Tuesday, January 7, 2014

ယောက်ျားဖြစ်သူ ဖောက်ပြန်မှုကြောင့် ဇနီးသည်နှင့် လေးနှစ်အရွယ်သမီးတို့ အဆိပ်သောက်

ရန်ကုန်၊ မဇ္ဈိမ။ ။ ယောက်ျားဖြစ်သူ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ဇနီးသည်နှင့် လေးနှစ် အရွယ် သမီးငယ်တို့ အဆိပ်သောက်ပြီး မိမိကိုယ်ကို သေကြောင်းကြံမှုတစ်ခု ဇန်နဝါရီ ၆ ရက်က ဖြစ်ပွား ခဲ့သည် ဟု ကော့မှူးမြို့နယ်ရဲစခန်းမှူး ဒု-ရဲမှူး တင့်လွင်က မဇ္ဈိမကို အတည်ပြု ပြောသည်။

ခွန်အားဖြည့် အချိုရည်နဲ့ ယမကာ တွဲသောက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာ


ခွန်အားဖြည့်အချိုရည်နဲ့ ယမကာကို တွဲသောက်ခြင်းဟာ ယမကာကိုပဲ သောက်သုံးခြင်းထက် ပိုအန္တရာယ်များတယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုကို Michigan Institute for Social Research မှ သုတေသီ Dr.Megan Patrick မှဦးဆောင် လေ့လာခဲ့ပါတယ်။

ယနေ့ခေတ်မှာ လူငယ်တွေဟာ energy drinks တွေနဲ့ ယမကာကို ရောနှောသောက် သုံးမှု မြင့် တက်နေပါတယ်။ ဒါဟာ ယမကာကို သီးသန့်သောက်သုံးသူတွေအတွက် ယမကာအဆိပ်သင့်ခြင်း (alcohol poisoning)ကို ပိုဖြစ်စေနိုင်ပါတယ်။ လူငယ်တွေဟာ ပါတီနဲ့ပျော်ပွဲရွှင်ပွဲတွေမှာ အိပ်မငိုက်စေ ဘဲ နိုးနိုးကြားကြားရှိနေစေဖို့ အခုလို တွဲဖက်သောက်သုံးကြတာ ဖြစ်တယ်လို့ Dr.Megan Patrick က ပြောကြားခဲ့ပါတယ်။

အမေရိကန်က ပြည်နယ်တစ်ခုမှာ ဆေးခြောက် တရားဝင်ရောင်းချသုံးစွဲ ခွင့်ပြု

အမေရိကန်က ပြည်နယ်တစ်ခုမှာ ဆေးခြောက် တရားဝင်ရောင်းချသုံးစွဲ ခွင့်ပြု
Tuesday, January 7, 2014

အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းကက Colorado ပြည်နယ် မှာ ဆေးခြောက်ကို တရားဝင် ရောင်းချခွင့်၊ ဝယ်ယူ သုံးစွဲခွင့် ပေး လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ 

မကြာသေးပါဘူး။ Coloarado ပြည်နယ်အပြင် အခြားသော ပြည်နယ် အချို့ မှာပါ ဆက်လက်ခွင့်ပြုသွားဖို့ ရှိကြောင်း ဆိုပါတယ်။ ဆေးခြာက်ကို အသက် ၂၁ နှစ်ပြည့်ပြီးသူများ ဝယ်ယူနိုင်ပြီး တစ်ခါဝယ်ရင် ၂၈ ဂရမ်ထက် ပိုဝယ် လို့တော့ မရ ပါဘူး။ ဆိုင်ပေါင်း သုံးရာကျော်က လိုင်စင်ယူပြီး စတင် ရောင်း ချနေပြီ ဖြစ်ပ်ါတယ်။ ဆေးခြောက်ကို ကျန်းမာရေးအတွက်တင် မက အပန်းဖြေမှုဆိုင်ရာ အသုံးပြုခြင်းအတွက် ခွင့်ပြုလိုက်ခြင်း ဖြစ်ပါတယ်။ 

