Wednesday, August 6, 2014

ရုရှား ဟက်ကာအဖွဲ့ username နှင့် password ၁.၂ ဘီလီယံ ခန့်ကို ခိုးယူ

Photo: ရုရှား ဟက်ကာအဖွဲ့ username နှင့် password ၁.၂ ဘီလီယံ ခန့်ကို ခိုးယူ
Wednesday, August 6, 2014

ရုရှားအဖွဲ့ တစ်ခုသည် အီးမေးလ် လိပ်စာ သန်း ၅၀၀ ကျော်နှင့် သက်ဆိုင်သည့် ယူဇာနိမ်း (username အသုံးပြုသူ အမည်) များ နှင့် ပတ်စ်ဝါ့ဒ် (password-လျှို့ဝှက်နံပါတ်) များ ၁.၂ ဘီလီယံ ခန့် (သန်း ၁၂၀၀) အား ကွန်ပျူတာ စနစ်ကို ချိုးဖောက်ကာ ခိုးယူ အသုံးပြု နိုင်ခဲ့ကြောင်း အမေရိကန် ကုမ္ပဏီ တစ်ခု ဖြစ်သည့် ဟိုးလ်ဒ်စက် ကယူရတီ (Hold Security) ကုမ္ပဏီက ဆိုသည်။

ထိုကွန်ပျူတာ စနစ် ချိုးဖောက် မှုမှာ ယနေ့ အချိန်အထိ “အကြီးမား ဆုံးသော အချက်အလက် ချိုးဖောက် ရယူမှု” ဖြစ်ကြောင်း Hold Security ကုမ္ပဏီက ဆိုသည်။

ခိုးယူ ခံခဲ့ရသော သတင်း အချက်အလက် များမှာ ဝက်ဘ်ဆိုဒ် ၄၂၀၀၀၀ ကျော်မှ ဖြစ်ကြောင်း နှင့် ကမ္ဘာ အဝှမ်းရှိ ကဏ္ဍ အားလုံးနီးပါးမှ ခေါင်းဆောင် အများ အပြား၏ ဝက်ဘ်ဆိုဒ် များလည်း ပါဝင်ကြောင်း ဆိုသည်။ အချက် အလက်များ ခိုးယူ ခံခဲ့ရသည့် ကုမ္ပဏီများ အကြောင်း အသေး စိတ်ကိုမူ Hold Security ကုမ္ပဏီက ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

“အဲဒီသူ တွေဟာ ကုမ္ပဏီကြီး တွေကိုပဲ ပစ်မှတ် ထားခဲ့တာ မဟုတ်ပါဘူး။ သူတို့ရဲ့ ပစ်မှတ်တွေ သွားရောက် ခဲ့တဲ့ ဝက်ဘ်ဆိုဒ်တိုင်း ကိုပါ ပစ်မှတ် ထားခဲ့ တာပါ” ဟု Hold Security က အစီရင် ခံစာထဲတွင် ဆိုထားသည်။

“ဝက်ဘ်ဆိုဒ်တွေ သိန်းပေါင်း များစွာကို အကျိုးသက်ရောက် ခဲ့ပြီးတော့၊ အဲဒီ စာရင်းထဲမှာ ကမ္ဘာ အဝှမ်းက ကဏ္ဍ အားလုံးနီးပါးက ခေါင်းဆောင် တွေရဲ့ ဝက်ဘ်ဆိုဒ် တွေသာမက သေးငယ်တဲ့ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ဝက်ဘ်ဆိုဒ်တွေ အမြောက်အမြား ပါနေ ပါတယ်” ဟု Hold Security က ဆိုသည်။

ထိုတွေ့ရှိချက် များကို အရင်ဦးဆုံး ရေးသား ဖော်ပြခဲ့သည့် နယူးယောက် တိုင်းမ်စ် သတင်းစာက ဆိုခဲ့ရာတွင်၊ သတင်းစာ၏ တောင်းခံချက် အရ Hold Security နှင့်ဆက်နွယ်ခြင်း မရှိသူ ကွန်ပျူတာ လုံခြုံရေး ကျွမ်းကျင်သူ တစ်ဦးက သတင်း အချက်အလက် အစုအဝေးအား စိစစ် လေ့လာခဲ့ပြီး သတင်း အချက် အလက်များ တကယ် အခိုးခံရခြင်း ဖြစ်ကြောင်း အတည်ပြု ခဲ့သည်။

အချို့ ကုမ္ပဏီ ကြီးများ အနေဖြင့် ၄င်းတို့၏ မှတ်တမ်းများ အခိုးခံခဲ့ ရသည့် အထဲတွင် ပါဝင်ကြောင်း သတိပြု မိခဲ့ ကြသည်ဟု၊ သတင်း အချက်အလက် များကို လေ့လာ သုံးသပ်ခဲ့ကာ လူသိ ရှင်ကြား ထုတ်ဖော် ဆွေးနွေးခွင့် မရှိသည့် နောက်ထပ် ကွန်ပျူတာ ရာဇဝတ်မှု ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုခဲ့ကြောင်း နယူးယောက် တိုင်းမ်စ် သတင်းစာက ဖော်ပြ ထားသည်။

Hold Security အနေဖြင့် အခိုးခံရသူ များ၏ အမည် များကို ထုတ်ဖော် လိမ့်မည် မဟုတ်ကြောင်း နှင့် လျှို့ဝှက် ထားရေး သဘောတူညီ ချက်များ ကြောင့်ဟု ဆိုကြောင်း သတင်းစာ ထဲတွင် ဖော်ပြ ထားကာ၊ အားနည်းချက် ရှိနေဆဲ ဖြစ်သော ကုမ္ပဏီ ဝက်ဘ်ဆိုဒ် များ၏ အမည်ကို ထုတ်ဖော် ပြောဆို ရန်လည်း ဝန်လေး နေကြောင်း သတင်းစာက ဆိုသည်။

Ref: BBC
ရုရှားအဖွဲ့ တစ်ခုသည် အီးမေးလ် လိပ်စာ သန်း ၅၀၀ ကျော်နှင့် သက်ဆိုင်သည့် ယူဇာနိမ်း (username အသုံးပြုသူ အမည်) များ နှင့် ပတ်စ်ဝါ့ဒ် (password-လျှို့ဝှက်နံပါတ်) များ ၁.၂ ဘီလီယံ ခန့် (သန်း ၁၂၀၀) အား ကွန်ပျူတာ စနစ်ကို ချိုးဖောက်ကာ ခိုးယူ အသုံးပြု နိုင်ခဲ့ကြောင်း အမေရိကန် ကုမ္ပဏီ တစ်ခု ဖြစ်သည့် ဟိုးလ်ဒ်စက် ကယူရတီ (Hold Security) ကုမ္ပဏီက ဆိုသည်။

အာရှဒေသတွင်း အစည်းအဝေးများတက်ရန် နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်

Photo: အာရှဒေသတွင်း အစည်းအဝေးများတက်ရန် နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်
Wednesday, August 6, 2014

အရှေ့အာရှထိပ်သီးတွေ့ဆုံပွဲ၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးပွဲ၊ အာဆီယံဒေသဆိုင်ရာ ဖိုရမ်နှင့် အာဆီယံ-နယူးဇီလန် ဝန်ကြီးများ အစည်းအဝေးပွဲများ တက်ရောက်ရန် နယူးဇီလန်နိုင်ငံခြား ရေးဝန်ကြီး မာရီ မက်ကောလီသည် မြန်မာနိုင်ငံသို့  သြဂုတ်လ ဒုတိယအပတ် အတွင်း လာရောက်မည်ဟု နယူးဇီလန် Yahoo သတင်းတစ်ရပ်တွင် သြဂုတ်လ ၆ ရက်တွင် ဖော်ပြထားသည်။

မက်ကော်လီက “အရှေ့အာရှထိပ်သီးတွေ့ဆုံပွဲရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ဝန်ကြီးတွေနဲ့အတူ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သြစတေးလျနိုင်ငံနဲ့ ကျွန်တော်တို့ နယူးဇီလန်နိုင်ငံက ဝန်ကြီးတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။  

“ယခုတက်ရောက်မယ့် ဒေသတွင်းဆိုင်ရာ ဖိုရမ်ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ အကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံအချို့အပေါ် သက်ရောက်နေတဲ့ နိုင်ငံရေး၊ လုံခြုံနေရေးနဲ့ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းမှာဖြစ်တဲ့အတွက် နယူးဇီလန်နိုင်ငံအတွက် အရေးပါပါတယ်” ဟုလည်း မက်ကော်လီက ဖြည့်စွက်ပြောကြားခဲ့သည်။

