Monday, January 13, 2014

အိမ်ခြံမြေအရောင်းအ၀ယ်အမှုများထဲမှ တရားရုံးများလက်မခံသော အမှုကို ကြေညာ

Photo: အိမ်ခြံမြေအရောင်းအ၀ယ်အမှုများထဲမှ တရားရုံးများလက်မခံသော အမှုကို ကြေညာ 
Monday, January 13, 2014

အိမ်ခြံမြေ အရောင်းအ၀ယ်များ ပြုလုပ်ရာတွင် ဂျန်နရယ်ပါဝါ၊ စပယ်ရှယ်ပါဝါဖြင့် စာချုပ် ချုပ်ဆို လွှဲပြောင်းရောင်းဝယ်ထားခြင်းများတွင် နိုင်ငံတော်က သတ်မှတ်ထားသော ဥပဒေများနှင့် အညီ ဆောင်ရွက်ထားခြင်း မဟုတ်ပါက တရားစွဲဆိုမှုများ ဖြစ်လာလျှင် တရားရုံးများ အနေဖြင့် လက်ခံဆောင်ရွက် ပေးသွား မည်မဟုတ်ကြောင်း သတင်းရရှိသည်။

အိမ်ခြံမြေရောင်းဝယ်ခြင်းကို GP,SP များဖြင့် ပြုလုပ်ခြင်းများသည် မိမိပိုင်ငွေနှင့်ပစ္စည်းများ ဆုံးရှုံးနိုင်ကြောင်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ပိုင်ရေးပိုင်ခွင့် ခိုင်မြဲစေရေးဆောင်ရွက်ကြရန် အခွန်ဌာနမှ ထုတ်ပြန်ကြေညာထားသည်။
““အခွန်လာမဆောင်လို့ အကျပ်ကိုင်တဲ့သဘောပဲ။ အခွန်နှုန်းထားတွေအရမ်းများလို့ မဆောင်ကြလို့ လုပ်တာ။ ဒါက အာဃာတ  တရားနဲ့ လုပ်တဲ့သဘောပဲ””ဟု မန္တလေးမြို့မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုသို့ အိမ်ခြံမြေအရောင်းအ၀ယ် ပြုလုပ်ရာ၌ GP,SP စနစ်ဖြင့် ပြုလုပ်မှုများနေခြင်းမှာ နိုင်ငံတော်မှ သတ်မှတ်ထားသော စံသတ်မှတ်ချက်နှုန်းများသည် နေရာအချို့တွင် ကာလပေါက်ဈေးထက် တစ်ဆခန့် မြင့်တက်နေသည့်အတွက်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များကပြောသည်။

ကာလပေါက်ဈေးထက် သတ်မှတ်သည့်ဈေးနှုန်းမှာ များနေသည့်အပြင် အခွန်နှုန်းထားမှာလည်း ၃၇ ရာခိုင်နှုန်း ဖြစ်နေသောကြောင့် ရန်ကုန်နှင့်မန္တလေးတို့တွင် နေရာအလိုက် ဈေးနှုန်းများ သတ်မှတ်ပေးပြီးနောက်ပိုင်းGP,SP များဖြင့် အရောင်းအ၀ယ် ပြုလုပ်မှုများ ရှိလာကြောင်း သတင်းရရှိသည်။

““တရားမ၀င်ဘူးပြောတာ အိမ်ခြံမြေမှာ ဒီလိုနဲ့ပဲ အရောင်းအ၀ယ်လုပ်လာတာ နှစ် ဆယ်နဲ့ချီနေပါပြီ။ ဒါကလည်း ဒီလိုလုပ်ရအောင်လုပ်ထားလို့ လုပ်နေတာပဲ”” ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထို့ကြောင့် ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်သော်လည်း SP အနေဖြင့် အရောင်းအ၀ယ်ပြုလုပ်မှုမှာ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များကဆိုသည်။

အိမ်ခြံမြေ၀ယ်ယူထားသော စာချုပ်များသည် တရားမ၀င်ဖြစ်နေပါက မူလရောင်းချသူက နောက်တစ်ဦးကို ထပ်မံရောင်းချပါကလည်း တရားစွဲဆိုနိုင်မည်မဟုတ်ကြောင်း သတင်းရရှိသည်။ ၎င်းစာချုပ်သည် လွဲပြောင်းသူ မသေဆုံးမီက တရားဝင်မှတ်ပုံတင်ထားမှသာ ထိုစာချုပ်သည် တရားဝင်မည်ဟုဆိုသည်။ ထို့အတူ SP ပေးထားသူသည် အကြောင်းအမျိုးမျိုး ကြောင့် သေဆုံး၊ ရူးသွပ်သွားပါက မိမိလက်ဝယ်တွင်ရှိသော SP နှင့် သေဆုံးသူ ရေးထိုးပေးခဲ့သော လက်မှတ်သည် ဥပဒေအရ တရားဝင်တော့မည်မဟုတ်ဟု သတင်းရရှိသည်။

““အရပ်ကတိစာချုပ်နဲ့ အရောင်းအ၀ယ်လုပ်တာ မှတ်ပုံမတင်ရင် တရားမ၀င်ဘူး။ ဒါပေမဲ့ ဥပဒေအရတော့ အသုံးပြုလို့ရတယ်။ ဆိုလိုတာက  ကိုယ်ဝယ်ထားတဲ့ အိမ်၊ တိုက်ခန်းကနေ သူများနှင်ချလို့မရဘူး။ လာတရားစွဲလို့မရဘူး။ ဓားသဖွယ် အသုံးပြုလို့မရဘူး။ ဒိုင်းသဖွယ်တော့ သုံးလို့ရတဲ့သဘောပဲ””ဟု စာရေးဆရာ ရှေ့နေ့ ဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

အထက်ပါ ““မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ပိုင်ရေးပိုင်ခွင့် ခိုင်မြဲစေရေး ဆောင်ရွက်ကြပါရန် နှိုးဆော်ချက်””ဆိုသော နိုင်ငံပိုင်သတင်းစာတွင် ဇန်န၀ါရီ၁၂ ရက်၌ ပါရှိလာသည်မှာ မည်သည့်ဌာနကမှ ထုတ်ပြန်ကြောင်း မပါရှိ၍ တရားမ၀င်သောစာဖြစ်နေသည်။  ပစ္စည်းရွှေ့ပြောင်းခြင်းဥပဒေပုဒ်မ ၅၃-ကအရ ပစ္စည်းများကို ပဋိညာဉ်ဖြင့် တစ်စိတ်တစ်ပိုင်း ပိုင်ထားလျှင်ပင် တစ်စုံတစ်ဦးက တရားစွဲဆိုပါက ကတိစာချုပ်ဖြင့် ခုခံနိုင်ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် အထက်ပါစာသည် တရားရေးကို လွှမ်းမိုးခြင်းဖြစ်၍ လက်မခံနိုင်ကြောင်း ဦးခင်ဇော်(မရမ်းကုန်း)က ပြောကြားသည်။

7day Daily
အိမ်ခြံမြေ အရောင်းအ၀ယ်များ ပြုလုပ်ရာတွင် ဂျန်နရယ်ပါဝါ၊ စပယ်ရှယ်ပါဝါဖြင့် စာချုပ် ချုပ်ဆို လွှဲပြော င်းရောင်းဝယ်ထားခြင်းများတွင် နိုင်ငံတော်က သတ်မှတ်ထားသော ဥပဒေများနှင့်အညီ ဆောင်ရွက် ထားခြင်း မဟုတ်ပါက တရားစွဲဆိုမှုများ ဖြစ်လာလျှင် တရားရုံးများ အနေဖြင့် လက်ခံဆောင်ရွက် ပေးသွား မည် မဟုတ်ကြောင်း သတင်းရရှိသည်။

ကွမ်းစားသူ ၁၀၀ လျှင် ဆယ်ဦးခန့်တွင် ကင်ဆာဖြစ်နိုင်သော ခံတွင်းအနာတွေ့ရှိ

မြန်မာနိုင်ငံရှိ ကွမ်းစားသူ တစ်ရာလျှင် ဆယ်ဦးနီးပါးတွင် ကင်ဆာရောဂါဖြစ်နိုင်သော ခံတွင်းအနာတွေ့ရှိရ သည်ဟု ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ၌ ဖတ်ကြားခဲ့သည့် စာတမ်းတစ်စောင်တွင်ဖော်ပြသည်။

ကုမုဒြာကြာပန်းအ၀ိုင်း၌ ယာဉ်နှစ်စီးတိုက်မိ လွှတ်တော် ကိုယ်စား လှယ်တစ်ဦး ဒဏ်ရာရရှိ

ဇန်န၀ါရီ ၁၁ရက် နံနက် ၉နာရီ ၄၅မိနစ်က နေပြည်တော် ရာဇဌာနီလမ်း အတိုင်း နှင်းဆီအ၀ိုင်းဘက်မှ ကုမုဒြာကြာပန်းအ၀ိုင်းဘက်သို့ ဦးသန်းမြင့်ဦး (၄၄)နှစ် လွိုင်ကော်မြို့နေသူ မောင်းနှင်လာသည့် ၃စ/ ----KIA-Mohave အဖြူရောင်ယာဉ်သည် ကုမုဒြာကြာပန်းအ၀ိုင်းအားအ၀ိုင်းပတ် မောင်းနှင် လာစဉ် ရာဇသင်္ဂဟလမ်းအတိုင်း ဗဟိုဘဏ်ဘက်မှ ကုမုဒြာကြာပန်းအ၀ိုင်း ဘက်သို့ ဦးညွန့်ဌေး အသက် (၆၀) မ/၃၅၉/၃၉(ခ) ၃၈ လမ်း ၈၃× ၈၄ လမ်းကြား ရွှေတံခါးဝင်း ရတနာဘုမ္မိရပ်ကွက် မဟာအောင်မြေမြို့နယ် မန္တလေး မြို့နေသူ မောင်းနှင်လာသော 6D/1795 ယာဉ်မှဝင်ရောက် တိုက်မိခဲ့သည်။

ချင်းမိုင်တွင် မြန်မာအလုပ်သမား ၃ ဦး တိုက်ပေါ်က ပြုတ်ကျ၊ ၁ ဦး သေဆုံး

Photo: ချင်းမိုင်တွင် မြန်မာအလုပ်သမား ၃ ဦး တိုက်ပေါ်က ပြုတ်ကျ၊ ၁ ဦး သေဆုံး 
Monday, January 13, 2014

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမား ၃ ဦး ဆောက်လက်စ ၇ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး ၁ ဦး သေဆုံးသွားခဲ့ပါတယ်။

အဲဒီ အလုပ်သမားတွေဟာ ချင်းမိုင်မြို့ နောင်ပါခန့်ရပ်ကွက် ဘိက်စီးကုန်တိုက် အနောက်က  ဆောက်လက်စ ၇ ထပ်တိုက်ပေါ်မှာ  ပန်းရန်လုပ်နေတာ ဖြစ်ပြီး ဇန်န၀ါရီ ၁၂ ရက်နေ့ နေခင်း ၁ နာရီ လောက်မှာ ပြုတ်ကျ ခဲ့တာ ဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက် အလုပ်သမားတဦးရဲ့ ပြောပြချက်အရ သူတို့တွေဟာ သံတိုသံစတွေကို ပုံးနဲ့ ကောက်ထည့်နေစဉ် ပုံးထဲက သံစတွေရဲ့ အလေးချိန်ကြောင့် သံငြမ်း ကျိုးကျပြီး အလုပ်သမား ၃ ယောက် ၇ ထပ် တိုက်ပေါ်ကနေ ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။

အလုပ်သမား ၃ ယောက်မှာ စိုင်းပီး အသက် ၂၈  နှစ်ခန့်က အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးပြီး လုင်းဝိ အသက် ၄၀ နဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးကတာ့ နခွန်းဖင်ဆေးရုံမှာ အတွင်းလူနာအနေနဲ့ ကုသနေရတယ်လို့ သိရပါတယ်။

သူတို့ ၃ ဦးလုံးဟာ ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်က ဖြစ်ပြီး ထိုင်းနိုင်ငံထဲ လာလုပ်တာ မကြာသေးကြောင်း၊ ၃ ဦးလုံး အလုပ်သမားကတ်တွေ ရှိပြီး အသုဘစရိတ်၊ ဆေးဖိုးဝါးခနဲ့ နစ်နာကြေး စတာတွေ ရရှိဖို့ အလုပ်သမားခေါင်းဆောင်က လိုက်လံ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

အဲဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမား ၂၀၀ လောက် ရှိပြီး အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမား ၃ ဦး ဆောက် လက်စ ၇ ထပ် တိုက်ပေါ် က ပြုတ်ကျပြီး ၁ ဦး သေဆုံးသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်ခရီးစဉ် စင်းလုံးဌား လေယာဉ်ဖြင့် တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းဖွယ်ရှိ

