း၊ မုံရွာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ အဖွဲ့ဝင် ဦးမက်ကြီးက ဆိုသည်။
"အဓိကတော့ ဒီက(လက်ပံတောင်းတောင်) အသံတွေ ကြားချင်ရုံပါ" ဟု ဦးမက်ကြီးက ထပ်မံဆိုသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ အထိ နောက်ဆုံး အခြေအနေအရ မုံရွာမြို့ လက်ပံတောင်းတောင်ရှိ သပိတ်စခန်း(၆)ခု ရှိရာသို့ ပုလဲမြိုန့ယ် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းမြင့် လာရောက်ခဲ့ကြောင်း၊ မုံရွာမြို့ လက်ပန်းတောင်း တောင်ရှိ ဒေသခံများ၊ သံယာများက အဆိုပါ သပိတ်
စခန်း (၆)ခုတွင် နေထိုင်ကာ ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆက်လက်
 တောင်းဆိုနေကြကြောင်း မုံရွာမြို့ ဗကသအဖွဲ့ဝင် ဦးအာကာ ကဆိုသည်။
ဒေသခံများနှင့် အချေအတင် ဖြစ်ပွားနေသော လက်ပန်းတောင်းတောင်
 ကြေးနီ စီမံကိန်း ကိုဆက်လက်လုပ် ဆောင် ရန်သင့်မသင့်နှင့်ပတ်သက်၍
အရေးကြီး အဆိုကို ပုလဲမြိုန့ယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
 ဒေါ်ခင်စန်းလှိုင် က နိုဝင်ဘာလ ၂၃ ၇က်နေ့က ကျင်းပသော ပြည်သူ့
လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။ အဆိုကို ဆားလင်းကြီး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမြင့်က ထောက်ခံ၍ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြန်လည်
 ဆွေးနွေးခံရာတွင် စီမံကိန်းရပ်ဆိုင်းပါက စာချုပ်ချုပ်ဆိုသည့် နိုင်ငံနှင့် မိတ်ပျက်သွားနိုင်ကြောင်း၊ မီဒီယာများဘက်တွင်လည်း ဘက်လိုက်မှုများ ရှိနေကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။
The Voice Weekly
ပြည်သူ့လွှတ်တော်၏ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၂၉ရက်နေ့တွင် မုံရွာမြို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးတစ်ဝိုက်ရှိ ဒေသခံများနှင့် သွားရောက် တွေ့ ဆုံမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးအုန်းကြိုင်က အတည်ပြု
ပြောကြားသည်။
ရင်သားကင်ဆာ ကင်းဝေးအောင် အမျိုးသမီးများ အနေဖြင့် အသက် ၄၀ အရွယ်ရောက်လျှင် mammography ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်သင့်
လုံလောက်သော စစ်ဆေးမှုများ မပြုလုပ်ခြင်းကြောင့် မလေးအမျိုးသမီး
များသည် ရောဂါဒုတိယ အဆင့်ရောက်မှ
ရောဂါအမည်ကို ရှာဖွေဖော်ထုတ် သိရှိကြသည်ဟု ရင်သားကင်ဆာ တိုက်ဖျက်ရေး စင်ကာပူ-မလေးရှား ပူးပေါင်း သုတေသန အဖွဲ့မှ ထုတ်ဖော် ပြောကြားလိုက်သည်။၁၉၉၀ ခုနှစ်မှ ၂၀၀၇ အတွင်း Singapore's National University Hospital နှင့်
သမ္မတ ဦးသိန်းစိန်လည်း ငြိမ်းချမ်းရေးဆု တခု ရရှိ
Photo: သမ္မတ ဦးသိန်းစိန်လည်း ငြိမ်းချမ်းရေးဆု တခု ရရှိ
Tuesday, November 27, 2012  
သမ္မတ ဦးသိန်းစိန်အား အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ ဖြေရှင်းရေး
အဇွဲ့တခုဖြစ်သည့် International Crisis Group - ICG က  In Pursuit of Peace အမည်ရ ဆု ပေးအပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 
ICG က လာမယ့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာတော့  အမေရိကန်
ပြည်ထောင်စု နယူးယောက်မြို့ တွင် ဆုပေးအပ်ပွဲအခမ်းအနား ကျင်းပပြီး ဆုရရှိသူတွေကို ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ 
ဆုရရှိသူတွေဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး သမ္မတဟောင်း မစ္စတာ  Luiz Inácio Lula da Silva တို့အား ထိုနေ့မှာ ညစာစားပွဲနဲ့
အတူ ဂုဏ်ပြုဆုချီးမြှင့်မှာဖြစ်ပါတယ်။ 
ဒီဆုဟာ  လူသန်းပေါင်းများစွာကိုအမြင်ကျယ်တဲ့ ခေါင်းဆောင်မှုနဲ့
ပဋိပက္ခတွေအဆုံးသတ်ရေး ကမ္ဘာကတိ က၀တ်ကိုအကောင်အထည်ဖော်
တဲ့ အစိုးရ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံသားဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်တဲ့ ပုဂ္ဂိုလ်တွေကို
 ပေးအပ်တဲ့ ဆုလည်းဖြစ်ပါတယ်။ 
နိုင်ငံပိုင် သတင်းစာကလည်း  သမ္မတ ဆုရရှိခြင်းသတင်းကို ဖော်ပြထား
ပါတယ်။
သမ္မတ ဦးသိန်းစိန်အား အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ ဖြေရှင်းရေး
အဇွဲ့တခုဖြစ်သည့် International Crisis Group - ICG က In Pursuit of Peace အမည်ရ ဆု ပေးအပ်မည်ဖြစ်ကြောင်
း ကြေညာခဲ့ပါ တယ်။
ICG က လာမယ့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာတော့ အမေရိကန်
ပြည်ထောင်စု နယူးယောက်မြို့ တွင် ဆုပေးအပ်ပွဲအခမ်းအနား ကျင်းပပြီး ဆုရရှိသူတွေကို ဂုဏ်ပြုမှာ ဖြစ်ပါတယ်။
လက်ပန်းတောင်းတောင်စီမံကိန်း ခွင့်ပြုခဲ့မှု မှားယွင်းဟု ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ ဝန်ခံ
ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်ခြင်း ခံနေရသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်း သည် မှားယွင်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာနောက်ဆုံးပတ်က ဝန်ခံ ပြောကြားသည်။
တိဘက် လူမျိုးများ ဆန္ဒပြသည့် အနေဖြင့် မိမိကိုယ် မိမိ မီးရှို့မှုများ ပြုလုပ်
Photo: တိဘက် လူမျိုးများ ဆန္ဒပြသည့် အနေဖြင့် မိမိကိုယ် မိမိ မီးရှို့မှုများ ပြုလုပ်
တရုတ်နိုင်ငံ အတွင်းရှိ တိဘက် လူမျိုးများ နေထိုင်ရာ ဒေသတွင် လုံခြုံရေး အင်အားသုံး၍ နှိပ်နင်းမှု များကို ကန့်ကွက် ဆန္ဒပြသည့် အနေဖြင့် တိဘက် လူမျိုး အချို့သည် မိမိကိုယ် မိမိ မီးရှို့မှုများ ပြုလုပ် ခဲ့ကြရာ အချို့မှာ အသက်ရှင်လျက် ရှိကြသေးကြောင်း ထောက်ခံ အားပေးသူ အဖွဲ့ တစ်ခုက နိုဝင်ဘာလ ၂၅ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။ တိဘက် လူမျိုး ၃ ဦးမှာ နိုဝင်ဘာလ ၂၂ ရက်နေ့ ကတည်းက မိမိကိုယ် မိမိ မီးရှို့မှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့ အထဲမှ ၂ ဦးမှာ တရုတ် နိုင်ငံ အနောက် မြောက်ပိုင်းရှိ ကွင်ဟိုင်း ပြည်နယ် မှ ဖြစ်ပြီး ကျန်တစ်ဦး မှာမူ အိမ်နီးချင်း ဂန်စုပြည်နယ်မှ ဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာ တိဘက် လှုပ်ရှားမှုအဖွဲ့ (အိုင်စီတီ) က ပြော ကြား ခဲ့ပါသည်။ တရုတ်နိုင်ငံ အတွင်းရှိ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ၂ဝဝ၉ ခုနှစ်မှ စတင်ကာ မိမိကိုယ် မိမိ မီးရှို့မှု ပြုလုပ် ခဲ့သူ အနည်းဆုံး လူ ၈၁ ဦး ရှိခဲ့ပြီး အများစုမှာ သေဆုံးခဲ့ ကြကြောင်း သိရှိ ရပါသည်။
http://myawady.net.mm/all-news/international-news/2012-11-26-08-23-17
အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
တရုတ်နိုင်ငံ အတွင်းရှိ တိဘက် လူမျိုးများ နေထိုင်ရာ ဒေသတွင် လုံခြုံရေး အင်အားသုံး၍ နှိပ်နင်းမှု များကို ကန့်ကွက် ဆန္ဒပြသည့် အနေဖြင့် တိဘက် လူမျိုး အချို့သည် မိမိကိုယ် မိမိ မီးရှို့မှုများ ပြုလုပ် ခဲ့ကြရာ အချို့မှာ အသက်ရှင်လျက် ရှိကြသေးကြောင်း ထောက်ခံ အားပေးသူ အဖွဲ့ တစ်ခုက နိုဝင်ဘာလ ၂၅ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။ တိဘက်
ဒီဇင်ဘာလမှစ၍ ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Facebook အသုံးပြုမယ့်မြန်မာပြည်သူများသိရှိထားရန်
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Facebook သုံးမယ်ဆိုရင် ပုံမှန်အားဖြင့် ဖုန်းထဲက Facebook ဆော့ဝဲက ကိုယ့် wall ပေါ်မှာရှိနေတဲ့ ပုံတွေရော စာတွေရောဖော်ပြပေးမှာဖြစ်တဲ့အတွက် တစ်မိနစ်ကို 1 MB နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPT ကယာယီသတ်မှတ်ထ
ားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာ နက်နဲ့ Facebook သုံးလိုက်ရင် တစ်မိနစ်ကို
ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြသူများအား မျက်ရည်ယို ဗုံးများ အသုံးပြု၍ နှိမ်နင်းခဲ့ခြင်း
Photo: ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြသူများအား မျက်ရည်ယို ဗုံးများ အသုံးပြု၍ နှိမ်နင်းခဲ့ခြင်း
ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ် ယင်လပ်ရှီနာ ဝပ်ထရာ၏ အစိုးရ အဖွဲ့အား ဆန့်ကျင်သည့် ဆန္ဒပြမှု များ၌ ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ခြင်း ကြောင့် ရဲတပ်ဖွဲ့ က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ် နှိမ်နင်းခဲ့ပြီး ဆန္ဒပြသူ ဒါဇင်ပေါင်း များစွာအား ဖမ်းဆီးခဲ့ကြောင်း ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ၏ ပြောရေး ဆိုခွင့်ရှိသူ ရဲဗိုလ်ချုပ် ပီယာယူသာယိုက ပြောကြားခဲ့သည်ဟု AFP သတင်း တစ်ရပ် အရ သိရှိရပါသည်။ အဆိုပါ ဆန္ဒပြ အဖွဲ့ဖြစ်သည့် Pitak Siam အဖွဲ့အား ထိန်းသိမ်းရန် အတွက် ဘန်ကောက် မြို့၏ခရိုင် ၃ ခုတွင် ရဲတပ်ဖွဲ့ဝင် ၁၇,ဝဝဝ ခန့် ဖြန့်ကြက် ချထားခဲ့ကြောင်းနှင့် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့ လည်ပိုင်းတွင် ဆန္ဒပြသူ ၁၂,ဝဝဝ ခန့်ရှိကြောင်း ရဲဗိုလ်ချုပ် ပီယာယူသာယို က ပြောကြား ခဲ့ပါသည်။ Pitak Siam အဖွဲ့နှင့် ဆန္ဒပြသူများသည် လက်ရှိ အစိုးရအား ဖြုတ်ချသွားမည်ဟု ကတိပြု ခဲ့ကြ ကြောင်း ၎င်းဆန္ဒပြ အဖွဲ့ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဟောင်း ဆွန်လက် ကောပရာဆစ် က ပြောကြား ခဲ့ပါသည်။ 
အဆိုပါ ဆန္ဒပြသူများမှ...အဖွဲ့တစ်ဖွဲ့သည် ၎င်းတို့ ဆန္ဒပြရာ နေရာအနီးရှိ ကုလသမဂ္ဂ အဆောက် အဦ၏ ရှေ့တွင် တားဆီးထားသော သံဆူးကြိုးများနှင့် အတားအဆီးများကို ဖယ်ရှားရန် ကြိုးပမ်း မှုကြောင့် မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ် ခဲ့ကြောင်းနှင့် ဆန္ဒပြသူ များသည် သတ်မှတ် ထားသည့် စည်းမျဉ်း စည်းကမ်း များအား လိုက်နာမှု မရှိသောကြောင့် ၎င်းနေရာ တစ်ခုတည်း တွင်သာ မျက်ရည်ယို ဗုံးများကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ရဲဗိုလ်ချုပ် ပီယာယူသာယိုက ပြောကြား ခဲ့ပါသည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူ ၁ဝဝ ခန့်ထံမှ ဓားများနှင့် ကျည်ဆံများ သိမ်းဆည်း ရမိခဲ့ပြီးနောက် ၎င်းတို့အား ဖမ်းဆီးခဲ့ကြောင်း၊ ထိုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင် ၅၇ဝဝ အား ထပ်မံချ ထားခဲ့ ကြောင်းနှင့် ၎င်းဆန္ဒပြမှု များတွင် ရှပ်ဝါ အဖွဲ့အား ထောက်ခံ သူများလည်း ပါဝင်ကြောင်း ရဲဗိုလ်ချုပ် ပီယာယူသာယို ကပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။
http://myawady.net.mm/all-news/international-news/2012-11-26-08-27-54
အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ် ယင်လပ်ရှီနာ ဝပ်ထရာ၏ အစိုးရ အဖွဲ့အား ဆန့်ကျင်သည့် ဆန္ဒပြမှု များ၌ ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွား ခဲ့ခြင်း ကြောင့် ရဲတပ်ဖွဲ့ က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ် နှိမ်နင်းခဲ့ပြီး ဆန္ဒပြသူ ဒါဇင်ပေါင်း များစွာအား ဖမ်းဆီးခဲ့ကြောင်း ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ၏ ပြောရေး ဆိုခွင့်ရှိသူ
ပုံမှန် အခြေအနေ ပြန်လည် ရရှိမှသာ ပြည်တွင်း လုံခြုံရေး အက်ဥပဒေအား ရုပ်သိမ်းမည်ဟု ထိုင်း ဝန်ကြီးချုပ် ပြော
Photo: ပုံမှန် အခြေအနေ ပြန်လည် ရရှိမှသာ ပြည်တွင်း လုံခြုံရေး အက်ဥပဒေအား ရုပ်သိမ်းမည်ဟု ထိုင်း ဝန်ကြီးချုပ် ပြော
လမ်းများပေါ်တွင် လုံခြုံရေး အခြေအနေ ပုံမှန် ရောက်ရှိမှုကို လုံခြုံရေး အေဂျင်စီများက အာမခံချက် ပေးချိန်တွင် ပြည်တွင်း လုံခြုံရေး အက်ဥပဒေအား ရုပ်သိမ်းရန် ထိုင်းအစိုးရမှ အသင့်ရှိကြောင်း ထိုင်းဝန်ကြီးချုပ် ရင်လက် ရှင်နာဝပ်မှ ပြောကြားခဲ့ ပါသည်။ ရင်လက်အား အယုံအကြည် မရှိ အဆို တင်သွင်း ထားသည့် လွှတ်တော် အစည်းအဝေး မတက်ရောက်မီ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အခြေအနေ အား အစိုးရ အဖွဲ့သို့ အစီရင်ခံစာ မတင်သွင်းမီ လုံခြုံရေး အေဂျင်စီ များသည် အစည်းအဝေး ကျင်းပလျက် ရှိကြောင်း ရင်လက်မှ ပြော ကြား ခဲ့ပါသည်။
နိုဝင်ဘာလ ၂၄ ရက် နေ့တွင် ရဲတပ်ဖွဲ့ များနှင့် ပဋိပက္ခ ဖြစ်ပွားစဉ် ဒဏ်ရာ ရရှိခဲ့သော ကန့်ကွက် ဆန္ဒပြသူများအား ဂရု စိုက်ရန် ပြည်သူ့ ကျန်းမာရေး ဝန်ကြီး ဌာနမှ ၎င်းအဖွဲ့အား ညွှန်ကြား ထားပြီး ဖြစ်ကြောင်း သူမက ပြောကြားခဲ့ ပါသည်။ ပုံမှန် အခြေ အနေ ပြန်လည် ရရှိမှသာ အစိုးရ အဖွဲ့မှ ထုတ်ပြန် ထားသည့် ပြည်တွင်း လုံခြုံရေး အက်ဥပဒေအား ရုပ်သိမ်းမည် ဖြစ်သော်လည်း ရုပ်သိမ်းမည့် ရက်အား အတိအကျ မသိရှိ ရသေးကြောင်းနှင့် ဆန္ဒပြမှု များတွင် ဖမ်းဆီး ရမိသည့် သူများအား တရားဥပဒေ နှင့်အညီ စီရင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းမှ ထပ်လောင်း ပြောကြားခဲ့ ပါသည်။ 
http://myawady.net.mm/all-news/international-news/2012-11-26-07-51-32
အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
လမ်းများပေါ်တွင် လုံခြုံရေး အခြေအနေ ပုံမှန် ရောက်ရှိမှုကို လုံခြုံရေး အေဂျင်စီများက အာမခံချက် ပေးချိန်တွင် ပြည်တွင်း လုံခြုံရေး အက်ဥပဒေအား ရုပ်သိမ်းရန် ထိုင်းအစိုးရမှ အသင့် ရှိေ ကြာင်း ထိုင်း ဝန်ကြီးချုပ် ရင်လက် ရှင်နာဝပ်မှ ပြောကြားခဲ့ ပါသည်။ ရင်လက်အား အယုံအကြည် မရှိ အဆို တင်သွင်း ထားသည့် လွှတ်တော် အစည်းအဝေး
အစ္စလာမ်ညီအကိုတော်ရုံး ဆန္ဒပြသူတွေဝင်စီး
အီဂျစ်သမ္မတ မိုဟာမက်မော်စီ ရဲ့ အတိုက်အခံတွေဟာ နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ မူဆလင်ညီအကိုတော်တွေရဲ့ ရုံးခန်းတစ်ခုကို ဝင်ရောက် စီးနင်းခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦးသေ ဆုံးပြီးေ တာ့ လေးဆယ်လောက်ဒဏ်ရာရခဲ့ပါတယ်။
တိုင်းရင်းသားဖွံ့ဖြိုးရေး ကောလိပ်ကျောင်းသားများ ထပ်မံဆန္ဒပြ
Photo: ဝန်ကြီး ကတိမတည်ဟု ဆိုကာ တိုင်းရင်းကျောင်းသားများ ဆက်လက်ဆန္ဒပြ
စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးရှိ တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး တက္ကသိုလ်မှ ဆန္ဒပြ ကျောင်းသား များအား အတင်း အကြပ် ပြန်မခေါ်ရန် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး က ကတိ ပေးထားသော် လည်း မတည်ဟု ဆိုကာ တနင်္လာနေ့တွင် ဆန္ဒပြပွဲများ ပြန်လည် စတင် နေကြောင်း ကျောင်းသားများက ဆိုသည်။ 
အေးချမ်းမွန်မှ  Zaw Mintun Zawmintun တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Zaw Mintun Zawmintun
ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး)က တိုင်းရင်းသား လူငယ် ကျောင်းသားတွေဟာ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးနဲ့ သဘောတူညီ ထားတဲ့ အချက်တွေကို အာဏာပိုင်ေ တွ ဖက်က ချိုးဖောက်တယ်လို့ ယူဆတာကြောင့် ဒီကနေ့ ကျောင်းဝင်းေ ရှ့မှာ ထိုင်ပြီး သူတို့ လိုလားချက်တွေကို ထပ်မံတောင်းဆိုနေကြပါတယ်။
လက်ပန်းတောင်းတောင် စီမံကိန်း ရပ်တံ့ရေး ရန်ကုန်မြို့လည်မှာ ဆန္ဒပြ
တရုတ်နဲ့ ဦးပိုင်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စစ်ကိုင်း တိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ လက်ပန်းတောင်းေ တာင် ကြေးနီးစီမံကိန်း ရပ်ဆိုင်းရေးအတွက် ရန်ကုန်မှာ ဒီကနေ့ ဆန္ဒပြနေပါတယ်။ လက်ပန်းတောင်းဒေသခံတွေ၊ ကျောင်းသားတွေ၊ တို်င်းရင်းသားနဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးသမားအဖွဲ့တွေ့
နေပြည်တော်တရားရုံးတချို့ကို လွှတ်တော်ကော်မတီ ရှောင်တခင် စစ်ဆေး
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက် ဖက်မှု ကင်းအောင် လုပ်ဖို့ လိုအပ်နေပြီလို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှုးက VOA ကိုပြောပါတယ်။ ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကော်မတီဝင် တချို့ ဒီကနေ့ နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာ ရှိတဲ့ တရားရုံး တချို့ကို သွားရောက်စစ်ဆေးပြီးတဲ့နောက် ခုလို ပြောခဲ့တာဖြစ်ပါတယ်။
သံဃာတော်အပါး ၂၀၀ ကျော် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်
မုံရွာမြို့၊ဇောတိကရာမကျောင်းတိုက်မှ သံဃာတော်အပါး ၂၀၀ ကျော်သည် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးဆန္ဒဖော် ထုတ်ရန် အတွက်နိုဝင်ဘာလ ၂၆ ရက်မွန်းလွဲ ၂ နာရီခွဲအချိန်မှ စတင်ကာ မုံရွာမြို့ကျောက္ကာလမ်းမကြီးအတိုင်းချင်းတွင်းမြစ်ဆိပ်ကမ်း နန်ချွန်ဇက်ကူး တို့ဆိပ်သို့ခြေလျင်ကြွရောက်ခဲ့ကြောင်းသိရှိရသည်။