- ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို စမ်းသပ်မှုတရပ်ဖြစ်ပြီး အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့တယ် click
- ကျေးရွာအုပ်ချုပ်ရေးမှူး မပြောင်းလဲပါက ရွာသားများ ဆန္ဒပြမည် click
- အကျိုးတူကုမ္ပဏီကို လယ်သမားများ တရားစွဲ click
- မြန်မာပြည် အောက်ပိုင်းဒေသများ ရေထပ်ကြီးနိုင် click
- ပုဂ္ဂလိက အာမခံလုပ်ငန်း ကုမ္မဏီ ၁၆ ခုကို လုပ်ပိုင်ခွင့်ပေး click
- မော်လမြိုင်မြို့ ငွေဇင်ယော် အိမ်ရာမြေကွက် ယခင်အတိုင်း ပြန်ချပေးရန် တောင်းဆို click
- ဖြူးရဲစခန်းတွင် လူငယ် ၁ ဦး သေဆုံး click
- ကေအန်ပီပီ ဒု-ဥက္ကဋ္ဌဟောင်း ဆရာကြီးတူရယ် ကွယ်လွန် click
- တောင်အာဖရိကတွင် သတ္တုတွင်းလုပ်သား ၃,၀၀၀ ကျော် ဆန္ဒပြ click
- ကြေးနီစီမံကိန်း လူ ၄,၀၀၀ ဆန္ဒပြ click
- ဆားလင်းကြီး လယ်သမားတွေ ဆန္ဒပြ click
- ဇေကမ္ဘာနှင့် ဦးနေမျိုးဝေအမှု ရုံးထုတ်စစ်ဆေး click
- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း စီးပွားရေးလုပ်ငန်းတချို့အတွက် အဟန့်အတားဖြစ် click
- ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကူမင်းမြို့ဆေးရုံတွင် ဆေးကုသ click
- ကိုမြအေးနှင့် ၈၈ မျိုးဆက်များ KNPP နှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမည် click
- မသန်စွမ်းသူအဖွဲ့တွေနဲ့ ၈၈ ကျောင်းသားများ တွေ့ဆုံ click
- ပဋိပက္ခ ပေါ်ပေါက်လာအောင် ဘင်္ဂလီများက ဖန်တီးနေ click
- TB ဆေးမတိုးတာ ပိုဆိုးလာ click
- ဆီးရီးယား သမ္မတ နုတ်ထွက်ပေးဖို့ အီဂျစ်သမ္မတ တောင်းဆို click
- ထောက်လှမ်းရေးအကြီးအကဲကို လစ်ဗျားထံ လွှဲပြောင်း click
- ဆန်နူစီ တရားခွင် မျှတစေမယ်လို့ ကတိပေး click
- တောင်အာဖရိက သတ္တုတွင်းလုပ်သားတွေ ဆန္ဒပြ click
- တောင်တရုတ်ပင်လယ်အရေး ကလင်တန် တရုတ်နဲ့ ဆွေးနွေး click
- သမ္မတလောင်း အဆိုပြုတဲ့ ဒီမိုကရက်တစ်ပါတီ ညီလာခံ click
- ကနေဒါ ကွိဘက်မှာ သေနတ်ပစ်မှု ဖြစ်ပွား click
Thursday, September 6, 2012
ရှမ်းပြည်မြောက်ပိုင်း KIO ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါး တိုက်ဖျက်
From- KDN
ရှမ်းပြည်မြောက်ပိုင်း
ပန်ဆိုင်း (ကြူကုတ်)နှင့် ၁၀၅ မိုင်ကြားရှိ နမ်တောင်း (Namtau)တွင်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အောက် အရပ်သားကာကွယ်ရေး တပ်ဖွဲ့ (MHH) တပ်ခွဲ
(၅)မှ မှုးယစ်ဆေး တိုက်ဖျက်ရေးကို အရေးယူ ဖမ်းဆီးမှုစတင်လုပ်ဆောင်နေကြောင်းသိရသည်။
KIOမူးယစ်ဆေးဝါးတိုက် ဖျက်ရေး ကော်မတီ များနှင့် ဒေသခံအမျိုးသမီးအဖွဲ့များ၊
လူငယ် များပေါင်းပြီး တိုက်ဖျက်ရေးကို စက်တင်ဘာ ၁ ရက်နေ့မှစပြီး
ပြင်းထန်စွာလုပ်ဆောင်ခဲ့ကြောင်း ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း
ပန်ဆိုင်း (ကြူကုတ်)နှင့် ၁၀၅ မိုင်ကြားရှိ နမ်တောင်း (Namtau)တွင်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အောက် အရပ်သားကာကွယ်ရေး တပ်ဖွဲ့ (MHH) တပ်ခွဲ
(၅)မှ မှုးယစ်ဆေး တိုက်ဖျက်ရေးကို အရေးယူ ဖမ်းဆီးမှုစတင်လုပ်ဆောင်နေကြောင်းသိရသည်။
KIOမူးယစ်ဆေးဝါးတိုက် ဖျက်ရေး ကော်မတီ များနှင့် ဒေသခံအမျိုးသမီးအဖွဲ့များ၊ လူငယ် များပေါင်းပြီး တိုက်ဖျက်ရေးကို စက်တင်ဘာ ၁ ရက်နေ့မှစပြီး ပြင်းထန်စွာလုပ်ဆောင်ခဲ့ကြောင်း ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
KIOမူးယစ်ဆေးဝါးတိုက် ဖျက်ရေး ကော်မတီ များနှင့် ဒေသခံအမျိုးသမီးအဖွဲ့များ၊ လူငယ် များပေါင်းပြီး တိုက်ဖျက်ရေးကို စက်တင်ဘာ ၁ ရက်နေ့မှစပြီး ပြင်းထန်စွာလုပ်ဆောင်ခဲ့ကြောင်း
KIA က မိုးညှင်းမြို့နယ်အတွင်းရှိ ကိုင်းမွေးပင်စိုက်ပျိုးသူများထံမှ ဆက်ကြေးကောက်
From- KDN
KIA မှ မိုးညှင်းမြို့နယ် အတွင်းရှိ ကိုင်းမွှေးပင်(စပါးလင်နှင့်ဆင်တူပြီးအဆီထုတ်၍
အကြော နှင့်ပတ်သက် သည့် ဆေးများထုတ်လုပ်နိုင်) စိုက်ပျိုးသည့်
မိုးဒါးစုရပ်ကွက်ရှိ တောင်သူ(၆)၊ ရွာသစ်ကုန်းရပ်ကွက် မှ တောင်သူ(၂)ဦး
နှင့် အခြားတောင်သူ (၃)ဦး စုစုပေါင်း (၁၁)ဦးထံမှ တစ်ဦးလျှင် တစ်နှစ်စာ
