Monday, July 7, 2014

မှတ်ပုံတင်ကိုင် ဘင်္ဂါလီနှင့် ကမန်များကို ပြန်စစ်ဆေးမည်ဟု ရခိုင်ဝန်ကြီးချုပ်ဆို

Photo: မှတ်ပုံတင်ကိုင် ဘင်္ဂါလီနှင့် ကမန်များကို ပြန်စစ်ဆေးမည်ဟု ရခိုင်ဝန်ကြီးချုပ်ဆို

ရန်ကုန်၊ ဇူလိုင် ၆

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့် ကမန်အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများကို ပြန်လည်စိစစ်ပေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက စစ်တွေမြို့ခံများနှင့် ဇူလိုင်လ ၄ ရက်နေ့က တွေ့ဆုံစဉ် ကတိပေး ပြောကြားသည်။

လက်ရှိ စတင် လုပ်ဆောင်နေသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်ရာ၌ မြို့နယ်စစ်ဆေးရေး အဖွဲ့တွင် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုလုံးမှ လူပုဂ္ဂိုလ်များ ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းကြောင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူများကို စစ်ဆေးပေးရန် တောင်းဆိုပါက စစ်ဆေးပေးမည်ဟု ၎င်းက ပြောဆိုကြောင်း စစ်တွေမြို့မြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ပြန်လည်ပြောဆိုသည်။

နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူများနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိလာပါက တိတိကျကျ ဖြစ်အောင် စိစစ်ပေးမည်ဟု ဝန်ကြီးချုပ်က ပြောဆိုကြောင်း ၎င်းက ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်မှုကို ပြတ်ပြတ်သားသား ကိုင်တွယ်မည်ဖြစ်ကြောင်း ဦးမောင်မောင်အုန်းက ပြောဆိုထားသည်။

“နိုင်ငံသားဖြစ်တဲ့သူကို နိုင်ငံသားပေးတာ ပြဿနာ မရှိဘူး။ နိုင်ငံသား မပေးသင့်တဲ့သူ တစ်ယောက်ကို နိုင်ငံသားပေးမိရင် နိုင်ငံနစ်နာတယ်။ မပေးသင့်တဲ့သူ တစ်ယောက်မှ မပေးရအောင် တိတိကျကျ လုပ်နေတယ်” ဟု ၎င်းက မီဒီယာများကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် မြေပုံမြို့ကို စမ်းသပ်ဧရိယာ (Pilot Area) အဖြစ် သတ်မှတ်၍ ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ နိုင်ငံသားစိစစ်မှု လုပ်ငန်းများကို လုပ်ဆောင်နေသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့် ကမန်အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများကို ပြန်လည်စိစစ်ပေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက စစ်တွေမြို့ခံများနှင့် ဇူလိုင်လ ၄ ရက်နေ့က တွေ့ဆုံစဉ် ကတိပေး ပြောကြားသည်။

လက်ရှိ စတင် လုပ်ဆောင်နေသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်ရာ၌ မြို့နယ်စစ်ဆေးရေး အဖွဲ့တွင် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုလုံးမှ လူပုဂ္ဂိုလ်များ ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းကြောင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူများကို စစ်ဆေးပေးရန် တောင်းဆိုပါက စစ်ဆေးပေးမည်ဟု ၎င်းက ပြောဆိုကြောင်း စစ်တွေမြို့မြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ပြန်လည်ပြောဆိုသည်။

တောင်ကြီးတွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ဖွဲ့

တောင်ကြီး၊ မဇ္ဈိမ။ ။ တောင်ကြီးမြို့တွင် တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဟု အဆိုပါ အဖွဲ့မှ လူပုဂ္ဂိုလ်ခေါင်းဆောင် ဦးသန်းရွှေက ဇူလိုင် ၇ရက်တွင် မဇ္ဈိမကို ပြောသည်။

တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်းချမ်းရေးအဖွဲ့အား ဇူလိုင် ၆ ရက်က တောင်ကြီးမြို့၊ မင်းကွန်းကျောင်းတိုက်တွင် ပြည်နယ် သံဃ့ာနာယက ဆရာတော်၊ မြို့နယ် 
သံဃ့ာနာယက ဆရာတော်ကြီးများရှေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်များ၊ ရဟန်းသံဃာများ၊ ဗုဒ္ဓဘာသာ ပရဟိတအသင်းများ၊ ပါဝင်သည်ဟု အဆိုပါ အဖွဲ့မှ လူပုဂ္ဂိုလ်ခေါင်းဆောင် ဦးသန်းရွှေက ပြောသည်။

မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ရပ်ကြရန် ဗုဒ္ဓဘာသာဝင်များအား ဘုန်းတော်ကြီး ဒလိုင်းလားမား ပန်ကြား

မြန်မာနိုင်ငံနှင့် သီရိလင်္ကာမှ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မူစလင်များအပေါ် ဆန့်ကျင်အကြမ်းဖက်မှုများ ရပ်တန့်ကြရန် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဇူလိုင် ၆ရက်က ထပ်မံ မေတ္တာရပ်ခံခဲ့သည်။ သူ၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ အခမ်းအနား၌ သောင်းနှင့်ချီသော ပရိသတ်အား ပြောကြားခဲ့သည့် သြဝါဒ စကားထဲတွင် ထည့်သွင်းပန်ကြားခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ကျင်းပခဲ့သော မွေးနေ့ပွဲသို့ တက်ရောက်လာခဲ့ကြသူ ပရိသတ်များထဲတွင် ဟောလိဝု(ဒ်) ရုပ်ရှင်ကြယ်ပွင့် ရစ်ချတ်ဂီယာ (Richard Gere) လည်း ပါဝင်သည်။ ဗုဒ္ဓဘာသာဝင် အများစု ဖြစ်ကြသော ထိုနိုင်ငံနှစ်ခုလုံးတွင် လူနည်းစုမျာြး ဖစ်ကြသော မူစလင်များအား ပစ်မှတ်ထား၍ အကြမ်းဖက်ကြခြင်းမှာ လက်ခံနိုင်စရာ မရှိကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက မိန့်ကြားခဲ့သည်။

မန္တလေး ပဋိပက္ခ ဆူပူမှုတွင် မူးယစ်ဆေးသုံးသူများ ပါဝင်နိုင်ဟုဆို

Photo: မန္တလေး ပဋိပက္ခ ဆူပူမှုတွင် မူးယစ်ဆေးသုံးသူများ ပါဝင်နိုင်ဟုဆို
Monday, July 7, 2014

မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးမှာ ဖြစ်ပြီးခဲ့တဲ့ မန္တလေးမြို့ ပဋိပက္ခအတွင်း ဆူပူသူတွေတချို့ဟာ မူးယစ်ဆေးသုံးစွဲသူတွေ ပါဝင်နိုင်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်အမတ်တွေက ဆိုပါတယ်။

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးကို ဒီနေ့ ကျင်းပ ပြုလုပ်ရာမှာ ဇူလိုင်လအတွင်း ဖြစ်ပေါ် ခဲ့တဲ့ မန္တလေးမြို့ ပဋိပက္ခအတွင်း ပါဝင်နေတဲ့ လူငယ်အများစုမှာ မူးယစ်သုံးစွဲတာ ရှိနိုင်တယ်လို့ ချမ်းအေးသာစံမြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါ်တင်တင်မာက ဆိုပါတယ်။

အဲဒါကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တရပ်အနေနဲ့ တိုက်ဖျက် ဆောင်ရွက်သင့်ပြီလို့ ထင်မြင်ယူဆတဲ့အကြောင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါး သုံးစွဲရောင်းဝယ်နေမှု များပြားနေတာကြောင့် မည်သို့ ဆောင်ရွက်ပေးမလဲလို့ ဒေါ်တင်တင်မာက မေးမြန်းအဆိုပြုခဲ့ပါတယ်။

“မန္တလေးမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခကို လေ့လာမယ်ဆိုရင် နှစ်ဦးနှစ်ဖက်ကြောင့် ပါဝင်တဲ့သူတွေဟာ လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေ ပါဝင်တာကို သိရပါတယ်။ တချို့သော ပါဝင်တဲ့သူတွေဟာ သာမန်ပုံစံမဟုတ်ဘဲနဲ့ မူးယစ်ဆေးဝါးများ သုံးစွဲမှုကြောင့် ဖြစ်သင့်သည်ထက် ပိုမိုပြီးကျယ်ပြန့်စွာ ဖြစ်တယ်ဆိုတာ ထင်မြင်ရပါတယ်။”

ဒီမေးမြန်းချက်အပေါ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးကတော့ ယခင် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးစာရင်းနဲ့ ဇွန် ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းမှတ်အဖြင့် မီးရို့ဖျက်ဆီးခဲ့တဲ့ အခြေအနေကိုသာ ပြောပြခဲ့ပါတယ်။

ဇူလိုင်လဆန်းက မန္တလေးမြို့ပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ လူစုလူဝေးနဲ့ ဆူပူမူမှာ မူးယစ်ဆေးဝါးသုံးစွဲခဲ့တဲ့အကြောင်း ထည့်သွင်း ပြောကြားသွားခြင်း မရှိပါဘူး။

ဇူလိုင် ၂ ရက်နဲ့ ၃ ရက်နေ့တို့မှာ ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ ရုန်းရင်းဆန်ခတ်မှုအတွင်း လူ ၂ ဦး သေဆုံးခဲ့ပြီး မြို့နယ် ၇ ခုမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

DVB TV News
မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးမှာ ဖြစ်ပြီးခဲ့တဲ့ မန္တလေးမြို့ ပဋိပက္ခအတွင်း ဆူပူသူတွေတချို့ဟာ မူးယစ်ဆေး သုံးစွဲသူတွေ ပါဝင်နိုင်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်အမတ်တွေက ဆိုပါတယ်။

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးကို ဒီနေ့ ကျင်းပ ပြုလုပ်ရာမှာ ဇူလိုင်လအတွင်း ဖြစ်ပေါ် ခဲ့တဲ့ မန္တလေးမြို့ ပဋိပက္ခအတွင်း ပါဝင်နေတဲ့ လူငယ်အများစုမှာ မူးယစ်သုံးစွဲတာ ရှိနိုင်တယ်လို့ ချမ်းအေးသာစံမြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါ်တင်တင်မာက

ကျပ် ၁,၅၀၀ တန်ဆင်းမ်ကတ် အင်တာနက်မက်ဆေ့ခ်ျဖြင့် စတင်လျှောက်ထားနိုင်


MEC Tel အမှတ်တံဆိပ် ကျပ် ၁,၅၀၀ တန် CDMA 800မိုဘိုင်းဖုန်းများကို ဆက်သွယ်ရေးရုံးသို့ သွားစရာမလိုဘဲ မိမိ၏ဖုန်းမှတစ်ဆင့် အင်တာနက်အသုံးပြုနိုင်ရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

လက်ထက်ပွဲမှာ ကွာရှင်းခွင့် တောင်းတဲ့ အမျိုးသား


Photo: လက်ထက်ပွဲမှာ ကွာရှင်းခွင့် တောင်းတဲ့ အမျိုးသား
Monday, July 7, 2014

ဆော်ဒီအာရေဗိယ နိုင်ငံမှာ ဖြစ်ပါတယ်။ မင်္ဂလာဆောင်နေစဉ် အတွင်းမှာပဲ ကွာရှင်းခွင့်ပါ အမျိုးသား တစ်ဦးက တောင်းဆိုခဲ့ ပါတယ်။ အမျိုးသားကို အပြစ်မြင်နေကြ ပါလိမ့်မယ်။ ဖြစ်စဉ်က ဒီလိုပါ။
မင်္ဂလာဆောင်ဖို့ တစ်ရက် အလိုမှာပဲ အမျိုးသားဆီ လူတစ်ယောက်က Memory Stick တစ်ချောင်း လာပေး ပါတယ်။ ယင်းထဲမှာ သူနဲ့ လက်ထက်တော့မယ့် ချစ်သူ နဲ့ သူ့ အရင်ရည်းစား ဟောင်းတို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံများကို ထည့်ထား တာကို ဖွင့်ကြည့် မိလိုက် ပါတယ်။ ရိုးရိုးတန်း ဓာတ်ပုံတွေ မဟုတ် ပါဘူး။ ဟိုတယ် အခန်းမှာ တစ်ညတာ ကုန်ဆုံးတဲ့ အမှတ်တရ အနေနဲ့ နှစ်ယောက်သား အတူ ရိုက်ထား ကြတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဓာတ်ပုံ မြင်မြင်ချင်း Shock ဖြစ်သွားခဲ့ ပါတယ်။ သို့ပေမယ့် ဘယ်သူ့ကိုမှ မဖွင့်မပြောခဲ့ ပါဘူး။
မင်္ဂလာဆောင်တဲ့ ခန်းမက ဘုန်းတော်ကြီး ကောင်းချီးပေးနေချိန် မှာပဲ တွေဝေ နေ တဲ့ စိတ်ကနေ တစ်ထစ်ချ ကောက်ချက်ချပြီး ကွာရှင်း ဖို့ပါ တောင်းဆို ခဲ့ခြင်း ဖြစ်ပါတယ်။ သူနဲ့ လက်ထက်တော့မယ့် အမျိုးသမီး ဟာ အရင်ချစ်သူဟောင်း ရဲ့ ဆက်သွယ် ခြိမ်းခြောက်မှုကို ခံရကြောင်း ဆိုပါတယ်။ သူ့ကိုပဲ လက်ထက်ပါလို့ တောင်းဆိုတာကို ငြင်းလို့ ဓာတ်ပုံ များကို ပို့လိုက်ခြင်း ဖြစ်ပါတယ်။
ဒီသတင်း ကနေလည်း ရိုးရာလေး စာဖတ်သူကို ဆင်ခြင်စရာ သိစရာ တွေ ပါလိမ့်မယ်လို့ ယုံကြည် ပါတယ်။
.
Ref: Mirror
အောင်ခမ်း (ရိုးရာလေး)

ဆ်ာဒီအာရေဗိယ နိုင်ငံမှာ ဖြစ်ပါတယ်။ မင်္ဂလာဆောင်နေစဉ် အတွင်းမှာပဲ ကွာရှင်းခွင့်ပါ အမျိုးသား တစ်ဦးက တောင်းဆိုခဲ့ ပါတယ်။ အမျိုးသားကို အပြစ်မြင်နေကြ ပါလိမ့်မယ်။ ဖြစ်စဉ် က ဒီလိုပါ။
မင်္ဂလာဆောင်ဖို့ တစ်ရက် အလိုမှာပဲ အမျိုးသားဆီ လူတစ်ယောက်က Memory Stick တစ်ချောင်း လာပေး ပါတယ်။ ယင်းထဲမှာ သူနဲ့ လက်ထက်တော့မယ့် ချစ်သူ နဲ့ သူ့ အရင်ရည်းစား ဟောင်းတို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံများကို ထည့်ထား တာကို ဖွင့်ကြည့် မိလိုက် ပါတယ်။

KIA နှင့် TNLA အဖွဲ့မှ ဒေသခံ (၂) ဦးအား အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး

Photo: KIA နှင့် TNLA အဖွဲ့မှ ဒေသခံ (၂) ဦးအား အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး

ဇူလိုင် ၆ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်၊ စင့်ကင်ကျေးရွာနှင့် မန်ပတ် ကျေးရွာမှ ရွာသား (၂) ဦးအား ဇူ ၅ ရက်နှင့် ၆ ရက်နေ့ တို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့တို့မှ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ စင့်ကင်ကျေးရွာနေ ဦးဝင်းကြည်သည် ၎င်း၏ နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် ည ၁၁ နာရီ ၁၅ မိနှစ်ချိန်ခန့်တွင် KIA နှင့် TNLA တပ်ဖွဲ့များ အိမ်ထဲသို့ ၀င်လာပြီး ထိုးကြိတ်ရိုက်နှက်ကာဖမ်းဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်မတို့နဲ့အတူ စကားပြောနေတာပါ၊ သေနတ်ကိုင်ထားတဲ့ သူပုန်တွေ အိမ်ထဲထိဝင်လာပြီး ကိုဝင်းကြည်ကို ဘာမပြော ညာမပြော လိုက်ခဲ့ဆိုပြီး ထိုးကြိတ်ရိုက်နှက်ပြီး ခေါ်သွားတော့တာပါပဲ၊ ရွာထဲက မြင်တဲ့သူတွေပြော တာတော့ ကိုဝင်းကြည် ကို ပင်ရှားစေ့ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့ သိရတယ် ” ဟု ဇနီး ဖြစ်သူက ပြောကြားခဲ့သည်။

