Saturday, August 3, 2013

ထူးခြားသော ရောဂါကို ခံစားနေရသည့် ဆယ်ကျော်သက် အရွယ် မိန်းကလေး

ထူးခြားသော ရောဂါကို ခံစားနေရသည့် ဆယ်ကျော်သက် အရွယ် မိန်းကလေး

စင်ကာပူ  သြဂုတ်   ၂

စင်ကာပူနိုင်ငံမှ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးသည်
အသက်ရှူစဉ်တွင် လည်ချောင်း အတွင်း အသံများ ထွက်လာပြီး အရွယ်အားဖြင့်လည်း လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦး အရွယ်ကဲ့ သို့ဖြစ်ကာ ထူးဆန်းသည့် ရောဂါတစ်မျိုးကို ခံစားရလျက် ရှိသည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ပေရှန်း အမည်ရှိ အဆိုပါ မိန်းကလေးသည် အသက် လေးလအရွယ်တွင် ဆေးရုံသို့ ပထမဆုံး အကြိမ် တက်ရောက် ခဲ့ရပြီး သူမ၏ ရောဂါမှာ အသက်ရှူလျှင် သလိပ်သံနှင့် ခက်ခက်ခဲခဲ အသက်ရှူရပြီး လည်ချောင်းနာသံ ထွက်ပေါ်လာသည့် ရောဂါဖြစ်သည်။

ဆေးရုံသို့ သွားရောက်ပြီး နောက်တွင် ကလေးငယ်၏ ခန္ဓာကိုယ် အရွယ်အစားမှာ ရွယ်တူ သာမန်ကလေး ငယ်များနှင့် မတူဘဲ တိုနေခြင်းကြောင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာလည်း သာမန်နှင့် မတူဘဲ ဖွံ့ဖြိုးမှု နောက်ကျ နိုင်ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်ဟု သိရသည်။

ပေရှန်းသည် လာမည့် သီတင်းပတ်တွင် အသက် ၁၅ နှစ်ပြည့်မည် ဖြစ်သော်လည်း သူမကို မြင်သူတိုင်းက လမ်းလျှောက်တတ်စ ကလေးငယ် ဖြစ်သည်ဟုသာ ထင်မြင်ရကြောင်း၊ သူမ၏ ရောဂါ အခြေအနေနှင့် ပတ်သက်၍ မည်ကဲ့သို့ ကုသရမည်ကို ဆရာဝန်များ အနေဖြင့် ယနေ့ အချိန်အထိ မဖော်ထုတ် နိုင်သေး ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >> မြ၀တီ<< Thanks 
Re-posted By ACM 3-8-2013
https://www.facebook.com/excellencemedia
စင်ကာပူနိုင်ငံမှ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးသည် အသက်ရှူစဉ်တွင် လည်ချောင်း အတွင်း အသံများ ထွက်လာပြီး အရွယ်အားဖြင့်လည်း လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦး အရွယ် ကဲ့သို့ဖြစ်ကာ ထူးဆန်းသည့် ရောဂါတစ်မျိုးကို ခံစားရလျက် ရှိသည်ဟု အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း စရောင်းမည်



Photo: Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း စရောင်းမည်
Saturday, Augest 03, 2013

ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် ဆမ်ဆောင်းက နောက်ဆုံး ထုတ်လုပ်လိုက်သော Samsung Galaxy Tab 3 ကို မြန်မာနိုင်ငံတွင် သြဂုတ်လ ဒုတိယပတ်အတွင်း စတင် ရောင်းချ မည် ဖြစ်ကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည် ဝင်းထက်က ပြောကြားသည်။

“အခု မိတ်ဆက်တဲ့ Tab 3 တွေက အရင် ဆမ်ဆောင်း တက်ဘလက်တွေ ထက် ပိုပါးတယ်။ ပေါ့လည်း ပိုပေါ့တယ်” ဟု ၎င်းက ပြောဆိုသည်။

ဆမ်ဆောင်း ကုမ္ပဏီမှ နောက်ဆုံး ထုတ်လုပ်ထားသော Tab 3 အမျိုးအစား ၇ လက်မ၊ ၈ လက်မနှင့် ၁၀ ဒသမ ၁ လက်မ တက်ဘလက် သုံးမျိုးလုံးသည် 3G မိုဘိုင်းလ်ဖုန်း စနစ် အသုံးပြုနိုင်ပြီး အသံစနစ် ကောင်းမွန်အောင် လုပ်ဆောင်ထားကြောင်း အဆိုပါ ကုမ္ပဏီ၏ Channel Manager ဦးဇော်ကိုကိုထွန်းက ပြောဆိုသည်။

၇ လက်မအရွယ် Tab 3 တက်ဘလက်ကို ကျပ် သုံးသိန်း သုံးသောင်းနီးပါး၊ ၈ လက်မအရွယ် Tab 3 ကို ကျပ် လေးသိန်း နီးပါးနှင့် ၁၀ ဒသမ ၁ လက်မ အရွယ် Tab 3 ကို ကျပ် လေးသိန်း ငါးသောင်းခန့် ဖြင့် ရောင်းချဖွယ် ရှိပြီး ဈေးနှုန်း အတိအကျ မသိရှိရသေးကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦးက ပြောကြားသည်။

ဆမ်ဆောင်း မြန်မာ ကုမ္ပဏီသည် ဆမ်ဆောင်း ဆိုင်ခွဲများကို ရန်ကုန်တွင် ၁၁ ဆိုင်၊ မန္တလေးတွင် သုံးဆိုင်၊ တောင်ကြီးမြို့နှင့် မုံရွာမြို့တို့တွင် တစ်ဆိုင်စီ ဖွင့်လှစ်ထားပြီး မကွေးမြို့တွင်လည်း ထပ်မံ ဖွင့်လှစ်မည်ဟု အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

The Voice Weekly
ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် ဆမ်ဆောင်းက နောက်ဆုံး ထုတ်လုပ်လိုက်သော Samsung Galaxy Tab 3 ကို မြန်မာနိုင်ငံတွင် သြဂုတ်လ ဒုတိယပတ်အတွင်း စတင် ရောင်းချ မည် ဖြစ်ကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည် ဝင်းထက် က ပြော ကြားသည်။

မြန်မာ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ ကမ္ဘာ့ဘဏ်သုံးမည်



Photo: မြန်မာ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ ကမ္ဘာ့ဘဏ်သုံးမည်
Saturday, Augest 03, 2013

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၄၀ ထောက်ပံ့သုံးစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးခွဲမှ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးလင်းက The Voice သို့ ပြောကြားသည်။

ကမ္ဘာ့ဘဏ်က သုံးစွဲမည့် ယင်းငွေကြေးပမာဏသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့မှ ၂၀၁၄ ခုနှစ် ဇူလိုင် လ ၃၁ ရက် နေ့အထိ စီမံကိန်းကာလအတွက် အသုံးပြုရန် လျာထားခြင်းဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးအသင်း (International Development Association) က အတိုးမဲ့ နှစ်စဉ်ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ယင်းချေးငွေသည် နှစ်ပေါင်း ၄၀ ကြာမှ ပြန်လည် ပေးဆပ်ရမည် ဖြစ်ပြီး ကြားကာလတွင် ဆယ်နှစ် ဆိုင်းငံ့ခွင့် ရှိကြောင်း၊ အတိုးမဲ့ချေးငွေဖြစ်ကာ ဝန်ဆောင်ခအဖြစ် ၀ ဒသမ ၇၅ ရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘာ့ဘဏ်အနေနှင့် လျှပ်စစ်ကဏ္ဍတွင် ကူညီပံ့ပိုးပေးရန် စီစဉ်ရခြင်းမှာ မြန်မာနိုင်ငံရှိ လူဦးရေ လေးဦးအနက် တစ်ဦးသာလျှင် လျှပ်စစ်ဓာတ်အား ရရှိနေခြင်း၊ ပြည်တွင်းတွင် လက်ရှိ အသုံးပြုနေသော ဓာတ်ငွေ့တာဘိုင်များမှာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်၍ လုပ်ငန်း ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် လျော့နည်းနေခြင်းနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ၂၅ ရာခိုင်နှုန်းသော လျှပ်စစ်ဓာတ်အားများသည် ဓာတ်အားပေးပို့ ဖြန့်ဖြူးခြင်း အဆင့်တွင် ဆုံးရှုံးနေရခြင်း တို့ကြောင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ 

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရရှိမှု မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် ကမ္ဘာ့ဘဏ်က ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများကို စွမ်းအင်မြှင့်တင်ခြင်း၊ ဓာတ်အားပေးပို့ ဖြန့်ဖြူးရာတွင် လေလွင့်သည့်ပမာဏကို လျော့ နည်းအောင် ဆောင်ရွက်ပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို လျော့နည်းစေနိုင်ကြောင်း ၎င်းကဆိုသည်။ 

ဓာတ်အားပေး စက်ရုံများရှိ ဓာတ်ငွေ့ တာဘိုင်များကို လဲလှယ် တပ်ဆင်ပေးရာတွင်လည်း ဝယ်ယူရေး ကန်ထရိုက် စာချုပ်များကို စနစ်တကျ ချုပ်ဆိုသွားမည်ဖြစ်ပြီး ကန်ထရိုက်ပေးရာတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏ ပစ္စည်းဝယ်ယူရေး စည်းမျဉ်း လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ 

မွန်ပြည်နယ် သထုံမြို့နယ်တွင် ယခင် ဓာတ်ငွေ့တာဘိုင် အဟောင်းများအစား ခေတ်မီနည်းပညာများဖြင့် အသုံးပြုထားသည် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ပေါင်းစပ်ပတ်လည် ဓာတ်ငွေ့ တာဘိုင် နည်းပညာသုံး စက်သစ်များဖြင့် လဲလှယ်တပ်ဆင်ရန် စီစဉ်နေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Khanthan Shankar က ပြောကြားသည်။ 

ကမ္ဘာ့ဘဏ်က ဆောင်ရွက်ပေးမည့် အဆိုပါ စီမံကိန်းများမှတစ်ဆင့် စက်ရုံအနီးရှိ ဒေသခံများ ရင်ဆိုင်ခံစားနေရသော စက်များလည် ပတ်မှုကြောင့် ထွက်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် အသံဆူညံမှုများ သိသိသာသာ လျော့ပါးစေမည့် အပြင် လျှပ်စစ်မီး မလုံလောက်မှုနှင့် ပြတ်တောက်မှုများကို အထိုက်အသင့် လျော့ပါးသွားစေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ပြု လုပ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

The Voice Weekly
မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၄၀ ထောက်ပံ့သုံးစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ ဘဏ်ရုံး ခွဲမှ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးလင်းက The Voice သို့ ပြောကြားသည်။

နိုင်ငံတကာ မီဒီယာများတွင် ရခိုင်ပြည်နယ်ပဋိပက္ခ ဖြစ်စဉ်များ၌ အကြမ်းဖက် ခံရသည့် ရခိုင်လူမျိုးများကို အကြမ်းဖက် သူများအဖြစ် ရေးသားနေခြင်းအပေါ် AHRDO အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်း

8.2.2
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၊ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာအား AHRDO အဖွဲ့မှ Mr. Rick Heizman နှင့် ဦးအောင်မင်းဦးက ရှင်းလင်းပြောကြားစဉ်
နိုင်ငံတကာ မီဒီယာများတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူမှုရေး၊ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများ၌ အကြမ်းဖက်ခံရသည့် ရခိုင်လူမျိုးများအား အကြမ်းဖက်သူအဖြစ် တစ်ဖက်သတ် ရေး

ရခိုင် ၅ ဦးကို ထောင်ဒဏ်တွေ ချမှတ်

Photo: ရခိုင် ၅ ဦးကို ထောင်ဒဏ်တွေ ချမှတ်
Saturday, Augest 03, 2013

ရခိုင် ဆူပူမှုတွေ အတွင်း ဖမ်းဆီး ခံရတဲ့ ရခိုင် အမျိုးသား ၅ ဦးကို ဗုဒ္ဓဟူး နေ့က စစ်တွေ ခရိုင် တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ် လိုက်ပါတယ်။

မြောက်ဦး မြို့နယ် ပုရိန်ကုန်း က ဦးထွန်းရွှေမောင်၊ မောင်သာကုန်း ရွာက ဦးမောင်မောင်နိုင်၊ ပန်းမြောင်း က ဦးမြင့်နိုင်၊ ကျောင်းတောင် က ဦးကံသာအောင် နဲ့ မောင်ထွီးစိန် တို့ကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ က ပုရိန်ကုန်း မွတ်ဆလင်ရွာ မီးရှို့ တိုက်ခိုက်မှုမှာ ပါဝင်သူတွေ ဆိုပြီး ပုဒ်မ ၁၃၆ မီးရှိုမှုနဲ့ စစ်တွေ ခရိုင်ရုံးက ထောင် သုံးနှစ်စီ ချလိုက် ပါတယ်။

ဒီအချိန် မှာပဲ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ စိစစ်ပြီး မွတ်ဆလင် တွေကို လုံးချင်း အိမ်ယာတွေ ဆောက်ပေးဖို့ ကိစ္စကို ခွင့်ပြုချက် မရဘဲ ဆန္ဒပြ ရာမှာ ဦးဆောင်သူ တွေလို့ စွပ်စွဲခံရသူ တွေကို တရားရုံး တွေက အမှု လက်ခံပြီး ကြားနာ စစ်ဆေး နေပြီ ဖြစ်ပါတယ်။

စစ်တွေက အဖွဲ့အစည်း ၂ဝ လောက်က အစိုးရ အာဏာပိုင် တွေကို ခွင့်ပြုချက် တင်ပေမယ့် ခွင့်ပြုမိန့် မကျ တာကြောင့် မတ်လ ၇ ရက် နေ့က စစ်တွေမှာ ဆန္ဒပြ ခဲ့ကြပါတယ်။

ဒေါ်မညိုအေးနဲ့ ဦးကျော်ဇောဦး တို့ နှစ်ဦးကို ဦးဆောင်သူ တွေလို့ စွပ်စွဲပြီး သက်ဆိုင်ရာ က တရားစွဲ ဆိုခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဆန္ဒပြပွဲ တွေ ခွင့်ပြုချက် မရှိဘဲ လုပ်တဲ့ အတွက် ကျောက်တော်က ၄ ဦး၊ ရသေ့တောင်က ၄ ဦးနဲ့ တောင်ကုတ်က ၃ ဦးကိုလည်း တရားစွဲ ထားပြီး အမှု ရင်ဆိုင် နေကြရတယ်လို့ သိရပါတယ် ။

BBC
ရခိုင် ဆူပူမှုတွေ အတွင်း ဖမ်းဆီး ခံရတဲ့ ရခိုင် အမျိုးသား ၅ ဦးကို ဗုဒ္ဓဟူး နေ့က စစ်တွေ ခရိုင် တရားရုံး က ထောင်ဒဏ် အသီးသီး ချမှတ် လိုက်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်ဦးချင်း ၀င်ငွေဆင်းရဲမှု ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အလုပ်လက်မဲ့များတွင် ဂုဏ်ထူးတန်း၊ ဘွဲ့ရများမှ ဆရာဝန်နှင့် အင်ဂျင်နီယာများအထိ ပါဝင်နေ

8.2.15
မြန်မာလုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ ၀န်ကြီးဦးစိုးဝင်း က ပြော ကြားနေစဉ်
ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်ဦးချင်း ၀င်ငွေဆင်းရဲမှု ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အလုပ်လက်မဲ့များတွင် ဂုဏ်ထူးတန်း၊ ဘွဲ့ရများမှ ဆရာဝန်နှင့် အင်ဂျင်နီယာများထိ ပါဝင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။

လူမျိုးရေး အခြေခံ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် လက်ရှိ လွတ်လပ်မှုများ၊ အကျိုးခံစားခွင့်များ ပျောက်ကွယ် သွားနိုင်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး အခြေခံ အကြမ်းဖက်မှု ဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံ သားများ၏ လက်ရှိရရှိနေသော လွတ်လပ်မှုများ၊ အကျိုးခံစားခွင့်များ ပျောက်ကွယ် သွားနိုင်ကြောင်း ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။

တပ်မတော်အား အရပ်သား အစိုးရ လက်အောက်တွင် ထားရှိရန် အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အမေရိကန် အထက်လွှတ်တော် အမတ် မစ်ခ်ျမက်ကော်နယ် တိုက်တွန်း

8.2.17
အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ် သြဂုတ် ၁ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် (Photo: AFP)
မြန်မာနိုင်ငံတွင် အပြုသဘော ဖြစ်ပေါ်နေသော ပြောင်းလဲမှုများ ရှိနေသော်လည်း သီးခြားဖြစ်နေသည့် တပ်မတော်ကို အရပ်သားထိန်းချုပ်မှုအောက်တွင်ထားရှိရန်အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ

အလင်းမှုန်တွေနဲ့ ဘောလုံးစွမ်းရည်ပြတဲ့ မက်ဆီ

အလင်းမှုန်တွေနဲ့ ဘောလုံးစွမ်းရည်ပြတဲ့ မက်ဆီ

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ မြက်ခင်းစိမ်းထဲတင် မကဘဲ အမှောင်ထဲမှာလည်း အလင်းမှုန်တွေနဲ့ကခုန်ပြီး ဘောလုံးစွမ်းရည်
ပြနိုင်ခဲ့ပါတယ်။ အမှောင်ထဲမှာ အလင်းမှုန်တွေနဲ့ဆိုတဲ့ စကားက ကြွားလုံးထုတ်ထားတာ မဟုတ်ပါဘူး။အမှောင်ထဲမှာ ဘောလုံးစွမ်းရည်ပြမယ့် မက်ဆီရဲ့ ဟန်ပန်ဟာ ၁၉၈၀ခုနှစ်တွေမှာ ခေတ်စားခဲ့တဲ့ Tron ဇာတ်ကားထဲက ဇာတ်ကောင်တွေလိုမျိုးဖြစ်ပြီး သူဝတ်မယ့် ၀တ်စုံကို LED မီးလုံးတွေနဲ့ ချုပ်လုပ်ထားတာပါ။

adizero f50 ဆိုတဲ့ ဖိနပ်သစ် ကြော်ငြာမှာ မက်ဆီဟာ ဒီအသွင်အပြင်မျိုးရှိခဲ့ပြီး ဒီဖိနပ်ဟာ 3D မျက်နှာပြင်မျိုးရှိပြီး အသုံးပြုထားတဲ့ သားရေကလည်း ဖိနပ်ကို တော်တော်လေး ပေါ့ပါးစေတယ်လို့ သိရပါတယ်။ ဒီဖိနပ်မှာ နည်းပညာ တော်လှန်ပြောင်းလဲမှုတွေကို မြင်ရမယ်လို့ ညွန်းထားပြီး အသုံးပြုတဲ့ ကစားသမားတွေအနေနဲ့ သူမတူတဲ့ လျှင်မြန်မှုမျိုး ရမယ်လို့လည်း ဆိုထားပါတယ်။
youtube မှတစ်ဆင့်ကြည့်ရန် လင့်ခ်ပါ။
http://www.youtube.com/watch?v=yjjb_Dy7tXg

http://yoyarlay.com/sport/football/36942-2013-08-02-17-36-39
ဇော်ထွန်း(ရိုးရာလေး)
ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ မြက်ခင်းစိမ်းထဲတင် မကဘဲ အမှောင်ထဲမှာလည်း အလင်း မှုန်တွေနဲ့ ကခုန်ပြီး ဘောလုံးစွမ်းရည် ပြနိုင်ခဲ့ပါတယ်။ အမှောင်ထဲမှာ အလင်းမှုန်တွေနဲ့ဆိုတဲ့ စကားက