ကျပ်(၁)သိန်းစီ ဆက်ကြေး ကောက်ခံ သွားကြောင်း သိရှိရပါတယ်။
"လူထု ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ကွန်ယက် မသန်မစွမ်းနှင့် သက်ကြီးရွယ်အို များ အခမဲ့ဆေးကုခွင့် တောင်းဆို"
From- Popular Myanmar News Journal
၁။ မသန်စွမ်းနှင့် ဆင်းရဲနွမ်းပါးသူများ၊ သက်ကြီးရွယ်အိုများ၊ ငါးနှစ်အောက် ကလေးများ အခမဲ့ဆေးကုခွင့် ပေးရန် လူထု ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ကွန်ယက် မှ ထုတ်ပြန်ကြေငြာသည်။
“လှိုင်သာယာ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် ၀န်ကြီးဌာန ညွှန်ချုပ်တွေ့ဆုံ”
From- Popular Myanmar News Journal
အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်သည် လှိုင်သာယာ၌
အလုပ်သမား အခွင့်အရေးထုတ်ဖော် ဆန္ဒပြခဲ့သူ ဦးဌေးအပါအ၀င် ၈၈
မျိုးဆက်ကျောင်းသားများနှင့် အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင်များ၊
အလုပ်ရှင် ကိုယ်စားလှယ်များ၊ တို့နှင့် ယနေ့နေ့လည် ၁၂ နာရီတွင်
တွေ့ဆုံ ခဲ့သည်။
အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်သည် လှိုင်သာယာ၌
အလုပ်သမား အခွင့်အရေးထုတ်ဖော် ဆန္ဒပြခဲ့သူ ဦးဌေးအပါအ၀င် ၈၈
မျိုးဆက်ကျောင်းသားများနှင့် အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင်များ၊
အလုပ်ရှင် ကိုယ်စားလှယ်များ၊ တို့နှင့် ယနေ့နေ့လည် ၁၂ နာရီတွင်
တွေ့ဆုံ ခဲ့သည်။
မြန်မာနိုင်ငံသား တယောက်အဖြစ် ပြန်လာနေထိုင်လိုဟု ဒီမို ၁၀ ပါတီနှင့် တွေ့ဆုံအပြီး မိုးသီးဇွန် ပြောကြား
From- Yangon Press International
ဒီမို ၁၀ ပါတီနှင့် မိုးသီးဇွန် အပါအ၀င် ပြည်တော်ပြန် နိုင်ငံရေး သမားများယနေ့မွန်းလွဲပိုင်း ၂ နာရီကျော် အကြာ ဆွေးနွေးအပြီးတွင် မိုးသီးဇွန်က မြန်မာနိုင်ငံသားတစ်ဦးအဖြစ် ပြန်လာနေထိုင်လိုကြောင်း၊ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခွင့်ရသည့်အခါ ရဲဘက်အကျဉ်းစခန်းများ ဖျက်သိမ်းရေး မေတ္တာရပ်ခံသွားရန် ရည်ရွယ် ထားပြီး ယင်းနောက် စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပေးဖို့ ကြိုးစားရန်ရှိကြောင်း ပြောဆို လိုက်သည်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြု
From- Eleven Media Group
နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏
သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း အမိန့်ကြော်ငြာစာကို
နိုင်ငံတော်သမ္မတရုံးမှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန် ခဲ့ကြောင်း
မြန်မာ့ရုပ်မြင်သံကြား၏ ည ၈ နာရီ သတင်းတွင် ကြေညာ သွားခဲ့သည်။
နှုတ်ထွက်ခွင့်ပြုခဲ့သော ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှာ စုစုပေါင်း ၉
ဦးရှိကြောင်း သိရှိရသည်။ ၎င်းတို့မှာ-
ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သောလူသတ်မှု
From- Popular Myanmar News Journal
စက်တင်ဘာ(၆)နံနက်ပိုင်းက လူသတ်မှုတစ်ခု ပုဇွန်တောင်မြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ သည်။
သေဆုံးသူမှာ ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊ ဦးဝိဇ္ဖာလမ်းရှိ
တိုက်တစ်တိုက်မှ (၅)လွှာတွင်နေ ထိုင်သူ အသက်(၆၂)နှစ်အရွယ်
ဒေါ်မေနှင်းဆီဟန်ဖြစ်ပြီး၊ မီးဖိုခ န်းထဲတွင် ထိုးသွင်းဒဏ်ရာ
(၁၀)ချက် မျှဖြင့်သေဆုံးနေခြင်ြး ဖစ်သည်။
စက်တင်ဘာ(၆)နံနက်ပိုင်းက လူသတ်မှုတစ်ခု ပုဇွန်တောင်မြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ သည်။
သေဆုံးသူမှာ ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊ ဦးဝိဇ္ဖာလမ်းရှိ
တိုက်တစ်တိုက်မှ (၅)လွှာတွင်နေ ထိုင်သူ အသက်(၆၂)နှစ်အရွယ်
ဒေါ်မေနှင်းဆီဟန်ဖြစ်ပြီး၊ မီးဖိုခ န်းထဲတွင် ထိုးသွင်းဒဏ်ရာ
(၁၀)ချက် မျှဖြင့်သေဆုံးနေခြင်ြး ဖစ်သည်။
88 ကျောင်းသားခေါင်းဆောင် ပြည်တော်ပြန် မိုးသီးဇွန်၏ ရက်စက်ယုတ်မာ မှုကို ဖော်ထုတ်ခြင်း
From : ပြည်ပရောက် ၈၈မျိုဆက်ကျောင်းသားများ
၁၉၈၈
ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို
ထွက်ခဲ့စဉ်က အ များစုဟာ အသက် ၁၉ ၂၀ ပတ်ဝန်းကျင်တွေများပါတယ်။ တချို့ ၁၄ ၁၅
နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့ လို ၂၆ ၂၇
နှစ် အရွယ် ရောက်ပြီသူများလဲ ပါခဲ့ကြပါတယ်။
အခြေခံပညာရေးဝန်ထမ်းများအား ယခုလမှစတင်၍လစာတိုး
From- mizzima
ရန်ကုန် (မဇ္ဈိမ)။ ။ အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့်
တိုင်းဒေသကြီးအဆင့်မှ မြို့နယ်အဆင့် အထိ စီမံရေးနှင့်
အုပ်ချုပ်ရေးဆိုင်ရာပညာရေး ၀န်ထမ်းများနှင့် ဆရာဆရာမအား လက်ရှိရာထူး၏
တစ်ဆင့်တိုးလစာများအတိုင်း တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အမှတ် ၃ အခြေခံ ပညာဦးစီးဌာနကပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နုတ်ထွက်ခွင့်ပြု
From- The Voice Weekly
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ၄င်းတို့၏ သဘောဆန္ဒ အလျောက် နိုင်ငံတော် သမ္မတကြီးက ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ယနေ့ည ၈ နာရီသတင်း တွင် ကြေညာလိုက်သည်။
ပြည်ပအတိုက်အခံခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့တွေ့ဆုံဖို့ရှိ
From- RFA
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ပြည်ပအတိုက်အခံခေါင်းဆောင်အားလုံးဟာ စက်တင်ဘာလ (၈)ရက်နေ့ မှာ သမ္မတဦးသိန်းစိန်နဲ့ ပျဉ်းမနားနေပြည်တော်မှာတွေ့ဆုံေ ဆွးနွေးကြမှာဖြစ်ပါတယ်။
မောင်တော်မြို့ရှိ ဈေးနှင့် စာသင်ကျောင်းများ ပုံမှန်ပြန်လည်ဖွင့်
From- မြ၀တီ
ရခိုင်ပြည်နယ်၊
မောင်တောမြို့ရှိ စာသင်ကျောင်းများနှင့် မြို့မဈေးကို ဆူပူအကြမ်းဖက်မှု
ဖြစ်စဉ် များကြောင့် ယာယီပိတ်ထား လျက်ရှိရာမှ နယ်မြေတည်ငြိမ်
အေးချမ်းလာသဖြင့် ပြန်လည် ဖွင့်လှစ်ခဲ့ ရာ ကျောင်းသူ၊ ကျောင်းသားများသည်
ကျောင်းပုံမှန်တက်လျက်ရှိပြီး ဈေးသူ၊ ဈေးသား များမှလည်း ပုံမှန်
ရောင်းဝယ်လျက် ရှိကြောင်း သတင်းရရှိပါသည်။
From- မြ၀တီ
ရခိုင်ပြည်နယ်၊
မောင်တောမြို့ရှိ စာသင်ကျောင်းများနှင့် မြို့မဈေးကို ဆူပူအကြမ်းဖက်မှု
ဖြစ်စဉ် များကြောင့် ယာယီပိတ်ထား လျက်ရှိရာမှ နယ်မြေတည်ငြိမ်
အေးချမ်းလာသဖြင့် ပြန်လည် ဖွင့်လှစ်ခဲ့ ရာ ကျောင်းသူ၊ ကျောင်းသားများသည်
ကျောင်းပုံမှန်တက်လျက်ရှိပြီး ဈေးသူ၊ ဈေးသား များမှလည်း ပုံမှန်
ရောင်းဝယ်လျက် ရှိကြောင်း သတင်းရရှိပါသည်။
လွှတ်တော်က ဖွဲ့စည်းပုံခုံရုံးကို စွပ်စွဲပြစ်တင်ချက် အထမြောက်
From- RFA
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို စွပ်စွဲပြစ်တင်ချက် အထမြောက်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာလိုက်ပါတယ်။
ဒီကနေ့ လွှတ်တော်သတင်း
From- RFA
ဖောက်ဖျက်ကျူးလွန်မှု၊ လုပ်ငန်းတာဝန်မကျေပြွန်မှုတွေကြောင့် လက်ရှိထမ်းဆောင်နေ တဲ့ ရာထူးတာဝန်တွေကို ဆက်လက် ထမ်းဆောင်ဖို့ မသင့်ကြောင်း နေပြည်တော်မှာ ဒီကနေ့ ကျင်းပ တဲ့ ပြည်သူ့လွှတ်တော်မှာံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာခဲ့ပါတယ်။
ဖောက်ဖျက်ကျူးလွန်မှု၊ လုပ်ငန်းတာဝန်မကျေပြွန်မှုတွေကြောင့် လက်ရှိထမ်းဆောင်နေ တဲ့ ရာထူးတာဝန်တွေကို ဆက်လက် ထမ်းဆောင်ဖို့ မသင့်ကြောင်း နေပြည်တော်မှာ ဒီကနေ့ ကျင်းပ တဲ့ ပြည်သူ့လွှတ်တော်မှာံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာခဲ့ပါတယ်။
မန္တလေးတွင် နွားစာ ရှားပါး၍လူတစ်ဦး ကြိုးဆွဲချ သေဆုံး
From- The Voice Weekly
မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီးမြို့နယ် အုတ်တွင်းရွာတွင် သြဂုတ်လ ၁၉
ရက်နေ့တွင် နွားစာ ရှားပါးလာ၍ မိမိကိုယ်ကို ကြိုးဆွဲချ သေကြောင်း ကြံစည်မှု
တစ်ခု ဖြစ်ပွားခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းနှင့်
ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးနှင့် အမေရိကန် ထင်ပေါ်ကျော်ကြားသူများအား လက်ခံတွေ့ဆုံ
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားပါကြောင်း
http:// www.president-office.gov.mm/ briefing-room/daily-news/ news1291
အစိုးရတပ်တည်နေရာ သုံးပုံတပုံနီးပါး ရွှေ့ပေးရန် KNU တောင်းဆို
From- mizzima
စံခလပူရီ (မဇ္ဈိမ) ။ ။ကရင် အမျိုးသား အစည်းအရုံးနှင့် အစိုးရတို့၏
ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲ၌ အစိုးရ တပ်များ နေရာယူ တပ်စွဲထားသည့် တပ်တည်
နေရာ သုံးရာနီးပါးရှိသည့်အနက် ကိုးဆယ်ခန့်ကို ရွှေ့ပြောင်း တပ်စိုက်ပေးရန် တောင်းဆိုထားကြောင်း ကရင် အမျိုးသား အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာကပေါ က ပြောသည်။
သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို
From- mizzima
ရန်ကုန် (မဇ္ဈိမ) ။ ။ "မြန်မာသိုင်းပညာ သင်တန်းကျောင်း" ဆိုတဲ့
ဆိုင်းဘုတ်က ယိုင်နဲ့နေသလိုကျာင်းဝင်းထဲမှာလည်း မြက်တွေက
ခြေသလုံးမြုပ်မတတ်ရှည်လို့တောင် နေပါပြီ။ ရေညှိတွေဖုံးနေလို့ သိုင်းကသလို
ဟန်ချက် ထိန်းပြီး လျှောက်နေရတယ်။
ပုဂံဟိုတယ်ဇုန်တွင် လာမည့်နှစ် အတွင်း တည်းခိုခန်းများ နှစ်ဆတိုးရန် လျာထား
From- mizzima
ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှု အများဆုံးဖြစ်သည့် ပုဂံဒေသ ဟိုတည်ဇုန်တွင်
နောက်ထပ် အခန်းနှစ်ဆနီးပါး တိုးချဲ့ရန် အစီအစဉ်ဖြင့် အခန်း ၂,၀၀၀ ခန့်အထိကို လာမည့်နှစ်အတွင်း တိုးချဲ့ရန်ပြင်ဆင်နေပြီး ဝန်ကြီး၏ ခွင့်ပြုမိန့်စောင့်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
နောက်ထပ် အခန်းနှစ်ဆနီးပါး တိုးချဲ့ရန် အစီအစဉ်ဖြင့် အခန်း ၂,၀၀၀ ခန့်အထိကို လာမည့်နှစ်အတွင်း တိုးချဲ့ရန်ပြင်ဆင်နေပြီး ဝန်ကြီး၏ ခွင့်ပြုမိန့်စောင့်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
စွပ်စွဲပြစ်တင်ရန် လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံ
From- irrawaddy
ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအား အမျိုးသား လွှတ်တော်၏
စွပ်စွဲပြစ်တင်မှုအဆိုကို ပြည်သူ့လွှတ်တော်က ယနေ့ ထောက်ခံ လိုက်ပြီး
စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သမ္မတထံ တင်ပြသွား မည် ဖြစ်ကြောင်းသိရသည်။
လွှတ်တော်မှ ဖွဲ့စည်းသည့် ကော်မရှင်၊ ကော်မတီများကို
”ပြည်ထောင်စုအဆင့်အဖွဲ့” များအဖြစ် မသတ်မှတ်ေ ကြာင်း နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေခုံးရုံး ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မှုကို ပြီးခဲ့သည့်လက
ပြည်သူ့လွှတ်တော်မှ စတင်ခဲ့သည်။
တရုတ်ဖက်က ကချင်ဒုက္ခသည်စခန်းများအားလုံး ပြောင်းရွှေ့လိုက်
From- Kachin Daily News
တရုတ်နိုင်ငံ
နောင်တောင်းခရိုင်အတွင်း ခိုလှုံနေပြီး မိုးရာသီချိန် လမ်းပန်းဆက်သွယ်ရေး
အခက်အခဲကြောင့် ပြောင်းရွှေ့ရန် ကျန်ရှိနေေ သးသော ခဒေါင်းပါ (Hka Dawng Pa)
စခန်း ကို တရုတ်အာဏာပိုင် များ၏
ထပ်မံပြောင်းရွှေ့ရန် ဖိအားပေးမှုကြောင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)
အုပ်ချုပ်နယ်မြေ လနာ့ဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းသို့ ယမန်နေ့တွင်
အပြီးပြောင်းရွှေ့လိုက်ပြီဖြစ်သည်။
ပန်ဆန်း၏ အနာဂတ် စိုးရိမ်ဖွယ်အခြေအနေများဖြစ်ပေါ်လျက်ရှိ
From- Shan News
မကြာသေးမီရက်ပိုင်းအတွင်း
“၀”တပ်ဖွဲ့ဗဟို ပန်ဆန်းက ထုတ်ပြန်တဲ့ ရာထူးပြောင်းရွှေ့မှု အမိန့်
ကြေညာချက်ဟာ “၀”အဖွဲ့အပေါ် ပေါက်အုပ်စုရဲ့
ရေရှည်အာဏာရယူရေးအစီအစဉ် တစ်ခု သာဖြစ်ကြောင်း၊
“၀”ခေါင်းဆောင်ပိုင်းနဲ့နီးစပ်သော သတင်းတစ်ရပ် ကဆိုပါတယ်။
ပန်ဆန်းရဲ့အမိန့်ထဲမှာ
ပေါက်ယူလျှံရဲ့သား ပေါက်အားချန်ကို တပ်မဟာ(၄၁၈) တပ်မဟာမှူးအဖြစ်
ခန့်အပ်ခဲ့ခြင်းဟာ တပ်မဟာ မှူးဟောင်း ကျောက်ဆိုင်သောင်းအတွက်
မခံရပ်နိုင်စရာ ကိစ္စပဲဖြစ် ပါတယ်။ တပ်မဟာ(၄၁၈)ဟာ ပန်ဆန်းနားက
ကြူဟေ့မှာရှိပြီး ပန်ဆန်း ဌာနချုပ်အတွက် လွန်စွာ အရေးကြီးပါတယ်။
"တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ အမေရိကန်ဒေါ်လာ ငါးသောင်းလှူဒါန်းခြင်း"
From- Popular Myanmar News Journal
အင်းလေးနှင့် အခြားဒေသဖွံ့ဖြိုးရေး အီးယူကန်ဒေါ်လာ ၃ သန်း ကူမည်ဟုဆို