အလားတူ KIA နှင့် TNLA အဖွဲ့သည် ဇူ ၆ ရက် ည ၁၂ နာရီ ၄၅ မိနှစ်ခန့်ကလည်း မန်ပတ်ကျေးရွာနေ ကိုမင်းမင်းအား ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်ရွာသားများက ဆိုသည်။
“ ရွာထဲမှာ ခွေးတွေဟောင်လို့ ထွက်ကြည့်တော့ သေနတ်တွေနဲ့ သူပုန်တွေက ရွာသားတစ်ဦးကို အတင်းဖမ်း ခေါ်သွားတာ တွေ့တယ်၊ မနက်မိုးလင်းလို့ မေးမြန်းကြည့်တော့ ကိုမင်းမင်းမှန်း သိရတယ်၊ မိုးဘုံ ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့တော့ သိရတယ် ” ဟု ရွာခံတစ်ဦးက ပြောသည်။

ကိုမင်းမင်းသည် ဇနီးဖြစ်သူနှင့်အတူ တီဗီကြည့်နေစဉ် အဆိုပါအဖွဲ့မှ အိမ်ထဲထိဝင်လာပြီး ထိုးကြိတ်ရိုက်နှက် ကာ ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောကြားခဲ့သည်။

မိုးမိတ်မြို့ခံတစ်ဦးက “ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ ဒေသခံတွေကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး တာဟာ ဥပဒေကို ကျူးလွန်တာပါပဲ၊ အဲဒီကိစ္စကို တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ ရအောင်ဖော်ထုတ်ပြီး နစ်နာသူ မိသားစု တွေအတွက် တရားဥပဒေနဲ့အညီ အရေးယူပေးဖို့လိုပါတယ်၊ လက်နက်ကိုင်ပြီး ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ KIA နဲ့ TNLA အဖွဲ့တွေကို ဒီအတိုင်း လွှတ်ထားရင် နောင်ဒီထက်ပိုဆိုးလာဖို့ပဲ ရှိပါတယ် ” ဟု ပြောကြားသွားသည်။

ညီသစ် (မြစ်ကြီးနား ) 
ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်၊ စင့်ကင်ကျေးရွာနှင့် မန်ပတ် ကျေးရွာမှ ရွာသား (၂) ဦးအား ဇူ ၅ ရက်နှင့် ၆ ရက်နေ့ တို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့တို့မှ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ စင့်ကင်ကျေးရွာနေ ဦးဝင်းကြည်သည် ၎င်း၏ နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် ည ၁၁

ကမ္ဘာ့ပထမဆုံး အဲယားကွန်းနဲ့ ဖုံးပိတ်ပေးတဲ့ မြို့

Photo: ကမ္ဘာ့ပထမဆုံး အဲယားကွန်းနဲ့ ဖုံးပိတ်ပေးတဲ့ မြို့
Monday, July 7, 2014

ဘယ်နိုင်ငံမှာ ရှိလိမ့်မလဲ ဆိုတာကို ခန့်မှန်း သိရှိ ကြမှာပါ။ ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ အနီးမှာ စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ထူးခြားချက်က တစ်မြို့လုံးကို အဲယားကွန်း ဖန်လုံအိမ်ထဲ ဖုံးအုပ် ထားပြီး ကမ္ဘာ့ ပထမဆုံး အဲယားကွန်း ဖုံးပိတ် ထားတဲ့ မြို့ အဖြစ် စံချိန်တင်စေမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ အမြင့်ဆုံး မိုးမျော်တိုက်ကလည်း ယူအေအီးမှာ ရှိသလို ကမ္ဘာ့ အကြီးဆုံး ရှော့ပင်စင်တာကိုလည်း အဲယားကွန်း အလုံပိတ်တဲ့ မြို့ထဲမှာ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ စတုရန်းပေ ၄၈ သန်း ဧရိယာ ကျယ်တဲ့ ယင်းမြို့မှာ တိုက်တာ အဆောက် အအုံများ အပြင် ကားလမ်းမ ကြီးတွေကိုပါ အဲယား ကွန်း လေအေးပေး စနစ် တပ်ဆင် ဖန်လုံအိမ်ထဲမှာ ထည့်သွင်းထား မှာ ဖြစ်ပါ တယ်။ ပူပြင်းထဲ နွေရာသီ မှာ ဖုံးအုပ် ထားပေးပြီး ဆောင်းရာသီ ရောက်ရင်တော့ အပြင်လေ ရဖို့ အတွက် ဖွင့်ပေးမှာ ဖြစ်ပါတယ်။ ရှော့ပင် စင်တာ ကြီး တစ်ခုနဲ့ နေအိမ် ရုံးခမ်း တိုက်တာ အဆောက်အအုံပေါင်း ၁၀၀ ကျော် ပါဝင်ပြီး ပန်းခြံ နဲ့ အပန်းဖြေ စရာ နေရာ မျိုးစုံလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက် ကတော့ ကမ္ဘာလှည့်ခရီးသည် များကို စွဲဆောင် နိုင်တဲ့ နေရာ တစ်ခု ဖြစ်ရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ တစ်နှစ်ကို လည်ပတ်သူ ၁ သန်း ကျော် လာရောက် စေဖို့ အတွက် ခန့်မှန်းထား ကြောင်း သိရ ပါတယ်။
. 
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

.
ဘယ်နိုင်ငံမှာ ရှိလိမ့်မလဲ ဆိုတာကို ခန့်မှန်း သိရှိ ကြမှာပါ။ ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ အနီးမှာ စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ထူးခြားချက်က တစ်မြို့လုံးကို အဲယားကွန်း ဖန်လုံအိမ်ထဲ ဖုံးအုပ် ထားပြီး ကမ္ဘာ့ ပထမဆုံး အဲယားကွန်း ဖုံးပိတ် ထားတဲ့ မြို့ အဖြစ် စံချိန်တင်စေမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ အမြင့်ဆုံး မိုးမျော်တိုက်ကလည်း ယူအေအီးမှာ ရှိသလို ကမ္ဘာ့ အကြီးဆုံး ရှော့ပင် စင်တာကိုလည်း အဲယားကွန်း အလုံပိတ်တဲ့ မြို့

သတိ! အန္တရာယ်ရှိသည်(ကျန်း မာ ရေး ဆိုင် ရာ ဗ ဟု သု တ များ)

Photo: သတိ! အန္တရာယ်ရှိသည်(ကျန်း မာ ရေး ဆိုင် ရာ ဗ ဟု သု တ များ) 
Monday, July 7, 2014

ထက်ခြမ်းခွဲထားသော ကြက်သွန်နီ၊ အခွံခါထားသော ကြက်သွန်နီကို ချက်ချင်း အသုံးမပြုနိုင်လျှင်၊ အကြာကြီးပစ်ထားပြီးလျှင် (သို့မဟုတ်) ရက်ကျော်လျှင်၊ ပြန်မသုံးပါနဲ့ ။ မစားပါနဲ့။

ခွဲခြမ်းထားပြီး အကြာကြီးပစ်ထားတဲ့ ၄င်းကြက်သွန်နီကို စားသုံးမိပါက ဘတ်တီးရီးယားပိုးမွှားများ ပါရှိလာသည့်အတွက် ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့်အပြင် အဆိပ်အတောက်ကိုလည်း ဖြစ်စေနိုင် ပါတယ်လို့ ဆိုထားပါတယ်။

ထို့အပြင် ကြက်သွန်နီဟာ အနံ့ဆိုးများအားလုံးကို စုပ်ယူထားနိုင်သည့် အစွမ်းရှိသည့်အတွက် အခွံခွါထား၊ ခွဲခြမ်းထားပြီး ရက်ကျော်သွားလျှင် လုံးဝမစားသင့်ကြောင်းပါ။

သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။

Credit to ကျန်းမာရေးသတင်းများ
ထက်ခြမ်းခွဲထားသော ကြက်သွန်နီ၊ အခွံခါထားသော ကြက်သွန်နီကို ချက်ချင်း အသုံးမပြုနိုင်လျှင်၊ အကြာကြီးပစ်ထားပြီးလျှင် (သို့မဟုတ်) ရက်ကျော်လျှင်၊ ပြန်မသုံးပါနဲ့ ။ မစားပါနဲ့။

ခွဲခြမ်းထားပြီး အကြာကြီးပစ်ထားတဲ့ ၄င်းကြက်သွန်နီ ကို စားသုံးမိပါက ဘတ်တီးရီးယားပိုးမွှားများ ပါရှိလာသည့်အတွက် ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့် အပြင် အဆိပ်အတောက် ကိုလည်း ဖြစ်စေနိုင် ပါ တယ်လို့ ဆိုထားပါတယ်။

ထို့အပြင် ကြက်သွန်နီဟာ အနံ့ဆိုးများအားလုံးကို စုပ်ယူထားနိုင်သည့် အစွမ်းရှိသည့်အတွက်

ပီအာရ်စနစ်ကျင့်သုံးရန် မသင့်လျော်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ ခေါင်းဆောင်အချို့ သုံးသပ်


မြန်မာနိုင်ငံတွင် အချိုး ကျကိုယ်စားပြုရွေးကောက်ပွဲ စနစ် (ပီအာရ်)ကို ကျင့်သုံးရန် သင့်လျော်မှုမရှိကြောင်း အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်း ရင်းသား နိုင်ငံရေးပါတီခေါင်း ဆောင်များ တွေ့ဆုံကာ ဆုံးဖြတ် ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၅ ရက်က ရန်ကုန်မြို့ ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန် ထွန်းဦး၊ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးအေးသာအောင်၊ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးပူးကျင့်ရှင်းထန်၊ မွန်ဒီမို ကရေစီပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း တို့ တွေ့ဆုံခဲ့ကြသည်။

မန်းပဋိပက္ခလူသတ်မှုနှင့် ပတ်သက်၍ ၁၆ ဦး၊ ညမထွက်ရအမိန့် မလိုက်နာသူ ၃၄၆ ဦးကို ဖမ်းဆီးအရေးယူ

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများနှင့် ပတ် သက်၍ လူ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ညမထွက်ရ အမိန့်မလိုက်နာသူ ၃၄၆ ဦးကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူထားကြောင်းဇူလိုင် ၆ ရက်တွင် အစိုးရကထုတ်ပြန်ကြေညာသည်။
 မန္တလေးမြို့မငြိမ်သက်မှု များအတွင်း ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ စုစုပေါင်းအမှု ၁၅ မှုရှိ ကြောင်း၊ ယင်းအမှုများအနက် လက်နက်ပုဒ်မ ၁၉ (က) နှစ်မှု၊ ရဲအက်ဥပဒေပုဒ်မ ၃၅ (ဃ) သုံးမှု၊အခြားအမှု သုံးမှုတို့နှင့် ပတ်သက်ပြီး သံသယရှိသူ ၁၆ ဦး အားဖမ်းဆီး၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

ဘာသာရေးအကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ ဒလိုင်လားမား ထပ်မံ ပန်ကြား

မြန်မာ နဲ့ သီရိလင်္ကာ နိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မူစလင်တွေအပေါ် အကြမ်းဖက်တာတွေ ရပ်တန့်ကြဖို့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား က မနေ့က ထပ်မံပန်ကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ မှာ ကျင်းပခဲ့တဲ့ အသက် ၇၉ နှစ်ပြည့်မွေးနေ့ပွဲမှာ တက်ရောက်လာသူ ထောင်နဲ့ချီတဲ့ လူထု ပရိသတ်ကို ဟောပြောစဉ်အတွင်း ထည့်သွင်း ပန်ကြားခဲ့တာပါ။

အကြမ်းဖက် ဓါတ်ပုံကိစ္စ သစ်ထူးလွင် ငြင်းဆို

မန္တလေးမှာပြီးခဲ့တဲ့ ဇူလိုင်လ ၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးနဲ့ အကြမ်းဖက်တိုက်ခိုက်မူတွေဟာ အင်တာနက်မှာ သစ်ထူးလွင်ဘလော့စာမျက်နှာက ဖေါ်ပြခဲ့တဲ့ ဓါတ်ပုံကြောင့် ဖြစ်ပွားရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ပတ်သက်ပြီး ဒီဓါတ်ပုံတွေကို မိမိဘလော့မှာ တင်ထားခြင်းမရှိကြောင်း ဘလော့ တာဝန်ခံ ကိုသစ်ထူးလွင်က ငြင်းဆို ပါတယ်။

သိတဲ့ လူရှောင်သွား မသိသေးတဲ့ လူသတိထား ဟောဒီအဆိပ်ပြင်းဂမှုန်းပင်

Photo: သိတဲ့ လူရှောင်သွား မသိသေးတဲ့ လူသတိထား ဟောဒီအဆိပ်ပြင်းဂမှုန်းပင်
========================================

ဒီအပင်ကို အိမ်တွေ၊ ရုံးတွေ ဟော်တယ်.... နေရာတော်တော် များများမှာ တွေ့ဖူးကြမှာပါ။ နာမည်ဘယ်လိုခေါ်လဲလို့ကျွန်တော်လည်းအတိအကျနာမည် မသိဘူး (ကျွန်တော့်စိတ်ထင် ဂမုန်းထင်တယ်) တွေ့ဖူးတာတော့ တွေ့ဖူးတယ်။

တကယ်တော့ ဒီအပင်ဟာ အရမ်းကို အန္တရာယ် ရှိတဲ့အပင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ခလေးတွေအတွက် စိုးရိမ်စရာပါ။ ၄င်းအပင်ရဲ့ အစေး ဟာ အလွန်အဆိပ်ပြင်းပြီး ခလေးများ ကို မိနစ်ပိုင်းအတွင်းမှာ သေဆုံးစေနိုင်သလို အရွယ်ရောက် လူကြီးဆိုရင်လည်း ၁၅ မိနစ်အတွင်းမှာ သေစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်။ မျက်စိထဲဝင်လို့ကတော့လည်း ထာဝရ မျက်စိကွယ်သွားစေပါတယ်။

မသိသေးတဲ့ မိတ်ဆွေတွေကို တော့ အသိပေးစေလိုပါတယ်။
ဒီအပင်ကို အိမ်တွေ၊ ရုံးတွေ ဟော်တယ်.... နေရာတော်တော် များများမှာ တွေ့ဖူးကြမှာပါ။ နာမည် ဘယ်လိုခေါ်လဲလို့ကျွန်တော်လည်းအတိအကျနာမည် မသိဘူး (ကျွန်တော့်စိတ်ထင် ဂမုန်းထင်တယ်) တွေ့ ဖူးတာတော့ တွေ့ဖူးတယ်။

တကယ်တော့ ဒီအပင်ဟာ အရမ်းကို အန္တရာယ် ရှိတဲ့အပင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့

မန္တလေးပဋိပက္ခကို အီးယူမှ ကူညီထောက်ပံ့ထားသည့် အဓိကရုဏ်းနှိမ်းနင်းရေးလက်နက်များအပြင် လိုအပ်ပါက ရော်ဘာကျည်ဆန်နှင့် မျက်ရည်ယိုဗုံးများကို အသုံးပြုသွားမည်

ရန်ကုန်၊ ဇူလိုင် ၅- မန္တလေးပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာတွင် အီးယူမှ ကူညီ ထောက်ပံ့ထားသည့် အဓိကရုဏ်း နှိမ်နင်း ရေးလက်နက်များအပြင် ရော်ဘာကျည်ဆန် နှင့် မျက်ရည်ယိုဗုံးများကိုပါ လိုအပ်ပါက အသုံးပြု ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ရင်းကွပ် ကဲရေးမှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦး ကပြောသည်။

အနုပညာသတင်းတို

Photo

နိုင်ငံတကာသတင်းတို

Photo

2014 ကမ္ဘာ့ဖလား ကွာတား၊ ဆီမီးနှင့် ဖိုင်နယ်ပွဲစဉ်များ

Photo

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း မန္တလေးသို့ သွားရောက်သည့် ခရီးသည်ဦးရေ မလျော့ကျဟုဆို

