Friday, January 16, 2015

သင့်ကြောင့် ဘာသာရေး လူမျိုးရေး မုန်းတီးမှု မဖြစ်ပါစေနဲ့


ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက် သတင်းတွေ ထဲမှာ ဘာသာရေး လူမျိုးရေးနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ် စရာကောင်းတဲ့ သတင်း တစ်ပုဒ် ဖော်ပြပါရှိလာပါတယ်။ သတင်းမှာ ဖော်ပြထားတာက ဆော်ဒီအာရေး ဗီးယား အလံ စတစ်ကာတစ်ခုကို အိမ်စီးကားမှန် မှာကပ်ပြီး မောင်းနှင်နေတာကို အကြမ်းဖက် တံဆိပ် ဖြစ်တယ်ဆိုပြီး အင်တာနက် Facebook စာမျက်နှာမှာ ဖော်ပြပျံ့နှံ့ခဲ့တာကို အကြောင်းပြုပြီး အဲဒီကားကို ယာဉ်ထိန်းရဲက ဖမ်းဆီးစစ်ဆေးခဲ့တယ်ဆိုတဲ့ သတင်းပါပဲ။ အဲဒီပြဿနာ ဘယ်လို ဖြစ်ရတာပါလဲ၊ ပြဿနာ ဘယ် လောက်အထိ ကြီးကျယ်သွားပါသလဲ၊ အကိုင်အတွယ် မတတ်ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ တင်ပြသွားပါ့မယ်။

လုံးခင်းရဲစခန်းနှင့် ရဲကင်းတွင် ဗုံးနှစ်လုံးပေါက်ကွဲ ကလေးငယ်တစ်ဦးအပါအ၀င် သုံးဦးဒဏ်ရာရ


ဇန်န၀ါရီ ၁၅ ရက် ည ၇ နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်းရဲစခန်းနှင့် မြို့ပေါ် ရဲကင်းတစ်ခုတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့သည်။

ဒေသတွင်း ရဲစခန်းနှင့် ရဲကင်းများတွင် သေနတ်နှင့် ကျည်အသင့်အနေအ ထားဖြင့် လုံခြုံရေး စောင့်နေသည်။ အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဆိုသည်ကို စိစစ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

လားရှိုးတွင် ကတ္တရာပီပါ နှစ်ရာဝန်းကျင် တင်လာသည့် ကုန်တင်ယာဉ် မီးလောင်


Photo: လားရှိုးတွင် ကတ္တရာပီပါ နှစ်ရာဝန်းကျင် တင်လာသည့် ကုန်တင်ယာဉ် မီးလောင်

ဇန်န၀ါရီလ ၁၆ ရက်၊ ၂၀၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာအုပ်စု အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကတ္တရာပီပါ ၁၈၁ လုံး တင်ဆောင်လာသည့် ၂၄ ဘီး ယာဉ်တစ်စီး မီးလောင်ကျွမ်းသွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း လားရှိုးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုဦးက ပြောကြားသည်။

အဆိုပါ ကတ္တရာပီပါများကို “ဝ” ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မန္တလေးမှ ယာဉ်မောင်း သန်းဇော် မောင်းနှင်လာသည့် ဖူဆိုတွဲကား ၂၄ ဘီး ယာဉ်သည် မောင်းနှင်လာစဉ် ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် ယာဉ်စက်အင်ဂျင်ပိုင်းတွင် ဝါယာရှော့(ခ်) ဖြစ်ကာ မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ဦးကိုကိုဦးက ပြောဆိုသည်။

ယင်းမီးလောင်ကျွမ်းမှုကို လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် လေးစီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ ကျေးရွာသားများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး ယာဉ်၏ ဦးခေါင်းပိုင်း တစ်ခုလုံး မီးလောင်ကျွမ်း ပျက်စီးခဲ့သော်လည်း ယာဉ်ပေါ်ပါ ကတ္တရာပုံးများ မီးလောင်ကျွမ်းမှု မရှိကြောင်း လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

ယာဉ်မောင်း သန်းဇော်ကို နောင်မွန် နယ်မြေရဲစခန်းတွင် ပြစ်မှုပုဒ်မ- ၂၇၉ (ယာဉ်မဆင်မခြင် မောင်းနှင်မှု)၊ ပုဒ်မ- ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အမှုဖွင့်ထားပြီး ၎င်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း နယ်မြေရဲစခန်းထံမှ သိရှိရသည်။

(နေမျိုးနွယ်)
The Voice Weekly
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာအုပ်စု အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကတ္တရာပီပါ ၁၈၁ လုံး တင်ဆောင်လာသည့် ၂၄ ဘီး ယာဉ်တစ်စီး မီးလောင်ကျွမ်းသွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း လားရှိုးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုဦးက ပြောကြားသည်။

အဆိုပါ ကတ္တရာပီပါများကို “ဝ” ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကချင်ပြည်နယ် မေခမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေသော ယာဉ်များ ဖမ်းမိ


ကချင်ပြည်နယ် မေခမြစ်အတွင်းရှိ ဂလုံကျွန်းတွင် တမံများ မြေဖို့၍ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့က အသုံးပြုသည့် စက်ယန္တရားများကို ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများက ပြောကြားသည်။

ဇန်နဝါရီလ ဒုတိယပတ် အတွင်းတွင် တပ်မတော် နယ်မြေခံ တပ်မတော်တပ်ရင်းမှ ဝင်ရောက်ဖမ်း ဆီးရာတွင် ဘက်ဟိုးယာဉ် နှစ်စီး၊ လုပ်ဒါနှစ်စီး၊ မြေသယ်ယာဉ် ၁၀ ဘီးကား ခြောက်စီး၊ သံဖောင်ဇက် ရေယာဉ်တစ်စီး၊ ရွှေတူးဖော်သည့် စက်ဖောင်တစ်ခု၊ ဆီပီပါ အလုံး ၂၀ တို့ကို သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်လောင်းပြောကြားသည်။

ရက် ၆၀ အထိ တုံ့ပြန်မှုမရှိပါက သပိတ်မှောက်ဆန္ဒပြမှုများ ကျောင်းသားများ ဆက်လုပ်သွားမည်


Photo: ရက် ၆၀ အထိ တုံ့ပြန်မှုမရှိပါက သပိတ်မှောက်ဆန္ဒပြမှုများ ကျောင်းသားများ ဆက်လုပ်သွားမည်
ဇန်န၀ါရီလ ၁၆ ရက်၊ ၂၀၁၅

အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့ ကြသည့် တက္ကသိုလ်ကျောင်း သားများက အစိုးရ၊ တာဝန်ရှိသူ များနှင့် တွေ့ဆုံညှိနှိုင်းရန် တောင်းဆိုထားသည့် ရက် ၆၀ ပြည့်မည့် ဇန်န၀ါရီ ၁၆ ရက်အထိ တုံ့ပြန်မှု ကို စောင့်ဆိုင်းသွားမည်ဖြစ်ပြီး တွေ့ဆုံညှိနှိုင်းခြင်း မပြုပါက သပိတ်မှောက်ဆန္ဒပြမှုများ ဆက် လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

လက်ရှိ အတည်ပြုပြဋ္ဌာန်း ထားသည့် အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေခြင်း၊ ကျောင်းသား၊ ပြည်သူကို အခြေမခံခြင်းနှင့် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်မရရှိခြင်းတို့ကြောင့် တက္ကသိုလ် ကျောင်းသားများက ၂၀၁၄ နိုဝင်ဘာ ၁၄ ရက်မှစတင်၍ လေးရက်ကြာ သပိတ်မှောက်ဆန္ဒပြခဲ့သည်။ ရက်ပေါင်း ၆၀ အတွင်းအစိုးရနှင့်တာဝန်ရှိသူက သပိတ်မှောက်ကျောင်းသားထုအား လာရောက်စေ့စပ်ညှိနှိုင်းခြင်း တစ်စုံတစ်ရာမျှ မပြုလုပ်ပါက လက်ရှိပြုလုပ်လျက်ရှိသော သပိတ်မှောက်ဆန္ဒပြုမှု ပုံစံထက် ပိုမိုပြင်းထန်၊ ကျယ်ပြန့်၊ ကြီးမားသည့် သပိတ်တိုက်ပွဲများ ဖော်ဆောင်တုံ့ပြန်သွားမည်ဟု ကြေညာ၍ သပိတ်မှောက်ဆန္ဒပြမှုကို ခေတ္တရပ်ဆိုင်းခဲ့သည်။

