Friday, December 7, 2012
အမေရိကန် Winrock အဖွဲ့မှ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် နည်းပညာ ကူညီပံ့ပိုးမည်
Photo: အမေရိကန် Winrock အဖွဲ့မှ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် နည်းပညာ ကူညီပံ့ပိုးမည်
Friday, December 07, 2012
အမေရိကန်နိုင်ငံ Winrock International အဖွဲ့အစည်းမှ မြန်မာနိုင်ငံ
မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများတွင်နည်းပညာဆိုင်ရာပံ့ပိုးမှုများ ပြုလုပ်
ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။
အဆိုပါ အဖွဲ့အစည်းသည် Farmer to Farmer Development Program အရ မြန်မာနိုင်ငံရှိ မွေးမြူရေးနှင့် ငါးလုပ်ငန်း ကဏ္ဍ၌ ငါးမြစ်ချင်း ငါးမျိုးများ
မြှင့်တင်ခြင်း၊ ပြည်ပပို့ ငါးများအားပြုပြင် ထိန်းသိမ်းထုတ်လုပ်ခြင်း စသည့် နည်းလမ်းများနှင့် မွေးမြူရေးနည်းပညာများကို ကူညီပံ့ပိုးပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
"သူတို့စရိတ်နဲ့သူတို့  လာပြီးနည်းပညာတွေပံ့ပိုးပေးသွားမှာ။ မြန်မာနိုင်ငံ
သားငါးကဏ္ဍမှာ လိုအပ်နေတဲ့နည်း ပညာတွေ၊ အခက်အခဲတွေကို သူတို့ဆီကို အဆိုပြုလွှာတွေ တင်ခိုင်းထားတယ်။ အဆိုပြုလွှာတွေအပေါ် မူတည်ပြီးတော့ မြန်မာပြည်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ နည်းပညာတွေကို လက်ပွန်းတတီး သင်ပေးသွားမှာပါ" ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ
အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ 
မြန်မာနိုင်ငံမွေးမြူရေးနှင့် ရေလုပ်ငန်းများမှ သက်ဆိုင်ရာ ကဏ္ဍအသီးသီး
အလိုက် အဆိုပြုလွှာ(၃)ခုစီကို အဆိုပါ အဖွဲ့အစည်းသို့ တင်ထားကြောင်း၊
မြန်မာနိုင်ငံအား နည်းပညာပံ့ပိုးပေးမူများကြောင့် အမေရိကန်
ဈေးကွက်တွင်း အသား၊ ငါးထုတ်ကုန် အရည်အသွေး ပြည့်မှီအောင်
ထုတ်လုပ်တင်ပို့လာနိုင်ခြင်းနှင့် ပြည်ပ ဈေးကွက်များသို့ တိုးချဲ့လာနိုင် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်က ဆိုသည်။
"နည်းပညာအရ ပေါင်းကူးတဲ့အစီအစဉ်ပါ။ ဈေးကွက်ရဖို့လည်း လိုတယ်။
ဈေးကွက်ကို အပြောင်းအလဲလုပ်ပေး ဖို့ လိုပါတယ်။ဒီလိုလုပ်ပေးမှလည်း ဖွံ့ဖြိုးတိုးတက်မှုရလာမှာပါ" ဟု ရေထွက်ပစ္စည်းနှင့်ပို့ကုန်လုပ်ငန်းရှင်
ဒေါ်တိုးနန္ဒာတင်က ပြောသည်။
မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုများဖယ်ရှားခဲ့ပြီး
နောက်ပိုင်းတွင် နိုင်ငံတကာမှ ပြည်တွင်း သားငါးကဏ္ဍသို့ နည်းပညာများ ပံပိုးကူညီမှု အများအပြားရှိလာကြောင်းသိရှိရသည်။
အလားတူ ယခု ဒီဇင်ဘာလတွင်း ဘင်္ဂလားဒေ့(ရှ်) အခြေစိုက် Winrock International အဖွဲ့မှလည်း ဆိတ်မွေးမြူ ရေးလုပ်ငန်းများတွင် နည်းပညာပံ့ပိုးကူညီပေးများဖြင့် အကျိုးဖြစ်ထွန်းကောင်းမွန်သည့် မွေးမြူမှု
စနစ်များအား ဆွေးနွေးသွား မည်ဖြစ်ကြောင်းကိုလည်း နိုဝင်ဘာလ
ကုန်ပိုင်းတွင်း ငါးလုပ်ငန်းအဖွဲ့ချုပ်ထံ မှသိရှိရသည်။
ယမင်း(မြစ်မခ)
Myit Makha Mediagroupအမေရိကန်နိုင်ငံ Winrock International အဖွဲ့အစည်းမှ မြန်မာနိုင်ငံ
မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများတွင်နည်းပညာဆိုင်ရာပံ့ပိုးမှုများ ပြု လုပ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။
အဆိုပါ အဖွဲ့အစည်းသည် Farmer to Farmer Development Program အရ မြန်မာနိုင်ငံရှိ မွေးမြူရေးနှင့် ငါးလုပ်ငန်း ကဏ္ဍ၌ ငါးမြစ်ချင်း ငါးမျိုးများမြှင့်တင်ခြင်း၊ ပြည်ပပို့ ငါးများအားပြုပြင် ထိန်းသိမ်းထုတ်လုပ်ခြင်း စသည့် နည်းလမ်းများနှင့် မွေးမြူရေး
၂ဝ၁၆ ခုနှစ်တွင် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဟီလာရီ ကလင်တန်ကို အမေရိကန် ပြည်သူအများစု ထောက်ခံ
Photo: ၂ဝ၁၆ ခုနှစ်တွင် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဟီလာရီ ကလင်တန်ကို အမေရိကန် ပြည်သူအများစု ထောက်ခံ
Friday, December 07, 2012
အမေရိကန် နိုင်ငံသား အများစုသည် ၂ဝ၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင်
ဝင်ရောက် ယှဉ်ပြိုင်ရန် နိုင်ငံ ခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို
ထောက်ခံလျက်ရှိကြောင်း ဒီဇင်ဘာ ၅ ရက်က နိုင်ငံ တစ်ဝန်းတွင်
နောက်ဆုံး ကောက်ယူခဲ့သည့် လူထု စစ်တမ်းအရ သိရသည်။
နောက်ဆုံး ကောက်ယူ ခဲ့သည့် သဘောထား စစ်တမ်း အရ အမေရိကန် နိုင်ငံသား ၅၇ ရာခိုင် နှုန်းသည် ဘားရက် အိုဘားမား၏
လေးနှစ်ကြာ ဒုတိယ သမ္မတ သက်တမ်း ကုန်ဆုံးပြီးနောက် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင် ရွေးချယ်ခံရန် ကလင်တန် ကို
ထောက်ခံလျက် ရှိပြီး ၃၇ ရာခိုင်နှုန်းသာ ထောက်ခံမှု မရှိကြောင်း ABC News နှင့် Washington Post တို့၏ ဖော်ပြချက် များအရ သိရသည်။
ထို့အပြင် ကောက်ယူခဲ့သော စစ်တမ်းအရ ကလင်တန်ကို အမျိုးသမီး 
များက အများဆုံး ထောက်ခံလျက် ရှိပြီး ယင်းစစ်တမ်းတွင် ပါဝင်သူ ၆၆ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်၍ ၄၉ ရာခိုင်နှုန်းသည် အမျိုးသား များဖြစ်ကြောင်း သိရသည်။
ကလင်တန်သည် ၎င်း၏ သံတမန် ရေးရာ လုပ်ဆောင်မှုများ အပေါ်
ပြည်သူများ၏ ထောက်ခံမှုနှင့် လူကြိုက် များမှုကို ရရှိ နေသော်ငြားလည်း မကြာမီ တာဝန်မှ အနားယူရန် မျှော်မှန်းထားကြောင်း သိရသည်။
မြ၀တီအမေရိကန် နိုင်ငံသားအများစုသည် ၂ဝ၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ရန် နိုင်ငံ ခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကိုထောက်ခံလျက်ရှိကြောင်း ဒီဇင်ဘာ ၅ ရက်က နိုင်ငံ တစ်ဝန်းတွင်နောက်ဆုံး ကောက်ယူခဲ့သည့် လူထု စစ်တမ်းအရ သိရသည်။ နောက်ဆုံး ကောက်ယူ ခဲ့သည့် သဘောထား စစ်တမ်းအရ အမေရိကန် နိုင်ငံသား ၅၇ ရာခိုင် နှုန်းသည် ဘားရက် အိုဘားမား၏လေးနှစ်ကြာ ဒုတိယသမ္မတ သက်တမ်းကုန်ဆုံး ပြီးနောက် ကျင်း ပမည့် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင် ရွေးချယ်ခံရန်
စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၅) သင်တန်း ဆင်းပွဲ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း
Photo: စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၅) သင်တန်း ဆင်းပွဲ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ
Friday, 07 December 2012
ရဲဘော်တို့
ဒီနေ့ဟာ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၅) သင်တန်း ဆင်းတဲ့နေ့ ဖြစ်တဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း နှုတ်ခွန်းဆက် ပြောကြား လိုတယ်။ အမိ စစ်တက္ကသိုလ်မှာ စာပေပညာ၊ စစ်ပညာတွေကို လေ့လာ သင်ကြား တတ်မြောက် အောင်မြင်ခဲ့ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးမှာ ခေါင်းဆောင် ငယ်များအဖြစ် တာဝန်ပေးအပ်ခြင်း ခံကြရတော့မှာ ဖြစ်လို့ ရဲဘော်တို့ အတွက် ဘဝမှာ မှတ်တိုင် ထူတဲ့နေ့ တစ်နေ့ ဖြစ်သလို နိုင်ငံတော်နဲ့ တပ်မတော် အတွက် ခွန်အား သစ်တွေ တိုးပွား စေတဲ့ ထူးခြား လေးနက်သော နေ့တစ်နေ့ ဖြစ်တယ်လို့ ပြောကြား လိုတယ်။
ရဲဘော်တို့
တပ်မတော်မှာ ခေါင်းဆောင်ငယ် များအဖြစ် စတင် တာဝန်ထမ်း ဆောင်ကြရမယ့် ရဲဘော်တို့ကို တပ်မတော်ရဲ့ သမိုင်းကြောင်း၊ တပ်မတော်ရဲ့ အစဉ်အလာ တွေနဲ့ သိသင့် သိထိုက်တာ တွေကို အလေး အနက် မှာကြား သွားမှာ ဖြစ်တယ်။ တို့တပ်မတော်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းနဲ့ အတူ ယှဉ်တွဲ ပေါ်ပေါက်လာ ခဲ့တဲ့ တပ်မတော် ဖြစ်တယ်။ ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) အဖြစ် တို့တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင် စတင်ဖွဲ့စည်း ခဲ့ကြပြီး နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး တွေကနေ လွတ်လပ်ရေး ရသည် အထိ ပြည်သူကို ဦးဆောင် လက်တွဲ တိုက်ပွဲဝင် ခဲ့တဲ့ တပ်မတော် ဖြစ်တယ်။ မျိုးချစ်စိတ်၊ နိုင်ငံ ချစ်စိတ်ကို အခြေခံပြီး မွန်မြတ်တဲ့ စိတ်ထား တွေနဲ့ ပြည်သူကြားက ပေါက်ဖွားလာ ခဲ့တဲ့ တို့တပ်မတော်ဟာ လွတ်လပ်ရေး ရပြီးသည်မှ ယနေ့ အချိန်အထိ အရေးကြုံတိုင်း ပြည်တွင်း ပြည်ပ အန္တရာယ် အသွယ်သွယ်ကို တိုက်ဖျက် ချေမှုန်းရင်း နိုင်ငံတော်နဲ့ ပြည်သူတွေ အတွက် မားမား မတ်မတ် ရပ်တည် ကာကွယ်ပေး ခဲ့တဲ့ အစဉ်အလာ ကောင်းတွေနဲ့ ပြည့်ဝ နေတဲ့ တပ်မတော် တစ်ရပ် ဖြစ်တယ်။ တို့တပ်မတော်ဟာ မျိုးချစ် တပ်မတော်၊ စည်းကမ်း ကောင်းသော တပ်မတော်၊ သစ္စာရှိသော တပ်မတော်၊ စည်းလုံး ညီညွှတ်သော တပ်မတော် စသည့် အစဉ်အလာ များနဲ့ ပြည့်စုံတဲ့ တပ်မတော်ပဲ ဖြစ်တယ်။ ရဲဘော်တို့ အနေနဲ့ တို့တပ်မတော်ရဲ့ အစဉ်အလာ ကောင်းတွေကို သိရှိအောင် လေ့လာပြီး အသက်နဲ့လဲ စောင့်ထိန်း သွားကြဖို့ မှာကြား လိုတယ်။
ရဲဘော်တို့
မကြာမီ အချိန်မှာပဲ ရဲဘော်တို့ဟာ တပ်မတော်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးကို ခေါင်းဆောင် ငယ်များ အဖြစ် ရောက်ရှိတာဝန် ထမ်းဆောင် ကြရမှာ ဖြစ်တယ်။ ဒါဟာ သတ်မှတ်ထားတဲ့ သင်တန်း တစ်ခုကို အောင်မြင် ပြီးမြောက် ခဲ့လို့ ခေါင်းဆောင်ငယ် အဖြစ် ခန့်အပ်တာဝန် ပေးခြင်းသာ ဖြစ်တယ်။ မိမိရောက်ရှိ တာဝန်ယူ ရတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ ကောင်းမွန်တဲ့ လုပ်ဆောင် မှုတွေ၊ မှန်ကန်တဲ့ ခေါင်းဆောင်မှု တွေနဲ့ မိမိ တာဝန်ယူ ရတဲ့ စစ်သည်တွေက မိမိကို သူတို့ရဲ့ ခေါင်းဆောင်တစ်ဦး အဖြစ် အသိအမှတ်ပြု လက်ခံ လာအောင် အလုပ်နဲ့ ပြပြီး ကွပ်ကဲ ခေါင်းဆောင်ရမှာ ဖြစ်တယ်။ မိမိတပ်ဖွဲ့ကို ခေါင်းဆောင်မှု ရအောင် အတင်းအကျပ် လုပ်ယူရင် အာဏာရှင် ခေါင်းဆောင် ဖြစ်လာပြီး အချိန်တို အတွင်း မိမိ ခေါင်းဆောင်မှု ကျဆင်း သွားမှာ ဖြစ်တယ်။ ဒါကြောင့် စိတ်ရင်း စေတနာ မှန်ကန်စွာနဲ့ ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆) ရပ် နဲ့အညီ ပြုမူ ကျင့်ကြံပြီး ကွပ်ကဲ လုပ်ဆောင် ခြင်းဖြင့် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ဆောင်ရွက် သွားကြရမှာ ဖြစ်တယ်။
တစ်ချိန်ချိန်မှာ အဆင့်ဆင့်သော တာဝန်တွေကို ပုခုံးပြောင်း ထမ်းဆောင် ကြရမယ့် ရဲဘော်တို့ဟာ ကိုယ်ကျင့် တရား အထူး ကောင်းမွန်ဖို့ လိုအပ်တယ်။ ကိုယ်ကျင့် တရား ကောင်းမွန်ရေး အတွက် ရဲဘော် တို့ကို ငယ်စဉ် ကျောင်းနေပညာ သင်ချိန်က စလို့ အမိ စစ်တက္ကသိုလ် အထိ မိဘဆရာ များက ကောင်းစွာ သင်ကြား လေ့ကျင့်ပေး ခဲ့ပြီး ဖြစ်တယ်။ ကိုယ်ကျင့် တရား ကောင်းတဲ့ ခေါင်းဆောင်ဟာ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နဲ့ ညွှန်ကြားချက် တွေကို လေးစား လိုက်နာတယ်။ ဘာသာရေး၊ လူမှုရေး၊ အဆုံးအမ တွေနဲ့အညီ နေထိုင်တယ်၊ မိမိကိုယ်ကို တန်ဖိုးထား သလို သူတစ်ပါး ကိုလည်း အလေးထားတယ်။ ဣနြေ္ဒ သိက္ခာ ရှိရှိ တည်ကြည်စွာ နေထိုင်ပြုမူ တတ်တယ်။ လိုချင် မက်မောတဲ့ လောဘနည်းပြီး ရောင့်ရဲမှု ရှိတယ်။ ဒီလို ကောင်းမွန်တဲ့ ကိုယ်ကျင့် တရားနှင့် အညီ လက်အောက်ငယ်သား တွေကိုလည်း မှန်ကန်စွာ လမ်းပြ ဦးဆောင်တယ်။ ဒါကြောင့် ရဲဘော်တို့ဟာ ဘ၀တစ်လျှောက်မှာ ကိုယ်ကျင့် တရားအထူး ကောင်းမွန်တဲ့ ခေါင်းဆောင် ကောင်းတွေ ဖြစ်အောင် မိမိကိုယ်ကို မိမိ ပြုစု ပျိုးထောင် နေထိုင်သွား ကြဖို့ တိုက်တွန်း မှာကြား လိုတယ်။
ရဲဘော်တို့
စစ်စည်းကမ်းဟာ တပ်မတော်ရဲ့ ကျောရိုး မဏ္ဍိုင် ဖြစ်သလို တပ်မတော်ရဲ့ အသက် ၀ိညာဉ်လည်း ဖြစ်တယ်။ တပ်မတော်သား အားလုံးဟာ တပ်မတော်က ထုတ်ပြန် ထားတဲ့ စည်းကမ်းတွေ၊ အမိန့်တွေ၊ ညွှန်ကြားချက် တွေကို တိကျစွာ လိုက်နာ ကျရမယ်။ စစ်သည် တွေကို ဦးဆောင်မယ့် ခေါင်းဆောင်ငယ်တွေ အနေနဲ့ စည်းကမ်း အရာမှာ ပိုပြီး စံနမူနာပြ ဖြစ်ကြရမယ်။ တို့တပ်မတော်ဟာ တပ်မတော် စည်းကမ်း ဥပဒေတွေ၊ စစ်မြေပြင် စည်းကမ်း တွေနဲ့ နယ်ဘက် ဆိုင်ရာ စည်းကမ်း ဥပဒေတွေကို စံနမူနာပြ လေးစား လိုက်နာကြရမှာ ဖြစ်တယ်။ တပ်မတော်သား အားလုံး လိုက်နာရန် တိုက်တွန်း ထားတဲ့ စစ်သည်တော် ကျင့်ဝတ် (၆၀)ကို ခါးဝတ် ပုဆိုးကဲ့သို့ မြဲမြံစွာ လိုက်နာ သွားကြဖို့ မှာကြား လိုတယ်။
ရဲဘော်တို့ အနေနဲ့ မိမိကွပ်ကဲ အုပ်ချုပ်ရတဲ့ တပ်ဖွဲ့ဝင်တွေ အပေါ် စည်းကမ်း ကောင်းမွန်မှုနဲ့ အမိန့် နာခံ တတ်မှုကို အခြေခံပြီး စိတ်ကောင်း စေတနာ မှန်ကန်စွာဖြင့် အုပ်ချုပ်သွားကြ ရမှာ ဖြစ်တယ်။ ရဲဘော် တို့ဟာ အသက်အရွယ် အားဖြင့် ငယ်ရွယ် ကြသော်လည်း မိမိထက် အသက် အရွယ်နဲ့ အတွေ့ အကြုံပါ ကြီးမား သည့် အကြပ်၊ အကြပ်ကြီး များကို ဦးဆောင်ကြ ရမှာ ဖြစ်တယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ရဲဘော် တို့ဟာ ရင့်ကျက် တည်ငြိမ်နေဖို့ အထူး လိုအပ်တယ်။ ကိုယ်ချင်း စာနာစိတ်၊ မိမိလုပ်ငန်း တာဝန်အပေါ် ဂုဏ်ယူ လိုစိတ်၊ စံနမူနာပြ စည်းကမ်း လိုက်နာမှု၊ လုပ်ငန်း ကျွမ်းကျင်မှု စတဲ့ အရည်အချင်း များဟာ ရင့်ကျက် တည်ငြိမ်စေတဲ့ အခြေခံ အကြောင်းရင်းတွေ ဖြစ်လို့ ရဲဘော်တို့ ကိုယ်တိုင် အလေးထား ဖြည့် ဆည်းပြီး တည်ငြိမ် ရင့်ကျက်အောင် ဆောင်ရွက်ရမယ်။ စစ်သည်တွေကို တာဝန် ပေးအပ်ရာ မှာလည်း သူတို့ ထမ်းဆောင်ရမယ့် တာဝန်တွေကို သဘောပေါက် နားလည်အောင် ရှင်းလင်း ပြသပြီး မျှမျှတတနှင့် တပ်မှူးကောင်းစိတ်၊ ဖခင် စိတ်ဓာတ်ဖြင့် တပ်ကို တည်ငြိမ် ရင့်ကျက်စွာ ဦးဆောင် ကွပ်ကဲ ကြရမှာ ဖြစ် တယ်။
ရဲဘော်တို့
ခေါင်းဆောင်ငယ်တွေ ဖြစ်ကြတဲ့ ရဲဘော်တို့ဟာ လုပ်ချင်ကိုင်ချင် စိတ်နဲ့အတူ ဆန္ဒတွေကို ရှေ့တန်း တင် လွန်းရင် မမှားသင့် တာတွေ မှားတတ်တယ် ဆိုတာကို အထူး သတိပြု ဖို့ လိုတယ်။ ဆန္ဒကို ဦးစား မပေးဘဲ လုပ်သင့် မလုပ်သင့် မှန်ကန်စွာ ဝေဖန်ပိုင်းခြား ကြရမယ်။
လုပ်ကိုင် ဆောင်ရွက်ရာ မှာလည်း အခြေအနေ၊ အချိန်အခါ အရပ်ရပ်ကို သေချာစွာ စဉ်းစား ချင့်ချိန်ပြီးမှ အကောင် အထည်ဖော် ဆောင်ရွက်ရမယ်။ ခေါင်းဆောင် လုပ်သူရဲ့ မူဝါဒ၊ လိုလားချက်ကို အကောင် အထည်ဖော် ဆောင်ရွက်မဲ့ လက်အောက်က သေချာ သိရှိအောင် ဆောင်ရွက်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေ၊ ဖြည့်ဆည်း ပေးရမှာ တွေကို ဖြည့်ဆည်းပေး ခြင်း၊ ဦးဆောင် လမ်းညွန်မှု ပေးခြင်းတို့ဖြင့် ရည်မှန်းချက် တာဝန်တွေကို အောင်မြင်အောင် ဆောင်ရွက်ကြ ရမှာ ဖြစ်တယ်။ တပ်မတော်သား တွေဟာ ၂၄ နာရီ တာဝန် ထမ်းဆောင် ကြသူတွေ ဖြစ်သော်လည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ရသင့် ရထိုက်တဲ့ သက်သာ ချောင်ချိမှုတွေ၊ ခွင့် ခံစားမှုတွေ၊ ကိုယ်ပိုင် အနားယူ ချိန်တွေ၊ အားကစားနဲ့ ပျော်ရွင်ချိန်တွေ မျှတစွာ ရရှိခံစား နိုင်အောင် စီမံ ဆောင်ရွက် ပေးကြရမှာ ဖြစ်တယ်။
ရဲဘော်တို့ အနေနဲ့ စွမ်းရည် သုံးရပ်နှင့် ပြည့်စုံအောင်လည်း ကြိုးစား နေကြရမှာ ဖြစ်တယ်။ စစ်ရေး စွမ်းရည်၊ စည်းရုံးရေး စွမ်းရည်နဲ့ အုပ်ချုပ်ရေး စွမ်းရည်တို့ဟာ တစ်ခုနှင့် တစ်ခု ဆက်စပ် လျှက်ရှိတယ်။ အုပ်ချုပ်ရေး စွမ်းရည် ကောင်းမွန်တာနှင့် အမျှ စစ်သည် တွေရဲ့ စိတ်ဓါတ် ကောင်းမွန် လာမှာ ဖြစ်ပြီ စစ်ရေး စွမ်းရည် တိုးတက်မှုကို ရရှိစေမှာ ဖြစ်သလို စည်းရုံးရေး စွမ်းရည် ကိုလည်း ကောင်းမွန်စေမှာ ဖြစ်တယ်။ တို့တပ်မတော်ရဲ့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာ လုပ်ငန်းတွေကို ကျွမ်းကျင်စွာ သိရှိ နားလည်ပြီး အမိန့်၊ ညွန်ကြားချက် တွေနဲ့ အညီ လုပ်ဆောင်ကြရင် စွမ်းရည် သုံးရပ်လဲ ထက်မြက် လာမှာ ဖြစ်တယ်။
ရဲဘော်တို့ အနေနဲ့ ခေါင်းဆောင်မှု အင်္ဂါရပ် များနှင့်အညီ ပြုမှု နေထိုင်မယ်၊ ကိုယ်ကျင့် တရား ကောင်းမွန် မယ်၊ အမိန့်နှင့် စည်းကမ်းကို စံနမှုနာပြ လိုက်နာမယ်၊ ပေးအပ်တဲ့ တာဝန်ကို စွမ်းရည် ပြည့်ဝစွာနဲ့ အောင်မြင်အောင် ဆောင်ရွက်မယ် တပ်ကို တပ်မှူးကောင်း၊ ဖခင်ကောင်း စိတ်ဓါတ်နဲ့ ကွပ်ကဲ သွားမယ် ဆိုရင် လက်အောက် စစ်သည်များ ကလည်း သူတို့ရဲ့ ယုံကြည် အားကိုးရတဲ့ ခေါင်းဆောင် အဖြစ်၊ အထက်ကလည်း အားထားရတဲ့ ခေါင်းဆောင်ငယ် အဖြစ် အသိ အမှတ်ပြု ခံကြရမှာဖြစ် တဲ့အတွက် စံနမူနာပြ ခေါင်းဆောင် ကောင်းများ ဖြစ်အောင် ကြိုးစား သွားကြဖို့ အလေး အနက်ထား မှာကြား လိုတယ်။
ရဲဘော်တို့
အမိ စစ်တက္ကသိုလ်က ရဲဘော်တို့ကို သင်ကြား လေ့ကျင့်ပေး ရာမှာ သစ္စာ - သူရ - သိပ္ပ ဆိုတဲ့ ဆောင်ပုဒ် နှင့် အညီ နိုင်ငံတော်နဲ့ တပ်မတော် အပေါ်မှာ သစ္စာ လေးချက် ဦးထိပ် ပန်ဆင်ပြီး သစ္စာရှိရှိ၊ တာဝန်သိသိ ထမ်းဆောင် တတ်အောင်၊ စိတ်ဓာတ်နဲ့ စည်းကမ်း ကောင်းအောင်၊ အမိန့် နာခံမှု ကောင်းအောင်၊ ပူးပေါင်း ဆောင်ရွက်မှု ကောင်းအောင်၊ နိုင်ငံတော် အပေါ် ကျရောက် လာမယ့် ပြည်တွင်းပြည်ပ အန္တရာယ် အသွယ် သွယ်ကို သူရ သတ္တိရှိရှိ တိုက်ခိုက် ချေမှုန်း လုပ်ကိုင် ဆောင်ရွက် တတ်အောင်၊ ခေါင်းဆောင်ကောင်း တစ်ဦး အနေနဲ့ သိအပ်၊ တတ်အပ်တဲ့ စစ်ပညာ၊ ၀ိဇ္ဇာနဲ့ သိပ္ပံ ဆိုင်ရာ အတက် ပညာတွေ တက်မြောက်အောင်၊ ရိုးသား တည်ကြည် ဖြောင့်မတ်သော အကျင့် စာရိတ္တကောင်း (Honour) များနဲ့ ပေးအပ်တဲ့ တာဝန်တွေ ကျေပွန်စွာ ထမ်းဆောင် တတ်အောင် လေ့ကျင့် သင်ကြား လမ်းပြပေးခဲ့ပြီး ဖြစ်တယ်။
ရဲဘော်တို့ကို စာပေပညာမှာ တက္ကသိုလ် ဘွဲ့ရ အဆင့်နဲ့ စစ်ပညာမှာ တပ်စုမှူး အဆင့် အထိ တူညီသည့် အခွင့်အရေးဖြင့် တစ်ပြေးညီ လေ့ကျင့် သင်ကြား ပေးလိုက်ပြီး ဖြစ်တယ်။ ရဲဘော်တို့ရဲ့ ကြိုးစား အားထုတ်မှု၊ သင်ကြားပေး လိုက်တဲ့ ပညာရပ် များကို လက်တွေ့ နယ်ပယ်တွင် ထိထိ ရောက်ရောက် အသုံးချ နိုင်မှု၊ စည်းကမ်းနဲ့ ကိုယ်ကျင့် တရား လေးစားလိုက်နာ စောင့်ထိန်းမှု စတဲ့ အချက်တွေပေါ် မူတည်ပြီး တစ်ဦးနှင့် တစ်ဦး တာဝန် ပေးအပ် ခံရမှု၊ ရာထူး တိုးတက်မှု၊ အောင်မြင်မှု စတဲ့ အကျိုး ရလဒ်တွေ ကွာခြား သွားတာ လက်တွေ့မြင်ရမှာ ဖြစ် လို့ ရဲဘော်တို့ အနေနဲ့ အသိတရားနဲ့ သတိရှိရှိ ကြိုးစား ဆောင်ရွက် နေဖို့ လိုအပ် တယ်။
ရဲဘော်တို့ကို သင်ကြားပေး လိုက်တဲ့ သင်ခန်းစာ တွေဟာ အခြေခံ အဆင့်မျှသာ ဖြစ်တယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာ နည်းပညာတွေ အချိန်နဲ့ အမျှ ပြောင်းလဲ တိုးတက် နေတာ နဲ့အတူ စစ်ဘက်နည်း ပညာတွေ၊ စစ်လက်နက် ပစ္စည်းတွေ ဟာလည်း လိုက်ပါ ပြောင်းလဲ တိုးတက်နေပြီး စစ်နည်းဗျူဟာ တွေပါ ပြောင်းလဲလာတာ တွေ့ကြရမှာ ဖြစ်တယ်။ ဒီကနေ့ ခေတ်မှာ စဉ်ဆက် မပြတ် လေ့လာ သင်ယူမှု မပြုကြရင် ခေတ်နောက်ကျ ကျန်နေခဲ့မှာ ဖြစ်တယ်။ ယခင်က သတင်း နည်းပညာ တိုးတက်မှု မရှိသေး ချိန်မှာ တိုက်စွမ်းအားနဲ့ ပက်သက်ရင် စစ်ကစားမှု၊ ပစ်အား၊ အကာအကွယ်နဲ့ ခေါင်းဆောင်မှု ဆိုတဲ့ အချက် (၄) ချက်နဲ့ တိုင်းတာ သတ်မှတ် ခဲ့ကြပေမယ့် ယနေ့ခေတ်မှာ သတင်း အချက်အလက် ရရှိအသုံးပြု နိုင်မှု ဆိုတဲ့ အချက်ကိုပါ ထည့်သွင်း စဉ်းစား လာကြ ရတယ်။ ဒီလို ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲနေမှု တွေကို သိရှိနိုင်ဖို့ ရဲဘော်တို့ ဘ၀ တစ်လျှောက်လုံးမှာ လေ့လာ သင်ယူမှု တွေကို စဉ်ဆက်မပြတ် လုပ်ဆောင် နေကြရမှာ ဖြစ်ယ်။ သင်ယူမှုတွေ၊ လေ့လာမှု တွေက ရရှိတဲ့ ပညာရပ် တွေကို ကောင်းစွာ ကျွမ်းကျင်ဖို့ အမြဲ လေ့ကျင့် နေကြရမှာ ဖြစ်ပြီး သင်ယူ လေ့လာ လေ့ကျင့်မှုတွေ အတိုင်းလည်း လက်တွေ့ နယ်ပယ်မှာ လိုက်နာ လုပ်ဆောင် အသုံးချ ကြဖို့ မှာကြား လိုတယ်။
ရဲဘော်တို့
ခေါင်းဆောင်ဆိုတာ အထက်က ပေးအပ်လာတဲ့ ရည်မှန်းချက် တာဝန်တွေကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက် ရမယ်။ မိမိ တာဝန်ယူ ကွပ်ကဲရတဲ့ တပ်ဖွဲ့ အောင်မြင်မှု ရဖို့ ရည်မှန်း ချက်တွေ ချမှတ် လုပ်ဆောင်ရမှာ ဖြစ်သလို မိမိ တစ်ဦးချင်းရဲ့ ဘ၀မှာလည်း ရည်မှန်းချက်တွေ ချမှတ်ပြီး ရည်မှန်းချက် ပန်းတိုင် ရောက်အောင် ကြိုးစားသွား ကြရမှာ ဖြစ်တယ်။ မိမိချီတက် နေတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ပြတ်သားစွာ နားလည် သိရှိ ထားခြင်းဖြင့် ဘယ်အရာ တွေကို ဆောင်ရွက် ရမယ်၊ ဘယ်အရာ တွေကို ရှောင်ကြဉ် ရမယ်ဆိုတာ ကောင်းစွာ ခွဲခြား သိမြင် မှာဖြစ်တယ်။ ဒီလို သိမြင်ခြင်း အားဖြင့် ဘ၀ခရီး တစ်လျှောက်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် နိုင်ပြီး အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုး မှန်ကန်စွာ ခွဲခြား ဆုံးဖြတ် ဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာမှာ ဖြစ်တယ်။
ရည်မှန်းချက် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ ဆိုရင် ခေါင်းဆောင် လုပ်သူဟာ အသိတရား၊ သတိ တရား ရှိရှိနေထိုင် လုပ်ကိုင်တတ်ဖို့ လိုတယ်။ မိမိ ချီတက်နေတဲ့ ရည်မှန်းချက် ပန်းတိုင်၊ ထမ်းဆောင် နေရတဲ့ တာဝန်၊ ရင်ဆိုင် ဖြေရှင်း ရမယ့် ပြဿနာ စတာတွေကို စိစစ် သုံးသပ်ကာ လက်ရှိ ကာလ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေ၊ အနာဂတ်မှာ ဖြစ်လာမယ့် အခြေအနေ တွေကို ကြိုတင် မျှော်မှန်းပြီး အသိတရား ရှိရှိ ဆောင်ရွက်ခြင်းဖြင့် ရည်မှန်းချက် လုပ်ငန်းတိုင်းကို အောင်မြင်မှု တွေနဲ့ အတူ ရောက်ရှိ မှာ ဖြစ်ကြောင်း ပြောကြား လိုတယ်။
ရဲဘော်တို့
တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ နယ်ချဲ့တွေကို တွန်းလှန် ချေမှုန်းဖို့ သူ့ခေတ်အခါနှင့် အညီ ရင်ဘောင်တန်း နိုင်တဲ့ စွမ်းရည်ရှိတဲ့ တပ်မတော် တစ်ရပ် မရှိခဲ့လို့ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရ ဖူးတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာ ထိပါး ဆုံးရှုံးမှု မခံရအောင် ကောင်းစွာ ကာကွယ်နိုင်ဖို့ တပ်မတော် ဟာ အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြတ်တဲ့ ခေတ်မီမျိုးချစ် တပ်မတော် ဖြစ်ဖို့ လိုအပ်တယ်။ တပ်မတော် အင်အား တောင့်တင်း ခိုင်မာ ဖို့ကလည်း အရေးကြီး သလို ဒီအင်အား တွေကို စွမ်းရည် ထက်မြက်တဲ့ စစ်သည်တော်တွေ ဖြစ်လာ အောင်လည်း ပြုစု ပျိုးထောင် လေ့ကျင့်နေကြ ရမှာဖြစ်တယ်။ အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက် ခေတ်မီမှု အရည် အချင်းတွေကို မျိုးချစ်စိတ်ဓာတ် ပြည့်ဝမှုနဲ့ ပေါင်းစပ်မှလည်း တိုင်းပြည်အတွက် အားထားရတဲ့ တပ်မတော် တစ်ရပ် ဖြစ်လာမှာ ဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေး စွမ်းရည် မြင့်မားတိုးတက် လာစေဖို့ တပ်မတော်ကို ခေတ်မီတိုးတက် ပြောင်းလဲအောင် ဆောင်ရွက်ရာမှာ Standard Army အဖြစ် ရောက်ရှိအောင် မျှော်မှန်း ဆောင်ရွက်နေချိန် ဖြစ်လို့ ရဲဘော်တို့ အနေနဲ့ လည်း တို့တပ်မတော်ရဲ့ တိုးတက်ပြောင်းလဲ ဆောင်ရွက်နေမှု တွေနဲ့အညီ အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစား ဆောင်ရွက် နေကြဖို့မှာကြားလိုတယ်။
ရဲဘော်တို့
တို့တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန် ဖြစ်တယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ရန်၊ နိုင်ငံတော်ရဲ့ ရေထု၊ မြေထု၊ လေထုကို ကာကွယ်ရန်၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ရန်၊ တိုင်းရင်းသား များ၏ အသက် အိုးအိမ် စည်းစိမ်နှင့် အကျိုးစီးပွားကို ကာကွယ်ရန်နဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် သွားရမှာ ဖြစ်တယ်။
နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက် ရာမှာ နိုင်ငံတော် တည်ငြိမ် အေးချမ်းဖို့ လိုအပ် တယ်။ ငြိမ်းချမ်းရေးအတွက် တို့တပ်မတော် ကလည်း စိတ်ကောင်း စေတနာ မှန်ကန်စွာ ပါဝင် ဆောင်ရွက် လျက်ရှိ တယ်။ ဥပဒေနှင့် အညီ တည်ငြိမ် အေးချမ်းမှုများ ရရှိအောင် အလေးထား ဆောင်ရွက်လျက်ရှိ တယ်။ တည်ငြိမ် အေးချမ်းမှု လမ်းကြောင်းအပေါ် ရောက်ရှိနေတဲ့ နေရာ မှန်သမျှမှာ တရား ဥပဒေ စိုးမိုးရေး၊ ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေမှာ တပ်မတော်က ကာယအား၊ ဥာဏ အားတွေနဲ့ ၀ိုင်းဝန်း ဆောင်ရွက် ပေးနေတယ်။ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ ကျရောက် လာရင် တို့တပ်မတော်က အမြန်ဆုံး ရောက်ရှိ ကယ်ဆယ် စောင့်ရှောက်မှု ပြုခဲ့တာတွေ၊ ပြည်နယ်တိုင်း ဒေသကြီး အသီးသီးက တိုင်းရင်းသား ပြည်သူများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ပေးလျက် ရှိနေတာတွေကို သက်ဆိုင်ရာ ဒေသခံ ပြည်သူတွေက လှိုက်လှိုက်လဲလဲ အားပေး ထောက်ခံပြီး တို့တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်လာ တာကို တွေ့ရတယ်။ ဒါဟာ တို့တပ်မတော်က အမျိုးသား နိုင်ငံရေးကို အလေးထားဆောင်ရွက် နေခြင်းဖြစ် လို့ ရဲဘော်တို့ အနေနဲ့ မိမိတို့ ရောက်ရှိရာ ဒေသ အသီးသီးမှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်။
ရဲဘော်တို့
ဒီကနေ့ ၂၁ ရာစု ခေတ်ကြီးမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စတာတွေဟာ တစ်ခုစီ တစ်ခုစီ သီးခြား ရပ်တည် မနေတော့ဘဲ တစ်ခုနဲ့ တစ်ခုဟာ အလွန်မှကို ချိတ်ဆက်ယှက်နွှယ် နေကြတယ်။ ကမ္ဘာပေါ်မှာ နေရာဒေသ တစ်ခုရဲ့ စီးပွားရေး ပြောင်း လဲ ဖြစ်ပေါ်မှု တွေကြောင့် ကမ္ဘာ့ အခြားနေရာ တွေမှာ စီးပွားရေး သာမက နိုင်ငံရေး၊ စစ်ရေး အရပါ သက်ရောက်မှုတွေ ဖြစ်ပေါ်လေ့ ရှိတယ်။ အလားတူပဲ အခြား နိုင်ငံ အင်အားကြီး နိုင်ငံအချို့ရဲ့ နိုင်ငံရေး အယူအဆ၊ အခင်းအကျင်း ပြောင်းလဲမှုကြောင့် အခြားနိုင်ငံ တွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတွေ အပေါ် သက်ရောက်မှု တွေလဲ ဖြစ်လာ တတ်တယ်။ ဒါကြောင့် ရဲဘော်တို့ ခေါင်းဆောင် ငယ်တွေ အနေနဲ့ စစ်ရေးဆိုင်ရာ လေ့လာ အာရုံစိုက်မှု သာမက ဆက်နွယ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာ ရေးရာတွေမှာပါ ကျွမ်းဝင်သိရှိ နေအောင် ယခုကတည်းက လေ့လာ သွားကြ ဖို့ မှာကြား လိုတယ်။ ဒါမှသာ အမိ စစ်တက္ကသိုလ်ရဲ့ နောင်တစ်ခေတ်၏ အောင်စစ်သည် ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ နိုင်ငံတော်နဲ့ တပ်မတော် အတွက် အလေးထားရတဲ့ ခေါင်းဆောင်ကောင်းတွေ အဖြစ် ပေါ်ထွန်း လာမှာ ဖြစ်တယ်။
ရဲဘော်တို့
နိဂုံးချူပ် အနေနဲ့  မှာကြား လိုတာကတော့
-တပ်မတော်ရဲ့ အစဉ်အလာ (၁၂)ရပ်ကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက် သွားကြပါ။
-ကိုယ်ကျင့်တရား ကောင်းတဲ့၊ စည်းကမ်းကောင်းတဲ့၊ စွမ်းရည်ထက်မြက်တဲ့ ခေါင်းဆောင်တွေ ဖြစ်အောင် မိမိ ကိုယ်မိမိ တည်ဆောက်သွားကြပါ။
-ခေတ်နဲ့အညီ ရင်ဘောင်တန်း နိုင်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူမှု၊ လေ့ကျင့်မှုနဲ့ လိုက်နာလုပ် ဆောင်မှု များကို ဆက်လက်ဆောင်ရွက် သွားကြပါ။
-စိမ်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား နိုင်သည့် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုး ချစ်တပ်မတော် တည်ဆောက်ရေးတွင် အလေးထားပါဝင် ဆောင်ရွက် သွားကြပါ။
-အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ်ထားပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားကြပါ။
-အမိ စစ်တက္ကသိုလ်၏ ဂုဏ်ကို ဆောင်နိုင်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် နောင်တစ်ခေတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြပါလို့ မှာကြားရင်း နိဂုံးချုပ် လိုက်တယ်။ 
ရဲဘော်တို့
ဒီနေ့ဟာ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၅) သင်တန်း ဆင်းတဲ့နေ့ ဖြစ်တဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း နှုတ်ခွန်းဆက် ပြောကြား လိုတယ်။ အမိ စစ်တက္ကသိုလ်မှာ စာပေပညာ၊ စစ်ပညာတွေကို လေ့လာ သင်ကြား တတ်မြောက် အောင်မြင်ခဲ့ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးမှာ ခေါင်းဆောင် ငယ်များအဖြစ် တာဝန်ပေးအပ်ခြင်း ခံကြရတော့မှာ ဖြစ်လို့ ရဲဘော်တို့ အတွက် ဘဝမှာ မှတ်တိုင် ထူတဲ့နေ့ တစ်နေ့ ဖြစ်သလို နိုင်ငံတော်နဲ့ တပ်မတော် အတွက် ခွန်အား သစ်တွေ တိုးပွား စေတဲ့ ထူးခြား လေးနက်သော နေ့တစ်နေ့ ဖြစ်တယ်လို့ ပြောကြား လိုတယ်။
စစ်တက္ကသိုလ်ကျောင်းဆင်းပွဲအခမ်းအနားကို ပထမဆုံးအကြိမ် မြ၀တီ ရုပ်သံနှင့် Sky Net ရုပ်သံတို့မှ တိုက်ရိုက်ထုတ်လွှင့်
စစ်တက္ကသိုလ်အမှတ်စဉ်(၅၅) ကျောင်းဆင်းပွဲအား ဒီဇင်ဘာလ () ရက်နံနက် နာရီခန့် တွင်ကျင်းပရာ မြ၀တီရုပ်သံနှင့် Sky Net ရုပ်သံတို့မှ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက် ထုတ်လွှင့်ခဲ့ကြောင်းတွေ့ရသည်။ ယခင် ကာကွယ်ရေးဦးစီးချုပ်များလက်ထက် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ အခမ်းအနား သတင်းများကို နာရီသတင်းအစီအစဉ်တွင်မှ ထုတ်လွှင့်ပြသလေ့
Eleven Media Group အသိပေးကြေညာချက်
Photo: Eleven Media Group အသိပေးကြေညာချက်
Friday, December 07, 2012
Eleven Media Group ၏ www.news-eleven.com အား KCA (Kachin Cyber Army) ဟု သုံးနှုန်းထားသော Hacker အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပါသည်။
ထို့ကြောင့် လက်တလောတွင် Eleven Media Group ၏ www.news-eleven.com အား ၀င်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
ယခု တိုက်ခိုက်သည့် အဖွဲ့သည် ကချင်အဖွဲ့ အမည်ကိုအသုံးပြုထားပြီး တရုတ်နိုင်ငံဘက်မှ IP များဖြင့် အသုံးပြုတိုက်ခိုက်ထားကြောင်း သိရှိရပါသည်။
မိမိတို့ website အား အမြန်ဆုံးပြန်လည်ကြည့်ရှုနိုင်ရန် ပြုပြင်လျက်ရှိပြီး ကချင်အဖွဲ့ အမှန်တကယ်ဟုတ်မဟုတ်နှင့် မည်သူတို့က လုပ်ဆောင်သည်
ကို သိရှိနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်း အသိပေးအပ်ပါသည်။
Eleven Media Group ၏ www.news-eleven.com အားပြန်လည်
ပြင်ဆင်နေစဉ်ကာလအတွင်း Eleven Media Group Facebook နှင့် Eleven Myanmar (www.elevenmyanmar.com) တို့မှ တဆင့် သတင်းများကို အချိန်နှင့်တပြေးညီ ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း အသိပေး
အပ်ပါသည်။
Eleven Media Group Eleven Media Group ၏ www.news-eleven.com အား KCA (Kachin Cyber Army) ဟု သုံးနှုန်းထားသော Hacker အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပါသည်။ထို့ကြောင့် လက်တလောတွင် Eleven Media Group ၏ w.news-eleven.comwwအား ၀င်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
ယခု တိုက်ခိုက်သည့် အဖွဲ့သည် ကချင်အဖွဲ့ အမည်ကိုအသုံးပြုထားပြီး
ကမ္ဘာကြီးပူနွေးလာမှု ချမ်းသာနိုင်ငံများချည်း မဟန့်တားနိုင်
Photo: ကမ္ဘာကြီးပူနွေးလာမှု ချမ်းသာနိုင်ငံများချည်း မဟန့်တားနိုင်
Friday, December 07, 2012
ဒိုဟာ - ဖွံ့ဖြိုးပြီးနိုင်ငံများသည် ကမ္ဘာ့ရာသီဥတု ဆိုးရွားစွာပြောင်းလဲ နေမှုကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ ဟန့်တား နိုင်တော့မည်မဟုတ်၍ ဆင်းရဲသော
နိုင်ငံများက မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးကို မြန်မြန်
ထက်ထက် ဆောင်ရွက်ကြရတော့မည်ဟု ဒီဇင်ဘာ လ ၄ရက်နေ့ထုတ် 
အစီရင်ခံစာတစ်ခု တွင် သတိပေးထားသည်။
ကမ္ဘာ့ဘဏ်ဦးဆောင် စီးပွားရေး ပညာရှင်ဟောင်း နီကိုးလပ်စတန်း ပူးတွဲပြုစုသည့် ယင်းအစီရင်ခံစာအရ စက်မှုလုပ်ငန်း ခေတ်ကတည်းက မှန်လုံ အိမ်ဓာတ်ငွေ့ကို ချမ်းသာသည့်နိုင်ငံများက ထုတ်လွှတ်ခဲ့ကြ
သော်လည်း ယင်း၏ဆိုးကျိုးကို ကမ္ဘာ့နိုင်ငံများက မရှင်းလင်းနိုင်ခဲ့
ကြပေ။
ယင်းဓာတ်ငွေ့ လျှော့ချထုတ်လွှတ် ရေးကြိုးပမ်းဆောင်ရွက်ရာတွင် ချမ်းသာ ဆင်းရဲနိုင်ငံအားလုံးသည် စိတ်ပျက် ဖွယ်ကောင်းလောက်အောင်
နှေးကွေး နေခဲ့ကြသည်ဟုကာတာနိုင်ငံ၊ ဒိုဟာ မြို့တွင်ကျင်းပသည့်
ကုလသမဂ္ဂ ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်ဆိုင်ရာဆွေးနွေး ပွဲပြင်ပ၌
ထုတ်ပြန်သည့် ယင်းအစီရင် ခံစာက ထောက်ပြထားသည်။
ချမ်းသာသည့်နိုင်ငံများသည် ကာဗွန် ဓာတ်ငွေ့ကို အလျှံအပယ် ထုတ်လွှတ်လျက် ပိုမိုကြွယ်ဝလာကြပြီး ဆင်းရဲသော နိုင်ငံများမှာ
အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုခံစားကြရခြင်း သည်
ကြီးမားသော မမျှတမှုတစ်ရပ် ဖြစ်နေကြောင်း၊ နိုင်ငံတကာ ပူးပေါင်း
ဆောင်ရွက်ရေးတွင် ယင်းမမျှတမှုကို ထိရောက်စွာ ထည့်သွင်းစဉ်းစား
ရမည် ဖြစ်သော်လည်းယင်းသို့ ထည့်သွင်း စဉ်းစားခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဟန့်အတားမဖြစ်စေရ။ အဟန့်အတား
ဖြစ်လာပါက ရလဒ်အားလုံးတွင်အကြီးမားဆုံးမမျှတမှု ဖြစ်လာမည်
ဖြစ်ကြောင်း အစီရင်ခံစာ၌ သတိပေးထားသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် မြေ ကမ္ဘာတစ်ခုလုံး ကြုံတွေ့နေရဆဲ
ဘေးဆိုးများအပေါ်ယခုဆွေးနွေးပွဲတွင် အရှိန်ဖြင့် တပ်လှန့်သတိပေး
ထားသော် လည်း မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချ ထုတ်လွှတ်ရေးဆိုင်ရာ
ငွေရေးကြေးရေး နှင့် ဝေဖန်ချက်များကို ငြင်းခုံဆွေးနွေးခဲ့ကြပြန်သည်။
အနောက်နိုင်ငံများအနေဖြင့် မှန်လုံ အိမ်ဓာတ်ငွေ့ လျှော့ချထုတ်လွှတ်မှုကို ပိုမို အလေးအနက်ထား ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ကြရန်နှင့်
ဆင်းရဲသောနိုင်ငံ များပိုမိုပြင်းထန်လာသည့် မိုးခေါင်မှု၊ ရေလွှမ်းမိုးမှု၊
မုန်တိုင်းများနှင့် ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမှု
တို့ကို ရင်ဆိုင်နိုင်ရေးအတွက် အနောက်နိုင်ငံ များက ၂၀၁၃ ခုနှစ်မှစ၍ ထောက်ပံ့ ငွေများကူညီရန် ဆင်းရဲသောနိုင်ငံ များက
တောင်းဆိုသည်။
ကုလသမဂ္ဂ၏ ရည်မှန်းချက်မှာ တိုးလာမည့် ကမ္ဘာ့အပူချိန်ကို နှစ်ဒီဂရီ စင်တီဂရိတ်(ဖာရင်ဟိုက် ၃ ဒသမ ၆ ဒီဂရီ) ထိ ထိန်းထားရန်ဖြစ်သည်။ လူသားများသည် အပူချိန်ဤအဆင့် တွင် ရာသီဥတုပြောင်းလဲမှု၏ အပြင်း ထန်ဆုံး အခြေအနေများကို ခံနိုင်ဖွယ်ရှိဦးမည်ဟုဆိုသည်။
နှစ်ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိ ရန်အတွက် ယနေ့ နှစ်စဉ်ထုတ်လွှတ်
နေသော မှန်လုံအိမ်ဓာတ်ငွေ့တန်ချိန် ဘီလျံ ၅၀ ခန့်နှုန်းကို၂၀၃၀
ပြည့်နှစ် တွင် တန်ချိန် ၃၅ ဘီလျံခန့်သို့လျှော့ချ ရမည်ဖြစ်သည်။
လက်ရှိထုတ်လွှတ်မှုနှုန်းအရ ၂၀၃၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများက တန်ချိန် ၃၅ ဘီလျံထိထုတ်လွှတ်လာ ကြပြီး ချမ်းသာသောနိုင်ငံများ
ကလည်းတန်ချိန် ၁၁ ဘီလျံမှ ၁၄ ဘီလျံခန့်ထိထုတ်လွှတ်လာကြဖွယ်
ရှိနေသည်။ ယင်းသည် ကမ္ဘာတစ်ဝန်း ထုတ်လွှတ်မှု ၏ သုံးပုံနှစ်ပုံ
ခန့်ဖြစ်နေသည်။
တရုတ်နိုင်ငံသည် ၁၉၉၀ ပြည့်နှစ်မှ စ၍ ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့အများဆုံးထုတ်လွှတ်သည့် နိုင်ငံဖြစ်နေပြီး အိန္ဒိယနိုင်ငံမှာ
၂၀၁၁ ခုနှစ်တွင် ရုရှားထက် ပိုမိုထုတ်လွှတ်ရာမှ ကမ္ဘာ့စတုတ္ထအများဆုံး
ထုတ်လွှတ် သည့် နိုင်ငံဖြစ်လာခဲ့သည်ဟု နိုင်ငံတကာ စွမ်းအင်အဖွဲ့ 
(IEA) ကဆိုသည်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအစီအစဉ် များ ချမှတ်ဆောင်ရွက်နေကြသော ဖွံ့ဖြိုးဆဲနိုင်ငံများအားချမ်းသာသော နိုင်ငံများက နည်းပညာအကူအညီနှင့်
ငွေကြေးထောက်ပံ့မှုများပေးရန် အစီရင်ခံစာကတိုက်တွန်းထားသည်။
(အေအက်ဖ်ပီ)
အောင်သာလင်း
- ဖွံ့ဖြိုးပြီးနိုင်ငံများသည် ကမ္ဘာ့ရာသီဥတု ဆိုးရွားစွာပြောင်းလဲ နေမှုကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ ဟန့်တား နိုင်တော့မည်မဟုတ်၍ ဆင်း ရဲသော နိုင်ငံများက မှန်လုံအိမ် ဓာတ်ငွေ့ထုတ် လွှတ်မှု လျှော့ ချရေး ကို မြန်မြန် ထက်ထက် ဆောင်ရွက်ကြရတော့မည်ဟု ဒီဇင်ဘာ လ ၄ ရက်နေ့ ထုတ် အစီရင် ခံစာ တစ်ခု တွင် သတိပေးထားသည်။
ကမ္ဘာ့ဘဏ်ဦးဆောင် စီးပွားရေး ပညာရှင်ဟောင်း နီကိုးလပ်စတန်း ပူးတွဲပြုစုသည့် ယင်းအစီရင်ခံစာအရ စက်မှုလုပ်ငန်း ခေတ်ကတည်းက
"ဒေါ်မာမာအေး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီ"
အဆိုတော်မာမာအေးသည်ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်
တွင် မြန်မာနိုင်ငံသို့ပြန်ရောက်လာသည်။ အဆိုတော် မာမာအေး
က သူမအား လာရောက်ကြိုဆိုသူ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ဂီတလောကသားအချို့နှင့် ပရိသတ်များကို "မာမာအေးကို သီချင်း
""အယ်လ်ဂျာဇီးရားကို မြန်မာအစိုးရ ပြင်းထန်စွာကန့်ကွက် "
မြန်မာအစိုးရ နိုင်ငံခြားရေး 
ဝန်ကြီးဌာနက ကာတာနိုင်ငံ 
အခြေစိုက် အယ်လ်ဂျာဇီးရား 
ရုပ်မြင်သံကြား သတင်းဌာနက 
ရခိုင်ပြည်နယ် ပဋိပက္ခကိစ္စမှာ
မန္တလေးတက္ကသိုလ် အရှေ့ဘက်၆၉လမ်းရှိ ရေမြောင်းအတွင်းမှ မီးရထားဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး
ယနေ့ နေ့လည် ၁၂ နာရီ ၀န်းကျင်တွင် မန္တလေးတက္ကသိုလ် 
အရှေ့ဘက် ၆၉ လမ်းရှိ ရေမြောင်းအတွင်းမှ မီးရထားဝန်ထမ်းတစ်ဦး
 ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရသည်။  အဆိုပါ သေဆုံး သူအား လူပျောက်ကြော်ငြာ ထားသည်မှာ သုံးရက်ခန့်
အာဏာပိုင်တို့ အကြမ်းဖက်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော ဥူးတိက္ခဥာဏမှာ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူမည်
လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်
ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သောဆရာတော် ဥူးတိက္ခဥာဏမှာ
ထိုင်းနိုင်ငံ သို့ သွားရောက်ဆေးကုသမှု ခံယူရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ဆရာတော် ဥူးတိက္ခဥာဏမှာ ဒဏ်ရာရရှိခဲ့သည့် သံဃာအပါး ၁၀၀ ခန့်တွင် ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်ပြီး ယခုကဲ့သို့ ပြည်ပသို့ သွားရောက်ဆေး ကုသမှု ခံယူရန် စီစဉ် ရခြင်းဖြစ်
မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် တစ်နာရီတွင် လူ၂ ဦးနှုန်းသေဆုံး
  မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့်  တစ်နာရီတွင်
လူ၂ဦး နုန်း သေဆုံးပြီး၊ တစ်ရက်တွင် အယောက် ၅၀ ၀န်းကျင်ခန့်
 သေဆုံးသောအခြေအနေမှသုညအခြေအနေသို့ကျဆင်းအောင်ပြုလုပ် မည်ဖြစ်ကြောင်း လူထုအခြေပြုကွန်ရက်(၇)ခုမှ ဦးဆောင်ကျင်းပသော ကမ္ဘာ့အေအိုင်ဒီအက်နေ့အထိမ်းအမှတ် အခမ်း အနား တွင် မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင်ဗွီ ပိုးရှိသူများကွန်ရက်မှ
Eleven Media Group website တိုက်ခိုက်ခံရ
Eleven Media Group ၏ website အား ပုံမှန်အတိုင်း ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်
ယခုအခါတွင် Eleven Media Group ၏ www.news-eleven.com အား ပုံမှန်အတိုင်း ပြန်လည် ၀င်ရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါကြောင်း အသိပေးပေးအပ်ပါသည်။
အငြင်းပွားဒေသ ရေနံမရှာဖို့ တရုတ်သတိပေး
Photo: အငြင်းပွားဒေသ ရေနံမရှာဖို့ တရုတ်သတိပေး 
Friday, December 07, 2012
တောင်တရုတ်ပင်လယ်ပြင်မှာတဘက်သတ်ဆန်ဆန် ရေနံနဲ့သဘာဝ
ဓာတ်ငွေ့ ရှာဖွေမှုကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဗီယက်နမ်ကို သတိပေး လိုက်ပါတယ်။ ဒီဒေသအတွင်း တရုတ်-ဗီယက်နမ် နှစ်နိုင်ငံကြား ကာလရှည်ကြာ ရေပိုင်နက် အငြင်းပွားနေခဲ့ပြီး ပိုပြီးတင်းမာလာနေတာ
ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗီယက်နမ်နိုင်ငံပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီရဲ့သင်္ဘောတွေထဲက တစင်းရဲ့  ဆက်သွယ်ရေးကြိုးတွေကို တရုတ်သင်္ဘောတွေက ဖြတ်တောက်ခဲ့တယ်လို့ ဗီယက်နမ်က စွပ်စွဲပြောဆိုခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဟွန်းလီက ကြာသာပတေးနေ့မှာ အခုလိုပြောလိုက်တာပါ။ အဲဒီလိုလုပ်ရပ်ဟာ ဗီယက်နမ်ရဲ့ အချုပ်အခြာ အာဏာကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက
ပြောထားပါတယ်။
မစ္စတာဟွန်းလီက - ဗီယက်နမ်တွေရဲ့ စွပ်စွဲချက်တွေဟာ ကြောင်းကျိုး
ဆက်စပ်မှုမရှိဘူး လို့ ငြင်းဆိုလိုက်ပြီး - တရုတ်သင်္ဘောတွေဟာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း ဟိုင်နန်ပြည်နယ်နားမှာ ငါးဖမ်းနေတာဟာ တရားဥပဒေနဲ့လုံးဝ ညီညွတ်တယ်လို့ ပြောခဲ့တာပါ။
ဒေသတွင်း ရေပိုင်နက်ပြဿနာကြောင့် အခြေအနေ တင်းမာမှု
မြင့်မားလာနေတဲ့ -တရုတ်ရေပိုင်နက်လို့ သတ်မှတ်ထားတဲ့ ဧရိယာအတွင်းကို ဝင်လာတဲ့ -ဘယ် သဘောင်္ကိုမဆို ဖမ်းဆီးဖို့ အတွက် ဟိုင်နန်ပြည်နယ်ရဲ့ ရဲတပ်ဖွဲ့ကိုလည်း မကြာခင်ကပဲ လုပ်ပိုင်ခွင့်အာဏာတွေ တိုးပေးထားပါတယ်။ 
ဗွီအိုအေ တောင်တရုတ်ပင်လယ်ပြင်မှာတဘက်သတ်ဆန်ဆန် ရေနံနဲ့သဘာဝ
ဓာတ်ငွေ့ ရှာဖွေမှုကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဗီယက်နမ်ကို သတိပေး လိုက်ပါတယ်။ ဒီဒေသအတွင်း တရုတ်-ဗီယက်နမ် နှစ်နိုင်ငံကြား ကာလ
ရှည်ကြာ ရေပိုင်နက် အငြင်းပွားနေခဲ့ပြီး ပိုပြီးတင်းမာလာနေတာ
ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗီယက်နမ်နိုင်ငံ ပိုင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီရဲ့သင်္ဘောတွေထဲက တစင်းရဲ့ ဆက်သွယ်ရေး ကြိုးတွေကို တရုတ် သင်္ဘောတွေက ဖြတ်တောက် ခဲ့တယ်လို့
ရခိုင်ပြည်နယ် ပဋိပက္ခကိစ္စကို မဟုတ်မမှန်လုပ်ကြံ၍ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ပြသရန် အယ်လ်ဂျာဇီးရား သတင်းဌာန၏ လုပ်ဆောင်ချက်များကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန် ကြေညာချက်
ခရီးသွားလုပ်ငန်းဆိုင်ရာဘွဲ့ ၂၆၁ ဦး ခေါ်ယူ
Photo: ခရီးသွားလုပ်ငန်းဆိုင်ရာဘွဲ့ ၂၆၁ ဦး ခေါ်ယူ
Friday, December 07, 2012
ပထမဆုံးအကြိမ်အဖြစ် အမျိုးသားစီမံ ခန့်ခွဲမှုပညာကောလိပ်တွင် ဖွင့်လှစ်မည့် ခရီးသွားလုပ်ငန်းဆိုင်ရာဘွဲ့ B.A (Tourism) အတွက် ကျောင်းသားဦးရေ ၂၆၁ ဦးကို ရွေးချယ်ဝင်ခွင့်ပြုထား
ကြောင်း အဆိုပါကျောင်းမှ သိရသည်။
"ဘွဲ့သင်တန်းက ဒီနှစ်မှ စတာပါ။ ပထမအကြိမ်ပေါ့။ ရန်ကုန်နဲ့ မန္တလေးမှာ ဖွင့်မယ်။ ရန်ကုန်မှာ ၁၃၁ ယောက်၊ မန္တလေးမှာ ၁၃၀ ၀င်ခွင့်ရတယ်။ ၀င်ခွင့် အနိမ့်ဆုံးရမှတ်က ရန်ကုန်မှာ၄၆၄ မှတ်၊ မန္တလေးမှာ ၄၅၂ မှတ်ပါ"ဟု ရန်ကုန် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်မှကျောင်းအုပ်ကြီး ပါမောက္ခ ဒေါက်တာ သန်းဝင်းက  ပြောသည်။
အဆိုပါဘွဲ့သင်တန်းမှာ လေးနှစ်သင် တန်းဖြစ်ပြီး  သက်ဆိုင်ရာနယ်ပယ် အလိုက် ကမ္ဘာလှည့်ခရီးသွား စီမံခန့်ခွဲ ရေးလုပ်ငန်းဆိုင်ရာ အကြောင်းအရာ များကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး
ဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့မှလာရောက် ဆွေးနွေး
သင်ကြားကြမည်ဖြစ်သည်။
"သင်ကြားမယ့် ဆရာတွေကတော့ ဆရာတို့ဆီမှာ အရင်က DTSM ဘွဲ့ရ ဆရာတွေရှိပြီးသားလေ၊ ပြီးတော့ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်မှာ မာစတာတွေ၊ ပီအိပ်ခ်ျဒီတွေရပြီးသား ဆရာတွေ လာသင်မယ်။ သူတို့က ဟိုတယ်/ခရီးကဖိတ်တဲ့ ခရီးသွား လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲတွေ တက် ထားကြပြီးသားတွေ၊အဲလို အတွေ့ အကြုံ တွေရှိတဲ့ ဆရာ၊ ဆရာမေ
တွသင်မယ်။ ဟိုတယ်/ခရီးက ဦးစီးအရာရှိတွေ၊ပညာ ရှင်တွေ လာသင်မယ်"ဟု ဒေါက်တာသန်းဝင်းက ပြောကြားသည်။
အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် တွင် ဘွဲ့လွန်ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာဒီပလိုမာသင်တန်းကို ၂၀၀၅-၀၆ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ စတုတ္ထအကြိမ်အထိဒီပလိုမာရရှိပြီး
သူပေါင်း ၁၃၀ ရှိပြီဖြစ် ကြောင်း သိရသည်။
အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်ကို ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီးသင်ကြားပို့ချနေသော ဘာသာရပ်များမှာ
စီးပွားရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ်၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ၊ သတင်းအတတ်ပညာ ဘာသာရပ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာ
ရပ်တို့ဖြစ်ကာ အသိအမှတ်ပြုဘွဲ့ အပ်နှင်းသည့် တက္ကသိုလ်များမှာ ရန်ကုန်တက္ကသိုလ်နှင့်ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ဖြစ်ကြသည်။
မြတ်နိုးအောင်
Myanmar Times ပထမဆုံးအကြိမ်အဖြစ် အမျိုးသားစီမံ ခန့်ခွဲမှုပညာကောလိပ်တွင် ဖွင့်လှစ်မည့် ခရီးသွားလုပ်ငန်းဆိုင်ရာဘွဲ့ B.A (Tourism) အတွက် ကျောင်းသားဦးရေ ၂၆၁ ဦးကို ရွေးချယ်ဝင်ခွင့်ပြုထား
ကြောင်း အဆိုပါကျောင်းမှ သိရသည်။
"ဘွဲ့သင်တန်းက ဒီနှစ်မှ စတာပါ။ ပထမအကြိမ်ပေါ့။ ရန်ကုန်နဲ
ရွှေတိဂုံ စေတီတော် စုပေါင်း သွေးလှူဒါန်းပွဲ လာရောက် လှူဒါန်းနိုင်
Photo: ရွှေတိဂုံ စေတီတော် စုပေါင်း သွေးလှူဒါန်းပွဲ လာရောက် လှူဒါန်းနိုင်
Friday, December 07, 2012
ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူး ကျင်းပမည့် (၁၆)ကြိမ်မြောက် ဒါနဥပ ပါရမီ စုပေါင်း သွေးလှူဒါန်း ပွဲကို ဒီဇင်ဘာ ၂၃ ရက်တွင် စေတီတော် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သွေးလှူဒါန်း ပွဲတွင် ရွှေတိဂုံ စေတီတော် ပေါ်၌ မိမိ၏ သွေးကို လှူဒါန်း ရခြင်းသည် မွန်မြတ် လှသည်ဟု ယူဆကာ လှူဒါန်း ကြသူများ ရှိသလို လေးလတစ်ကြိမ် လှူနေကြ ဖြစ်၍ လှူဒါန်း သူများလည်း ရှိကြောင်း၊ အချို့မှာ ဘုရားဖူး လာရင်း လှူဒါန်း သွားသူများလည်း ရှိကြောင်း၊ ကိုယ်တိုင် သွေးမလှူ နိုင်သော်လည်း သွေးလှူသည့် ပုဂ္ဂိုလ်များ ကျန်းမာစေရန် ရည်ရွယ်၍ အားဆေးများ၊ နွားနို့၊ ကြက်ဥ၊ ငှက်ပျောသီး များနှင့် အအေးများ စသည့် အာဟာရ ဒါနများ လာရောက် လှူဒါန်း သူများလည်း ရှိကြောင်း သိရသည်။ 
အဆိုပါ သွေးလှူဒါန်းပွဲ တစ်ကြိမ်လျှင် သွေးလှူရှင် ၆ဝဝ မှ ၈ဝဝ အထိ လာရောက် လှူဒါန်းလေ့ ရှိကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ တာဝန်ရှိသူ ထံမှ သတင်း ရရှိသည်။
မြ၀တီ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူး ကျင်းပမည့် (၁၆)ကြိမ်မြောက် ဒါနဥပ ပါရမီ စုပေါင်း သွေးလှူဒါန်း ပွဲကို ဒီဇင်ဘာ ၂၃ ရက်တွင် စေတီတော် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သွေးလှူဒါန်း ပွဲတွင် ရွှေတိဂုံ စေတီတော် ပေါ်၌ မိမိ၏ သွေးကို လှူဒါန်း ရခြင်းသည် မွန်မြတ် လှသည်ဟု ယူဆကာ လှူဒါန်း ကြသူများ ရှိသလို လေးလတစ်ကြိမ် လှူနေကြ ဖြစ်၍ လှူဒါန်း သူများလည်း ရှိကြောင်း၊ အချို့မှာ ဘုရားဖူး လာရင်း လှူဒါန်း သွားသူများလည်း ရှိကြောင်း၊ ကိုယ်တိုင် သွေးမလှူ နိုင်သော်လည်း သွေးလှူသည့် ပုဂ္ဂိုလ်များ ကျန်းမာစေရန် ရည်ရွယ်၍
နေ့စဉ် ဟက်ဟက်ပက်ပက် ရယ်မောလျှင် ကျန်းမာမည်
နယူးဒေလီ- ဟက်ဟက်ပက်ပက် ရယ်မောခြင်းဖြင့် ကျန်းမာရေးလိုက်စားသူ ထောင်ပေါင်းများစွာကို နည်းပေး နိုင်ခဲ့သော အိန္ဒိယနိုင်ငံမှ အရယ်အမော ဆရာကြီး မာဒန်ကက်တာရီယားက သူ့ထံမှာ
>>> ဒီဇင်ဘာ ၇ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း >>>
ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲ အခမ်းအနားကို skynet တွင် တိုက်ရိုက်ထုတ်လွှင့်ပြသလျက်ရှိ
Photo: စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲ အခမ်းအနားကို skynet တွင် တိုက်ရိုက်ထုတ်လွှင့်ပြသလျက်ရှိ
Friday, December 07, 2012 
ပြင်ဦးလွင်မြို့ တွင် ယနေ့ကျင်းပသော စစ်တက္ကသိုလ် အမှတ်စဉ် (၅၅) 
ဗိုလ်လောင်းသင်တန်းကျောင်းဆင်းပွဲ အခမ်းအနားကို skynet 
up to date တွင် တိုက်ရိုက်ထုတ်လွှင့်ပြသလျက်ရှိပါသည်။
ပြင်ဦးလွင်မြို့ တွင် ယနေ့ကျင်းပသော စစ်တက္ကသိုလ် အမှတ်စဉ် (၅၅) ဗိုလ်လောင်း သင်တန်းကျောင်း
မုံရွာကြေးနီစီမံကိန်း စစ်တမ်း
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းကြေးနီတူးဖော်ရေး စီမံကိန်းကို လုံးဝရပ်ဆိုင်း ဖို့ ဒေသခံ အများ အပြားက တောင်းဆိုနေကြပါတယ်။
အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ ဒီစီမံကိန်း ဘယ်လို ဖြစ်သင့်တယ် ဆိုတာကို ဧရာဝတီဘလော့မှာ ၃ ရက်ကြာ စစ်တမ်း ကောက်ခဲ့ပါတယ်။
ရလဒ်ကတော့ ဒီလိုပါ ~
ဆက်လက် အကောင်အထည်ဖော်သင့်သည်။ ၉၇လုံးဝ ရပ်ဆိုင်းသင့်သည်။ ၁,၀၂၉စီမံကိန်း အရွယ်အစားလျှော့ချပြီး ဆက်လက် အကောင်အထည်ဖော်သင့်သည်။ ၃၁၄စီမံကိန်း လုံးဝ ရပ်ဆိုင်းဖို့
အညတရ သူရဲကောင်းဆု ဒီနှစ် ဘယ်သူတွေရလဲ
 တတိယ အကြိမ်မြောက် အညတရ သူရကောင်းဆုပေးပွဲမြင်ကွင်း၊ ဓာတ်ပုံ- ကိုထွန်းဝေ/ဂျပန်
ဂျပန်နိုင်ငံရောက် မြန်မာများက ကော်မတီတရပ်ဖွဲ့ပြီး  မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတို့ အတွက် တိုက်ပွဲဝင်ရင်း အထူးသဖြင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို " အညတရ
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားရိုက်ကူးရေး ဟုဆိုကာ အလှူခံထားသော သိန်းထောင်ချီရံပုံငွေကြီး အံသြဖွယ်ပျောက်ဆုံးမှူကြီး
သို့ /
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီမှနာရကဒေါ်စု/ဇာဂနာနှင့်ရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူများခင်ဗျား.......
တလောက(ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်)ရိုက်ကူးရန်အတွက်ရုံးခန်းတွေဆောက်/လူတွေရွေး/အစီအစဉ်တွေဆွဲပြီးအလူငွေတွေကောက်ခံခဲ့ကြပါတယ်...အနယ်နယ်အရပ်ရပ်ကသရုပ်ဆောင်လူရွေးခံသူများကလည်း(ရုပ်ရှင်အစည်အရုံး) ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီရှိရာရန်ကုန်မြို့သို့ကုန်းတစ်တန်ရေတစ်တန်ဖြင့်ဝင်ရောက်အရွေးခံခဲ့ကြပါတယ်။အရွေးခံရသူများကိုလည်းဂျာနယ်များ/အင်တာနက်စာမျက်နှာများ/FACEBOOKစာမျက်နှာများပေါ်တွင်ဝေဝေစာစာဖြင့်ဖေါ်ပြခဲ့ပါသေးတယ်
လုပ်ငန်းလိုင်စင်ပြန်ရတဲ့ ရိုးမဘဏ်
 ၉ နှစ်ကြာ အကန့်အသတ်ခံခဲ့ရတဲ့ ရိုးမဘဏ်က မကြာခင် လုပ်ငန်း အပြည့်အ၀ ပြန်ပြီး လည်ပတ်နိုင်တော့မယ် တဲ့။ ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေက နိုဝင်ဘာ၂၆ ရက်နေ့ မှာ  ပြုလုပ်ခဲ့တဲ့ သတင်းစာ