ဧပြီလ ၁၅ ရက် ၂၀၁၄ ခုနှစ်
အစိုးရ၏ ပစ်ခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်မှုများမှာ အားရစရာဟု ဆိုရပေမည်။ MPC တွင် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ဧပြီလ ပထမပတ်အတွင်း တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု အတိုင်းအတာကိုကြည့်ပြီး ပြည်သူများ အားမလို အားမရ ဖြစ်မိသည်။ အစိုးရ၏ ထာဝရငြိမ်းချမ်းရေး ရရှိရေး ကြိုးပမ်းချက်ကို KIO/KIA အဖွဲ့က လက်မခံနိုင်သည်ကိုလည်း အံ့သြမိသည်။
အစိုးရက တစ်ပြည်လုံးအတိုင်းအတာဖြင့် ပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီး
ထာဝရငြိမ်းချမ်းရေး ရရှိရန် ရည်မှန်းချက် လမ်းပြမြေပုံအတိုင်း
နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်လိုသည်။ ငြိမ်းချမ်းရေးကို
အစိုးရက လိုလားသကဲ့သို့ ပြည်သူတွေကလည်း လိုလားသည်။ ခေတ်အဆက်ဆက်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ခြင်းမှာ ငြိမ်းချမ်းရေးကို
အောင်မြင်စွာ တည်ဆောက်နိုင်မှု မရှိခြင်းကြောင့်ဖြစ်သည်။ နောက်ဆုံးတော့
ပြည်သူတွေသာ ဒုက္ခရောက်ပြီး ဆင်းရဲတွင်း နက်လာသည်။ တိုင်းပြည်လည်း
တိုးတက်မှုမရှိခြင်းကြောင့် အာဆီယံနိုင်ငံများတွင် မျက်နှာမလှဖြစ်ခဲ့ရသည်။
အစိုးရ၏ ပစ်ခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်မှုများမှာ အားရစရာဟု ဆိုရပေမည်။ MPC တွင် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ဧပြီလ ပထမပတ်အတွင်း တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု အတိုင်းအတာကိုကြည့်ပြီး ပြည်သူများ အားမလို အားမရ ဖြစ်မိသည်။ အစိုးရ၏ ထာဝရငြိမ်းချမ်းရေး ရရှိရေး ကြိုးပမ်းချက်ကို KIO/KIA အဖွဲ့က လက်မခံနိုင်သည်ကိုလည်း အံ့သြမိသည်။
အစိုးရက တစ်ပြည်လုံးအတိုင်းအတာဖြင့် ပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြ