Saturday, June 21, 2014

ကျောက်ပန်းတောင်းမြို့နယ်တွင် တရုတ်ကုမ္ပဏီ ၀န်ထမ်းအချို့နှင့် ရွာသားများ ရုန်းရင်းဆန်ခတ်ဖြစ်

ကျောက်ပန်းတောင်းမြို့ နယ်တွင် ဆက်သွယ်ရေးကေ ဘယ်ကြိုးဖြတ်သန်းရန် ယာမြေ တွင်မြေတူးစက်ဖြင့် တူးသည့် တရုတ်ကုမ္ပဏီဝန်ထမ်းအချို့နှင့် ဒေသခံအချို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သောကြောင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ၀င်ရောက်ညှိနှိုင်းပေးခဲ့ရကြောင်းသတင်းရရှိသည်။

ကျောက်ပန်းတောင်းမြို့နှင့် ခုနစ်မိုင်ခန့်ဝေးသည့် ဘိုစုကျေး ရွာအနီးတွင် ဇွန်လ ၂၀ ရက် ညနေက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသော ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိ

Photo: ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသော ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိ
Saturday, June 21, 2014

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် ဥပဒေအရ မြန်မာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပ ဒေအရ မြေပုံမြို့နယ်တွင် ဇွန်လ ၁၅ ရက်မှစ၍ ရှေ့ပြေးစီမံကိန်း ဧရိယာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၁၉၈၂ မြန်မာနိုင်ငံသားဖြစ် ခွင့်ဥပဒေအရ စည်းကမ်းချက်များ နှင့် ကိုက်ညီသူများ၏ လျှောက် လွှာများကို လက်ခံထားပြီး အဆို ပါလျှောက်လွှာများကို မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်က အ ဆင့်ဆင့် စိစစ်ဆုံးဖြတ်သွားမည် ဟု သတင်းရရှိသည်။

ဗဟိုအဆင့်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ၀န်ကြီး၊ ဒုတိယ၀န် ကြီးတို့က ဦးဆောင်ပြီး အခြား ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ် ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အကဲဖြတ်မည် ဟု သတင်းရရှိသည်။

လက်ရှိ အခြေအနေအရ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံမြို့နယ်တစ်မြို့နယ်တည်းတွင်သာ စတင်ခြင်းဖြစ်ပြီး အခြား မြို့နယ်များတွင် လုပ်ဆောင်ရန် ရှိ၊ မရှိ မပြောနိုင်သေးကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကရိုဟင်ဂျာလူမျိုး အမည်ထည့်သွင်းမှ ကောက်ယူခံမည်ဟု တောင်းဆိုခြင်းကြောင့် ၎င်းတို့နေထိုင်သည့် နေ ရာများတွင် အပြည့်အ၀ ကောက်ယူခွင့် မရှိခဲ့ချေ။

ထို့အပြင် ၂၀၁၃ ခုနှစ် ဧပြီ လတွင် စစ်တွေမြို့အတွင်းရှိ လူ ဦးရေစာရင်း ကောက်ယူရေး လုပ် ငန်း (ဆွဲတင်စစ်)ကို အကောင်အ ထည်ဖော်ခဲ့သော်လည်း ဘင်္ဂါလီ လူမျိုးများအကြမ်းဖက်ကန့်ကွက် မှုကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ သည်။

မြေပုံမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - သီဟ)

7 Day Daily
ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် ဥပဒေအရ မြန်မာ နိုင်ငံသားဖြစ်ခွင့် လျှောက် ထားသူ ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပ ဒေအရ မြေပုံမြို့နယ်တွင် ဇွန်လ ၁၅ ရက်မှစ၍ ရှေ့ပြေးစီမံကိန်း ဧရိယာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တာဝန်ဝတ္တရားဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား မချေမငံပြောဆိုပြီး ဓါးဖြင့်ခုတ်သူအား အရေးယူထား

၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် အမှတ်(၁၁) ယာဉ်ထိန်းဒုတိယရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှ ရဲတပ်ကြပ် ကျော်ကျော်(၃၄)နှစ်သည် ယာဉ်/လမ်းရှင်းလင်းရေး တာဝန်ဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)နေ ဂုဏ်ဂျာအောင်(၁၉)နှစ် မောင်းနှင်လာသည့်

ရခိုင်ဝန်ကြီးချုပ် ဘာကြောင့် နှုတ်ထွက်ရသလဲ

 ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးမှာ နှုတ်ထွက်ခွင့်ပြု။ (Photo Credit to သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဋ္ဌေး FB စာမျက်နှာ) 
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကို သူ့ဆန္ဒအရ ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ လက်မှတ်နဲ့ နှုတ်ထွက်ခွင့်ပြုလိုက်တဲ့ အကြောင်း အစိုးရပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။ ၀န်ကြီးချုပ် ဦးလှမောင်တင် နှုတ်ထွက်သွားတာဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေအတွက် ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အခုလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲ တစ်ဦး နှုတ်ထွက်ခဲ့တာဟာ ဘာကြောင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်ကို ဆက်သွယ်မေးမြန်းကြည့်တော့ -

ကိုယ့်ကိစ္စ ကိုယ်လုပ်ဟု မြန်မာ အစိုးရက အမေရိကန်ကို ပြော

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုက်တွန်း ပြောဆိုချက်နဲ့ နိုင်ငံသားများက လွတ်လပ်စွာ ရွေးချယ်သူဟာ သမ္မတ ဖြစ်သင့် တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုနေမှုများ အပေါ် မြန်မာအစိုးရက အမေရိကန်တို့ ကိစ္စ မဟုတ်ဘူးလို့ ပြန် လည် တုံ့ပြန်လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စ Jen Psaki က မြန်မာနိုင်ငံသားများ လိုလားတဲ့ သူကို နိုင်ငံ သားတို့က လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိသင့်ကြောင်း၊ ဒါမှသာ လာမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းမှာ တည်ငြိမ်မှု ရှိစေမှာဖြစ်ကြောင်းလို့ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းထောင်မှာ ထိန်းသိမ်းထား

Photo: ဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းထောင်မှာ ထိန်းသိမ်းထား
Saturday, June 21, 2014

မနေ့ညက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ အကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဌာနက ရှာဖွေပုံစံတွေနဲ့ ၀န်ကြီး ဦးဆန်းဆင့်ရဲ့နေအိမ်နဲ့ ပတ်သက်ရာနေရာတွေမှာလည်း ရှာဖွေစစ်ဆေးနေကြောင်း သိရပါတယ်။

ဝန်ကြီး ဦးဆန်းဆင့်ဟာ မဟာသန္တိသုခကျောင်းတိုက် အရေးကိစ္စမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ တာဝန်ပေးချက်တွေကို ကျော် လွန်ပြီး လုပ်ဆောင်တာတွေကြောင့် ဖမ်းဆီးအရေးယူတာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြည်သူ့လွှတ်တော်ကို တက်ရောက်စဉ် သတင်းထောက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

"မဟာသန္တိသုခကိစ္စကလည်း အကြောင်းတစ်ချက် အပါအဝင်ပေါ့၊ မဟာသန္တိသုခဖြစ်စဉ်စပြီးတော့ ဖြစ်တဲ့အချိန်ကတည်းက သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင် တစ်ဖက်နဲ့တစ်ဖက်ကြားမှာ သာသနာဝန်ကြီးအနေနဲ့ရော၊ ဆရာဒကာအနေနဲ့ရော ဝင်ရောက်ဆောင်ရွက်ပေးဖို့ တာဝန်ပေးခဲ့တယ်၊ ဒါပေမဲ့ အဲဒီကိစ္စအပါအဝင် ကျန်တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်တဲ့ အနေအထားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်၊ နောက်ဆုံးမှာ အစိုးရနဲ့ သံဃာတွေကြားထဲမှာပါ နားလည်မှုလွဲစေတဲ့အဖြစ်မျိုးတွေဖြစ်တယ်၊ တချို့ကဆိုရင် သမ္မတကြီးမှာကြားတဲ့ဟာတွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တယ်ဆိုတဲ့ သဘောမျိုးတွေရှိတယ်၊ ဒါကြောင့်မို့ မလွှဲမရှောင်သာ အရေးယူဆောင်ရွက်တာပါ"

ဒါ့အပြင် မနေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကို တာဝန်ကနေ နှုတ်ထွက်ခွင့် ပေးလိုက်ကြောင်းလည်း ဦးရဲထွဋ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