"ဒီနှစ်အတွက် အရှေ့အာရှ ထိပ်သီးတွေ့ဆုံပွဲနဲ့ အာဆီယံ အစည်းအဝေးပွဲတွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်မယ် ဆိုတာကို သိရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းမြောက် ရပါတယ်။ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဟာ ယင်းအနေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ရောက်လာတယ်ဆိုတဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး မက်ကော်လီသည် မော်လ်ဒိုက် ပြည့်သူ့သမ္မတနိုင်ငံနှင့် ဘူတန်နိုင်ငံများသို့လည်း ဆက်လက် သွားရောက်မည်ဖြစ်သည်။

Mizzima - News in Burmese
အရှေ့အာရှထိပ်သီးတွေ့ဆုံပွဲ၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးပွဲ၊ အာဆီယံဒေသဆိုင်ရာ ဖိုရမ်နှင့် အာဆီယံ-နယူးဇီလန် ဝန်ကြီးများ အစည်းအဝေးပွဲများ တက်ရောက်ရန် နယူးဇီလန်နိုင်ငံခြား ရေးဝန်ကြီး မာရီ မက်ကောလီသည် မြန်မာနိုင်ငံသို့  သြဂုတ်လ ဒုတိယအပတ် အတွင်း လာရောက်မည်ဟု နယူးဇီလန် Yahoo သတင်းတစ်ရပ်တွင် သြဂုတ်လ ၆ ရက်တွင် ဖော်ပြထားသည်။

မြန်မာနှင့်စင်္ကာပူနိုင်ငံ လူရွယ်ခေါင်းဆောင်မှု စွမ်းရည်သင်တန်းများဆွေးနွေးပွဲ

Photo: မြန်မာနှင့်စင်္ကာပူနိုင်ငံ လူရွယ်ခေါင်းဆောင်မှု စွမ်းရည်သင်တန်းများဆွေးနွေးပွဲ
Wednesday, August 6, 2014

မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ကာ Singapore Management Universtiy မှကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံမှ
ပညာရှင်များတွေ့ဆုံပြီး လူရွယ်ခေါင်းဆောင်မှု စွမ်းရည်သင်တန်းများ ပို့ချရေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
လူရွယ်ခေါင်းဆောင်မှု စွမ်းရည်သင်တန်းများ ပို့ချရေးဆွေးနွေးပွဲကို တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ Crystal Jode စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ လူရွယ်ခေါင်းဆောင်များ ပေါ်ထွက်လာဖို့ သက်ဆိုင်ရာပညာရှင်တွေက ထူးချွန်တဲ့လူငယ်တွေကိုရွေးပြီး လိုအပ်တဲ့သင်တန်းတွေ ပေးသွားမှာဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံဘက်က ပညာရှင်တွေကလည်း လူရွယ်ခေါင်းဆောင်တွေပေါ်ထွက်လာဖို့ လိုအပ်တဲ့ အကူအညီတွေပေးသွားမယ်လို့ သိရပါတယ်။
 
ဒီဆွေးနွေးပွဲဟာ ပညာရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ နယ်ပယ်အသီးသီးမှာ လူရွယ်ခေါင်းဆောင်တွေ မွေးထုတ်ပေးဖို့ ပါဝင်ခွင့်ရတယ်လို့ ဦးမောင်မောင်စိုးတင့်က  ဒီဆွေးနွေးပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ လူရွယ်ခေါင်းဆောင်မှု စွမ်းရည်သင်တန်းများ ပို့ချရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကဏ္ဍအသီးသီးက ပညာရှင် ၁၅ ဦးခန့် တက်ရောက်ခဲ့ပါတယ်။ Singapore Management University  ဟာအာဆီယံနိုင်ငံတွေမှာရှိတဲ့ လူငယ်တွေအတွက် ခေါင်းဆောင်မှုဆိုင်ရာစွမ်း ဆောင်ရွည်မြှင့်တင်ပေးမှုကို အဓိကဆောင်ရွက်ပေးနေတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။
 
MRTV-4
မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ကာ Singapore Management Universtiy မှကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံမှ ပညာရှင်များတွေ့ဆုံပြီး လူရွယ်ခေါင်းဆောင်မှု စွမ်းရည်သင်တန်းများ ပို့ချရေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း


‘‘ဒီရာထူးမရလည်း ကျွန်တော် ပြောနိုင်တဲ့နေရာကနေ အခုပြောနေတဲ့ စကားတွေပဲ ပြောမှာပဲ။ မယုံကြည်ဘူးဆိုရင် ဓားမိုးပြီးပြောခိုင်းလည်း မပြောဘူး’’အစိုးရသစ် သက်တမ်းသုံးနှစ်ကျော်ကျော်အတွင်း ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်မှ ပြည်ထောင်စုဝန်ကြီးတစ်ဦးအဖြစ် လျင်လျင်မြန်မြန် ရာထူးတိုးတက်သွားသူမှာ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် ဖြစ်သည်။ ဒုဝန်ကြီးဖြစ်ပြီး မကြာမီမှာပင် သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်ပါ တာဝန်ယူခဲ့ပြီး အစိုးရ၀န်ထမ်းပုဂ္ဂိုလ်များအနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်မှ သတင်းများ ပြန်ကြားပြောဆိုသည့်နေရာတွင် ပြိုင်ဘက်မရှိ နာမည်ကျော်သူလည်း ဖြစ်သည်။ ထို့ပြင် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်အချို့၏ ကမောက်ကမအလွဲများကိုလည်း ကာကွယ်ပြောဆိုလေ့ရှိသူ၊ အစိုးရ၀ါဒဖြန့်ချိရေးယန္တရား၏ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် လူသိများလှသည့်ဝန်ကြီး ဖြစ်သည်။ လက်ရှိတွင် အစိုးရ၏ တတိယလှိုင်းပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်လုပ်ငန်းစဉ်တွင် ၀န်ကြီးတစ်ဦးဖြစ်လာသူ ဦးရဲထွဋ်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်၊ ပြုပြင်ပြောင်းလဲရေး မူဝါဒများအား မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ တားဆီးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့ကော်မတီ အရေးပေါ်ဖွဲ့စည်း

ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုများကို တားဆီးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့ကို သြဂုတ် ၄ ရက်တွင် အရေးပေါ်ဖွဲ့စည်းခဲ့ကြောင်း ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။ ယင်းသဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့ကို ခရိုင်မြို့နယ် ရပ်ကွက်ကျေးရွာအလိုက် အဆင့်ဆင့် ဖွဲ့စည်းထားပြီး ရေကြီးရေလျှံမှုများအပြင် အခြားသဘာဝ ဘေးအန္တရာယ်များကို ကယ်ဆယ်သွားမည်ဖြစ်ကာ လက်ရှိအချိန်တွင် ဒီရေအတက်အကျနှင့် မိုးရွာသွန်းမှုကြောင့် ရေကြီးမှုများကို လေ့လာစောင့်ကြည့်လျက်ရှိသော ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့ကို သြဂုတ် ၄ ရက်က အရေးပေါ် အစည်းအဝေးလုပ်ပြီး တိုင်းဒေသကြီးအစိုးရ အမိန့်နဲ့ ဖွဲ့ခဲ့တယ်။ ပဲခူးတိုင်းမှာ လောလောဆယ်တော့ ရပ်ကွက်အချို့ ရေလျှံမှုတွေတော့ ရှိသေးတယ်။ လာမယ့်လပြည့်နေ့အထိ ရေထက်ကြီးဖို့ ရှိ၊ မရှိကို သတိထား စောင့်ကြည့်နေပါတယ်” ဟု ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ပဲခူးမြို့နယ်အတွင်း ကျွန်းသာယာရပ်ကွက်၊ ကလျာဏီရပ်ကွက်၊ ဖောင်တော်ဦးရပ်ကွက်၊ မဇင်းရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်တို့တွင် ရေးကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။ ဒေသခံများမှာ လှေများကို အသုံးပြုသွား၍ သွားလာနေကြသည်ဟု သိရသည်။

စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကလေးငယ်၏ ရောဂါမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသကဲ့သို့ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရခြင်း မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ငြင်းဆို

စစ်တွေမြို့ ပြည်နယ်အထွေထွေဆေးရုံကြီးတွင် ကုသမှုခံယူနေသော ကလေးတစ်ဦးတွင် အီဘိုလာရောဂါဖြစ်ပွားနေခြင်း မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ငြင်းဆိုခဲ့ကြောင်း သြဂုတ် ၅ ရက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အား ကိုးကား သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ယနေ့အထိ အီဘိုလာရောဂါဖြစ်ပွားသူမရှိကြောင်း၊ အင်တာနက်သတင်းတွင် ဖော်ပြထားသည့် အဆိုပါသတင်းမှာ မှားယွင်းဖော်ပြချက်သာဖြစ်သည်ကို ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိရကြောင်း မြန်မာမာ့ရုပ်မြင်သံကြားသတင်းမှ ဖော်ပြခဲ့သည်။ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် ကလေးငယ်တစ်ဦး Ebola Virus ရောဂါဖြင့် ဆေးကုသမှုခံယူနေကြောင်း အင်တာနက်သတင်းများတွင် သြဂုတ် ၄ ရက်မှစတင်၍ ဖော်ပြလျက်ရှိပြီး လူနာမှာ မင်းပြားမြို့နယ် ကမ်းနီကျေးရွာနေ အသက်ခြောက်နှစ်အရွယ်ရှိ မောင်မျိုးလင်းနိုင်ဆိုသူဖြစ်ကြောင်း သိရသည်။အဆိုပါ ကလေးငယ်သည် ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီမှစတင်၍ ဆာလ်ဖာဆေး မတည့်ခြင်းကြောင့်ဖြစ်ပေါ်လာသော Stevens–Johnson Syndrome ရောဂါဖြင့် စစ်တွေမြို့ ပြည်နယ်အထွေထွေဆေးရုံကြီး ကလေးကုသဆောင်၌ တက်ရောက်ကုသနေသူဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။ဆက်လက်ပြီး လူနာသည် အဖျားရောဂါဖြင့် ၎င်း၏ရွာတွင် ဇူလိုင် ၂၁ ရက်မှစ၍ ဆေးသောက်ခဲ့ပြီး နှစ်ရက်အကြာ ဇူလိုင် ၂၃ ရက်တွင် မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် စစ်တွေမြို့ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်းရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ဦးထင်ကျော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်

Photo: ဦးထင်ကျော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်
Wednesday, August 6, 2014

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ဦးထင်ကျော်ကို သြဂုတ် ၅ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ပါတယ်။

ပြည်ထောင်စုအစိုးရဟာ တာဝန်မကျေတဲ့အတွက် သမ္မတကြီး ဦးသိန်းစိန်အစိုးရ နုတ်ထွက်ပေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တင်မြှောက်တယ်ဆိုတဲ့ ကြွေးကြော်သံပါ စာရွက်တွေကို အများသူငါကို ဝေငှတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ပြစ်ဒဏ်စီရင်ခဲ့တာပါ။

ဦးထင်ကျော်ဟာ အလားတူ ပုဒ်မတွေနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၁၂ မြို့နယ်မှာ တရားရင်ဆိုင်နေပြီး မြို့နယ် ၆ မြို့နယ်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ပြီးခံခဲ့ရပြီး ဖြစ်ပါတယ်။ ကျန် ၆ မြို့နယ်မှာ ဆက်လက် တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဦးထင်ကျော်ဟာ ၂၀၀၆ ခုနှစ်ပိုင်းလောက်ကတည်း ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်ပါတယ်။

သူ့အတွက် လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေဦးရောဘတ်ဆန်းအောင်က ဦးထင်ကျော်အပေါ် တရားစွဲအဖွဲ့အစည်းတွေရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံဟာ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ထောက်ပြပါတယ်။

“အမှန်မှန်ကတော့ ကျနော်တို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၃၄ မှာလည်း အတိအလင်းဆိုထားတာပဲ။ တနှစ်အတွင်းမှာဖြစ်ပွားတဲ့ မျိုးတူပြစ်မှု (Same Kind of Offence) ဆိုလို့ရှိရင် ၃ မှု ၁ မှု စစ်ဆေးရမယ့်အစား အရင် မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်တုန်းက ခါးပိုက်နှိုက်တွေကို ဂါတ်လှည့်၊ ရုံးလှည့်သလို တမြို့နယ် ၁ မှုနှုန်းနဲ့ လုပ်နေတော့ ဒါ တရားစွဲအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်မှာ အားနည်းချက်တွေရှိနေပြီဆိုတာ ပေါ်ပေါက်ပါတယ်။

“နောက်တချက်က ခရိုင်တရားရုံးတွေအနေနဲ့က ဒီလိုဖြစ်ပျက်နေတဲ့ ပြဿ  နာတွေအပေါ်မှာ အမှုပြီးပြတ်ချက်တင်သွင်းလာရင် ပြင်ဆင်တည့်မတ်ပေးရမှာဖြစ်ကြောင်းနဲ့ အမှုတွဲတောင်းပြီး ခရိုင်တရားရုံးရဲ့ မူလဘူတအာဏာနဲ့ နိုင်ငံသားတွေ မနစ်နာအောင် ပေါင်းစပ်ပေးသင့်တယ်” လို့ ပြောပါတယ်။

ခရိုင်တရားရုံးတွေက အဆိုပါအတိုင်း မဆောင်ရွက်ကြတာကြောင့် လူတယောက်တည်းကို (၁၂) မှုနဲ့ နှစ်ပေါင်းများစွာ ထောင်ထဲမှာ အချိန်ကုန်ပြီး တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ မပါဝင်နိုင်အောင် ဟန့်တားထားသလို ဖြစ်နေတယ်လို့ ပြောပါတယ်။

ဦးထင်ကျော်ကို ဒီလ ၁၈ ရက်နေ့ကျရင် ပုဒ်မတူ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ပဲ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်တရားရုံးမှာ သူ့အဖွဲ့သား ဦးနောင်နောင်နဲ့အတူ ရုံးထုတ်စစ်ဆေးပြီး အမိန့်ချမှတ်ဖွယ်ရှိပါတယ်။
burmese.dvb.no
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ဦးထင်ကျော်ကို သြဂုတ် ၅ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ပါတယ်။ပြည်ထောင်စုအစိုးရဟာ တာဝန်မကျေတဲ့အတွက် သမ္မတကြီး ဦးသိန်းစိန်အစိုးရ နုတ်ထွက်ပေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တင်မြှောက်တယ်ဆိုတဲ့ ကြွေးကြော်သံပါ စာရွက်တွေကို အများသူငါကို ဝေငှတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ပြစ်ဒဏ်စီရင်ခဲ့တာပါ။
ဦးထင်ကျော်ဟာ အလားတူ ပုဒ်မတွေနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၁၂ မြို့နယ်မှာ တရားရင်ဆိုင်နေပြီး မြို့နယ် ၆ မြို့နယ်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ပြီးခံခဲ့ရပြီး ဖြစ်ပါတယ်။ ကျန် ၆ မြို့နယ်မှာ ဆက်လက် တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဦးထင်ကျော်ဟာ ၂၀၀၆ ခုနှစ်ပိုင်းလောက်ကတည်း ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း တဦး ဖြစ်ပါတယ်။

MPT Promotion ထက် ဖုန်းအားလုံးဝန်ဆောင်မှု ၂၅ ကျပ်နှုန်းသာ လိုလားကြ

မြန်မာ့ဆက်သွယ်ရေး (MPT) မှ Friends and Family Service ဝန်ဆောင်မှုထက် မိုဘိုင်းဖုန်းအားလုံး တစ မိနစ်ခေါ်ဆိုခ ၂၅ ကျပ်နှုန်းကိုသာ လိုလားကြသည်ဟု ဖုန်း သုံးစွဲသူများထံမှ သိရသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် GSM/WCDMA ဖုန်းကိုင်ဆောင်သူများအား ကျပ် ၂၅ဝဝ ပေးသွင်းရုံဖြင့် ရက်ပေါင်း ၃ဝ အ တွင်း ဖုန်းကိုင်ဆောင်သူ အပါအဝင် အခြား မိုဘိုင်းဖုန်းသုံးလုံးကို တစ်မိနစ် ဖုန်းခေါ်ဆိုခ ၂၅ ကျပ်နှုန်းသာ ကောက်ခံမည်ဟု ထုတ်ပြန်ထားသည်။”ဒီလောက် အပြိုင်အဆိုင် ဖြစ်ပေါ်နေတဲ့ အချိန်မှာ ဒီလိုပရိုမိုးရှင်းလာလုပ်တာ ရယ်စရာပါပဲ။ အခြေအနေတွေက ရှင်းရှင်းလေးဖြစ်နေပြီ။ ဒီတော့ MPT အနေနဲ့ ပရိုမိုး ရှင်း ထက် ဈေးနှုန်းကို လျှော့ချပေးသင့်တဲ့အခြေအနေ ရောက်နေပါပြီ” ဟု ပုဇွန်တောင် မြို့နယ်မှ ထီရောင်းသူ ကိုချစ်ဦးက ပြောသည်။Ooredoo မပေါ်ပေါက်သေး ပါက လက်ရှိ MPT  မှ လုပ်ဆောင်သည့် စနစ်သည် စီးပွားရေးလုပ်ငန်းရှင်များအတွက် သင့်တော်သော ဝန်ဆောင်မှု ဖြစ်သော်လည်း လက်ရှိအနေအထား အရ ပြုပြင်ပြောင်း လဲသင့် သည့် အချိန်ဖြစ်ကြောင်း လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်မှ အထွေထွေမန်နေဂျာ ကိုစည်သူက ပြောသည်။

အသစ်ပြေးဆွဲမည့် အဆင့်မြင့် City Bus ခရီးသည်တင်ယာဉ် ၂၅စီးတွင် လုံခြုံရေးအတွက်စီစီတီဗွီကင်မရာများတပ်ဆင်ထား

သြဂုတ်လ တတိယအပတ်တွင်စတင်ပြေးဆွဲမည့် အဆင့်မြင့် City Bus ယာဉ်၂၅စီးတွင် လုံခြုံရေးအတွက် စီစီတီဗွီကင်မရာများ ပါဝင်ကြောင်း ညွန်ကြားရေးမှူး ဦး တင်ဝင်းအောင်(ကုန်းလမ်းပို့ဆောင် ရေးဌာန)က ဒီမိုကရေစီတူဒေးသတင်း စာသို့ပြောကြားသည်။
''ယာဉ်ပေါ်မှာ ကာစတန်မာဆားဗစ်အတွက် အမျိုးသမီးတစ်ယောက်ပါမယ်။ ပြီးတော့လုံခြုံရေးအတွက်စီ စီတီဗွီကင်မရာတွေပါမယ်။ ယာဉ် နောက်လိုက် လုံးဝမပါဘူး။ ယာဉ် စီးခကို i-Pay ကတ်နဲ့သုံးရမှာ။ ယာဉ် စီးခကို ၃ဝဝလောက်တော့ မှန်းထား ပါတယ်' 'ဟု၎င်းကဆိုသည်။အဆိုပါ ခရီးသည်တင်ယာဉ်များ တွင်လိုက်ပါစီးနင်းမည့်ခရီးသည်များ အနေဖြင့်ယာဉ်၏ အရှေ့ပေါက်မှ တက်ရမည်ဖြစ်ပြီးနောက်ပေါက်မှ ဆင်း ရမည်ဖြစ်ကြောင်းနှင့် ယာဉ်ပေါ်တွင် ခရီးသည် ၄၅ ယောက်နှင့်အထက် ပို၍တင်မည်မဟုတ်ကြောင်းနှင့် ယာဉ် ပေါ်တွင် ကာစတန်မာဆားဗစ်အဖြစ် ပါဝင်မည့် အမျိုးသမီးများအား အလုပ် ခန့်ထားပြီးဖြစ်ကြောင်း Forever Green Road Transport ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအေးထွန်းက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ရန် ကေအင်န်ယူနှင့် ဂျပန်အဖွဲ့ အစည်းများ ဆွေးနွေး


ကရင်အမျိုးသား အစည်းအရုံး(KNU) မှ တပ်မဟာ (၁)၊ (၄)၊ (၆)၊ (၇)အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဂျပန်သံရုံးနှင့် ဂျပန်ပလက်ဖောင်း (Japan- Plattform)၊JICA နှင့် နိပွန်ဖောင်ဒေးရှင်း (The Nippon Foundation)တို့နှင့် တပ်မဟာအုပ်ချုပ် ရေးတာဝန်ခံများ သြဂုတ်လ ၅ ရက် MPC (မြန်မာ နိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးလုပ်ငန်း ဗဟိုဌာန)တွင် တွေ့ဆုံဆွေး နွေးခဲ့သည်ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက အတည်ပြု ပြောကြားလိုက်သည်။
“တပ်မဟာ တစ်ခုစီက ခရိုင်ဥက္ကဋ္ဌ နှစ်ယောက်နဲ့ ကိုယ်စားလှယ် တွေလာတာပါ။ သူတို့လုပ်ချင်တဲ့ ဒေသဖွံ့ ဖြိုးရေးတွေကို အဖွဲ့အစည်းတွေ နဲ့တွေ့ပြီး ရှင်းပြတာပါ”ဟု ဦးလှမောင်ရွှေ ကပြောကြားသည်။ ဆွေးနွေးပွဲ ကို KNU တပ်မဟာ ၁၊ ၄၊ ၆၊ ၇ မှ ခရိုင်ဥက္ကဋ္ဌ များနှင့် ကိုယ်စားလှယ်များ ၊ MPC အတွင်းရေးမှူး ပြည်ထောင်စုဒု-၀န်ကြီး ဦးအောင်သိမ်း ဦး ဆောင်တဲ့ MPC တာဝန်ရှိသူများ၊ ဂျပန်သံရုံးနှင့် ဂျပန်အဖွဲ့အစည်း များဖြစ်သည့် ဂျပန်ပလက်ဖောင်း (Japan-Platform)၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် နိပွန်ဖောင်ဒေးရှင်း(The Nippon Foundation)မှ တာဝန်ရှိသူများ၊ ကရင်ပြည်နယ်အ စိုးရကိုယ်စား နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်ဘလွင် နှင့် ကိုယ်စားလှယ်များ တက် ရောက်ခဲ့သည်။

မန္တလေးတက္ကသိုလ်တွင် ယခုပညာသင်နှစ်အတွက် တစ်ဘာသာလျှင် ၇၅ ဦးအထိ တိုးချဲ့ခေါ်ယူနိုင်ရန် အဆိုပြုထား

မန္တလေး တက္ကသိုလ်တွင် ယခုပညာသင်နှစ် အတွက် တစ်ဘာသာလျှင် ၇၅ ဦး အထိ တိုးချဲ့ခေါ်ယူနိုင်ရန် အဆိုပြု ထားကြောင်း သိရသည်။ ၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သော ကျောင်း သားကျောင်းသူများ အတွက် ပညာ ရေး ဝန်ကြီးဌာနမှ (ဝိဇ္ဇာချွန်/ သိပ္ပံချွန်) ရွေး ချယ် ၍ အထူးပြုစုပျိုးထောင် လေ့ကျင့်ရေး အစီအစဉ်အဖြစ်၂၀၁၃ -၂၀၁၄ ပညာသင်နှစ်မှစတင်ခေါ်ယူ ခဲ့ရာ ယခုနှစ်အတွက် ဘာသာရပ် ၂၁ခုအတွက် တစ်ဘာသာလျှင် ၇၅ ဦး ခေါ်ယူခွင့်ပေးရန် ပညာရေးဝန် ကြီးဌာနသို့ အဆိုပြုထားကြောင်း မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ထံမှ သိရသည်။''ဒီနှစ်ကျောင်းသားခေါ်မှာက မနှစ်ကထက်တော့ မနိမ့်လောက်ပါ ဘူး။ ဒီနှစ်မှာ မြန်မာမှုဘာသာက ထပ်တိုးလာတာရယ်၊ တစ်ဘာသာ ၇၅ ဦးခေါ်ဖို့ပြောထားတာရယ် ကြောင့် ကျောင်းသားအရေအတွက် မနှစ်ကထက်ပိုများနိုင်ပါတယ်။ ရမရ တော့ မသိသေးပါဘူး''ဟုမန္တလေး တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ မောင်သင်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှဖုန်းပြောဆိုခနှုန်းထားများ တစ်မိနစ် ၂၅ ကျပ်လျှော့ရန် လတ်တလောမဖြစ်နိုင်သေးဟုဆို


 မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်း ဖုန်းပြောဆို ခနှုန်းထားများကို တစ် မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ကောက် ခံသွားရန်မှာ လတ်တလော အခြေ အနေတွင် ဖြစ်နိုင်ဦးမည်မဟုတ်ဘဲ လပိုင်းအားဖြင့် ကြာမြင့် ဦးမည်ဖြစ် ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာန၊ ညွှန်ကြားမှုဦးစီးဌာနမှ ဦးသန်း ထွန်းအောင် က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မိုဘိုင်းဖုန်းအချင်းချင်း ဖုန်းပြောဆို ခလျှော့ချနိုင်ရန်အတွက် ဆက်သွယ် ရေးညွှန်ကြားမှု ဦးစီးဌာနသို့လျှောက် ထားမှု တစ်စုံတစ်ရာမရှိသေးသည့် အတွက် လတ်တလောလျှော့ချပေးရန် မဖြစ်နိုင်သေးကြောင်းပြော လိုက် ခြင်းဖြစ်သည်။
ဦးသန်းထွန်းအောင်က''MPT ဘက်ကဆွေးနွေးနေတာတော့ ရှိမှာပါ၊ ဒါပေမဲ့လတ်တ လောလျှော့နိုင်ဖို့ ဆိုတာမဖြစ်နိုင်သေး ပါဘူး၊ ဖုန်းပြော ဆိုခလျှော့မယ်ဆိုရင် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကခွင့်ပြုချက် တွေလုပ်ပေးရမှာပါ၊ အခုတင်ထား တာမရှိတော့ အခုရက် ပိုင်းအတွင်း တောင်မဖြစ် နိုင်သေးပါဘူး''ဟုပြော သည်။

တပ်မတော်ကိုမုဒိမ်း၊ အဓမ္မတပ်မတော်လို့ မပြောရုံတမယ် ပြည်ပအဖွဲ့အစည်းတွေရှေ့မှာ အပုပ်ချတဲ့ ဆူဇန်နာလှလှစိုးနဲ့ အပေါင်းအပါတွေရဲ့အဓိကပစ်မှတ်က တပ်မတော်ဆိုတာပေါ်လွင်နေတယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် ဆက်သွယ်မေးမြန်းချက်

ဒေါ်ဆူဇန်နာလှလှစိုးကတပ်မတော် ဟာ စုံစမ်းရခက်ခဲတဲ့ ဒေသတွေမှာ၊ တိုင်း ရင်းသားဒေသတွေမှာ အဓမ္မမှုကို လက် နက်သဖွယ်အသုံးပြုခဲ့တယ်ဆိုတာမျိုး ပြည်ပအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါ ပြောသွားတယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ် မှူးကြီးကfacebook စာမျက်နှာကတစ် ဆင့် တုံ့ပြန်ခဲ့တဲ့ အခြေအနေလေး သိပါ ရစေ။ ဖြစ်စဉ်အကျဉ်းပေါ့နော်။
ဒါကျွန်တောfacebook မှာလည်း ရေးထားပါတယ်။ဆိုလိုချင်တာကဒေါ်ဆူ ဇန်နာလှလှစိုးတို့ အမျိုးသမီးကွန်ရက် ကပြည်ပနိုင်ငံကအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့တွေ့ချိန်မှာ အဲ့ဒီအဖွဲ့အစည်း တွေနဲ့ မီဒီယာတွေကိုတင်ပြပုံက စုံစမ်းရ ခက်ခဲတဲ့တိုင်းရင်းသားဒေသတွေမှာ တပ် မတော်က အဓမ္မပြုကျင့်မှုကိုလက်နက် သဖွယ်အသုံးပြုခဲ့တယ်ဆိုပြီးတပ်မတော် ကြီးကို မုဒိမ်းတပ်မတော်လို့မစွပ်စွဲရုံတစ် မယ်ပြောခဲ့ပါတယ်။ သူ့စကားကိုကြားရ တော့ ၈၈ အရေးခင်းကာလတုန်းက ကလေးမလေးတစ်ယောက်ကိုလုံထိန်းတွေ က အဓမ္မကျင့်တယ်ဆိုပြီး လီဆယ်လုပ် ကြံထွက်ဆိုခိုင်းတဲ့ ခရစ်စတိုဘာဂါးနက် နဲ့ BBC အင်တာဗျူးတစ်ခုကိုသွားသတိ ရမိတယ်။ ဒီအင်တာဗျူးထွက်လာတော့ လူထုအုံကြွမှုကအရှိန်ပြင်းပြီး အပြစ်မဲ့ ပြည်သူတွေကိုခေါင်းဖြတ်သတ်မှုတွေအထိ ဖြစ်ခဲ့တယ်။ ခုနောက်ပိုင်း မုဒိမ်းမှုဆိုတဲ့ လုပ်ကြံဖန်တီးမှုတွေ ဘူးပေါ်သလိုပေါ် လာတော့ ခေါင်းစဉ်ပြောင်းလဲပြီး အခွင့် ထူးခံတပ်မတော်ဆိုပြီး ရှုံ့ချဖို့အတွက် အပြစ်မဲ့လူထုကို လမ်းပေါ်ထွက်ဖို့ဆွဲခေါ် လာပြန်တယ်။ ဒီလိုဆွဲခေါ်လာသူထဲမှာ ဦးထင်လင်းဦးတို့၊ ဦးမင်းဇေယျာတို့ပါ လာတယ်။ ဒီတော့ ဒေါ်ဆူဇန်နာလှလှစိုး နဲ့အပေါင်းအပါတွေရဲ့ပစ်မှတ်ဟာ တပ် မတော်ဆိုတာပေါ်လွင်လာတယ်။

"ဟာဝိုင်ယီကျွန်းသို့ ဟာရီကိန်းမုန်တိုင်းနှစ်ခု ဦးတည်လျက်ရှိ"

ဟာဝိုင်ယီကျွန်းတွင် ဟာရီကိန်းမုန်တိုင်းနှစ်ခု ဦးတည်ဝင်ရောက်တိုက်ခတ်မည့် အခြေအနေနှင့် တွေ့ကြုံနေရကြောင်း သိရသည်။ဟာရီကိန်း မုန် တိုင်း အစ်စဲလာ (Iselle) သည် ဟာဝိုင်ယီသို့ ဦးတည်နေပြီး အခြား အပူပိုင်းမုန်တိုင်းတစ်ခုဖြစ်သည့် ဂျူလီယို (Julio) မှာလည်း ယနေ့ (သြဂုတ် ၆ ရက်) နံနက်အစောပိုင်းတွင် ပိုမိုအားကောင်းလာပြီး ဟာရီကိန်းအဆင့်သို့ ရောက်ရှိကာ ဟာဝိုင်ယီသို့ပင် ဦးတည်လျက်ရှိသည်။ လက်ရှိအချိန်တွင် အစ်စဲလာသည် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၀၀ ဝန်းကျင်ဖြင့် တိုက်ခတ်နေပြီး ဂျူလီယိုမှာ တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် တိုက်ခတ်လျက်ရှိသည်။

မြန်မာနှစ်ဦး ပါဝင်သည့် ပီနန်ပြည်နယ်တွင် ရိုက်ကူးခဲ့သော ၀တ်လစ်စလစ် ဗီဒီယိုနှင့်ပတ်သက်၍ မလေးရှားရဲများ စုံစမ်းနေ

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် မြန်မာနှစ်ဦးပါဝင်သည်ဆိုသော ၀တ်လစ်စလစ်ပွဲတစ်ပွဲအား ရိုက်ကူးခဲ့သည့် ဗီဒီယိုနှင့် ပတ်သက်ပြီး ရဲများက စုံစမ်း လျက်ရှိကြောင်း သိရသည်။ ပီနန်ပြည်နယ် အနောက်မြောက်ဘက်ရှိ တာလုဘာဟန် ကမ်းခြေပေါ်တွင် ကိုယ်ပေါ်တွင် ဆေးများရေးခြယ်ခြင်းနှင့် ကိုယ်လုံးတီး ကခုန်နေသူ ၁၈ ဦးတို့အား ရိုက်ကူးထားသည် ဗီဒီယိုသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။

Photo: မြန်မာနှစ်ဦး ပါဝင်သည့် ပီနန်ပြည်နယ်တွင် ရိုက်ကူးခဲ့သော ၀တ်လစ်စလစ် ဗီဒီယိုနှင့်ပတ်သက်၍ မလေးရှားရဲများ စုံစမ်းနေ
Wednesday, August 6, 2014

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် မြန်မာနှစ်ဦးပါဝင်သည်ဆိုသော ၀တ်လစ်စလစ်ပွဲတစ်ပွဲအား ရိုက်ကူးခဲ့သည့် ဗီဒီယိုနှင့် ပတ်သက်ပြီး ရဲများက စုံစမ်း လျက်ရှိကြောင်း  သိရသည်။

ပီနန်ပြည်နယ် အနောက်မြောက်ဘက်ရှိ တာလုဘာဟန် ကမ်းခြေပေါ်တွင် ကိုယ်ပေါ်တွင် ဆေးများရေးခြယ်ခြင်းနှင့် ကိုယ်လုံးတီး ကခုန်နေသူ ၁၈ ဦးတို့အား ရိုက်ကူးထားသည် ဗီဒီယိုသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါ ဗီဒီယိုတွင် မလေးရှားမှ ၇ ဦး၊ မြန်မာမှ ၂ ဦး၊ ဖိလစ်ပိုင်မှ ၁ဦး နှင့် အိန္ဒိယမှ ၁ ဦး တို့ပါဝင်ကြောင်း  ပီနန်ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်ကို ကိုးကားလျက် The Star သတင်းစာက ဖော်ပြခဲ့သည်။

ယင်းပွဲအတွက် ကမ်းခြေနှင့်အနီးဝန်းကျင်ကို တာဝန်ယူထိန်းသိမ်းရသည့် ပီနန်အမျိုးသားဥယျာဉ်၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူက ပြောကြားခဲ့သည်ဟု မလေးရှားအွန်လိုင်းသ တင်းဝက်ဘ်ဆိုက် The Rakyat Post တွင် ဖော်ပြခဲ့သည်။

အဆိုပါ ရေးသားမှုနှင့်ပတ်သက်ပြီး ပီနန်ပြည်နယ်ဝန်ကြီးချုပ်က  “ပီနန်မှာ ကျွန်တော်တို့အနေနဲ့ ကာစီနိုရုံတွေကိုတောင် ဖွင့်ခွင့်မပေးတာ ဒီလိုပွဲမျိုးကို ခွင့်ပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားသည်။
Ref:CAN

MEC CDMA ဆင်းမ်ကတ်များကို ဝန်ဆောင်မှုအသစ် ပေးမည်ဟုဆို


 မြန်မာ့စီးပွားကော်ပိုရေးရှင်း (MEC) ၏ CDMA ဆင်းမ်ကတ်များကို Voice Mail ဝန်ဆောင်မှု အသစ်တိုးမြှင့်ကာ ယခုလမှစတင်၍ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း မြန်မာ့စီးပွားကော်ပိုရေးရှင်းထံမှ သိရသည်။
အဆိုပါ ဝန်ဆောင်မှုသည် မိမိဖုန်းကို အခြားတစ်ဦးက ခေါ်ဆိုသောအခါ ဖုန်းမကိုင်မိခြင်း၊ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်ရှိနေခြင်း၊ စက်ပိတ်ထားခြင်းနှင့် ဖုန်းမအားသေးခြင်းတို့အတွက် တစ်ဖက်မှခေါ်ဆိုသူက အသံမက်ဆေ့ခ်ျ (သတင်းတို) ချန်ထားနိုင်ခြင်း၊ ချန်ထားခဲ့သော မက်ဆေ့ခ်ျ များကို ဖုန်းနံပါတ်၊ နေ့ရက်၊ အချိန်နှင့်တကွ ချန်ထားခဲ့သော မက်ဆေ့ခ်ျ များကို ၂၄၄၀ က မိမိဖုန်းသို့ မက်ဆေ့ခ်ျ ပြန်လည်ပေးပို့မည် ဖြစ်ကြောင်း ၁၈၇၆ Call Center မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဝန်ဆောင်မှုအတွက်က တစ်လကို တစ်ထောင်ပေးရမယ်။ ကိုယ့်ဖုန်းကို ချန်ထားခဲ့တဲ့ အသံမက်ဆေ့ခ်ျကို ပြန်ပြီးနားထောင်ချင်ရင် အသံမက်ဆေ့ခ်ျရဲ့ မိနစ်အတိုင်း ဖုန်းခေါ်ခကုန်မယ်” ဟု ၎င်းကရှင်းပြသည်။

ရေလွှမ်းမိုးခံရနိုင်သော ဒေသများ တိုးလာ

သံလွင်မြစ် အပါအ၀င် မြစ်ငါးစင်း ရေကြီးမည်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ ဆက်လက် အားကောင်းနေသောကြောင့် ဒေသအချို့တွင် ရေလွှမ်းမိုးမှုအန္တရာယ်မြင့်မားနေဆဲဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ ‘‘နိုင်ငံတကာက ခန့်မှန်းချက်တွေအရလည်း မြန်မာနိုင်ငံမှာ ရေကြီးနိုင်တဲ့ ဒေသတွေ ရှိနေသေးတယ်။ မိုးကလည်း ကောင်းနေတုန်းပဲ။ရေဖုံးလွှမ်းနိုင်တဲ့ နေရာတွေကတော့ တိုးလာနေတယ်’’ဟု ဒေါက်တာထွန်းလွင်က ပြောကြားသည်။ အမေရိကန်နိုင်ငံ အမျိုးသား အာကာသအေဂျင်စီ(NASA) က မြန်မာနိုင်ငံတွင် ရေဖုံးလွှမ်းနိုင်သောဒေသများအဖြစ် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်အပါအ၀င် မြစ်ဝကျွန်းပေါ်ဒေသမှ ပုသိမ်၊ဟင်္သာတ၊မအူပင်၊ပဲခူး၊သာယာဝတီမြို့ နှင့် မွန်ပြည်နယ် သထုံနှင့်ရေးမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေနှင့်ကျောက်ဖြူမြို့တို့ကို သတိပေးထားကြောင်း ၄င်းက ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှုနှင့် ၄၃၆ လက်မှတ်နည်းပါးမှုအတွက် ဘဝင်မကျကြောင်း ဗဟိုအလုပ်မှုဆောင် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးခြင်းဖြစ်ကြောင်းနှင့် ဇူလိုင်လ ၂၀ ရက်နေ့ထိ ကောက်ခံရရှိသည့် ပုဒ်မ ၄၃၆ လူထုဆန္ဒလက်မှတ် အရေအတွက်မှာ အလွန်နည်းပါးမှုကို အားမရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားလိုက်သည်။ သြဂုတ်လ ၄ ရက်နေ့က ဗဟန်းမြို့နယ် NLD ရုံးချုပ်တွင်ကျင်းပသော အစည်းအဝေးတွင် ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ၄ သန်းကျော်သာ ရရှိကြောင်း၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် လက်မှတ်ရရှိမှု အလွန့်အလွန်နည်းပါးကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှလည်း မှန်းထားသလောက်မရရှိ ကြောင်း တင်ပြခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ “သန်း ၆၀ ရှိတဲ့ နိုင်ငံမှာ လက်မှတ် ၄ သန်းပဲ ရတယ်ဆိုတာ အလွန်နည်းတယ်.. ဘယ်လိုမှ မဖြစ်သင့်ဘူး.. ပါတီလည်း သိက္ခာကျတယ်.. ကျွန်မတို့ပါတီအနေနဲ့ စည်းရုံးရေးတွေ တိုးလုပ်ရမယ်..” ဟု ပြောဆိုခဲ့သည်။

ဘင်္ဂါလီများကို နိုင်ငံသား ဟုတ် မဟုတ် လူတွေ့စစ်ဆေးမှုစတင်

နိုင်ငံသားအဖြစ် လျှောက်ထားသည့် ရခိုင်ပြည်နယ် မြေပုံမြို့ရှိ ဘင်္ဂါလီ တစ်ထောင်ကျော်အနက် ၁၀ ဦးကို သြဂုတ်လ ၅ ရက်နေ့တွင် လူချင်းတွေ့ဆုံကာ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြို့နယ်အဆင့် စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးမောင်ရေချမ်းက ပြောကြားသည်။

