Thursday, July 17, 2014

အေအိုင် ဒီအက်စ် ပြန့်ပွါးမှုကို ၂ဝ၃ဝ အရောက်တွင် ထိန်းချုပ် နိုင်မည့် အလားအလာရှိ

17jl4
ကမ္ဘာတစ်ဝှမ်း အေအိုင်ဒီအက်စ် ရောဂါ ပြန့်ပွါးမှုကို ၂ဝ၃ဝ ခုနှစ် အရောက်တွင် ထိန်းချုပ် နိုင်မည့် အလားအလာ တစ်ရပ် ရှိနေကြောင်း ကုလသမဂ္ဂ အေအိုင်ဒီအက်စ် အေဂျင်စီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစ်စောင်က ဆိုသည်။
အိတ်ခ်ျအိုင်ဗွီ ကူးစက်မှု အရေအတွက် နှင့် အေအိုင်ဒီအက်စ်ဖြင့် သေဆုံးမှု အရေအတွက်များ လျော့ကျ လာကြ ကြောင်းလည်း

ခင်ပွန်းကို အမှုဆင်ရန်အတွက် အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးစားသည့် အမျိုးသမီး ထောင်ဒဏ်(၁၈)နှစ် ချမှတ်ခံရ

Photo: ခင်ပွန်းကို အမှုဆင်ရန်အတွက် အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးစားသည့် အမျိုးသမီး ထောင်ဒဏ်(၁၈)နှစ် ချမှတ်ခံရ
Thursday, July 17, 2014

ခင်ပွန်း(ဟောင်း)ကို အမှုဆင်ရန်အတွက် အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးပမ်းခဲ့သည့် အမျိုးသမီးသရုပ်ဆောင်တစ်ဦးကို တက္ကဆက်စ် တရားရုံးတစ်ခုက ထောင်ဒဏ် (၁၈)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

Walking Dead ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ အပါအဝင် ဇာတ်ကားအချို့တွင် မထင်မရှား ဇာတ်ဝင်ခန်းအချို့မှ ပါဝင်သရုပ်ဆောင်ဖူးသည့် ရှန်နွန်ဂက်စ် ရစ်ချတ်ဆန်ကို ဓာတုလက်နက် ထုတ်လုပ်မှု၊ ပိုင်ဆိုင်မှု စွဲချက်များအတွက် အပြစ်ရှိကြောင်း ခရိုင်တရားသူကြီး မိုက်ကယ်ရှနေးဒါးက ဆုံးဖြတ်ကာ နှစ်ရှည်ထောင်ဒဏ်အပြင် နစ်နာကြေးအဖြစ်  ၃၆၇၂၂၂ ဒေါ်လာ သီးခြားပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

အသက်(၃၆)နှစ်ရှိ ရှန်နွန်သည် စီရင်ချက် မချမှတ်မီတွင် တရားသူကြီးကို တောင်းပန်စကား ဆိုခဲ့ပြီး “ဘယ်သူ့ကိုမှ နာကျင်ထိခိုက်စေဖို့ ကျွန်မ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မက လူဆိုးတစ်ယောက်လည်း မဟုတ်ဘူး။ ကျွန်မနိုင်ငံကို ချစ်သလို သမ္မတကိုလည်း လေးစားပါတယ်”ဟု ပြောကြားခဲ့သည်။ သူမသည် ပဲစေ့မှ ထုတ်လုပ်သည့် Ricin ခေါ် အဆိပ်တစ်မျိုး သုတ်လိမ်းထားသည့် စာများကို ခင်ပွန်းဖြစ်သူ နေသန်ရစ်ချတ်ဆန်၏ အမည်ဖြင့် အိုဘားမား၊ နယူးယော့ခ် မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွမ်းဘာ့ဂ်နှင့် သေနတ်ကိုင်ဆောင်မှု လျှော့ချရေး တက်ကြွလှုပ်ရှားသူ မာ့ခ်ဂလေ့ဇ်တို့ထံ ပေးပို့ခဲ့သည်။

ပြီးခဲ့သည့်နှစ်၊ ဇွန်လက ရဲများက ဖမ်းဆီးခဲ့သည်။ ရှန်နွန် အဖမ်းခံရချိန်တွင် ခင်ပွန်းဖြစ်သူ နေသန်ကလည်း သူမကို ကွာရှင်းရန် တရားရုံးတွင် လျှောက်ထားခဲ့သည်။ ရှန်နွန်သည် အဆိပ်ပြုလုပ်ရန် လိုအပ်သည့် ပဲစေ့နှင့် အချို့သော ပစ္စည်းများကို ခင်ပွန်းသည်၏ အမည်ဖြင့် ပြုလုပ်ထားသည့် Email အသစ်၊ PayPal Account အသစ်တို့ဖြင့် Online မှ တစ်ဆင့် မှာယူခဲ့သည်။ Ricin သည် ရှူရှိုက်မိပါက အသက်ရှူ ကျပ်စေပြီး အသက်ရှူလမ်းကြောင်းကို ထိခိုက်စေသည့် ဇီဝအဆိပ်တစ်မျိုး ဖြစ်သည်။ သေစေနိုင်သည်အထိ အာနိသင်ရှိသော အဆိုပါ အဆိပ်အတွက် သီးသန့်ဖြေဆေး ထုတ်လုပ်နိုင်ခြင်း မရှိသေးချေ။

(၂၀၁၃)ခုနှစ်၊ မေလ(၂၀)ရက်နေ့က ရှန်နွန်သည် ခင်ပွန်းဖြစ်သူ အလုပ်သို့ သွားရောက်သည့် အချိန်ထိ စောင့်ဆိုင်းပြီးနောက် အိုဘားမား၊ ဘလွမ်းဘာ့ဂ်နှင့် ဂလေ့ဇ်တို့ထံ လိပ်မူသော စာ(၃)စောင်ကို ပေးပို့ခဲ့သည်။ ရန်စလှုံ့ဆော်သည့် အသုံးအနှုန်းများ ပါရှိသော အဆိုပါ စာများကို နေသန်၏ အမည်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး သူမကို အာဏာပိုင်များက ဖမ်းဆီးချိန်တွင် ရှန်နွန်က ခင်ပွန်းသည်အား အမှုဆင်ရန် အားထုတ်ခဲ့ခြင်းဟု ဝန်ခံခဲ့ရသည်။ ရှန်နွန်သည် စာများပေးပို့ပြီး (၁၀)ရက်အကြာတွင် အဆိုပါကိစ္စသည် နေသန်၏ လုပ်ကြံဖန်တီးမှုအဖြစ် ရဲများထံ သွားရောက် တိုင်ကြားခဲ့ရာမှ ဆက်စပ် စစ်ဆေးမှုများကြောင့် အမှုမှန် ပေါ်လာခြင်း ဖြစ်သည်။

ထိုဖြစ်ရပ် တစ်ခုလုံးတွင် နေသန်အနေဖြင့် တစ်စုံတစ်ရာ သိရှိပါဝင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။ ရှန်နွန်တွင် သားသမီး (၆)ဦးရှိသည်။

7 Day daily
ခင်ပွန်း(ဟောင်း)ကို အမှုဆင်ရန်အတွက် အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးပမ်းခဲ့သည့် အမျိုးသမီးသရုပ်ဆောင်တစ်ဦးကို တက္ကဆက်စ် တရားရုံးတစ်ခုက ထောင်ဒဏ် (၁၈)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
Walking Dead ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ အပါအဝင် ဇာတ်ကားအချို့တွင် မထင်မရှား ဇာတ်ဝင်ခန်းအချို့မှ ပါဝင်သရုပ်ဆောင်ဖူးသည့်

ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ အသစ်လဲ

ရန်ကုန်၊ လတ်တလောဖြစ်ပွားနေ သော ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်ကြိုး များပြတ်ကျနေခြင်းကြောင့် နိုင်ငံတော် ဘတ်ဂျက်ဖြင့် ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ လဲလှယ်တပ် ဆင်သွားရန်စီစဉ်နေကြောင်း ရန် ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဦးမင်းမင်းက ပြောသည်။

ကမ္ဘောဇဘဏ်က အပ်ငွေအတိုးနှုန်းတိုးမြှင့်ပေး

ကမ္ဘောဇဘဏ်က ဘဏ်တွင် Deposit အပ်နှံထား သော အပ်ငွေများအပေါ် ပေးသော အတိုးနှုန်းများကို စက်တင်ဘာ ၁ ရက်မှစကာ တိုးမြှင့်ပေး တော့မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

Deposit အပ်ငွေများအပေါ် တွင် အတိုးနှုန်းတိုးမြှင့်ရာတွင် ငွေ စုဘဏ်အပ်ငွေနှင့် စာရင်းသေ အပ်ငွေနှစ်မျိုးစလုံးပေါ်တွင် တိုး မြှင့်လိုက်ခြင်းဖြစ်သည်။

3D Printer နဲ့ မိန်းမအင်္ဂါပုံစံ အပျော်တမ်းသင်္ဘောပြုလုပ်မယ့် အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

Photo: 3D Printer နဲ့ မိန်းမအင်္ဂါပုံစံ အပျော်တမ်းသင်္ဘောပြုလုပ်မယ့် 
အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး
Thursday, July 17, 2014

