၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တောအိမ်အနီးရှိ ကွမ်းခြံအတွင်းဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူစုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ပါသည်။
Tuesday, July 23, 2013
တွံတေးမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ
၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တောအိမ်အနီးရှိ ကွမ်းခြံအတွင်းဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူစုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ပါသည်။
ဦးဝီရသူ တရားပွဲအနီး ဗုံးကွဲမှု မသင်္ကာသူများကို စစ်ဆေး
မန္တလေးမြို့တော်တွင်
ဇူလိုင်လ ၂၁ ရက်နေ့ညက မျိုးစောင့်ဥပဒေ ဦးဆောင် ရေးဆွဲသည့် ဦးဝီရသူ
တရားဟောကြားသည့် တရားပွဲအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့်
မသင်္ကာဖွယ်ရာ အခြေအနေ ရှိသူများကို စုံစမ်း စစ်ဆေးလျက်ရှိပြီး စစ်ဆေးနေသည့်
လူအရေအတွက် ကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး စိုးငြိမ်းက ပြောကြားသည်။
သံဃာ အယောင်ဆောင် မူးယစ်ဆေး သယ်ယူသူ ဖမ်းမိ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သိမ်အင်း ရပ်ကွက် နေထိုင်သူ
ဦးကျောက်ချင်မို၏ အိမ်တွင် ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက သင်္ကန်း ဝတ်၍
မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အမျိုးသား တစ်ဦးကို ဖမ်းမိခဲ့ကြောင်း
မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြား သည်။
နှစ်သိန်းတန် GSM ဆင်းကတ် တစ်သောင်းပိုပေး ဝယ်ယူ
ပဲခူးတိုင်းဒေသကြီး
တောင်ငူခရိုင် တောင်ငူမြို့တွင် ကျပ်နှစ်သိန်းတန် GSM ဆင်းကတ်များကို
လိုင်းပို မိသည်ဟုဆိုကာ ဇူလိုင်လ တတိယပတ်မှစ၍ လိပ်စာနှင့် အမည်ပေါက်ပါက
ယခင်ဈေးထက် ကျပ် တစ်သောင်း ပိုပေးကာ လိုက်လံဝယ်ယူလျက် ရှိကြောင်း
တောင်ငူမြို့ခံများထံမှ သိရှိရသည်။
ကမ္ဘာ့အဆင့်သင်္ချာပြိုင်ပွဲ မြန်မာကျောင်းသားရှစ်ဦး ရွှေတံဆိပ်ဆုရ
အမေရိကန်နိုင်ငံအခြေစိုက် SASMO Association မှ ကြီးမှုးကျင်းပသော
ကမ္ဘာ့အဆင့် သင်္ချာပြိုင် ပွဲတွင် မြန်မာကျောင်းသား ရှစ်ဦး
ရွှေတံဆိပ်ဆုရရှိခဲ့သည်ဟု ယင်းအစီအစဉ်ကို မြန်မာနိုင်ငံမှ
ပူးပေါင်း ကျင်းပသော T&H သချာင်္သင်တန်းကျောင်းမှ သိရသည်။
လေယာဉ် ပျက်ကျမှုကြောင့် အသက်မ သေခဲ့သည့် ကျောင်းသူ အရေးပေါ် ကားကြိတ်မှုကြောင့် သေဆုံး
အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၆ ရက်က Asiana လေကြောင်း ကုမ္ပဏီမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ကျောင်းသူ တစ်ဦးသည် အသက် ရှင်လျက် ကျန်ရစ်ခဲ့သော်လည်း အရေးပေါ် ယာဉ်တစ်စီး၏ ဖြတ်ကြိတ်မှုကြောင့် သေဆုံး သွားခဲ့ရ သည်ဟု အရာရှိ များက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
အလုပ်ရလိုသူတိုင်း အလုပ်သမားဝန်ကြီးဌာနတွင် လျှောက်ထားနိုင်ဟုဆို
မလေးရှားနိုင်ငံမှ ပြန်လာသူမှ မဟုတ်ဘဲ ပြည်တွင်းတွင် ရှိနေသည့်
အလုပ်မရှိသေးသူများလည်း အလုပ် သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာနတွင် အလုပ်လာရောက် လျှောက် ထားနိုင်ကြောင်း