Photo: ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်ခရီးစဉ် စင်းလုံးဌား လေယာဉ်ဖြင့် တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းဖွယ်ရှိ

တင်ဇာအောင်၊ အောင်ကိုဦး| တနင်္လာနေ့၊ ဇန်န၀ါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ 

ရန်ကုန်၊ မဇ္ဈိမ။               ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)  ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း နမ့်စန်ခရီးစဉ်တွင် စင်းလုံးဌားလေယာဉ်ဖြင့် သွားမည်ဖြစ်ပြီး တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းသက်ခွင့်ရရေး ဆောင်ရွက်နေသည်ဟု  နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်သည် Air KBZ ပိုင် လေယာဉ်ဖြင့် စင်းလုံးဌား သွားမည်ဖြစ် သော်လည်း လေယာဉ်ကွင်းမှာ တပ်မတော်ပိုင် လေယာဉ်ကွင်းဖြစ်နေ၍  ဆင်းသက်ခွင့်ရရန် မသေမချာ သေးပေ။ ထိုလေယာဉ်ကွင်းတွင် ဆင်းရန်အတွက် လေကြောင်းညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်တစ်ခုတည်းဖြင့် မရနိုင်ဘဲ စစ်တပ်သို့ ထပ်ဆင့် စာတင်ရဦးမည်ဖြစ်သည်။ 

ဦးနေဇော်နိုင်က “အခုလောလောဆယ်ဖြစ်နေတာကတော့  လေယာဉ်ဆင်းခွင့်မရသေးတဲ့ ကိစ္စပဲရှိတယ်။ ဒေသခံတွေကလည်း မျှော်လင့်နေသလို ခရီးစဉ်ပျက်မှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ဆိုသည်။

လေယာဉ်စင်းလုံးဌားရာတွင် လေယာဉ်ကွင်း၌ ဆင်းသက်ခွင့် ရရှိရေးမှာ ဌားရမ်းသည့် ကုမ္ပဏီက ဆောင်ရွက် ပေးရခြင်းဖြစ်ကာ  ပုံမှန်အားဖြင့်  လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရခြင်းဖြစ်သည်။ ယခုနမ့်စန် လေယာဉ်ကွင်းတွင် ဆင်းခွင့်ရရန် အတွက်လည်း ဦးစီးဌာနမှ တစ်ဆင့် စစ်တပ်သို့ ထပ်ဆင့် တင်မည် ဖြစ်သည်ဟု လေယာဉ်စင်းလုံးဌားသည့် ကုမ္ပဏီ Air KBZ၏ အထွေထွေမန်နေဂျာ  ဦးမြတ်သူက ပြောသည်။

၎င်းက “ကျွန်တော်တို့ကတော့ တပ်ကို တိုက်ရိုက်မတင်ပါဘူး။ ကျွန်တော်တို့ကတော့ DCA (Department of Civil Aviation - လေကြောင်းညွှန်ကြားမှု ဦးစီးဌာန)ကိုပဲ တင်ပါတယ်"ဟု ဆိုသည်။ 

ပုံမှန်အားဖြင့် စင်းလုံးဌား လေယာဉ်ဆင်းခွင့်ကို လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရာတွင် တစ်ပတ်အတွင်း လေယာဉ်ဆင်းခွင့် ပြန်ကျလေ့ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။  

ဒေါ်အောင်ဆန်းစုကြည်၏ ယင်းခရီးစဉ်အတွက် လေယာဉ်ဆင်းခွင့်ရရန် တင်ထားသည်မှာ သုံးရက်ခန့် ရှိပြီဖြစ်ပြီး ဆင်းသက်ခွင့် မရပါက  NLD အနေဖြင့် သက်ဆိုင်ရာများသို့ တင်သွားမည်ဖြစ်သည်ဟုလည်း NLD ဗဟိုကော်မတီဝင် ဦးကျော်ခင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ ဆင်းခွင့်မရသေးတာ မဟုတ်ပါဘူး။ ညှိနှိုင်းတုန်း ရှိပါသေးတယ်။ အခက်အခဲ ရှိနိုင်မယ် မထင်ပါဘူး။ လေယာဉ်ကွင်းပဲ ဆင်းလို့ ရရမှာပေါ့" ဟု ဆိုသည်။ 

နမ့်စန် လေယာဉ်ကွင်းမှာ ယခင်က အခြားလေယာဉ်များလည်း ဆင်းခွင့်ရပြီး နောက်ပိုင်းမှသာ တပ်မတော်ပိုင် ဖြစ်ခြင်းဖြစ်သည်။ ယင်းသို့ လေကြောင်းညွန်ကြားမှု ဦးစီးဌာန အောက်တွင် မရှိသော လေယာဉ်ကွင်းများသို့ ဆင်းသက်ရန်မှာ ပုံမှန်ဆင်းနေကျ မဟုတ်၍ အမှန်တကယ် အခက်အခဲများ ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။ 

၎င်းက “ လေယာဉ်ဆင်းနေကျ မဟုတ်တော့ အောက်မှာ Ground Service လုပ်မယ့်သူ မရှိတော့ အများကြီး ကြိုလုပ်ရမယ်။ control လုပ်ဖို့လူတွေ ဘာတွေ အများကြီး လိုပါတယ်။ သိပ်တော့ မလွယ်ပါဘူး။ ဆင်းနေကျ မဟုတ်ရင် နည်းနည်းတော့ စောင့်ရပါတယ်"ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်သို့ လာရောက်ရန်အတွက် စင်းလုံးဌားလေယာဉ်ကို နမ့်စန် NLDမှ ပါတီဝင် တစ်ဦးက စီစဉ်ပေးခြင်းဖြစ်သည်။ စင်းလုံးဌား လေယာဉ်၏ ဈေးနှုန်းမှာ တစ်နာရီလျှင် ကျပ်သိန်း ၃၀ မှ ၄၀ ဝန်းကျင် ရှိသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်ခရီးစဉ်မှာ ဇန်န၀ါရီ ၂၅ ၊၂၆ရက်နေ့များတွင် ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့၊ မိုးနဲမြို့ နှင့် လင်းခေးမြို့များသို့ သွားရောက်မည်ဖြစ်ကာ ခရီးစဉ်လူထုတွေ့ဆုံ ဟောပြောပွဲများ ကိုလည်း သုံးမြို့လုံးတွင်ပြုလုပ်သွား မည်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နမ့်စန်မြို့သို့  ခရီးစဉ်လာရောက်ခြင်းမှာ တတိယ အကြိမ်ဖြစ်ပြီး ၁၉၈၉ နှင့် ၂၀၀၂ ခုနှစ်များတွင် လာရောက်ခဲ့ဖူးကာ  ကျန်မြို့များတွင်မူ ပထမဆုံးအကြိမ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲများပြုလုပ်ရန် ခရီးစဉ်များကို ဇန်န၀ါရီလအတွင်း ပြင်ဆင်ထားပြီး ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ ချင်းပြည်နယ်သို့ သွားရောက်ခဲ့ကာ ဇန်န၀ါရီ ၁၈ နှင့် ၁၉ ရက်များတွင်လည်း ကရင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်သည်။ ၂၀၁၄ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းအနှံ့သို့ ခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားသည်ဟု  NLD တာဝန်ရှိသူများ ကပြောထားသေးသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း နမ့်စန် ခရီးစဉ်တွင် စင်းလုံးဌားလေယာဉ်ဖြင့် သွားမည်ဖြစ်ပြီး တပ်မတော်ပိုင် လေယာဉ် ကွင်း တွင် ဆင်းသက်ခွင့် ရရေး ဆောင်ရွက်နေသည်ဟု နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင် က မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံရေး ပဋိပက္ခ ယခုတစ်ပတ်တွင်း အဆိုးဆုံး အဆင့်သို့ ရောက်နိုင် ကုလအကြီးအကဲ ကြားဝင် ဖျန်ဖြေရန် စတင်ကြိုးပမ်း

Photo: ထိုင်းနိုင်ငံရေး ပဋိပက္ခ ယခုတစ်ပတ်တွင်း အဆိုးဆုံး အဆင့်သို့ ရောက်နိုင် ကုလအကြီးအကဲ ကြားဝင် ဖျန်ဖြေရန် စတင်ကြိုးပမ်း
Monday, January 13, 2014

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းလျက် ရှိသည့် အတိုက်အခံ အင်အားစုများနှင့် အစိုးရ ထောက်ခံသူ အင်အားစုများ အကြား ပဋိပက္ခမှာ ယခုရက်သတ္တတစ်ပတ် အတွင်း အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိလာပြီး မြို့တော် ဘန်ကောက် ရပ်ဆိုင်းသွားမည့် အနေအထားတွင်ရှိရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြဿနာ အားလုံး ပြေလည်စေရေးအတွက် ကြားဝင် ဖျန်ဖြေရေး ကြိုးပမ်းချက် တစ်ရပ်ကို စတင်လိုက်ပြီ ဖြစ်ကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဝန်ကြီးချုပ် ယင်းလပ်နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်သလို အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အဘီ ဆစ်ဝိချာချီဝနှင့်လည်း တွေ့ဆုံပြီး ဖြစ်ရာ ၎င်းအနေနှင့် နှစ်ဖက်စလုံး၏ မတူညီမှုများကို ပေါင်းကူး ပေးနိုင်ရေးအတွက် အကူအညီ ပေးသွားမည်ဟု ဆိုသည်။ 

“လာမယ့် ရက်တွေမှာ အခြေအနေ အရပ်ရပ်တွေက ပိုမို ဆိုးရွားလာမှာကို ကျွန်တော် အထူးပဲ စိုးရိမ်မိပါတယ်။ အထူးသဖြင့် တနင်္လာနေ့(၁၃ရက်နေ့)ပေါ့ ဗျာ။ အတိုက်အခံ ဆန္ဒပြ အင်အားစုတွေက ဘန်ကောက် ရပ်ဆိုင်းသွားအောင် လုပ်မယ်လို့ ပြောလိုက်တဲ့အချိန်မှာ ကျွန်တော် အင်မတန် စိုးရိမ် ပူပန်မိသွားပါတယ်” ဟု ဘန်ကီမွန်းက ပြောကြားသည်။ 

“သက်ဆိုင်သူတွေ အားလုံးအနေနဲ့ ရန်စလိုတဲ့ လုပ်ဆောင်ချက်တွေ မပြုလုပ်ဘဲ နေထိုင်ကြပြီး မတူညီမှုတွေကို ငြိမ်းချမ်းစွာနဲ့ ဒိုင်ယာလော့ခ် လုပ်ပြီး ဖြေရှင်းကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

အတိုက်အခံ အင်အားစုများကမူ ၎င်းတို့အနေနှင့် ယင်းလပ်ရှင်နာဝပ် အစိုးရကို ဖြုတ်မချ နိုင်သေးသရွေ့ မြို့တော် ဘန်ကောက်ကို သိမ်းပိုက်ထားမည် ဖြစ်သည်ဟု အတိအလင်း ကြေညာထားသည်။ 

ဘန်ကောက်မြို့တော် ရပ်ဆိုင်းရေး ဆန္ဒပြပွဲကြီး အဆိုးဆုံး အဆင့်သို့ ရောက်ရှိ လာမည်ကို စိုးရိမ်သောကြောင့် ထိုင်းအာဏာပိုင်များက တစ်မြို့လုံးတွင် ရဲတပ်ဖွဲ့အင်အား ၁၅,၀၀၀ နီးပါးခန့် တပ်ဖြန့် ချထားမည် ဖြစ်သည်ဟု ဆိုသည်။ 

အတိုက်အခံတို့၏ ဆန္ဒပြမှု များကြောင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်သည် ပါလီမန် လွှတ်တော်ကို ဖျက်သိမ်းပြီး လာမည့် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပ ပြုလုပ်ပေးမည် ဖြစ်သည်ဟု ကြေညာခဲ့သော်လည်း အတိုက်အခံများက ယင်း ရွေးကောက်ပွဲသည် လက်ရှိ ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် တို့၏ ချမ်းသာကြွယ်ဝသော မိသားစုဝင်များ ဆက်လက် သြဇာလွှမ်းမိုးနိုင်ရန်သာ ဦးတည်ထားခြင်း ဖြစ်သည်ဟု ဆိုကာ ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ 

ထိုင်းနိုင်ငံရေး သမိုင်းကြောင်းတွင် သြဇာအာဏာကြီးမားသည့် စစ်တပ်က ယခုနိုင်ငံရေး အကျပ်အတည်းတွင် ပါဝင် ပတ်သက်လိုခြင်း မရှိဟု ထုတ်ဖော် ပြောဆို ထားသော်လည်း ကြားဝင် ဖျန်ဖြေပေးလာဖွယ်ရှိသည်ဟု လေ့လာ စောင့်ကြည့်သူများက ခန့်မှန်းကြသည်။