တိုကျို၊ ဇူလိုင် ၁၇ - ဂျပန်နိုင်ငံရှိ အမျိုးသမီးပန်းချီဆရာမတစ်ဦးက 3D Printer နဲ့ တစ်ယောက်စီးအပျာ်တမ်းသဘောင်္ ပြုလုပ်ဖို့အတွက် သူမရဲ့ မိန်းမအင်္ဂါအား ကိုယ်တိုင်ဓာတ်ပုံရိုက်ယူခဲ့လို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်ရဲ့ အရေးယူဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ဂျပန်ပန်းချီဆရာမLgarashiရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားတာကတော့ “ကျွန်မရဲ့ မိန်းမကိုယ်ဓာတ်ပုံကို အနုပညာတစ်စိတ်တစ်ပိုင်းအနေနဲ့ ဖန်တီးပြုလုပ်မှာပါ” လို့ဆိုခဲ့ပါတယ်။

အသွင်သစ်ပုံစံတစ်မျိုးနဲ့ မိမိရဲ့မိန်မအင်္ဂါကို ဓာတ်ပုံရိုက်ယူကာ 3D Printer နဲ့ Download လုပ်ပြီး အပျော်တမ်း တစ်ယောက်စီး သင်္ဘောပြုလုပ်မယ့် ပန်းချီဆရာမ Lgarashi ကို ဂျပန်ရဲတပ်ဖွဲ့ဝင်တွေ က မဖွယ်မရာပြုလုပ်မှုနဲ့ တရားစွဲဆိုထားပါတယ်။

Yangon Media Group
တိုကျို၊ ဇူလိုင် ၁၇ - ဂျပန်နိုင်ငံရှိ အမျိုးသမီးပန်းချီဆရာမတစ်ဦးက 3D Printer နဲ့ တစ်ယောက်စီးအပျာ်တမ်းသဘောင်္ ပြုလုပ်ဖို့အတွက် သူမရဲ့ မိန်းမအင်္ဂါအား ကိုယ်တိုင်ဓာတ်ပုံ ရိုက်ယူခဲ့လို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်ရဲ့ အရေးယူဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ဂျပန်ပန်းချီဆရာမLgarashiရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားတာကတော့ “ကျွန်မရဲ့

နိုင်ငံရေးပါတီများကို ထောက်ပြခြင်းမှာ ဖိအားပေးခြင်း မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား

Photo: နိုင်ငံရေးပါတီများကို ထောက်ပြခြင်းမှာ ဖိအားပေးခြင်း မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ပြောကြား

နေပြည်တော်၊ ဇူလိုင် ၁၆

နိုင်ငံရေးပါတီများသို့ ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် ဥပဒေနှင့် မညီကြောင်း ဝေဖန်ခံနေရသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ထောက်ပြ ပြောဆိုနေခြင်းသာ ဖြစ်ပြီး ဖိအားပေးခြင်း မဟုတ်ကြောင်း ယင်းကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

ဇူလိုင်လ ၁၆ ရက်နေ့ နေပြည်တော် ကောင်စီနယ်မြေ Sky Star ဟိုတယ်တွင် ပြုလုပ်သော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် မဲပေးရေး အစီအစဉ်များတွင် မသန်စွမ်းသူများ ပိုမိုပါဝင်ခွင့် ရရှိလာရေး ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“ပါတီတွေကို ထောက်ပြပြီး ပြောဆိုနေတာက ဥပဒေနဲ့အညီ လုပ်တာပါ။ ဘယ်နေရာမှ ဖိအားပေးနေတာ မဟုတ်ပါဘူး” ဟု ဦးတင်အေးက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲများ တရားမျှတမှုနှင့် လွတ်လပ်မှုများ ရှိစေရန် ဆောင်ရွက်နေရသောကြောင့် မည်သည့် ဥပဒေကိုမှ ကျော်လွန်ကာ နိုင်ငံရေးပါတီများကို ဖိအားပေး၍ မရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မေလ ၁၈ ရက်နေ့ မန္တလေးမြို့ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား ကိုယ်စားလှယ်များသည် အာဏာနှင့် အထူးအခွင့်အရေးကို မက်မောခြင်းကြောင့် နိုင်ငံရေးလုပ်ခြင်း မဟုတ်ကြောင်း သက်သေပြရန် စိန်ခေါ်ကြောင်း ပြောဆိုချက်သည် အခြေခံဥပဒေ ခွင့်ပြုထားသောဘောင်ကို ကျော်လွန်ကာ ပြောဆိုသည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီသို့ မေလအတွင်းက သတိပေး ညွှန်ကြားချက်တစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေးခြင်းသည် လုံးဝ သင့်လျော်မှု မရှိဘဲ ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို ကျော်လွန်ခြင်း ဖြစ်ကြောင်း NLD ပါတီက တုံ့ပြန် ကြေညာချက် ထုတ်ပြန်ထားသည်။

ထို့အပြင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ အသိပေး အကြောင်းကြားခြင်းကို အမြန်ဆုံး ရုပ်သိမ်းပေးသင့်ကြောင်းနှင့် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုများကိုလည်း ကော်မရှင်က ကန့်သတ် ပိတ်ပင်မှုများ မပြုသင့်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ဇွန်လ ပထမပတ်အတွင်း ထုတ်ပြန် ကြေညာထားသည်။
နိုင်ငံရေးပါတီများသို့ ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် ဥပဒေနှင့် မညီကြောင်း ဝေဖန် ခံနေ ရသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်က နိုင်ငံရေးပါတီများကို ဥပဒေနှင့် အညီ ထောက်ပြ ပြောဆိုနေခြင်း သာ ဖြစ်ပြီး ဖိအားပေးခြင်း မဟုတ်ကြောင်း ယင်းကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

ဇူလိုင်လ ၁၆ ရက်နေ့ နေပြည်တော် ကောင်စီ နယ်မြေ Sky Star ဟိုတယ်တွင် ပြုလုပ်သော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် မဲပေးရေး အစီအစဉ်များတွင် မသန်စွမ်းသူများ ပိုမိုပါဝင်ခွင့် ရရှိလာရေး ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

"ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ဥရောပသို့ သွားရောက်မည်"


ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယင်လတ်သည် အာဏာသိမ်း စစ်တပ်အစိုးရခေါင်းဆောင်ထံမှ ခရီးသွားလာခွင့်ရရှိခဲ့ပြီဖြစ်ရာ ဥရောပသို့ သွားရောက်မည်ဖြစ်သည်။ ယင်လတ်သည် နိုင်ငံမှထွက်ခွာ၍ ခရီးသွားလာခွင့်
တောင်းခံထားသည့် စာတစ်စောင်ကို ဗိုလ်ချုပ်ကြီး ပရာယွတ်ထံ ပေးပို့ခဲ့သည်။ ဗိုလ်ချုပ်ကြီး ပရာယွတ်သည် မေလ ၂၂ ရက် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူလည်းဖြစ်သည်။

ယင်လတ်က သားဖြစ်သူနှင့်အတူ ဥရောပသို့

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၊ (၆၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပစဉ် လမ်းကြောင်းပိတ်ဆို့ထားမှုနှင့် အာဇာနည်ဗိမာန်သို့ ဝင်ရောက်ရမည့် လမ်းကြောင်း သတ်မှတ်ကြေညာခြင်း

၁။ ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်၌ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ၀၈း၀၀ အချိန်၌ စတင် ကျင်းပမည်ဖြစ်ရာ ဇူလိုင် ၁၈ ရက်နေ့ ၁၈း၀၀ အချိန်မှ ဇူလိုင် ၁၉ ရက်နေ့ ၁၈း၀၀ အချိန်ထိ အောက်ဖော်ပြပါ လမ်းကြောင်းများကို ဖြတ်သန်းသွားလာမှု ယာယီ ပိတ်ဆို့ထားမည် ဖြစ်ပါသည်။

ဟွန်းရှည်မတီးရဟူသောစည်းကမ်း အဇာနည်နေ့တွင်ပင် ကင်းလွတ်ခွင့်မပေး ဟွန်းရှည်တီးပါက ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်

ရန်ကုန်၊ လာမည့်ဇူလိုင် ၁၉ရက်တွင်ကျရောက်မည့် အာ ဇာနည်နေ့တွင် ဟွန်းရှည်တီးပါက ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီးလင်းထွဋ်က ပြောကြားသည်။
ဟွန်းရှည်တီးပါက ယာဉ်ထိန်းရဲများမှစိစစ်ကာ ယာဉ် စည်းကမ်း လမ်းစည်းကမ်းဥပဒေအရ ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်း သိရသည်။
''ဟွန်းရှည်တီးရင် ဖမ်းတာ အခု အာဇာနည်နေ့မှ မဟုတ်ပါဘူး။ ၁၉၈၉ခုနှစ်ကတည်းက ဖမ်းဆီးအရေးယူ တာပါ။

ရဲဝန်ထမ်းလေးဦးနှင့် အချင်းများသည့် အရပ်သားများ လက်ထိတ်ခတ်ထိုးကြိတ်ခံရ

ပြည်၊ ပဲခူးတိုင်းအနောက် ပြည်မြို့တွင် လိုင်း ကားက ရဲဝန်ထမ်းစီးလာသော ဆိုင်ကယ်အား ရှောင်တိမ်းရာမှ အချင်းများပြီး လိုင်းကားမောင်း သူနှင့် စပယ်ယာအား ရဲဝန်ထမ်းလေးဦးက လက်ထိတ်ခတ်ထိုးကြိတ်မှုတစ်ခု ဇူလိုင် ၉ရက် က ဖြစ်ပွားကြောင်းသိရသည်။