ယင်းဌာနရှိ တာဝန်ရှိသူ အရာထမ်းတစ်ဦးက ဆိုသည်။
မသန်စွမ်းကလေးငယ်တစ်ဦး အဓမ္မကျင့်ခံရ
မသန်စွမ်း ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှု တစ်ခုကို ကွမ်းခြံကုန်းရဲစခန်းတွင် ဇူလိုင် ၁၈ ရက်က အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး မှ သတင်းထုတ်ပြန်သည်။
ဆီးချို ပျောက်တဲ့နည်းတဲ့ မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါ
အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
မန္တလေး တရားပွဲပေါက်ကွဲမှု လက်လုပ်ဗုံးကြောင့်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင်
အရှင်ဝီရသူမှ တရားဟောကြားနေစဉ် ပေါက်ကွဲမှုသည် လက်လုပ်ဗုံးပေါက်ကွဲမှုဟု
မဟာအောင်မြေမြို့နယ် အမှတ် ၉ ရဲစခန်းက မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးသို့
အစီရင်ခံတင်ပြစာတွင် ဖော်ပြထားသည်။
လေယာဉ်ကိုပါ သိမ်းထာတဲ့ John Travolta ၏နေအိမ်
သူကတော့John Travolta ဖြစ်ပါတယ်။
ပြည်သူ့ဆန္ဒကို မတင်ပြဘဲ လွှတ်တော်ကိုယ်စားလှယ်အချို့ ၎င်းတို့၏ ဆန္ဒကိုသာ တင်ပြနေခြင်းမှာ ဖြစ်နိုင်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
လွှတ်တော်တွင်းတွင် အများပြည်သူတို့၏ အသံ၊ အများပြည်သူတို့၏ ဆန္ဒကို
မတင်ပြဘဲ အချို့သော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၎င်းတို့၏ ဆန္ဒကိုသာ
တင်ပြနေကြခြင်းများ ဖြစ်ပေါ်နေသည် ဆိုခြင်းမှာ ဖြစ်နိုင်ကြောင်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
၁၉ ဇူလိုင် အာဇာနည်နေ့တွင် အရပ်ဘက်လူမှု အဖွဲ့အစည်း ၃၀ ကျော်နှင့် ပြည်သူ ၅၀၀ ၀န်းကျင် ကန်တော်ကြီး ပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ပြိုင်တူဥသြဆွဲခြင်းများ ပြုလုပ်ပြီး အာဇာနည်ကုန်းသို့ ဂါဝရပြု စုပေါင်းလမ်းလျှောက်
ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ ဗိုလ်ချုပ်ဆောင်ဆန်းနှင့် အာဇာနည်
ခေါင်းဆောင်ကြီးများ ကျဆုံးသော အချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အရပ်ဘက်
လူမှုအဖွဲ့အစည်း ၃၀ ကျော်နှင့် ပြည်သူ ၅၀၀ ၀န်းကျင် က ကန်တော်ကြီး ပတ်လမ်းရှိ
ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် လွမ်းသူ့ပန်းခွေချခြင်း၊ ပြိုင်တူ ဥသြ ဆွဲ၍
ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ခြင်းများ ပြုလုပ်ပြီးနောက်
အာဇာနည် ကုန်းသို့ စုပေါင်း လမ်းလျှောက် ဂါရ၀ပြုခဲ့ကြကြောင်း သိရ သည်။
အင်းယားလမ်းရှိ ဖက်ရှင်ဆိုင် တစ်ဆိုင်မှ ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ အထည်များ ဖောက်ထွင်းခိုးယူမှုတွင် ပါဝင်ကျူးလွန်ခဲ့သူ သုံးဦးကို ဖမ်းမိ
ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ ဖက်ရှင်ဆိုင် တစ်ဆိုင်၌ ဇူလိုင် ၂၁ ရက်က
ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ အ၀တ်အထည်များ ဖောက်ထွင်းခိုးယူ ခံရမှုမှ
ကျူးလွန်သူများအနက် သုံးဦးကို ဇူလိုင် ၂၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Subscribe to:
Posts (Atom)