‘‘ရက် ၆၀ ပြည့်တဲ့ ရက်အ ထိ တွေ့ဆုံညှိနှိုင်းဖို့ ကမ်းလှမ်း လာရင် လက်ခံမယ်။ မနက်ဖြန် ရက် ၆၀ ပြည့်မယ့်ရက်အထိ စောင့်မယ်။ ရက် ၆၀ ကျော်သွား ရင်တော့ ကျွန်တော်တို့ကြေညာ ထားတဲ့အတိုင်းပဲ ဆက်လုပ်သွား မှာပါ။ ၆၁ ရက်မြောက်တဲ့နေ့ ဇန်န၀ါရီ ၁၇ ရက်ကျရင် ရှေ့ ဆက်လုပ်မယ့်လုပ်ငန်းစဉ်တွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားပါမယ်။ ရက် ၆၀ အလွန်မှာ လာပြီး ကမ်းလှမ်းခဲ့ရင်လည်း လက်ခံမလား၊ လက်မခံဘူးလား ဆိုတာကို သတင်းစာရှင်းလင်း ပွဲကျရင် ရှင်းလင်းသွားပါမယ်’’ ဟု သပိတ်မှောက်ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင်ကိုဇေယျာလွင်က ပြောသည်။

အစိုးရ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းရန် တောင်းဆို ထားသည့် ရက် ၆၀ အတွင်း အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြရာတွင် ဦး ဆောင်ပါဝင်သည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုဦးဆောင် ကော်မတီ အနေဖြင့် ကော်မတီ၏ လှုပ်ရှားမှုလုပ်ငန်းစဉ်များ၊ စာတမ်းဖတ်ပွဲများ၊ ဆန္ဒဖော်ထုတ်ပွဲများနှင့် အမျိုးသားပညာရေးဥပဒေကန့်ကွက်လှုပ်ရှားမှု များကို ပြုလုပ်ခဲ့သည်။

ဒီမိုကရေစီ ပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီအနေ ဖြင့် ရက် ၆၀ အတွင်း လှုပ်ရှားမှု၊ ရက် ၆၀ အလွန် လှုပ်ရှားမည့်အစီ အစဉ်နှင့် နောက်ဆုံးအ ဆင့် တောင်းဆိုဆွေးနွေးမည့် အချက် များကို ဇန်န၀ါရီ ၁၇ ရက်တွင် ပုဇွန်တောင်မြို့နယ်ရှိ ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း၌ သတင်း စာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက အမျိုးသားပညာ ရေးဥပဒေကို မကျင့်သုံးရသေးမီ ပြင်ဆင်ရန် တောင်းဆိုခြင်း သည့် အဆင့်တစ်ခုကို ကျော်နေကြောင်း ၂၀၁၄ နိုဝင်ဘာ ၁၈ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

သမ္မတ၏ သဘောထားမှတ် ချက် ၂၅ ချက်ဖြင့် ပြန်လည်ပေးပို့ လိုက်သည့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်၌ဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်ပြန်လည်ပေး ပို့လိုက်သည့်အမျိုးသားပညာရေး ဥပဒေကို နိုင် ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ စက်တင်ဘာ ၃၀ ရက်စွဲဖြင့် အတည်ပြုခဲ့ သည်။

