Wednesday, December 23, 2015

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် လုပ်သားနှစ်သိန်းခုနစ်သောင်းကျော် ချုပ်ဆိုပြီး

အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်(အီးစီ)ကို ယနေ့အချိန်အထိ လုပ်သားဦးရေ နှစ်သိန်းခုနစ်သောင်းကျော်
ချုပ်ဆိုထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအီးစီစာချုပ်ကို စက်တင်ဘာမှစ၍ ချုပ်ဆိုစေခဲ့ပြီး တစ်လအတွင်း အပြီးချုပ်ဆိုရန်ဖြစ်သော်လည်း အလုပ်ရှင်၊ အလုပ်သမားစာချုပ်ပါအချက်အလက်များနှင့်ပတ်သက်ပြီး ညှိနှိုင်းမှုများအချိန်ယူပြုလုပ်နေရ၍ ကြန့်ကြာမှုအချို့ရှိခဲ့ရကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
‘‘စက်ရုံ၊ အလုပ်ရုံအရေအတွက်ဆိုရင် တစ်နိုင်ငံလုံးစာရင်းအရတစ်ထောင်ကျော်သွားပါပြီ’’ ဟု ၎င်းကပြောသည်။

ရခိုင်တွင် လေးနှစ်အတွင်း စိတ်ကြွဆေး ၁၈ သိန်းကျော်နှင့် မူးယစ်တရားခံ ၁၈၀ ဦးကျော် ဖမ်းမိ

မြောက်ဦး- မူးယစ်ဆေးဝါးရောင်းဝယ်မှု အများဆုံးဖြစ်နေသည့် ရခိုင်ပြည်နယ်တွင် လေးနှစ်တာကာလအတွင်း WY စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းကျော်နှင့် မူးယစ်တရားခံ ၁၈၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
‘‘ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ကနေ ဒီနေ့အထိ WY စိတ်ကြွဆေးပြားပေါင်း ၁၈ သိန်းကျော်ဖမ်းဆီးရမိခဲ့ပြီးတော့ လူပေါင်း ၁၈၀ ကျော် ဖမ်းဆီးခဲ့ရတယ်’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြုလုပ်သည့် မြို့ခံများနှင့် တွေ့ဆုံပွဲ၌ ပြောကြားသည်။

နိုင်ငံ့လက်ရွေးစင်မှ ငါးနှစ်အနားယူထားသူများ လက်ရွေးစင် အားကစားသမားဟောင်းများ အသင်းဝင်အဖြစ် လျှောက်နိုင်

မြန်မာ့အားကစား တိုးတက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများအသင်းသို့ လက်ရွေးစင်အားကစားသမားအဖြစ်မှ ငါးနှစ်အနားယူထားပြီးသူများအနေဖြင့် အသင်းဝင်အဖြစ် လျှောက်ထားနိုင်ကြောင်းသတင်းရရှိသည်။
‘‘ကျွန်တော်တို့ အသင်းဝင်တွေမှာ အားကစားနည်းတွေ အစုံပါနေတော့ အားကစားအဖွဲ့ချုပ်တွေကနေ အကူအညီတောင်းခံလာမယ်ဆို ကူညီပေးနိုင်အောင်လို့ပါ။ နောက်တစ်ချက်က အသင်းဝင်တွေအချင်းချင်း ချစ်ခင်စည်းလုံးမှုရှိရှိနဲ့ ကူညီရိုင်းပင်းမှုတွေပြုလုပ်ပေးနိုင်ဖို့အတွက်ပါ။ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ့အားကစား တိုးတက်လာရေးအတွက် ပံ့ပိုးပေးနိုင်ဖို့ အတွက်ပါပဲ’’ဟု မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ အသင်းဖြစ်မြောက်ရေးကော်မတီမှ အတွင်းရေးမှူးနှင့် ဘော်လီဘောချန်ပီယံဟောင်း ဦးစိုးသိန်းက ပြောသည်။

မယ်စကြ၀ဠာပြိုင်ပွဲနှင့် အမှားတစ်ခု၏ နောက်ဆက်တွဲ ဂယက်များ

ဆုရသူ အမည် မှားယွင်းကြေညာပြီးနောက် ၂၀၁၄ မယ်စကြ၀ဠာမယ်က သရဖူကို ကိုလံဘီယာ အလှမယ်ထံမှ ဖိလစ်ပိုင်အလှမယ်အား လွှဲပြောင်းပေးအပ်နေစဉ် (Reuters)
မယ်စကြ၀ဠာ ပြိုင်ပွဲ နောက်ဆုံး အနိုင်ရသူရွေးချယ် ကြေညာစဉ် အကြီးအကျယ်လွဲချော်သွားခဲ့ သည့် ၎င်း၏အမှားကို အစီအစဉ် မှူး စတိဗ်ဟာဗေးက၀န်ခံတောင်းပန်ခဲ့သည်။ သို့သော်လည်းနောက်ဆက်တွဲ ဂယက်များကမူ မျှော်လင့်ထားသည့်အတိုင်း ထွက်ပေါ်လာဆဲဖြစ်သည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန် ပြင်ဆင်

တရုတ်နိုင်ငံနှင့် နယ် စပ်ကုန်သွယ်ရာတွင် အရေးပါ သည့် မူဆယ်-မန္တလေးကားလမ်း ကြောင်း၌ ကုန်တင်ကားကြီးများ သွားလာမှုများလျှင် ယာဉ်ကြောပိတ်ဆို့လေ့ရှိသော ပြဿနာကို ဖြေရှင်းရန် စက်ယန္တရားများ အဆင့်သင့်ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။
ကားလမ်းကျဉ်းသည့်နေရာ များတွင် ကားပျက်ခြင်း၊ ကားလမ်းချော်ခြင်းနှင့် စည်းကမ်းမဲ့ကျော် တက်မောင်းနှင်ခြင်းကဲ့သို့ ယာဉ် ကြောပိတ်ဆို့မှုဖြစ်ပေါ်စေသည့် အခြေအနေများ၌ လမ်းကြောင်းပိတ်ဆို့နေသည့် ယာဉ်ကို ရှင်းလင်းဖယ်ရှားနိုင်ရန် ကရိန်းဝန်ချီစက်ကဲ့သို့ စက်ယန္တရားကြီးများ အဆင်သင့်ပြင်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူ ဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၆ ခုနှစ်တွင် ထွက်ပေါ်လာမည့် လိုင်စင် ဥပဒေသစ် အပြောင်းအလဲကြောင့် လက်ရှိလိုင်စင် ရရှိထားသည့် မော်တော်ယာဉ်များကို ဒီဇင်ဘာ ၃၁ ရက် အထိသာ တင်သွင်းတော့မည်ဟု ကုန်သည် လုပ်ငန်းရှင်များ ဆို

နယ်စပ်မှ တရားဝင် ကားတင်သွင်းရာတွင် လက်ရှိတင်သွင်းခွင့် ရရှိထားသော မော်တော်ယာဉ်များအား ဒီဇင်ဘာ ၃၁ ရက်ထိသာ တင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း မြ၀တီနယ်စပ်မှ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များထံမှ သိရသည်။
၂၀၁၆ ခုနှစ် ထွက်ပေါ်လာမည့် လိုင်စင် ဥပဒေသစ် အပြောင်းလဲကို စောင့်ဆိုင်းပြီး လက်ရှိ တင်သွင်ခွင့် လိုင်စင်ရရှိထားသည့် ၀ယ်ယူပြီးကားများ လက်ဝယ်ကျန်ခဲ့မည်ကို စိုးရိမ်၍ ဖြစ်သည်ဟု ဆိုသည်။