From- Popular Myanmar News Journal
အင်းလေးနှင့် အခြားဒေသ များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အီးယူမှ အမေရိကန်ဒေါ်လာ ၃ သန်းကူညီရန် ရှိသည်ဟု အီးယူ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါက်တာမင်းထွဋ်ရင်မှ ဆွေးနွေး ခဲ့ပြောကြားခဲ့ကြောင်း အင်းစာပေ၊ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးမှ ဦးတက်ထွန်းက ပြောသည်။
အရေးကြီးပုဂ္ဂိုလ်နှင့် အရေးပေးခံရသူ
From- 7Day News Journal
ရေးသားသူ- မြင့်မိုရ်ဆွေ
ရေးသားသူ- မြင့်မိုရ်ဆွေ
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို
လက်နက်မပါဘဲ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ဖျက်ဆီးနေသော ရန်သူမှာ
အခြားမဟုတ်၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေသည်။ လာဘ်ပေးလာဘ်ယူမှုသည်
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမျက်နှာစာအားလုံးကို
ဆူနာမီထက် အင်အားကြီးမားစွာ ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။ လောကပါလတရားကို
ဖျက်ဆီးရာတွင်လည်း အဖျက်အင်အား အကြီးမားဆုံး ဖြစ်ပေသည်။ မျက်မှောက်ကာလ
စာရေးသူတို့နိုင်ငံတွင် သန့်ရှင်းသော အစိုးရနှင့် ကောင်းမြတ်သော
အုပ်ချုပ်မှုကတစ်ဖက် လာဘ်ပေးလာဘ်ယူကတစ်ဖက်၊ အားပြိုင်လျက်ရှိပြီး
လာဘ်ပေးလာဘ်ယူက အားသာမှာကို ပြည်သူတို့ အလွန်စိုးရိမ်လျက် ရှိပေသည်။
လက်ပံတောင်း သဘောထားကြေညာချက် ထုတ်ပြန်
From- DVB
စစ်ကိုင်းတိုင်း
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက်
အသိမ်းခံထားရသည့်မြေများ ပြန်ရရှိရေး အတွက် မူရင်းယာပိုင်ရှင်
ကျေးရွာပေါင်း(၂၆)ရွာနေတောင်သူများ အားလုံးမှ ယနေ.သဘောထားထုတ်ပြန် (ပေးပို့- ပွင့်လင်းမုံရွာ)
ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်တော်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ကပြော
From- Popular Myanmar News Journal
ဖွဲ့စည်းပုံအခြေခံဥပဒေခုံးရုံးနှင့်
အဖွဲ့အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၃၄ ၊ပုဒ်မ ခွဲ (က)
အရလည်းကောင်း၊ပုဒ်မခွဲငယ် (င) အရ ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ
မဆောင်ရွက်နိုင်ခြင်းကြောင့် လက်ရှိထမ်းဆောင်နေသော ရာထူး/ တာဝန် မှ
ဆက်လက်ထမ်းဆောင်ရန် မသင့်တော်ကြောင်း ပြည်သူ့လွှတ်တော် ဥက္က ဌ
ကကြေညာလိုက်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပညာသင်ရန် မြန်မာအင်ဂျင်နီယာ ၅၉ ဦး တရုတ်သွားမည်
From- Popular Myanmar News Journal
နေ့စဉ်လုပ်အားခတိုးမြှင့်မည့်အစီအစဉ်အား ပြန်လည်သုံးသပ်ရန် ထိုင်းအစိုးရကို စီးပွားရေးအုပ်စုများတိုက်တွန်း
From- The Voice Weekly
ထိုင်းနိုင်ငံတစ်ဝန်း လာမည့် ၂၀၁၃
ခုနှစ်ဆန်းပိုင်းမှစ၍ တစ်နေ့တာလုပ်အားခကို ဘတ် ၃၀၀(မြန်မာ ကျပ်ငွေ ၇၇၀၀ခန့်)
အဖြစ်တိုးမြှင့်သတ်မှတ်မည့် ထိုင်းအစိုးရအဖွဲ့၏ အစီအစဉ်အား
ပြန်လည် စိစစ်သုံးသပ်ရန် ပုဂ္ဂလိကဆိုင်ရာအဖွဲ့အစည်းများက
တိုက်တွန်းထားကြောင်း The Nation သတင်
းစာကရေးသားဖော်ပြသည်။
တောင်တရုတ်ပင်လယ်တွင်း လွတ်လပ်မှုနှင့် လုံခြုံမှုအတွက် တရုတ် အာမခံ
From- The Voice Weekly
နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ
အငြင်းပွားမှုများဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ်ပြင်အတွင်း လွတ်လပ်မှုနှင့်
ရေကြောင်းသွားလာရေးလုံခြုံမှု စသည်တို့နှင့်ပတ်သက်၍ အာမခံချက်ရှိအောင်
လုပ်ဆောင် သွားမည်ဟု တရုတ်နိုင်ငံက ကတိကဝတ်ပြုပြောဆိုကြောင်း The Straits
Times သတင်းစာကရေးသားဖော်ပြ သည်။
ရန်ကုန်-မန္တလေး လမ်းမကြီးတွင် အရှိန်ထိန်းတိုင်းစက် တပ်မည်
From- irrawaddy
အရှိန်ထိန်းတိုင်းစက် စမ်းသပ်နေစဉ် |
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်ထက်
ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များကို မောင်းနှင်သွားသည့် အချိန်၊
မောင်းနှင်သွားသည့် အရှိန်နှုန်း၊ GPS တည်နေရာတို့ကို အရှိန်ထိန်း