''ရဲက သောက်စားထားတယ်။ ငါ ရဲကွ မင်းကိုဖမ်းလို့ရတယ်။ မင်းလိုင်စင်တွေပေးတဲ့။ ခင်ဗျားရဲဆို ဘာအမှုနဲ့ဖမ်းမှာလဲ။ ဖမ်းမယ်ဆို ရင် ယူနီဖောင်းဝတ်ပြီးဖမ်း။ မင်းမှာ ဘာအမှုရှိ တယ်ဆိုပြီးလာဖမ်း။ ဒီအတိုင်းဖမ်းလို့ လက် မခံဘူးလို့ပြောတော့ ထွက်သွားရော။ ပြီးမှ ရဲ နှစ်ယောက်ကိုခေါ်လာပြီး

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ပြည်တွင်းဒါရိုက်တာများသာ ရိုက်တော့မည်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို မူလက ပြည်ပဒါရိုက်တာများနှင့် ပူးပေါင်းရိုက်ကူးရန် စီစဉ်ထားသော်လည်း အမြင်ကွဲပြားမှုများရှိနေ၍ ပြည်တွင်းဒါရိုက်တာများကသာ တာဝန်ယူရိုက်ကူးတော့မည်ဟု ဇာတ်ကားဖြစ်မြောက်ရေး အဖွဲ့ဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဇူလိုင် ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ရဲဝန်ထမ်းအချင်းချင်း သေနတ်ဖြင့်ကျီစားရာမှ ရဲတစ်ဦးသေဆုံး

ရန်ကုန်၊ ရဲအရာရှိတစ်ဦး၏ သေနတ်ဖြင့် စနောက်ရာမှ ပစ်ခတ်မိပြီး ရဲတပ်သားတစ်ဦး ကျည်ဆန်ထိမှန် သေဆုံးမှု တွံတေးမြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ်ရဲ စခန်းမှ သိရသည်။
ဇူလိုင် ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်က တွံတေးမြို့နယ် ကံဘဲ့စံပြကြီးကျေးရွာရှိ ဘုရားငုတ်တိုနယ်မြေ ရဲကင်းတွင် တာဝန်ကျလမ်းကြောင်းမှအပြန် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် အနားယူနေစဉ် ဒုရဲအုပ်သိန်းဇော်ဦးက

အာဇာနည်နေ့ APP တွင် ဗိုင်းရပ်စ်များပါရှိ

အာဇာနည်နေ့အတွက် ဥသြသံ App မှာ...Data များနှင့် managemant system တစ်ခုလုံးအား ၀င်ရောက် နှောင့်ယှက်ကာ သင့်ဖုန်းအားဖျက်ဆီးပစ်မည့် အစီအစဉ်တစ်ခုကို မသမာသူ များမှ ပြုလုပ် ထားသည်ဟု Myanmar IT Group မှ တာဝန်ခံ ကိုကျော်စွာထွန်းမှ ပြောခဲ့ပါသည်။ “ဒီဗိုင်းရပ်စ်ကို ထိတဲ့သူတွေ တော်တော် များလာလို့ ကျွန်တော် စေတနာနဲ့ပြောလိုက်တာပါ။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးအနီး ဗို့အား ၆၆၀၀ ဓာတ်ကြိုး အပါအဝင် ဓာတ်ကြိုးများ ပြတ်ကျ


Photo: ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးအနီး ဗို့အား ၆၆၀၀ ဓာတ်ကြိုး အပါအဝင် ဓာတ်ကြိုးများ ပြတ်ကျ

ရန်ကုန်၊ ဇူလိုင် ၁၆

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးအနီးရှိ အလုံမြို့နယ်၊ စောရန်နိုင် (တောင်) ရပ်ကွက်၊ ကျောင်းလမ်းတွင် ဇူလိုင်လ ၁၆ ရက် မွန်းလွဲ ၃ နာရီခန့်က ဗို့အား ၆၆၀၀ ရှိသော ဓာတ်ကြိုးပြတ်ကျရာမှ လမ်းမီးတိုင်များတွင် သွယ်တန်းထားသော ဓာတ်ကြိုးများ ပြတ်ကျခဲ့ကြောင်း ကျောင်းလမ်းတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးချုပ်မှ ကျောင်းလမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ ထရန်စဖော်မာသို့ ဓာတ်အား ထုတ်လွှတ်ပေးသော ဗို့အား ၆၆၀၀ ရှိ မြေအောက်ကြိုးမှာ ရုတ်တရက် လျှပ်စစ်ဓာတ်အား လျော့နည်းသွားရာမှ မီးပွင့်ထွက်ကာ ဓာတ်ကြိုး ပြတ်ကျခဲ့ကြောင်း၊ ယင်းကြိုးမှာ လမ်းမီးတိုင်ရှိ ဓာတ်ကြိုးများကိုပါ ရိုက်မိကာ ပြတ်ကျခဲ့ခြင်း ဖြစ်ကြောင်း အလုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အကြီးတန်း လက်ထောက်အင်ဂျင်နီယာ ဦးရဲနန္ဒက ပြောကြားသည်။

“ထရန်စဖော်မာထဲကနေ မီးခိုးတွေ စထွက်လာပြီး ဓာတ်တိုင်မှာ သွယ်ထားတဲ့ ကြိုးတွေ တဖြောင်းဖြောင်းနဲ့ ဓာတ်ကြိုးတွေ အပိုင်းပိုင်း ပြတ်ကျတာ မီးတွေ ဖြာထွက်နေတာပဲ။ လမ်းထဲက လူတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးတာ ချော်လဲသူလဲနဲ့ပေါ့။ ခြောက်တန်းကျောင်းသား နှစ်ယောက်က ပြတ်ကျတဲ့ မီးကြိုးစနဲ့ ရိုက်မိလို့ ဒဏ်ရာ နည်းနည်းတော့ ရသွားတယ်။” ဟု အဆိုပါ ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူ ထရန်စဖော်မာအနီးရှိ ကွမ်းယာဆိုင်မှ ကိုအောင်အောင်က ပြောကြားသည်။ 

ဗို့အား ၆၆၀၀ ဓာတ်ကြိုး ပြတ်ကျမှုကြောင့် ကျောင်းလမ်းအတွင်းရှိ ဓာတ်တိုင် ၅ တိုင်ကို သွယ်တန်းထားသော ပေ ၅၀၀ ခန့်ရှည်သော ဓာတ်ကြိုးများ ပြတ်ကျခဲ့ပြီး ယင်းရပ်ကွက်ရှိ အိမ်ခြေ ၆၀၀ ကျော်မှ ဘရိတ်ကာများ လောင်ကျွမ်းကာ နေအိမ်အချို့ရှိ မီးအားမြှင့်စက်၊ အဲယားကွန်းနှင့် TV များ လောင်ကျွမ်းခဲ့ကြောင်း ကျောင်းလမ်းနှင့် ပဒေသာလမ်းတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။ 

“ဒီလမ်းက အလုံဈေးကို သွားတဲ့လမ်း လူသွားလူလာ များတယ်။ ဒီနေ့ နေသာလို့ လမ်းက ခြောက်နေတာ ကံကောင်းတယ်။ မိုးရွာချိန်ဆို ကျွန်တော်တို့လမ်းက ရေတင်တာကြောင့် အဲဒီအချိန်များ ဒီလောက် ဗို့အားပြင်းတဲ့ ဓာတ်ကြိုး ပြတ်ကျချိန်သာဆို လူတွေ ဓာတ်လိုက် သေကုန်ကြမှာ တွေးမိပြီး ကြက်သီးတောင်ထတယ်။ ထရန်စဖော်မာနားက ဓာတ်ကြိုး စပြတ်ချိန် ဖုန်းဆိုတဲ့ အသံကြီးက နည်းတာ မဟုတ်ဘူး။ အိမ်က မိန်းကြွေသီးတွေဆို ကန်ထွက် ကုန်ကျတာ။” ဟု ကျောင်းလမ်းတွင် နေထိုင်သူ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ရှင်းပြသည်။ 

ဓာတ်ကြိုး ပြတ်ကျခဲ့မှုကို မြို့နယ်လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူများ အချိန်မီ လာရောက်ကာ ပြင်ဆင်ပေးလျက် ရှိကြောင်း၊ ပြင်ဆင်မှုများ ပြီးဆုံးပါက မီးအား ဖြတ်တောက်ထားသည့် ကျောင်းလမ်း၊ ငုဝါလမ်း၊ ပဒေသာလမ်းနှင့် ဆင်ဝင်လမ်းတို့ရှိ နေအိမ်များမှ ဆားဗစ်ကြိုးများကို ပြန်လည် စစ်ဆေးကာ လိုအပ်ပါက ဝါယာကြိုးသစ်များကို ပြန်လည် တပ်ဆင်ပေးမည် ဖြစ်ကြောင်း အလုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အုပ်ချုပ်ရေးမှူး ဦးဖုန်းမြင့်ဝင်းက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန်နှင့် ဇူလိုင် နှစ်လအတွင်း ကမာရွတ်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် ယခု အလုံမြို့နယ်တို့တွင် ရပ်ကွက်အတွင်း သွယ်တန်းထားသည့် ဓာတ်ကြိုးများ ပျက်ကျခဲ့ပြီး လူခြောက်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“သူတို့ (လျှပ်စစ်) ဆီမှာ လျှပ်စစ်ကြိုး အသစ်ထပ်တောင်းရင် လချီ ကြာတယ်လို့ ကြားတယ်၊  လက်ကျန် လျှပ်စစ် ကြိုးဟောင်းတွေကို ဆက်သုံးနေဦးမယ် ဆိုရင် ဒီလိုမျိုး ဆက်ဖြစ်မှာပဲ မိုးရာသီမတိုင်ခင် နွေကတည်းက စစ်ဆေးပြီး ပြင်ဆင်သင့်တယ်၊ ဘာကြောင့် ဓာတ်ကြိုးပြတ်ကျပြီး လူသေရသလဲ ဆိုတာတွေကို အဖြေရှာသင့်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးအနီးရှိ အလုံမြို့နယ်၊ စောရန်နိုင် (တောင်) ရပ်ကွက်၊ ကျောင်းလမ်းတွင် ဇူလိုင်လ ၁၆ ရက် မွန်းလွဲ ၃ နာရီခန့်က ဗို့အား ၆၆၀၀ ရှိသော ဓာတ်ကြိုးပြတ်ကျရာမှ လမ်းမီးတိုင်များတွင် သွယ်တန်းထားသော ဓာတ်ကြိုးများ ပြတ်ကျခဲ့ကြောင်း ကျောင်း လမ်းတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးချုပ်မှ ကျောင်းလမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ

အသင့်ပြင်ကြ

(ဆောင်းပါး) ဇူလိုင်လ ၇ ရက်က သမ္မတဦးသိန်းစိန် ပြောသွားတဲ့ အရေးပေါ်မိန့်ခွန်းထဲမှာ လက်ရှိ မန္တလေးမြို့ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အရေးအခင်းတွေကို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေကြောင်းနဲ့ အကြမ်းဖက်မှုတွေ ထဲမှာ ပါဝင်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ သွားမယ်လို့ ပြောကြားသွားခဲ့ပါ တယ်။ ဒါ မြန်မာနိုင်ငံမှာ ဒီလိုပဋိပက်္ခတွေနဲ့ ရုန်းရင်း ဆန်ခတ်မှုတွေ ပေါ်လာတိုင်း သမ္မတကြီးပြောနေကျ စကား၊ပးနေကျကတိပါ။ ရခိုင်ပြည်နယ်ကို

ဘင်္ဂါလီဖြစ်ကြောင်း ဝန်ခံမှသာနိုင်ငံသားဖြစ်ခွင့်ကို စီစစ်ပေးမည်ဟုဆို

ရန်ကုန်၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအမည်ခံထားသော ဘင်္ဂါလီလူ မျိုးများအနေဖြင့် ၄င်းတို့ကိုယ်တိုင် ဘင်္ဂါလီဖြစ်ကြောင်း ဝန်ခံပြီး နိုင်ငံသားဖြစ်ခွင့် စိစစ်ပေးရန်တောင်းဆိုမှသာ ၁၉၈၂ ခုနှစ် ဥပဒေ ဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်သန်းက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ဇူလိုင် ၁၆ ရက်တွင်ပြော ကြားသည်။
ဇူလိုင် ၁၃ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့၌ လဝကမှ တာ ဝန်ရှိသူများ၊ ရခိုင်ပြည်နယ်

ကိုယ်ဝန်ဆောင်စဉ် နွားနို့သောက်ပါက မွေးလာသောကလေးများ ဆယ်ကျော်သက် အရွယ်တွင် အရပ်ပိုရှည်နိုင်

ကိုယ်ဝန်ဆောင်စဉ် တစ်နေ့မှာ နွားနို့တစ်ခွက်သောက်တဲ့ မိခင်တွေက မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ဆယ်ကျော်သက်အရွယ်မှာ အရပ်ရှည်နိုင်ခြေ ပိုများကြောင်း သုတေသနသစ်တစ်ခုအရ သိရပါတယ်။
အိုက်စလန်၊ ဒိန်းမတ်နဲ့ အမေရိကန်က အာဟာရရေးရာ သုတေသီအဖွဲ့တစ်ဖွဲ့က ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမွေးဖွားတဲ့ ကလေးငယ်တွေကို လေ့လာခဲ့ရာ မိခင် ၀မ်းထဲနေစဉ် နွားနို့ဘယ်လောက် သောက်သုံးခဲ့ရတာနဲ့ ဆယ်ကျော်သက် အရွယ်မှာ သူတို့ရဲ့အရပ်ဟာ တိုက်ရိုက်ဆက်နွှယ်နေကြောင်း တွေ့ရှိခဲ့ကြတယ်။

သန္ဓေသားဘ၀မှာရရှိတဲ့ နွားနို့ ကောင်းကျိုးတွေဟာ နောက်ထပ်နှစ်ဘယ်လောက်

Facebook က အထက်တန်းကျောင်းများတွင် ၀ိုင်ဖိုင် အခမဲ့ ထုတ်လွှင့်ပေး

Facebook က တစ်ကမ္ဘာလုံးမှာ အင်တာနက် အသုံးပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Forest City မြို့ရှိ Rutherford County School ကျောင်းနယ်မြေမှာ ၀ိုင်ဖိုင် အခမဲ့ ထုတ်လွှင့်ပေးတော့မှာပါ။ အဲဒီမြို့မှာ Facebook ရဲ့ အလွန်ကြီးမားတဲ့ Data Centers များရှိတယ်လို့ သိရပါတယ်။

Facebook က ကျောင်းသားများကို ၀ိုင်ဖိုင် အခမဲ့ ထုတ်လွှင့်ပေးတာ ဒါဟာ ပထမဆုံးပါ။

ကာကွယ်ရေးဘတ်ဂျက် မလိုအပ်ဘဲ လျှော့မသုံးသင့်ဟု ကိုယ်စားလှယ်ပြော


Photo: ကာကွယ်ရေးဘတ်ဂျက် မလိုအပ်ဘဲ လျှော့မသုံးသင့်ဟု ကိုယ်စားလှယ်ပြော
Thursday, July 17, 2014

ကာကွယ်ရေးဝန်ကြီးဌာနသည် မလိုအပ်ဘဲ ကာကွယ်ရေးဘတ်ဂျက်ကို လျှော့မသုံးသင့်ကြောင်း ပျော်ဘွယ်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်သည်။

၎င်းက “ခေတ်မီသော တပ်မတော်၊ အရည်အချင်းပြည့်ဝသော တပ်မတော်အဖြစ် ရေရှည်ရပ်တည်နိုင်ရန် ကာကွယ်ရေးအသုံးစရိတ်များကို မလိုအပ်ဘဲ မလျှော့ချသင့်ကြောင်း တင်ပြဆွေးနွေးပါတယ်”ဟု ပြောသည်။

၂၀၁၃- ၁၄ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်အတွက် အမျိုးသားစီမံကိန်း ဆောင်ရွက်မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ဦးမြင့်စိုးကထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

၎င်းက ကာကွယ်ရေးဝန်ကြီးဌာနသည် လာမည့် ဘတ်ဂျက်မှစ၍ ကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချသုံးစွဲမည်ဟု သိရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် အရေးပေါ်မှ လက်နက်ဝယ်ကာ စစ်ရေးလေ့ကျင့်၍မရပါကြောင်း၊ တိုးတက်သော၊ ခေတ်မီသော လက်နက်များ ၀ယ်ယူထုတ်လုပ်ရန်၊ ခေတ်နှင့်အညီ စစ်ရေးအတတ်ပညာများ တတ်မြောက်ထားသော တပ်မတော်သားများမွေးထုတ်ရန် လိုအပ်ကြောင်းပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂၀၁၅-၁၆ မှစ၍ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချရန် လွှတ်တော်သို့ တင်ပြထားခြင်းကို ရည်ရွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က “ကျွန်တော်တို့ လျှော့သုံးမယ်လို့ ပြောကြားထားတာတော့ မရှိပါဘူး။ ကျွန်တော်တို့ အနည်းဆုံးပဲ သုံးနေတာပဲလေ။ ကျွန်တော်တို့ဘက်က လွှတ်တော်ကို ဘာမှတင်ပြထားတာ မရှိပါဘူး”ဟု ယမန်နေ့က သတင်းထောက်အချို့၏ မေးမြန်းချက်ကို ဖြေကြားထားသည်။  

၎င်းက “အခုကလည်း ဘတ်ဂျက်ကို အချိုးကျသုံးစွဲနေပါတယ”ဟု ဖြည့်စွက် ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီက ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ကန်ဒေါ်လာ ၂ ဒသမ ၃ဘီလီယံကို တောင်းခံခဲ့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံသည် ကန်ဒေါ်လာ ၅ ဒသမ ၃၉ ဘီလီယံနှင့် မလေးရှားနိုင်ငံက ကန်ဒေါ်လာ ၄ ဒသမ၂ ဘီလီယံသုံးစွဲသည်ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားထားသည်။

Mizzima

ကာကွယ်ရေးဝန်ကြီးဌာနသည် မလိုအပ်ဘဲ ကာကွယ်ရေးဘတ်ဂျက်ကို လျှော့မသုံး သင့်ကြောင်း ပျော်ဘွယ်မြို့ နယ်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက ယနေ့ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ပြောကြားလိုက်သည်။

၎င်းက “ခေတ်မီသော တပ်မတော်၊

အစိုးရဌာနတွေ တာဝန်ကျေပွန်ခြင်းမရှိ ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

Photo: အစိုးရဌာနတွေ တာဝန်ကျေပွန်ခြင်းမရှိ ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား
Thursday, July 17, 2014