မန္တလးမြို့တွင် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄ ) ထုတ်ပြန်ထားသော်လည်း ရန်ကုန်မြို့မှ မန္တလေးမြို့သို့ သွားရောက်သည့် ခရီးသည်ဦးရေမှာ သိသာစွာ လျော့နည်းကျဆင်းသွားမှု မရှိဟု ရန်ကုန်အခြေစိုက် အဝေးပြေးယာဉ်လိုင်းများက ဇူလိုင် ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
သို့သော် ယာဉ်ထွက်ခွာသည့် အချိန်များကိုမူ ပြောင်းလဲသတ်မှတ်ထားကြောင်း ယာဉ်လိုင်းတာဝန်ရှိသူ များက ပြောသည်။
မန္တလေး-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲလျှက်ရှိသော မြတ်မန္တလောထွန်း အဝေးပြေးယာဉ်လိုင်း

မန္တလေးမြို့ တည်ငြိမ်လာသော်လည်း လုံခြုံရေး ဆောင်ရွက်ပေးထားဟု နယ်လုံဝန်ကြီးဆို

မန္တလေးမြို့သည် ဇူလိုင်လ ၆ ရက်၌ တည်ငြိမ်လာပြီဖြစ်သော်လည်း ပဋိပက္ခ ဖြစ်ပွား ခဲ့ရာနေရာများတွင် စောင့်ကြည့် လုံခြုံရေးအဖွဲ့များ ဧရိယာအလိုက် လုံခြုံရေးဆောင်ရွက်ပေးထားကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

“မန္တလေးမြို့ တည်ငြိမ်နေပါတယ်။ လွတ်လပ်စွာ သွားလာလို့ရပါတယ်။ ဧရိယာအလိုက် လုံခြုံရေး ဆောင်ရွက်ပေးနေတယ်။ နေရာအနှံ့ ချထားပေးလို့ မရပါဘူး။ စနစ်တကျ

PR မကျင့်သုံးရေး NLD နှင့် တိုင်းရင်းသားပါတီများ ပူးပေါင်းကန့်ကွက်မည်

ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မကျင့်သုံးရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် တိုင်းရင်းသားပါတီများ ပူးပေါင်း ကန့်ကွက်မည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် NLD ပါတီ ရုံးချုပ်တွင် ဇူလိုင်လ ၅ ရက်နေ့က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) တွေ့ဆုံပြီးနောက် အထက်ပါအတိုင်း သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အခြေခံပညာ ဆရာ၊ ဆရာမများကို ပင်စင်သက်တမ်း တိုးပေးရန် စီစဉ်

Photo: အခြေခံပညာ ဆရာ၊ ဆရာမများကို ပင်စင်သက်တမ်း တိုးပေးရန် စီစဉ်
Monday, July 7, 2014

နိုင်ငံတစ်ဝန်း လစ်လပ်နေသော အခြေခံပညာ ဆရာ၊ ဆရာမများ နေရာတွင် ပင်စင်စားနှင့် ပင်စင်ယူခါနီး ဆရာ၊ ဆရာမတို့ကို ပင်စင်သက်တမ်းတိုး၍ ဆက်လက်ခန့်ထားရန် အစီအစဉ်ရှိကြောင်း ဇူလိုင်လ ၆ ရက်နေ့ အခြေခံပညာ နှီးနှောဖလှယ်ပွဲတွင် ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသွားသည်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ဇူလိုင်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် အခြေခံပညာ ဆွေးနွေးပွဲ၌ အဆိုပါ အစီအစဉ်ကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ပညာရေးမှာ အားသာချက်တွေ အများကြီး ရှိနေသလို အားနည်းချက်တွေလည်း အများကြီး ရှိနေတယ်။ ဆရာ ဆရာမတွေ အလုံအလောက် မခန့်နိုင်တဲ့ ခါးဆက်ပျက်တဲ့ အားနည်းချက်တွေ ရှိနေတယ်” ဟု ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဆိုသည်။

ယင်းအပြင် လစ်လပ်နေရာများကို အသက် ၂၅ နှစ်အရွယ် ဆရာ၊ ဆရာမများ အလျင်လို ခန့်ထားလျှင်လည်း အသက် ၆၀ ပြည့်၍ ပင်စင်ယူချိန်တွင် လူသားအရင်းအမြစ် ပြတ်တောက်မှုနှင့် ကြုံတွေ့နိုင်သောကြောင့် ရေရှည်စီမံကိန်းများ စဉ်းစားရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။ 

“Human Resource Development Plan မဆွဲနိုင်သေးခင် အသက် ၆၀ ပြည့်ပေမယ့် နောက်ထပ်ယူ (အလုပ်လုပ်) လို့ ရတယ်ဆိုတဲ့ ဆရာ၊ ဆရာမကြီးတွေကို နောက်ထပ် နှစ်နှစ် သုံးနှစ် ဆက်ပြီး တောင်းဆိုလို့ ရနိုင်၊ မရနိုင် ဆွေးနွေးနေတယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက The Voice သို့ ပြောကြားသည်။

အခြေခံပညာကဏ္ဍတွင် နှစ်စဉ် သက်ပြည့်ပင်စင် ယူသူ ၈၀၀၀ မှ ၁၂,၀၀၀ ဦးဝန်းကျင် ရှိကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

သက်ပြည့်ပင်စင် ယူခါနီး ဆရာ၊ ဆရာမများကို သက်တမ်းထပ်တိုးခွင့် အစီအစဉ်သည် အစိုးရသစ် လက်ထက်တွင်မှ ပထမဆုံးအကြိမ် စတင်ခြင်းဖြစ်သည်။

The Voice Weekly 
 နိုင်ငံတစ်ဝန်း လစ်လပ်နေသော အခြေခံပညာ ဆရာ၊ ဆရာမများ နေရာတွင် ပင်စင်စားနှင့် ပင်စင်ယူခါနီး ဆရာ၊ ဆရာမတို့ကို ပင်စင်သက်တမ်းတိုး၍ ဆက်လက်ခန့်ထားရန် အစီအစဉ်ရှိကြောင်း ဇူလိုင်လ ၆ ရက်နေ့ အခြေခံပညာ နှီးနှောဖလှယ်ပွဲတွင် ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ က ပြောကြား သွားသည်။

အာဂျင်တီးနား ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ခဲ့ပါက ယင်းပွဲစဉ်အမီ ဒီမာရီယာ ပြန်ကစားနိုင်ဖွယ်ရှိ

အကယ်၍ နယ်သာလန်ကို ကျော်ဖြတ်ကာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရောက်ခဲ့မည်ဆိုပါက အိန်ဂျယ်ဒီမာရီယာ ပါဝင်ကစားနိုင်မည့် အလားအလာ ရှိနေကြောင်း အာဂျင်တီးနားအသင်း၏ ဆရာဝန်က ပြောကြားခဲ့သည်။
ဒေါက်တာ ဒင်နီရယ် မာတီနက်ဇ်က အသက်(၂၆)နှစ်ရှိ ကစားသမားအနေဖြင့် နယ်သာလန်နှင့် ရင်ဆိုင်မည့် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် ပါဝင်နိုင်ရန် အခွင့်အရေး မရှိသော်လည်း ဗိုလ်လုပွဲသို့ အာဂျင်တီးနား တက်ရောက်ခဲ့ပါက အကောင်းမြင် မျှော်လင့်ခွင့်ရှိမည်ဟု ယုံကြည်နေသည်။

မန္တလေးပဋိပက္ခကြောင့် မုံရွာမြို့ရှိ ကားအသင်းများ ခရီးလိုင်းတချို့ ယာယီပိတ်သိမ်း

မန္တလေး၊ ဇူလိုင် ၆- မန္တလေးမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် သက်ဆိုင်ရာမှ ညမထွက်ရ အမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန် လိုက်ပြီးနောက် ပိုင်း မုံရွာမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲ နေသော ခရီးသည်တင် ယာဉ်လိုင်း များအချိန်စောထွက်ခဲ့ပြီး မန္တလေး သို့သွား မည့် ခရီးသည် များလည်း လျော့ကျလာခြင်းကြောင့် မန္တလေး ကားအသင်းများ ခရီးလိုင်းတချို့ကို ယာယီပိတ်သိမ်း ထားကြောင်း သိရ သည်။