တိုင်းတာမည့် စက်ကိရိယာကို တပ်ဆင်သွားမည်ဟု အမြန်လမ်းမကြီး
ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။
အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဇာတ်လမ်းကြီး
From- irrawaddy
သည်ရက်ပိုင်း သည်ကာလပိုင်းအတွင်း ကြားရတာတွေ သိရတာတွေကတော့
ဝမ်းနည်းဖွယ်ရာတွေ စိတ်မကောင်း စရာတွေ များနေသည်။ ဘာတွေများ ကြားရလို့
ဘာတွေကို စိတ်မကောင်း ဖြစ်နေတာတုန်း လို့ မေးမယ့်သူလည်း ရှိပါ လိမ့်မည်။
လူတွေ တဦးနဲ့တဦး တယောက်နဲ့တယောက် ကြည့်မရသလိုလို ရန်လိုနေသလိုလို
ဖြစ်နေတာကြောင့်လို့ ဆိုရပါမည်။
လွှတ်တော်ကော်မရှင်ဖိတ်ခေါ်မှု ဖွဲ့စည်းပုံခုံရုံးဖီဆန်
From- VOA
လွှတ်တော်ကော်မီတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့
ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဒါဟာ
တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီခြင်း ရှိမရှိ စုံစမ်း စစ်ဆေးဖို့အတွက်
လွှတ်တော်စုံစမ်းရေးကော်မရှင်က ခုံရုံးအဖွဲ့ဝင်တွေကို ဗုဒ္ဓဟူးနေ့ တုန်းက
ခေါ်ယူခဲ့ ပါတယ်။ ဒါပေမဲ့ ခုံရုံးဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင်တွေ မလာခဲ့ကြပါဘူး။
ဒါဟာ ဘာသဘောပါလဲ။ ဘန်ကောက်ရုံးကနေ ဗွီအိုအေ ၀ိုင်းတော်သား
ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
“စားသောက်ကုန် ဓါတုအဆိပ်သင့်မှု ကာကွယ်ရေးအသိပညာပေးမှု စတင်ဆောင်ရွက်မည်”
From- Popular Myanmar News Journal
အစားအသောက်နှင့်လူသုံးကုန်ပစ္စည်းများ
ဓါတုအဆိပ်သင့်ခြင်းများမှ ကာကွယ်တားဆီးရန်
အသိပညာပေး မှု အပတ်စဉ်ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံ စာသုံးသူကာကွယ်ရေးအသင်းမှ သိရှိရသည်။
အီးယူအဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု အားလုံးရုပ်ရန် တိုက်တွန်းမည်ဟု ပြင်သစ်လွှတ်တော်အမတ် ပြောကြား
From- Popular Myanmar News Journal
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ များအား မြန်မာနိုင်ငံအပေါ် စီး ပွားရေးပိတ်ဆို့မှုအားလုံးကို ရုပ် သိမ်းပေးရန် တိုက်တွန်းသွားမည် ဟု တောင်အာရှကော်မတီ၏ ဥက္ကဋ္ဌက ပြောသည်။
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အမေရိကန် အောက်လွှတ်တော် အမတ် Mr.Dana Rohraba cherဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ
From- မြ၀တီ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အမေရိ ကန် အောက် လွှတ်တော် အမတ် Mr.Dana Rohraba che ဦးဆောင်သော
အဖွဲ့အား ယနေ့ မွန်းလွဲ ၂နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ
အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင်
ဒုတိယ
ပိုင်နက်အငြင်းပွားလျက်ရှိသော ကျွန်းများအား ဂျပန်အစိုးရဝယ်ယူရန် စီစဉ်လျက်ရှိ
From- မြ၀တီ
လူနေထိုင်ခြင်း မရှိသည့် အရှေ့ တရုတ်ပင်လယ် တွင်းရှိ ကျွန်းသုံးကျွန်းကို ဂျပန်အစိုးရက
ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း အမည် မဖော်လိုသူ အစိုးရ အရာရှိ များ၏
ပြောကြားချက် ကို ကိုး ကား၍ ယိုမီရူရီ သတင်းစာ က ဖော်ပြခဲ့သည် ဟုသိ ရသည်။
တိုင်းမှူးသစ်ကြောင့် စစ်ဗျူဟာပြောင်းလဲမည်
From- ရွှေဟင်္သာသတင်းဌာန
ဒီမိုကရေစီမိတ်ဆွေ ၁၀ပါတီနှင့် ငြိမ်းချမ်းရေးမစ်ရှင်တွေ့ဆုံ
From- irrawaddy
ဒီမိုကရေစီမိတ်ဆွေ ၁၀ပါတီနှင့် ငြိမ်းချမ်းရေးမစ်ရှင်တွေ့ဆုံဆွေးနွေးပွဲကို
ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ ယူဇန ဟိုတယ်တွင် ယနေ့နေ့လည်၁နာရီထိုးမှ
စတင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည် မိုးသီးဇွန် ပါဝင် သည့်
ငြိမ်ချမ်းရေးမစ်ရှင်မှမကြာသေးခ င်မှ ပြည်တော်ပြန်လာခဲ့သည့် ပုဂ္ဂိုလ်တစ်ချို့ပါဝင်ခဲ့သလို ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီမှ ပါတီခေါင်းဆေင်းများ တက်ရောက်ခဲ့ကြသည် ။
ကန့်သတ်ချက်များကြောင့် အသေးစား လူမှုလုပ်ငန်းများ အခက်တွေ့
အပြောင်းအလဲတွေ လမ်းပေါ်ထိ မရောက်သေး