လျှပ်စစ်ကြိုးပြတ်ကျတဲ့အတွက် ဓါတ်လိုက်သေဆုံးမှုတွေ ဆက်တိုက်ပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး ကြိုတင် ကာကွယ်ရေးကို ထိထိရောက်ရောက် အရေးတကြီး ဆောင်ရွက်ဖို့လိုနေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ကပြော ကြားလိုက်ပါတယ်။ အများပြည်သူတွေရဲ့ အသက်အန္တရာယ်အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေအနေနဲ့ အစဉ်အမြဲ စစ်ဆေးပြီး လိုအပ်သလို မွန်းမံပြင်ဆင်ဖို့ တာဝန်ရှိတယ်လို့လည်း သူကပြောပါတယ်။

"ဒါဖြစ်မှ အရေးယူတယ်ဆိုတဲ့ ကိစ္စဟာ ဒါမဟုတ်သေးဘူးထင်တယ်၊ မဖြစ်အောင်လို့ကာကွယ်ရမှာပေါ့ ဒီ ဓါတ်ကြိုးတွေ ဓါတ်ကြိုးဟောင်းတွေ အခြေအနေတွေနဲ့ ပတ်သက်လို့ ဓါတ်တိုင်ဟောင်းတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ ကျမတို့ လွှတ်တော်မှာ ကိုယ်စားလှယ်တစ်ယောက်ကနေပြီးတော့ မကြာခင်တုန်းက ဓါတ်လိုက် တာတွေ အန္တရာယ်ရှိတယ် ဒီဟာတွေကို လဲသင့်တယ် ကောင်းအောင်လည်း ပြုပြင်သင့်တယ်ဆိုတာကို ပြော သွားတာ ရှိပါတယ်၊ ဓါတ်ကြိုးတွေ ဓါတ်တိုင်တွေ တကယ့်ကို အန္တရာယ်များတဲ့ အခြေအနေပဲ လယ်လိုလုပ် ဒါတွေကို လှစ်လျူရှု့ထားနိုင်လဲတော့ နားလည်ရတောင်မှ ခက်နေတယ်"

RFA ကပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာသမားတွေအပေါ် လတ်တလော အရေးယူမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒါဟာ အစိုးရရဲ့ ဒီမိုကရေစီပြောင်းလဲမှု လမ်းကြောင်းလျောက် လှမ်းပုံနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ရမယ့်အချက် ဖြစ်တယ်လို့ ပြောပါတယ်။

"မီဒီယာတွေကနေပြီးတော့ တာဝန်သိမှု ရှိရမယ်ဆိုတာ ဒါမှန်ပါတယ် ဒါဟာလည်း လူတိုင်းက တာဝန်သိမှု ရှိရမှာပဲ သို့သော်ငြားလည်း မတန်တဆပေါ့နော် မီဒီယာတွေကို အရေးယူတာဆိုတာ လွတ်လပ်စွာ ပြောဆို ပိုင်ခွင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့် လွတ်လပ်စွာ သတင်းဖြန့်ချိပိုင်ခွင့်တွေကို ချုပ်ချယ်ချင်လို့လား ဆိုတဲ့မေး ခွန်းတွေကတော့ မမေးလို့ မဖြစ်တော့ဘူး"

တဆက်တည်းမှာပဲ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ စည်ကမ်းတွေအပေါ် သဘောထားနဲ့ အာဇာနည်နေ့ မှာ ပြုလုပ်မယ့် အစီအစဉ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

RFA
လျှပ်စစ်ကြိုးပြတ်ကျတဲ့အတွက် ဓါတ်လိုက်သေဆုံးမှုတွေ ဆက်တိုက်ပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး ကြိုတင် ကာကွယ်ရေးကို ထိထိရောက်ရောက် အရေးတကြီး ဆောင်ရွက်ဖို့ လိုနေ ပြီလို့ ဒေါ်အောင်ဆန်းစုကြည် ကပြော ကြားလိုက်ပါတယ်။ အများပြည်သူတွေရဲ့ အသက်အန္တရာယ်အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေအနေနဲ့ အစဉ်အမြဲ စစ်ဆေးပြီး လိုအပ်သလို မွန်းမံပြင်ဆင်ဖို့ တာဝန်ရှိတယ်လို့လည်း သူကပြောပါတယ်။

"ဒါဖြစ်မှ အရေးယူတယ်ဆိုတဲ့ ကိစ္စဟာ ဒါမဟုတ်သေးဘူးထင်တယ်၊ မဖြစ်အောင်လို့ကာကွယ်ရမှာပေါ့ ဒီ ဓါတ်ကြိုးတွေ ဓါတ်ကြိုးဟောင်းတွေ အခြေအနေတွေနဲ့ ပတ်သက်လို့ ဓါတ်တိုင်ဟောင်းတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ ကျမတို့

အပြစ်က အပြစ်၊ ကျေးဇူး က ကျေးဇူး

ဗုဒ္ဓဘုရားဟော တရားတော် ထဲက ပုံပြင် တစ်ပုဒ် ဖြစ်ပါတယ်။ သားလိမ္မာဟာ တစ်ဦးတည်းသာ ရှိတော့တဲ့ အမေ ကို လုပ်ကျွေး ပြုစု သတဲ့။ အမေ ဖြစ်သူ ကတော့ အခြား ယောင်္ကျား တစ်ဦးနဲ့ ဖောက်ပြန် နေပါတယ်။ ဒါကို သိတဲ့ သူ့ရဲ့ သူငယ်ချင်းက သူ့အမေ ဖောက်ပြန်နေတဲ့

ယူနတီဂျာနယ်သတင်းထောက်များကို နိုင်/ကျဉ်းစာရင်းသွင်းပြီး အမြန်ဆုံးလွှတ်ပေးရန် AAPP တောင်းဆို

Photo: ယူနတီဂျာနယ်သတင်းထောက်များကို နိုင်/ကျဉ်းစာရင်းသွင်းပြီး အမြန်ဆုံးလွှတ်ပေးရန် AAPP တောင်းဆို
Thursday, July 17, 2014

ယူနတီဂျာနယ်သတင်း ထောက်များကို နိုင်ငံရေးအကျဉ်း သားအဖြစ် အမည်စာရင်းသွင်းပြီး ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ် ရန် အစိုးရထံ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေး အသင်းကတောင်းဆိုလိုက်သည်။

ဖမ်းဆီးခံသတင်းထောက် များအားလုံးကိုယ်စား ထောက်ခံ ပြောဆိုမည်ဖြစ်သလို ၎င်းတို့ လွတ်မြောက်ရေးအတွက် ကြိုး ပမ်းလုပ်ဆောင်သွားမည်ဟု ယင်းအသင်း၏ ဇူလိုင် ၁၆ ရက်စွဲ ဖြင့်ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာနိုင်ငံ၏ သတင်းလွတ် လပ်ခွင့်ကို နိုင်ငံတကာကစောင့် ကြည့်နေပြီး အသိအမှတ်ပြုချီး ကျူးခံနေရချိန်တွင် ယူနတီ သတင်းထောက်များကို နိုင်ငံ တော်အစိုးရလျှို့ဝှက်ချက်အက် ဥပဒေဖြင့် ထောင်ဆယ်နှစ်ချခြင်း၊ Bi မွန်းတည့်နေဂျာနယ်အယ်ဒီ တာအဖွဲ့ကို အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(ည)ဖြင့် ဖမ်း ဆီးထိန်းသိမ်းထားခြင်းမှာ နိုင်ငံ တကာယုံကြည်မှု ပြန်လည်လျော့ ကျစေခဲ့သည်။

စစ်အစိုးရလက်ထက်ကကဲ့ သို့ သတင်းထောက်များကိုဖမ်းဆီး ထိန်းသိမ်းမှုသည် မြန်မာ့သတင်း လွတ်လပ်ခွင့်နည်းတူ လူထုအခြေ ပြုအဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုး တက်မှုအတွက်ပါ ခြိမ်းခြောက် နေကြောင်းထုတ်ပြန်ချက်ကဆို သည်။

အစိုးရက နိုင်ငံရေးလွတ် လပ်ခွင့်နှင့် သတင်းလွတ်လပ်ခွင့် ကိုပေးမည်ဟု ကတိပြုခဲ့သော် လည်း ယခုကဲ့သို့ နိုင်ငံရေးအရှိန် အဝါသြဇာဖြင့် သတင်းထောက် များအား ထောင်ဒဏ်ချမှတ်ခြင်းမှာ အစိုးရ၏ပြောကြားချက်များနှင့် ကွဲလွဲနေသည်ဟုလည်း ၎င်း တို့ကထောက်ပြသည်။

‘‘အခု သတင်းထောက်တွေ အတွက် ပုဒ်မ ၅၀၅ တို့၊ ပိုင်နက် ကျူးလွန်မှုတို့က ကြောက်စရာ မဟုတ်တော့ဘူး။ ၅(ည)(အရေး ပေါ်စီမံမှုအက်ဥပဒေ)တွေက စောင့်ကြိုနေပြီ။ စစ်အစိုးရလက် ထက် နိုင်ငံရေးကို ဖြတ်သန်းဖူးသူ တစ်ယောက်အနေနဲ့ရော ဥပဒေ သမားတစ်ယောက်အနေနဲ့ပါ ပြောရရင် သတင်းထောက်တွေ အနေနဲ့ ရှေ့လျှောက်သတိကြီး ကြီးထားပြီး လုပ်ကိုင်ပါလို့အကြံ ပြုချင်တယ်’’ဟု တရားလွှတ် တော်ရှေ့နေဦးရောဘတ်စန်း အောင်ကပြောသည်။

ယူနတီဂျာနယ်သတင်းထောက်လွှတ်ပေးရေး သတင်းထောက်များ ငှက်များလွှတ်၍ ဆန္ဒဖော်ထုတ်စဉ်(ဓာတ်ပုံ−စိုးဇေယျာထွန်း/ရိုက်တာ)
7Day Daily
ယူနတီဂျာနယ်သတင်း ထောက်များကို နိုင်ငံရေးအကျဉ်း သားအဖြစ် အမည်စာရင်းသွင်းပြီး ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ် ရန် အစိုးရထံ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေး အသင်းကတောင်းဆို လိုက်သည်။
ဖမ်းဆီးခံသတင်းထောက် များအားလုံးကိုယ်စား ထောက်ခံ ပြောဆိုမည်ဖြစ်သလို ၎င်းတို့ လွတ်မြောက်ရေး အတွက် ကြိုး ပမ်းလုပ်ဆောင်သွားမည်ဟု ယင်းအသင်း၏ ဇူလိုင် ၁၆ ရက်စွဲ ဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

မတရားခံရသည့် သံဃာများကိုယ်စား မဟနကို လန်ဒန်ဆရာတော် တရားစွဲ

Photo: မတရားခံရသည့် သံဃာများကိုယ်စား မဟနကို လန်ဒန်ဆရာတော် တရားစွဲ
Thursday, July 17, 2014

မဟာသန်္တိသုခကျောင်းတိုက် ကိစ္စနှင့် ပတ်သက်ပြီး အမှုရင်ဆိုင်နေရသည့် လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးက မဟာသံဃနာယက အဖွဲ့ (မဟန)ကို တရားစွဲဆိုရန် ဇူလိုင် ၁၆ ရက်က ဗဟန်းမြို့နယ် တရားရုံးသို့ တင်ပြခဲ့သော်လည်း မြို့နယ်တရားသူကြီးက ပယ်ချလိုက်သည်ဟု ဆရာတော် ဦးဥတ္တရက မီဒီယာများကို မိန့်သည်။

ယင်းကဲ့သို့ တရားစွဲဆိုခြင်းမှာ မတရားဖမ်းဆီးခံရသည့် သံဃာတော်များကိုယ်စား တရားစွဲဆိုခြင်းဖြစ်သည်ဟု ဦးဥတ္တရ ဇူလိုင် ၁၆ ရက် ညပိုင်းတွင် မဇ္ဈိမကို မိန့်ကြားလိုက်ပြီး မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း၊ သွားလာမရအောင် တားဆီးထားခဲ့ခြင်းများအတွက် ပြန်လည်တရားစွဲဆိုခြင်း ဖြစ်သည်ဟုလည်း မိန့်သည်။

ဦးဥတ္တရက“ဘုန်းကြီးတို့ကိုအရေးယူတုန်းကလဲ သံဃာငါးသိန်းကိုယ်စားအပြစ် ပေးရပါတယ်လို့ပြောခဲ့ တယ်။ အခုလဲဘုန်းကြီးက မတရားလုပ်ခံနေရတဲ့ သံဃာငါးသိန်းကိုယ်စား တရားစွဲတာပါ”ဟု ဆိုသည်။

ဗဟန်းမြို့နယ်တရားရုံးက ယင်းဆရာတော်ငါးပါး၏ အမှုကို တာမွေမြို့နယ် တရားရုံးက ကိုင်တွယ်နေ၍ အ မှုလက်မခံရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု အကြောင်းပြကြောင်းလည်း ဆရာတော်ဦးဥတ္တရက မိန့်သည်။

သို့သော် အမှုရင်ဆိုင်နေရသည့် သံဃာများကမူ တိုင်း၊ ခရိုင်၊ ဗဟိုအထိ အဆင့်ဆင့် ဆက်လက်တင်ပြကာ ဥပဒေကြောင်းအရ လုပ်ဆောင်သွားမည်ဟု မိန့်သည်။တရားစွဲဆိုရာတွင် မဟနဥက္ကဋ္ဌ၊ အလှည့်ကျသံဃာ များ၊ မဟန တတိယအဖွဲ့ခွဲမှ သံဃာတော် ၁၅ ပါးအပါအ၀င် ရန်ကုန်တိုင်းသံဃနာယက၊ မဟာသန္တိသုခ ကျောင်း၏ သင်တန်းမှူးဆရာတော်တို့ကို တရားစွဲဆိုမည် ဖြစ်သည်။

ဆရာတော် ဦးဥတ္တရက“မတရားချုပ်နှောင်ထားတာရယ်၊ မတရား တားဆီးကန့်သတ်ခဲ့တာကို အမှုနှစ်ခုဖွင့် တရားစွဲဆိုမှာပါ။ ဗဟန်းမြို့နယ်တရားရုံးမှာ ဘာလို့တရားစွဲလဲဆိုရင် ရန်ကုန်သံဃနာယက အဖွဲ့တည်ရှိတဲ့ နေရာလည်း ဖြစ်တယ်။ ဘုန်းကြီးတို့ကို ရဲအစောင့်အရှောက်တွေနဲ့ ချုပ်နှောင်ထားတာ တိုင်းသံဃနာယက ရုံးဝင်းထဲက ဓမ္မာရုံမှာဖြစ်တဲ့အတွက် ဗဟန်းမြို့နယ်တရားရုံးမှာလာရောက် တရားစွဲတာပါ”ဟု မိန့်သည်။

ယင်းသို့ တရားစွဲဆိုခြင်းသည် မဟာသန္တိသုခကျောင်းတိုက် အငြင်းပွားမှုပြဿနာနှင့် သက်ဆိုင်ခြင်းမရှိကြောင်း လည်းဆရာတော်က မိန့်ကြားသည်။ယင်းကဲ့သို့ တရားစွဲဆိုမှုကို ပယ်ချလိုက်ပြီးနောက် မည်ကဲ့သို့ ဆက် လက်လုပ်ကိုင်ရမည်ကို ဆုံးဖြတ်ချက် မချရသေးကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ် တော်ရှေ့နေ ဦးသန်းထွန်းအောင်က မဇ္ဈိမကို ပြောသည်။

၎င်းက“တစ်ဖက်အဖွဲ့စည်းကလည်း အင်အားကြီးတော့ဘာဆက်လုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ ဆရာတော်နဲ့ ကျွန်တော်တို့ ဥပဒေရှေ့နေအဖွဲ့တိုင်ပင်ဆွေးနွေးရဦးမယ်”ဟု ပြောသည်။

ပိုင်ဆိုင်မှုအငြင်းပွားမှု ပြဿနာများကြောင့် တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်ည ၁၁နာရီခန့်က သံဃာတော်အပါး ၃၀၀ နီးပါး ဖြင့်ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာငါးပါးကို ဖမ်းဆီးကာ လူဝတ်လဲ၍ အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ဇွန်လ ၁၁ ရက်တွင်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ဖမ်းဆီးထားသော သံဃာတော်ငါးပါးကို သံဃာပိုင်ကျောင်းတိုက်အား ကျူးကျော်သည် ဟုဆိုတာသံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ အမှတ် ၂၀/၉၀နှင့် သာသနာညှိးနွမ်းစေမှုပုဒ်မ-၂၉၅(က)တို့ သာသနာရေးဝန်ကြီးဦးစီးဌာန မဟာသံဃနာယကအဖွဲ့မှ သာသနာရေးဝန်ကြီးဌာန က တရားစွဲဆိုခဲ့ သည်။

ထို့နောက် သံဃာငါးပါးကို ဇွန်လ ၂၀ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ ရုံးတင် တရားစွဲခဲ့ပြီး ထိုနေ့မှာပင် ကျပ်သိန်း ၁,၀၀၀ ဖြင့် အာမခံပေးခဲ့သည်။ အာမခံရ ပြီးနောက် သုံးထပ်ကျောင်းတွင် သင်္ကန်း ပြန်လည် စည်းခဲ့သည်။

ယင်းနောက် ဒုတိယအကြိမ်အဖြစ် တာမွေမြို့နယ် တရားရုံးတွင်ပင် ဇွန် ၂၇ ရက်က ရုံးချိန်းပြုလုပ်ခဲ့သည်။ တတိယ အကြိမ်အဖြစ် ဇူလိုင် ၄ ရက်တွင် ရုံးချိန်း ပြုလုပ်ခဲ့သည်။လာမည့် ဇူလိုင် ၁၈ ရက်တွင် တရားရုံးသို့ ထပ်မံ၍ စတုတ္ထအကြိမ်ရုံးချိန်းသွားရောက်ရမည်ဖြစ်သည်။ ထိုကိစ္စများနှင့်ဆက်နွယ်ကာ သာသနာရေးဝန် ကြီး ဦးဆန်းဆင့်အပါအ၀င်တာဝန်ရှိသူများကို ဖမ်းဆီးစစ်ဆေးနေသော်လည်းတရားစွဲဆို သည့်အကြောင်း အရာကိုမသိရသေးပေ။

ယခုကိစ္စကို မဟာသံဃနာယကအဖွဲ့ဝင်များအား အကြိမ်ကြိမ် ဖုန်းဆက်မေး မြန်းသော်လည်း အဆက်အ သွယ်မရခဲ့ပေ။အမှုရင်ဆိုင်နေရသော သံဃာတော်ငါးပါးမှာ လန်ဒန်ဆရာတော် ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦး တေဇိန္န၊ ဦးသုန္နာသီရိနှင့် ဦးနန္ဒိယတို့ ဖြစ်သည်။