ဖော်မြူလာဝမ်း အကြီးအကဲရဲ့ အမှု သန်း ၁၀၀ ပေးပြီး ကြေအေး

လာဘ်ထိုးမှုနဲ့ တရားရုံးမှာ အမှု ရင်ဆိုင်နေရတဲ့ ဖော်မြူလာဝမ်း ပြိုင်ကား မောင်းပွဲရဲ့ အကြီးအကဲ ဖြစ်သူ ဘီလျံနာ သူဌေးကြီး Bernie Ecclestone ရဲ့ အမှုကို ဂျာမန် တရားရုံးက ရုပ်သိမ်း ပယ်ဖျက်ပေးလိုက်ပါတယ်။ဂျာမနီမှာရှိတဲ့ ထောက်ပံ့ကြေး ပေးနိုင်တဲ့ ဥပဒေ တခုအရ မစ္စတာ Ecclestone က ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မယ်လို့ သဘောတူတာကြောင့် ဂျာမန် အစိုးရ ရှေ့နေတွေက လက်ခံလိုက်ကြပြီး ခုလို အမှု ရုပ်သိမ်းပေးလိုက်တာ ဖြစ်ပါတယ်။မစ္စတာ Ecclestone က ပေးမယ့် ဒေါ်လာ သန်း ၁၀၀ ထဲက ၉၉ သန်းကို Bavaria ပြည်နယ်ရဲ့ ဘဏ္ဍာငွေအဖြစ် သုံးမှာ ဖြစ်ပြီး ၁ သန်းကတော့ ကလေးဆေးရုံ တစ်ခုကို ထောက်ပံ့ရမယ်လို့ တရားသူကြီး Noll က ဆုံးဖြတ်ပါတယ်။
Photo: ဖော်မြူလာဝမ်း အကြီးအကဲရဲ့ အမှု သန်း ၁၀၀ ပေးပြီး ကြေအေး

လာဘ်ထိုးမှုနဲ့ တရားရုံးမှာ အမှု ရင်ဆိုင်နေရတဲ့ ဖော်မြူလာဝမ်း ပြိုင်ကား မောင်းပွဲရဲ့ အကြီးအကဲ ဖြစ်သူ ဘီလျံနာ သူဌေးကြီး Bernie Ecclestone ရဲ့ အမှုကို ဂျာမန် တရားရုံးက ရုပ်သိမ်း ပယ်ဖျက်ပေးလိုက်ပါတယ်။

ဂျာမနီမှာရှိတဲ့ ထောက်ပံ့ကြေး ပေးနိုင်တဲ့ ဥပဒေ တခုအရ မစ္စတာ Ecclestone က ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မယ်လို့ သဘောတူတာကြောင့် ဂျာမန် အစိုးရ ရှေ့နေတွေက လက်ခံလိုက်ကြပြီး ခုလို အမှု ရုပ်သိမ်းပေးလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ Ecclestone က ပေးမယ့် ဒေါ်လာ သန်း ၁၀၀ ထဲက ၉၉ သန်းကို Bavaria ပြည်နယ်ရဲ့ ဘဏ္ဍာငွေအဖြစ် သုံးမှာ ဖြစ်ပြီး ၁ သန်းကတော့ ကလေးဆေးရုံ တစ်ခုကို ထောက်ပံ့ရမယ်လို့ တရားသူကြီး Noll က ဆုံးဖြတ်ပါတယ်။

မစ္စတာ Ecclestone ရင်ဆိုင်ခဲ့ရတဲ့ အမှုဟာ ဂျာမန် ဘဏ်တစ်ခုက တော်တော် များများ ပိုင်တဲ့ ဖော်မြူလာဝမ်း အစုတွေကို ရောင်းချခဲ့မှုနဲ့ သက်ဆိုင်ပါတယ်။

မစ္စတာ Ecclestone အနေနဲ့ ဖော်မြူလာဝမ်းကို ဆက်လက် ချူပ်ကိုင်နိုင်ဖို့ အတွက် သူအလိုရှိတဲ့ ကုမ္မဏီဆီကို အဆိုပါ အစုတွေ ရောင်းချဖို့ အဲဒီ ဘဏ်ရဲ့ အကြီးအကဲကို မစ္စတာ Ecclestone က ဒေါ်လာ သန်း ၄၀ ကျော် ပေးခဲ့တယ် ဆိုပြီး အစိုးရ ရှေ့နေတွေက စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို သူ့ရဲ့ အမှုကို ကြေအေး ရုပ်သိမ်းပေးလိုက်တာဟာ မစ္စတာ Ecclestone ရဲ့ ၈၃ နှစ် ရှိပြီ ဖြစ်တဲ့ အသက်အရွယ် ဟာလည်း ထည့်သွင်း စဉ်စားရာမှာ တစ်ကြောင်း ပါဝင်ကြောင်း အစိုးရ ရှေ့နေတွေက ဆိုပါတယ်။

http://www.bbc.co.uk/burmese/world/2014/08/140805_f1_boss_trial_ends.shtml

လိုင်ဇာနှင့် မြစ်ကြီးနား ဆွေးနွေးပွဲ ယခင်ထက် ရလဒ်ကောင်းရဟု KIO ဒုဥက္ကဋ္ဌဟောင်းပြောကြား

တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ လိုင်ဇာတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံခဲ့သော မြစ်ကြီးနား ဆွေးနွေးပွဲတို့မှာ ယခင်ထက် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဒေါက်တာတူးဂျာက ပြောကြားသည်။
အစိုးရအနေနှင့် လက်ခံရန် ခက်ခဲနေသော ဖက်ဒရယ်ဟူသည့် စကားလုံးများကို လက်ခံလိုက်ခြင်း၊ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးသည်နှင့် လက်နက် ဖျက်သိမ်းရေးဆိုသည့် ကန့်သတ်ချက်၊ တပ်အသွင်ပြောင်းရေးဆိုသည့် ကန့်သတ်ချက်များကို နိုင်ငံရေး ဆွေးနွေးပွဲများတွင်သာ ဆက်လက်ဆွေးနွေးသွားရန် တပ်မတော်က ဖြေလျှော့ပေးလိုက်ခြင်းတို့မှာ ယခင်ကထက် အပေါင်းလက္ခဏာဆောင်သည့် အချက်များ ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ရှင်းပြသည်။
ဒေါက်တာတူးဂျာသည် ကေအိုင်အို ဥက္ကဋ္ဌဟောင်း ဘရန်ဆိုင်းလက်ထက် ၁၉၈၀ ပြည့်နှစ်က ဗိုလ်ချုပ်နေဝင်းနှင့် ရန်ကုန်မြို့ဆွေးနွေးပွဲ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၄ ခုနှစ်များက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကေအိုင်အိုဗဟို ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။

ကိုယ့်ခေါင်းကိုယ် သေနတ်ဖြင့်ချိန်ပြီး Facebook တင်ရန် ဓာတ်ပုံရိုက်ရာမှ ကျည်ထွက်ပြီး သေဆုံး


မက္ကဆီကိုနိုင်ငံမှ စစ်မှုထမ်းဟောင်း လူငယ်တစ်ဦးသည် Facebook တွင် တင်ရန် မိမိကိုယ်ကိုယ် သေနတ်ဖြင့်ချိန်ပြီး မိုဘိုင်းလ်ဖုန်း ကင်မရာဖြင့် ဓာတ်ပုံရိုက်စဉ် ကျည်ထွက်သွားသဖြင့် ကွယ်လွန်သွားခဲ့ကြောင်း The standard မီဒီယာက ဖော်ပြထားသည်။
အော်စကာအိုတီယို အော်ဂူလီယာ အမည်ရှိ ထိုစစ်သားဟောင်း လူငယ်သည် လူမှုကွန်ရက် မီဒီယာပေါ်မှာ ဓာတ်ပုံ အဆန်းအပြားများ တင်ခြင်း ဝါသနာကြီးသူ ဖြစ်ပြီး ၎င်းကွယ်လွန်ချိန်၌ အသက် ၂၁ နှစ် ရှိပြီဖြစ်ကာ မက္ကဆီကိုစီးတီး မြို့တော်သားတစ်ဦး ဖြစ်သည်။
Facebook ပေါ် တင်ထားသည့် ဓာတ်ပုံများတွင် ပြိုင်ကားများ၊ မိန်းမလှများ၊ တီးဝိုင်းပစ္စည်းများဖြင့် ထူးထူးဆန်းဆန်း ပုံစံများ ရိုက်ထားသည် ကို တွေ့ရသည်။

အိမ်ထောင်ရေး အကြောင်း အတိအလင်း ကြေညာလိုက်တဲ့ မီးမီးခဲ

Photo: အိမ်ထောင်ရေး အကြောင်း အတိအလင်း ကြေညာလိုက်တဲ့ မီးမီးခဲ
Wednesday, August 6, 2014

