Monday, October 27, 2014

ယူကရိန်း Donetsk အနီးတ၀ိုက် လက်နက်ကြီးများပစ်ခတ်

Photo: ယူကရိန်း Donetsk အနီးတ၀ိုက် လက်နက်ကြီးများပစ်ခတ်
Monday, October 27, 2014

ယူကရိန်းနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပပြီး နောက်တနေ့ဖြစ်တဲ့ တနလာင်္နေ့မှာတော့ ရုရှားလိုလားသူ ယူကရိန်းသူပုန်တွေ အားကောင်းရာ ယူကရိန်းအရှေ့ပိုင်း Donetsk မြို့ ဆင်ခြေဖုံးအရပ်မှာ လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။ စက်သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရပြီး တိုက်ခိုက်မှု ပြင်းထန်တယ်လို့ Donetsk မြို့တော်ဝန်ရုံးက ပြောပါတယ်။

ယူကရိန်းအစိုးရနဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေကြား စက်တင်ဘာလမှာ အပစ်အခတ် ရပ်ဆဲရေး ရရှိထားတဲ့ကြားကဘဲ ဒေသတွင်းမှာတော့ အတော်လေး တင်းတင်းမာမာ ရှိနေသေးတာ ဖြစ်ပါတယ်။ မနေ့ တနင်္ဂနွေနေ့ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲမှာလည်း ယူကရိန်း အရှေ့ပိုင်းက မဲဆန္ဒရှင် ၃ သန်းနီးပါး မဲပေးခွင့် မရခဲ့ပါဘူး။

ယူကရိန်းသမ္မတ Petro Poroshenko ကတော့ သူတွန်းအားပေးနေတဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေး၊ ဥရောပသမဂ္ဂနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံရေးကို အင်တိုက်အားတိုက် ထောက်ခံကြောင်း အခု ဆန္ဒမဲတွေက ပြသနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မဲဆန္ဒ ကောက်ယူမှု ၂ ခုအရ လက်ရှိ သမ္မတ Petro Poroshenko အဖွဲ့နဲ့ တခြား ဥရောပလိုလားသူ ပါတီတွေက ရွေးကောက်ပွဲကို ဦးဆောင်နေပါတယ်။

လက်ရှိ ဆန္ဒမဲ ကောက်ယူမှု ရလဒ်တွေအရ မစ္စတာ Poroshenko ရဲ့ အဖွဲ့က မဲရလဒ် ၂၃ ရာခိုင်နှုန်း ရရှိထားပြီး၊ ဒီအရေအတွက်က လွှတ်တော်တွင်းမှာ အများစု ကြီးစိုးနိုင်မယ့် အရေအတွက်တော့ မဟုတ်ပါဘူး။ ၀န်ကြီးချုပ် Arseniy Yatsenyuk ရဲ့ Popular Front ကတော့ မဲရလဒ် ၂၁ ရာခိုင်နှုန်းနဲ့ နောက်က လိုက်နေပါတယ်။

အပြိုင်ပါတီကြီးတွေက ဦးဆောင်နေတာ ဖြစ်ပေမဲ့လို့လည်း မစ္စတာ Poroshenko ရော၊ မစ္စတာ Yatsenyuk နှစ်ဦးစလုံးတို့က ဥရောပသမဂ္ဂနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့၊ နောက် နိုင်ငံရဲ့ ဒေ၀ါလီခံရလုဆဲဆဲ အခြေအနေကနေ ပြန်လည်ဆွဲတင်ဖို့ လိုအပ်တယ်လို့ အများက ရှုမြင်ထားတဲ့ ကိစ္စအပေါ် ပြုပြင်ပြောင်းလဲရေးအတွက် နှစ်ဘက်စလုံးတို့က စည်းရုံးခဲ့ကြတာပါ။ ညွန့်ပေါင်းဆွေးနွေးပွဲတွေကိုတော့ တနင်္လာနေ့မှာ စတင်ကြဖို့ စီစဉ်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ယူကရိန်းနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပပြီး နောက်တနေ့ဖြစ်တဲ့ တနလာင်္နေ့မှာတော့ ရုရှားလိုလားသူ ယူကရိန်းသူပုန်တွေ အားကောင်း ရာ ယူကရိန်းအရှေ့ပိုင်း Donetsk မြို့ ဆင်ခြေဖုံးအရပ်မှာ လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။ စက်သေ နတ် သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရပြီး တိုက်ခိုက်မှု ပြင်းထန်တယ်လို့ Donetsk မြို့တော်ဝန်ရုံးက ပြောပါတယ်။

အဖမ်းခံရသူနှစ်ဦး အယူခံရရေး ထိုင်းလုပ်ငန်းရှင် ကူညီမည်

Photo: အဖမ်းခံရသူနှစ်ဦး အယူခံရရေး ထိုင်းလုပ်ငန်းရှင် ကူညီမည်
Monday, October 27, 2014 

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး အာမခံရရေးအတွက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ကူညီပေးမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က အခုလို ပြောပါတယ်။

"တရားရုံးတင်ရန် အာမခံလျှောက်ခွင့်ရှိတယ်၊ ကျနော်တို့က အာမခံလျှောက်ဖို့ စဉ်းစားထားပါတယ်၊ အာမခံရရင်လည်း တစ်ယောက်ကို ၁ဝ သိန်းဆိုရင် နှစ်ယောက်ကို သိန်း ၂ဝ လိုမှာပါ၊ ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ ပါဝင်ပြီးတော့ ကူညီမယ်လို့ကြားပါတယ်"

လူသတ်မှုနဲ့ ပတ်သက်ပြီး ရိုက်နှက်နှိပ်စက်လို့ ဝန်ခံခဲ့ရကြောင်း ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ ပြောကြားချက်တွေ ဘန်ကောက်မြို့က ဗဟိုအစိုးရရှေ့နေရုံးကို မနက်ဖြန် တင်ပြမယ်လို့လည်း ပြောပါတယ်။

ထိုင်းရဲတွေက ခရိုင်တရားရုံးကို အမှုတွဲတင်ရက်မှာ မြန်မာအထူးအဖွဲ့ကလဲ အမှုအတွက် စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေကို တင်ပြဖို့ စီစဉ်နေပါတယ်။

ဒီကနေ့မှာပဲ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မတီအဖွဲ့က ဒေါက်တာ Nirund Pitakwatchara က ဓါတ်မှန်စစ်ဆေးချက်တွေအရ လူသတ်မှုနဲ့ ဖမ်းဆီးခံနေရသူနှစ်ဦးဟာ ရိုက်နှက်နှိပ်စက်ခံထားရတဲ့ လက္ခဏာမတွေ့ရဘူးလို့ ပြောကြောင်း နေးရှင်းသတင်းစာက ရေးသားပါတယ်။

RFA Burmese
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး အာမခံရရေးအတွက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ကူညီပေးမယ်လို့ သိရပါတယ်။

ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ

Photo: ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ
Monday, October 27, 2014 

လက်တင်အမေရိကမှ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီးလ်၏ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒီလ်မာ ရူးဆက်ဖ်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲရလဒ်များကို ယနေ့တွင် ကြေညာခဲ့ရာ ရူးဆက်ဖ်မှာ မဲပေးမှု စုစုပေါင်း ၉၉.၆၆ ရာခိုင်နှုန်းတွင် ၅၁.၆၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပြိုင်ဘက်ဖြစ်သူ အဲစီယို နီဗက်စ်မှာ မဲအရေအတွက် ၄၈.၄၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

မဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ပြောကြားခဲ့သော မိန့်ခွန်းတွင် ရူးဆက်ဖ်က ၎င်း၏ ဒုတိယ သက်တမ်းတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန် မျှော်လင့်ထားပြီး ဘရာဇီးလ် ပြည်သူများက တောင်းဆိုသော ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းတွင် နီဗက်စ်မှာ ရူးဆက်ဖ်ထက် ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား အသာရခဲ့သော်လည်း နောက်ဆုံးအချိန်ကျမှ ရူးဆက်ဖ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နီဗက်စ်ကလည်း မိမိရှုံးနိမ့်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဘရာဇီးလ်သမ္မတ ရူးဆက်ဖ်မှာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု စသည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ref_ Al Jazeera and agencies
M-Media
လက်တင်အမေရိကမှ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီးလ်၏ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒီလ်မာ ရူးဆက်ဖ် က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ဒေသခံ လူထုရဲ့ အသံနားထောင်ဖို့ အရေးကြီး

Photo: ဒေသခံ လူထုရဲ့ အသံနားထောင်ဖို့ အရေးကြီး
Monday, October 27, 2014 

မိမိရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ ကချင်ပြည်နယ်က ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ လိုလားချက်တွေနဲ့ မျှော်လင့်ချက်တွေကို သိရှိအောင် လာရောက် နားထောင်တာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သုံးရက်ကြာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ကဒီနေ့ ပြောကြားပါတယ်။

သူ့ရဲ့မြစ်ကြီးနားမြို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA ကမေးမြန်းရာမှာ သံအမတ်ကြီး Mr. Mitchell က ကချင်ပြည်နယ်အစိုးရအပြင် ဘက်ပေါင်းစုံက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ပြောလိုက်တာပါ။

“အဖွဲ့အစည်းပေါင်းစုံနဲ့ သုံးရက်ကြာတွေ့ဆုံခဲ့ပြီး မိမိခံစားမိတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုရင် အောက်ခြေအဆင့်ဆင့်မှာ ဘက်ပေါင်းစုံက ယုံကြည်မှုတည်ဆောက်ဖို့ အများကြီး လိုအပ်နေပါသေးတယ်။ ရန်ကုန်လိုမြို့မှာ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောတာ ကြားရပါတယ်။ အခုလို လာရောက်ပြီး အဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံပြီး နားထောင်ရတာကိုတော့ ဘာနဲ့မှ လဲလို့မရပါဘူး။ အဲ့ဒီမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဘာပြောနေကြသလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဘာတွေပြောနေသလဲဆိုတာကို နားထောင်ဖို့ဟာ အရေးကြီးပါတယ်” လို့ အမေရိကန်သံအမတ်ကြီးက ပြောသွားပါတယ်။

ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းကလည်း သံအမတ်ကြီး ကချင်ပြည်နယ်ကို လာရောက်တာကို ကြိုဆိုကြောင်း ပြောပါတယ်။

"မြစ်ကြီးနားကို လာတဲ့အချိန်မှာပေါ့၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေ လူသားချင်းစာနာတဲ့ အထောက်အထား ထောက်ပံ့မှုတွေ အကြောင်းတွေ ဒါတွေပဲဆွေးနွေးတာ ရှိပါတယ်၊ အမေရိကန်သံအမတ်ကြီးအနေနဲ့ ကချင်ပြည်နယ်ကို လာတယ်ဆိုတာဟာ ပြည်နယ်အစိုးရရဲ့ သဘောထားအမြင်တွေ၊ ကချင်ပြည်နယ်ရဲ့ အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခွင့်ရတာပါ၊ အဲ့ဒီတော့ တခါတခါမှာ အပြင်မှာပြောတဲ့စကားတွေ၊ မီဒီယာမှာ ကြားရတဲ့ကိစ္စတွေ သူကိုယ်တိုင်တွေ့ဆုံတယ်၊ လေ့လာတယ်ဆိုရင်တော့ အရှိကို အရှိအတိုင်း သူမြင်သွားတာပေါ့"

သံအမတ်ကြီးဟာ မြစ်ကြီးနားမြို့နားက စစ်ပြေးဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။

RFA Burmese
မိမိရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ ကချင်ပြည်နယ်က ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ လိုလားချက်တွေနဲ့ မျှော်လင့်ချက်တွေကို သိရှိအောင် လာေ ရာက် နားထောင်တာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သုံးရက်ကြာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီး Derek Mitchell ကဒီနေ့ ပြောကြားပါတယ်။

“နိုင်ငံရေးအသုံးချခံဖြစ်သွားလေပြီလားကိုပါကြီး”

ယနေ့အွန်လိုင်းမီဒီယာပေါ်မှာ လူပြောအများဆုံးအကြောင်းပြောပါဆိုလျှင် သတင်းထောက် ကိုပါကြီး(ခေါ်) ကိုအောင်နိုင် ကျော် ကိစ္စလို့ပဲပြော ရမည်ဖြစ် ပါသည်။ ကိုပါကြီးသေဆုံးရခြင်း အကြောင်းနှင့်ပတ်သက်၍ လွတ်လပ်ပြီး ကျွမ်းကျင်သော ပညာရှင်များပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပြီး ကျူးလွန်သူများကို တရားဥပဒေနှင့် အညီ အရေးယူဆောင် ရွက်ပေးဖို့ ဒီမိုကရက်တစ်အဖွဲ့ အစည်းပေါင်း (၄၆)ဖွဲ့က အောက်တို ဘာ လ(၂၆)ရက်နေ့ ရက် စွဲဖြင့် ကြေငြာချက် ထုတ်ပြန်ခဲ့ကြသည့်အပြင် ကိုကိုကြီး၊ မင်းကိုနိုင်၊ နေမျိုးဇင်တို့ကိုယ်တိုင် ဦးဆောင်၍ မြို့တော်ခန်းမရှေ့တွင် စုဝေးကာတောင်းဆိုခဲ့ ကြပါသည်။

The Monk မှတ်တမ်း ရုပ်ရှင် ၂၀၁၅ ခုနှစ်တွင် အမေရိကန် နိုင်ငံ၌ ပြသမည်

Photo: The Monk မှတ်တမ်း ရုပ်ရှင် ၂၀၁၅ ခုနှစ်တွင် အမေရိကန် နိုင်ငံ၌ ပြသမည်
Monday, October 27, 2014 

ရန်ကုန်၊ အောက်တိုဘာ၂၇။ ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူး ထားသည့်The Monk မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂ ရက်မှ ၁၂ ရက်အထိအမေရိကန် နိုင်ငံတွင်၂၆ကြိမ်မြောက် အဖြစ် ကျင်းပ ပြုလုပ်မည့် Palm Springs International Film Festival နိုင်ငံ တကာ ရုပ်ရှင် ပွဲတော်၌ ပြသမည် ဖြစ်သည်။ ယင်းရုပ်ရှင် ပွဲတော်သည် မြောက် အမေရိကတွင် အရေးကြီး ထင်ရှားသည့် ရုပ်ရှင် ပွဲတော် ဖြစ်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ် မြို့ရှိ Palm Springs luxury resorts တွင် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

ယင်း ဇာတ်ကားတွင် မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါးမှ ငယ်စဉ် ကတည်းက အရွယ်ရောက်သည် အထိ ကျွေးမွေး စောင့်ရှောက် ခဲ့သည့် ကိုရင်လေး ဇ၀န၏အကြောင်းကိုရိုက်ကူးထားခြင်း ဖြစ်သည်။ ၎င်းသည် ကိုရင်ဝတ်ဖြင့် မည်သို့ ရှေ့ဆက်ကာ ဘ၀အတွက် လျှောက်လှမ်း ရမည်ကို ကိုယ်တိုင် ဆန်းစစ်ချိန်၌ အခက်အခဲများ ရင်ဆိုင် ရခြင်း များနှင့် နောက်ဆုံး၌ သူရွေးချယ် လိုက်သည့် လမ်းကို သတ္တိရှိ ရှိ လျှောက်လှမ်း သွားသည့် ဇာတ်လမ်းကို ဒါရိုက်တာက တစ်နာရီခွဲစာ ရိုက်ကူး တင်ပြ ထားသည်။

အဆိုပါ မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ဒေါက်တာ အောင်မင်းမှ ဇာတ်ညွန်း ရေးသား ထားပြီး ကင်မရာ ကိုတင်ဝင်းနိုင်က တာဝန် ယူကာ ၂၀၁၂ ခုနှစ်တွင် ဒါရိုက်တာ သည်မော်နိုင်ကရိုက်ကူးခဲ့ခြင်း ဖြစ် သည်။ ဇာတ်ကား ရိုက်ကူးမည့် လိုအပ်သည့် ရိုက်ကွင်း နေရာ အတွက် ကွမ်းခြံကုန်း မြို့နယ် သုံးခွ ကျေးရွာရှိသစ်သားဖြင့် ဆောက်လုပ်ထားသည့် ရှေးဟောင်းဘုန်းကြီးကျောင်းနှင့်ရိုက်ကူးမည့်အခြား နေ ရာ များကို နှစ်လကျော် အချိန်ယူ ပြီးမှ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဒါရိုက်တာက ပြောသည်။

"ဇာတ်ညွန်း ပြင်ဆင်တာ သုံးလလောက် အချိန်ယူရ ပါတယ်။ သရုပ်ဆောင်တွေ ကိုလည်း တစ်ခါမှ ရုပ်ရှင် မရိုက်ဖူး သေးတဲ့ သူများနဲ့ ရိုက်ချင် တာကြောင့်  ကိုက် ညီတဲ့ သရုပ်ဆောင် ရှာဖွေရာမှာ   တော်တော် ခက်ခဲ ခဲ့ပါတယ်။ မြန်မာ ရုပ်ရှင်တွေမှာ တွေ့နေတဲ့ သူတွေရဲ့ ရုပ်ရည်က အရမ်းချော နေတော့ မလိုချင် မသုံးချင်ပါဘူး။ အပြင် မှာ အများစု တွေ့နေရတဲ့ ရုပ်ရည်တွေ ကိုသာ သုံးချင်တာပါ။ အပြင်က လူတွေလို ပြုမူတာ မျိုးတွေနဲ့ မကွဲပြားသော ဇာတ်ကောင်တွေကို ဇာတ်မှာ တည်ထား တာပါ။ အဓိက ရိုက်ကွင်းက နှစ်နေရာ ဖြစ်တဲ့ ရွာ နဲ့ မြို့ပါ။ မိုးတွင်း မှာ ရိုက်ချင်လို့ မိုးကောင်းတဲ့ လမှာ စရိုက်ကူး ခဲ့ပါတယ်။ ရွာမှာ တစ်လကျော် ရိုက်ခဲ့တယ်။ မြို့မှာ လိုချင်တဲ့ ရိုက်ကွင်းတွေ အတွက် အစစ်တွေကို သုံးချင်တာမို့ ရိုက်ကူးခွင့် တင်ရတယ်။ ဆက်တိုက် ရိုက်လို့မရပါဘူး ။ ရိုက်ကူးရက်  ၄၅ ရက်လောက် ရိုက်ခဲ့ ပါတယ်။ နောက်ပြီး ဒီကားက နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံး အဖြစ် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်မှာ ပြသခွင့် ရခဲ့တာပါ။ လူငယ်တွေ အနေနဲ့ ဒီကားကို ကြည့်ပြီး လေ့လာလို့ ရနိုင်မယ်လို့ ထင်ပါတယ်" ဟု ဒါရိုက်တာ သည်မော်နိုင်က ယင်းဇာတ်ကား ဖန်တီး ခဲ့ပုံကို ထပ်မံ ပြောသည်။

The Monk မှတ်တမ်း ရုပ်ရှင် ဇာတ်ကား ရိုက်ကူးမှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ လတွင် ရိုက်ကူးခဲ့ပြီး ဇာတ်ကား တည်းဖြတ် မှုကို ၂၀၁၃ ခုနှစ် မေလ တွင် စတင် ခဲ့ကာ ဒီဇင်ဘာလတွင် ပြီးစီးခဲ့သည်။ ယင်း ဇာတ်ကား၏ လိုအပ်သည့် အသံ ဒီဇိုင်းနှင့် အရောင် ချိန်ညှိခြင်းကို ၂၀၁၄ ခုနှစ် ဧပြီလတွင် အဆုံးသတ် နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်း မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို အောက်တိုဘာလ၌ တောင် ကိုရီးယား နိုင်ငံရှိ ၁၉ ကြိမ်မြောက် ဘူဆန် နိုင်ငံတကာ ရုပ်ရှင် ပွဲတော် ၌ သုံးရက် ပြသ သွားမည်ဖြစ်ပြီးFive Flavours ရုပ်ရှင် ပွဲတော် တွင် လည်းပြသရန် ရွေးချယ်ခြင်း ခံထားရသည်။

၂၀၁၄ ခုနှစ် ဇူလိုင် လတွင်ဥရောပ၌ ပြုလုပ်သည့် ၄၉ ကြိမ်မြောက် ကာလိုဗီဗာရီ နိုင်ငံတကာ ရုပ်ရှင် ပွဲတော်၏ Forum of independence film ၌ ယင်းဇာတ်ကားကို အဖွင့် ဇာတ်ကား အနေဖြင့် ပြသ ခွင့် ရခဲ့ပြီး သြဂုတ်လတွင် ရိုမေးနီးယား နိုင်ငံ၌ ပြုလုပ်သည့် Anonimul International Independence Film Festival ပွဲတွင်လည်း   ပြသခွင့်ရခဲ့ကာ Premiere Special Award ဆုကို ရရှိခဲ့သည်။ အဆိုပါ မှတ်တမ်း ရုပ်ရှင်ကို ရုရှားနိုင်ငံ အရှေ့ဖျားတွင် သြဂုတ်လ၌ ပြုလုပ် ခဲ့သည့် စခါးလင် နိုင်ငံတကာ ပြပွဲတွင်လည်း ပါဝင် ပြသ ခဲ့သည်။

နိုဝင်ဘာလတွင် ပိုလန် နိုင်ငံ၌ ကျင်းပမည့် အဋ္ဌမ အကြိမ်မြောက် Five Flavours  နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွင် အဓိက ပြိုင်ပွဲဝင် ကား အနေဖြင့် အရွေးချယ် ခံရပြီးယင်းလ၌ပင် အိန္ဒိယနိုင်ငံ ကလက တ္တား မြို့တွင် ပြုလုပ်မည် အကြိမ်နှစ်ဆယ် မြောက် ကလကတ္တား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် NETPAC AWARD  ဆုအတွက် ပြိုင်ပွဲ ၀င်ရန် ရွေးချယ် ခံထားရသည်။

Mizzima - News in Burmese 

The Monk မှတ်တမ်း ရုပ်ရှင်မှ ဇာတ်ဝင်ခန်း တစ်ခန်း။
The Monk မှတ်တမ်း ရုပ်ရှင်မှ ဇာတ်ဝင်ခန်း တစ်ခန်း
ရန်ကုန်၊ အောက်တိုဘာ၂၇။ ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူး ထားသည့်The Monk မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂ ရက်မှ ၁၂ ရက်အထိအမေရိကန် နိုင်ငံတွင်၂၆ကြိမ်မြောက် အဖြစ် ကျင်းပ ပြုလုပ်မည့် Palm Springs International Film Festival နိုင်ငံ တကာ ရုပ်ရှင် ပွဲတော်၌ ပြသမည် ဖြစ်သည်။ ယင်းရုပ်ရှင် ပွဲတော်သည် မြောက် အမေရိကတွင် အရေးကြီး ထင်ရှားသည့် ရုပ်ရှင် ပွဲတော် ဖြစ်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ် မြို့ရှိ Palm Springs luxury resorts တွင် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီး ခြောက်ရက်ကြာ အမှောင်ကျ သွားမည်ဆိုခြင်း နာဆာငြင်း

Photo: ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီး ခြောက်ရက်ကြာ အမှောင်ကျ သွားမည်ဆိုခြင်း နာဆာငြင်း
Monday, October 27, 2014 

နေမုန်တိုင်း ထန်ခြင်း ဖြစ်စဉ် တစ်ရပ်ကြောင့် လာမည့် ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီးမှာ ခြောက်ရက်ကြာ အမှောင်ဖုံးလွှမ်း သွားလိမ့်မည် ဆိုသည့် အွန်လိုင်း ပေါ်တွင် ပျံ့ နှံ့ လျက် ရှိသည့် သတင်းတစ်ရပ်နှင့် ပတ်သက်ပြီး နာဆာက ငြင်းပယ် လိုက်သည်။

ဖျော်ဖြေရေး ဝက်ဘ်ဆိုက် Huzlers.com တွင် "၂၀၁၄ ဒီဇင်ဘာလ အတွင်း ကမ္ဘာတွင် ခြောက်ရက်ကြာ လုံးဝ အမှောင်အတိ ကျသွားမည် ဟု နာဆာ အတည်ပြု"ဟူ၍ သတင်း တစ်ပုဒ် ဖော်ပြခဲ့ရာ ယင်းသတင်း အွန်လိုင်းပေါ် ရောက်ချိန်မှ စပြီး သတင်းမှန် သတင်းစစ် အဖြစ် ယုံကြည် ပျံ့ နှံ့ မှုများ ကျယ်ပြန့် သွားခဲ့သည်။

"ဒီဇင်ဘာ ၁၆ ရက်ကနေ ၂၁ ရက် အထိ ကမ္ဘာမြေ ပေါ်မှာ ခြောက်ရက်ကြာ လုံးဝ မှောင်သွား လိမ့်မယ်။ နေမုန်တိုင်းထန် ဖြစ်စဉ် ပေါ်ပေါက် မှာ ဖြစ်လို့  ဖုန်နဲ့ စကြဝဠာ အမှိုက် သရိုက်တွေ ပြည့်သိပ်ဖုံးလွှမ်း သွားမှာ ဖြစ်တဲ့အတွက် ၉၀ ရာခိုင်နှုန်း နေအလင်းရောင် ပျောက် သွားမှာ ဖြစ်တယ်လို့  နာဆာက အတည်ပြု ထားပါတယ်"ဟု ယင်း Huzlers.com သတင်းတွင် ဖော်ပြသည်။

Huzlers.com ၏ ဖော်ပြချက်ကို နာဆာက တုံ့ ပြန် ရှင်းလင်းမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး အေဂျင်စီက မည့်သည့် တရားဝင်ပြောဆိုမှုမှ ထုတ်ပြန်ထားခြင်းမရှိကြောင်း ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွင် ပြန်လည် ဖော်ပြလိုက်သည်။ ထို့ပြင် Huzlers.com ဝက်ဘ်ဆိုက်ကိုယ်တိုင် ကလည်း ၎င်းတို့ ဝက်ဘ်ဆိုက်သည် အပျော်ဖတ် သတင်းသာများ၍ အလေးအနက် မထားကြရန် ပွင့်ပွင့်လင်းလင်းပင် ဖော်ပြခဲ့သည်။

Ref: Zee News 
Mizzima - News in Burmese
နေမုန်တိုင်း ထန်ခြင်း ဖြစ်စဉ်တစ်ရပ်ကြောင့် လာမည့်ဒီဇင်ဘာလအတွင်း ကမ္ဘာကြီးမှာ ခြောက်ရက်ကြာ အမှောင်ဖုံးလွှမ်းသွားလိမ့်မည် ဆိုသည့် အွန်လိုင်း ပေါ်တွင် ပျံ့ နှံ့လျက်ရှိသည့် သတင်းတစ်ရပ်နှင့် ပတ်သက်ပြီး နာဆာက ငြင်းပယ် လိုက်သည်။

ပြူတင်းပေါက် မပါသည့် လေယာဉ်တစ်မျိုး တည်ဆောက်ရန် ကြံရွယ်နေ

Photo: ပြူတင်းပေါက် မပါသည့် လေယာဉ်တစ်မျိုး တည်ဆောက်ရန် ကြံရွယ်နေ
Monday, October 27, 2014 

ပြူတင်းပေါက် မပါပဲ ဘေးပတ်ဝန်းကျင် မြင်ကွင်းများကို လွတ်လွတ်လပ်လပ် ကြည့်ရှုခံစား နိုင်မည့် ခရီးသည်တင် လေယာဉ် တီထွင်ရေး စိတ်ကူး စိတ်သန်း သည် ဆယ်စုနှစ်အတွင်းအကောင်အထည်ပေါ် ကာ မျက်ဝါး ထင်ထင် မြင်တွေ့ ရ တော့ မည် ဖြစ်သည်။

ယင်း လေယာဉ်ပျံကို စီးနိုင်မည့် ခရီးသည်များ အနေဖြင့် အင်တာနက်နှင့် အီမေးလ်များကို ဘေးအကာ အဖြစ် တည်ဆောက် ထားသည့် မှန်သား မျက်နှာပြင် မှပင် အသုံးပြုသွား နိုင်မည် ဖြစ် သလို လေ ယာဉ်စီး ခရီးစဉ် တစ်လျှောက် ကောင်းကင် မြင်ကွင်း ကိုလည်း တိုးလျှိုပေါက် ကြည့်ရှု ခံစားသွား နိုင်မည် ဖြစ်သည်။

ယင်းလေယာဉ်သည် ပြူတင်းမှန်များ အစား ဘေးအကာ အဖြစ် တို့ထိနိုင်သည့် မျက်နှာပြင် (Smart Screen) များကို အပြည့် ကာရံ တည်ဆောက် မည် ဖြစ်၍ယင်းစမတ်မှန်များမှပင်အင်တာနက်နှင့်မေးလ် များကို သုံးစွဲ သွားနိုင် မည် ဖြစ်သည်။ ဆန္ဒရှိ၍ အပြင် မြင်ကွင်း များကို ပိတ်ချင်သည့် အခါတွင်လည်း ယင်းစမတ် မျက်နှာပြင် များကို ပိတ်နိုင်အောင် ပြုလုပ်ပေး ထားမည် ဖြစ်သည်။ ယခု နည်းပညာ စိတ်ကူးကို နည်းပညာ ကုမ္ပဏီ Centre for Process Innovation (CPI)က စိတ်ကူး တီထွင်နေခြင်း ဖြစ်သည်။

လေယာဉ် ကိုယ်ထည်ကို ယင်းသို့ စမတ် မှန်သားဖြင့် တည်ဆောက်ခြင်း ဖြစ်ပြီး ကိုယ်ထည် အပြင်တွင် လိုသလို ရွေ့ နိုင်သော ကင်မရာ များ ပါရှိ၍ ပြင်ပ မြင် ကွင်း ပုံရိပ် ကို လေယာဉ်အတွင်း လိုက်ပါ စီးနင်းလာသည် ခရီးသည်များ ကြည့်ရှု မြင်တွေ့ နိုင်မည် ဖြစ်သည်။ ၎င်းပြင် ကုမ္မဏီက လေယာဉ်၏ အလေးချိန် ကိုလည်း လျော့ချ နိုင်အောင် စီမံမည် ဖြစ်သည်။  လေးချိန် လျော့ကျခြင်း ဖြ င့်လော င် စာ ကုန်နှုန်းကို လျော့ကျ စေမည် ဖြစ်ရာ လေယာဉ်စီး ခရီးသည်များ အတွက် လေယာဉ် နှုန်းထား များကိုလည်း သက်သာ စေမည်ဟု ကုမ္ပဏီက မျှော်လင့် ထားသည်။ တွက်ချက်မှုများ အရ လေယာဉ်တွင် အလေးချိန် ၁ ရာခိုင်နှုန်း လျော့ချနိုင်လျှင် လောင်စာ စားနှုန်း ၀.၇၅ရာခိုင်နှုန်း သက်သာကြောင်း သိရသည်။

လေယာဉ်၏ စမတ်မှန်သည် ပြင်ပ မြင်ကွင်းကို အတွင်းက ခရီးသည်များ မြင်အောင် ဖန်တီးရာ တွင်လည်း ကြည့်ရှု နေသည့် ခရီးသည်၏ မြင်လိုသည့် ပုံရိပ်ကို မျက်လုံးရွေ့ လျားမှုကို လိုက်၍ ပြောင်းလဲ ပြသ နိုင်အောင်လည်း စီမံထားသည်။ “ယုတ္တိကျကျ တွေးရရင် လေယာဉ် ပြူတင်းပေါက်တွေ မရှိပဲ ထားကြည့် ပါစို့ ။ ဒီကျရင် ခရီးသည်တွေ ဘာဖြစ်မလဲ။ စဉ်းစား ကြည့်ပါ။ ပြူတင်းပေါက်မဲ့ လေယာဉ်တွေ ပေါ်လာရင် ပြူတင်းပေါက်တွေ နားမှာ ထိုင်နေ ရတဲ့ ခုလေယာဉ် တွေက ခရီးသည်တွေ အတွက် အနှောက်အယှက် ဖြစ်နေ လိမ့်မယ်”ဟု CPI ကိုယ်စားလှယ် ဒေါက်တာ ဂျွန်ဟဲလ် လီဝဲလ်က ပြောခဲ့သည်။ “လေကြောင်း စက်မှု လုပ်ငန်းမှာ တိုးတက်ဖို့  ကျွန်တော်တို့ လက်ရှိ အချိန်မှာ စဉ်းစား နေပါပြီ”ဟုလည်း ၎င်းက ဖြည့်စွက် ပြောသွားသည်။

Ref: Mirror
Mizzima - News in Burmese
ပြူတင်းပေါက် မပါပဲ ဘေးပတ်ဝန်းကျင် မြင်ကွင်းများကို လွတ်လွတ်လပ်လပ် ကြည့်ရှုခံစား နိုင်မည့် ခရီးသည်တင် လေယာဉ် တီထွင်ရေး စိတ်ကူး စိတ်သန်း သည် ဆယ်စုနှစ်အတွင်းအကောင်အထည်ပေါ် ကာ မျက်ဝါး ထင်ထင် မြင်တွေ့ ရ တော့ မည် ဖြစ်သည်။

ထောင် ၁၅နှစ် ကျပလေ့စေ ဆိုကာ သားမယားပြုကျင့်သူ

Photo: ထောင် ၁၅နှစ် ကျပလေ့စေ ဆိုကာ သားမယားပြုကျင့်သူ
Monday, October 27, 2014 

ဗြိတိန် နိုင်ငံက လူငယ် တစ်ဦးသည် ၁၆ နှစ်ရွယ် မိန်းမပျိုလေး တစ်ဦးကို သားမယား အဖြစ် အကြိမ်ကြိမ် ပြုကျင့် နေခဲ့ရာ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် တိတ်တခိုး မှတ်တမ်းတင် ထားခဲ့ နိုင်ခြင်းကြောင့် ၎င်းကို ထောင်ဒဏ် ဆယ့်နှစ်နှစ်ခွဲ ချမှတ် နိုင်ခဲ့သည်။ အဆိုပါ လူငယ်သည် အဓမ္မပြုကျင့်သည့် နောက်ဆုံး အကြိမ်တွင် “ထောင် ၁၅ နှစ် ကျရင်ကျပစေ” ဟုပင် ပြော ဆိုခဲ့ပြီး မိန်းကလေးကို အကြမ်းပတမ်း ကျူးလွန်ခဲ့သေးသည်။

ဘာမင်ဂမ်တွင် အသက် ၂၀ရွယ် လူးဝစ်ကိုးလ် ဆိုသည့် လူငယ်က ဆယ့်ခြောက်နှစ် အရွယ် မိန်းကလေးကို ၂၀၁၃ ဇွန်မှ ၂၀၁၄ ဖေဖော်ဝါရီ အထိ ၉ လတာ ကာလအတွင်း အကြိမ်ကြိမ် သားမယား အဖြစ် ပြုကျင့်နေခြင်း ဖြစ်သည်။ မိန်းကလေးကို လယ်ကွင်း တစ်ခုသို့ သွေးဆောင် ခေါ်ယူ၍ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် ဗီဒီယို ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။

“ပြုကျင့် ခံရတဲ့ မိန်းကလေးက ကိုးလ်ခေါ်တဲ့ နေရာကို လာဖို့ လက်ခံ လိုက်တယ်။ အဲဒီမှာ သူ့ အမေရဲ့ ဖုန်းကိုပါ တစ်ပါတည်း ယူသွား ခဲ့ပြီး ခုလို လက်ပူး လက်ကြပ် ဝန်ခံနိုင်အောင် မှတ်တမ်း ယူလိုက်တာပဲ ဖြစ်တယ်”ဟု ရှေ့ နေ တွမ်စကိုဖီးကပြောသည်။

ယင်းဖုန်းမှတ်တမ်းဗီဒီယိုတွင် “ကြောက်မနေ စမ်းပါနဲ့ ။ ငါကြမ်းရ လိမ့်မယ်။ ဒါအတွက်နဲ့ ထောင် ၁၅ နှစ်တောင် ငါအကျ ခံနိုင်တယ်” စသည်ဖြင့် ကိုးလ်၏ ပြောဆိုမှု များကို တွေ့ ရှိရသည်။ ထိုသို့  မိန်းကလေးကို အနိုင်အထက် အတင်း ဗလက္ကာရ ပြုကျင့် နေခြင်းကြောင့် မိန်းကလေးက တော်ရန်၊ ဆက်မလုပ်ရန် တောင်းပန်သည်။ သို့ သော်လည်း ကိုးလ်က “ငါဘာလုပ်လို့ လဲ။ ငါက လူမသမာ ပဲလေ ဘာဖြစ်လဲ”ဟု ဆိုကာ မရပ်နားဘဲ ဆက်လက် မုဒိမ်း ပြုကျင့်သည် ကိုလည်း တွေ့ ရသည်။

ကနဦး စစ်ဆေး ကြားနာမှုတွင် ကိုးလ်က ပြစ်မှုနှင့် ပတ်သက်ပြီး ငြင်းချက် ထုတ်ခဲ့သည်။ ၎င်း သားမယား အဖြစ် ပြုကျင့်ခဲ့သူ မိန်းကလေး၏ ဖခင်ထံ ၎င်းပေးပို့ ထားသည့် “ဘယ်လို သနားစရာ မိန်းကလေး မျိုးက မုဒိမ်းကျင့် ခံရတာကို လိမ်ထားသလဲ” ဆိုသည့် မတ်ဆေ့ခ်ျ သက်သေခံချက် အပါအဝင် ပြစ်မှု လျှောက်လဲချက် များကို ငြင်းဆန် ခဲ့သေးသည်။