Mizzima

တရားစွဲဆိုမှုကို ပယ်ချခံလိုက်ရသော်လည်း တိုင်း၊ ခရိုင်၊ ဗဟိုအဆင့်ထိတက်ကာ ဥပဒေကြောင်းအရ လုပ်ဆောင်သွားမည်ဟု လန်ဒန်ဆရာတော်က မိန့်သည်။ ဓာတ်ပုံ-ဟိန်းထက်
မဟာသန်္တိသုခကျောင်းတိုက် ကိစ္စနှင့် ပတ်သက်ပြီး အမှုရင်ဆိုင်နေရသည့် လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးက မဟာသံဃနာယက အဖွဲ့ (မဟန)ကို တရားစွဲဆိုရန် ဇူလိုင် ၁၆ ရက်က ဗဟန်းမြို့နယ် တရားရုံးသို့ တင်ပြခဲ့သော်လည်း မြို့နယ်တရားသူကြီးက ပယ်ချလိုက်သည်ဟု ဆရာတော် ဦးဥတ္တရက မီဒီယာများကို မိန့်သည်။
ယင်းကဲ့သို့ တရားစွဲဆိုခြင်းမှာ မတရားဖမ်းဆီး ခံရသည့် သံဃာတော်များကိုယ်စား

လျှပ်စစ်ရုံးချုပ်အနီး ဗို့အား ၆၆၀၀ ဓာတ်ကြိုးပြတ်ကျ

ရန်ကုန်-     ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးရုံးချုပ်အနီးရှိ ဗို့အား(၆၆၀၀) ဓာတ်ကြိုး သုံးကြိုး ပြတ်ကျမှုတစ်ခု ယနေ့ နေ့လယ် ၃ နာရီက ဖြစ်ပွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသတင်းရရှိသည်။
ဗို့အားပြင်း ဓာတ်ကြိုးသုံးကြိုးသည် အလုံမြို့နယ် ၊ စောရန်ပိုင် (တောင်)ရပ်ကွက် လျှပ်စစ် ဓာတ်အားပေးရေးရုံးချုပ် အနီးတွင် ပြတ်ကျ ခဲ့ခြင်းဖြစ်ပြီး ပြတ်ကျသည့်ကြိုးအရှည်မှာဓာတ်တိုင် ငါးတိုင်စာခန့်ရှိကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် 7Day Daily

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ၀န်ကြီးတင်ပြ

Photo: ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ၀န်ကြီးတင်ပြ
Thursday, July 17, 2014

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားတွေ ဖြည့်တင်းနိုင်ဖို့ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တည်ဆောက်ဖို့ စီစဉ်ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ကျောက်မီးသွေးအသုံးပြုတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက ပြည်ထောင်စုလွှတ်တော်မှာ အခုလိုတင်ပြခဲ့တာဖြစ်ပါတယ်။

"ရန်ကုန်နှင့် အနီးတဝိုက်တွင် ဖြစ်ပေါ်လာမယ့် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်းများ အပါအဝင် ထပ်တိုးလိုအပ်မည့် ဓါတ်အားဖြည့်ရန်အတွက် ထန်းတပင်၊ သီလဝါ၊ ကျောက်တန်းဒေသများတွင်၎င်း၊ ဧရာဝတီတိုင်းဒေသကြီး အထူးစီးပွားရေးဇုန်နှင့် ထပ်တိုးလိုအပ်မယ့် ဓါတ်အားအတွက် ငရုတ်ကောင်းဒေသတွင်၎င်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးဝဒေသတွင်၎င်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းကျောက်မီးသွေး သုံးစွဲပြီးတော့ ကျိုင်းတုံဒေသတွင်၎င်း၊ တနင်္သာရီတိုင်းဒေသဖွံ့ဖြိုးရေးနှင့် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များရဲ့ လိုအပ်ချက် ဖြည့်ဆီးပေးရန်အတွက် ဘုတ်ပြင်းဒေသတွင်၎င်း ဒေသလိုအပ်ချက်အသီးသီးပေါ် အခြေခံပြီး တည်ဆောက်သွားရန် လျာထားဆောင်ရွက်ထားကြောင်း တင်ပြအပ်ပါသည်"

ဒါ့အပြင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်တဲ့အခါ သဘာပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ထိခိုက်မှုနည်းအောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောပါတယ်။

RFA
မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ် ဓာတ်အားတွေ ဖြည့်တင်းနိုင်ဖို့ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ် တို့မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို တည်ဆောက်ဖို့ စီစဉ်ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ကျောက်မီးသွေးအသုံးပြုတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး

အထောက်အထားမဲ့ဝင်လာသည့် တရုတ်နိုင်ငံသား လေးဆယ်ခန့်အား ထောင်ဒဏ်တစ်နှစ်စီချ

မြန်မာနိုင်ငံသို့ မူဆယ် နယ်စပ်မှ တရားမ၀င်ခိုးဝင်လာ သော အထောက်အထားမရှိသည့် တရုတ်နိုင်ငံသား ၄၀ခန့်အား လ၀ကဥပဒေဖြင့် အရေးယူပြီးနောက် ထောင်တစ်နှစ်စီချလိုက်ကြောင်း သတင်းရရှိသည်။

‘မြန်မာနိုင်ငံဘက်ကို အ ထောက်အထားမဲ့ ရောက်လာတဲ့ တရုတ်နိုင်ငံသား ၃၀ကျော်ကို ဖမ်းခဲ့ပြီး လ၀ကဥပဒေနဲ့အရေးယူ ခဲ့တာမှန်ပါတယ်။ ကျန်တဲ့ဟာက တော့ ကျွန်တော်တို့နဲ့ တိုက်ရိုက်

ဘယ်သူတွေမှာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ရှိသလဲ

ပါမောက္ခ ဒေါက်တာစိန်လင်း..(ခွဲစိတ်နှင့် ကင်ဆာပါရဂူ)
သွေးကင်ဆာကို သတိထားမိတာက ဒုတိယကမ္ဘာစစ် အပြီးမှာပါ။ ဒုတိယကမ္ဘာစစ်မှာ အမေရိကန် ပုလဲဆိပ်ကမ်းကို ဗုံးသွားကြဲတော့ အမေရိကန်က ဂျပန်တွေကို ပြန်တိုက်ရင်းနဲ့ ဟီရိုရှီးမားနဲ့ နာဂါစကီကို ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်နဲ့ ၈ ရက်နေ့မှာ နျူကလီးယားဗုံး ကြဲတယ်။ အဲဒီလို ကြဲတဲ့အချိန်မှာ နျူကလီးယားအရှိန်နဲ့ သေသွားတာတွေလည်း အများကြီးပဲ။ သိန်းချီပြီး သေတယ်။

အဲဒီမျိုးဆက်တွေက နောက် ၁၀ နှစ်၊ ၁၅ နှစ်ကြာတဲ့ အချိန်မှာ သွေးကင်ဆာ ဖြစ်လာတယ်။ အဲဒါနဲ့

စစ်တွေတွင် လေဆင်နှာမောင်းတိုက်သဖြင့် လူတစ်ထောင်ကျော် လေဘေးသင့်

ရခိုင်ကမ်းရိုးတန်းတွင် ဇူလိုင် ၁၅ ရက်ညပိုင်းက လေဆင် နှာမောင်းတိုက်ခတ်သဖြင့် စစ် တွေမြို့ ဒါးပိုင်ဘင်္ဂါလီဒုက္ခသည် စခန်းရှိ အဆောင်အချို့၊ ရဲကင်း တစ်ခုနှင့် စာသင်ကျောင်းတစ် ကျောင်းပြိုကျကာ လူဦးရေ တစ် ထောင်ကျော် လေဘေးသင့်ခဲ့ ကြောင်း သတင်းရရှိသည်။

‘‘လေနီကြမ်းတွေပါ တိုက် တာ။ ညနှစ်နာရီလောက်ကြီး ကောင်းကင်မှာ အနီရောင်တွေပါ မြင်ရတာ။ လူတွေတောင် လေ နောက်ပါပြီး လွင့်သွားတဲ့အထိ ဖြစ်တာ။ အိုးတွေ၊ ခွက်တွေလည်း အကုန်ပင်လယ်ဘက် လွင့်သွား တာ။ အပျက်အစီးကတော့ တော် တော်များတယ်’’ ဟု လုံခြုံရေး

ဗိုလ်ချုပ်ပုံတူ သီးသန့်ပြမည့် ပန်းချီပြပွဲ ကျင်းပမည်

Photo: ဗိုလ်ချုပ်ပုံတူ သီးသန့်ပြမည့် ပန်းချီပြပွဲ ကျင်းပမည်
Thursday, July 17, 2014

ပန်းချီဆရာမာန်ဇာဟိန်း၏ ဗိုလ်ချုပ်အောင်ဆန်းပုံတူပန်းချီ
အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ပန်းချီဆရာ သုံးဆယ်ကျော် ပါဝင်ရေးဆွဲထားသည့် ဗိုလ်ချုပ်အောင်ဆန်းပုံတူပန်းချီကားများကိုသာ သီးသန့်ပြသမည့် Bogyoke is our Fatherပန်းချီပြပွဲကို အလှသစ်ပန်းချီပြခန်းတွင် ဇူလိုင် ၁၉ ရက်မှ လကုန်အထိ ပြသသွားမည်ဖြစ်သည်။

‘‘ဒီပန်းချီပြပွဲကို အာဇာနည် နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကို ပြန်ပြီးသတိရအောင်လို့ ပြန်လုပ် ပေးတဲ့အနေနဲ့ပြတာပါ။ ပန်းချီ ဆရာတွေအားလုံးက အဲဒီနေ့ပွဲ အတွက် ရည်ရွယ်ပြီးတော့ ရေး ဆွဲထားတဲ့ ဗိုလ်ချုပ်ကားအသစ် တွေကိုပဲ ရေးထားတာပါ’’ ဟု အလှသစ်ပန်းချီပြခန်း တာဝန်ခံ ကိုရန်နိုင်က ပြောသည်။

