Wednesday, February 5, 2014

ရွှေကျောင်းတော်ကို တိုက်ခိုက်ရန် အိန္ဒိယအား ဗြိတိသျှတို့မှ တိုက်တွန်းခဲ့

တရားဝင် စုံစမ်းမှုများအရ ၁၉၈၄ ခုနှစ်တွင် အမ်ရစ်ဆာရှိ ရွှေကျောင်းတော်မှ ဆစ်ခ်လူမျိုး ခွဲထွက်ရေး သမားများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ဗြိတိန် အနေဖြင့် အိန္ဒိယကို တိုက်တွန်း ခဲ့ကြောင်း တွေ့ရှိရ သည်ဟု အင်္ဂလန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟဂူးမှ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ရဲတစ်ဦး ရိက္ခာထောက်ပံ့ငွေ တစ်နေ့ တစ်ထောင်ကျပ်နှုန်ုးပေးရန် လွှတ်တော်သို့ တင်ပြ

၂၄ နာရီ တာဝန်ထမ်းဆောင်ရ သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အ တွက် ရိက္ခာထောက်ပံ့ငွေအဖြစ် ၂ဝ၁၄-၂ဝ၁၅ ခုဘဏ္ဍာရေးနှစ်တွင် တစ်နေ့လျှင် ကျပ် ၁ဝဝဝ နှုန်းဖြင့် ၂ဝ၁၄ ခုနှစ် ဧပြီ၁ရက်နေ့မှစ၍ တိုး မြှင့်ခံစားခွင့်ပေးရန် တင်ပြထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ပြောသည်။

အိမ်ခန်းရရှိထားသည့် ပညာရေးဝန်ထမ်းများ အခြား နည်းဖြင့် အသုံးပြု ထားပါက အိမ်ခန်းပြန်သိမ်းပြီး ဝန်ထမ်းကို Black List စာရင်းသွင်းမည်

Photo: အိမ်ခန်းရရှိထားသည့် ပညာရေးဝန်ထမ်းများ အခြား နည်းဖြင့် အသုံးပြု ထားပါက အိမ်ခန်းပြန်သိမ်းပြီး ဝန်ထမ်းကို Black List စာရင်းသွင်းမည်
Wednesday, February 5, 2014

အိမ်ခန်းရရှိထားသော ပညာရေး ဝန်ထမ်းများအနေဖြင့် ရရှိထားသော အိမ်ခန်းများကို အခြားနည်းဖြင့်အသုံးပြု ထားကြောင်းတွေ့ရှိပါက အိမ်ခန်းများကို ပြန်လည်သိမ်းဆည်းကာ ၄င်းဝန်ထမ်းအား Black List စာရင်းသွင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးဦးကျော် ကျော်လင်းကပြောသည်။

မန္တလေးမြို့တော်တွင် ကိုယ်ပိုင်အိမ် ရာမရှိသည့်ဝန်ထမ်းများကိုသာဦးစားပေး ပြီး ဝန်ထမ်းအိမ်ရာချထားပေးခြင်းဖြစ်ပြီး ယခင်ကရရှိထားသော
ပညာရေးဝန်ထမ်း တချို့သည် မြို့ပေါ်တွင် ကိုယ်ပိုင်အိမ်ရာ များကို ဝယ်ယူပြီးဖြစ်သော်လည်း မူလရရှိ ထားသည့်ဝန်ထမ်းတိုက်ခန်းကို ဆက်လက် နေထိုင်ပြီး ကိုယ်ပိုင်အိမ်ရာအားငှားရမ်း ထားရှိခြင်း၊ နေထိုင်ခွင့်ရအိုးအိမ်တိုက် ခန်းအား မိသားစုစာရင်းသွင်း၍ တစ်ဆင့် အငှားချထားမှုများရှိနေသောကြောင်း ၄င်းတို့အနေဖြင့်ယခု ကဲ့သို့ပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

''အဲ့ဒီလိုလုပ်ဆောင်နေတယ်ဆိုပြီး တိုင်ကြားတာအမှန်တကယ်ဆိုရင် တိုက်ခန်း ကိုပြန်သိမ်းပြီး အမှန်တကယ်လိုအပ် နေတဲ့ဝန်ထမ်းတွေ
ကို ပြန်လည်ချထားပေး မယ်။
ပြီးရင်အဲဒီဝန်ထမ်းကိုနာမည်ပျက်စာရင်းထဲထည့်ပြီး နောက်ဘယ်တော့မှ အခန်းချထားမပေးတော့ဘူး''လို့ တိုင်းဦးစီး မှူးကဆိုသည်။

ထိုသို့ဖြစ်ပွားနေကြောင်းလာရောက် တိုင်ကြားသူ လေး၊ ငါးဦးခန့်ရှိသော်လည်း တိတိကျကျ အချက်အလက်မပါဝင်သည့် အတွက် တိတိကျကျတိုင်ကြားနိုင်ရန် အတွက်ယခုကဲ့သို့ စာကပ်ပေးထားခြင်း
ဖြစ်ကြောင်း၊ ၄င်းတို့ ဌာနမှတာဝန်ရှိသူ များက စစ်ဆေးသော်လည်း
ပေါ်ပေါက်မှု မရှိသဖြင့် လျှောက်ထားသူဝန်ထမ်များ အနေဖြင့် အခက်အခဲများပေါ်ပေါက်လာ ပြီးအိမ်ခန်းခွဲတမ်း ထပ်မံချထားပေးနိုင်
ခြင်းမရှိကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး
ဦးစီးဌာန မှ မန္တလေးမြို့တွင် လာရောက်တာဝန် ထမ်းဆောင်သည့် ပညာရေးဝန်ကြီးဌာန အတွက် ဝန်ထမ်းနေတိုက်ခန်းခွဲတမ်း ၁၂၇ ခန်းခွဲဝေပေးထားပြီး ဌာနအားလုံး၏ ၂၁ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။

ထို့ကြောင့် အိမ်ခန်းရရှိသော ပညာရေး ဝန်ထမ်းများ၎င်းတို့၏ အိမ်ခန်းကို အခြား နည်းလမ်းဖြင့် အသုံးပြုပါက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူးရုံးဖုန်း ဝ၂-၆၁၁၇၁ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

The Union Daily
အိမ်ခန်းရရှိထားသော ပညာရေး ဝန်ထမ်းများအနေဖြင့် ရရှိထားသော အိမ်ခန်းများကို အခြား နည်းဖြင့် အသုံးပြုထားကြောင်းတွေ့ရှိပါက အိမ်ခန်းများကို ပြန်လည်သိမ်းဆည်းကာ ၄င်းဝန်ထမ်း အား Black List စာရင်းသွင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီး မှူး ဦးကျော် ကျော်လင်းကပြောသည်။

တာချီလိတ်၌ အသက်(၁၆)နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဓါတ်တိုင်ဝင်တိုက်မိ၍ ပွဲချင်းပြီး သေဆုံး

Photo: တာချီလိတ်၌ အသက်(၁၆)နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဓါတ်တိုင်ဝင်တိုက်မိ၍ ပွဲချင်းပြီး သေဆုံး
Wednesday, February 5, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့်အတွက် စက်တပ်ယာဉ်များဖြစ်သည့် မော်တော်ကားများ နှင့် မော်တော်ဆိုင်ကယ်များသည် အဆမတန်များပြားသည်နှင့်အညီ ယာဉ်တိုက်မှုများမှာလည်း မကြာခဏဆိုသလို ဆက်တိုက် ဖြစ်ပွားနေလျှက်ရှိရာ ယနေ့ ဖေဖော်ဝါရီလ (၅)ရက် မွန်းလွဲ(၁း၃၀)နာရီဝန်းကျင်က တာချီလိတ် - ၀မ်ပုံသွားလမ်းပေါ်၌ ကားလမ်းချော်၍ ဓါတ်တိုင်အား ၀င်တိုက်မိရာမှာ ကိုယ်ဝန်(၅)လခန့်ရှိနေသည့် အသက်(၁၆)နှစ်အရွယ် အမျိုးသမီး တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၁၆)နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီး မောင်းလာသည် ကားတွင် မိသားစု(၄)ဦး ပါရှိပြီး မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်နိုနမ့်လွတ်(ရွာသစ်) ဦးအိုက်ဆမ် ဥယျာဉ်ခြံရှေ့ ကားလမ်းမပေါ် အရောက်တွင် အရှိန်မထိန်းနိုင်တော့ပဲ ကားလမ်းချော်၍ လမ်းဘေးဓါတ်တိုင်အား အရှိန်ပြင်းစွာ ၀င်တိုက်မိရာမှ ကားပေါ်တွင် ပါလာသော အသက်(၆၅)နှစ်အရွယ် အဖွားအိုမှာ ဦးခေါင်းကွဲဒဏ်ရာ ရရှိပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ်စီရခဲ့ကြပြီး အသက်(၁၆)နှစ်အရွယ် အမျိုးသမီးမှာတော့ အဆိုပါ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

Tachileik
MyanmarForward
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့်အတွက် စက်တပ် ယာဉ်များဖြစ်သည့် မော်တော်ကားများ နှင့် မော်တော်ဆိုင်ကယ်များသည် အဆမတန်များပြားသည်နှင့် အညီ ယာဉ်တိုက်မှုများမှာလည်း မကြာခဏဆိုသလို ဆက်တိုက် ဖြစ်ပွားနေလျှက်ရှိရာ ယနေ့ ဖေဖော် ၀ါရီလ (၅)ရက် မွန်းလွဲ(၁း၃၀)နာရီဝန်းကျင်က တာချီလိတ် - ၀မ်ပုံသွားလမ်းပေါ်၌ ကားလမ်းချော်၍ ဓါတ်တိုင်အား ၀င်တိုက်မိရာမှာ ကိုယ်ဝန်(၅)လခန့်ရှိနေသည့် အသက်(၁၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး


 
 အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ပတ်စ်ပို့တ်သက်တမ်းတိုးခွင့် မရသဖြင့် စိတ်ပျက်နေသည့် ဆေးမင်ကြောင်ဘုရင်

Photo: ပတ်စ်ပို့တ်သက်တမ်းတိုးခွင့် မရသဖြင့် စိတ်ပျက်နေသည့် ဆေးမင်ကြောင်ဘုရင်
Wednesday, February 5, 2014

မျက်နှာတွင် ရုပ်ဖမ်း၍ မရလောက်အောင် ဆေးမင်ကြောင်များ ထိုးထားသလို တစ်ကိုယ်လုံးတွင်လည်း ဆေးမင်များ မွစာကြဲနေသည့် King of Ink အနေဖြင့် ယခုအခါတွင် ပတ်စ်ပို့တ်ရရှိရန် အခက်ကြုံနေရ

ဗြိတိန်နိုင်ငံ၏ ဆေးမင်ကြောင် အထူထပ်ဆုံး လူသားအနေဖြင့် မိမိ၏ အမည်သစ်ဖြင့် ပတ်စ်ပို့တ် လျှောက်ထား၍ မရခြင်းကို စိတ်ပျက်မိကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ အသက်(၃၄)နှစ်ရှိ မက်သရူးဝှီလန်သည် ၎င်း၏ အမည်ကို King of Inkဟု ပြောင်းလဲလိုက်သည်။ မျက်နှာတွင် ရုပ်ဖမ်း၍ မရလောက်အောင် ဆေးမင်ကြောင်များ ထိုးထားသလို တစ်ကိုယ်လုံးတွင်လည်း ဆေးမင်များ မွစာကြဲနေသည့် King of Ink အနေဖြင့် ယခုအခါတွင် ပတ်စ်ပို့တ်ရရှိရန် အခက်ကြုံနေရပြီ ဖြစ်သည်။ တစ်ကိုယ်လုံးတွင် ဆေးမင်ထိုးထားသည့် King of Ink အနေဖြင့် မျက်လုံးမျက်ဆန်ပေါ်တွင်ပါ မင်ကြောင်များ ရှိနေကြောင်း သိရသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှ (၉၀)ရာခိုင်နှုန်းသည် အရောင်အမျိုးမျိုး ဆေးမင်များဖြင့် ဖုံးလွှမ်းလျှက်ရှိသည်။

၎င်းအနေဖြင့် ပတ်စ်ပို့တ်ကို သက်တမ်းတိုးချိန်တွင် အမည်ပြောင်းထားသည့် အခြေအနေအရ သက်ဆိုင်ရာ တာဝန်ရှိသူများက သက်တမ်းတိုးခွင့် မပေးခဲ့ချေ။ ဘာမင်ဂမ်တွင် နေထိုင်သည့် ဆေးမင်ကြောင် ဝါသနာအိုးအား လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူများက ယခင်အမည် မက်သရူး အနေဖြင့်သာ ပတ်စ်ပို့တ် သက်တမ်းတိုးခွင့် ပေးမည်ဟု ပြောဆိုထားသည်။ King of Inkကမူ ယင်းသည် မိမိအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဟု ဝေဖန်ပြစ်တင်ထားသည်။ King of Inkသည် ဘယ်ဘက်မျက်လုံး၏ မျက်ဆန်အတွင်းနေရာ အပါအဝင် ဆေးမင်ကြောင်များစွာ ရေးထိုးထားသည့်အတွက် ပေါင်စတာလင် (၂၅၀၀၀)မျှ ကုန်ကျထားပြီး ဖြစ်သည်။

ယာဉ်မောင်းလိုင်စင်တွင် King of Inkအမည်ကို ပြောင်းလဲခွင့် ရရှိထားပြီးနောက် ၎င်းက "ကျွန်တော့် ပတ်စ်ပို့တ် သက်တမ်းကုန်လို့ အသစ်ပြန်လျှောက်တော့ သက်ဆိုင်ရာက ကျွန်တော့်ဆီ ဖုန်းခေါ်လာပါတယ်။ သူတို့မှာ ပြဿနာ တစ်ခုရှိနေတယ်တဲ့။ ကျွန်တော့်နာမည်သစ်ဟာ စည်းမျဉ်းတွေအရ ပတ်စ်ပို့တ်အတွက် လက်ခံပေးဖို့ ခက်နေကြောင်းနဲ့ ဒီအတွက် နောက်ထပ် အစိုးရ အသိအမှတ်ပြု မှတ်တမ်းတွေ ထပ်လိုကြောင်း ပြောပါတယ်။ ဒီတော့ ကျွန်တော့် ယာဉ်မောင်းလိုင်စင်ကို သူတို့ဆီ ပို့ပေးလိုက်တယ်။ ကျွန်တော်တို့ဒေသ ကိုယ်စားပြု အမတ်ဆီက ထောက်ခံစာလည်း ပါတယ်။ ဒါတောင် အဆင်မပြေဘူး ဆိုတာကတော့ ကျွန်တော့်ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ။ ကျွန်တော့် မွေးစာရင်း နာမည်ကိုပဲ ပတ်စ်ပို့တ်မှာ သူတို့က သုံးစေချင်တယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်တော့တဲ့ နာမည်လေ"ဟု ပြောကြားခဲ့သည်။

ပတ်စ်ပို့တ်ရုံးမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးကမူ မိမိတို့ အနေဖြင့် တစ်ဦးချင်း ကိစ္စများအပေါ် မှတ်ချက်မပေးလိုကြောင်း ဆိုသည်။ ပတ်စ်ပို့တ်စည်းမျဉ်း သတ်မှတ်ချက်များတွင် New Year၊ Happy Easter၊ Good Bye အစရှိသော စကားလုံးများကို ယေဘုယျအားဖြင့် လူအမည်အဖြစ် လက်ခံသတ်မှတ်မည် မဟုတ်ကြောင်း ဖော်ပြပါရှိသည်။

Planet Myanmar Network
မျက်နှာတွင် ရုပ်ဖမ်း၍ မရလောက်အောင် ဆေးမင်ကြောင်များ ထိုးထားသလို တစ်ကိုယ် လုံးတွင် လည်း ဆေးမင်များ မွစာကြဲနေသည့် King of Ink အနေဖြင့် ယခုအခါတွင် ပတ်စ်ပို့တ် ရရှိရန် အခက်ကြုံနေရ။

ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို ရဲက စစ်မေး

Photo: ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို ရဲက စစ်မေး
Wednesday, February 5, 2014

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းတယ်လို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။

ရခိုင်ပြည်နယ် ဒုချီးရားတန်းအနောက်ကျေးရွာ မီးလောင်ကျွမ်းမှုမှာ ရဲတွေပါဝင်ပတ်သက်တယ်လို့ နယ်မြေခံတွေက သူ့ထံကို အကြောင်းကြားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ရွေးချယ်ခံရသူ ဦးရွှေမောင်က ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်အပေါ် ပြည်နယ်အစိုးရကရော၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကပါ ပယ်ချငြင်းဆိုခဲ့ပြီး ဘင်္ဂါလီတွေ ကိုယ့်အိမ်ကိုယ် ရှို့သွားတာလို့ ထုတ်ပြန်ထားပါတယ်။

လွှတ်တော်ကျင်းပတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက မေးမြန်းဖို့ ကိစ္စကို သမ္မတရုံးက ပြည်ထောင်စုလွှတ်တော် နာယကထံကို သ၀ဏ်လွှာပေးပို့ ခွင့်တောင်းခဲ့ကြောင်းနဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်န၀ါရီ ၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ဦးရွှေမောင်ကို မေးမြန်းခဲ့ကြောင်း ဦးရဲထွဋ်က ရှင်းပြပါတယ်။

“အဓိကကတော့ ဒုချီးရားတန်းအနောက်ရွာမှာ မီးလောင်တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတို့ ဒီဗွီဘီနဲ့ ပြောတဲ့အချိန်မှာ ဒါဟာ ရဲတွေရှို့တယ်၊ ရွာသားတွေက တယ်လီဖုန်းနဲ့ ပြောတဲ့ အထောက်အထားတွေ သူ့မှာရှိတယ်၊ ဘာညာဆိုပြီးတော့ ပြောခဲ့တာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘက်က သိချင်တာတချက်ပေါ့။ ခိုင်မာတဲ့ အထောက်အထားရှိရင် သူတို့ကိုပေး။ မှန်ကန်တယ်ဆိုရင် တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ်ပြီးအရေးယူမှာပေါ့။ နှစ်ကတော့ သူက မခိုင်မာဘဲပြောတယ်ဆိုရင် သူ့ရဲ့ပြောဆိုမှုတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေသလို ရခိုင်ပြည်နယ်အပါအ၀င် ကျန်တဲ့မြန်မာနိုင်ငံရှိတဲ့ ဒေသတွေမှာလည်း အစ္စလာမ်ဘာသာဝင်နဲ့ ကျန်တဲ့လူတွေကြားထဲမှာ တင်းမာမှုတွေ မြင့်တက်စေနိုင်တယ်။ ပဋိပက္ခတွေ ပြန်ဖြစ်စေနိုင်တယ်ဆိုတာကို သူ သဘောပေါက်မပေါက်ပေါ့ဗျာ။ ဒါလေးကို သူ နားလည်မလည် ဒါမျိုးလေးလည်း မေးချင်တာ အဓိက” လို့ ပြောပါတယ်။

 မနေ့က ခေါ်ယူစစ်မေးတဲ နောက်ပိုင်းအခြေအနေကိုတော့ သူမသိရှိသေးဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။

 မနေ့က ခေါ်ယူစစ်ဆေးမခံရမီ ဦးရွှေမောင်က သူ့ကို ခေါ်ယူစစ်မေးမယ်ဆိုတာကို သိရှိကြောင်းနဲ့ သမ္မတရဲ့စာမှာ သူ့အင်တာဗျူးဟာ နိုင်ငံတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အသရေပျက်စေတယ်၊ ပဋိပက္ခဖြစ်စေတယ်လို့ ဖော်ပြထားကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အင်တာနက်စာမျက်နှာတွေပေါ်မှာ ဒုချီးရားတန်းကျေးရွာဖြစ်စဉ်အတွင်း ဘင်္ဂါလီ ၁၀၀ ကျော် သေဆုံးတယ်ဆိုပြီး လူစာရင်းတွေ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်လို့လည်း ဦးရဲထွဋ်က အခြေအမြစ်မရှိဘူးလို့ ထပ်မံဖြေရှင်းသွားပါတယ်။

“အီးယူသံအမတ်တွေလည်း ပြန်လာပါပြီ။ အီးယူသံအမတ်ရှေ့မှာ အမျိုးသမီးတယောက်က သူ့အမျိုးသား ပျောက်နေတယ်လို့ ပြောလို့တောင်မှ အဲဒီအမျိုးသားဟာ ရဲစခန်းမှာရှိကြောင်း ရဲက ရှင်းပြပေးပါတယ်။ ကျန်တဲ့သူတွေအားလုံးက မိန်းမတွေအားလုံးက ဒီကိစ္စကို မသိပါဘူးလို့ ပြောပါတယ်။”

လွန်ခဲ့တဲ့ရက်ပိုင်းက အဲဒီမောင်တောဒေသကို သွားရောက်စစ်ဆေးခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က လူသေဆုံးမှုနဲ့ ပတ်သက်ပြီး အထောက်အထားမတွေ့ရှိကြောင်းနဲ့ ရက်ပိုင်းအတွင်း ရှင်းလင်းထုတ်ပြန်မယ်လို့ ဖြေဆိုပါတယ်။

ဒီဗွီဘီက သမ္မတရုံးဝန်ကြီး ဦးရဲထွဋ်ကို ယူနတီအပတ်စဉ်ထုတ်ဂျာနယ်တိုက်က သတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက်ချက်သတင်းဖော်ပြခဲ့မှုနဲ့ စစ်မေးတာနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါ ဂျာနယ်က ရေးသားသလို ဓာတုလက်နက်စက်ရုံ မဟုတ်ဘဲ ကာကွယ်ရေးနဲ့ ဆိုင်တဲ့စက်ရုံသာဖြစ်တယ်လို့ ဖြေဆိုပါတယ်။

ဒီအမှုကို ဥပဒေအတိုင်း ဆောင်ရွက်နေတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။

“ဒီအမှုက သုံးဆယ်ရက်နေ့ (ဇန်န၀ါရီ) မှာ သက်ဆိုင်ရာဌာနက ပေါက်မြို့နယ်ရဲစခန်းမှာ တိုင်ချက်ဖွင့်တယ်။ ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၅၄၊ ၁၆၁ အရ သူတို့ကို ခေါ်ပြီးတော့မှ မေးမြန်းမှုတွေ လုပ်တယ်။ အဲဒီအခါမှာ ၂၄ နာရီထက် ကျော်ပြီးတော့မှ ခေါ်ယူမေးမြန်းလို့ မရတဲ့အတွက်ကြောင့်မို့လို့  သက်ဆိုင်ရာတရားရုံးထဲမှာ ဖေဖော်ဝါရီလ ၁ ရက်ကနေစပြီးတော့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ နှစ်ပတ် ရမန်ယူပြီးတော့မှ ကျနော်တို့ မေးမြန်းနေတာရှိတယ်။ ခင်ဗျားမေးတဲ့ ဓာတုလက်နက်စက်ရုံ ဟုတ်လားလို့မေးရင် ကျနော်တို့နိုင်ငံက ဓာတုလက်နက်နဲ့ပတ်သက်တဲ့ ကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒါဟာ ကာကွယ်ရေးနဲ့ဆိုင်တဲ့ စက်ရုံသာဖြစ်ပါတယ်။ ဓာတုလက်နက်ထုတ်တဲ့စက်ရုံမဟုတ်ပါဘူး” လို့ ဖြေပါတယ်။

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄  ပထမသတင်းပေးတိုင်ချက် ရေးဖွင့်ခြင်း၊ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၁ အရ သက် သေများ စစ်ဆေးခြင်း တွေဆောင်ရွက်တာလို့ ပြောသွားပါတယ်။

ဒီကနေ့မနက်ပိုင်းက ယူနတီဂျာနယ်တိုက်က အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးကို ပုဇွန်တောင်မြို့နယ် နေကြာလမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ ရဲက လာရောက်ခေါ်ဆောင်ပြန်တာကြောင့် ဖမ်းဆီးခံထားရသူ ငါးဦးထိရှိနေပြီဖြစ်ပါတယ်။

By အေးနိုင် (DVB)
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က စစ်ဆေးမေးမြန်းတယ်လို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။

လက်ပံတောင်း အက်စစ်စက်ရုံကို ပိတ်ရန် တောင်းဆို

Photo: လက်ပံတောင်း အက်စစ်စက်ရုံကို ပိတ်ရန် တောင်းဆို
Wednesday, February 5, 2014

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသ မိုးကြိုးအက်စစ်စက်ရုံက အက်စစ်ငွေ့တွေဟာ ရွာသားတွေရဲ့ကျန်းမာရေးကို ထိခိုက်တယ်ဆိုပြီး စက်ရုံ ပိတ်သိမ်းဖို့ တောင်းဆိုကြပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းအတွက် လည်ပတ်နေတဲ့ ဦးပိုင်ကုမ္ပဏီပိုင် မိုးကြိုး ဆာလ်ဖျူရစ် အက်ဆစ်စက်ရုံကြောင့် စက်ရုံနဲ့ ကိုက်တရာအကွာလောက်မှာ ရှိတဲ့ ကံကုန်း ကျေးရွာအတွင်း အက်ဆစ်ငွေ့တွေ ကျရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အက်ဆစ်ငွေ့တွေကြောင့် ရွာထဲမှာ လူ ၂၀၀ လောက် ချောင်းဆိုးအော့အန်ကြတဲ့အတွက် ဒေသခံ ကျေးရွာသား ၅၀၀ လောက်ဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ ညပိုင်းက အက်ဆစ် စက်ရုံ ရပ်ဆိုင်းပေးဖို့ သွားရောက် တောင်းဆိုခဲ့ပါတယ်။

ကံကုန်းကျေးရွာ ဒေသခံတဦးက “ကျမမှာ ၈ နှစ် သမီးလေးရှိပါတယ်။ သူက မေမေ အာခေါင်တွေ ယားပြီး ဗိုက်တွေ နာလာတယ်လို့ ကျမကို လာ ပြောတယ်။ ကျမလည်း စကားပြောရင်းနဲ့ဆိုတော့ ကလေးကိုလည်း ပြန်မကြည့်မိဘူး။ ခဏကြာတော့ မေမေ သမီး မျက်လုံးတွေပါ စပ်တယ်လို့ ပြောတယ်။ ကျမတို့လည်း ထိုင်စကားပြောနေရင်းနဲ့ ဟုတ်မှပဲ နည်းနည်းပြဆိုပြီး ကြည့်ရင်းနဲ့ အငွေ့တွေ အငွေ့တွေက လေနဲ့ လွှင့်ပါလာတယ်။ အဲဒီအချိန်မှာ မျက်လုံးတွေထဲကို ဖုန်တွေ ၀င်လာသလို ယားယံလာတယ်၊ စပ်လာတယ်။ အာခေါင်တွေလည်း ခြောက်လာတယ်။ ချက်ချင်းပဲ ရင်ဘတ်တွေ အောင့်လာသလို ဖြစ်လာတယ်”လို့ ပြောပါတယ်။

သွားရောက်တောင်းဆိုခဲ့တဲ့အထဲက ၄ ဦးနဲ့ ဒေသအာဏာပိုင်တွေ၊ စက်ရုံတာဝန်ရှိသူတွေ ဆွေးနွေးပြောဆိုခဲ့ကြပြီးနောက် စက်ရုံရှေ့မှာ စောင့်ဆိုင်းနေတဲ့ ဒေသခံတွေကို အခုလို ပြန်လည် ရှင်းလင်းပြောဆိုပါတယ်။
ဦးပိုင်ကုမ္ပဏီ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦး “လက်ရှိ အခြေအနေကို ဒီက လူကြီးတွေကို ပြောပြီးပြီ။ အခုဖြစ်နေတဲ့ အခြေအနေကို ၀န်ကြီးချုပ်ကိုလည်း သေချာသွားရှင်းပြမယ်။ ဒါ့အပြင် ဒီနေ့ မလေ့လာရသေးတဲ့ အခြေအနေတွေကို မနက်ဖြန် ထပ်ပြီး လူကြီးတွေကို ထပ်ရှင်းပြမယ်။ ဒီကနေပြီး မကျေမလည် ဖြစ်နေတဲ့ ကိစ္စတွေကိုလည်း ဦးပိုင်နဲ့ သေချာဖြေရှင်းပြီး ငါတို့ အုပ်ချုပ်ရေးအဖွဲ့က ဒီကို ပြန်လာပြီး ကျေနပ်တဲ့အထိ ရှင်းပြမယ်” လို့ ပြောပါတယ်။
ရာသီအကူးအပြောင်းမှာ လေထုစိုထိုင်းဆ နည်းလာပြီး ခြောက်သွေ့လာတာနဲ့အမျှ အက်စစ်ဓာတ်ငွေ့ကြောင့် လေထုညစ်ညမ်းမှု ပိုမိုသိသာလာပြီး လူထုကျန်းမာရေး စိုးရိမ်ပူပန်ရတဲ့ အနေအထားဖြစ်ပေါ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တချို့က သုံးသပ်ထားပါတယ်။
ခွင့်ပြုမိန့်မရသေးဘဲ လည်ပတ်နေတဲ့ ဦးပိုင်ကုမ္ပဏီပိုင် မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ် စက်ရုံကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာမှာ အန္တရာယ်ရှိတဲ့ စက်ရုံအမျိုးအစားအဖြစ် သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ဆက်လက်ထုတ်လုပ်မယ်ဆိုရင် စက်မှုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ် ရယူရဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း စုံစမ်းရေးကော်မရှင်က အကြံပေးထားပါတယ်။

By ဒီဗွီဘီ
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသ မိုးကြိုးအက်စစ်စက်ရုံက အက်စစ်ငွေ့တွေဟာ ရွာ သားတွေရဲ့ကျန်းမာရေးကို ထိခိုက်တယ်ဆိုပြီး စက်ရုံ ပိတ်သိမ်းဖို့ တောင်းဆိုကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ အကြံပေးအရာရှိ မြန်မာနိုင်ငံရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အစိုးရ၏ အကြီးတန်း အကြံပေးအရာရှိ Ms.Judith Cefkin သည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို လေ့လာရန်အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့က ရောက်ရှိနေကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်သည်။

တပ်မတော်သားများအတွက် သက်စွန့်တာဝန်စရိတ် ငါးထောင် ပိုပေးထားဟုဆို

တပ်မတော်သားများအတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် အသက်စွန့် တာဝန်စရိတ်အဖြစ် ကျပ်ငွေ ငါးထောင်ကို လစာအတွင်း ထည့်ပေးထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကားလေးစီးဆင့် တိုက်မှုဖြစ်ပွား ကလေးတစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်း (၃၁)ကားဂိတ်ဟောင်းအနီးရှိ အညာသွေးထမင်းဆိုင်ရှေ့၌ ယနေ့ည ၉ နာရီကျော်တွင် ယာဉ်လေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

တိရစ္ဆာန် ကာကွယ်ဆေးထိုးသင်တန်း ဖွင့်ပွဲကျင်းပ

Photo: တိရစ္ဆာန် ကာကွယ်ဆေးထိုးသင်တန်း ဖွင့်ပွဲကျင်းပ
Wednesday, February 5, 2014

ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးစီး၍ တိရစ္ဆာန် ကာကွယ်ဆေးထိုး သင်တန်း အမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီ ၃ ရက် နံနက် ၉ နာရီက ဟားခါးမြို့ ပြည်နယ်ရုံးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာခင်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများက ဆက်လက် သင်တန်းပို့ချကြသည်။

အဆိုပါ သင်တန်းကို ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ တိရစ္ဆာန်ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ဌာနမှ အမှုထမ်း၊ ၀န်ထမ်းများ၊ ပြည်နယ်အတွင်းရှိ မြို့နယ်၊ မြို့နယ်ခွဲများမှ ကျေးလက်လူငယ်များ စုစုပေါင်း ၂၅ ဦး တက်ရောက်ကြောင်း သိရသည်။

MOI Webportal Myanmar
ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးစီး၍ တိရစ္ဆာန် ကာကွယ်ဆေးထိုး သင်တန်း အမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီ ၃ ရက် နံနက် ၉ နာရီက ဟားခါးမြို့ ပြည်နယ် ရုံးခန်းမ၌ ကျင်းပသည်။

ရဲတပ်ဖွဲ့ကို စွပ်စွဲမှုဖြင့် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား စစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးရှို့မှုကို ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သည်ဟု ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က DVB သတင်းဌာနသို့ ပြောကြားခဲ့သည့်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မူလတန်းနဲ့ အလယ်တန်း သင်ရိုးတချို့ ခပ်ပါးပါး ပြုပြင်ထား

Photo: မူလတန်းနဲ့ အလယ်တန်း သင်ရိုးတချို့ ခပ်ပါးပါး ပြုပြင်ထား
Wednesday, February 5, 2014

လာမယ့် ၂ဝ၁၄ -၁၅ ပညာသင်နှစ်က စပြီး မြန်မာ အစိုးရက မူလတန်းနဲ့ အလယ်တန်း သင်ရိုး ပြဋ္ဌဌာန်းစာ တချို့ကို ပမာဏ လျှော့ချ သွားတော့မယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ထပ်တူ အဓိက အရေးကြီးတဲ့ ကဏ္ဍဍတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး မြှင့်တင်မှုတွေ ဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု ၊ work load အပြင် ခေတ်စံနစ်နဲ့ မညီတဲ့ သင်ရိုး ညွန်းတမ်းတွေကို နည်းနည်း ပြုပြင်ထားတယ်လို့ အမှတ်( ၁) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

သူတို့ အနေနဲ့ နည်းနည်းဘဲ အချိန်မှီ လုပ်နိုင်ခဲ့ပြီး လက်ရှိရဲ့ ၈၅ ကနေ ၉ဝ ရာခိုင်နှုန်း ကိုသာ ခပ်ပါးပါးပဲ ပြုပြင် ထားတယ်လို့ မြန်မာ အစိုးရ ပညာရေး ဝန်ကြီးဌာနက ပညာ သင်ကြားရေးမှာ ခေတ်မီ ပြောင်းလဲဖို့ အတွက် ကျောင်းသင်ရိုး လျှော့ချမယ့် ကိစ္စနဲ့ ပတ်သက်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် အတွက် ခပ်ပါးပါး ပြုပြင်ထားတဲ့ သင်ရိုးညွှန်းတမ်း စာအုပ်ရိုက်ပြီး ကျောင်းသူ ကျောင်းသားတွေကို ဖြန့်ဝေပေးနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

ဘက်စုံ လမ်းညွှန် လေ့လာသုံးသပ်ရေး လုပ်ငန်းက ၂၀၁၃ ဇွန်လ ကနေ ဒီဇင်ဘာလ အထိ အဆင့် ၂ ကို အသေးစိတ် လေ့လာ ဆန်းစစ်တာတွေ လုပ်ပြီး အစီရင်ခံစာ ပြုစု နေတယ်လို့ သူက ဆိုပါတယ်။

၂၀၁၄ ဇန္နဝါရီ ကနေ ဇွန်လ ဘတ်ဂျက် ပါတဲ့ ပညာရေး စီမံကိန်း ပြုစုဖို့ သုတေသန စီမံကိန်းတွေ လုပ်နေပြီး ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာ မိတ်ဖက် အဖွဲ့တွေနဲ့ ဆောင်ရွက်နေကြောင်းလည်း သူက ပြောပါတယ်။

အရည်အသွေး ရှိတဲ့ ပညာရေး ဆောင်ရွက်ဖို့ ဆိုရင် ဆရာ ဆရာမတွေရဲ့ သင်ကြား ပို့ချမှု အပေါ် အများကြီး မူတည်နေတယ်လို့ သူက ဆိုပါတယ်။

သင်ကြားမှုကိုလည်း ကလေး ဗဟိုပြု ဖြစ်ဖို့ မြို့နယ် ၃၃၀ထဲမှာ ကျန်နေသေးတဲ့ မြို့နယ်တွေမှာ ရှိတဲ့ ကလေး ဗဟိုပြု သင်ကြား မွမ်းမံ သင်တန်းတွေ လုပ်နေတယ်လို့ သူက ဆိုပါတယ်။

သင်ရိုးပြုပြင်ရေးသာ မက သင်ကြားနည်းနဲ့ စာမေးပွဲ စနစ်တွေမှာရော ပြုပြင်ရေးတွေ လုပ်ဖို့ရှိတာနဲ့ ပတ်သက်ပြီးလည်း ဒေါက်တာ မျိုးသိမ်းကြီးက ရှင်းပြရာမှာ စာမေးပွဲ စံနစ်နဲ့ ပတ်သက်လို့ ကျောင်းသား ကျောင်းသူတွေရဲ့ တီထွင် ကြံဆမှုနဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ဦးတည်တဲ့ စာမေးပွဲ စံနစ် ဖြစ်ဖို့ လေ့လာ ဆန်းစစ်နေတယ်လို့လည်း ပြောပါတယ်။

နှစ်ပေါင်း များစွာ ခေတ်နောက်ကျ ကျန်ရစ်တဲ့ မြန်မာ့ ပညာရေးမှာ ပြုပြင် ပြောင်းလဲရေးတွေ အရှိန်မြှင့် လုပ်ဖို့ အများကြီး လိုအပ်နေတယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်း မကြာခဏ ကြားနေရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကျောင်းသင်ခန်းက သင်ရိုး ပြဠာန်းစာ လျှော့မယ်
ကျောင်းသင်ခန်းက သင်ရိုး ပြဠာန်းစာ လျှော့မယ်
လာမယ့် ၂ဝ၁၄ -၁၅ ပညာသင်နှစ်က စပြီး မြန်မာ အစိုးရက မူလတန်းနဲ့ အလယ်တန်း သင်ရိုး ပြဋ္ဌဌာန်းစာ တချို့ကို ပမာဏ လျှော့ချ သွားတော့မယ်လို့ သိရပါတယ်။

အချစ်ကို နားမလည်သေးပါဘူးလို့ ဆိုလိုက်တဲ့ ဆောင်းယွန်းစံ

အနုပညာလှုပ်ရှားမှုများနဲ့ အနည်းငယ်အလှမ်းဝေးနေသလို ထင်ရတဲ့ ဆောင်းယွန်းစံက အခုနောက်ပိုင်းမှာ ကြော်ငြာတွေအပြင် ဇာတ်လမ်းတွဲတွေပါ ရိုက်လာတာကြောင့် သူမနဲ့ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းကြည့်လိုက်တဲ့အခါ သူမက ‘အခုကြော်ငြာတွေ ရိုက်ဖြစ်တယ်။ ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်နေပါတယ်။ ကြော်ငြာက ငွေဆောင်မှာ ACE ကြော်ငြာ ရိုက်ထားပါတယ်။ ပြီးတော့ ဆိုင်ကယ်ကြော်ငြာ ရိုက်ထားတယ်။ ဆီဆိုင်ကြော်ငြာ ရိုက်ထားပါတယ်။ ဇာတ်လမ်းတွဲက အပိုင်းဖြတ်ပြီး ရိုက်မဲ့ဇာတ်လမ်းတွဲပါ’တဲ့။

ခုချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က နံပါတ်တစ်လို့ ဆိုတဲ့ မိုးစက်ဝိုင်

Photo: ခုချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က နံပါတ်တစ်လို့ ဆိုတဲ့ မိုးစက်ဝိုင်
Wednesday, February 5, 2014

Miss Universe Myanmar 2013 ဖြစ်တဲ့ မိုးစက်ဝိုင်က လတ်တလောမှာ အနုပညာ လှုပ်ရှားမှုများစွာနဲ့ မအားမလပ် ဖြစ်နေသူပါ။ အနုပညာခြေလှမ်းတွေ စိပ်လာတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ‘အခု မိုးစက် လောလောဆယ် ဖေဖော်ဝါရီတစ်လလုံးက ခရီးသွားမှာ ဖြစ်တဲ့အတွက် မဂ္ဂဇင်းကာဗာတွေ ရိုက်ထားတယ်။ မတ်လအတွက် ထွက်မှာပေါ့။ ပြီးတဲ့အခါ ကြော်ငြာရိုက်ဖို့ရှိတယ်။ ပြီးရင် ခုနကပြောတဲ့ ယိုးဒယားနယ်စပ်ကား ရိုက်ဖို့ရှိတယ်။ ဇာတ်ညွှန်းက မထွက်သေးတဲ့အတွက် သေချာတော့ မသိသေးဘူးပေါ့နော်။ ခရီးက USနဲ့ ကိုးရီယားသွားမယ်’လို့ သူမက ပြောပါတယ်။

လာမဲ့ချစ်သူများနေ့ကို သူမဘယ်လို ဖြတ်သန်းမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သူမက ‘ချစ်သူများ နေ့က မိုးစက်အတွက် ကျန်တဲ့နေ့တွေနဲ့အတူတူပါပဲ။ အရင်နှစ်တွေလဲ တူတူပါပဲ။ မိုးစက်ခံ ယူထားတာက ဘယ်နေ့မဆို ပျော်အောင်ဖြတ်သန်းပါတယ်။ ထူးထူးခြားခြားကြီးမရှိပါဘူး။ ချစ်သူများနေ့မှာ ဘာအမှတ်တရမှ မရှိပါဘူ။ သူများကိုပေးဖို့လဲ မရှိပါဘူး။ အချစ်ဆိုတာ နဲနဲတော့ ပြောရခက်မယ။် နားလည်ဖို့အတွက် အများကြီး လိုဦးမယ်လို့ထင်ပါတယ်။ မိုးစက်က ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ အိမ်ထောင်ရေးက စဥ်းစားမယ်။ မစဉ်းစားဘူးဆိုတာထက် ရေစက်ရှိမရှိ ကိုယ့်ကိုကိုယ်လဲ အခွင့်အရေးပေးတယ်။ သူများကိုလဲ အခွင့်အရေးပေးတယ်။ ပြုကိုပြုရမယ်လို့တော့ မခံယူထားပါဘူး။ ခုချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က နံပါတ်၁ပါ။ မိသားစုကလဲ တားမြစ်ထားတာမျိုးမရှိပါဘူး။ လူတစ်ယောက်က ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်ပဲလေ။ ဘယ်သူရယ်လို့တော့ သတ်မှတ်မထားပါဘူး။ ရေစက်ရှိတဲ့သူနဲ့ပေါ့နော်။ မရှိရင်လဲ ဘယ်သူနဲ့မှမဖြစ်ဘူးပေါ့။ မိုးစက်က အချက်အလက်တွေနဲ့ သတ်မှတ်ထားတာမျိုးလဲ မရှိပါဘူး’တဲ့။

Trend Myanmar
Miss Universe Myanmar 2013 ဖြစ်တဲ့ မိုးစက်ဝိုင်က လတ်တလောမှာ အနုပညာ လှုပ်ရှားမှုများစွာနဲ့ မအားမလပ် ဖြစ်နေသူပါ။ အနုပညာခြေလှမ်းတွေ စိပ်လာတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ‘အခု မိုးစက် လောလောဆယ် ဖေဖော်ဝါရီတစ်လလုံးက ခရီးသွားမှာ ဖြစ်တဲ့အတွက် မဂ္ဂဇင်းကာဗာတွေ ရိုက်ထားတယ်။ မတ်လအတွက် ထွက်မှာပေါ့။ ပြီးတဲ့အခါ ကြော်ငြာရိုက်ဖို့ရှိတယ်။ ပြီးရင် ခုနကပြောတဲ့ ယိုးဒယားနယ်စပ်ကား ရိုက်ဖို့ရှိတယ်။ ဇာတ်ညွှန်းက မထွက်သေးတဲ့အတွက် သေချာတော့ မသိသေးဘူးပေါ့နော်။ ခရီးက USနဲ့ ကိုးရီယားသွားမယ်’လို့ သူမက ပြောပါတယ်။

ထိုင်းနိုင်ငံထုတ် ငံပြာရည်အတုများ စစ်ဆေးတွေ့ရှိ

Photo: ထိုင်းနိုင်ငံထုတ် ငံပြာရည်အတုများ စစ်ဆေးတွေ့ရှိ
Wednesday, February 5, 2014

ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော ထိုင်းနိုင်ငံ ထုတ်ငံပြာရည် တံဆိပ်တစ်မျိုး၏ ပုလင်းများတွင် ငံပြာရည် အတုအချို့ စစ်ဆေးတွေ့ရှိ ထားခဲ့သောကြောင့် သက်ဆိုင်ရာ တင်သွင်းသော ကုမ္ပဏီထံ အကြောင်းကြားထားကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ငံပြာရည်တံဆိပ်ကို ထိုင်းဘာသာစကားနှင့်သာ ရေးသားထားပြီး တံဆိပ်ရုပ်ပုံမှာ အဖြူရောင် စားဖိုမှူး တစ်ဦးက ပုစွန်ကို ထမ်းထားသည့်ဟန် ဖြစ်ကြောင်း၊ ငံပြာရည်ပုလင်း အရွယ်အစားသည် ၇၅၀ မီလီလီတာ ရှိပြီး ပုလင်းနှင့် တံဆိပ်တွင် တူသော်လည်း အရောင်နှင့် အနံ့မှာ မူလငံပြာရည် ပုလင်းနှင့် သိသိသာသာ ကွဲပြားကြောင်း ၎င်းကပြောကြားသည်။

ရန်ကုန်မြို့ မင်္ဂလာဈေးကွက်အတွင်း ရောင်းချနေသော ယင်းငံပြာရည် ပုလင်းများကို ထိုင်းနိုင်ငံမှ ဝယ်ယူဖြန့်ချိသူ ရွှေဆည်တော် ၉၉၉ ရောင်းဝယ်ရေး ကုမ္ပဏီက ယင်းသို့ တွေ့ရှိသဖြင့် စားသုံးသူ ကာကွယ်ရေးအသင်းထံ အကြောင်းကြား ခဲ့ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောဆိုသည်။
“ဝယ်ခဲ့တဲ့ အလုံးရေကိုတော့ အတိအကျ ပြောခွင့်မရှိဘူး။ ပြောလို့လည်း မရဘူး၊ အချိန်မီသိခဲ့လို့ ဈေးကွက်ထဲကိုတော့ မဖြန့်ခဲ့ဘူး။ တခြားသူတွေ ဝယ်မိမှာစိုးလို့ စားသုံးသူ ကာကွယ်ရေး အသင်းကတစ်ဆင့် အသိပေးတာပါ” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

အဆိုပါ ငံပြာရည်သည် ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က လက်မှတ် ရရှိထားသော ငံပြာရည် ဖြစ်သော်လည်း ယခုကဲ့သို့ အတုပေါ်ထွက် လာခြင်းကြောင့် ပြန်လည် ဓာတ်ခွဲစမ်းသပ်သွားမည် ဖြစ်ကြောင်း FDA ၏ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က The Voice သို့ ပြောကြားသည်။

စားသုံးသူ ကာကွယ်ရေးအသင်းနှင့် ရွှေဆည်တော် ၉၉၉ ရောင်းဝယ်ရေး ကုမ္ပဏီတို့သည် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အဆိုပါ ငံပြာရည်တံဆိပ်နှင့် ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးသွားရန် ရှိကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းထံမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ်အတွင်းက ငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသည်ဟု သတင်းများ ထွက်ခြင်းနှင့် ပတ်သက်ပြီး ငါးပိဈေးကွက် နိမ့်ကျသွားပြီးနောက် ယခုနှစ်ဆန်းပိုင်းတွင် ယင်းကဲ့သို့ ငံပြာရည်အတု စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော ထိုင်းနိုင်ငံ ထုတ်ငံပြာရည် တံဆိပ်တစ်မျိုး၏ ပုလင်းများတွင် ငံပြာရည် အတုအချို့ စစ်ဆေးတွေ့ရှိ ထားခဲ့သောကြောင့် သက်ဆိုင်ရာ တင်သွင်းသော ကုမ္ပဏီထံ အကြောင်းကြားထားကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

မြေနေရာများ အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ဟိုတယ်ဇုန်သစ် တည်ဆောက်ရန် အခက်အခဲရှိ

Photo: မြေနေရာများ အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ဟိုတယ်ဇုန်သစ် တည်ဆောက်ရန် အခက်အခဲရှိ
Wednesday, February 5, 2014

မြန်မာနိုင်ငံတွင် ဟိုတယ်ဇုန် အသစ်များ ထပ်မံဖော်ဆောင်ရန်အတွက် ဇုန်အလိုက် ညွှန်ကြားမှုများကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားသော်လည်း

ဟိုတယ်ဇုန်များ အနေဖြင့် ဇုန်အသစ် ဖော်ဆောင်ရန်အတွက် မြေနေရာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဇုန်အသစ်ဖော်ဆောင်ရန်မှာ လက်ရှိအချိန်တွင် မလွယ်ကူ နိုင်သေးကြောင်း တောင်ကြီး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကြည်လွင်က ပြောကြားခဲ့သည်။

ဟိုတယ်အသစ်များ အနေဖြင့် တည်ဆောက်ရန် မြေနေရာ ရှားပါးနေပြီး တည်ဆောက်မည် ဆိုပါက မြေနေရာ လွတ်များမှာ သစ်တောပိုင် မြေနေရာများသာရှိပြီး အဆိုပါ နေရာများ မှာ နေရာကျယ်ဝန်းပြီး ဟိုတယ်တည်ဆောက်ရန်အတွက် ရှုခင်းကောင်းမွန်သည့် နေရာဒေသများ ဖြစ်သော်လည်း သစ်တောပိုင် မြေနေရာများဖြစ်သည့် အတွက် တည်ဆောက်ရန် ခက်ခဲမှုများရှိကြောင်း သိရသည်။ ဟိုတယ်ဇုန်အလိုက် တည်ဆောက်ရန် မြေနေရာ အခက်အခဲဖြစ်ပေါ် နေသကဲ့သို့ တစ်လုံးချင်း တည်ဆောက်သည့် အပိုင်းတွင် လည်း မြေနေရာများမှာ ဝယ်ယူရန် ခက်ခဲသကဲ့သို့ တည်ဆောက်ရာတွင်လည်း အခက်အခဲများ ရှိကြောင်း သိရသည်။ ''အခုက ဟိုတယ်ဆောက်မယ် ဆိုရင်နေရာက ဟိုနေရာလည်း ဝယ်ရခက်၊ ဒီနေရာလည်း ဝယ်ရခက်ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အခုက ဂရန်ရှိမှ ဆောက်ရမလို ဖြစ်နေတယ်။ ပုံစံကလည်း ဂရန်ရှိမှ ဆောက်လို့ရတဲ့ နေရာတွေဆိုတော့ နည်းနည်း အခက်အခဲရှိတယ်'' ဟု ဦးကြည်လွင်က ဆက်လက် ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် မြေယာပြဿနာများနှင့် ရင်ဆိုင်နေရသည့် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများမှာ လက်ရှိတွင် ဟိုတယ် တည်ဆောက်မှု အပိုင်းတွင် တောင်ကြီး၊ အင်းလေးနှင့်ကလော စသည့်ဒေသများ၌ ဝင်ရောက် လုပ်ကိုင်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။ ''ဒီဟိုတယ်တွေ တည်ဆောက်တဲ့ ကုန်ကျစရိတ်က သိန်းကို သောင်းဂဏန်းချီတယ်လေ။ ဒီလို ရင်းနှီးမြှုပ်နှံ ပြီးတော့မှ အငှားဂရန်က နှစ်ကလေး အနည်းငယ်လောက်နဲ့ ခွင့်ပြုပေးတာဆိုတော့ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ လုပ်ငန်းရှင်တွေအနေနဲ့ ထိခိုက်တာပေါ့။ ဒါက ပြည်တွင်း အခြေအနေပဲ ရှိသေးတယ်။ ပြည်ပ လုပ်ငန်းရှင်တွေကလည်း ဒီလိုပြဿနာတွေ ရှိနေတာကိုသိရင် ဘယ်လိုပဲ အထဲကိုထဲထဲဝင်ဝင် လာတာပဲဖြစ်ပါစေ နည်းနည်းတော့ လန့်မှာပဲ။ သူတို့ဝင်ရင်လည်း သေချာမှပဲ ဝင်လာလိမ့်မယ်။ ဒီမှာပြဿနာတွေ မရှိနိုင်တဲ့ နေရာတွေကိုပဲ ဝင်မှာ။ ပြဿနာရှိ တဲ့ ဒေသတွေမှာ လုပ်ကိုင်ချင်ပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့ သူတွေက လက်ရှိအချိန်မှာ စောင့်ကြည့်နေကြတယ်''ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ တောင်ကြီး ဟိုတယ်ဇုန်၌ ကြယ်ငါးပွင့် အဆင့်ဟိုတယ်များ မရှိသေးသကဲ့သို့ ကြယ်လေးပွင့် အဆင့် ဟိုတယ်များမှာလည်း အင်းလေးဒေသတွင်သာ နှစ်လုံးရှိကာ ကြယ်သုံးပွင့်အဆင့် ဟိုတယ်များမှာ ကလော၊ တောင် ကြီးနှင့် အင်းလေးစသည့် နေရာများတွင်ရှိပြီး တခြားသော နေရာဒေသများတွင် ကြယ်တစ်ပွင့် နှစ်ပွင့်အဆင့် ဟိုတယ်များသာရှိကြောင်း သိရသည်။

မြ၀တီ
မြန်မာနိုင်ငံတွင် ဟိုတယ်ဇုန် အသစ်များ ထပ်မံဖော်ဆောင်ရန်အတွက် ဇုန်အလိုက် ညွှန်ကြားမှုများကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားသော်လည်း ဟိုတယ်ဇုန်များ အနေဖြင့် ဇုန်အသစ် ဖော်ဆောင်ရန်အတွက် မြေနေရာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဇုန်အသစ်ဖော်ဆောင်ရန်မှာ လက်ရှိအချိန်တွင် မလွယ်ကူ နိုင်သေးကြောင်း တောင်ကြီး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကြည်လွင်က ပြောကြားခဲ့သည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ကချင်ပြည်နယ်တွင်း ပြည်သူ့စစ်အင်အား ငါးထောင်အထိ ထပ်မံတိုးချဲ့ဖွဲ့စည်းသွားမည်

အင်အား(၈၀၀)ကျော်ရှိသော တာလောဌာနေပြည်သူ့စစ်
မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ  ကချင်ပြည်နယ်အတွင်း မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဖားကန့်၊ အင်းတော်ကြီးဒေသများနှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက်တို့တွင် နိုင်ငံတော် အစိုးရသို့ တင်ပြကာ တရားဥပဒေနှင့်အညီ ပြည်သူ့စစ်အင်အား (၅၀၀၀)အထိ ထပ်မံတိုးချဲ့ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာလေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ ကုန်သွယ်မှု ဒေါ်လာသုံးဘီလျံကျော် ရရှိ

Photo: နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာလေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ ကုန်သွယ်မှု ဒေါ်လာသုံးဘီလျံကျော် ရရှိ
Wednesday, February 5, 2014

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ် စသည့် နယ်စပ်စခန်း ၁၄ ခုမှ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်အထိ အမေရိကန်ဒေါ်လာ ၄၀၁၁ ဒသမ ၉၄၈ သန်း ရရှိခဲ့ကြောင်း သိရသည်။

နယ်စပ်စခန်းအားလုံးပေါင်းမှ ရရှိသည့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အနက် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၃၁၁၈ ဒသမ ၇၁၈ သန်း (သုံးဘီလျံကျော်) ရရှိခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်စခန်းများမှ ကုန်သွယ်ခြင်းဖြစ်ပြီး အိန္ဒိယနှင့်ကုန်သွယ်ရာတွင် တမူး၊ ရိဒ်နယ်စပ်စခန်းများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့်နယ်စပ်ကုန်သွယ်ရာတွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဆောင်ရွက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုကို စစ်တွေနှင့် မောင်တောနယ်စပ်စခန်းများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းများတွင်ပါ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

နယ်စပ်ဒေသနေဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုပြုလုပ်နိုင်ရန်နှင့် တရားမ၀င်ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကတ်များကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများအားလုံးတွင် ထုတ်ပေးနေပြီး အဆိုပါတစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှုပမာဏမှာလည်း ကျပ်ငါးဘီလျံကျော်ပြီဖြစ်ကြောင်း သိရသည်။ 

Eleven Media Group
နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

Photo: မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
Wednesday, February 5, 2014

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှု ဆိုင်ရာ တရားစီရင်ရေး ကဏ္ဍအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဟိုတယ်ဇုန်ရှိ အမရာဟိုတယ်၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သဘာပတိ ပြည်ထောင် စု ရှေ့နေချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက အလုပ်ရုံ ဆွေးနွေးပွဲ၏ ရည်မှန်းချက်များကို ရှင်းလင်းတင်ပြကာ AAPTIP တာဝန်ရှိသူ တစ်ဦးက အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ငန်းစဉ်နှင့် မျှော်မှန်း ရလဒ်များကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍနှင့် ဆက်နွှယ်သော မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အကောင်အ ထည်ဖော် ဆောင်ရွက်မှု အခြေအနေ များကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက တင်ပြသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၄ ရက်မှ ၅ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ အမေရိကန်သံရုံး၊ သြစတြေးလျသံရုံး၊ Asean Secretariat Office, UNICEF, IOM, UNODC, AAPTIP, World Vision Myanmar, Save the Children Myanmar, Kayin Baptist Convention, Human Rights Defenders and Promoters, The Warnath Group (Myanmar-US TIP Project) တို့မှ တာဝန်ရှိသူ ၆ဝ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြ၀တီ
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှု ဆိုင်ရာ တရားစီရင်ရေး ကဏ္ဍအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဟိုတယ်ဇုန်ရှိ အမရာဟိုတယ်၌ ကျင်းပသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ခေါင်းဆောင်များတွေ့ဆုံ၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ခေါင်းဆောင် များဖြစ်သော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးဂျင်မီနှင့် ဦးမြအေးတို့ နေပြည်တော်၌ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သီးသန့်တွေ့ဆုံခဲ့ပြီး NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် သွားမည် ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။

ငွေဒဏ်မဆောင်နိုင်မှသာ ထောင်ဒဏ်ကျခံရမည်ဖြစ်သော အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု

အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီ ဥပဒေအမှတ် ၅/၂၀၁၄)ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များ အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ထိုင်းရွေးကောက်ပွဲ အတိုက်အခံပါတီ စိန်ခေါ်

Photo: ထိုင်းရွေးကောက်ပွဲ အတိုက်အခံပါတီ စိန်ခေါ်
Wednesday, February 5, 2014

ထိုင်းနိုင်ငံမှာ လပေါင်းအတော်ကြာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းပေးနိုင်တဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲကို ဥပဒေကြောင်းအရ စိန်ခေါ်ဖို့ အတိုက်အခံတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အတိုက်အခံ ဒီမိုကရက်ပါတီကနေ အာဏာရ Pheu Thai party ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှာ ဒီကနေ့ လျှောက်ထားလိုက်ပါတယ်။

ဒီမိုကရက်တွေ တင်သွင်းမယ့် ကန့်ကွက်စာမှာ အစိုးရဟာ ရွေးကောက်ပွဲကို စောကျင်းပပြီး ရတဲ့နည်းနဲ့ အာဏာကို ကိုင်စွဲနိုင်ဖို့ လုပ်ဆောင်တယ်လို့ ပြောထားပါတယ်။ ဒုတိယကန့်ကွက်စာမှာတော့ ရွေးကောက်ပွဲအကြို ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပလို့ မရဘူးလို့ ပြောထားပါတယ်။

ရွေးကောက်ပွဲနေ့မှာ တိုက်ခိုက်မှုတွေ မရှိခဲ့ပေမဲ့ မဲထည့်ဝင်သူ အရေအတွက်က ၅၀ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ ဒေသအတော်များများမှာတော့ အစိုးရဆန့်ကျင်သူတွေက မဲထည့်ဝင်မှုတွေကို နှောင့်ယှက်ခဲ့ပါတယ်။

ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေ အရှိန်ကျသွားတဲ့ပုံရှိပေမဲ့ ဆန့်ကျင်ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ် ယင်းလတ် ရှင်န၀ပ် (Yingluck Shinawatra) ရာထူးက မနှုတ်ထွက်မချင်း ဆက်ပြီး ဖိအားပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ထိုင်းနိုင်ငံမှာ လပေါင်းအတော်ကြာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းပေးနိုင်တဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲကို ဥပဒေကြောင်းအရ စိန်ခေါ်ဖို့ အတိုက်အခံတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အတိုက်အခံ ဒီမိုကရက်ပါတီကနေ အာဏာရ Pheu Thai party ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှာ ဒီကနေ့ လျှောက်ထားလိုက်ပါတယ်။

ဒီမိုကရက်တွေ တင်သွင်းမယ့် ကန့်ကွက်စာမှာ အစိုးရဟာ ရွေးကောက်ပွဲကို စောကျင်းပပြီး ရတဲ့နည်းနဲ့ အာဏာကို ကိုင်စွဲနိုင်ဖို့ လုပ်ဆောင်တယ်လို့ ပြောထားပါတယ်။ ဒုတိယကန့်ကွက်စာမှာတော့ ရွေးကောက်ပွဲအကြို ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပလို့ မရဘူးလို့ ပြောထားပါတယ်။

ရွေးကောက်ပွဲနေ့မှာ တိုက်ခိုက်မှုတွေ မရှိခဲ့ပေမဲ့ မဲထည့်ဝင်သူ အရေအတွက်က ၅၀ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ ဒေသအတော်များများမှာတော့ အစိုးရဆန့်ကျင်သူတွေက မဲထည့်ဝင်မှုတွေကို နှောင့်ယှက်ခဲ့ပါတယ်။

ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေ အရှိန်ကျသွားတဲ့ပုံရှိပေမဲ့ ဆန့်ကျင်ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ် ယင်းလတ် ရှင်န၀ပ် (Yingluck Shinawatra) ရာထူးက မနှုတ်ထွက်မချင်း ဆက်ပြီး ဖိအားပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

မိုင်ခရိုဆော့ဖ် တည်ထောင်သူ Bill Gates အနားယူတော့မယ်

Photo: မိုင်ခရိုဆော့ဖ် တည်ထောင်သူ Bill Gates အနားယူတော့မယ်
Wednesday, February 5, 2014

နည်းပညာဆိုင်ရာ ကွန်ပြူတာ ကုမ္ပဏီကြီး Microsoft ကို တည်ထောင်ခဲ့သူ Bill Gates ဟာ ကုမ္ပဏီရဲ့ ဥက္ကဌ ရာထူးကနေ အနားယူတော့မယ်လို့ Microsoft ကုမ္ပဏီက ကြေညာလိုက်ပါတယ်။
မိုင်ခရိုဆော့ဖ် အကြီးအကဲ Bill Gates (Credit: Reuters)

ဘေးလ်ဂိတ်ဟာ နည်းပညာပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် Microsoft ကုမ္ပဏီမှာ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပြီး သူ့ရဲ့ နေရာကိုတော့ John Thompson က ၀င်ရောက်မှာ ဖြစ်ပါတယ်။

Microsoft ကုမ္ပဏီအတွင်း တခြား အပြောင်းအလဲတွေကတော့ အရင် အလုပ်အမှုဆောင် အရာရှိချုပ် Steve Ballmer ရဲ့ နေရာကိုတော့ Satya Nadella က ၀င်ရောက်မှာ ဖြစ်ပါတယ်။

တခြား နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် တီထွင်မှုအသစ်တွေ ဖန်တီးဖို့ နဲ့ အကျိုးအမြတ်တွေပိုမို ရရှိနိုင်ဖို့အတွက် ခေါင်းဆောင်မှု အသစ်တွေ ကို Microsoft ကုမ္ပဏီ ရင်းနှီးမြှပ်နှံသူတွေက လိုလားနေကြခဲ့ကြတဲ့ နောက်ပိုင်း အခုလို အပြောင်းအလဲ တွေ ဖြစ်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ABC Radio Australia
မိုင်ခရိုဆော့ဖ် အကြီးအကဲ Bill Gates (Credit: Reuters)
နည်းပညာဆိုင်ရာ ​ကွန်ပြူတာ ​ကုမ္ပဏီကြီး ​Microsoft ​ကို ​တည်ထောင်ခဲ့သူ ​Bill ​Gates ​ဟာ ​ကုမ္ပဏီရဲ့ ​ဥက္ကဌ ​ရာထူးကနေ ​အနားယူတော့မယ်လို့ ​Microsoft ​ကုမ္ပဏီက ​ကြေညာလိုက်ပါတယ်။

ပုဒ်မ ၅၉(စ)နှင့် ၅၉(ဃ) ပြင်ပေးရန် ဆန္ဒဖော်ထုတ်မည်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတနှင့် ဒု-သမ္မတများ၏ အရည်အချင်း သတ်မှတ် ချက်များတွင် ပါဝင်သော ပုဒ်မ ၅၉ (စ)နှင့် ၅၉ (ဃ)ကို ပြင်ပေးရန်အတွက် ရန်ကုန်မြို့ အလုံမြို့ နယ်တွင် ဖေဖော်ဝါရီ ၆ ရက်၌ ဆန္ဒဖော်ထုတ်သွားမည်ဟု ဆန္ဒဖော်ထုတ်ရာတွင်ဦးဆောင်သူ Generation youth အဖွဲ့ဝင် ကိုမင်းနေထူးက မဇ္ဈိမကို ပြောသည်။

ဝန်ကြီးဦးအုန်းမြင့်ကို တရားလွှတ်တော်ရှေ့နေ တစ်ကိုယ်တော်ဆန္ဒပြ

“နယ်လှည့်ပါးရိုက်နေတယ်”ဟု ပြောဆိုခဲ့သည့် မွေး/ရေ၀န်ကြီးဦးအုန်းမြင့်ကို မကျေနပ်သည့်အတွက် ပဲခူးတိုင်း ပြည်မြို့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြည်သူလူထုအားလုံးအတွက် ပါးကို အချက် သန်းခြောက်ဆယ် အရိုက်ခံမည်ဟု ဆိုကာ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်မြို့အတွင်း တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒပြလိုက်သည်။

စစ်သင်တန်းကျောင်းနယ်မြေဟုဆိုကာ လှည်းကူးမြို့နယ်မှ အိမ်ခြေ ၄၀၀ ရှိ ရွာကို စက်ယန္တရားကြီးများနှင့် ဖျက်ဆီး

ရန်ကုန်တိုင်း၊ လှည်းကူးမြို့အနီး သမီးလေးကျေးရွာကို စစ်သင်တန်းကျောင်းနယ်မြေပိုင်ဟုဆိုကာ အဆို ပါနေရာရှိ အိမ်ခြေ ၄၀၀ ခန့်ကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး အစိုးရပိုင်းက ဇန်န၀ါရီ ၄ရက်တွင် ဘူဒိုဇာ များဖြင့် ဖျက်သိမ်းလိုက်သည်ဟု အဆိုပါကျေးရွာတွင် နေထိုင်သူများက ပြောသည်။

“နံနက် ၅ နာရီလောက်က စည်ပင်ဝန်ထမ်းတွေ၊ အရပ်ဝတ်တွေနဲ့လူတွေက အိမ်တွေကို ၀င်ဖျက်တယ်။ ဖျက်လို့မရတဲ့အိမ်တွေကို ဘူဒိုဇာနဲ့ထိုးတယ်။ အကုန်လုံး တစ်အိမ်မကျန် အကုန်လုံးကို ဖျက်ဆီးပစ်တာ။ ဘာမှမထားဘူး။ နောက်ပြီး အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ဖမ်းဆီးပစ်ခတ်ပြီး ယူသွားကြတယ်”ဟု ဦး မြင့်မောင်က ဆိုသည်။

ပုဒ်မ ၅၉(စ) ပြင်ဆင်သင့်၊ မသင့် လူထုဆန္ဒခံယူရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ကွန်ရက် တောင်းဆို

ပြည်သူလူထု၏ ဆန္ဒသဘောထားကို ပိုမိုထင်ရှားစွာ သိရှိစေရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်သင့်၊ မပြင်ဆင်သင့် လူထုဆန္ဒခံယူပွဲ ပြုလုပ်ပေးရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ကွန်ရက်က ပြည်ထောင်စုလွှတ်တော်ကို တောင်းဆိုလိုက်သည်။

ရိုဟင်ဂျာဆိုသည်မှာ လုပ်ကြံထားသည့်နာမည်တစ်ခုသာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန် ပြောဆို

နိုင်ငံတော်သမ္မတနှင့် ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဘူးဟုပြော ဆိုနေသော်လည်း လူအချို့က ရိုဟင်ဂျာလူမျိုးများရှိသည်ဟု ပြောဆိုနေခြင်းများနှင့် ပတ်သက်၍ ယခင် တမ်မတော်အစိုး ရထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် က မြန်မာနိုင်ငံ တွင် ရိုဟင်ဂျာဆိုသည်မှာ တကယ်မရှိကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောဆိုသည်။

မင်္ဂလာဆောင်အပြန် ရေဆိုးချောင်းအတွင်း ဆိုင်ကယ်ထိုးကျ၊ အမျိုးသမီးနှစ်ဦးသေဆုံး

ပြည်မြို့နယ် တီတွတ်-၀က်ထီးကန် ကားလမ်းမိုင်တိုင် အမှတ်(၁၁)အနီးတွင် ရေဆိုးချောင်းထဲသို့ ဆိုင်ကယ် တစ်စီးထိုးကျခဲ့ပြီး ဆိုင်ကယ်စီးလာသည့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့သည်ဟု ပြည်မြို့၊ အမှတ် (၃) ရဲစခန်း မှူးက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောသည်။

ဝန်ကြီးဦးအုန်းမြင့် သစ်ရာကောက်ကျေးရွာ ရွာသားများထံ ထပ်မံသွားရောက်

မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်အနေဖြင့် နိုင်ငံရေးသမားများနှင့် မီဒီ ယာများကို စော်ကားသည့်သဘောဖြင့် ပြောတာမဟုတ်သည့်အပြင် ရွာသားများကိုလည်း ဆဲရေးတိုင်း ထွာရန်လာခြင်းမဟုတ်ဟု ဖေဖော်ဝါရီ ၄ ရက်တွင် သစ်ရာကောက်ကျေးရွာသို့ ပြန်လည် သွားရောက်စဉ် ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ယခုနှစ် နိုဝင်ဘာတွင် စတင်အကောင်အထည်ဖော်မည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းစီစဉ်နေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၁၄ နိုဝင်ဘာတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဒု-သမ္မတဦးဉဏ်ထွန်းက ပြောဆို လိုက်ပြီဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရောက်ရှိစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန် တာဝန်ရှိသူများက ရှင်း လင်းခဲ့သော အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး ရှင်းလင်းချက်များတွင် ဒု-သမ္မတ ဦးဉဏ်ထွန်းက ထည့်သွင်းရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု အထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့မှ တွဲဖက်အတွင်းရေး မှူး ဦးအောင်ကျော်သန်းက ဆိုသည်။

အခြေခံဥပဒေပုဒ်မ ၅၉ ကို ထောက်ခံဆွေးနွေးပွဲ မန္တလေးတွင် ပြုလုပ်မည်

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ ကိုထောက်ခံကြောင်း ဆွေးနွေးဟော ပြောပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉ လမ်း နန်းရှေ့ ဘောလုံးကွင်းတွင် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြုလုပ်မည်ဟု ၀ံသာနုရက်္ခိတ စနေလူငယ်များအသင်း အထက်မြန်မာပြည် မန္တလေးမှ ကိုနီနီ အောင်က မဇ္ဈိမကို ပြောသည်။

ဖယ်ဒရယ်ပြည်ထောင်စုပါတီ လူအင်အား ၁,၃၀၀ ထိ ဖြည့်မည်

မှတ်ပုံတင်ခွင့်ရပြီးသော ဖယ်ဒရယ်ပြည်ထောင်စုပါတီ အက်ဖ်ယူပီသည် ပါတီဝင်အင်အား ၁,၃၀၀ ၀န်း ကျင်အထိ ဖြည့်တင်းရန် ဖေဖော်ဝါရီလကုန် နောက်ဆုံးထား စုဆောင်းနေသည်ဟု ပါတီဒု-ဥက္ကဋ္ဌ ဦးစော သန်းမြင့်က မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖယ်ဒရယ်ပြည်ထောင်စုပါတီ အက်ဖ်ယူပီကို မှတ်ပုံ တင်ခွင့် ပေးပြီးနောက် ပါတီ၏လိုအပ်ချက်ဖြစ်သည့် ပါတီတွင်း လူအင်အားပြည့်မီစေရေးအတွက် စတင်လုပ် ဆောင်နေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။