Monday, December 21, 2015

ဆန္ဒပြကန့်ကွက်နေသည့်ကြားက ဆေးကျောင်းသူ ဂိုဏ်းဖွဲ့မုဒိမ်းကျင့်မှုမှ အငယ်ဆုံးကျုးလွန်သူ လွတ်မြောက်လာ

၂၀၁၂ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ဖြစ်ပွားခဲ့သော တုန်လှုပ်ခြောက်ခြားဖွယ် ဘတ်စ်ကားပေါ် ဆေးကျောင်းသူအား ဂိုဏ်းဖွဲ့မုဒိမ်းကျင့်မှုမှ အသက်အငယ်ဆုံး ကျုးလွန်သူသည် စာရိတ္တပြုပြင်ရေး ထိန်းသိမ်းစင်တာမှ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ဘီဘီစီသို့ ပြောသည်။
၎င်းအား ပြန်မလွှတ်ရန် စွဲချက်တင်ခြင်းများလည်း ရှုံးနိမ့်ခဲ့ပြီး လူအုပ်စုဝေးဆန္ဒပြကန့်ကွက်မှုများဖြစ်ပေါ်၍ ရဲက နှိမ်နှင်းပြီး ဆန္ဒပြသူများကို ထိန်းသိမ်းထားခဲ့ရသည်။ ထိန်းသိမ်းထားခံရသူများတွင် မုဒိမ်းကျင့် ခံရသူ ဆေးကျောင်းသူ၏ မိဘဖြစ်သူများလည်း ပါဝင်သည်။

ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာမည့် ဂွာဒီယိုလာ၏နေရာတွင် အန်ဆလော့တီဖြင့်အစားထိုးမည်

ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာသည် ရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ပြီး အန်ဆလော့တီက အစားထိုးတာဝန်ယူသွားမည် ဖြစ်သည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဂွာဒီယိုလာကို မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းများက ချိတ်ဆက်လျှက်ရှိသည်။ ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာသည် ၂၀၁၃ တွင် ဘိုင်ယန်မြူးနစ် သို့ရောက်လာခဲ့ပြီး အမှတ်ပေးဖလားနှစ်လုံးနှင့် ပိုကယ်ဖလားတစ်လုံး ရယူပေးထားသည်။

မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်တွင် သေဆုံးသူဦးရေ ၄၅ ဦးအထိရှိလာ


မုန်တိုင်းနှစ်ခု၏ဘေးဒဏ်ကို ရင်ဆိုင်လိုက်ရသည့် ဖိလစ်ပိုင်နိုင်ငံတွင် မြို့ပြအချို့၌ ရေကြီးမှုများ ဖြစ်ပွားနေဆဲဖြစ်ကာ မြောက်ပိုင်းဒေသများတွင် မိုးများဆက်လက်ရွာ သွန်းနေခြင်းကြောင့် သေဆုံးသူဦးရေ ၄၅ ဦးအထိ မြင့်တက်လာကြောင်း သဘာဝဘေးစောင့်ကြည့်ရေးတာဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း တိုင်ဖုန်းမုန်တိုင်း မေလာနှင့် လေဖိအားနည်းရပ်ဝန်း အွန်ယော့တို့ ဆင့်ပြီး ၀င်ရောက်ခဲ့သည့် ဖိလစ်ပိုင်တွင် မိုးများဆက်လက်ကာ ရွာသွန်းနေခြင်းဖြစ်သည်။

တရုတ်၏ အဓိကကျသော အကျိုးစီးပွားများကို လေးစားရန် အမေရိကန်ပြည်ထောင်စုအား တရုတ် တိုက်တွန်း

အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုကို ရပ်တန့်ခြင်း၊ တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ထိန်းချုပ်ထားသည့် ကျွန်းများအနီး စစ်ရေးကင်းလှည့်မှုများကို အဆုံးသတ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ အဓိကကျသော အကျိုးစိးပွားများကို လေးစားရန် လိုအပ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကိုပြော ကြားခဲ့သည်။