လစ်လပ်သွားတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာမှာ လက်ရှိသာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းကို ခန့်အပ်လိုကြောင်း မနေ့က ဇွန်လ ၁၉ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

RFA
မနေ့ညက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ အကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဌာနက ရှာဖွေပုံစံတွေနဲ့ ၀န်ကြီး ဦးဆန်းဆင့်ရဲ့နေအိမ်နဲ့ ပတ်သက်ရာနေရာတွေ မှာလည်း ရှာဖွေစစ်ဆေးနေကြောင်း သိရပါတယ်။

လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု


Photo: လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု
Saturday, June 21, 2014

လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု စာသားများကို အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နေပြည်တော်တွင် ဇွန် ၂၀ ရက်က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။

တမူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေ တင်သွင်းသည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းထားသော တစ်ပိုဒ်ချင်းစီအလိုက် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော် အတည်ပြုလိုက်တယ်။ ပြင်ဆင်တဲ့ အချက်က လာဘ်ပေးလာဘ်ယူမှု စာသားနေရာကို အဂတိလိုက်စားမှု စာသားအဖြစ် ပြောင်းလိုက်တာဖြစ်တယ်။ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးစာသားနေရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတဲ့ စကားကို အစားထိုးတာ။ အဓိကက အဲဒါပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဖြစ် သတ်မှတ်တယ်။ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေကို ဒုဝန်ကြီးအဖြစ် သတ်မှတ်တယ်။ အဲဒါတွေပါပဲ” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေတင်သွင်းသည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် တင်သွင်းခဲ့ပြီး အစီရင်ခံစာများ ရှင်းလင်းဖတ်ကြားသည်။

အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် ဥပဒေကြမ်းကော်မတီနှင့် သံတွဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းတို့က သက်ဆိုင်ရာ အပိုဒ်အလိုက် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လိုအပ်သည်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ 

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှုတစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံအတွက် ၀မ်းနည်းစရာ၊ ရင်လေးစရာဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နေပြည်တော်ရှိ MICC ၌ ပြုလုပ်ခဲ့သည့် ပွင့်လင်းမြင်သာရေးနှင့် ဖြောင့်မတ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားထားသည်။

သမ္မတ ဦးသိန်းစိန်ကလည်း ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်တွင် ပြုလုပ်ခဲ့သည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား၌ အစိုးရဌာနများတွင် ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေကြောင်း နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) ၏ ၂၀၁၃ ခုနှစ် ကမ္ဘာ့အဂတိလိုက်စားမှု အခြေအနေ အစီရင်ခံစာ စစ်တမ်းအရ သိရပြီး မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် ၁၅၇ အဆင့်တွင် ရှိနေသည်။

Eleven Media Group 

နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်နေသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် 
လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု စာသားများကို အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နေပြည်တော်တွင် ဇွန် ၂၀ ရက်က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။

ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်ကို လူချင်းတွေ့၍ တောင်းပန်

သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဇနီးဖြစ်သူ ဖေ့စ်ဘုတ်မှာ ဒေါ်အောင်ဆ န်းစုကြည်နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ ပို့စ်တခုကို ရှယ်ခဲ့မိတဲ့ ကိစ္စ မနေ့တုန်းက လွှတ်တော် တက်နေတဲ့ဒေါ်အောင်ဆန်းစုကြည် ကို လူကိုယ်တိုင် တောင်းပန်စကား ဆိုခဲ့တယ်လို့ သိရပါတယ်။ ဦးရဲထွဋ်က အဲဒီကိစ္စနဲ့ သူ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ တောင်းပန်ခဲ့ပြီး မနေ့က လူချင်း မျက်နှာချင်း ဆိုင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်စကားဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စ မရှိပါဘူးလို့ ခွင့်လွှတ်စကား ဆိုတယ်လို့ ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်က ထပ်ရေးပြီး ပြောထားပါတယ်။ "ဒီနေ့ မနက် ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို Facebook ကိစ္စနဲ့ ပတ်သက်ပြီး တောင်း ပန် တဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စမရှိပါဘူးလို့ပြန် ပြောခဲ့ပါ တယ်။ အဲဒီလို နားလည်ခွင့် လွှတ်ပေး မှု အပေါ် ကျေးဇူးတင်ပါတယ်။