အမေရိကန်မှာ လက်ရှိကြုံတွေ့နေရတာကလည်း လူငယ်တွေကြား က ဆေးခြောက်ပြဿနာ ဖြစ်ပါတယ်။ ဒါကိုဖြေရှင်းဖို့အတွက် နည်းဗျူဟာ သစ်တစ်ခု အသုံးပြုခြင်း ဖြစ်ပါတယ်။ ဆေးအာနိသင်နဲ့ ပက်သက်လို့ လည်းသေချာ ထိန်းချုပ်ပြီး အကန့်အသတ်နဲ့ ရောင်း ချပါတယ်။ ရောင်းချ မှုတိုင်းအပေါ်ကို လည်း အခွန်သတ်မှတ်ထားပြီး စီးပွားရေး တိုးတက်လာစေသလို၊ တရားမဝင် ဆေးခြောက် ရောင်းဝယ် သုံးစွဲတဲ့ လောကကို နှိမ်နှင်းရန်လည်း ပါဝင်ကြောင်း သိရ ပါတယ်။

Ref: yahoo
www.innewsmyanmar.com
အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းကက Colorado ပြည်နယ် မှာ ဆေးခြောက်ကို တရားဝင် ရောင်း ချခွင့်၊ ဝယ်ယူ သုံးစွဲခွင့် ပေး လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

မကြာသေးပါဘူး။ Coloarado ပြည်နယ်အပြင် အခြားသော ပြည်နယ် အချို့ မှာပါ ဆက်လက်ခွင့်ပြုသွားဖို့ ရှိကြောင်း ဆိုပါတယ်။ ဆေးခြာက်ကို အသက် ၂၁ နှစ်ပြည့်ပြီးသူများ ဝယ်ယူနိုင်ပြီး တစ်ခါဝယ်ရင် ၂၈ ဂရမ်ထက် ပိုဝယ် လို့တော့ မရ ပါဘူး။ ဆိုင်ပေါင်း သုံးရာကျော်က လိုင်စင်ယူပြီး စတင် ရောင်း ချနေပြီ ဖြစ် ပ်ါတယ်။ ဆေးခြောက်ကို ကျန်းမာရေးအတွက်တင် မက အပန်းဖြေမှုဆိုင်ရာ အသုံးပြုခြင်းအတွက် ခွင့်ပြုလိုက်ခြင်း ဖြစ်ပါတယ်။

လူကုန်ကူးခံရသော မြန်မာနိုင်ငံသား၁ဝဦးကိုမလေးရှား ရဲတပ်ဖွဲ့ကယ်တင်

မလေးရှားနိုင်ငံရှိ ပီနန်းခရိုင်ရဲ တပ်ဖွဲ့သည် နီဘောင်းတီဗယ်ဒေသ တွင် လူကုန် ကူးခံ ရသော မြန်မာ နိုင်ငံသား ၁ဝ ဦးကို ယနေ့နံနက် ပိုင်းက ကယ်တင်နိုင်ခဲ့သည်ဟု မလေးရှားနေ့စဉ် ထုတ်သတင်းစာ များက ဖော်ပြသည်။ လူကုန်ကူး ခံရသူများမှာ အသက် (၈) နှစ်မှ (၂၂)နှစ် အရွယ်ကြားရှိ မြန်မာနိုင်ငံ သားများဖြစ်ပြီး အရွယ်မရောက် သေးသောကလေးငယ်နှစ်ဦးပါဝင် ခဲ့သည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် ဖွဲ့စည်းမည်

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် ပါတီအချို့နှင့် တိုင်းရင်းသားပါတီများ ပူးပေါင်းဖွဲ့စည်းမည့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA) ကို အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ရုံးချုပ်တွင် ဇန်နဝါရီလ ၇ ရက်နေ့တွင် အတည်ပြု ဖွဲ့စည်းမည်ဖြစ်ကြောင်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

ဒီမိုကရေစီ အင်အားစုပါတီများ ပူးပေါင်း၍ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့် သဘောဖြင့် မဟာမိတ် ဖွဲ့စည်းခြင်း ဖြစ်ပြီး မဟာမိတ်အဖွဲ့၏ လုပ်ငန်းစဉ် များကို ရွေးကောက် ပွဲကော်မရှင် နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အမျိုးသားတစ်ယောက်ကို သိပ်ချစ်မိသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လက္ခဏာရပ်များ