ပြည်သူ့လွှတ်တော် တွင် ခုံရုံးအားစွပ်စွဲပြစ်တင်မှု အထမြောက်
From- Popular Myanmar News Journal
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် တွင် ခုံရုံးအားစွပ်စွဲပြစ်တင်မှု အထမြောက်ကြောင်းပြည်သူ့ လွှတ်တော်
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် တွင် ခုံရုံးအားစွပ်စွဲပြစ်တင်မှု အထမြောက်ကြောင်းပြည်သူ့ လွှတ်တော် ဥက္ကဌ ကကြေညာလိုက်သည်။
ယနေ့တွင် တတ်ရောက်သည့် လွှတ်တော် ကိုယ်စားလှယ် ၃၀၇ ဦလုံးမှ ထောက်ခံဆန္ဒပြု
ခဲ့သည့် အပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက မိမိ ပြည်သူ့လွှတ်တော်
ဥက္ကဌ ပါ ၀င်သောကြောင့် ထောက်ခံသူ ၃၀၈ ဦး ဖြစ်ကြောင်းထပ်မံကြေညာသည်။
“ လျှပ်စစ်မီတာခ အွန်လိုင်းမှ ပေးချေမှု စတော့မည်”
From- Popular Myanmar News Journal
နေပြည်တော်၊စက်တင်ဘာ၊၆ လျှပ်စစ်မီတာခများကို အွန်လိုင်းမှတဆင့် ပေးဆောင်နိုင်ရေးအတွက် ရတနာပုံတ ယ်လီပို့၊အမှတ်၂ လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၊မြန်မာ့စီးပွားေ၇းဘဏ်နှင့်ပြည်တွင်းပုဂ္ဂလိက ဘဏ် တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွ က်သွားမည်ဟုသိရှိရသည်။
ယနေ့ (၆.၉.၂၀၁၂) တွင် ဆွေးနွေး မည့် စိတ်ဝင်စားဖွယ် လွှတ်တော်သတင်း
ယနေ့ကျင်းပမည့်
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ၊ အမျိုးသား
လွှတ်တော်တို့တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်
လေ့လာခွင့်ပြုရေးအတွက် အစီအစဉ်ရှိမရှိ မေးခွန်း၊ အစိုးရ သတင်းစာများ
Internet/ Website တို့မှ လွှတ်တော်ကိုယ်စားလှယ်များ အပေါ်
ဝေဖန်တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ လွှတ်တော်မှ တုံ့ပြန်ဆောက် ရွက်မှု
နှင့်စပ်လျဉ်းသည့် မေးခွန်း များ မေးမြန်းကြမည်ဖြစ်သည်။
ဆရာတော် ဦးဥတ္တမနေ့ တရားဝင် ကျင်းပ ခွင့်ရ
From- နိရဉ္စရာ
အစိုးရ တာဝန်ရှိသူများမှ နှစ်စဉ်နှစ်တိုင်း တရားဝင် ကျင်းပရန်
ခွင့်ပြုလေ့ မရှိသော ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ယခုနှစ်တွင်
စစ်တွေမြို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် ကျင်းပ ခွင့်ပြုပေး လိုက်
ပြီ ဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင် တစ်ဦးက ပြောသည်။
ထိုသို့ ခွင့်ပြုပေးလိုက်သဖြင့် စစ်တွေမြို့ ဦးဥတ္တမပန်းခြံအတွင်းရှိ
ဆရာတော် ဦးဥတ္တမရုပ်ထုအား ချီတက် ဂါရ၀ပြု ပန်းခွေချ အခမ်းအနားများကို
ခန်းနား ကြီးကျယ်စွာ ပြုလုပ်သွားမည် ဟု သိရသည်။
ဝန်ကြီးဌာန တခု ဖျက်သိမ်း၊ ၂ ခု ၁ ခု ပေါင်း
ကရင်နီစာပေ ပြန့်ပွားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေသူ ဆရာကြီး တူရယ် ကွယ်လွန်အနိစ္စရောက်
ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြိုးပမ်းခြင်းလို့ ဦးဥာဏ်ဝင်းပြောဆို
From- RFA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း |
မြို့နယ်တချို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ NLD အဖွဲ့ဝင်တွေရဲ့
ပါတီရုံးချုပ်အပေါ် ဆန္ဒဖော်ထုတ်ပွဲတွေဟာ အင်န်အယ်လ်ဒီပါတီ ကို ပြိုကွဲအောင်
အားနည်းအောင် ကြိုးပမ်းနေကြတာ သာ ဖြစ်တယ် လို့ NLD အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီကနေ့
ပြောကြားလိုက်ပါတယ်။
ကိုမြအေးနှင့် ၈၈ မျိုးဆက်များ KNPP နှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမည်
From- RFA
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်တဲ့ (၆)
ဦးပါအဖွဲ့ဟာ KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနဲ့ အပစ်အခတ်
ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးဖို့အတွက် ကယားပြည်နယ်
လွိုင်ကော်မြို့ကို အခုလ (၁၀)
ရက်နေ့မှာ သွားရောက်မယ်လို့ RFA က စုံစမ်းသိရပါတယ်။
ဒီခရီးစဉ်အတွင်း KNPP ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဖို့ ရှိသလို
ကရင်နီလူငယ် အဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးဖို့ရှိတယ်လို့ ကိုမြအေးက RFA
ကို ပြောပါတယ်။
ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးအား ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာရောက်တွေ့ဆုံ
From- မြ၀တီ
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးသည် ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူးချုပ် Police General Wichean Potephosreeဦးဆောင်သော အဖွဲ့နှင့် ယနေ့ နံနက် ၁ဝ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ ၌ တွေ့ဆုံလျက် နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက်ရှိ ပြည်သူများ၏ လူနေမှု ဘဝ ဖွံ့ဖြိုးတိုးတက် စေရေး
ဝန်ကြီးဌာန ဖျက်သိမ်းခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာစာ အမှတ်၊ ၆၄/၂ဝ၁၂
၁၃၇၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်၊ ( ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်)
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေး၏ သဘော တူညီချက်
အရ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနအား ဖျက်သိမ်း လိုက်သည်။
(ပုံ)သိန်းစိန်၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေး၏ သဘော တူညီချက် အရ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနအား ဖျက်သိမ်း လိုက်သည်။
(ပုံ)သိန်းစိန်၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ဒေါက်တာထွန်းအောင်ကို စစ်တွေခရိုင် တရားရုံးတွင် ထပ်မံစစ်ဆေး
From- RFA
မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အာဏာပိုင်တွေက အမှု ၅ မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ ဒေါက်တာထွန်းအောင် (ခေါ်) နုရာဟက်ကို စစ်တွေခရိုင် တရားရုံးမှာ ဒီကနေ့ ထပ်မံ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
ချမှတ်ထားသည့်စည်းကမ်းများ တရားမျှတမှုမရှိ၍ ပြုပြင်ပေးရန် အဌားယာဉ်မောင်းများတောင်းဆို
From- Popular Myanmar News Journal
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အဌားယာဉ်မောင်းများမှ ၎င်းတို့ အပေါ်ချမှတ်ထားသည့်စည်းကမ်းများသည် တရားမျှတမှုမရှိ၍ ပြုပြင်ပေးရန်တောင်းဆိုကြောင်း မီဒီယာရှင်းလင်းပွဲပြုလုပ်သည်။
မြန်မာအပေါ်စီးပွားရေးပိတ်ဆို့မှုလုံးဝရုပ်သိမ်းပေးရေး တောင်အာဖရိကနိုင်ငံ တောင်းဆိုသွားမည်
From- Popular Myanmar News Journal
မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုအားလုံး
လုံးဝရုပ်သိမ်းပေးရေး အတွက် တောင် အာဖရိက အနေဖြင့် ဆက်လက်
တောင်းဆိုမှုများပြုလုပ်သွား မည်ဟု တောင်အာဖရိက နိုင်ငံအပြည်ပြည်ဆိုင်ရာဆက် ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးက ပြောသည်။
အင်ဒို၊ မြန်မာ အတွေ့ အကြုံဖလှယ်ရေး ဗဟိုကော်မရှင် ဥက္ကဌ ဦးတင်ဦးနှင့် ဆွေးနွေး
အင်ဒိုနီးရှားနိုင်ငံ Diponegoro တက္ကသိုလ်မှ ပရော်ဖက်ဆာ Moh Jumhur
Hidayut နှင့် Dr. Budi Setioyono တို့ ဦးဆောင်သည့်
အင်ဒိုနီးရှားနိုင်ငံမှ ပညာရှင်များ ပါဝင်သည့်အဖွဲ့ တစ်ဖွဲ့ သည်၊ ၅-၉-၂၀၁၂
ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဌ
ဦးတင်ဦးနှင့် အဖွဲ့ ဝင်ဦးစိုးဝင်း တို့ အား လာရောက်တွေ့ ဆုံပြီး၊
အင်ဒိုနီးရှားနိုင်ငံ အသွင်ကူးပြောင်းရေး အတွေ့ အကြုံများနှင့်
မြန်မာနိုင်ငံအသွင်ကူး ပြောင်းရေးအတွေ့ အကြုံများအား ဖလှယ်နိုင်ရေး အတွက်
ဆွေးနွေးခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံ Diponegoro တက္ကသိုလ်မှ ပရော်ဖက်ဆာ Moh Jumhur
Hidayut နှင့် Dr. Budi Setioyono တို့ ဦးဆောင်သည့်
အင်ဒိုနီးရှားနိုင်ငံမှ ပညာရှင်များ ပါဝင်သည့်အဖွဲ့ တစ်ဖွဲ့ သည်၊ ၅-၉-၂၀၁၂
ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဌ
ဦးတင်ဦးနှင့် အဖွဲ့ ဝင်ဦးစိုးဝင်း တို့ အား လာရောက်တွေ့ ဆုံပြီး၊
အင်ဒိုနီးရှားနိုင်ငံ အသွင်ကူးပြောင်းရေး အတွေ့ အကြုံများနှင့်
မြန်မာနိုင်ငံအသွင်ကူး ပြောင်းရေးအတွေ့ အကြုံများအား ဖလှယ်နိုင်ရေး အတွက်
ဆွေးနွေးခဲ့ကြသည်။
Subscribe to:
Posts (Atom)