အမျိုးသားပညာရေးဥပဒေကိုကျောင်းသားများက ၂၀၁၄ နိုဝင်ဘာလတွင် သပိတ်မှောက်နေစဉ်(ဓာတ်ပုံ - နစ်ကီ)
7Day Daily
အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့ ကြသည့် တက္ကသိုလ်ကျောင်း သားများက အစိုးရ၊ တာဝန်ရှိသူ များနှင့် တွေ့ဆုံညှိနှိုင်းရန် တောင်းဆိုထားသည့် ရက် ၆၀ ပြည့်မည့် ဇန်န၀ါရီ ၁၆ ရက်အထိ တုံ့ပြန်မှု ကို စောင့်ဆိုင်းသွားမည်ဖြစ်ပြီး တွေ့ဆုံညှိနှိုင်းခြင်း မပြုပါက သပိတ်မှောက်ဆန္ဒပြမှုများ ဆက် လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

လက်ရှိ အတည်ပြုပြဋ္ဌာန်း ထားသည့် အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေခြင်း၊ ကျောင်းသား၊ ပြည်သူကို အခြေမခံခြင်းနှင့် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်မရရှိခြင်းတို့ကြောင့် တက္ကသိုလ် ကျောင်းသားများက ၂၀၁၄ နိုဝင်ဘာ ၁၄ ရက်မှစတင်၍ လေးရက်ကြာ သပိတ်မှောက်ဆန္ဒပြခဲ့သည်။ ရက်ပေါင်း ၆၀ အတွင်းအစိုးရနှင့်တာဝန်ရှိသူက သပိတ်မှောက် ကျောင်းသားထုအား လာရောက်စေ့စပ်ညှိနှိုင်းခြင်း တစ်စုံတစ်ရာမျှ မပြုလုပ်ပါက လက်ရှိပြုလုပ်လျက် ရှိသော သပိတ်မှောက်ဆန္ဒပြုမှု ပုံစံထက် ပိုမိုပြင်းထန်၊ ကျယ်ပြန့်၊ ကြီးမားသည့် သပိတ်တိုက်ပွဲများ ဖော်ဆောင်တုံ့ပြန်သွားမည်ဟု ကြေညာ၍ သပိတ်မှောက်ဆန္ဒပြမှုကို ခေတ္တရပ်ဆိုင်းခဲ့သည်။

ကြံ့ခိုင်ရေးပါတီဝင် လယ်သမား ခှနစ်ရာကျော် ပါတီဝင်အဖြစ်မှ နုတ်ထွက်မည် ဟုဆို


လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လယ်သမား(၇၀၀)ကျော်သည် လယ်ယာမြေအရေး အစိုးရက မဖြေရှင်းပါက လာမည့်မတ်လကုန်တွင် ပါတီဝင်အဖြစ်မှ နုတ်ထွက်မည်ဟု ထိုဒေသရှိ ပါတီဝင်လယ်သမား ခေါင်းဆောင်များကပြောသည်။

“ဒီပါတီက မှန်မှန်ကန်ကန် မရပ်တည်နိုင်ရင် အယုံအကြည်မရှိတော့ဘူး။ သုံးလပိုင်းကုန်လို့မှ မစစ်ဆေးပေးရင် ပါတီဝင်နုတ်ထွက်ပွဲ တစ်ခါတည်း လုပ်မယ်” ဟု ကြံ့ခိုင်ရေးပါတီဝင် လယ်သမားခေါင်းဆောင် ကိုထက်ဇော်လင်း က ဆိုသည်။

၅၀၀၀ တန် အတု အစစ် အလွယ်တကူ ခွဲခြား နည်း


Photo: ၅၀၀၀ တန် အတု အစစ် အလွယ်တကူ ခွဲခြား နည်း
============================

အပေါ်ပုံက ငွေစက္ကူ အစစ် ဖြစ်ပြီး အောက်ပုံက ငွေစက္ကူ အတု ပါ။

ငွေစက္ကူ အစစ်နဲ့  တော်တော်တူတဲ့ (scan ဖတ်ပြီး print ထုတ်ထားတာ မဟုတ်တဲ့) ၅၀၀၀ တန် အတုတွေကို ထိုင်း- မြန်မာ နယ်စပ်မှာ ရိုက်နှိပ်ကာ မြန်မာနိုင်ငံအတွင်း တင်သွင်းလာပြီး သုံးစွဲမှု ပြုနေကြပါတယ်။