သို့ သော်လည်း ၎င်း၏ လူမဆန်သော ပြစ်မှုက သက်သေ ထင်ရှားသဖြင့် ၎င်းကို ဘာမင်ဂမ်တရားရုံးက ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ် လိုက်သည်။ “ဒါက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှု တစ်ရပ်ပါ။ နောက်ပြီး စိတ်ပိုင်း ဆိုင်ရာ နိုင်ထက်စီနင်း ပြုမှုလည်း ဖြစ်ပြီး လူမဆန်တဲ့ လုပ်ရပ် တစ်ခုလည်း ဖြစ်တယ်”ဟု ရှေ့ နေ စကိုဖီးက ပြောခဲ့သည်။

Ref: Mirror
Mizzima - News in Burmese
ဗြိတိန် နိုင်ငံက လူငယ် တစ်ဦးသည် ၁၆ နှစ်ရွယ် မိန်းမပျိုလေး တစ်ဦးကို သားမယား အဖြစ် အကြိမ်ကြိမ် ပြုကျင့် နေခဲ့ရာ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် တိတ်တခိုး မှတ်တမ်းတင် ထားခဲ့ နိုင်ခြင်းကြောင့် ၎င်းကို ထောင်ဒဏ် ဆယ့်နှစ်နှစ်ခွဲ ချမှတ် နိုင်ခဲ့သည်။ အဆိုပါ လူငယ်သည် အဓမ္မပြုကျင့်သည့် နောက်ဆုံး အကြိမ်တွင် “ထောင် ၁၅ နှစ် ကျရင်ကျပစေ” ဟုပင် ပြော ဆိုခဲ့ပြီး မိန်းကလေးကို အကြမ်းပတမ်း ကျူးလွန်ခဲ့သေးသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Monday, October 27, 2014 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါ တယ်။ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့
တနင်္သာရီ တိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပါမယ်။ 
 
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းအငယ်မှ အသင့်အတင့်ရှိပါမယ်။နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ မိုးဆက်လက် ထစ်ချုန်းရွာနိုင်ပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်အတွက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက်  ဒီကနေ့ညနေ အထိ ခန့်မှန်းချက် ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက် အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

MRTV-4
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါ တယ်။ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တနင်္သာရီ တိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပါမယ်။

သဘောတူညီချက် မရသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စများ ညှိနှိုင်းရန် အစိုးရကို SSPP/SSA စာပို့တောင်းဆို

ယခုလ ပထမပတ်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သဘောတူညီချက် မရသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ထပ်မံဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဗဟိုကော်မတီက အစိုးရနှင့် ထပ်မံ ဆွေးနွေးရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) ထံသို့ စာပေးပို့ တောင်းဆိုထားကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး ဦးစဝ်ခွန်စိုင်းက ပြောကြားသည်။

တရုတ်နိုင်ငံတွင်ပြစ်မှု ၉ ခုကို သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုစာရင်းမှ ပယ်ဖျက်ရန် စဉ်းစားနေ




Photo: တရုတ်နိုင်ငံတွင်ပြစ်မှု ၉ ခုကို သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုစာရင်းမှ ပယ်ဖျက်ရန် စဉ်းစားနေ
Monday, October 27, 2014

တရုတ်နိုင်ငံတွင် သေဒဏ်ချမှတ်နိုင်သော ပြစ်မှုများစာရင်းမှ ပြစ်မှု ၉ ခုကို ပယ်ဖျက်ပေးရန်အတွက် အာဏာရကွန်မြူနစ်ပါတီက စဉ်းစားနေကြောင်း နိုင်ငံပိုင်မီဒီယာ က ပြောသည်။

တရုတ်နိုင်ငံသည် သေဒဏ်အသုံးပြုမှုအများဆုံးနိုင်ငံဖြစ်ပြီး ပြစ်မှုပြစ်ဒဏ်မမျှတမှုများအပေါ် အများပြည်သူက စိုးရိမ်လျက်ရှိကြောင်း အခွင့်အရေးအဖွဲများက ပြောသည်။

တရုတ်နိုင်ငံ ရာဇ၀တ်မှုစီရင်ထုံး ပြင်ဆင်ရေးမူကြမ်းအား အမျိုးသားပြည်သူ့လွှတ်တော်သို့ ဆွေးနွေးအကြံပြုရန်တင်ပြထားပြီးဖြစ်ကြောင်း စင်ဟွာသတင်းဌာနမှ သိရသည်။

သေဒဏ်ပယ်ဖျက်ပေးရန်စဉ်းစားနေသော ပြစ်မှုများမှာ လက်နက်၊ ခဲယမ်း၊ နျူကလီးယားသတ္တိကြွပစ္စည်းများနှင့် ငွေစက္ကူအတုများ မှောင်ခိုတင်သွင်းခြင်း၊ ရန်ပုံငွေဗန်းပြ ငွေကြေးလိမ်လည်ရယူခြင်း၊ ပြည့်တန်ဆာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ပေးခြင်း၊ အဓမ္မခိုင်းစေခြင်းတို့ ပါဝင်ကြောင်း စင်ဟွာက သတင်းဖော်ပြသည်။

ယင်းအပြင် တာဝန်ဝတ္တရားနှောက်ယှက်မှုနှင့် စစ်ပွဲကာလအတွင်း ကောလဟလ လီဆယ်ထုတ်လွှင့်ခြင်း စသည့် ပြစ်မှုများအတွက်လည်း သေဒဏ်ပယ်ဖျက်ပေးရန် ပြန်လှန်စစ်ဆေးနေကြောင်း သိရသည်။

လက်ရှိ တရုတ်နိုင်ငံတွင် လိမ်လည်မှု၊ တရားမ၀င်ငွေချေးခြင်းအပါအ၀င် သေဒဏ်ချမှတ်နိုင်သော ရာဇ၀တ်ပြစ်မှုပေါင်း ၅၀ ရှိပြီး ကွပ်မျက်ခံရသူအရေအတွက်ကို နိုင်ငံတော်လျို့ဝှက်ချက်အဖြစ် ထားရှိသည်။

တရုတ်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအရေးဆိုသည့် ဆန်ဖရန်စ္စကိုအခြေစိုက် ဒွီဟွာဖောင်ဒေရှင်း၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံ၌ ၂၀၁၃ခုနှစ်က ၂၄၀၀ ဦး ကွပ်မျက်ခဲ့သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံတွင် ၂၀၁၃ခုနှစ်က ၃၉ဦး ကွပ်မျက်ခဲ့သည်။

ကွန်မြူနစ်ပါတီက အဆိုပါတရားရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးကို လွန်ခဲ့သောရက်သတ္တပတ်က ပြုလုပ်ခဲ့သော အစည်းအဝေး၌ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် စီစဉ်နေသော်လည်း တရားရေးမဏ္ဍိုင်တခုလုံးကို ပါတီ၏ ထိန်းချုပ်မှုအောက်တွင်ပင်ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်းကို အလေးအနက်ထား ပြောကြားခဲ့သဖြင့် သိသာထင်ရှားသော နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာဖွယ်မရှိကြောင်း လေ့လာအကဲဖြတ်သူများက ပြောသည်။

ပုံ-၀ူဟန် အမှတ် ၁ အကျဉ်းစခန်း၌ သေဒဏ်ချမှတ်ခံအမျိုးသမီးတဦးအား ကွပ်မျက်ရန် ထောင်စောင့်များက ခေါ်ဆောင်သွားနေပုံ
Ref;Reuters

စောင့်ကြည့်သတင်းဂျာနယ်

ပုံ-၀ူဟန် အမှတ် ၁ အကျဉ်းစခန်း၌ သေဒဏ်ချမှတ်ခံအမျိုးသမီးတဦးအား ကွပ်မျက် ရန် ထောင်စောင့်များက ခေါ်ဆောင်သွားနေပုံ
တရုတ်နိုင်ငံတွင် သေဒဏ်ချမှတ်နိုင်သော ပြစ်မှုများစာရင်းမှ ပြစ်မှု ၉ ခုကို ပယ်ဖျက်ပေးရန်အတွက် အာဏာရကွန်မြူနစ်ပါတီက စဉ်း စားနေကြောင်း နိုင်ငံပိုင်မီဒီယာ က ပြောသည်။

ဈေးဝယ်လာသည့်သားအမိကို နှောင့်ယှက်သူများအား ခံဝန်ကတိဖြင့် သတိပေးခဲ့

Junction Square တွင် ဈေးဝယ်လာသော ကလေးမိခင် တစ်ဦးနောက်သို့ လိုက်၍ ကလေး ကို ဓာတ်ပုံရိုက်လိုသည်ဟု ဆိုကာလိုက်လံနှောင့်ယှက်သူကို ခံဝန် ကတိထိုးစေပြီး သတိပေးခဲ့ ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၅ ရက်ကအမျိုးသမီးတစ်ဦး၎င်း၏ ကလေးနှင့်အတူ ကားပါကင်မှ city baby ကိုသွား၍ ပြန်အထွက် Game City ရှေ့လှေကားမှ လူတစ်ဦးကကလေးက ချစ်စရာလေးဟုဆိုကာ လာကိုင်ကြောင်း၊ ဆက်လက်လျှောက်လာစဉ် တောက်လျှောက်အတင်းလိုက်ဆွဲသဖြင့် ဆိုင်တစ်ခုအတွင်းဝင်လိုက်ရကြောင်း ကလေးမိခင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

၂၄ နာရီဖွင့်သော ဈေးဆိုင်ကို အမျိုးသားသုံးဦး ဓားထောက်လုယက်

အင်းစိန်မြို့နယ်အတွင်း ၂၄ နာရီဖွင့်လှစ်သော အိမ်ဆိုင် အတွင်းသို့ အမျိုးသားသုံးဦး ၀င်ရောက်ကာ ပိုင်ရှင်ကိုဓားထောက်ပြီး ခြိမ်းခြောက်လုယက်မှု အောက်တိုဘာ ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကိုပါကြီး သေဆုံးမှု သေမှုသေခင်း ပုဒ်မဖြင့် ကျိုက်မရော ရဲစခန်းတွင် ဇနီးဖြစ်သူအမှုဖွင့်

တပ်မတော်က ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားသည်ဟု သတင်းထုတ်ပြန်ထားသောကို အောင်ကျော်နိုင် (ခ) ပါကြီး သေဆုံးမှုကို အောက်တိုဘာလ ၂၆ ရက်နေ့က ကျိုက်မရောမြို့နယ် ရဲစခန်းတွင် (ပ) ၁၁/၂၀၁၄ သေမှုသေခင်း ဥပဒေပုဒ်မဖြင့် သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်သန္တာက အမှုဖွင့်ခဲ့ကြောင်း ဒေါ်သန္တာက ပြောကြားသည်။

အခြေခံဥပဒေမပြင်လိုသော တပ်မတော်အပေါ် ပြည်သူ့အသံ

Photo: အခြေခံဥပဒေမပြင်လိုသော တပ်မတော်အပေါ် ပြည်သူ့အသံ
Monday, October 27, 2014

တပ်မတော်ဘက်မှ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ သတင်းစကားသံကို သည် ရက်ပိုင်းအတွင်းပိုပြီး တိတိကျကျကြားသိလာရသည်။ ထိုသတင်းစကားက မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကာလအတွက် မင်္ဂလာသတင်းမဟုတ်သလို အခြေခံဥပဒေပြင်ဆင်ရေး ပြင်းပြင်းပြပြ တောင်းဆိုနေကြသော ပြည်သူများအတွက် ၀မ်းသာစရာမဟုတ်ခဲ့ပါ။

အခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီ အစီရင်ခံစာမှတစ်ဆင့် အများပြည်သူကြားသိခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ တပ်မတော်အနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေးအဓိကသော့ချက်ဖြစ်သော ပုဒ်မ၄၃၆ကိုမပြင်လိုကြောင်းနှင့် နိုင်ငံရေးတွင်တပ်မတော်က ဦးဆောင်မှုကဏ္ဍမှ အမြဲပါဝင်နိုင်သည့် ပုဒ်မ ၆(စ)ကိုမပြင်လိုကြောင်း ဆန္ဒပြုထားခြင်းဖြစ်သည်။

ထို့ကြောင့်လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ၊နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် အရေးပါသည့် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း စဉ်အပေါ် တပ်မတော်၏တုံ့ပြန်ပြောဆိုချက်များနှင့်ပတ်သက်၍ မြန်မာ့အရေးလေ့လာသူများနှင့် ပြည်သူတို့၏အသံကို ယနေ့ပြည်သူ့အသံကဏ္ဍအတွက် စုစည်းဖော်ပြလိုက် ပါသည်။

ဦးလှဆွေ

(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

တပ်က ဒီလိုတင်ပြတယ်ဆိုတာ သူတို့ဖြစ်ချင်တဲ့ ဆန္ဒကို သူတို့ဖော် ပြတာပေါ့။ တပ်အနေနဲ့ ပုဒ်မ ၄၃၆ ကိုပြင်ဖို့ သိပ်ကြောက်စရာ မလိုဘူး လို့ ကျွန်တော်က အကြံပြုချင်တယ်။ ပြင်ဗျာ။ ဘယ်သူမှတော့ တိုင်းပြည် ပျက်အောင်ပြင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာမှကြောက်စရာ မလို ဘူးလို့ ပြောတာ။ တပ်အနေနဲ့က ဒီအချက်ကိုသာ မပြင်ချင်ဘူးပြောပေ မယ့် တခြားပြင်ချင်တဲ့အချက်တွေကို မှတ်ချက်တွေ  ပေးထားတာ ရှိ တယ်။ ကျွန်တော်မြင်တာက သူတို့ဘာလုပ်ရမှန်း မသိတာလား။ မသိဘူးလား။ မပြတ်သားဘူးဖြစ်နေတယ်။ ပုဒ်မ-၄၃၆ က ဂိတ်တံခါးကြီးပဲ။ အခုသူတို့ပြောပုံကဗျာ။ ကားတစ်စီးပျက်နေတယ်။ အထဲက စက်ပစ္စည်း တွေ ပြင်ရမယ်။ ဒါကိုပြင်ဖို့ လက်ခံတယ်။ ဒါပေမဲ့ စက်ဖုံးတော့ ဖွင့်မပေး ဘူး။ ဒီသဘောဖြစ်နေတယ်။ နောက်တစ်ခုက ကာလုံနဲ့ တိုင်ပင်ပြီး လွှတ် တော်ကိုဖြုတ်ချမယ်ဆိုတာက သဘာဝမကျဘူးဗျ။ တခြားနိုင်ငံတွေမှာက လွှတ်တော်က သမ္မတကို ဖြုတ်ချတယ်။ ဒီမှာက သမ္မတက တပ်နဲ့ပေါင်းပြီး လွှတ်တော်ကိုဖြုတ်ချဖို့ လုပ်တယ်ဆိုတာက အဓိပ္ပာယ်မရှိဘူး။ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ တပ်ချုပ်နဲ့တွေ့ဖြစ်ခဲ့ရင်လည်း ဘာမှမတောင်းဆိုချင်ဘူး။ ဘာမှမပြောချင်ပါဘူး။ သူတို့လည်း သိမှာပါ။အခုပြောနေတယ်ဆိုတာကလည်း ပြောခွင့်ရတုန်းမို့လို့ ပြောနေကြတာပါ။ နောက်သူတို့ ပြောခွင့်မရှိတော့ရင် မပြောတော့ပါဘူး။ တပ်ပါတယ် ဆိုတာ အချိန်အတိုင်းအတာတစ်ခုအထိပဲ လိုအပ်တာ။ တစ်သက်လုံး မလိုဘူး။ တဖြည်းဖြည်းနဲ့ တပ်က နောက်ဆုတ်သွားရမယ်။

ဦးအောင်ကြည်ညွန့်
(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)

လူထုက ပီပြင်တဲ့ ဒီမိုကရေစီလမ်းကြောင်းဘက်ကို သွားတော့ မယ့်ကာလဖြစ်လို့ ပိုပြီးပျော့ပျောင်းတဲ့လမ်းကြောင်းကို ရွေးချယ်ပြီး အားလုံးညီညီညွတ်ညွတ်နဲ့ သွားလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ တပ်မတော်အနေနဲ့ ပုဒ်မ ၄၃၆ ကိုမပြင်ဖို့နဲ့ တပ်ရဲ့ အခန်း ကဏ္ဍတွေကို မြှင့်တင်ဖို့ စတဲ့အချက်တွေကို လွှတ်တော်ကို တရားဝင် တင်လာပြီ။ အဲဒီလိုဆိုတော့လည်း ပြည်သူတွေအနေနဲ့ သူတို့မျှော်လင့် ခဲ့တာနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားတယ်လို့ပြောမယ်ဆိုပြောလို့ရပါတယ်။ ဒါနဲ့ ပတ်သက်လို့တော့ လွှတ်တော်ထဲမှာ အကျေအလည်ဆွေးနွေးရမှာ ပေါ့။ ၄၃၆ ကိုမပြင်ဘူးဆိုတာဟာ တပ်မပါဘဲနဲ့ ဘာမှလုပ်လို့မရဘူး။ အရင်အတိုင်းပဲဆိုတဲ့ သဘောဖြစ်နေတယ်။ ကျွန်တော်တို့က ကောင်း မြတ်တဲ့ ပြုပြင်ပြောင်းလဲရေးကို ရှေးရှုပြီး ဆောင်ရွက်နေတာပါ။ အခု တစ်လောတပ်ချုပ်ရဲ့ ဆောင်ရွက်ချက်တချို့က ဒီမိုကရေစီမှာ တပ်က တဖြည်းဖြည်းနောက်ဆုတ်သွားရမယ့် အနေအထားမှာ နိုင်ငံရေးထဲကို ခြေတစ်လှမ်းဝင်ပါချင်တဲ့ သဘောပြတယ်လို့မြင်တယ်။ တပ်ရဲ့ အကြီး အကဲတစ်ဦးဦးနဲ့ တွေ့ခွင့်ရမယ်ဆိုရင်တော့ အဖွဲ့အစည်းတစ်ခု၊ ပါတီ တစ်ခုရဲ့ အကျိုးစီးပွားကို မကြည့်ဘဲ တိုင်းပြည်ကောင်းဖို့ ရှေ့ကို တွန်း တင်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်ဖြစ်တယ်ဆိုတာ ပြောချင်တယ်။ သူတို့ဘက်မှာလည်း စိုးရိမ်ပူပန်မှုတွေရှိရင် ဒါတွေကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပြီး ကောင်းမွန်တဲ့ သမိုင်းကြောင်းတစ်ခုကို တည် ဆောက်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်။ ဒီအချိန်မှ ဒီလိုဖြစ်မလာဘူး ဆိုရင် အဆိုးသံသရာထဲမှာပဲ လည်သွားနိုင်မယ့် အနေအထားကို ဘာ ကြောင့် ဖန်တီးမလဲဆိုတာပဲမေးခွန်းထုတ်ချင်တယ်။