 
 အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို သိပ်ချစ်မိသွားပြီဆိုရင် သူမရဲ့အတွေးတွေက သူ့ဆီမှာပဲရစ်ဝဲနေမယ်။ သူ့အပြုံးကြောင့် သူမရဲ့တစ်နေ့တာ လန်းဆန်းနေမယ်။ သူ့ကို ဘယ်လောက် ပျော်အောင်လုပ်ပေးလိုက်လို့ သူဘယ်လောက်ကျေနပ်သွားတယ်ဆိုတာက သူမရဲ့ထိုက်တန် မှုပဲလို့ ခံစားနေရမယ်။ သူမ ပေးဆပ်လိုက်တဲ့ ကိစ္စတိုင်းအတွက် အသိအမှတ်ပြုခံချင်တဲ့ စိတ်နဲ့ မျှော် လင့်တောင့်တ နေမယ်။ သူဟာ သူမအတွက် နေတစ်စင်းလို တောက်ပနေပြီး၊ သူမ အတွက်တော့ လောင်စာ စီလဲဖြစ် တယ်။ သူ့ရဲ့အစီအစဉ်တွေက ကြားဖြတ်အစားထိုးဝင်ရောက်လာတဲ့အခါ သူ့ကိစ္စက ပိုအရေးကြီးတယ်၊ သူ့စကားက ပိုအလေးသာတယ်လို့ သူမ ယူဆတယ်။ တစ်နေ့တာကုန်သွားတဲ့ အဆုံးသတ်မှာ သူမ လုံးဝ စိတ်မဆိုးဘူး။ ချစ်တာကိုး။ စာဖတ်သူရေ၊ လူတစ်ယောက်ကို ဒီလိုမျိုး သိပ်ချစ်ဖို့ဆိုတာ ဖြစ်နိုင်လား။

ရှမ်း၂၁ ဦးကို ကေအိုင်အေ ဖမ်းဆီးထားဆဲဟု ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ မန်စီမြို့နယ်အတွင်း နေထိုင်သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက တည်းက ဖမ်းဆီးထားသည့် ရှမ်းလူမျိုး ၂၁ ဦးကို ပြန်လည်လွှတ်ပေးခြင်း မရှိသေးဟု ရှမ်းမျိုးနွယ်စုရေး ရာအဖွဲ့ (ကချင်ပြည်နယ်) ခေါင်းဆောင် ဦးစိုင်းထိန်လင်းက ဒီဇင်ဘာ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ကေအိုင်အေနဲ့ တွေ့ပြီးတော့မှ အခု ဖမ်းဆီးထားတာတွေရယ် ကချင်ပြည်နယ်တွင်းမှာ ဒီလိုဆောင်ရွက် နေမှုတွေအတွက် တွေ့ပြီးတော့ ဆွေးနွေးချင်လို့ အခု ဦးအောင်မင်း ဆီကို မေးလ်က တစ်ဆင့် ဒီဇင်ဘာ ၃၀ မှာ စာပို့ထားတယ် ဘာအကြောင်းမှတော့ မထူးသေးဘူး”ဟု ဦးစိုင်းထိန်းလင်းက ပြောသည်။

AIDS ဆိုတာဘာလဲ သင်သေချာ မသိသေးရင် ဗဟုသုတ အနေနဲ့ ဖတ်ကြည့်ပေးပါ


“ဂလင်း” အကျိတ်တွေ ကြီးနေတဲ့ လူတစ်ယောက်ဆီက လင့်ဂလင်း တစ်ခုကို ဖြတ်ထုတ်ပြီး ဗိုင်းရပ်စ် မွေးကြည့်တော့ ဗိုင်းရပ်စ် တစ်မျိုး ပေါက်လာတယ်။ အဲဒီ ဗိုင်းရပ်စ်ကို (L. A. V Lymph adenopathy associated virus) “ဂလင်းကြီးခြင်းနဲ့ ယှဉ်တွဲနေတဲ့ ဗိုင်းရပ်စ်” လို့ ယာယီ ခေါ်ထားတယ်။ ဒီဗိုင်းရပ်စ်ဟာ reto - virus အုပ်စုထဲက အုပ်စုခွဲ ဖြစ်တဲ့ Lenti - virus ဖြစ်တယ်။ Lenti - virus တွေဟာ Slow virus “အနှေး ဗိုင်းရပ်” တွေ ဖြစ်တယ်။ Dr. Montagnier ကတော့ ဒီဗိုင်းရပ်စ်ဟာ AIDS လို့ ယုံကြည်နေတယ်။ ဒီတော့ သူက AIDS ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် အသစ်ကို တွေ့ပြီး L. A. V လို့ ခေါ်ထားတယ်။ 

အစ်မဖြစ်သူက ရည်စားနဲ့ ချိန်းတွေ့တာကို အဖော် လိုက်သွားတဲ့ ညီမ သားမယားအဖြစ် ပြုကျင့် ခံလိုက်ရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကြောင်ဝင်းဒူးကျေးရွာတွင် အစ်မဖြစ်သူ သမီးရည်းစား ချိန်းတွေ့ရာ အရပ်သို့ အဖော်အဖြစ် လိုက်ပါသွားခဲ့သည့် အမျိုးသမီးတစ်ဦးအား အလိုမတူဘဲ သားမယား အဖြစ် အဓမ္မပြုကျင့်ခံရသည့် အတွက် ပုလဲမြို့မရဲစခန်းက ယခုလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်က အမှုရေးဖွင့် ဆောင်ရွက်ခဲ့ရကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပါကစ္စတန်တွင် လက်နက်ပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး လူ (၉) ဦး သေဆုံး



ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းပြည်နယ်ရှိ အိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု တစ်ခုကြောင့် အနည်းဆုံး လူ (၉) ဦး သေဆုံးသွားကြောင်း သတင်းများအရ သိရသည်။ စစ်သွေးကြွများနှင့် စစ်တပ်တို့ အကြား တိုက်ခိုက်မှုများ ဖြစ်ပွားရာ Tirah ချိုင့်ဝှမ်းရှိ လူမျိုးစုခေါင်းဆောင်နေအိမ်တွင် လက်နက်များ စုပုံသိုလှောင်ထားရာမှ ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါနေရာမှာ Lashkar-e-Islam(LeI) စစ်သွေးကြွများ လက်နက် ဖြန့်ဖြူးရာနေရာဟု ယုံကြည်ရကြောင်း၊

ရုပ်ချောတာကို မနာလိုလို့ ဗစ်တိုးရီးယားစီးကရက် မော်ဒယ်ကို အက်ဆစ်နဲ့ လောင်း


ဗြိတိန်နိုင်ငံမှာ ယခု ရက်ပိုင်းလေးတင် ဖြစ်သွားတဲ့ မှုခင်း ဖြစ်ပါတယ်။ Naomi Oni လို့အမည်ရတဲ့ အသက် ၂၁ နှစ်အရွယ် ဗစ်တိုးရီးယားစီးကရက် လှပဂေး မော်ဒယ်ရဲ့  မျက်နှာပေါ်ကို ရွယ်တူ သူငယ်ချင်း ဖြစ်သူ Mary Konye က အက်ဆစ်လောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အက်ဆစ်ကို မျက်နှာပေါ်ပဲ လောင်းခဲ့တာ မဟုတ်ပါဘူး။ တစ်ကိုယ်လုံး ကို လောင်းခဲ့ခြင်း ဖြစ်ပြီး လက်၊ပေါင်နဲ့ ဘော်ဒီအစိတ်အစိတ်အပိုင်းအချို့ လည်း လောင်ကျွမ်းခဲ့ ပါတယ်။ ယင်း ဖြစ်ရပ်ဟာ သက္ကရာဇ် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တီဗီ အစီအစဉ်တင်ဆက်သူ Katie Piper ရဲ့  ဖြစ်ရပ်နဲ့ တူနေပါတယ်။ Katie Piper ကိုတော့ သူ့ချစ်သူဟောင်းက အက်ဆစ်လောင်း ခဲ့ခြင်း ဖြစ်ပြီး မျက်လုံးတစ်ဖက် ကွယ်လို့ မျက်နှာတစ်ခုလုံး

တ.စ.ည ၂၀၁၅ ရွေးကောက်ပွဲအတွက် စပြင်ပြီ


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိရာ မန္တလေးတိုင်း အတွင်းရှိ မြို့နယ် ၃၆ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့်များထိပါ ပါတီရုံးခွဲများ ဖွင့်လှစ်လျက်ရှိပြီး ပါ တီ၏ မန္တလေးတိုင်းအတွင်းရေးမှူး ဒေါ်သောင်းသောင်းမြင့်က မဇ္ဈိမကို ပြောသည်။