"ငွေစက္ကူ အတု အစစ် အလွယ်တကူ ခွဲခြားနည်း"

(၁) ငွေစက္ကူ အသားကွာပါတယ်။ အစစ်ထက် အတုက စက္ကူသား နည်းနည်းပို ချောပါတယ်။

(၂) အရောင် ကွာပါတယ်။ အစစ်ထက် အတုက အရောင်နည်းနည်း ပို ဖျော့ပါတယ်။

(၃) ငွေစက္ကူ ရဲ့ ဘယ်ဘက်ထောင့် က မြန်မာ အက္ခရာ ဂဏန်းတွေကို ကြည့်ရင် အတုက လက်ရာ မသေသပ်ပါ။ (အရွက်တိုင်းမဟုတ်ပါ)

(၄) ဆင်ရုပ်ရှေ့ က ရေစာကြိုးပါ။ အစစ်မှာ ရေစာကြိုးက ငွေစက္ကူ သားထဲကို မြုပ်ထားတာ ဖြစ်ပြီး အတုမှာ အပေါ်ကနေ ငွေမင်နဲ့ ရိုက်ထားတာပါ။

(၅) ဆင်ရုပ်ရှေ့ "ငါးထောင်ကျပ်" ဆိုတဲ့ စာသားနေရာမှာပါ။ အစစ်မှာ စာသားကို ထင်ရှားစွာ မြင်ရပြီး အတုမှာက စာသားရိုက်ပြီးမှ စာသားပေါ်ကနေ ရေစာကြိုးကို ငွေမင်နဲ့ ရိုက်တဲ့ အတွက် စာသားကို ရေစာကြိုးက ဖြတ်သလို ဖြစ်နေပြီး စာသားအပြည့်အ၀ မမြင်ရပါ။ (ဒီ ၁ ချက်ထဲနဲ့ တင် အတု အစစ် သေချာခွဲလို့ ရပါတယ်)

(၆) ညာဘက်ထောင့်မှာ ရှိတဲ့ "၅၀၀၀" ဆိုတဲ့ ဂဏန်းနေရာမှာပါ။ အစစ်မှာ ဒီနေရာကို လက်နဲ့ စမ်းရင် ဖောင်းကြွ အဖြစ်ရိုက်ထားတာကို သိသာစွာ စမ်းမိနိုင်ပြီး .. အတုမှာက ပြောင်ချော ဖြစ်နေတာကို တွေ့ ရမှာပါ။
ပဒါန်းလမ်းဆုံ
Golden Land Myanmar
အပေါ်ပုံက ငွေစက္ကူ အစစ် ဖြစ်ပြီး အောက်ပုံက ငွေစက္ကူ အတု ပါ။

ငွေစက္ကူ အစစ်နဲ့  တော်တော်တူတဲ့ (scan ဖတ်ပြီး print ထုတ်ထားတာ မဟုတ်တဲ့) ၅၀၀၀ တန် အတုတွေကို ထိုင်း- မြန်မာ နယ်စပ်မှာ ရိုက်နှိပ်ကာ မြန်မာနိုင်ငံအတွင်း တင်သွင်းလာပြီး သုံးစွဲမှု ပြုနေကြပါတယ်။

"ငွေစက္ကူ အတု အစစ် အလွယ်တကူ ခွဲခြားနည်း"

(၁) ငွေစက္ကူ အသားကွာပါတယ်။ အစစ်ထက် အတုက စက္ကူသား နည်းနည်းပို ချောပါတယ်။

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် အဖွဲ့အား KIA က ခေတ္တထိန်းသိမ်း၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အား ဖမ်းဆီးခေါ်ဆောင်