မြန်မာဒိုင်လူကြီးများ ဘက်လိုက်ကြောင်း ထိုင်းလက်ဝှေ့ ခေါင်းဆောင် စွပ်စွဲ

Photo: မြန်မာဒိုင်လူကြီးများ ဘက်လိုက်ကြောင်း ထိုင်းလက်ဝှေ့ ခေါင်းဆောင်
 စွပ်စွဲ
Monday, July 7, 2014

One on One Big Fight ဟု အမည်ပေး ထားသော မြန်မာ−ထိုင်း မြန်မာ့ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံတွင် ဇူလိုင် ၆ ရက် ညနေက ကျင်းပခဲ့ရာ ပြိုင်ပွဲ၏ အဓိကပွဲစဉ်ဖြစ်သည့် ထွန်းထွန်းမင်းနှင့် ဝိရာပိုလ်တို့ ယှဉ်ပြိုင်ရာ၌ ထွန်းထွန်းမင်း၏ ဒူးတိုက်ချက်ကြောင့် ဝိရာပိုလ် လဲကျသွားစဉ်။ ထိုစိန်ခေါ်ပွဲများကို ရုပ်သံများမှ ထုတ်လွှင့်ပြသခဲ့ရာ ပရိသတ်စိတ်ဝင်စားမှုများပြားခဲ့သည်။
 မြန်မာနှင့်ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သော ရိုးရာလက်ဝှေ့ ဒိုင်လူကြီးများအနေဖြင့် ကစားသ မားများအပေါ် မျှတစွာဆုံး ဖြတ်ခြင်းမရှိဘဲ ဘက်လိုက်ဆုံး ဖြတ်မှုများရှိခဲ့ကြောင်း ထိုင်းမွေ လက်ဝှေ့အဖွဲ့ခေါင်းဆောင် ချာ ရာဝတ်ကပြောသည်။

‘‘ဒိုင်တွေအနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်။ ဘန် ကောက်မှာ ကစားသမားတွေကို စည်းဝိုင်းကထွက်ခွာဖို့အတွက် ညင်သာစွာပြောဆိုကြတယ်။ ဒီပွဲမှာ တာဝန်ယူတဲ့ ဒိုင်တွေက ကစားသမားတွေကို အတင်းမောင်းထုတ်တာတွေရှိတယ်’’ဟု ၎င်းက ပြောသည်။

ပွဲစဉ်ငါးပွဲမြောက်တွင် ယှဉ် ပြိုင်ခဲ့သည့် စောဂေါ်မူတိုနှင့် ဖာ ခေါတို့ပွဲတွင် ဖာခေါမှာ စော ဂေါ်မူတို၏ ထိုးချက်ကြောင့်လဲကျ ခဲ့ပြီး ဒိုင်ကအမှတ်စဉ်ရေတွက်နေ စဉ်တွင် အနားတောင်းခဲ့သော် လည်း စည်းဝိုင်းအတွင်းမှ ဒိုင်လူ ကြီးက မမြင်သောကြောင့် အ မှတ်စဉ် ပြီးဆုံးသည်အထိ ရေ တွက်ခြင်းခံခဲ့ရပြီး အရှုံးပေးခဲ့ရ သည်။

‘‘တကယ်တော့ ဒီဘက်က အနားတောင်းနေတာ။ ဒါကို ဒိုင် ကမမြင်ခဲ့ဘူး။ အမှတ်စဉ်ပြီးဆုံး အောင်ရေတွက်ခြင်းခံခဲ့ရပြီး အရှုံး ပေးခဲ့ရတဲ့အတွက် ဒီပွဲရဲ့ရလဒ် ဟာ မျှတမှုမရှိဘူး။ ဒါကြောင့် စည်းဝိုင်းအပြင်မှာရှိတဲ့တာဝန်ရှိ သူတွေကို စောဒကတက်ရတာ ပါ’’ဟု ချာရာဝတ်က ပြောကြားသည်။

မြန်မာရိုးရာ လက်ဝှေ့နှင့် ထိုင်းရိုးရာလက်ဝှေ့မှာ ခြားနား ခြင်းမရှိသော်လည်း ယခု ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားများမှာ ခေါင်းတိုက်ခြင်းကို အသုံးပြု ယှဉ်ပြိုင်ခဲ့သောကြောင့် ပွဲစဉ်အများစုတွင် ထိုင်းရိုးရာ ကစားသမားများအထိနာခဲ့ကြပြီး အရှုံးပေးခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဒိုင်တွေမှာလည်း ဘက် လိုက်မှုကင်းအောင်ဆောင်ရွက် နိုင်ရမယ်။ စောဒကတတ်နေတဲ့အ ချိန်မှာ မြန်မာဘက်က ဒိုင်အမျိုး သမီးတစ်ယောက်ရဲ့ အပြုအမူ ဟာ လက်မခံနိုင်လောက်တဲ့အ ခြေအနေမှာရှိတယ်။ အရမ်းရိုင်း တယ်။ မွေထိုင်းမှာခေါင်းနဲ့တိုက် ပြီး မပြိုင်ရတဲ့အတွက် ထိုင်းက စားသမားတွေက ခေါင်းမတိုက် ဘူး။ ဒါကြောင့်ရှုံးသွားတာ’’ ဟု ချာရာဝတ်က ပြောသည်။

မြန်မာနှင့်လာရောက်ယှဉ် ပြိုင်ခဲ့သည့် ထိုင်းရိုးရာလက်ဝှေ့ ကစားသမားများမှာ ထိုင်းနိုင်ငံ တွင် အကောင်းဆုံးကစားသမား များမဟုတ်သေးကြောင်း၊ ထိုင်း တွင် ကီလို ၅၇ တန်းသည်  အကောင်းဆုံး ကစားသမားများ ဖြစ်ကြကြောင်း၊ ယခုလာရောက် ယှဉ်ပြိုင်ကြသည့် ကစားသမား များမှာ တွဲဆိုင်းများတွဲရာတွင် လည်း ကီလိုတန်းအလိုက်တွဲပေး မှုမရှိခဲ့သည့်အတွက် ယှဉ်ပြိုင်ရာ တွင် ကစားသမားများအခက်အ ခဲများရှိကြောင်း ၎င်းက ပြော ကြားသည်။ စိုးလင်းဦးနှင့် ပါဝီတို့ပွဲစဉ်တွင် စိုးလင်းဦး၏ ဒူးတိုက်ချက်မှာ ပါဝီပေါင်ခွကြားကို တည့်တည့်ထိခဲ့ပြီး ပါဝီက ကန့်ကွက်ခဲ့သည်။

မြန်မာနှင့် ထိုင်းရိုးရာလက် ဝှေ့စိန်ခေါ်ပွဲများကို ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မန္တလေး မြို့တွင် ထပ်မံယှဉ်ပြိုင်ရန်စီစဉ် ထားပြီး ထိုင်းနိုင်ငံမှ အကောင်းဆုံး ကစားသမားများဖြင့် လာရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုစိန်ခေါ်ပွဲတွင် လက်ဝှေ့သမားများကို စုစုပေါင်း ထိုးကြေး ကျပ် သိန်းသုံးရာကျော် ချီးမြှင့်ခဲ့ပြီး၊ ဆယ်ပွဲတွင် မြန်မာက ပွဲစဉ် လေးပွဲတွင် အနိုင်ရရှိခဲ့ပြီး ငါးပွဲ သရေကျကာ တစ်ပွဲရှုံးရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

7 Day Daily
One on One Big Fight ဟု အမည်ပေး ထားသော မြန်မာ−ထိုင်း မြန်မာ့ ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူအားကစား ရုံတွင် ဇူလိုင် ၆ ရက် ညနေက ကျင်းပခဲ့ရာ ပြိုင်ပွဲ၏ အဓိကပွဲစဉ်ဖြစ်သည့် ထွန်းထွန်းမင်းနှင့် ဝိရာပိုလ်တို့ ယှဉ်ပြိုင်ရာ၌ ထွန်းထွန်းမင်း၏ ဒူးတိုက်ချက်ကြောင့် ဝိရာပိုလ် လဲကျသွားစဉ်။ ထိုစိန်ခေါ်ပွဲများကို ရုပ်သံများမှ ထုတ်လွှင့်ပြသခဲ့ရာ ပရိသတ် စိတ်ဝင်စားမှုများပြားခဲ့သည်။