ဦးနိုင်ငွေသိမ်း
(ဥက္ကဋ္ဌ) မွန်ဒီမိုကရေစီပါတီ

ဖွဲ့စည်းပုံကိုတပ်ကစိတ်ကြိုက်အချိန်ယူပြီး ဆွဲလာတာ သူတို့စိတ်ကြိုက် နိုင်ငံရေးမှာ ပါဝင်လို့ရအောင် သူတို့လုပ်ပိုင်ခွင့်တွေ ရှိအောင်ရည်ရွယ်ပြီး ရေးဆွဲထားတာ၊ အဲဒီတော့ ၄၃၆ ကို ဘယ်ပြင်ခံမလဲ။အဲဒါသူတို့အတွက် အဓိကပဲ။ အဲဒါကို ပြင်လိုက်ရင် သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်လာမယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ထိခိုက်လာမယ်။အဲဒါကြောင့် တပ်က တင်းခံနေတာ။  ပြည်သူတွေက တောင်းဆိုနေလည်း သူတို့က မပြင်ပေးဘူးဆိုတဲ့ သဘောပဲလေ။ ဒီလိုမပြင်ချင်တဲ့အပြင်  နိုင်ငံမှာအရေးကြီးတဲ့ ကာလုံ၊ (နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ)လို အဖွဲ့မှာ လုပ်ပိုင်ခွင့်တိုးဖို့ အကြံပြုတာကျတော့ တပ်မတော်က ပြုပြင်ပြောင်းလဲရေးမှာ အရမ်းတင်းမာလာပြီလို့ ပြနေသလိုပဲ။ အဲဒီလိုဆို ပြုပြင်ပြောင်းလဲရေးအတွက် အခက်အခဲရှိတယ်။ နားလည်မှုရှိရှိနဲ့ ပြည်သူတွေ အကျိုးကိုကြည့်ဖို့ လိုပါတယ်။ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီဖြစ်ဖို့ ဖွဲ့စည်းပုံကို ပြင်မှရမယ်။ အဓိက ၄၃၆ ပေါ့။ အဲဒါမပြင်ရင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်လို့ မရဘူး။ ကာချုပ်နဲ့ တွေ့ခွင့်ရရင်ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အရမ်းအရေးကြီးတယ်။ တိုင်းရင်းသားတွေလိုလားတဲ့ တိုင်းပြည်ဖြစ်အောင် တန်းတူ ညီမျှမှုတွေရှိ အောင် ဖွဲ့စည်းပုံကို ပြင်ဖို့ လိုက်လျောပါလို့ ပြောချင်တယ်။

ဦးရဲထွဋ်

(ပြန်ကြားရေးဝန်ကြီး)

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူတိုင်းက၊ အဖွဲ့အစည်း တိုင်းက မိမိအမြင်ကို ထုတ်ဖော်ပြောဆိုခွင့်ရှိပါတယ်။ ဒါဟာဒီမိုကရေစီ ပါပဲ။ ဒါ့ကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက သူတို့သဘောထားကိုထုတ်ဖော်ပြောဆိုတာကို အပြစ်တင်ဖို့မသင့်ပါဘူး။ အခြေခံဥပဒေရေးဆွဲစဉ်က တပ်မတော်သားကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းထည့်သွင်းခဲ့တာဟာ ပြုပြင်ပြောင်းလဲ ရေးကို တည်တည်ငြိမ်ငြိမ်နဲ့ ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ လက်ရှိဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တည် တည်ငြိမ်ငြိမ်နဲ့ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တယ်လို့ သူတို့ယုံကြည်တဲ့အတိုင်း ရပ်တည်မှာပဲဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အမျိုးသားနိုင်ငံရေး တစ်နည်းအားဖြင့် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားပြီး ဆောင်ရွက် နေတယ်လို့ပဲမြင်ပါတယ်။ တပ်မတော်ဟာ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်နေတယ်လို့ပဲယူဆတယ်။ ဒါကလည်း သူတို့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပေးအပ်ထားတဲ့ တာဝန်ဖြစ်ပါတယ်။

ဦးကျော်ဝင်း

စာရေးဆရာ

ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် သူတို့ဘာကြောင့်မပြင်ချင်လဲဆိုတာ အတိုက်အခံဘက်က သိအောင်ကြိုးစားသင့်တယ်။ ဒါမှ ဖြေရှင်းလို့ရမယ်။ ကျွန်တော်တို့ ကြားထဲက အမြင်ပြောရရင် တပ်မတော်ဘက်ကငြင်းဆန်နေတာ အကြောင်းရှိတယ်။ တပ်မတော်ဘက်မှာ စိုးရိမ်မှုရှိနိုင် တယ်။ အပြောင်းအလဲလုပ်မယ်ဆိုတာ အရင်အစိုးရလက်ထက် တပ်မ တော်ဘက်က စတယ်လို့ပြောလို့ ရတယ်။ ဒါပေမဲ့ ပြောင်းလဲလိုက်မှ၊ တိုင်းပြည်မငြိမ်သက်မှုဖြစ်လာရင် သူတို့ဘက်ပြဿနာရှိမှာကိုစိုးရိမ်တယ်။တပ်မတော်ဘက် က စိုးရိမ်မှုတွေရှိနိုင်တယ်။ လွှတ်တော်ထဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်းဖယ်ရှားတာ မလိုလားဘူး။ ဖြည်းဖြည်းချင်း ဖယ်မယ်ဆိုကာချုပ်က ဖယ်မယ်လို့ပြောထားတယ်။

ဝန်ကြီး သုံးပါးကို တပ်မတော်က ကိုင်ထားတာ။ အလားတူပဲ။ အရင်အစိုးရလက်ထက်က ကိစ္စတွေ အရေးမယူပါဘူးဆိုတဲ့ ဒီဥပဒေကိုထိခိုက်လာမှာကိုလည်း သူတို့စိုးရိမ်တယ်။ အတိုက်ခံဘက်က ကတိပေးနိုင်မယ်ဆိုရင်တော့ တပ်မတော်ရဲ့ သဘောထားပြောင်းလဲနိုင်တယ်။ ဒီအပြောင်းအလဲက ပွင့်ပွင့် လင်းလင်းပြောရရင် အရင်အစိုးရစခဲ့တဲ့ အပြောင်းအလဲ။ သူတို့က တကယ်စိတ်ကြိုက်လုပ်ထား တာ။ ဒီအပြောင်း အလဲမှာ ကျွန်တော်တို့ စိတ်ကြိုက်ဝင်ကစားလို့ မရဘူး။ သူပေးထားတဲ့ ပေးထား ချက်ထဲမှာ ပါးပါးနပ်နပ်အလုပ် လုပ်နိုင်ဖို့လိုတယ်။ မဟုတ်ဘဲ ထိပ်တိုက်တွေ့ဖို့ဆိုရင် သူတို့က တွန်းပြီး တစ်ဖက်ကပြန်ကပ်မှာပဲ။ ခုကဒီသဘောတွေပါတယ်လို့ ထင်တယ်။ တပ်မတော်က၊ ကာချုပ်က တဖြည်းဖြည်းဆုတ်မယ်ဆိုတဲ့ လမ်းကြောင်းသွားမှာ။ အဲ့ဒီလမ်းကြောင်းတတ်နိုင် သာလောက် မြန်မြန်ဆန်ဆန်ဖြစ်အောင် ကြိုးစားဖို့ ဒီတစ်လမ်းပဲရှိတယ်။

အပြောင်းအလဲမှာ အမြန်ဆုံးဆိုတဲ့ နိုင်ငံတကာအတွေ့အကြုံကိုလည်း ကြည့်သင့်တယ်။ ကမ္ဘာပေါ်မှာ အပြောင်းအလဲမှာ အမြန်ဆုံးဆိုတဲ့ နိုင်ငံ ၂၀ ထဲမှာ စစ်တပ်က နိုင်ငံရေးက ဆုတ်ခွာ ဖို့က ၁၇ နှစ်လောက်ကြာတယ်။ နေ့ချင်း၊ညချင်းဆုတ်ခွာဖို့ဆိုတာ လက်တွေ့မကျဘူး။

ဦးအောင်မိုးဇော်

ဥက္ကဋ္ဌ(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ပုဒ်မ ၄၃၆ ကိုပြင်ချင်တာကတော့ ပြည်သူလူထုရဲ့ ဆန္ဒပဲ။ ပြင်ဖို့ အတွက်ကို လူထုဟောပြောပွဲတွေ လုပ်ခဲ့တယ်။ ဆန္ဒလက်မှတ်တွေ  ထိုးပြီး ပြည်သူတွေ ဆန္ဒပြုထားတာတွေရှိတယ်။ တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို မျက်ကွယ်မပြုစေချင်ဘူး။ ပြည်သူလူထုက ပြင်ချင်နေတယ်။ နောက်ပြီးကာလုံရဲ့ အခန်းကဏ္ဍကို တိုးမြှင့်ဖို့ အကြံ ပြုတယ်ဆိုတာကလည်း ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ဆိုတာ ၄၃၆ ကို မပြင်ဘဲ လုပ်လို့ရတာမဟုတ်ဘူး။ တပ်မတော်အနေနဲ့ ပြည်သူရဲ့ ဆန္ဒကို မျက်ကွယ်မပြုဖို့ပြောချင်ပါတယ်။ လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသားနှစ်ဦးသတ်တယ်လို့ တရားသေပြောလို့မရဘူး။ စွပ်စွဲခံထား ရတုန်းပဲရှိတယ်။ ဒီလိုအချိန်မှာ ကာချုပ်လိုနိုင်ငံတော်အကြီးအကဲ၊ သမ္မတတို့က တရားဥပဒေအတိုင်း တိတိကျကျလုပ်ဖို့ပြောတာက ကောင်းပါတယ်။ ကာချုပ်နဲ့ တွေ့ဖို့ဆိုတဲ့ကိစ္စကတော့ လတ်တလောလည်း မဖြစ်သေးဘူး။ အများကြီးလိုနေသေးတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက် ကြိုပြီး တော့ မပြောချင်ပါဘူး။

ဦးသိန်းထွန်း

(ဒီချုပ်၊ ၉၀အမတ်)

တပ်မတော်က ပုဒ်မ ၄၃၆ မပြင်လိုတာက ပြည်သူ့ဆန္ဒနဲ့ လုံးဝ (လုံးဝ) ဆန့်ကျင်တယ်။ တပ်မတော်ရဲ့ ပင်မအလိုဆန္ဒဖြစ်နေတယ်။ လွယ်လင့်တကူ ဆုတ်ခွာမယ်လို့မမြင်ဘူး။ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ တောင်း ဆိုတာက Democratic Will နဲ့ ဆန့်ကျင်တဲ့ အဓိကပုဒ်မဖြစ်နေလို့ တောင်းဆိုတာ။ သမ္မတနိုင်ငံတော်မှာ သမ္မတက အပေါ်ကလား။ ကာ ချုပ်က အပေါ်ကလား မသဲကွဲဘူးဖြစ်နေတယ်။ နိုင်ငံကို သမ္မတဦးစီးတဲ့  အစိုးရက ဦးဆောင်ရမှာလား၊ ကာချုပ်ရဲ့ အခန်းကဏ္ဍက မလိုအပ်ဘဲ ရှေ့ရောက်နေသလို ခံစားရတယ်။ တပ်မတော်စိတ်တိုင်းကျရေးဆွဲထား တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်က လုံးဝမပြင်လိုဘူး။ တပ် က အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာရှိချင်နေတယ်။ NLD ပြောတဲ့ လေးပွင့်ဆိုင်အမြန်ဆုံးစီစဉ်ပါ။ လေးပွင့်ဆိုင်မှာ တစ်ဖက်နဲ့ တစ်ဖက်ယုံကြည်မှုအခိုင်အမာတည်ဆောက်ပါ။ ယုံကြည်မှုမတည် ဆောက်နိုင်လို့ ဒီမိုကရေစီလမ်းကြောင်း အထစ်အငေါ့ဖြစ်နေတာ။ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးတကယ်လိုချင်ရင် တိုင်းပြည် အပေါ် တကယ်စေတနာနဲ့ ထူထောင်ချင်ရင် တွေ့ဆုံဆွေးနွေးရေးနဲ့ တစ်ဦးကို တစ်ဦးအပြန်အလှန်ယုံကြည်မှုတည်ဆောက်ကြဖို့၊ စေတနာ ပါပါလုပ်ကြဖို့ အကြံပြုချင်တယ်။

ကိုဂျင်မီ

(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

ကျွန်တော်တို့ ဒီ ၄၃၆ (ပုဒ်မ)ပြင်ဖို့ကိုစပြီး လုပ်ကတည်းက ပြည်သူလူ ထုရဲ့ ဆန္ဒသဘောထားကို ကောက်ယူထားတာ။ ဒီအချိန်မှာ တပ်မတော် က ၄၃၆ ကိုမပြင်ဘူးလို့ ပြောလာတာကတော့ သိပ်ပြီးတော့ မထူးခြား ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ၄၃၆ ကိုပြင်ဖို့ လုပ်တာက ပြည်သူလူထုက တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ဖြစ် တယ်။ အဲဒါကိုတပ်မတော်က မပြင်ပေးဘူးဆိုရင် တပ်မတော်အနေနဲ့  အခွင့်ထူးတစ်ရပ်ကို ဆုံးရှုံးတာပဲ။ တပ်နဲ့ ပြည်သူကြား ယုံကြည်မှုရဖို့ကို ဆုံးရှုံးမှာပဲ။ ဒီအပြောင်းအလဲဟာ စစ်မှန်၏၊ မစစ်မှန်၏ဆိုတာလည်း ဒီပြင်ဆင်မှုပေါ်မှာ မူတည်တယ်။ မပြင်ချင်ဘူးဆိုတာကတော့ တပ်မ တော်ရဲ့ ဆန္ဒပဲ။ လက်တွေ့မှာတော့ ပြည်သူလူထုရဲ့ ဆန္ဒကို ဖြည့် ဆည်းပေးဖို့လိုတယ်။ တိုင်းပြည်ရဲ့ အကျိုးစီးပွား၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ပြင်ပေးရလိမ့်မယ်။ ၄၃၆ မပြင်နိုင်ရင် ဒီမိုကရေစီမရဘူး။ ၄၃၆ ကိုပြင်ဆင်နိုင်မှ ဒီမိုကရေစီရမယ်။ အခုချိန်မှာ ကာချုပ်နဲ့ တွေ့ခွင့် ရရင်တော့ ဒီတိုင်းပြည်က နှစ်ပေါင်းခြောက်ဆယ်လောက် ဆင်းရဲတွင်းကမတက်နိုင်ခဲ့ပါဘူး။ ငြိမ်းချမ်းရေးမရှိလို့၊ ဒီမိုကရေစီမရှိလို့ အမျိုးသားပြန်လည်သင့်မြတ်ရေးမရှိလို့ပေါ့။ ဒီဆင်းရဲတွင်းကနေ ဆွဲထုတ်ဖို့ ဒီတိုင်းပြည်တိုးတက်ရေးကို စဉ်းစားမယ်ဆိုရင် ဒီမိုကရေစီအရေးနဲ့ အမျိုးသား ပြန်လည်တည်ဆောက်ဖို့ အရေးကို အဓိကထားဖို့ ဆွေးနွေးချင်တယ်။

ဦးရဲထွန်း

(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)

ကာလုံရဲ့ အခန်းကဏ္ဍကို မြှင့်တင်ချင်တယ်ဆိုတဲ့ အခြေအနေမှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လွှတ်တော်က မလိုက်နာရင် ဘာ လုပ်မလဲဆိုတာကို ထိန်းညှိချင်လို့ ဒီအချက်ထည့်သွင်းလာတယ်လို့ ထင် ပါတယ်။ အခြေခံဥပဒေကတော့ ပြင်သင့်ပြင်ထိုက်တာကို ကျွန်တော်တို့ ပြင်သွားရမှာပဲဖြစ်တယ်။ ပုဒ်မ ၄၃၆ ကို မပြင်လိုဘူးဆိုတာကတော့ တပ်ရဲ့ ပါဝင်မှုကို တဖြည်းဖြည်းချင်းလျှော့ချသွားမယ်လို့ ကာချုပ်က ပြောထားတယ်။ နောက်တစ်ခုက တပ်နဲ့ အရပ်ဘက်က အမြင်မတူဘူး။ ဖြတ်သန်းပုံချင်းမတူဘူး။ တပ်အနေနဲ့က ပြည်ထောင်စုမပြိုကွဲအောင် ထိန်းသိမ်းဖို့နဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ သူတို့က ထိန်းမှရမယ်လို့ အစွဲရှိနေပုံရတယ်။ အဲဒါကြောင့် ဒါကိုငြင်းတာလို့ ထင်ပါ တယ်။ ဒါပေမဲ့ဒီပုဒ်မကိုမပြင်နိုင်ရင်လည်း တခြားအချက်တွေကို အတူတွဲပြီး ပြင်နိုင်ပါသေးတယ်။ တစ်ခုရှိတာက လွှတ်တော်ထဲမှာ ဆွေး နွေးနေတာထက် ပြင်ပမှာ လေးပွင့်ဆိုင်တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးပြီးမှ လွှတ်တော်မှာ တင်ဆုံးဖြတ်တာ ပိုပြီးထိရောက်နိုင်ပါတယ်။ ဒီအတိုင်းဆို လို့ကတော့ အငြင်းပွားနေတာပဲ အဖတ်တင်မယ်။ ဆွေးနွေးပြီးမှ ပြင်နိုင် ရင် အကျိုးပိုရှိမယ်။ တပ်မတော်က ပြည်သူ့ရင်သွေးတွေဖြစ်လို့ ပြည်သူ့ အကျိုးစီးပွားဘက်က မှန်မှန်ကန်ကန်ရပ်တည်ဖို့နဲ့ ပြည်သူနဲ့ ဆက်ဆံတဲ့ အခါ ကိုယ့်မိသားစုလို စိတ်ရင်းစေတနာနဲ့ ပြည်သူ့အကျိုးကို ဦးထိပ် ထားဆက်ဆံဖို့လိုပါတယ်။

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
7Day Daily
တပ်မတော်ဘက်မှ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ သတင်းစကားသံကို သည် ရက်ပိုင်းအတွင်းပိုပြီး တိတိကျကျကြားသိလာရသည်။ ထိုသတင်းစကားက မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကာလအတွက် မင်္ဂလာသတင်းမဟုတ်သလို အခြေခံဥပဒေပြင်ဆင်ရေး ပြင်းပြင်းပြပြ တောင်းဆိုနေကြသော ပြည်သူများအတွက် ၀မ်းသာစရာမဟုတ်ခဲ့ပါ။

ဂယက်ထနေတဲ့ ထိုင်းဇာတ်ကားပုံတူကူးချတဲ့ကိစ္စနဲ့ နေထူးနိုင်

ဖေ့စ်ဘွတ်ခ် လူမှုကွန် ရက်တွင် ပျံ့နှံ့နေသည့် ထိုင်းဗီဒီ ယိုဇာတ်ကားကို ပိုစတာမှအစ ပုံစံတူ ကူးချ ထားသည့်အတွက် ထိုင်းရုပ်ရှင်ထုတ်လုပ်ရေးက အာရှရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြား ထားပြီး ဘတ်ငွေသန်း ၃၀ လျော်ကြေးတောင်းထားသည့် အကြောင်းကို မသိရှိကြောင်း သရုပ်ဆောင် နေထူးနိုင်ကပြောသည်။