ရန်ကုန် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကမန်းဒူးနော်နှင့် အဖွဲ့အား ကေအိုင်အေအဖွဲ့ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဝန်ကြီးကို ပြန်လွှတ် ပေးခဲ့ကြောင်း၊ လုံခြုံရေးဝန်ထမ်းသုံးဦးကိုမူ ဖမ်း ဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော် နှင့်အဖွဲ့ဝင် ၁၂ဦးပါသည့် အဖွဲ့သည် ဇန်နဝါရီ ၁၄ရက် နံနက် ၁၁နာရီ မိနစ် ၂ဝအချိန် ခန့်တွင် ကချင်ပြည်နယ် အတွင်းရှိ လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင် ရွက်ရန်အတွက် ဖားကန့်မှတစ်ဆင့် ဖားကန့်-ဝှေခါ-ညောင် ပင်-လုံးတုံ- ဟိုပင်လမ်းကြောင်းအတိုင်း ထွက်ခွာလာရာ လမ်းပန်းဆက် သွယ်ရေးဝန် ကြီးလိုက်ပါလာသော ယာဉ်တန်းအား ကေအိုင်အေ အင်အား ၄၀ ခန့်က ဝှေလုံတောင်ပေါ်အရောက်တွင် တားဆီးခဲ့ပြီး ဝန်ကြီးနှင့် အဖွဲ့ဝင်များအား ကားပေါ်မှ ဆင်းစေကာ ဖမ်းဆီးစစ် ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် လိုက်ပါလာသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်သုံးဦးကိုမူ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် UNA ခေါင်းဆောင်များ တွေ့ဆုံမည်


နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) ခေါင်းဆောင်များ တွေ့ဆုံ မည်ဖြစ်ကြောင်း UNA နာယက ဦးအေးသာအောင်က ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုကို ဇန်နဝါရီလ ၁၈ ရက်နေ့၌ နေပြည်တော်ကောင်စီ နယ်မြေတွင် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ ပျှမ်းမျှတစ်ဦးလျှင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၀၀ ခန့်သာရှိရာ အိမ်နီးချင်းအာရှနိုင်ငံများအနက် အနိမ့်ဆုံးဖြစ်နေ


မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်အကိုင်ရရှိမှု၊ ကုန်ထုတ်လုပ်မှုကြား ကွာဟမှုကြောင့် အလုပ်သမားတို့၏ ကုန်ထုတ်စွမ်းအားနိမ့်ကျမှုနှင့် စိုက်ပျိုးရေးမှရရှိသော ဝင်ငွေများနိမ့်ကြမှုတို့ကို ထင်ဟပ်လျက်ရှိကြောင်း စိုက်ပျိုးရေးမှ ရရှိသောဝင်ငွေသည် ပျှမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂ဝဝ ခန့်သာရှိပြီး အိမ်နီးချင်း အာရှနိုင်ငံများအနက် အနိမ့်ဆုံးဖြစ်နေကြောင်း OECD ၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် စာရေးဆရာထင်လင်းဦး၏ ငါးကြိမ်မြောက် ရုံးချိန်းအပြီးတွင် ဦးထင်လင်းဦးက သံဃာတော်များအား ကန်တော့တောင်းပန်

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ -က၊ ၂၉၈ တို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသည့် စာရေးဆရာ ဦးထင်လင်းဦး၏အမှုအား ငါးကြိမ်မြောက်ရုံးချိန်းအဖြစ် ဇန်နဝါရီ ၁၅ ရက်တွင်စစ်ဆေးခဲ့ပြီးနောက် အာမခံလျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ထပ်မံပယ်ချခဲ့ပြီး အမှုရုံးချိန်းအပြီးတွင် စာရေးဆရာ ဦးထင်လင်းဦးက သံဃာတော်များအား ကန်တော့တောင်းပန်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅-က၊ ၂၉၈ တို့ဖြင့် ချောင်းဦးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် စာရေးဆရာဦးထင်လင်းဦး၏ ငါးကြိမ်မြောက်ရုံးချိန်းအပြီးတွင် စာရေးဆရာဦးထင်လင်းဦးက ချောင်းဦးမြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံတွင် ချောင်းဦးမြို့နယ် သံဃနာယကဥက္ကဠဦးဆောင်သော ဆရာတော်များအား ကန်တော့တောင်းပန်မှုများ ပြုလုပ်ခဲ့ပြီး