ထိုင်းအခြေစိုက် နိုင်ငံခြား သံတမန်ကြီးများက ၎င်းတို့၏ သံရုံး အများစုသည် ဆန္ဒပြမှုများ အဓိက ပြုလုပ်မည့် နေရာ ခုနစ်ခု ထဲတွင် ပါဝင်သောကြောင့် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိရာ ထိုင်း အစိုးရက သံတမန်များနှင့် သံရုံးများ လုံခြုံရေးအတွက် အာမခံကြောင်း အသိပေး ပြောဆိုထားသည်။

The Voice Weekly
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းလျက် ရှိသည့် အတိုက်အခံ အင်အားစုများနှင့် အစိုးရ ထောက်ခံသူ အင်အားစုများ အကြား ပဋိပက္ခမှာ ယခုရက် သတ္တတစ်ပတ် အတွင်း အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိလာပြီး မြို့တော် ဘန်ကောက် ရပ်ဆိုင်းသွားမည့် အနေအထားတွင်ရှိရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြဿနာ အားလုံး ပြေ လည်စေရေးအတွက် ကြားဝင် ဖျန်ဖြေရေး ကြိုးပမ်းချက် တစ်ရပ်ကို စတင် လိုက်ပြီ ဖြစ်ကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြသည်။

အာရပ်ကမ္ဘာကို တုန်လှုပ်စေခဲ့သူ အစ္စရေး စစ်ခေါင်းဆောင်ရှာရွန် ကွယ်လွန်

Photo: အာရပ်ကမ္ဘာကို တုန်လှုပ်စေခဲ့သူ အစ္စရေး စစ်ခေါင်းဆောင်ရှာရွန် ကွယ်လွန်

တဲအဘစ်၊ ဇန်နဝါရီ ၁၂

ရန်သူ အာရပ်များကို တုန်လှုပ် ထိတ်လန့်အောင် စွမ်းဆောင်နိုင်ခဲ့သည့် အစ္စရေး စစ်ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သူ အေရီရယ်ရှာရွန်သည် ရှစ်နှစ်တာ ကိုမာဝေဒနာ ခံစားရပြီးနောက် အသက် ၈၅ ခုနှစ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်း ဒေသတစ်လျှောက် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ ပါလက်စတိုင် နိုင်ငံတော် တည်ထောင်ရန် ရည်ရွယ်ထားသည့် နယ်မြေများတွင် ဂျူး အခြေစိုက် အိမ်ရာများ တည်ထောင်ခြင်း၊ သိမ်းပိုက်ထားသည့် ဂါဇာ ကမ်းမြောင်ဒေသမှ ပြန်လည် ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း စသည့် လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့သည့် အစ္စရေး စစ်သည်တော် နိုင်ငံပြုသမား တစ်ဦးဖြစ်သူ ရှာရွန် ကွယ်လွန်သွားပြီ ဖြစ်သည်။

တဲအဘစ် မြို့တော်အနီးရှိ ရှီဘာ ကျန်းမာရေးဌာနတွင် ရှာရွန် ကွယ်လွန်သွားခြင်း ဖြစ်ပြီး၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေစဉ် ဦးနှောက်တွင်းရှိ သွေးကြောများ ပိတ်ဆို့သွားရာမှတစ်ဆင့် ကိုမာဝေဒနာ စတင်ခံစားခဲ့ရကာ ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်မှစ၍ ကျန်းမာရေး အခြေအနေ ဆိုးရွားလာခဲ့သည်။

“အေရီက ရဲစွမ်းသတ္တိရှိတဲ့ စစ်သားပါ။ ရဲရင့်တဲ့ နိုင်ငံပြုပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်ပါတယ်။ အစ္စရေး နိုင်ငံတော် တည်ဆောက်ရေးနဲ့ လုံခြုံရေးအတွက် အများကြီး လုပ်ဆောင် ပေးတဲ့သူပါ” ဟု အစ္စရေးနိုင်ငံ စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင် ဖြစ်သည့် သမ္မတ ရှီမွန်ပဲရက်စ်က ပြောကြားလိုက်သည်။

ရှာရွန်အပေါ် အောက်မေ့ သတိရသည့် အခမ်းအနားကို တနင်္လာနေ့တွင် ကျင်းပမည် ဖြစ်ပြီး အစ္စရေး နိုင်ငံတောင်ပိုင်းရှိ ရှာရွန် နေထိုင်ရာ အရပ်အနီးရှိ ဆိုင်ကာ မိုးလယ်တော အနီးတွင် အသုဘ အခမ်းအနား ကျင်းပသွားမည် ဖြစ်သည်။

အစ္စရေးတို့၏ ရန်သူတော် ပါလက်စတိုင်းတို့က ရှာရွန် သေဆုံးသည့် သတင်းကြောင့် ဝမ်းသာ ပျော်ရွင်လျက်ရှိပြီး ဂါဇာဒေသရှိ ပါလက်စတိုင်းများက ပျော်ရွင်ခြင်း အထိမ်းအမှတ် အစီအစဉ်များ လုပ်ဆောင်လျက်ရှိသည်။

“ဒီလို အာဏာရှင် ဆိုးယုတ်သူ တစ်ဦး ထွက်ခွာ သွားတာကြောင့် အောင်ပွဲရမယ်လို့ ကျွန်တော်တို့ ပိုမို ယုံကြည်လာပါတယ်” ဟု ပါလက်စတိုင်း ဟားမတ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ အဘူဇူရီက ပြောကြားသည်။

ဂါဇာ ကမ်းမြောင်ဒေသမှ အစ္စရေးများ တစ်ဖက်သတ် တပ်ရုပ်သွားရေးကို 
အစ္စရေး ဝန်ကြီးချုပ် ရှာရွန်က၂၀၀၆ခုနှစ် မတိုင်ခင်တွင် ညွှန်ကြားခဲ့ပြီး ပါလက်စတိုင်းများနှင့် အစ္စရေးများကြား တင်းမာမှု လျော့ပါးစေရန် လုပ်ဆောင် ပေးခဲ့သည်။ အနောက်ဘက်ကမ်း ဒေသရှိ 
ပါလက်စတိုင်းနိုင်ငံနှင့် အစ္စရေးနိုင်ငံကြား ဆက်ဆံရေးကို ရှာရွန်က အခြားသော အစ္စရေး နိုင်ငံရေးသမားများထက် ပိုမို ပုံဖော်ပေးခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ တည်ထောင်ရေး ၁၉၄၈ ခုနှစ် စစ်ပွဲ၊ ၁၉၅၆ ခုနှစ် ဆိုင်းနိုင်း ထိုးစစ်တို့တွင် ရှာရွန် ပါဝင်ခဲ့ပြီး ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲတွင် သံချပ်ကာ တပ်မတစ်ခုကို ကွပ်ကဲခဲ့ကာ ၁၉၇၃ ခုနှစ်တွင် စူးအက် တူးမြောင်းကို ဖြတ်ကျော်ပြီး အာရပ် တပ်မတော်များကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြင့် အီဂျစ်အမှတ် (၃) တပ်မတော်ကို ဝန်းရံ ပိတ်ဆို့ခဲ့သည်။

သို့သော်လည်း ၁၉၈၂ ခုနှစ် လက်ဘနွန် ထိုးစစ်တွင် ဘေရွတ်မြို့တော် ဒုက္ခသည် စခန်းများရှိ ပါလက်စတိုင်း ဒုက္ခသည် ရာပေါင်းများစွာကို ခရစ်ယာန် ပြည်သူ့စစ်အုပ်များက ရက်ရက်စက်စက် သတ်ဖြတ်မှု ပေါ်ပေါက်လာခဲ့ပြီး ယင်းဖြစ်ရပ်တွင် ရှာရွန်၏ တာဝန် မကင်းကြောင်း အစ္စရေး စုံစမ်းရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ရှာရွန်က ပါလက်စတိုင်းများဖြင့် စေ့စပ်ဆွေးနွေးရန် ကြိုးပမ်းခဲ့သဖြင့်လည်း ၎င်းကို ငြိမ်းချမ်းရေး စွမ်းဆောင်သူတစ်ဦး ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံခြား အင်အားကြီး နိုင်ငံများက သတ်မှတ်ထားသည်။
ရန်သူ အာရပ်များကို တုန်လှုပ် ထိတ်လန့်အောင် စွမ်းဆောင်နိုင်ခဲ့သည့် အစ္စရေး စစ်ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သူ အေရီရယ်ရှာရွန်သည် ရှစ်နှစ်တာ ကိုမာဝေဒနာ ခံစားရပြီးနောက် အသက် ၈၅ ခုနှစ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဧရာဝတီမြစ် ရေကြောင်း ကျပ်တည်းမှုကြောင့် အစုန်အဆန် လမ်းပြောင်းလဲ သတ်မှတ်

ဧရာဝတီမြစ်ရေ ကျချိန်တွင် သောင်ဖြစ်ထွန်းမှု များပြားကာ ရေကြောင်း ကျပ်တည်းမှုကြောင့် အင်းဝတံတား (ဧရာဝတီ) အောက် ရေလယ်တိုင်အမှတ် ၁ နှင့် ၂ ကြားတွင် အစုန်အဆန်လမ်းအဖြစ် ဇန်နဝါရီလဆန်းမှ စတင်ကာပြောင်းလဲ သတ်မှတ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးကျုံးဘေး ဓားခုတ်မှုတွင် ပါဝင်သူများ လေးလကျော်ကြာ စစ်ဆေးအပြီး အမိန့်ချမည်

မန္တလေး ကျုံးဘေးတွင် ပြီးခဲ့သည့် လေးလခန့် အတွင်းက ဖြစ်ပွားခဲ့သော ဓားဖြင့် အကြောင်းမဲ့ လိုက်လံ ခုတ်သူ များကို တရားရုံးတင် စစ်ဆေးနေရာ ဇန်နဝါရီ လကုန်ပိုင်းတွင် ကလေးသူငယ် တရား ရုံးနှင့် အောင်မြေ သာစံမြို့နယ် တရားရုံးတို့က အမိန့်ချမည် ဖြစ်ကြောင်း အောင်မြေ သာစံမြို့နယ် အမှတ် (၂) ရဲစခန်းရှိ ဒုရဲအုပ် ကံအောင်မြင့်က The Voice သို့ပြောကြား သည်။

လစ်ဗျားဒုဝန်ကြီး ဇာတိမြို့သို့ အလည်အပတ် သွားရောက်စဉ် လုပ်ကြံခံရ

Photo: လစ်ဗျားဒုဝန်ကြီး ဇာတိမြို့သို့ အလည်အပတ် သွားရောက်စဉ် လုပ်ကြံခံရ

ထရိုင်ပိုလီ၊ ဇန်နဝါရီ ၁၂

လစ်ဗျား စက်မှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ ဟက်ဆန်အယ်လ်ဒရူအီသည် စနေနေ့က ၎င်း၏ ဇာတိမြို့ဖြစ်သော ဆတ်မြို့သို့ အလည်အပတ် ခရီးသွားရောက်စဉ် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရပြီး သေဆုံးသွားခဲ့သည်ဟု လစ်ဗျား အာဏာပိုင်များက ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။

လက်ရှိ အချိန်တွင် ဟက်ဆန်အယ်လ်ဒရူအီကို လုပ်ကြံ သတ်ဖြတ်သွားသူများကို မဖော်ထုတ် နိုင်သေးကြောင်းနှင့် ဟက်ဆန်အယ်လ်ဒရူအီသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် အာဏာရှင် ကဒါဖီ အစိုးရအဖွဲ့ ကျဆုံးပြီး နောက်ပိုင်းတွင် ပထဆုံး လုပ်ကြံခံရသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ဖြစ်သည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

“စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဟက်ဆန်အယ်လ်ဒရူအီဟာ သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဆတ်မြို့ကို အလည်အပတ် ခရီးသွားရောက်စဉ်မှာ အမည်မသိ လက်နက်ကိုင် လူတစ်စုရဲ့ ပစ်ခတ် လုပ်ကြံခြင်းကို ခံရပြီး သေဆုံးသွားခဲ့ပါတယ်” ဟု လုံခြုံရေး တာဝန်ခံတစ်ဦးက ပြောကြားသည်။

ဆတ်မြို့ရှိ ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ဟက်ဆန်အယ်လ်ဒရူအီ သေဆုံးမှုကို အတည်ပြုပေးခဲ့ပြီး စက်မှုဒုတိယဝန်ကြီးသည် ခန္ဓာကိုယ် နေရာ အနှံ့အပြားတွင် သေနတ်ဒဏ်ရာများရရှိပြီး သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံ အရှေ့ဘက်ဒေသရှိ မြို့များဖြစ်သော ဘန်ဂါဇီနှင့် ဒါနာမြို့တို့တွင်လည်း အစွန်းရောက် အစ္စလာမ္မစ်အဖွဲ့ များ၏ လက်ချက်ဟု ယူဆရသော ပစ်ခတ်လုပ်ကြံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အများအားဖြင့် စစ်တပ် ထိပ်ပိုင်းအရာရှိများနှင့် ရဲအရာရှိများကို ပစ်မှတ်ထား လုပ်ကြံလေ့ရှိသည်။

ဟက်ဆန်အယ်လ်ဒရူအီသည် လစ်ဗျားနိုင်ငံကို  ၄၂ နှစ်ကြာအုပ်ချုပ်ခဲ့သော အာဏာရှင် ကဒါဖီကို တော်လှန် တိုက်ခိုက်ခဲ့သူများ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော အမျိုးသား ယာယီအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်ဟောင်း တစ်ဦးလည်း ဖြစ်သည်။

ဟက်ဆန်အယ်လ်ဒရူအီသည် ယာယီအစိုးရအဖွဲ့ ဝန်ကြီးချုပ် အာဘဒယ်ရာဟင်မ်အယ်ကပ်ဘ် လက်ထက်တွင် စက်မှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး လက်ရှိဝန်ကြီးချုပ် အလီဇိုင်ဒန် အာဏာလွှဲပြောင်းရယူသည့် အခါတွင်လည်း အဆိုပါ ရာထူး၌ပင် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။

ဒရူအီ၏ ဇာတိမြို့ဖြစ်သော ဆတ်မြို့ သည် လစ်ဗျားနိုင်ငံ၏ မြို့တော်ဖြစ်သော ထရီပိုလီမြို့ အရှေ့ဘက် မိုင် ၂၅၀ ခန့် အကွာတွင် တည်ရှိပြီး ကဒါဖီ၏ နောက်ဆုံး ခံတပ်ဖြစ်ခဲ့သော မြို့လည်း ဖြစ်သည်။

လစ်ဗျားနိုင်ငံတွင် အာဏာရှင် ကဒါဖီ၏ အစိုးရအဖွဲ့ ကျဆုံးသွားပြီး နောက်ပိုင်း၌ စစ်တပ် ထိပ်ပိုင်း အရာရှိကြီးများနှင့် လုံခြုံရေး အရာရှိများ လုပ်ကြံခံရခြင်း အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ထို့ပြင် လစ်ဗျားနိုင်ငံတွင် မတူကွဲပြားသည့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၇၀၀ အထိရှိနေပြီး တိုင်းပြည် စည်းလုံးညီညွတ်မှု မပြိုကွဲရေး အတွက်လည်း ရုန်းကန်ရလျက်ရှိသည်။
လစ်ဗျား စက်မှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ ဟက်ဆန်အယ်လ်ဒရူအီသည် စနေနေ့က ၎င်း၏ ဇာတိမြို့ဖြစ်သော ဆတ်မြို့သို့ အလည်အပတ်ခရီးသွားရောက်စဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခံရပြီး သေဆုံးသွားခဲ့သည်ဟု လစ်ဗျားအာဏာပိုင်များက ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းဌာန တွင် ဖော်ပြ ထားသည်။

မုတ္တမကွေ့ ဒေသအား နိုင်ငံတကာအသိအမှတ်ပြု ရေတိမ်ဒေသအဖြစ် သတ်မှတ်ရန် စီစဉ်

မုတ္တမ ကွေ့ဒေသရှိ စုစုပေါင်းနယ်မြေ ဧကလေးသိန်းကျော်ကို မြန်မာ နိုင်ငံ၏ ဒုတိယမြောက်နိုင်ငံ တကာအသိအမှတ်ပြုရေတိမ်ဒေသအဖြစ်သတ်မှတ်ရန်လျာ ထားကြောင်း ဇီဝမျိုးစုံမျိုးကွဲ နှင့်သဘာဝ ထိန်းသိမ်းရေး အ သင်းမှ Project Manager ဖြစ် သူ ဦးပြည့်ဖြိုးအောင် ကပြော ကြားလိုက်သည်။

ကိုယ်ပိုင် အထက်တန်းကျောင်း ဖွင့်ခွင့် ဇန်နဝါရီလ နောက်ဆုံးထား တင်ရမည်

မန္တလေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ကိုယ်ပိုင် အထက်ကျောင်း ဖွင့်လှစ်လိုသူများ အနေနှင့် လျှောက် လွှာ များကို ဇန်နဝါရီလကုန်တွင် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။

မန္တလေးသို့ မော်တော်ယာဉ်ဖြင့် ဝင်ရောက်သည့် နိုင်ငံခြား ခရီးသွား ၄၀ ရာခိုင်နှုန်းလျော့ကျ

Photo: မန္တလေးသို့ မော်တော်ယာဉ်ဖြင့် ဝင်ရောက်သည့် နိုင်ငံခြား ခရီးသွား ၄၀ ရာခိုင်နှုန်းလျော့ကျ
Monday, January 13, 2014

မန္တလေးမြို့တော်သို့ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းတို့ဖြင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ဝင်ရောက်လျက်ရှိရာ ၂၀၁၃ ခုနှစ်အတွင်း မော်တော်ယာဉ်ဖြင့် ဝင်ရောက်လာမှုသည် ၂၀၁၂ ခုနှစ်အောက် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။

မန္တလေးမြို့တော်သို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ်ဖြင့် ဝင်ရောက်သည့် ဦးရေ ၆၅,၁၉၉ ဦး ရှိပြီး ၂၀၁၃ ခုနှစ်အတွင်း မော်တော်ယာဉ်ဖြင့် ဝင်ရောက်မှု ဦးရေ ၃၉,၃၁၆ ဦး ရှိခဲ့ကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။

ယင်းကဲ့သို့ မော်တော်ယာဉ်ဖြင့် ဝင်ရောက်မှု လျော့ကျ သွားခဲ့သော်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ရေကြောင်းလမ်းဖြင့် ဝင်ရောက်မှုသည် ၄၀ ရာခိုင်နှုန်းနှင့် လေကြောင်းလမ်းဖြင့် ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက် လာခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူထံမှ သိရသည်။
“နိုင်ငံခြားသား ခရီးသွားတွေက လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲလိုက်တော့ ကုန်းကြောင်းက ဝင်ရောက်တာ နည်းသွားတာမျိုး ဖြစ်နိုင်တယ်။ ရေကြောင်းနဲ့က မန္တလေးကနေ မင်းကွန်းနဲ့ ပုဂံ- ညောင်ဦး ဘက်လောက်ပဲ အသွားများပါတယ်” ဟု ၎င်းကဆိုသည်။

ရေကြောင်းလိုင်းမှ မန္တလေး- ညောင်ဦး လူစီးသင်္ဘောရှိပြီး မန္တလေးမှ အသွားခရီးစဉ်သာ များကြောင်း၊ မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက် ပြေးဆွဲမှု တိုးမြင့်လာပြီး ဝင်ရောက်မှုမှာလည်း များလာကြောင်း မန္တလေးမြို့တော် အခြေစိုက် အင်္ဂလိပ် ဘာသာစကား ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့သို့ ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားသား ဝင်ရောက်မှု ၁၆၀,၉၇၅ ဦး ရှိပြီး ၂၀၁၃ ခုနှစ်၌ ၂၁၉,၅၁၈ ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

(ရွှေရည်)
The Voice Weekly
မန္တလေးမြို့တော်သို့ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းတို့ဖြင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ဝင်ရောက်လျက်ရှိရာ ၂၀၁၃ ခုနှစ်အတွင်း မော်တော်ယာဉ်ဖြင့် ဝင်ရောက်လာမှု သည် ၂၀၁၂ ခုနှစ်အောက် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။

မန်စီးတီးပွဲ အကြည့်ကောင်းလို့ အလုံမှ နေအိမ်တစ်လုံးဆုံးရှုံး

အလုံမြို့နယ် ကမ်းနားလမ်းရှိ Apex ဓါတ်ဆီဆိုင်နှင့်စွမ်းအင် ၀န်ကြီးဌာနပိုင်ဆိုင်သည့် ဓါတ်ငွေ့အရောင်းဆိုင် ကြားရှိပျဉ်ထောင် အိမ်တစ်လုံး ဆေးလိပ်မီးမှတဆင့် ဇန်န၀ါရီလ(၁၂)ရက်နေ့ ည ၉နာရီကျော်အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးသတ်ကား ၈ စီးနှင့်အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သည်။

ငါးခူအိုင် ရေနံမှော် အတွင်း မီးလောင်မှု ဖြစ်ပွား

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့နယ် ငလှိုင်ခြုံကျေးရွာ အနီး ရေနံ လက်ယက် တွင်း တိမ်တူးဖော် နေသည့် ငါးခူအိုင် ရေနံမှော် အတွင်း ယမန်နေ့ နံနက်၇ နာရီ ၄၅ မိနစ်က မီးလောင် မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရန် ယဉ်ကျေးမှုဝန်ကြီးဌာန ကျပ်သိန်း ၂၀၀ ရရှိ

မွန်ပြည်နယ် သထုံခရိုင် အတွင်းရှိ မွန်ဘုရင်များ နန်းတည်ခဲ့သည့် သုဝဏ္ဏ ဘူမိမြို့ဟောင်း တူးဖော် ရန် ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၁၄ ဘဏ္ဍာနှစ်အတွက် ငွေကျပ်သိန်း ၂၀၀ ကို အတည်ပြု လိုက်ပြီး ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောကြားသည်။ 

အစာကို ကြေညက်အောင် ၀ါးစားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

Photo: အစာကို ကြေညက်အောင် ၀ါးစားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
Monday, January 13, 2014

အစာစားတိုင်း ကြေညက်တဲ့အထိ ကြိတ်ဝါးပြီး စားသောက် ပေးရပါမယ်။
ဒီလို ကြိတ်ဝါး စားသောက် တာကြောင့် အဓိကအနေနဲ့ ကျန်းမာရေး အကျိုးကျေးဇူး နှစ်ရပ်ကို ရရှိ စေနိုင်ပါတယ်။

(၁)နံပါတ်တစ် ရရှိနိုင်တဲ့ အကျိုးကျေးဇူးက အာဟာရ ဓာတ်တွေကို ခန္ဓာ ကိုယ်က ပိုမို စုပ်ယူ ရရှိနိုင်တာ ဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ တစ်ချက်က အစားအသောက် စားသောက်တဲ့ နှုန်းကို လျော့နည်း စေတာပါ။ အစာစားတာ နှေးလေလေ၊ အစာကို နည်းနည်းပဲ စားဖြစ် လေလေ ဖြစ်ပါတယ်။

အကြောင်းကတော့ အစာစားချိန် မိနစ်၂၀ ကြာတာနဲ့ အစာအိမ်ကနေ ဦးနှောက်ဆီကို ''ဗိုက်ပြည့်ပြီ'' ဆိုတဲ့ သတင်းအချက်အလက် ပို့ဆောင်ပေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစာစားသုံးမှု များပြီး ကိုယ်အလေးချိန် မြင့်တက် လာနိုင်ခြေကိုလည်း ကာကွယ် ထိန်းသိမ်းရာ ရောက်ပါတယ်။

(၂) အစာကို ကြေညက်အောင် ၀ါးစားတာကြောင့် ရရှိနိုင်တဲ့ နောက်ထပ် ကျန်းမာရေး အကျိုး ကျေးဇူးက ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ အစာကို ရွေးချယ် စားဖြစ်လို့ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အစာကိုကြိတ်ဝါးတာ ကြာလေလေ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ တွေကို အရသာ ပိုတွေ့ လေလေ ဖြစ်ကာ ပိုစားဖြစ်လို့ပါ။

လေ့လာမှုတွေ အရ ပါးစပ်ထဲကို အစာတစ်လုတ် ထည့်သွင်းပြီးချိန်မှာ ၁၀-၁၅ ကြိမ် လောက်တော့ ကြိတ်ဝါး ပေးသင့် တယ်လို့ သိရပါတယ်။

Health - Mg Mandalay
အစာစားတိုင်း ကြေညက်တဲ့အထိ ကြိတ်ဝါးပြီး စားသောက် ပေးရပါမယ်။ ဒီလို ကြိတ်ဝါး စားသောက် တာကြောင့် အဓိကအနေနဲ့ ကျန်းမာရေး အကျိုးကျေးဇူး နှစ်ရပ်ကိုရရှိ စေနိုင်ပါ တယ်။

မော်လမြိုင်-ရန်ကုန် အထူးအမြန်ရထား တွဲဆိုင်းသစ်ဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် စတင်ပြေးဆွဲ

Photo: မော်လမြိုင်-ရန်ကုန် အထူးအမြန်ရထား တွဲဆိုင်းသစ်ဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် စတင်ပြေးဆွဲ
Monday, January 13, 2014

မွန်ပြည်နယ် မော်လမြိုင်ဘူတာကြီးမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် အထူးအမြန် (၃၆) အစုန် မော်လမြိုင်-ရန်ကုန် ခရီးစဉ်တွင် ရထားတွဲဟောင်းများအစား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၆ နာရီမှ စတင်ပြီး ရထားတွဲဆိုင်း အသစ်များဖြင့် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း မော်လမြိုင် ဘူတာကြီးမှ အထူးတန်းရုံပိုင်ကြီး ဦးတင်စိုးဝင်က ပြောကြားသည်။

ရိုးရိုးတန်း အတွဲခြောက်တွဲနှင့် အထက်တန်းနှစ်တွဲ ပါရှိမည့်တွဲဆိုင်းသစ် ခရီးစဉ်အတွက် လက်မှတ် ဝယ်ယူသူများသည် လက်မှတ်ရောင်းချိန် နံနက် ၇ နာရီမှ ညနေ ၄ နာရီအတွင်း အထက်တန်း လက်မှတ်များကို သုံးရက်ကြိုတင် ဝယ်ရမည် ဖြစ်ကြောင်းနှင့် ရိုးရိုးတန်း လက်မှတ်များကို တစ်ရက်ကြိုတင် ဝယ်ယူရမည် ဖြစ်ကြောင်း၊ နေ့ချင်း လက်မှတ်များကို ရထားမထွက်မီ ၁၀ မိနစ်အလိုထိ ရောင်းချမည် ဖြစ်ကြောင်း မော်လမြိုင် မီးရထားရုံပိုင် ဦးဌေးအောင်က ဆိုသည်။

ယင်းအမြန်ရထားသည် နေ့စဉ် ည ၇ နာရီ ၃၀ မိနစ်တွင် မော်လမြိုင် ဘူတာကြီးမှ ထွက်ခွာပြီး ရန်ကုန်သို့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း၊ ရန်ကုန်ဘူတာကြီးမှ ည ၉ နာရီအချိန်တွင် ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး မော်လမြိုင်သို့ နံနက် ၆ နာရီအချိန်တွင် ပြန်လည် ဆိုက်ရောက်မည် ဖြစ်ကြောင်း အထူးအမြန် (၃၆) အချိန်စာရင်းအရ သိရသည်။

ယင်းခရီးစဉ်တွင် ရိုးရိုးတန်း လက်မှတ် တစ်စောင်လျှင် ၂၈၀၀ ကျပ်၊ အထက်တန်း လက်မှတ် တစ်စောင်လျှင် ၅၅၀၀ ကျပ် ဖြစ်သည်။

The Voice Weekly
မွန်ပြည်နယ် မော်လမြိုင်ဘူတာကြီးမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် အထူးအမြန် (၃၆) အစုန် မော်လမြိုင်-ရန်ကုန် ခရီးစဉ်တွင် ရထားတွဲဟောင်းများအစား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၆ နာရီမှ စ တင်ပြီး ရထားတွဲဆိုင်း အသစ်များဖြင့် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း မော်လမြိုင် ဘူတာကြီးမှ အထူး တန်း ရုံ ပိုင်ကြီး ဦးတင်စိုးဝင်က ပြောကြားသည်။

အာဖရိကနစ်မြုပ် သင်္ဘောတွင် လုပ်ကိုင်သည့် မြန်မာများ ပြည်တော်ပြန်

Photo: အာဖရိကနစ်မြုပ် သင်္ဘောတွင် လုပ်ကိုင်သည့် မြန်မာများ ပြည်တော်ပြန်
Monday, January 13, 2014

မုန်တိုင်းဒဏ်ကြောင့် အာဖရိက အရှေ့ပိုင်းတွင် နစ်မြုပ်ခဲ့သည့် သင်္ဘောတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာသင်္ဘော သားလေးဦး ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာ ကြောင်း အဆိုပါ သင်္ဘောသားများထံမှ သိရှိရသည်။

သစ်လုံးများ တင်ဆောင်ကာ မာဒါဂါ စကာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ သွားရောက်သည့် MV-PEACE အမည်ရ အဆိုပါ သင်္ဘောသည် မာဒါကာစကာမှ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထွက်ခွာခဲ့ကာ သင်္ဘော စတင်ထွက်ခွာပြီး ငါးနာရီခန့် အကြာတွင် မုန်တိုင်းဒဏ် စတင်ခံရခြင်း ဖြစ်ကြောင်း၊ အဆိုပါ သင်္ဘောပေါ်တွင် တစ်ရက်ကျော် ကြာမြင့်ခဲ့ပြီး အသက်ကယ်လှေဖြင့် ပင်လယ်ပြင်တွင် ၂၂ နာရီကျော် နေခဲ့ရကြောင်း ကပ္ပတိန် ဦးမျိုးဝင်းက ပြောကြားသည်။
“ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် ကြုံဖူးတာပဲ” ဟု နှစ်သုံးဆယ်ကျော် လုပ်သက်ရှိသူ ၎င်းကဆိုသည်။

အဆိုပါ သင်္ဘောတွင် မြန်မာနိုင်ငံသား လေးဦးနှင့် တရုတ်နိုင်ငံသားငါးဦး ပါဝင်ပြီး သင်္ဘောပေါ်မှာ သက်ကယ်လှေပေါ် ဆင်းပြီး မကြာမီ သင်္ဘောနစ်မြုပ်သွားကြောင်း၊ သင်္ဘောသားများကို တန်ချိန် သုံးသိန်းကျော် တင်နိုင်သည့် ဂရိသင်္ဘော တစ်စီးက လာရောက် ကယ်ဆယ်ကာ တောင်အာဖရိကနိုင်ငံ မြို့တော် ကိပ်တောင်းသို့ ပို့ဆောင် ပေးခဲ့ကြောင်း သင်္ဘောသားများထံမှ သိရှိရသည်။
“လှိုင်းက သင်္ဘောထက်ကြီးတယ်” ဟု အဆိုပါ သင်္ဘောပေါ်တွင် လိုက်ပါခဲ့သည့် ဦးဖြိုးထွန်းကျော်က ဆိုသည်။

မုန်တိုင်း တိုက်ခတ်မည့် သတင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရရှိခဲ့သော်လည်း သင်္ဘောထွက်ရန် စီစဉ်ပြီးပြီ ဖြစ်သဖြင့် ခရီးစဉ်ဆိုင်းငံ့၍ မရခဲ့ကြောင်း ဦးမျိုးဝင်းက ပြောဆိုသည်။ 

မြန်မာသင်္ဘောသားများကို နေရပ်ပြန်ရန် သင်္ဘောပိုင်ရှင် အစီအစဉ်ဖြင့် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၀၀ စီ ပေးအပ်ခဲ့ပြီး သင်္ဘောသားများ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ တောင်အာဖရိက နိုင်ငံရှိ PNI အာမခံကုမ္ပဏီကို တင်ပြထားကြောင်း၊ ယင်းနိုင်ငံ ပရီတိုးရီးယားမြို့ရှိ မြန်မာနိုင်ငံ သံရုံးက အကူအညီအချို့ ပေးကြောင်း ဦးမျိုးဝင်းက ပြောကြားသည်။

တန်ချိန် ၁၄၀၀ ကျော် တင်နိုင်သည့် MV-PEACE သင်္ဘောသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် မှတ်ပုံတင်ထားသည့် သင်္ဘောဖြစ်သည်။

The Voice Weekly
မုန်တိုင်းဒဏ်ကြောင့် အာဖရိကအရှေ့ပိုင်းတွင် နစ်မြုပ်ခဲ့သည့် သင်္ဘောတွင် အလုပ်လုပ်ကိုင်နေ သည့် မြန် မာ သင်္ဘော သားလေးဦး ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာ ကြောင်း အဆိုပါ သင်္ဘောသားများထံမှ သိရှိရသည်။

အခွန်မဆောင်သည့် လုပ်ငန်းရှင်များ မတ်လမကုန်မီ အခွန်ဘုတ်အဖွဲ့ ဆက်တိုက်တွေ့ဆုံမည်

အခွန်မဆောင်သည့် စီးပွားရေး လုပ်ငန်းရှင်များကို အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ပြီးဆုံးသည့် မတ်လမကုန်မီ ဆက်တိုက်ခေါ်ယူ တွေ့ဆုံမည် ဖြစ်ကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။

ဘာသာရပ်အလိုက် အမျိုးသား တက္ကသိုလ်များ ဖွဲ့စည်းရန်စီစဉ်

Photo: ဘာသာရပ်အလိုက် အမျိုးသား တက္ကသိုလ်များ ဖွဲ့စည်းရန်စီစဉ်
Monday, January 13, 2014

ပညာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာန လက်အောက် တက္ကသိုလ်များ အားလုံးအနက် ဘာသာရပ်နှင့် ဒေသအလိုက် စုစည်းထားသော အမျိုးသား တက္ကသိုလ်များ စုစည်းဖွဲ့စည်းရန် လျာထားကြောင်း လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ ဇန်နဝါရီလ ၁၂ ရက်နေ့ အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားသည်။

နည်းပညာဆိုင်ရာ အမျိုးသား တက္ကသိုလ် အဖွဲ့တွင် နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ရေကြောင်းပညာ တက္ကသိုလ်တို့ ပါဝင်ပြီး ဆေးဘက်ဆိုင်ရာအတွက် လက်ရှိ တည်ထောင်ထားသော ဆေးတက္ကသိုလ် အားလုံး စုစည်းသွားရန် ရှိကြောင်း၊ ဝိဇ္ဇာ၊ သိပံ္ပတက္ကသိုလ်များ အတွက်လည်း သက်ဆိုင်ရာ ဒေသအလိုက် အမျိုးသား တက္ကသိုလ်နှင့် ဒေသအဆင့် တက္ကသိုလ်များ ဖွဲ့စည်းရန် လျာထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အဆိုပါ ပေါင်းစည်းထားသော တက္ကသိုလ်များတွင် ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်များသည် ယင်းတို့၏ မူလတာဝန် များကိုသာ ဆက်လက်လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း၊ ယင်းသို့ တက္ကသိုလ်များ အစုအဖွဲ့ ဖွဲခြင်းကြောင့် တက္ကသိုလ် ပညာရေး၏ မဟာဌာနများကို ပိုမို အားကောင်းလာနိုင်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖြည့်စွက် ပြောဆိုသည်။

“ဒီလို ပေါင်းစည်းတာတွေ လုပ်မယ်ဆိုရင် ဘာအပိုင်းကို ပေါင်းစည်းမှာလဲ မေးဖို့လိုလာပြီ။ တက္ကသိုလ်တွေက မူဝါဒကို ပေါင်းမှာလား၊ ဘာကိုပေါင်းမှာလဲဆိုတာ ရှင်းလင်းရမယ်” ဟု လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ နာယက ဦးသန်းဦးက ထောက်ပြ ဝေဖန်သည်။

သက်ဆိုင်ရာ အထူးပြု ဘာသာရပ်အလိုက် စုစည်းလိုက်ရာ အမျိုးသား တက္ကသိုလ် ခုနစ်ခု၊ ဒေသအဆင့် တက္ကသိုလ် ၁၆ ခုနှင့် အဝေးသင် ပညာရေးအတွက် Open University နှစ်ခု ယာယီ ထွက်ပေါ်လာပြီး အတည်ပြု အကောင်အထည် ဖော်ရန်အတွက် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ယာယီ ဖွဲ့စည်းထားသော အမျိုးသား တက္ကသိုလ်များ စာရင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက် တက္ကသိုလ်များနှင့် သာသနာရေး ဝန်ကြီးဌာန လက်အောက် တက္ကသိုလ်များ မပါဝင်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

ယင်းနောက် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ အဆင့်မြင့်ပညာရေး မူဝါဒတွင် ထည့်သွင်း ရေးဆွဲထားသော တက္ကသိုလ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် တက္ကသိုလ် ဗဟိုကောင်စီ ဖွဲ့စည်းရေးကို ပြင်ပ ပညာရေး အဖွဲ့အစည်းများထံက ဝေဖန်သံများ ထွက်ပေါ်နေသောကြောင့် ပြင်ဆင် ရေးဆွဲရန် စီစဉ်နေကြောင်း ယင်းကော်မတီဝင်များထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ပညာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနလက်အောက် တက္ကသိုလ်များအားလုံးအနက် ဘာသာ ရပ်နှင့် ဒေသ အလိုက် စုစည်းထားသော အမျိုးသား တက္ကသိုလ်များ စုစည်းဖွဲ့စည်းရန် လျာထားကြောင်း လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ ဇန်နဝါရီလ ၁၂ ရက်နေ့ အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး က ပြောကြား သည်။

မလေးရှားရောက် တရားမဝင် လုပ်သားများကို တစ်ကျော့ပြန် ဖမ်းဆီးမည်

မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေသူ အထောက်အထားမဲ့ တရားမဝင် နိုင်ငံခြား လုပ်သားများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံပိုင်ရုပ်သံသတင်း နှင့် သတင်း စာများတွင် ဖော်ပြသည်။

ဘန်ကောက် ဆန္ဒပြပွဲကြောင့် MAI လေယာဉ် ခရီးစဉ်များ ရပ်ဆိုင်းမည်မဟုတ်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နဝါထရာ ရာထူးက နုတ်ထွက်ပေးရန် အတိုက်အခံ ပါတီဝင်များက တနင်္လာနေ့ (ဇန်နဝါရီလ ၁၃ ရက်) မှစတင်၍ ဘန်ကောက်မြို့တွင်းရှိ လမ်းများ ကို ပိတ် ဆို့၍ ဆန္ဒပြမှု (Babgkok Shutdown) ပြုလုပ်မည် ဖြစ်သော်လည်း ရန်ကုန်- ဘန်ကောက် လေယာဉ် ခရီးစဉ်များကို ရပ်ဆိုင်းမည် မဟုတ်ကြောင်း မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) က ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားသည်။

အမျိုးသမီးတွေကြားမှာ player တစ်ယောက် ဖြစ်ဖို့ ရှောင်ကျဉ်ရမယ့် စကားလုံးတွေ

Photo
တကယ်လို့များ မင်းဟာ player တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် မိန်းကလေးတစ်ယောက်ရှေ့ မှာ ဘယ်တော့မှ မပြောသင့်တဲ့ စကားလုံးလေးတွေရှိပါတယ်။

ဧည့်မထဆန်လုံးရှည် တန်ချိန် ၆၀၀၀ ဂျပန်ပို့ရန် တင်ဒါအောင်

Photo: ဧည့်မထဆန်လုံးရှည် တန်ချိန် ၆၀၀၀ ဂျပန်ပို့ရန် တင်ဒါအောင်
Monday, January 13, 2014

မြန်မာနိုင်ငံမှ ဧည့်မထ အမျိုးအစား လုံးရှည်ဆန် တန်ချိန် ၆၀၀၀ ကို ဧပြီလနှင့် မေလတို့တွင် ဂျပန်နိုင်ငံသို့ တင်ပို့ရန် တင်ဒါ အောင်မြင်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက The Voice သို့ ပြောကြားသည်။

ဂျပန်နိုင်ငံက တစ်ကမ္ဘာလုံးသို့ ဆန်တင်ဒါ ခေါ်ယူရာတွင် မြန်မာနိုင်ငံက ဆန်တန်ချိန် ၆၀၀၀ တင်ဒါအောင်မြင်ခြင်း ဖြစ်ပြီး ဆန်အရည်အသွေးနှင့် ဈေးနှုန်းကိုမူ Mitsui ကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးကာ သဘောတူစာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုက ဆန်တန်ချိန် ၂၆,၀၀၀၊ ထိုင်းနိုင်ငံက တန်ချိန် ၁၃,၀၀၀ နှင့် အခြားနိုင်ငံပေါင်းစုံက တန်ချိန် ၁၂,၀၀၀၊ စုစုပေါင်း တန်ချိန် ၅၁,၀၀၀ တင်ဒါ အောင်မြင်ထားကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံသို့ တန်းမြင့်ဆန် တန်ချိန် ၅၀၀၀ တင်ပို့နိုင်ခဲ့ခြင်းသည် နှစ်ပေါင်း ၄၅ နှစ် အတွင်းတွင် ပထမဆုံး အကြိမ်ဖြစ်ကာ ယခုအကြိမ်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် ဆန်တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။

ဂျပန်နိုင်ငံသည် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများထက် အရည်အသွေပိုင်းတွင် ပိုမို တင်းကျပ်သည့် စစ်ဆေးမှုများ ရှိသည့်အတွက် ဂျပန်နိုင်ငံသို့ ဆန်ပြန်လည် တင်ပို့နိုင်ခြင်းသည် အီးယူ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် များစွာ အထောက်အပံ့ ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စံချိန်တင် ဆန်တန်ချိန် ၁ ဒသမ ၄၇သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ဒီဇင်ဘာလအထိ ဆန်တင်ပို့နိုင်မှုမှာ ဆန်တန်ချိန် ငါးသိန်း နီးပါးရှိကာ ယခုနှစ် မတ်လကုန်တွင် နောက်ထပ် ဆန်တန်ချိန် ရှစ်သိန်းနီးပါး တင်ပို့ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
မြန်မာနိုင်ငံမှ ဧည့်မထ အမျိုးအစား လုံးရှည်ဆန် တန်ချိန် ၆၀၀၀ ကို ဧပြီလနှင့် မေလတို့တွင် ဂျပန်နိုင်ငံသို့ တင်ပို့ရန် တင်ဒါ အောင်မြင်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေး မှူး ဒေါက် တာ စိုးထွန်းက The Voice သို့ ပြောကြားသည်။

အီဂျစ်နိုင်ငံသမ္မတ ရွေးကောက်ပွဲတွင် အီဂျစ်ကာကွယ်ရေး ဦးစီးချုပ် ဝင်ရောက် ယှဉ်ပြိုင် နိုင်ဖွယ်ရှိ

Photo: အီဂျစ်နိုင်ငံသမ္မတ ရွေးကောက်ပွဲတွင် အီဂျစ်ကာကွယ်ရေး ဦးစီးချုပ် ဝင်ရောက် ယှဉ်ပြိုင် နိုင်ဖွယ်ရှိ
Monday, January 13, 2014

အီဂျစ် နိုင်ငံတွင် သမ္မတ မိုဟာမက် မော်စီအား ဖြုတ်ချ၍ စစ်ဘက်က အာဏာ သိမ်းခဲ့ပြီးနောက် အီဂျစ်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စီစီသည် ထောက်ခံမှု အများဆုံး ရရှိသူ တစ်ဦးဖြစ်လာခဲ့ပြီး ယခုနှစ် အကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိကြောင်းနှင့် စစ်ဘက်မှ ထောက်ခံမှုလည်း ရရှိနိုင်ကြောင်း စစ်ဘက် တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ဇန်နဝါရီ ၁၂ရက် အင်တာ နက် သတင်း တစ်ရပ်အရ သိရသည်။

မိမိအနေဖြင့် သမ္မတ ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းခဲ့မည်ဆိုလျှင် ထိုကဲ့သို့ အမည်စာရင်းတင်သွင်းမှုသည် ပြည်သူတို့၏ တောင်းဆိုမှုကြောင့် သာဖြစ်ပြီး စစ်ဘက်၏ စည်းမျဉ်းဥပဒေ ပြဋ္ဌာန်းမှု အရသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း စီစီက ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တွင်ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တစ်ရပ်ရေးဆွဲ ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲ မကျင်းပမီ စီစီ၏ အဆိုပါ မှတ်ချက်ပြု ပြောကြား ချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲသည် မော်စီပြုတ်ကျပြီးနောက် စစ်ဘက်အစိုးရ တာဝန်ယူစဉ် ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ကြောင်း သိရသည်။ စီစီသည် အီဂျစ် နိုင်ငံတွင် လွတ်လပ် စွာ ရွေးကောက် တင်မြှောက်ထားသည့် ပထမဆုံး သမ္မတအား စစ်ဘက် အာဏာသိမ်းကာ ဖြုတ်ချခဲ့သူအဖြစ် မော်စီအား ထောက်ခံသူများက ပြောကြားလျက်ရှိပြီး လူထုဆန္ဒခံယူပွဲအား သပိတ်မှောက် ရန် မော်စီ၏ မွတ်စလင် ညီအစ်ကို များ အဖွဲ့က တောင်းဆိုလျက်ရှိကြောင်း သိရသည်။

မြ၀တီ
အီဂျစ် နိုင်ငံတွင် သမ္မတမိုဟာမက် မော်စီအား ဖြုတ်ချ၍ စစ်ဘက်က အာဏာ သိမ်း ခဲ့ပြီးနောက် အီဂျစ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စီစီသည် ထောက်ခံမှု အများဆုံး ရရှိသူ တစ်ဦးဖြစ်လာခဲ့ပြီး ယခုနှစ် အကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိကြောင်းနှင့် စစ်ဘက်မှ ထောက်ခံမှုလည်း ရရှိနိုင်ကြောင်း စစ်ဘက် တာဝန်ရှိသူများက ပြောကြားခဲ့သည် ဟု ဇန်နဝါရီ ၁၂ရက် အင်တာ နက် သတင်း တစ်ရပ်အရ သိရသည်။

အကြမ်းဖက်မှု၊ မုဒိမ်းမှုများ အရေးယူရန် ဘင်္ဂလားဒေ့ရှ်တွင် ရခိုင်မျိုးနွယ်စုဝင်များ ဆန္ဒပြ

Photo: အကြမ်းဖက်မှု၊ မုဒိမ်းမှုများ အရေးယူရန် ဘင်္ဂလားဒေ့ရှ်တွင် ရခိုင်မျိုးနွယ်စုဝင်များ ဆန္ဒပြ
Monday, January 13, 2014

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရွေးကောက်ပွဲ မလိုလားသည့် အတိုက်အခံများက ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီးငယ်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦးကို မုဒိမ်းကျင့်မှု၊ နေအိမ်မီးရှို့မှုများ ပြုလုပ်ခဲ့ သည်ကို အရေးယူပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်နေသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူသုံးထောင်ခန့် ဇန်နဝါရီလ ၁၁ ရက်နေ့က ဖလောင်းချိတ်မြို့၌ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

အတိုက်အခံများသည် ဇန်နဝါရီလ ၇ ရက်နေ့က ဟိန္ဒူဘာသာဝင် အမျိုးသမီး နှစ်ဦးကို လက်နက်ပြကာ မိသားစုရှေ့တွင် မုဒိမ်းကျင့်ခဲ့ကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီး တစ်ဦးကိုလည်း မုဒိမ်းမှု ထပ်မံကျူးလွန်ခဲ့ပြီး နေအိမ် ၃၅၀ ကျော်ကို မီးရှို့ခဲ့ကြောင်း၊ ယင်းလုပ်ရပ်များကို အရေးယူပေးရန်၊ ရပ်တန့်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဦးမောင်ထွန်းလှက ပြောကြားသည်။

ဖလောင်းချိတ်မြို့တွင် ပြုလုပ်သည့် အဆိုပါ ဆန္ဒပြ တောင်းဆိုမှုတွင် ရခိုင်၊ မာရာမာ၊ ဒိုင်းနက်၊ သက်၊ ဘူရိုဝါနှင့် ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူဦးရေ သုံးထောင်ဝန်းကျင် ပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။

လာမားမြို့နယ် အုန်းတပင်ရွာမှ အသက် ၁၄ နှစ်အရွယ် ရခိုင် အမျိုးသမီးငယ် တစ်ဦးကို ၎င်းကျေးရွာ အနီးရှိ ချီးလ်ဘီ အဖွဲ့ဝင် မွတ်ဆလင် အာယူအာလီ ဆိုသူက မုဒိမ်းကျင့်ခဲ့သော်လည်း သက်ဆိုင်ရာက တရားဥပဒေအရ အရေးမယူဘဲ နစ်နာကြေးအဖြစ် ငွေကြေးပေး၍ ဖြေရှင်းခဲ့ကြောင်း လာမားမြို့နယ်မှ ဦးကျော်ခိုင်က ပြောကြားသည်။

ရခိုင် မျိုးနွယ်စုဝင်များနှင့် ဟိန္ဒူ ဘာသာဝင်များ နေထိုင်သည့် နေရာများတွင် လုံခြုံရေး တင်းကျပ်စွာ ချထားပေးရန်လည်း တောင်းဆိုခဲ့ကြောင်း ယင်းဆန္ဒပြမှုတွင် ပါဝင်သူ ဦးနိုင်နိုင်က ဆိုသည်။

အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင် မျိုးနွယ်စုဝင်များသည် ၂၀၁၂ နှစ်မှ စတင်ကာ ရခိုင်ပြည်နယ်သို့ ထွက်ပြေး ခိုလှုံလာခဲ့ကြရာ ယခု လူဦးရေ ၁၅၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

(ခင်မောင်အေး)
The Voice Weekly
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရွေးကောက်ပွဲ မလိုလားသည့် အတိုက်အခံများက ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီးငယ်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦးကို မုဒိမ်းကျင့်မှု၊ နေအိမ်မီးရှို့မှုများ ပြုလုပ်ခဲ့ သည်ကို အရေးယူပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်နေသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူသုံးထောင်ခန့် ဇန်နဝါရီလ ၁၁ ရက်နေ့က ဖလောင်းချိတ်မြို့၌ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

သေဒဏ် ဖျက်သိမ်းရန် မြန်မာအစိုးရကို ကုလသမဂ္ဂ တိုက်တွန်း

Photo: သေဒဏ် ဖျက်သိမ်းရန် မြန်မာအစိုးရကို ကုလသမဂ္ဂ တိုက်တွန်း 
Monday, January 13, 2014

မြန်မာအစိုးရ အနေနှင့် သေဒဏ်ပေးခြင်း ပုဒ်မကို အပြီးတိုင် ဖျက်သိမ်းပေးရန် လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးများရုံး၏ ပြောရေးဆိုခွင့်ရှိသူ Rupert Colville က ဇန်နဝါရီလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်သည်။

မြန်မာအစိုးရ အနေနှင့် လူ့အခွင့်အရေးကို အခြေခံ၍ ပြစ်မှုဆိုင်ရာ ပုဒ်မများတွင် သေဒဏ်ကို အပြီးတိုင် ဖျက်သိမ်း ပေးသင့်ကြောင်း ၎င်းကဆိုသည်။

မြန်မာအစိုးရက သေဒဏ်ချမှတ် ခံရသူများကို ထောင်ဒဏ် တစ်သက် (နှစ်အကန့်အသတ်မရှိ) သို့ ပြောင်းလဲ ပေးခဲ့သည့် အမိန့်တစ်ရပ်ကို ဇန်နဝါရီလ ၂ ရက်နေ့က ချမှတ်ခဲ့သည့်အတွက် ကုလသမဂ္ဂ အနေနှင့် ကြိုဆိုကြောင်း Rupert Colville ကဆိုသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန် ယူတော့မည့် မြန်မာအစိုးရ အနေနှင့် သေဒဏ်ကျခံ အကျဉ်းသားများကို ထောင်ဒဏ် အဖြစ် ပြောင်းလဲပေးလိုက်ခြင်းသည် ဒေသတွင်း အာဆီယံ နိုင်ငံများအတွက် စံပြကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။ 

မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ် နောက်ပိုင်းမှစ၍ ယနေ့တိုင် သေဒဏ်စီရင် ခံရသည့် အကျဉ်းသားများ မရှိခဲ့ကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရ သိရသည်။

(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသားများကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ (က) အရ နိုင်ငံတော် သမ္မတက သေဒဏ်ကျ အကျဉ်းသားများကို ထောင်ဒဏ် တစ်သက် (နှစ်အကန့် အသတ်မရှိ) သို့လည်းကောင်း၊ နှစ်အကန့်အသတ် မရှိနှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသည့် အကျဉ်းသားများကို ထောင်ဒဏ် နှစ် ၄၀ နှင့် အထက်ကျခံ နေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့ လျှော့ပေါ့ ပေးလိုက်ကြောင်း အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

The Voice Weekly
မြန်မာအစိုးရ အနေနှင့် သေဒဏ်ပေးခြင်း ပုဒ်မကို အပြီးတိုင် ဖျက်သိမ်းပေးရန် လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးများရုံး၏ ပြောရေးဆိုခွင့်ရှိသူ Rupert Colville က ဇန်နဝါရီလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်သည်။

နိုင်ငံရေး အကျဉ်းသားများ အခမဲ့ ဆေးကုသခွင့်ရရန် ဦးဝင်းတင် ဖောင်ဒေးရှင်း ကူညီမည်

Photo: နိုင်ငံရေး အကျဉ်းသားများ အခမဲ့ ဆေးကုသခွင့်ရရန် ဦးဝင်းတင် ဖောင်ဒေးရှင်း ကူညီမည်
Monday, January 13, 2014

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာပြီး ကျန်းမာရေး ချို့ယွင်းမှုများ ဖြစ်ပွားနေသော နိုင်ငံရေး အကျဉ်းသားဟောင်း များကို အခမဲ့ ဆေးကုသခွင့် ရရှိရန်အတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက ကူညီမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်က ပြောကြားသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပ ပြုလုပ်သည့် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် အကျဉ်းသားများကို ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အနေနှင့် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက ပြုလုပ်ပေးသော နိုင်ငံရေး အကျဉ်းသားဟောင်းအဖြစ် အသိအမှတ် ပြုကြောင်း ထောက်ခံချက်ဖြင့် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းသစ်လမ်းရှိ Green Cross ပုဂ္ဂလိက ဆေးရုံတွင် သွားရောက် ဆေးကုသမှု ခံယူနိုင်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ သိရှိရသည်။

“လက်ရှိ အချိန်အထိတော့ နိုင်ငံရေး အကျဉ်းသားဟောင်း ၃၀၀ ကျော်ကို အခမဲ့ ကျန်းမာရေး ထောက်ပံ့မှု ပေးနိုင်ခဲ့ပါတယ်။ ဒီကျန်းမာရေး ထောက်ပံ့မှုကို နိုင်ကျဉ်းဟောင်းနဲ့ သူ့ရဲ့ အိမ်ထောင်ဖက်က ခံစားခွင့် ရနိုင်ပါတယ်” ဟု အဆိုပါ ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဦးကျော်အောင်က ရှင်းပြသည်။

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းသည် နိုင်ငံရေး အကျဉ်းသား ၃၄၇ ဦးကို နှစ်လတစ်ကြိမ် ထောက်ပံ့ငွေ ပေးအပ်လျက်ရှိပြီး နိုင်ငံရေး အကျဉ်းသားများနှင့် အကျဉ်းသားဟောင်းများ၏ သားသမီး ၈၄၈ ဦးကို ပညာသင်စရိတ်များ ထောက်ပံ့လျက် ရှိသည်။

The Voice Weekly
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာပြီး ကျန်းမာရေး ချို့ယွင်းမှုများ ဖြစ် ပွားနေသော နိုင်ငံရေး အကျဉ်းသားဟောင်းများကို အခမဲ့ ဆေးကုသခွင့် ရရှိရန်အတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက ကူညီမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင် က ပြောကြားသည်။

မလေးရောက် မြန်မာလုပ်သားတစ်ဦး မြစ်ထဲပြုတ်ကျ ပျောက်ဆုံး

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ အသက် ၂၆နှစ်အရွယ်ရှိ ရေ ယာဉ်လုပ်သားတစ်ဦးဖြစ်သူ ဇာနည် ဘုန်းမြင့် သည် ဝမ်းပြား ရေယာဉ်နောက်ဘက်ရှိ ကြိုး တစ်ချောင်းကို ခလုတ်တိုက်၍ ဆာရာ ဝပ်မြစ်တားဆည်အ နီး ဆာရာဝပ် မြစ်ဝထဲသို့ နံနက် ၅နာရီခန့်က ကျသွားခဲ့သည်။

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲဝင် အားကစားဝတ်စုံကို သုဝဏ္ဏကွင်းတွင် ထုတ်ပေးမည်

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲဝင်သူများအတွက် အားကစားဝတ်စုံကို သုဝဏ္ဏအား ကစားကွင်း၌ ဇန်န၀ါရီ ၁၆ ရက်တွင် စတင်ထုတ်ပေးသွားမည်ဖြစ်သည်ဟု ရိုးမ-ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၅ စင်ကာပူဆီးဂိမ်းတွင် မြန်မာ့ရိုးရာခြင်းလုံး ပါဝင်မည်

၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၈ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ၌ မြန်မာ့ရိုးရာခြင်းလုံးကစားနည်း ပါဝင်မည်ဟု မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ် အတွင်းရေး မှူးဦးရဲအောင်က မဇ္ဈိမသို့ ပြောသည်။

မြန်မာယူ-၂၂အသင်း၏ နည်းဗျုဟာ ကောင်းမွန်မှုကို အိုမန်နည်းပြချီးကျုး

အာရှ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်အိုမန်အသင်းအနေဖြင့် မြန်မာအသင်းကို လေး ဂိုးပြတ်အနိုင်ရခဲ့သော်လည်း မြန်မာအသင်း၏ နည်းဗျုဟာကောင်းမွန် မှုနှင့် ကစားသမားများ လျင်မြန်မှု ကို အိုမန်နည်းပြ ဖိလစ်ပီဘာလီက ပွဲပြီးသတင်းစာ ရှင်းလင်းပွဲ တွင် ချီးကျုးပြောကြားခဲ့သည်။

မန္တလေးမြို့ ၆၆ လမ်းမကြီးကို ၃၅ လမ်းမှ သိပ္ပံလမ်းအထိ လေးလမ်းသွားလမ်း ဇွန်လတွင် အပြီးဖောက်မည်

မန္တလေးမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် တောင်မြောက်လမ်းတစ်လမ်းဖြစ်သည့် ၆၆ လမ်း ကို ၃၅လမ်းမှ သိပံ္ပလမ်းအထိ လေးလမ်းသွားလမ်းမအဖြစ် ဇွန်လတွင် အပြီးဖောက်လုပ်မည်ဟု မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဌာနမှူးဒေါ်ခင်မေဌေးက ဇန်န၀ါရီ ၁၂ ရက် တွင် မဇ်္ဈိမကို ပြောသည်။

ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးခြင်း နယ်လှည့်အစီအစဉ် ပုသိမ်ကြီးတွင် စမည်

မော်တော်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်း နယ်လှည့်ဆောင်ရွက်ခြင်းအစီအစဉ်ကို လာ မည့်ဖေဖော်ဝါရီ ပထမပတ်တွင် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် ဆောင်ရွက်ပေးမည်ဟု မန္တလေး တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးသိန်းဦး က ဇန်န၀ါရီ ၁၁ ရက်တွင် မဇိ္ဈမ ကို ပြော သည်။

နေပြည်တော်တွင် ဟိုတယ်အလုံးပေါင်း ၈၀ အထိ ဖွင့်လှစ်မည်

၂၀၁၄ ခုနှစ်သည် အာဆီယံနိုင်ငံများ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံမှ တာဝန် ယူဆောင်ရွက် မည့် အပြင် နိုင်ငံခြားသားဧည့်သည်များ လာရောက်လည်ပတ်မှု များ လာသောကြောင့် နေပြည်တော်တွင် ဟို တယ်အလုံးပေါင်း ၈၀ ထိ ဖွင့်လှစ်မည်ဟု ဟို တယ်နှင့် ခရီး သွား လာရေးဝန်ကြီး ဦးဌေးအောင်က ဇန်န၀ါ ရီ ၁၀ ရက်တွင် ပြောသည်။

ကျပ်သိန်းပေါင်းတစ်သောင်းတန် ရွေ့လျား ကရ၀ိက်ဟိုတယ် ၈၀ ရာခိုင်နှုန်းပြီးစီး

ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ ပါဝင်သော ရွေ့လျားရေပေါ်ကရ၀ိက်ဟိုတယ်ကို မန္တလေးမြို့၊  ဧရာဝတီ ဆိပ်ကမ်း၌ တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အဆို ပါရေပေါ်ဟိုတယ်ဆောက်လုပ်သည့် GC-မြန်မာကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းထွန်းက မဇ္ဈိမ ကို ပြော သည်။

တရုတ်သို့ တင်ပို့မည်ဟုယူဆရသည့် မြွေအကောင် ၉,၀၀၀ ကျော် ဖမ်းမိ

တရုတ်သို့ တင်ပို့မည်ဟု ယူဆထားသည့် မြွေအကောင် ၉,၄၀၀ ပါ သေတ္တာ ၃၀၀ ကို ရှမ်းပြည်နယ် လွိုင်လင် ခရိုင်လဲချားမြို့တွင် ဇန်န၀ါရီ ၁၀ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု လဲချားမြို့နယ် ရဲစခန်းမှ ရဲ ၀န်ထမ်းတစ်ဦးက ဇန်န၀ါရီ ၁၁ ရက်က မဇ္ဈိမကို ပြောသည်။

MCPA ပညာသင်ဆုရရှိထားသူများ နိုင်ငံခြားပညာတော်သင် ဦးစားပေးရွေးမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA)မှ ရွေးချယ်ပေးအပ်သော ပညာချွန်ဆုရရှိထား သည့် ကျောင်း သားများသည်အသင်းမှ အခါအားလျော်စွာ ရွေးချယ်စေလွှတ်သည့် နိုင်ငံခြား ပညာ သင်ဆုများ တွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက ဦးစားပေးရွေး ချယ်ခံရမည်ဖြစ်သည်ဟု ယင်း အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးမြို့ ၄၁ လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ညဈေးကို အဆင့်မြှင့်တင်မည်

မန္တလေးမြို့ ကမ်းနားလမ်း (၄၁လမ်း) တွင်ရှိသော ညဈေးကို ကိုယ့်အားကိုယ်ကိုး အဆင့်မြှင့် တင်ရန်အတွက် အဆိုပါဈေး အကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ ညှိ နှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် (၁) ဦးထွန်းကြည်က ဇန်န၀ါရီ ၁၁ ရက်တွင် မဇ်္ဈိမကို ပြောသည်။

မန္တလေးတိုင်းတွင် လူသတ်မှုနှင့် အဓမ္မပြုကျင့်မှုများ တိုးလာ

မန္တလေးတိုင်းအတွင်း ၂၀၁၂ ခုနှစ်ထက် ၂၀၁၃ ခုနှစ်တွင် လူသတ်မှုနှင့်အဓမ္မပြု ကျင့်မှုနှုန်း မြင့်တက် လာရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တိုင်း၊ မြို့နယ်၊ ရပ်ကွက်အလိုက် ပညာပေးေ ဟာပြောပွဲများကို လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဦးဇော်မင်းဦး က ပြော သည်။

လွတ်မြောက်နိုင်ကျဉ်းများ မူလနိုင်ငံသားအခွင့်အရေးရရှိရန် စိစစ်ရေးကော်မတီထံ တင်ပြမည်

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်အတွင်းမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ အပေါ် မူလ နိုင်ငံသားအခွင့်အရေးများ ချိုးဖောက်ခံရမှုများကို စိစစ်ရေးကော်မတီတွင် တင်ပြ ကာ ဆွေး နွေး သွား မည် ဟု လက်ကျန်နိုင်ကျဉ်း စိစစ်ရေးကော်မတီဝင် ဦးဘိုကြည်က မဇ္ဈိမကို ဇန်န၀ါရီ လ ၁၂ တွင် ပြောသည်။

ကရင်နီဒုက္ခသည်များနေထိုင်ရန် လျာထားသည့် နေရာများတွင် မြေမြှုပ်မိုင်း များ ရှိနေဆဲ ထောင်ထားသည့်မိုင်းများ ရှင်း လင်းပေး ရန် KNPP က တပ်မတော်ကို တိုက်တွန်း

ထိုင်းနယ်စပ်တွင် စစ်ဘေးတိမ်းရှောင်နေသော ကရင်နီဒုက္ခသည်များ ပြည်တွင်း ပြန်လည်နေ ထိုင်ရန် သတ်မှတ်ပေးထားသည့် မြေနေရာများတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း အစိုးရနှင့် အပစ်ရပ်ထားသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဇန်န၀ါရီ ၁၂ ရက် တွင် မဇ္ဈိမကို ပြောကြား လိုက်သည်။

သမ၀ါယမသိမ်း လယ်မြေပြဿနာ တစ်လအတွင်း ဖြေရှင်းမပေးလျှင် သပိတ်စခန်းဖွင့်မည်ဟုဆို

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာရှိ အမှတ်(၃)လယ်ယာလက်ကား သမ၀ါယမ လီမိတက်က သိမ်းဆည်းထားသည့် လယ်မြေဧက တစ်ထောင်ကျော် ပြန်ရရေးနှင့် အင်းမ ရေထိန်းတမံ ဖျက်သိမ်းပေးရေး အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက တစ်လအတွင်း မဆောင် ရွက် နိုင်ပါက သပိတ်စခန်းဖွင့် တောင်းဆိုမည်ဟု လယ်မြေသိမ်း ဆည်း ခံရသူ တောင်သူများ က ကြေညာ ချက် ထုတ်ပြန်သည်။

လွှတ်တော်ပြင်ပရှိ အင်အားစုများအနေဖြင့် လွှတ်တော်တွင်းရှိသူများနှင့် ဟန်ချက်ညီရန် လိုအပ်ကြောင်း ၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင်များ ပြောကြား

Photo: လွှတ်တော်ပြင်ပရှိ အင်အားစုများအနေဖြင့် လွှတ်တော်တွင်းရှိသူများနှင့် ဟန်ချက်ညီရန် လိုအပ်ကြောင်း ၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင်များ ပြောကြား
Monday, January 13, 2014

လွှတ်တော်ပြင်ပရှိ အင်အားစုများ အနေဖြင့် လွှတ်တော်တွင်း ရှိသူများနှင့် ဟန်ချက်ညီရန် လိုအပ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်ပြင်ပနိုင်ငံရေးနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့က ပြောကြားသည်။

ဇန်န၀ါရီ ၁၁ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေး ပထမနေ့တွင် ဦးမင်းကိုနိုင်က မိန့်ခွန်းပြောကြားရာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာနှင့် ပတ်သက်ပြီး ပြောကြားခဲ့ရာ ရွေးကော်ပွဲဝင်ပြီး လွှတ်တော်တွင်း ၀င်ရောက်ကြသူများနှင့် လွှတ်တော်ပြင်ပရှိ အင်အားစုများ ဟန်ချက်ညီညီ ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောကြားသည်။

“ကျွန်တော်တို့အားလုံး သွားနိုင်တဲ့ အခြေအနေတစ်ခုကို ဘုံထုတ်လိုက်မယ်ဆိုရင် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖြစ်ပါလိမ့်မယ်။ ပန်းတိုင်ကတော့ ကျွန်တော်တို့ တူတယ်ဆိုရင် ရှေ့ဆက်ပြီး ဘယ်လိုလက်တွဲကြမလဲ ဆိုတာကို စဉ်းစားဖို့ ကျန်ပါလိမ့်မယ်။ အဲဒီမှာ နှစ်မျိုးရှိပါလိမ့်မယ်။ ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော်ထဲကိုဝင်ကြမယ်။ အဲဒါကတစ်ပိုင်း၊ နောက်တစ်ပိုင်းက ဒီလွှတ်တော်ပြင်ပမှာလည်း အင်အားစုတွေက ရှိနေပါလိမ့်မယ်။ အကြောင်းကြောင်းကြောင့် လွှတ်တော်ထဲ မ၀င်သော်လည်းပဲ ကျွန်တော်တို့ ပြည်ထောင်စုတစ်ခုလုံးအတွက် အလုပ်လုပ်ချင်ကြတဲ့ အင်အားစုတွေဟာ လွှတ်တော်တွင်း ရောက်သွားသူတွေနဲ့ ဟန်ချက်ညီဖို့လိုတယ်” ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

ဇန်န၀ါရီ ၁၂ ရက်တွင် ဆက်လက်ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေး ဒုတိယနေ့တွင် ဦးကိုကိုကြီးက လက်ရှိမြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ် အခြေခံကာ အားလုံးပါဝင်သည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ပေါ်လာရေး ဆိုင်ရာများနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

“အထင်အရှားဆုံး နိုင်ငံရေး အချိုးအကွေ့လို့ ပြောရမယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာ အဓိကအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်ရှိလွှတ်တော်နိုင်ငံရေးထဲမှာ ပါဝင်လာခြင်းဟာ ထူးခြားတဲ့ နိုင်ငံရေးအချိုးအကွေ့ ဖြစ်ပါတယ်။ အဲ့ဒီအခြေအနေနဲ့ စပ်ဆက်ပြီးတော့ ကျွန်တော်တို့ တခြားနိုင်ငံရေး ဆောင်ရွက်မှုတွေကိုပါ လုပ်လာတဲ့အချိန်မှာ တစ်ဖက်ကလည်း ကျွန်တော်တို့ ဒီနေ့ဒေါ်အောင်ဆန်းစုကြည် ပြည်နယ်နဲ့တိုင်းတွေကိုလှည့်ပြီး လူထုနိုင်ငံရေး လုပ်နေတယ် ဆိုတာကလည်း တစ်ဖက်က လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့က နိုင်ငံရေးကို ကျွန်တော်တို့ ဦးတည်ချက်တွေ၊ ဆန္ဒတွေကို လက်တွေ့အကောင်အထည် ပေါ်လာအောင် ရလာဒ်ထွက်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို အာရုံစိုက်ပြီးတော့ နည်းလမ်းတွေ ရှာကြဖို့ လိုမယ်လို့မြင်တယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

၂၀၁၃ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ ၂၅ နှစ်ပြည့် အခမ်းအနား၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စုံညီအစည်းအဝေးကို ရန်ကုန်မြို့၌ နှစ်ရက်ကြာ ကျင်းပခဲ့သည်။

ဇန်န၀ါရီ ၁၁ ရက်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုကြေညာစာတမ်း အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေး ပြုလုပ်နေစဉ်

Eleven Media Group
ဇန်န၀ါရီ ၁၁ ရက်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုကြေညာစာတမ်း အကောင် အထည်ဖော်ရေး စုံညီအစည်းအဝေး ပြုလုပ်နေစဉ်
လွှတ်တော်ပြင်ပရှိ အင်အားစုများ အနေဖြင့် လွှတ်တော်တွင်း ရှိသူများနှင့် ဟန်ချက် ညီရန် လို အပ်ကြော င်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်ပြင်ပနိုင်ငံရေးနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ က ပြောကြား သည်။

တနင်္သာရီရှိ ကျွန်းလေးခုတွင် နိုင်ငံတကာ အဆင့်မီ အပန်းဖြေ စခန်းများ တည်ဆောက်မည်


တနင်္သာရီတိုင်း ဒေသကြီး မြိတ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တည် ဆောက်ရေး လုပ်ငန်းများ၊ စက်မှု လုပ်ငန်းများ၊ အဆင်ြ့မင့် အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက်လာပြီး မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ခြင်း နှင့် အတူ ကုန်သွယ်မှု လုပ်ငန်းများ၊ ကုန်စည် စီးဆင်းမှုများ လျင်မြန်လာ၍ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့် သည် များ ရောက်ရှိ လာတော့မည်ဖြစ်သည်။

ဘန်ကောက်မြို့လယ် ရပ်ဆိုင်းသွားအောင် အတိုက်အခံ ကြိုးစား

PhotoPhoto
ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် အစိုးရ ဖြုတ်ချဖို့ ကြိုးစားနေတဲ့ အတိုက်အခံ ခေါင်းဆောင်တွေက ဘန်ကောက်မြို့မှာ စုရုံးနေကြပြီး ဒီနေ့ တနင်္လ࿿ာနေ့မှာ မြို့လယ်က သွားလာလှုပ်ရှားမှုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားအောင် လုပ်ဖို့ ကြိုးစားနေကြပါတယ်။

မြိတ်တွင် ကျောက်မီးသွေးစက်ရုံကို ဆန္ဒပြ၊ မီတာခ သာတူညီမျှရရေး တောင်းဆို

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် လော့လော့ကျေးရွာတွင် တည်ဆောက်မည့် ကျောက် မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖျက်သိမ်းရေးအတွက် ယင်းကျေးရွာတစ်ဖက်ကမ်းရှိ သမုတ်ဒေသခံ ၁၅၀ ဦးဝန်းကျင်ခန့်က ဇန်န၀ါရီ ၁၂ ရက် မွန်းလွဲတစ်နာရီအချိန် ယင်းကျေးရွာ ပဂျီရှောင်ရပ်ရှိ ဘော်လုံးကွင်းတွင် ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ ကြသည်ဟု ဆန္ဒထုတ်ဖော် သူများမှ သိရသည်။

ဘန်ကောက် မြန်မာ ခရီးသွား ကျဆင်း

တနင်္လာနေ့ မှာ ဘန်ကောက်ကို သိမ်းပိုက် ဖို့ လှုပ်ရှား နေကြတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက မြို့တော်ရဲ့ အဓိက ခုနစ် နေရာ မှာ ပိတ် ဆို့ ဆန္ဒ ပြဖို့ ရှိနေပါတယ် ။

ဆန္ဒပြပွဲတွေကြောင့် ထိုင်းစီးပွားရေးထိခိုက်

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးသူတွေက ဆန္ဒပြပွဲတွေကို နေ့စဉ်လိုလို ပြုလုပ်နေတာမှာ မနက်ဖြန် ဇန်န၀ါရီလ ၁၃ ရက်နေ့ကျရင်တော့ ဘန်ကောက်မြို့တော်ကို လာရောက်လည်ပတ် မှုတွေ ရပ်တန့်သွားတဲ့ အထိ အရှိန်မြှင့် ဆန္ဒပြကြဖို့ကို ပြင်ဆင်နေကြပါတယ်။ ဒီလိုအခြေ အနေတွေကြောင့် နိုင်ငံခြားသားတွေ အတွက် ခရီးသွားသတိပေးချက်တွေလည်း ထုတ်ပြန်နေ သလို၊ ဆန္ဒပြပွဲတွေ အချိန်ကြာလာတာနဲ့ အမျှ နောက်ဆက်တွဲအနေနဲ့ စီးပွားရေး လုပ်ငန်းတွေ မှာ ပါ ထိခိုက်မှုတွေရှိလာနေတဲ့အကြောင်း အသေးစိတ်ကိုတော့ မနန္ဒာချမ်းက တင်ပြပေးထား ပါတယ်။