“ရွေးကောက်ပွဲဝင်ဖို့ ၂၀၁၃ ကတည်း ပြင်ဆင်နေတာပါ။ PR စနစ်ဆိုရင်တော့ မန္တလေးတိုင်းမှာရှိတဲ့ မြို့ နယ် အားလုံးမှာ ၀င်ရောက်အရွေးခံမယ်။ ဒါမှမဟုတ် စနစ်အဟောင်းတိုင်း ရွေးကောက်ပွဲ လုပ်မယ် ဆိုရင် တော့ ပါတီအတွက် အလားအလာကောင်းမယ့် မြို့နယ်တွေကိုပဲ ၀င်ရောက် အရွေးချယ်ခံသွားမှာပါ။ နိုင် ဖို့မနိုင်ဖို့ ကတော့ ပြည်သူက ဆုံးဖြတ်ပေးသွားမှာပါ”ဟု ၄င်းက ပြောသည်။

ဖိလစ်ပိုင်နိုင်ငံသားအများအပြား မြန်မာပြည်မှာ အလုပ်ဝင်နေ

ဖိလစ်ပိုင်နိုင်ငံသားအများအပြား မြန်မာပြည်မှာ အလုပ်ဝင်နေ
Tuesday, January 7, 2014

မြန်မာပြည်မှာ လာအလုပ်လုပ်တဲ့ ဖိလစ်ပိုင်အလုပ်သမားတွေ သူတို့တိုင်းပြည်ကို ပြန်ပို့တဲ့ငွေပမာဏဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေါ်လာ တသိန်းခွဲရှိပါတယ် တဲ့။

သူတို့က မြန်မာပြည်အပါအ၀င် အာရှ ၂၄ နိုင်ငံ နဲ့ တခြားသော နိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကြ၊ အိမ်ကို ငွေပြန်ပို့ကြတဲ့ အရေအတွက် ဆယ်သန်းဝန်းကျင် ရှိမယ်လို့ ဆိုတယ်။

ပြည်ပမှာပိုက်ဆံရှာပြီးအိမ်ပြန်ပို့တဲ့ငွေပမာဟာ များပြားလွန်းတဲ့အတွက် အဲဒါဟာ တိုင်းပြည်စီးပွားရေးရဲ့ ဆယ်ရာခိုင်နှုန်းရှိတယ် ဆိုပဲ။

နိုဝင်ဘာလတုန်းက ဖိလစ်ပိုင်ဟာ တိုင်ဖွန်းမုန်တိုင်းဒဏ်ကို အလူးအလဲ ခံရ၊ အသေအပျောက် အဆုံးအရှုံး များပြားလွန်းတဲ့အတွက် မုန်တိုင်းအပြီး ပြည်ပကနေ ပြည်တွင်းကို ပေးပို့ ထောက်ပံ့တဲ့ ငွေပမာဏလည်း ခုန်တက်ခဲ့ဖွယ်ရှိပါတယ်။

ဖိလစ်ပိုင်ကနေ မြန်မာပြည်လာပြီး ဘယ်ကဏ္ဍတွေမှာ လုပ်ကိုင်နေကြသလဲ။

ရန်ကုန်မှာရှိတဲ့ ဖိလစ်ပိုင် ဒုသံအမတ် Maria Lourdes Salcedo ရဲ့ အဆိုအရ ... ဖိလစ်ပိုင်တွေဟာ ရေနံ၊ ဓာတ်ငွေ့ဆိုင်ရာ ကုမ္ပဏီတွေမှာ ၀င်လုပ်ကြတယ်၊ အများစုကတော့ တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီများမှာ လုပ်ကိုင်နေကြတယ်လို့ ဆိုတယ်။
မြန်မာပြည်မှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ခြောက်ရာဝန်းကျင် ရှိမယ်လို့ အမျိုးသမီးဒုသံအမတ်က ဧရာဝတီသတင်းဌာနကို ခန့်မှန်းပြောပြပါတယ်။

ဒါကတော့ ဧရာဝတီသတင်းဌာနပင်မစာမျက်နှာမှာ ဒီကနေ့ ဖော်ပြလိုက်တဲ့ Filipino Workers Join Burma’s Opening Economy ဆိုတဲ့ သတင်းကို ကောက်နုတ် ဖော်ပြလိုက်တာပါ။
သတင်းအပြည့်အစုံကိုတော့ http://www.irrawaddy.org/business/filipino-workers-join-burmas-opening-economy.html မှာ ဖတ်ရှုနိုင်ပါတယ်။

ဖိလစ်ပိုင်တွေ မြန်မာပြည်မှာ အလုပ်ဝင်နေတယ် ဆိုပေမယ့် အင်ဂျင်နီယာလိုမျိုး အလုပ်တွေ ဖြစ်ပါလိမ့်မယ်။

သူတို့နဲ့ ကျနော်တို့က တိုက်ရိုက် လေကြောင်း ဆက်သွယ်မှု မရှိသေးပေမယ့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ရှိနေပါပြီ။
ဒီလို သဘောတူထားတဲ့အတွက် မြန်မာပြည်သားတွေ သူတို့နိုင်ငံသွားမယ် ဆိုရင် ၁၄ ရက်ကြာအထိ နေထိုင်ခွင့်အတွက် ဗီဇာ လျှောက်စရာ လိုတော့မယ် မဟုတ်ပါ။

မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံရေးအတွက် လာလာပြီး လေ့လာနေကြတဲ့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များထဲမှာ ဖိလစ်ပိုင်ကလည်း အတော်များများ ပါဝင်နေပါတယ် တဲ့။

ဖိလစ်ပိုင် ကုမ္ပဏီတချို့လည်း မြန်မာပြည်မှာ လုပ်ငန်း လုပ်ကိုင်နေပြီလို့ သိရပါတယ်။

ဧရာဝတီ
မြန်မာပြည်မှာ လာအလုပ်လုပ်တဲ့ ဖိလစ်ပိုင်အလုပ်သမားတွေ သူတို့တိုင်းပြည်ကို ပြန်ပို့တဲ့ငွေ ပမာဏဟာ ပြီးခဲ့တဲ့နှစ် အတွင်း ဒေါ်လာ တသိန်းခွဲရှိပါတယ် တဲ့။

သူတို့က မြန်မာပြည်အပါအ၀င် အာရှ ၂၄ နိုင်ငံ နဲ့ တခြားသော နိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကြ၊ အိမ်ကို ငွေပြန်ပို့ကြတဲ့ အရေအတွက် ဆယ်သန်းဝန်းကျင် ရှိမယ်လို့ ဆိုတယ်။

ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း ရဲတပ်ဖွဲ့ဝင်များကို ဆိုင်ကယ်စီးခွင့်မပြုတော့



ရန်ကုန်တိုင်းဒေသကြီးရှိ စည်ပင်သာယာ နယ်နိမိတ်အတွင်း ရဲတပ်ဖွဲ့ဝင်များ ဆိုင်ကယ်စီးနင်းခွင့် လုံးဝ ခွင့်မပြုတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များ၏ ပြောကြားချက်အရ ဇန်န၀ါရီ ၆ ရက် နံနက်ပိုင်းတွင် သိရသည်။
ယင်းကဲ့သို့ ထုတ်ပြန်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ စည်းကမ်းချိုးဖောက်ပြီး မော်တော်ဆိုင်ကယ် စီးနင်းမှု များကို စောင့်ကြည့်စစ်ဆေး အရေးယူနိုင်ရန် ဖမ်းဆီးရေး အဖွဲ့များကို တိုးချဲ့စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြော ကြားသည်။

မြန်မာU-22အသင်း၏ ဒုတိယမြောက်ခြေစမ်းပွဲအနိုင်ရရှိ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့သွားရောက်လေ့ကျင့်နေသော မြန်မာU-22 အသင်းသည် ဒုတိယမြောက်ခြေ စမ်းပွဲ အဖြစ် ယနေ့ ညနေ ၄နာရီတွင် ထိုင်းလက်ရွေးစင် U-20 အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ၂ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ နှစ်သင်းစလုံးအပြန်အလှန် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းလူစားလဲမှုအချို့ ပြုလုပ်ခဲ့ကာ ကစားကွက် ပိုမိုကောင်းမွန်လာခဲ့သည်။

ပညာတတ်တဲ့ မိန်းကလေးနဲ့ ပညာမတတ်တဲ့ မိန်းကလေး ဘ၀လုံခြုံမှု

ပညာတတ်တဲ့မိန်းကလေးက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်လေလေ၊ ကိုယ့်ဘ၀ လုံခြုံလေလေပဲ။ ပညာ နည်းလေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းလေလေ၊ ကိုယ့်ဘ၀မလုံခြုံလေလေပဲ။
ပညာလည်း မတတ်၊ ပိုက်ဆံလည်းမရှိတဲ့ မိန်းကလေးတွေဆိုရင် လမ်းမှားကိုရောက်သွားနိုင်ခြေများတယ်။

မိသားစုဝင်ငွေနည်းတဲ့ပြဿနာက မိန်းကလေးတွေရဲ့ဘ၀လုံခြုံမှုကို လာပြီးတော့ ထိခိုက်စေတယ်။ မိန်းကလေးတွေက မိခင်စိတ်ရှိတဲ့အတွက် အိမ်တစ်အိမ်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်တဲ့ စိတ်က မိန်းကလေးတွေဆီမှာ အလိုလိုနေရင်း ပေါ်ပေါက်နေတယ်။ အဲဒီအတွက် ဘ၀အပျက်ခံတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်။ မိန်းကလေးတွေအတွက်မိသားစုဝင်ငွေတိုးတဲ့စီးပွားရေးလုပ်ငန်းတွေကိုထူထောင်ဖို့ အများကြီး အကူအညီပေးသင့်တယ်။

စော်ကားခံရမှုကို ရဲအားတိုင်ပြီးအပြန် အုပ်စုလိုက်အဓမ္မပြုကျင့်ခံရပြီး မီးရှို့အသတ်ခံရတဲ့ ဆယ်ကျော်သက်


အိန္ဒိယနိုင်ငံရှိ Madhyagram မြို့တွင် အသက်(၁၆)နှစ်အရွယ် မိန်းကလေးသည် အောက်တိုဘာ (၂၆) ရက်နေ့က မတော်တရော် ပြုကျင့်ခံရပြီး နောက်တစ်နေ့ အောက်တိုဘာ(၂၇)ရက်နေ့တွင် လူ(၆)ထက် ပိုသော အမျိုးသားအုပ်စုက သူမအား သူမ မိသားစုတွေ နေထိုင်သည့် နေအိမ်အနီးမှာပင် အုပ်စု လိုက် ပြု ကျင့် စော်ကားခဲ့ကြသဖြင့် ရဲစခန်းသို့ တိုင်တန်းပြီး အပြန်လမ်းတွင် အခြားအုပ်စုတစ်ဖွဲ့က သူမအား အုပ်စု လိုက် အဓမ္မပြုကျင့်ခဲ့ရကြောင်း သိရသည်။

အမျိုးသမီးများ ဆီးသွားခြင်းအကြောင်း သိကောင်းစရာ



မကြာခဏ ဆီးမသွားပါနှင့်

မကြာခဏ ဆီးသွားလွန်း တာကြောင့် ဆီးအိမ်ကြွက်သားတွေ ပင်ပန်းပြီး ဆီးအိမ် အားနည်း တတ်ပါတယ်။ ဆီး မကြာခဏ သွားတတ်တဲ့ အမျိုးသမီးတွေဟာ ဆီး ကုန် စင်အောင် မစွန့်ထုတ်နိုင် တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင်ခြေ မြင့်မားပါတယ်။

ထိုင်းဆန္ဒပြမှု မြန်မာတွေသတိရှိကြဖို့ သံရုံးနှိုးဆော်

ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ ဘန်ကောက်မြို့လည်မှာ စုဝေးနေကြစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၁၄)ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ ဘန်ကောက်မြို့လည်မှာစုဝေးနေကြစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၁၄)

ထိုင်းနိုင်ငံမှာ လာမယ့် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ ဘန်ကောက်တမြို့လုံးကို ပိတ်ဆို့ဆန္ဒပြဖို့ စီစဉ်ထားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ မြန်မာနိုင်ငံသားတွေ မပါဝင်ကြဖို့ တတ်နိုင်သလောက် ဆန္ဒပြနေရာတွေကို ရှောင်ရှားပြီးတော့ မိမိတို့လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့ ဘန်ကောက် မြန်မာသံရုံးက ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို သတိပေး တိုက်တွန်းထားပါတယ်။

နိုင်ငံရေးပါတီများကို ထောက်ခံရာတွင် မေတ္တာအရ ထောက်ခံခြင်း မဖြစ်သင့်ဟု ကလေးမြို့ ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဇန်န၀ါရီ ၆ ရက်က ကလေးမြို့သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မြို့ခံများအား နှုတ်ဆက်စကား ပြောကြားနေစဉ် (ဓာတ်ပုံ-အောင်သူထွန်း) - See more at: http://news-eleven.com/politic/%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8%E1%80%95%E1%80%AB%E1%80%90%E1%80%AE%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%B1%E1%80%91%E1%80%AC%E1%80%80%E1%80%B9%E1%80%81%E1%80%B6%E1%80%9B%E1%80%AC%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%B1%E1%80%99%E1%80%90%E1%81%B1%E1%80%AC%E1%80%A1%E1%80%9B-%E1%80%B1%E1%80%91%E1%80%AC%E1%80%80%E1%80%B9%E1%80%81%E1%80%B6%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%99%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9E%E1%80%84%E1%80%B9%E1%80%B7%E1%80%9F%E1%80%AF-%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%80%85%E1%80%A5%E1%80%B9%E1%81%8C#sthash.FgxHPbjz.dpuf
ဇန်န၀ါရီ ၆ ရက်က ကလေးမြို့သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မြို့ခံများအား နှုတ်ဆက်စကား ပြောကြားနေစဉ် (ဓာတ်ပုံ-အောင်သူထွန်း) - See more at: http://news-eleven.com/politic/%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8%E1%80%95%E1%80%AB%E1%80%90%E1%80%AE%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%B1%E1%80%91%E1%80%AC%E1%80%80%E1%80%B9%E1%80%81%E1%80%B6%E1%80%9B%E1%80%AC%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%B1%E1%80%99%E1%80%90%E1%81%B1%E1%80%AC%E1%80%A1%E1%80%9B-%E1%80%B1%E1%80%91%E1%80%AC%E1%80%80%E1%80%B9%E1%80%81%E1%80%B6%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%99%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9E%E1%80%84%E1%80%B9%E1%80%B7%E1%80%9F%E1%80%AF-%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%80%85%E1%80%A5%E1%80%B9%E1%81%8C#sthash.FgxHPbjz.dpuf
 ဇန်န၀ါရီ ၆ ရက်က ကလေးမြို့သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မြို့ခံများအား နှုတ်ဆက် စကား ပြောကြားနေစဉ် (ဓာတ်ပုံ-အောင်သူထွန်း) -

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ် ခရီးစဉ်အဖြစ် ဇန်န၀ါရီ ၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကလေးမြို့လေဆိပ်သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

ကလေးမြို့သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ကလေးမြို့လေဆိပ်မှ ရှင်းဟုန်ဟိုတယ်သို့ သွားရောက်ရာ လမ်းတစ်လျှောက် လမ်းဘေးဝဲယာမှ ကလေးမြို့၊ ကလေးဝမြို့၊ မော်လိုက်မြို့နှင့် အထက်ချင်းတွင်း ဒေသမှ ဒေသခံများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ကြိုဆိုခဲ့ သည်ကြ သည်။

အချိန်အကန့်အသတ်ဖြင့် တိုင်းပြည်တာဝန် ယူရသောကြောင့် ကျန် ၂၄ လတွင် ပြည်သူများ မြန်မြန်ဆန်ဆန် တိုက်ရိုက်အကျိုး ခံစားရမည့်လုပ်ငန်းနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အုတ်မြစ်ချရမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

 
 
အချိန်အကန့်အသတ်ဖြင့် တိုင်းပြည်တာဝန် ယူရသောကြောင့် ကျန် ၂၄ လတွင် ပြည်သူ များ မြန်မြန် ဆန်ဆန် တိုက်ရိုက်အကျိုးခံစားရမည့် လုပ်ငန်းနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အုတ်မြစ်ချ ရမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီ ၆ ရက် တွင် နေပြည်တော်ရှိ သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် စီမံကိန်းကော်မရှင် အစည်းအဝေး၌ ပြောကြား ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။