မီးမီးခဲ အနေနဲ့ သူ့ရဲ့ များမကြာ မီက ထွက်ရှိထားခဲ့တဲ့ Miss Call အခွေကို ဗီစီဒီ အဖြစ် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ အဲဒီအခွေမှာ လေးပုဒ် ပဲ ရိုက်ဖို့ ကျန်တော့ကြောင်း၊ ကျန်တဲ့ အပိုင်းတွေ အကုန် ပြီးစီးနေပြီဖြစ် ကြောင်း၊ အခုအချိန်မှာ သူ့အမေ၊ သူ့သမီးနဲ့ ငြိမ်းငြိမ်း ချမ်းချမ်းလေး နေပြီး ပျော်ရွှင်သော ဘဝတစ်ခုကို ဖန်တီး တည်ဆောက်နေကြောင်း မီးမီးခဲ ကပြောပါတယ်။
ဒါပေမဲ့ မကြာသေးခင် အချိန်လေးကပဲ သူ့ရဲ့ခင်ပွန်ဟောင်း အဆိုတော် ထူးအယ်လင်းရဲ့ ဖေ့စ်ဘုတ် စာမျက် နှာထက်မှာ သူနဲ့ အတူနေစဉ် အမေရိက ခရီးသွားတုန်းက ရိုက် ထားခဲ့တဲ့ ဓာတ်ပုံဟောင်းကို ပြန် တင်ထား တာကြောင့် အလွန်အမင်း ဒေါသထွက် ရကြောင်း၊ အခုအခါမှာ သူ နဲ့ဘာမှ မသက်ဆိုင်တော့တဲ့ အကြောင်း ပြောလာ ပါ တယ်။
“အခု အချိန်မှာ သူ (ထူးအယ် လင်း) နဲ့ တရားဝင် ကွာရှင်းပြီးသွား ပြီလေ။ အဲဒါ အကုန်လုံးလည်း သိကြ တယ်။ ဒါကို သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အရင်က ရိုက်ထား ခဲ့တဲ့ ဓာတ်ပုံ အဟောင်းတွေကို ပြန်တင်တယ်။ အားပေးတဲ့ ပရိသတ်တွေက လည်း Like တွေလုပ်ပြီး အားပေး ကြတယ်။ ပရိသတ်တွေ ထင်တာက သူတို့ပြန် အဆင်ပြေ သွားကြပြီ။ ဒါ ကြောင့် ပုံတွေ တင်တယ်ပေါ့။ အဲဒီ လိုမြင်သွားကြလိမ့်မယ်။ အမှန်က ကျွန်မနဲ့ ဘာမှ မပတ်သက်တော့ဘူး။ လုံးဝကို မသက်ဆိုင်တော့တာပါ။ အဲဒီပုံက ဟိုးလွန်ခဲ့ တဲ့ အမေရိက ခရီးသွားတုန်းက ရိုက်ကူးထားတဲ့ ပုံဟောင်းလေးပါ။ သူပုံတင်တာ ကို ကျွန်မတောင် မသိဘူး။ သူဒီလို ပုံတွေ တင်တာ ဘာသဘောလဲ ဆိုတာ ကျွန်မ လည်း မစဉ်းစားတတ်ဘူး။ သေချာတာက သူနဲ့ ဒီတစ်သက် ပေါင်းဖို့ လုံးဝ အစီအစဉ် မရှိတော့ဘူး ဆိုတာပါ။ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေ အပေါ်လည်း လုံးဝ ခွင့် လွှတ်နိုင်စရာ မရှိဘူး။ ကျွန်မက လူတစ်ယောက်ကို စိတ်ကုန်ပြီ ဆိုရင် လုံးဝ လှည့်မကြည့် တတ်တဲ့ သူမျိုးပါ။ ဒီလိုမျိုး ဘာမှ မပတ်သက်တော့ဘဲ တစ်ဖက်သတ် လုပ်နေ တာမျိုးကို လုံးဝကန့်ကွက်ပါ တယ်။ ကျွန်မ အနားမှာ သမီးလေး ရှိနေပြီ။ နောက် ချစ်ရတဲ့ အမေရှိ တယ်။ ဘာဆို ဘာမှ မလိုအပ်တော့ ပါဘူး။ ပြည့်စုံနေပါပြီ။ ငြိမ်းငြိမ်း ချမ်းချမ်းလေးနဲ့ ဘဝကို တည်ဆောက် နေပါပြီ။ ဒီလိုမျိုး သူက လုပ်လိုက်တဲ့ အတွက် အများကြီး စိတ်ထိခိုက်ခံစား ရပါတယ်” လို့ ဖေ့စ်ဘုတ်မှာ ပျံ့နှံ့နေ တဲ့ သူနဲ့ ထူးအယ်လင်း တို့ အတူရှိစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ပတ်သက် လို့ အဆိုတော် မီးမီးခဲကပြောပါတယ်။ မီးမီးခဲ အနေနဲ့ သူ့ဘဝ မှာ ဂီတသာ အဓိက ကျကြောင်း၊ ဂီတနဲ့ ပဲ ဘဝကို ဖြတ်သန်း သွားမှာဖြစ်ကြောင်း၊ အခု လည်း Miss Call ဗီစီဒီ အတွက် အာရုံစိုက် လုပ်ဆောင်နေကြောင်း ပြောပါတယ်။
popularmyanmar
မီးမီးခဲ အနေနဲ့ သူ့ရဲ့ များမကြာ မီက ထွက်ရှိထားခဲ့တဲ့ Miss Call အခွေကို ဗီစီဒီ အဖြစ် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ အဲဒီအခွေမှာ လေးပုဒ် ပဲ ရိုက်ဖို့ ကျန်တော့ကြောင်း၊ ကျန်တဲ့ အပိုင်းတွေ အကုန် ပြီးစီးနေပြီဖြစ် ကြောင်း၊ အခုအချိန်မှာ သူ့အမေ၊ သူ့သမီးနဲ့ ငြိမ်းငြိမ်း ချမ်းချမ်းလေး နေပြီး ပျော်ရွှင်သော ဘဝတစ်ခုကို ဖန်တီး တည်ဆောက်နေကြောင်း မီးမီးခဲ ကပြောပါတယ်။
ဒါပေမဲ့ မကြာသေးခင် အချိန်လေးကပဲ သူ့ရဲ့ခင်ပွန်ဟောင်း အဆိုတော် ထူးအယ်လင်းရဲ့ ဖေ့စ်ဘုတ် စာမျက် နှာထက်မှာ သူနဲ့ အတူနေစဉ် အမေရိက ခရီးသွားတုန်းက ရိုက် ထားခဲ့တဲ့ ဓာတ်ပုံဟောင်းကို ပြန် တင်ထား တာကြောင့် အလွန်အမင်း ဒေါသထွက် ရကြောင်း၊ အခုအခါမှာ သူ နဲ့ဘာမှ မသက်ဆိုင်တော့တဲ့ အကြောင်း ပြောလာ ပါ တယ်။

ဆာလောင်မှုကရှေ့ အာမခံချက်ကနောက် ကြောက်ကြောက်နှင့်သာ စားရသည်

သက်တမ်းလွန် မလွန်မသိနိုင်သော နိစ္စဓူဝဟင်းလျာများနှင့် ကျွန်ုပ်တို့
မနက်ခင်းစာကို ငွေ ၃ဝဝ ကျပ်နှင့် လှလှပပလေး ဖြတ်သန်းနိုင်မည်ဆိုလျှင် သင်စိတ်ဝင်စားမိပါလိမ့်မည်။ ထမင်းကြော်တစ်ပွဲကို မည်သည့်အသားဟင်းနှင့် စားစားသုံးရာ ကျပ်ဟူသောဈေးက လူအတော်များများကို မျက်ခုံးပင့် စူးစမ်းမိစေ ကြလိမ့်မည်။
”အစ်မက အဲ့ဒီလိုရောင်းနိုင်တာက အများစာဖြစ်နေလို့လေ။ နည်းနည်းပဲ ရောင်းရမယ်ဆို ဘယ်ဒီဈေးနဲ့ရမလဲ” ဟု အလုံမြို့နယ် သစ်တောလမ်းထိပ်အနီး ထမင်းကြော်ဆိုင် ပိုင်ရှင် မကျင်လှ(အမည်လွှဲ)က ပြောသည်။ တစ်နေ့ရောင်းအားနှင့် ချင့်ချိန်ကာ အသား၊ငါးများကို နေ့စဉ်ဝယ်ယူပြီး ချက်ပြုတ်ရောင်းချခြင်းကြောင့် သူမ ဆိုင် တွင် နေ့ ကူးသော ထမင်း၊ ဟင်းများမရှိဟု သူက ဆိုသည်။