ပင်စင်ယူသွားသော ဆရာ၊ ဆရာမများ ပြန်လည်ခန့်အပ်ရန် စီစဉ်

ပညာရေးဝန်ကြီးဌာန သည် ပင်စင်ယူသွားသော ပညာ ရှင် ဆရာ၊ ဆရာမများအား ဆန္ဒ အလျောက် ပြန်လည်တာဝန် ထမ်းဆောင်နိုင်ရန် စီစဉ်ဆောင် ရွက်နေကြောင်း ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောသည်။

ဆရာ၊ ဆရာမ အင်အား နည်းပါးနေခြင်းကြောင့် အခြေခံ နှင့် အဆင့်မြင့်ပညာကဏ္ဍနှစ် ရပ်စလုံးတွင် ပင်စင်ယူသွားသော ဆရာ၊ ဆရာမများ ပြန်လည် တာဝန်ထမ်းဆောင်နိုင်ရန် အစီ အစဉ်များ ရေးဆွဲနေကြောင်း ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ တွင် ပြုလုပ်သော အခြေခံကဏ္ဍ ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၌ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးကပြောကြားသည်။

သတင်းထောက်နှင့် သတင်းဌာနများကို ခြိမ်းခြောက်မှုများရှိနေ

မန္တလေးပဋိပက္ခတွင် သတင်းထောက်များကို ပစ်မှတ် ထားခြိမ်းခြောက်မှုများ ရှိနေပြီး ယင်း ခြိမ်းခြောက်မှုများအား အရေးယူဆောင်ရွက်ပေးရန် စာ နယ်ဇင်းအဖွဲ့အစည်းများမှ တစ် ဆင့် အစိုးရထံတောင်းဆိုသွား မည်ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သတင်းဌာနများက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက စတင် ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခ များအတွင်း အခင်းဖြစ်ပွားရာ နေရာများသို့ သွားရောက် သတင်းရယူနေသော သတင်းထောက် များအား ဓာတ်ပုံရိုက်ကူးကာ ယင်းသတင်းထောက်များအား တိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်ခြင်းနှင့် သတင်းဌာနများအားနည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းများစွာ ဖြစ်ပွားလျက်ရှိသည်။

ကောလာဟလဖြေရှင်းရေးဌာန မန္တလေး၌ ဖွင့်မည်

ကောလာဟလသတင်းများ ချေဖျက်ရန်၊ သတင်းအမှန်ထုတ်ပြန်ရန် သံသယများ၊ အထင်အမြင်လွဲမှု များကို ဖြေရှင်းရန် ရည်ရွယ်၍ ဘုရားကြီးအလယ်တိုက်ရှိ ဦးခေမာကျောင်း တိုက်တွင် ကော်မတီရုံးခန်း ဖွင့်လှစ်သွားမည်ဟု ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

အရေးကြီးချိန်ရောက်ပြီဟု လူငယ်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး

ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အင်မတန်အရေးကြီးသည့် အချိန် ဖြစ် သည်ဟု ဒေါ်အောင်ဆန်း စုကြည်က တော်ဝင်နှင်းဆီခန်းမ၌ ဇူလိုင် ၆ ရက်က ပြုလုပ်သည့် လူငယ်ညီလာခံ ဒုတိယနေ့တွင် ပြောကြားလိုက်သည်။

အပစ်ရပ်မူကြမ်း ဇူလိုင်နောက်ဆုံးပတ်တွင် တွေ့ဆုံရန်အစိုးရဘက်မှ အဆိုပြု

ဇူလိုင် ၆ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)မှ အလုပ်အဖွဲ့နှင့်NCCTဘက်မှ တာဝန်ရှိသူများ အလွတ်သဘောတွေ့ဆုံခဲ့ကြပြီး အပစ်ရပ်မူကြမ်း တစ်ခုတည်းကို တတိယအကြိမ်ဆွေးနွေးရန် ဇူလိုင်လနောက်ဆုံး ပတ်တွင် တွေ့ဆုံနိုင်ရန် MPC ဘက်က အဆိုပြုထားသည်ဟု အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက မဇ္ဈိမကို ဇူလိုင် ၆ ရက်တွင် ပြောသည်။

အငြိမ်းစားများကို ပညာရေးအတိုင်ပင်ခံ ခန့်မည်

ပညာရေးမြှင့်တင်မှု ထိရောက်စေရန် ပင်စင်ယူသွားသည့် ဆရာ၊ဆရာမများကို ပညာရေးကဏ္ဍ အသီးသီးတွင် ပြန်လည်ခန့်အပ်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်က ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာခင်စန်းရီက ရန်ကုန်စိန်ရတု ခန်းမတွင် ပြောကြား လိုက်သည်။

အိပ်နေသော မိန်းကလေးများကို ဓားဖြင့် ထိုးထွက်ပြေး

စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာနေ ဦးအောင်ဝင်း(ဈေးရောင်း)သည်ဇူလိုင် ၃ရက် ညသန်းခေါင် ကျော် တစ်နာရီခန့်တွင် နေအိမ်အောက်ထပ်တွင်ဇနီးဖြစ်သူ မကြည်မြင့်နှင့် သားဖြစ်သူ မောင်ချမ်းသာ၊ နေအိမ် အပေါ်ထပ်တွင်သမီးဖြစ်သူ မနီနီအောင်၊ မသန်းသန်းစိုးတို့ အိပ်နေကြစဉ် အပေါ်ထပ်မှ ဝုန်းဝုန်းဟု

ဦးထုပ်ကျ၍ ပြန်ကောက်ရန် ကားပေါ်မှ ခုန်ချသူ သေဆုံး

နေပြည်တော်ကောင်စီနယ်မြေဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာ အရှေ့ကွန်ကရစ်လမ်းတွင် ဇူလိုင်၆ ရက် မွန်းလွဲ ၁ နာရီခန့်က ကျောက်ကား တစ်စီးပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခေတ်အေးကျေးရွာနေသူ ယာဉ်မောင်း မင်းအောင်မောင်းနှင် လာသော ကျောက်တင်ယာဉ် ၂ဂ/...သည် ကျောက်များနှင့် အလုပ်သမားခြောက်ဦး ကိုတင်ဆောင် မောင်းနှင်လာစဉ်ယာဉ်ပေါ်ပါ

ဒေါ်စုလည်း အိပ်မက်ထဲ လမ်းလျှောက်ဆဲ

နိုင်ငံ့ခေါင်းဆောင်တစ်ဦးဟာ နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ အဓိကစိန်ခေါ်မှုမှုကြီးတွေကို မသိချင်ယောင်ဆောင်နေရင် အိပ်မက်ထဲလမ်းလျှောက်တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

၂၀၁၃ခု ဇန္နဝါရီလ မနက်ခင်းတစ်ရက် NLD ရုံးချုပ်မှာ ဥက္ကဌ ဦးတင်ဦး (ထိုစဉ်က ဥက္ကဌဖြစ်တယ်) နဲ့ တွေ့ဖို့စောင့်ဆိုင်းနေတုန်း ဒီလှိုင်းစာစောင် ဝယ်ဖတ်ဖြစ်ခဲ့တယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသား ငြိမ်ဝပ်ပိပြားမှု ကောင်စီ (National Council for Peace and Order-NCPO) အကြီးအကဲနှင့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha အား တွေ့ဆုံ

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသား ငြိမ်ဝပ်ပိပြားမှု ကောင်စီ (National Council for Peace and Order-NCPO) အကြီးအကဲနှင့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha အား တွေ့ဆုံ

ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် အတူ ဇူလိုင် ၄ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ထိုင်းဘုရင့် ကြည်းတပ် ဌာနချုပ်သို့ ရောက်ရှိကြရာ အမျိုးသား ငြိမ်ဝပ်ပိပြားမှု ကောင်စီ (National Council for Peace and Order-NCPO) အကြီးအကဲ၊ ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha တို့သည် Bilateral အစည်းအဝေး ခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြရာ ဆွေးနွေးပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးဝင်းမောင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn ၊ ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha နှင့် ထိုင်း တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ် General Prayut Chan-o-cha က ထိုင်းနိုင်ငံနှင့် ထိုင်းတပ်မတော် အပေါ် နားလည်မှု ရှိသည့်အတွက် ကျေးဇူး တင်ရှိကြောင်း၊ မိမိတို့ တပ်မတော် နှစ်ရပ်သည် ချစ်ကြည် ရင်းနှီးမှုရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည်လည်း အဆင့်ဆင့် တိုးတက်မှုများ ရှိကြောင်း၊ နယ်စပ်ဒေသတွင် ဖြစ်ပေါ်လေ့ ရှိသော ပြဿနာ ကိစ္စရပ်များကို နှစ်နိုင်ငံ တပ်မတော် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရခဲ့ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ကိစ္စ၊ နယ်စပ်ဒေသ စီးပွားရေး အထူးဇုန် တည်ဆောက်ရေး ကိစ္စရပ်များ ကိုလည်း စနစ်တကျ ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ် ဆက်ဆံမှု တိုးတက် ကောင်းမွန်စေရေး အတွက် ဆေးဘက် ပညာရပ်ပိုင်း ဆိုင်ရာများနှင့် HADR ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အစိုးရ ဘက်တွင်လည်း အာဆီယံ သစ်ပင် သစ်တော ထိန်းသိမ်းမှု၊ ညီအစ်မကျေးရွာ အကောင်အထည်ဖော် တည်ဆောက်မှုတို့ ကိုလည်း ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ၏ လက်ရှိ အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့ရကြောင်း၊ ထိုင်းနိုင်ငံ၏ Road Map သည် တစ်ဆင့်ချင်း အောင်မြင်မှု ရရှိနေပြီး ပြည်သူ အများစုက ထောက်ခံသည်ဟု သိရကြောင်း၊ အခက်အခဲများကို ကျော်လွှားနိုင်ရန် စိတ်ရှည် သည်းခံစွာဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် အမျိုးသားရေး တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ကိစ္စကို တရားဝင် ဖြစ်အောင် ဥပဒေနှင့် အညီ ဆောင်ရွက် ပေးနေသည့် အတွက် ကျေးဇူး တင်ရှိကြောင်း၊ နယ်စပ်ဒေသ စီမံကိန်းများနှင့် စီးပွားရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိုလည်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ အပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် General Prayut Chan-o-cha တို့သည် အထိမ်း အမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကြပြီး အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် ထိုင်းတပ်မတော် အရာရှိကြီးများသည် ဒေသ စံတော်ချိန် ညနေ ၄ နာရီခွဲတွင် ထိုင်းဘုရင့် ရေတပ်ဌာနချုပ် Rajaworadit ဆိပ်ကမ်းသို့ ရောက်ရှိပြီး ထိုင်းနိုင်ငံ ပြည်သူများ အေးချမ်း ပျော်ရွှင် စေရေးနှင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား အားလုံး ဘေးအန္တရာယ် ကင်းရှင်း စေရေးအတွက် ဆုတောင်းမေတ္တာ ပို့သကာ ကျောက်ဖရားမြစ် အတွင်းသို့ ဇီဝိတဒါန ငါးများ လွှတ်ကြ ကြောင်း သတင်း ရရှိသည်။
ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် အတူ ဇူလိုင် ၄ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ထိုင်းဘုရင့် ကြည်းတပ် ဌာနချုပ်သို့ ရောက်ရှိကြရာ အမျိုးသား ငြိမ်ဝပ်ပိပြားမှု ကောင်စီ (National Council for Peace and Order-NCPO) အကြီးအကဲ၊ ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။

ကဘူးလ်မြို့ အပြင်ဘက်တွင် လောင်စာဆီတင် ယာဉ် ၄ဝဝ ထက် မနည်း မီးလောင်မှု ဖြစ်ပွား

Photo: ကဘူးလ်မြို့ အပြင်ဘက်တွင် လောင်စာဆီတင် ယာဉ် ၄ဝဝ ထက် မနည်း မီးလောင်မှု ဖြစ်ပွား

အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ်မြို့ အပြင်ဘက်ရှိ ယာဉ်ရပ်နား စခန်း တစ်ခုတွင်
ဇူလိုင် ၄ ရက် ညပိုင်းက လောင်စာဆီတင် ယာဉ်အစီး ၄ဝဝ ထက် မနည်း မီးလောင်ခဲ့ကြောင်း အာဖဂန် လုံခြုံရေးအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ မီးသည် ဆက်လက် လောင်ကျွမ်းလျက်ရှိပြီး မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်း အရင်းကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း ကဘူးလ်မြို့ ရဲတပ်ဖွဲ့မှ အကြီးအကဲ Hashmat Stanikzai က ပြောကြားခဲ့သည်။

ထို့ပြင် ယင်းမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုများ မြင့်တက်လာမည်ကို အာဏာပိုင် များက စိုးရိမ်လျက် ရှိကြောင်း သိရသည်။ ယင်းတိုက်မှုသည် မိမိတို့၏ လက်ချက်ဖြစ်ကြောင်းကို တာလီဘန် စစ်သွေးကြွဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီး ၎င်းအဖွဲ့သည် ပြည်ပ တပ်ဖွဲ့ဝင်များ၏ လောင်စာဆီတင် ယာဉ်များကို မီးရှို့ ဖျက်ဆီးလျက် ရှိကြောင်း ၎င်းက သတင်းဌာန တစ်ခုသို့ ပြောကြား ခဲ့သည်။
အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ်မြို့ အပြင်ဘက်ရှိ ယာဉ်ရပ်နား စခန်း တစ်ခုတွင်ဇူလိုင် ၄ ရက် ညပိုင်းက လောင်စာဆီတင် ယာဉ်အစီး ၄ဝဝ ထက် မနည်း မီးလောင်ခဲ့ကြောင်း အာဖဂန် လုံခြုံရေးအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ မီးသည် ဆက်လက် လောင်ကျွမ်းလျက်ရှိပြီး မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်း အရင်းကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း ကဘူးလ်မြို့ ရဲတပ်ဖွဲ့မှ အကြီးအကဲ Hashmat Stanikzai က ပြောကြားခဲ့သည်။

တောအတွင်းတွေ့ရှိသည့် လက်ပစ်ဗုံးအား ကျောက်ခဲပေါ် ပစ်တင်ရာမှ ပေါက်ကွဲ၍ ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ လွိုင်လင် မြို့နယ်ပြည်သူ့ဆေးရုံသို့ လက်ပစ်ဗုံးဟောင်းပေါက်ကွဲ၍ ဒဏ်ရာရရှိသူ ၁ ဦးရောက်ရှိနေကြောင်း သတင်းအရ လွိုင်လင်မြို့မရဲစခန်းမှတပ်ဖွဲဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မောက်မယ်မြို့နယ်၊ကဒူးကြီးရွာနေ ကျော်ဇောအောင်(၁၁)နှစ်နှင့်

တစ်ဦးနှင့်တစ်ဦး လေးစားမှု၊ ယုံကြည်မှု၊ နားလည်မှုသည် အရေးအကြီးဆုံးဖြစ်သည်ကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တစ်ဦးနှင့်တစ်ဦး လေးစားမှု၊ ယုံကြည်မှု၊ နားလည်မှုသည် အရေးအကြီးဆုံးဖြစ်သည်ကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇူလိုင် ၆ ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ဒုတိယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင် လူငယ်များအား ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရာတွင် ထားရှိရမည့် စိတ်ထားများကို ပြောဆိုရာတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန်အတွက် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့၌ သဘောထားကြေညာချက်ရှစ်ချက် ထုတ်ပြန်


မန္တလေးတွင် ဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန်အတွက် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့၌ သဘောထားကြေညာချက် ရှစ်ချက်အား ထုတ်ပြန်ကြေညာခဲ့သည်။

လမ်းမတော်မှာ အသက် ၈ဝအရွယ် အဖိုးအိုတစ်ဦးကို ကားနဲ့လာပြီး စွန့်ပစ်ခဲ့

သက်ကြီးရွယ်အို ဘိုးဘွားတွေကို တန်ဖိုးထား လေးစားတဲ့ မြန်မာ့လူမှု အသိုင်းအဝိုင်းမှာ သေ သည့်တိုင် ပြုစုစောင့်ရှောက်ကြတာ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၈ဝအရွယ် အဖိုးအို တစ်ယောက်ကို လမ်းမတော် စံပြရုံဘေးမှာ ဇူလိုင် ၃ရက်နေ့ညက စွန့်ပစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ။