Tuesday, July 2, 2013

မကောင်းဆိုးဝါး မြို့

မကောင်းဆိုးဝါး မြို့

==============

ဂျပန်နိုင်ငံရေပိုင်နက်မှာတည်ရှိတဲ့ ကျွန်းမြို့ငယ်လေးဖြစ်ပါတယ်၊Hasima လို့ခေါ်တဲ့ အဆိုပါကျွန်းဟာဆိုရင် စုစုပေါင်းအကျယ် ၁ကီလိုမီတာ ဝန်းကျင်သာ ကျယ်ပြန်ပါတယ်။

လွန်ခဲ့ ၁၈၈၇-၁၉၇၄ ခုနှစ်တွေမှာ အစည်ကားဆုံး မြို့ငယ်လေးအဖြစ်
လူဦးရေ ၅၀၀၀ အထိနေထိုင်ခဲ့ ပါတယ်၊

ပြောင်းလဲ လာတဲ့ခေတ်အဆက်ဆက်အရ အဆိုပါကျွန်းမြို့လေးကို
၁၉၇၄ ခုနှစ်မှာလူအများကမနေထိုင်တော့ပဲ နှစ်ပေါင်းများစွာစွန့်ပစ်ခဲ့
တဲ့ မြို့ဟောင်းလေးတစ်မြို့အဖြစ်ယနေ့တိုင်တည်ရှိနေပါတယ်၊

မည်သူတစ်ဦးတစ်ယောက်မျှနေထိုင်ခြင်းမရှိတဲ့ အဆိုပါမြို့က ဒေသခံတွေက
မကောင်းဆိုးဝါးတွေနေထိုင်တဲမြို့ဆိုပြီး Ghost Town လို့ခေါ်ဆိုထားခြင်း
ဖြစ်ပါတယ်၊

ယခုလက်ရှိမှာတော့ ဂျပန်အစိုးရက နိုင်ငံခြားသားတွေသွားရောက်လည်ပတ်
ရန်ပြန်လည်ဖွင့်လှစ်ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့
ရှေးဟောင်းမြို့အဖြစ် ယနေ့တိုင်တည်ရှိနေပါတယ်၊

Ref::: Khun Nay(Latest Cars) 
ဂျပန်နိုင်ငံရေပိုင်နက်မှာတည်ရှိတဲ့ ကျွန်းမြို့ငယ်လေးဖြစ်ပါတယ်၊Hasima လို့ခေါ်တဲ့ အဆိုပါ ကျွန်းဟာ ဆိုရင် စုစုပေါင်းအကျယ် ၁ကီလိုမီတာ ဝန်းကျင်သာ ကျယ်ပြန်ပါတယ်။

တိုက်ကြီးများဖလား ဗိုလ်လုပွဲကျင်းပစဉ် ဘရာဇီးရဲများနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ အိမ်ရှင်ဘရာဇီးအသင်းနှင့် စပိန်အသင်းတို့သည် တိုက်ကြီးများ ဖလား နောက်ဆုံးဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားနေကြစဉ် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့သည်ဟု ဇူလိုင် ၁ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ မာရာကာနာ ဘောလုံး

GSM နဲ့ WCDMA မြန်မာငွေနဲ့ နိုင်ငံခြားကို ခေါ်လို့ရပြီ

ဂျီအက်စ်အမ်နဲ့ ဒဗလျူစီဒီအမ်အေ (သရီးဂျီ) စနစ်သုံး မိုဘိုင်းဖုန်းတွေ ယနေ့ စတင်ပြီး မြန်မာငွေ နဲ့ပဲ နိုင်ငံခြားကို တိုက်ရိုက်ခေါ်နိုင်ပြီ ဖြစ်ပါတယ်။ ခေါ်ဆိုခနှုန်းထားတွေကတော့ ယခင်အက်ဖ်အီးစီ

ရန်ကုန်တွင် တစ်ရက်တည်း လူသေဆုံးမှု ခြောက်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် လေးခုတွင် ဇွန်လ ၃၀ ရက်နေ့က လူသေဆုံး မှု ခြောက်မှု ဖြစ် ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

မန်ယူခေတ်သစ်ကို စတင်ပုံဖော်တော့မည့် မိုယက်စ်ကို ဗြိတိန်မီဒီယာများ စိတ်ဝင်တစားစောင့်ကြည့်

Photo: မန်ယူခေတ်သစ်ကို စတင်ပုံဖော်တော့မည့် မိုယက်စ်ကို ဗြိတိန်မီဒီယာများ စိတ်ဝင်တစားစောင့်ကြည့်
Tueday, July 02, 2013

မန်ယူအသင်း ကို ၂၇ နှစ်တာပဲ့ကိုင်ကာ အင်္ဂလန် ပရီးမီးယားလိဂ်တွင်သာမက ကမ္ဘာ့ ချန်ပီယံဖလား၊ ဥရောပချန်ပီယံ ဖလားများရရှိစေခဲ့သည့် နည်းပြ ကြီးဖာဂူဆန်နေရာကို ဆက်ခံ မည့် ဒေးဗစ် မိုယက်စ် ၏ မန်ယူ ခေတ်သစ်နေ့ရက်မှာ ယနေ့(ဇူလိုင် ၁ရက်)က စတင်ပြီဖြစ်သည်။ ပရီးမီးယားလိဂ်ဘောလုံး လောက၏ အောင်မြင်မှုအရှိဆုံး ဂုဏ်ပုဒ်ကို ဖာဂူဆန်ရယူပေးခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် မန်ယူပုံရိပ်ကို ဖြန့် ကြက်နိုင်ခဲ့ရာ ၎င်းနေရာ ကို ဆက်ခံမည့် ဒေးဗစ်မိုယက်စ်၏ မန်ယူ ပထမဆုံးနေ့ရက်မှစတင် ကာ ဗြိတိန်မီဒီယာများစောင့်ကြည့် မေးခွန်းထုတ်လာခဲ့ပြီဖြစ်သည်။

ပရီးမီးယားလိဂ်တွငှ်စန- ခငေူ ဥညနဟု ခေါ်ဝေါ်နိုင်ခဲ့သည့် မော်ရင်ဟိုက ချဲလ်ဆီးနှင့် တစ် ကျော့ပြန်လာကာ ပရီးမီးယား လိဂ်နှင့် ချန်ပီယံလိဂ်ကိုပစ်မှတ် ထားလာခြင်း၊ မြို့ခံပြိုင်ဘက်ကြီး မန်စီးတီးက မာလာဂါ၊ ဗီလာရီး ရဲလ်တို့နှင့် ချန်ပီယံလိဂ်တွင်စွမ်း ဆောင်ရည်ကောင်းမွန်မှုကို ပြ သခဲ့သည့် နည်းပြပယ်လီဂရီနီကို ခန့်အပ်ခဲ့သလို အပြောင်းအရွှေ့ ဈေးကွက်တွင်လည်း ထိပ်တန်း အရည်အသွေးရှိ ကစားသမား ကို ခေါ်နိုင်ခဲ့ခြင်း၊ ဖာဂူဆန်၏ပြိုင်ဘက်ဟောင်းကြီး အာစင် ဝင်းဂါးက ပရီးမီးယားလိဂ်တွင် ဖလားရည်မှန်းချက်ကို အကောင် အထည်ပြန်ဖော်လာခဲ့ရာ ဒေးဗစ် မိုယက်စ်ကို စိန်ခေါ်စရာများပြည့် နှက်နေခြင်းပင်ဖြစ်သည်။

ဒေးဗစ်မိုယက်စ်၏ မန်ယူ ခေတ်သစ်နှင့်ပတ်သက်၍ွှ့နှကည သတင်းစာ အားကစားသုံး သပ်သူ ဟာရီရက်ဒ်နပ်က ပရီးမီး ယားလိဂ်ဖလားကို ရည်မှန်းလာ သည့် ငါးသင်းထဲမှ နည်းပြသစ် သုံးဦး၏အသင်းများမှာ ဖလား ရရေး စိန်ခေါ်မှု က အလွန်ကြီးမား လိမ့်မည်ဖြစ်ကြောင်း၊ အထူးသ ဖြင့် မြို့ခံပြိုင်ဘက်မန်စီးတီး၏ ယမန်နှစ်အငြှိုးက မန်ယူကို ဘော လုံးရာသီသစ်တွင် အခက်ကြုံလာ နိုင်စရာရှိကြောင်း၊ ချဲလ်ဆီးနှင့် မန်စီးတီးအသင်းများက ထိပ်တန်း အရည်အသွေးရှိကစားသမားများ ဖြင့် အင်အားသွေးသစ်လောင်း နေသော်လည်း အပြောင်းအရွှေ့ ဈေးကွက်တွင် ခြေငြိမ်နေသည့် မန်ယူအနေဖြင့် နာမည်ကြီးကစား သမားများကိုခေါ်ပြီး ပရီးမီးယား လိဂ်ချန်ပီ ယံကို ကာကွယ် ရန် ပြင်ဆင်သင့်ကြောင်း သုံးသပ်ခဲ့သည်။

ထို့အပြင် မန်ချက်စတာ ညနေခင်းသတင်းစာက ရူနီနှင့် ရှေ့ဆက် မည်သို့လုပ်ဆောင်မည် နည်း၊ ရီးရဲလ်အနာဂတ် မရေမရာ ဖြစ်လာသည့် စီရော်နယ်ဒိုနှင့် ပြန် လည်ပေါင်းထုတ်ရေးဇာတ်လမ်း၊ ထွက်ခွာသွားခဲ့သည့် လက်ထောက် နည်းပြများ၊ ပထမအသင်းနည်း ပြများနေရာကို အစားထိုးသူများ က မန်ယူအသင်းသားများနှင့် အထိုင်ကျစေရန် မည်သို့ဆောင် ရွက်သွားမည်နည်း၊ ရာသီအစပွဲ ကျပ်များကို မည်သို့ဖြေရှင်းသွား နိုင်မည်ကို မေးခွန်း ထုတ် ခဲ့သည်။

Yangon Media Group
မန်ယူအသင်းကို ၂၇ နှစ်တာပဲ့ကိုင်ကာ အင်္ဂလန် ပရီးမီးယားလိဂ်တွင်သာမက ကမ္ဘာ့ ချန်ပီယံဖလား၊ ဥရောပချန်ပီယံ ဖလားများရရှိစေခဲ့သည့် နည်းပြ ကြီးဖာဂူဆန်နေရာကို ဆက်ခံ မည့် ဒေးဗစ် မိုယက်စ် ၏

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား တစ်နှစ် နီးပါးကြာသည်အထိ ပြဋ္ဌာန်းနိုင်ခြင်းမရှိသေး

အများပြည်သူသိရှိရန် နိုင်ငံပိုင်သတင်းစာမှတဆင့် ၂၀၁၂ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့ တွင် ဖော်ပြ ခဲ့သော လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ကြမ်းအား တစ်နှစ် နီးပါး ကြာသည်အထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(နေပြည်တော် ဇူလိုင် ၂)

မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံရဲ့  လက်ရှိအခြေအနေများကို  မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း  ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်းဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်
---------------------
ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများအနက် ပြည်သူတွေရဲ့ အဓိက လိုအင်ဆန္ဒ တစ်ရပ်ဖြစ်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ဖို့ ခေတ်မီအမျိုးသား စီးပွားပုံစံချခြင်းဆိုတဲ့ ဖြစ်စဉ်ကို ကြိုးပမ်းအကောင်အထည် ဖော်နေတာကို မိဘပြည်သူများ သိရှိကြပြီးဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုများရဲ့ ဆောင်ရွက်မှုတစ်ခုအဖြစ် မြန်မာနိုင်ငံကို ကမ္ဘာ့ ဈေးကွက်နဲ့ ပြန်လည် ချိတ်ဆက်နိုင်ဖို့နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံ အကြောင်း ပိုမိုသိရှိလာစေဖို့ဆိုတဲ့  ရည်ရွယ်ချက်နဲ့  အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။  

ဒီဖိုရမ်ကို မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပ တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံတကာက ထင်ရှားတဲ့ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များ စုံစုံလင်လင်နဲ့ တက်ရောက်သူအများဆုံး၊  အစည်ကားဆုံး ဖိုရမ်အဖြစ် ကျင်းပနိုင်ခဲ့တာကလည်း ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ ဒီဖိုရမ်ကို တက်ရောက်လာကြတဲ့ ကမ္ဘာတစ်လွှားက ထင်ရှားကျော်ကြားတဲ့  နိုင်ငံရေး၊  စီးပွားရေး ခေါင်းဆောင်များနဲ့  အနာဂတ် နိုင်ငံတကာ ဆက်ဆံရေးမှာ  အရေးပါလာမယ့် လူငယ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးများနဲ့ ပတ်သက်ပြီး တက်တက်  ကြွကြွပါဝင် ဆွေးနွေးခဲ့ကြတာကို  မိဘပြည်သူများ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ 

ဒီအချက်ဟာ ကျွန်တော်တို့ ကမ္ဘာ့အသိုင်းအဝိုင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ္ဘာကြီးကလည်း အထူးစိတ်ဝင်တစား ရှိနေတယ်ဆိုတာကို  သက်သေပြနေတာ ဖြစ်ပါတယ်။  ဖိုရမ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ပေါင်းစည်းဆောင်ရွက်ခြင်းရဲ့ အားတွေဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊  သဘာဝ သယံဇာတများ မျှဝေသုံးစွဲရေးစတဲ့ ဖြစ်စဉ်တွေနဲ့လည်း တိုက်ဆိုင်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

ဒီဖိုရမ် ဖြစ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့ကြတဲ့ တာဝန်ရှိသူများ၊ ပညာရှင်များ၊  ဝန်ထမ်းများနဲ့  စေတနာ့ ဝန်ထမ်း  တက္ကသိုလ်ကျောင်းသူ ကျောင်းသားများရဲ့   ဝါယမစိုက် ဆောင်ရွက်မှုတွေကို ကျွန်တော့်အနေနဲ့ လှိုက်လှဲစွာ အသိ အမှတ်ပြု  ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

မလေးရှားရောက် မြန်မာနိုင်ငံသားများဖြစ်စဉ်
--------------------------------------------
ဇွန်လအတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် စိတ်မကောင်းစရာ ဖြစ်ခဲ့ရတဲ့ ကိစ္စကတော့ မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတချို့ တိုက်ခိုက်ခံရတဲ့ ကိစ္စဖြစ်ပြီး ကျွန်တော့်အနေနဲ့ ထိခိုက်နာကျင်ခဲ့ရတဲ့  စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရတဲ့  မိသားစုများနဲ့ ထပ်တူထပ်မျှ  ဝမ်းနည်းမိပါကြောင်း   ဦးစွာပြောကြားလိုပါတယ်။  

ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့အနေနဲ့ သင်ခန်းစာအဖြစ် ရယူရမယ့်ကိစ္စကတော့ နိုင်ငံတွင်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စုရဲ့ အစွန်းရောက် လုပ်ရပ်တွေ၊  မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေအကြား  အမုန်းတရား တိုးပွားအောင် လုပ်ဆောင် မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြထိုင်ကြရတဲ့ ကျွန်တော်တို့ရဲ့  နိုင်ငံသားများကို မလုံခြုံမှုတွေနဲ့ စိုးရိမ်သောကတွေ ဖြစ်စေခဲ့တယ် ဆိုတာပဲဖြစ်ပါတယ်။ 

ကျွန်တော်တို့အနေနဲ့ နိုင်ငံတွင်းမှာ တစ်ဖက်နဲ့တစ်ဖက်ကြား အမုန်း တရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို  ဥပဒေနဲ့အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့  အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာဖြစ်သလို ပြည်ပနိုင်ငံများ မှာ ရောက်ရှိနေထိုင်ကြတဲ့ ကျွန်တော်တို့  နိုင်ငံသားများ  အထူးသဖြင့် ပြည်ပမှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ မြန်မာများရဲ့  လုံခြုံရေးနဲ့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ထိရောက်စွာ ပေးနိုင်ဖို့အတွက် ပြည်ပနိုင်ငံများမှာ အခြေစိုက်တဲ့ မြန်မာသံရုံးများရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်တိုးချဲ့ ဆောင်ရွက်သွားရမယ် ဆိုတာကိုလည်း  အထူး ဂရုပြုမိပါတယ်။ 

ဒီဖြစ်ရပ်မှာ မြန်မာ့ရိုးရာ ဓလေ့ထုံးစံ တစ်ခုဖြစ်တဲ့ မိမိတို့အမျိုးသားချင်း စောင့်ရှောက်ကူညီမှု၊  ပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ တစ်ပိုင် တစ်နိုင် ကူညီမှုကနေ ပြည်တွင်းပြည်ပမှာရှိကြတဲ့ လူမှုရေး အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များရဲ့ ထက်သန်တဲ့ စေတနာနဲ့ ကူညီမှုတွေကို တွေ့မြင်ရတဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။

ILO ပိတ်ဆို့မှု ရုပ်သိမ်းခဲ့ခြင်း
----------------------------- 
အလုပ်သမားကိစ္စရပ်များနဲ့ ဆက်စပ်ပြီး  ကျွန်တော်တို့နိုင်ငံ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးလို ဖြစ်နေခဲ့တဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ  ရုပ်သိမ်းသွားစေဖို့ ကျွန်တော်တို့ အစိုးရအနေနဲ့ အထူးကြိုးပမ်း ဆောင်ရွက်နေတယ်ဆိုတာ  မိဘပြည်သူများ  သိရှိကြပြီးဖြစ်ပါတယ်။  ယခုလအတွင်းမှာ  အပြည်ပြည်ဆိုင်ရာ    အလုပ်သမားအဖွဲ့ ILO က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ကန့်သတ်မှုများအားလုံးကို  ရုပ်သိမ်းပေးလိုက်ပြီး တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။ 

ကျွန်တော်တို့နိုင်ငံမှာ  ဖြစ်ပေါ်နေတဲ့ အလုပ်ရှင် အလုပ်သမား  အငြင်းပွားမှုတွေကို  စားပွဲ ဝိုင်းမှာ  မျက်နှာစုံညီအဖြေရှာ    ဆွေးနွေးလာနိုင်တာတွေ၊    အလုပ်သမား အခွင့်အရေး ကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဋ္ဌာန်း ကျင့်သုံး လာနိုင်တာတွေ၊ အလုပ်သမား အဖွဲ့ အစည်းတွေ  ဖွဲ့စည်းခွင့် ရလာတာတွေနဲ့   အဓမ္မ လုပ်အားပေးစေခိုင်းမှု  တိုက်ဖျက်ရေးမှာ အောင်မြင်မှု ရရှိလာတာတွေကြောင့် အခုလို ILO   ရဲ့ ကျန်ရှိနေသေးတဲ့ အရေးယူ ပိတ်ဆို့မှုများ အားလုံးကို  ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ 

အခုလို ILO ရဲ့  တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံ  ပြန်ဖြစ်လာတာဟာ  မြန်မာနိုင်ငံရဲ့  စီးပွားရေးဖွံ့ဖြိုးမှုအတွက် သာမကဘဲ မြန်မာအလုပ်သမားများရဲ့ အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ဖို့ များစွာ အထောက် အကူပြုမှာဖြစ်ပါတယ်။

TIME မဂ္ဂဇင်းဖော်ပြချက်
------------------------ 
မြန်မာနိုင်ငံရဲ့ လူအများစု  ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာအပေါ်မှာ ကမ္ဘာက အထင်အမြင် လွဲမှားစေပြီး မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် အများစုရဲ့ ဘာသာရေး ယုံကြည်မှုနဲ့ အနှစ် သာရများကို ထင်ဟပ်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်အနည်းစုရဲ့ လုပ်ဆောင်မှုတွေကို ဇောင်းပေးဖော်ပြ ထားတဲ့ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးနဲ့  ပတ်သက်ပြီး  ပြည်သူများအကြား  အငြင်းပွားမှုတွေ၊  သဘောထားကွဲလွဲမှုတွေနဲ့  စိတ်ထိခိုက်ခဲ့ရမှုတွေ ဖြစ်ခဲ့ကြရတာတွေကို ကြားသိခဲ့ရ ပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ သဘောထား ရပ်တည်ချက်ကတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်း နေတဲ့  အစိုးရတစ်ရပ်အနေနဲ့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးမှာ ပါဝင်သူအားလုံးနဲ့ ပြည်တွင်း ပြည်ပ မီဒီယာများရဲ့ ပြောဆိုရေးသားမှုများထဲမှာ မတူညီသော သဘောထားအမြင်များကို နားလည်လက်ခံပါတယ်။ ကျွန်တော့်အနေနဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်စွာ ရေးသားခွင့် ပြန်လည်ရရှိဖို့နဲ့ အသက်ဝင် ရှင်သန်ရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် နေတယ်ဆိုတာကို သိရှိကြပြီးလည်း ဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံ တစ်ရပ်အဖြစ် ခံယူထားကြတဲ့ ''မည်မျှ မှန်ကန်သော ကိစ္စရပ်ပင် ဖြစ်သော်လည်း အများအတွက် အကျိုးမရှိပါက ပြောကြားရန် မသင့်''ဆိုတဲ့ အဆုံးအမအတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့် တို့ကို ကျင့်သုံးကြတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်း လက်ရှိရောက်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့ လိုသလို အပြုသဘောဆောင်တဲ့ ကျင့်သုံးမှုများဖြစ်ဖို့  လိုအပ်တယ် လို့လည်း အလေးအနက် ခံယူထား ပါတယ်။ 

ဒါကြောင့် တိုင်းမ်မဂ္ဂဇင်းမှာ ပါဝင်တဲ့ ရေးသား ပြောဆိုချက်တွေဟာ အပြုသဘောဆောင်သော ချဉ်းကပ်မှု၊ ပြည်သူလူထု အများစု နားလည် လက်ခံပေးနိုင်မယ့် တင်ပြခြင်းမျိုးနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခများကို ငြိမ်းအေးစေသော ရည်ရွယ်ချက်များဖြစ်အောင် အာရုံစိုက်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် နိုင်ငံတကာ မီဒီယာများကို ပြောကြားလိုတာကတော့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးများရဲ့    တခြားမျက်နှာစာ တစ်ဖက် မှာ  ကြီးမားသည့် စိန်ခေါ်မှုများ၊  သမိုင်းဖြစ်ရပ်များ၏ အရိပ်မည်းများနဲ့ မိမိတို့ လူ့အဖွဲ့အစည်းရဲ့ သံသယကြီးမားမှုနဲ့ အကဲဆတ် မှုများကို အစဉ်ထည့်သွင်း စဉ်းစားစေလိုကြောင်း ပြောကြား လိုပါတယ်။ 

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ထွန်းမှုများနဲ့ ဒီမိုကရေစီအရေး တည်ဆောက်မှုများကို တိုင်းတာတဲ့အခါမှာ ၂၆ လသာ သက်တမ်းရှိသေးတဲ့ကာလနဲ့ လိုက်လျော ညီထွေရှိမယ့် တိုင်းတာမှုမျိုး ဖြစ်သင့်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုများ
---------------------------------------- 
ဇွန်လအတွင်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုပါတယ်။ ဇွန်လ အတွင်းမှာ RCSS/SSA ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။  KNU အဖွဲ့အစည်းနဲ့ KNPP အဖွဲ့အစည်း များနဲ့လည်း လိုအပ်တဲ့ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကို အထောက် အကူပြု ပံ့ပိုးပေးနိုင်မယ့် ယုံကြည်မှု တည်ဆောက်ခြင်းများကို တိုးမြှင့် နိုင်ခဲ့ပါတယ်။ အခုလို  ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင် မှုမှာ တိုးတက်မှုများ ရရှိလာခြင်းဟာ ကျွန်တော်တို့ ပြည်သူများ လိုလားတောင့်တနေကြတဲ့ ရေရှည်တည်တံ့တဲ့  ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်များ တစ်စတစ်စ ပုံပေါ်နီးကပ်လာပြီ ဆိုတာကို ဝမ်းမြောက်ဖွယ်  တွေ့ရှိရမှာ ဖြစ်ပါတယ်။  

Moving Forward
-------------------
ကျွန်တော့် အနေနဲ့ မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒနှစ်ရပ်ဖြစ်တဲ့ ကောင်းမွန်စွာ စီးပွားရှာဖွေ လုပ်ကိုင်နိုင်ရေးနဲ့ လုံခြုံမှုရှိရှိ ဘဝ ရပ်တည် နေထိုင်နိုင်ရေးဆိုတဲ့ အချက်တွေကို ကောင်းစွာသဘောပေါက်ပြီး နောင် အနာဂတ် မျိုးဆက်တွေအတွက်ပါ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ဘဝတွေ ပိုင်ဆိုင်လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ် တစ်ခုကိုရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာကြပါစေ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/07/02/id-3836]
မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြော ကြားနေ ကျ ဖြစ်တဲ့အတိုင်း ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြား ရခြင်းဖြစ် ပါတယ်။

တစ်နိုင်ငံလုံး၌ တာဝါတိုင် တစ်သောင်း စိုက်မည်ဖြစ်ပြီး ဆက်သွယ်ရေး ၀န်ဆောင်မှုများကို ၂၀၁၄ ဧပြီမှ ဇွန်လအတွင်း စတင်နိုင်မည်ဟု Telenor ပြောကြား

7.1.9
ပါကစ္စတန်နိုင်ငံအတွင်းရှိ Telenor ဆက်သွယ်ရေး ကုမ္ပဏီရုံးခွဲ တစ်ခုအား တွေ့ရစဉ် (Photo:Telenor.com)
မြန်မာတစ်နိုင်ငံလုံး၌ တာဝါတိုင်ပေါင်း တစ်သောင်း စိုက်မည်ဖြစ်ပြီး ဆက်သွယ်ရေး ၀န်ဆောင်မှုများကို

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ စမ်းသပ်ပို့လွှတ်စဉ် ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောကြား

7.1.11
ပိုက်လိုင်းပေါက်နေသဖြင့် မြေတူးစက်ဖြင့် ပြန်လည်တူးဖော်နေစဉ် (ဓာတ်ပုံ- အောင်ရမ္မာ(ကျောက်ဖြူ))
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ စတင်စမ်းသပ် ပို့လွှတ်စဉ်

ခန္ဓာကိုယ်အစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါတစ်မျိုး ရှိသည်ဟု ယူဆရသူ အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအား စစ်ဆေးကုသပေးမည်

7.1.15
သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူ ကိုဝင်းဇော်ဦးအား အထူးကု ဆရာဝန်ကြီးများနှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင် ကျေးရွာရှိ ကိုဝင်းဇော်ဦး အရပ် ၇ ပေ ၁၀

အလုံမြို့နယ်ရှိ တိုက်ခန်းတစ်ခု၌ ဇူလိုင် ၁ ရက်ည ၈ နာရီခွဲခန့်က အနုကြမ်းစီးမှုဖြစ်ပွား

7.1.16
အနုကြမ်းစီးမှု ဖြစ်ပွားရာ ခြောက်လွှာ အပေါ်ဆုံးထပ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)
အလုံမြို့နယ်၊ စက်တွင်းလမ်း၊ အမှတ် ၆၀ (ခြောက်လွှာ) ရှိ တိုက်ခန်း တစ်ခုတွင် ဇူလိုင် ၁ ရက်ည ၈

ဗဟိုချုပ်ကိုင်မှုကို လျော့ချနိုင်မှု မရှိခြင်းနှင့် အကျင့်ပျက်ခြစားမှုအား တိုက်ဖျက်နိုင်မှု မရှိခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုများ ခရီးမရောက် ဖြစ်နေကြောင်း သုံးသပ်မှုများရှိနေ

အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လုပ်ကိုင်နေသော်လည်း ဗဟို ချုပ်ကိုင်မှုကို လျော့ချနိုင်မှုမရှိခြင်းနှင့် အကျင့်ပျက် ခြစားမှုများအား တိုက်ဖျက်နိုင်မှု မရှိခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုများ ခရီးမရောက် ဖြစ်နေကြောင်း သမ္မတ၏ အကြံပေးအဖွဲ့မှ သတင်း ရရှိသည်။

၂၀၁၃-၁၄ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်ခွင့် စနစ်များ အပြောင်းအလဲမရှိ၊ တက္ကသိုလ်ဝင်ခွင့် လျောက်ထားသူ၏ ဦးစားပေး လျှောက်ထားမှုနှင့် စာမေးပွဲ ရမှတ်များ ပေါ်တွင်သာ မူတည်ပြီး ယခင်အတိုင်း ရွေးချယ်မည်

၂၀၁၃-၁၄ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်ခွင့် စနစ်များ အပြောင်းအလဲ မရှိသေးကြောင်း၊ တက္ကသိုလ်