အဆိုပါ ပန်းချီပြပွဲတွင် ပန်း ချီကြည်စိုး၊ ဘိုကလေးဌေးလွင်၊ ဇွဲညွန့်ပီ၊ အောင်စည်နေမျိုး၊ အောင်ကြည်စိုး၊ အောင်ဇော်စသည်တို့ပါဝင်သည့် ပန်းချီဆရာ ၃၂ ဦးက ရေးဆွဲထားသော ရေ ဆေး၊ ဆီဆေးနှင့် အခရိုင်းလစ် အမျိုးအစားစုံ ပန်းချီကားပေါင်း ခုနစ်ဆယ်ကျော်ကို ပြသသွားမည်ဖြစ်သည်။

‘‘ဗိုလ်ချုပ်ပုံတူ၊ မော်ဒန်နဲ့ သရုပ်မှန် (Realism) ပန်းချီကား တွေ ပြသွားမှာပါ။ ပြီးတော့ ဇူလိုင် ၁၉ ရက်မှာ ၀ှိုက်ဘုတ်တွေ ထောင်ပေးထားပြီးတော့ လာ ကြည့်တဲ့လူတွေက ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီးတော့ ခံစားချက်တွေ ကို ရေးလို့ရအောင် စီစဉ်ပေးထား မှာပါ’’ ဟု ကိုရန်နိုင်က ပြောသည်။

အဆိုပါ ပန်းချီပြပွဲတွင် ခေတ်အဆက်ဆက် မြန်မာဂုဏ် ဆောင်ခဲ့သည့် ထင်ရှားသူများအ နေဖြင့် ဦးဥတ္တမအပါအ၀င် ဘုရင် များ၊ ခေါင်းဆောင်များနှင့် ယနေ့ ခေတ် မြန်မာ့ဂုဏ်ဆောင်ခဲ့သည့် နန်းခင်ဇေယျာအထိ ရုပ်ပုံ ၆၀၀ ကျော်ကို နောက်ခံ Background ထားရှိပြီး ဗိုလ်ချုပ်အောင်ဆန်းပုံ တူရေးဆွဲထားသည့် ပန်းချီကား အပါအ၀င် ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သည့် အမှတ်တရ ပန်းချီကားများကို ပြသသွားမည် ဖြစ်သည်။

ပြပွဲတွင် ပြသထားသည့် ပန်းချီကားများ၏ ဈေးနှုန်းမှာ ကျပ်ငွေတစ်သိန်းခွဲမှ သိန်းငါးဆယ်ကျော်အထိ ရှိသည်။

Background ပန်းချီပြပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းရှိ အလှသစ်ပန်းချီပြခန်းတွင် ဇူလိုင် ၁၉ ရက်မှ ၃၀ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအ တွင်း ပြသသွားမည် ဖြစ်သည်။

7Day Daily
ပန်းချီဆရာမာန်ဇာဟိန်း၏ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီအာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ပန်းချီဆရာ သုံးဆယ်ကျော် ပါဝင်ရေးဆွဲထားသည့် ဗိုလ်ချုပ်အောင်ဆန်းပုံတူပန်းချီကားများကိုသာ သီးသန့်ပြသမည့် Bogyoke is our Fatherပန်းချီပြပွဲကို အလှသစ်ပန်းချီပြခန်းတွင် ဇူလိုင် ၁၉ ရက်မှ လကုန်အထိ ပြသ သွားမည်ဖြစ် သည်။
‘‘ဒီပန်းချီပြပွဲကို အာဇာနည် နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကို ပြန်ပြီး သတိရအောင် လို့ ပြန် လုပ် ပေးတဲ့အနေနဲ့ပြတာပါ။ ပန်းချီ ဆရာတွေအားလုံးက အဲဒီနေ့ပွဲ အတွက် ရည်ရွယ် ပြီးတော့ ရေး ဆွဲထားတဲ့ ဗိုလ်ချုပ်ကားအသစ် တွေကိုပဲ ရေးထားတာပါ’’ ဟု အလှသစ်ပန်းချီပြခန်း တာဝန်ခံ

သန္တိသုခသံဃာငါးပါး မဟနကို တရားပြန်စွဲ၊ မြို့နယ်တရားရုံး လက်မခံ၍ ခရိုင်၊ တိုင်းသို့ ဆက်တက်မည်

Photo: သန္တိသုခသံဃာငါးပါး မဟနကို တရားပြန်စွဲ၊ မြို့နယ်တရားရုံး လက်မခံ၍ ခရိုင်၊ တိုင်းသို့ ဆက်တက်မည်
Thursday, July 17, 2014

မဟာသန္တိသုခကျောင်း တိုက်ကိစ္စတွင် အမှုရင်ဆိုင်နေရ သော သံဃာတော်ငါးပါးက မဟာသံဃနာယကအဖွဲ့ကို ပြန်လည်တရားစွဲဆိုရာ ဗဟန်းမြို့ နယ်တရားရုံးက ပယ်ချလိုက် သော်လည်း ခရိုင်၊ တိုင်းအဆင့် ဆင့်ထိ အမှုဖွင့် တိုင်ကြားသွား မည်ဖြစ်ကြောင်း အင်္ဂလန်ဆရာ တော် ဦးဥတ္တရက မိန့်ကြားသည်။

ဇူလိုင် ၁၆ ရက်တွင် အမှု ရင်ဆိုင်နေရသော အင်္ဂလန်ဆ ရာတော် အပါအ၀င် သံဃာတော် ငါးပါးသည် မဟနက ၎င်းတို့အား မတရားတားဆီးကန့်ကွက်မှုနှင့် မတရားဖမ်းဆီးဖိနှိပ်မှုတို့အတွက် ဗဟန်းမြို့နယ် တရားရုံး၌ အမှုဖွင့် ရာ မြို့နယ်တရားရုံးက ပယ်ချ လိုက်ခြင်းဖြစ်သည်။ လာရောက် တရားစွဲဆိုသောအမှုသည် တာ မွေမြို့နယ် တရားရုံးတွင် ရင်ဆိုင် နေရသော အမှုနှင့်စပ်လျဉ်းသော ကြောင့် ပယ်ချလိုက်ခြင်းဖြစ် ကြောင်း အင်္ဂလန်ဆရာတော်က မိန့်ကြားသည်။

‘‘နိုင်ငံတော် သံဃနာယက ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင်သံဃာ တော် ၁၅ ပါးရယ်၊ မဟာသန္တိသုခ ကျောင်းတိုက်က တာဝန်ခံ ဆရာ တော်ရယ်ပါ။ ဖမ်းဆီးစဉ်အခါက သူလည်းပါပါတယ်။ ဦးပဉ္ဇင်းတို့ကို မတရားချုပ်နှောင်ထားတယ်။ အဲ ဒါကြောင့် တရားပြန်စွဲတာပါ။ ဗဟန်းမြို့နယ်မှာ ဘာကြောင့် တ ရားစွဲဆိုတာလည်းဆိုရင် ဒီတိုင်း သံဃနာယကအဖွဲ့က ဗဟန်းမြို့ နယ်မှာ ရှိနေလို့ပါ။ အမှုဖွင့်တာ ကို ပယ်ချလိုက်တယ်။ ဒါပေမဲ့ ခရိုင်တွေ၊ တိုင်းတွေ ရှိပါသေး တယ်။ အဆင့်ဆင့် တိုင်ကြား သွားမှာပါ’’ ဟု အင်္ဂလန်ဆရာ တော်က မိန့်ကြားသည်။

‘‘အခု ပယ်ချလိုက်တာက လည်း တရားစီရင်မှုအရ ပယ်တာ မဟုတ်ဘဲ စီမံခန့်ခွဲမှုအရ ပယ် တာဆိုတော့ နည်းနည်းတော့ လွဲ နေတယ်။ ထူးဆန်းတာက တရား သူကြီးရဲ့ မှတ်ချက်ထဲမှာ တာမွေ တရားရုံးက တရားစွဲဆိုမှုနဲ့ ဆက် စပ်နေတယ်ဆိုတာ ပါတယ်။ ဒါ ကို ကျွန်တော်တို့ သဘောမတူ ဘူး’’ ဟု အင်္ဂလန်ဆရာတော်၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ သန်းထွန်းအောင် (မြို့မ) က ပြောသည်။

ဇွန်လ ၁၁ ရက်ညက တိုင်း သံဃနာယကဆရာတော်များနှင့် သာသနာရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူများက တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိ သုခကျောင်းတိုက်အား ချိပ်ပိတ် ကာ ကျောင်းတိုက်အတွင်း သီ တင်းသုံးနေထိုင်နေသော သံဃာ တော်များကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ဇွန်လ ၁၃ ရက်တွင် အင်္ဂလန်ဆရာတော်နှင့် သံဃာ လေးပါးအား လူဝတ်လဲကာ တာ မွေမြို့နယ် တရားရုံးတွင် ရုံးထုတ် ၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ သည်။ ဇွန်လ ၂၀ ရက်တွင် ဖမ်း ဆီးခံသံဃာတော်များကို အာမခံ ပေး၍ သင်္ကန်းပြန်ဆီးပေးခဲ့သည်။

မဟာသန္တိသုခကျောင်းတိုက် ကို ချိပ်ပိတ်ပြီး ရက်ပိုင်းအ ကြာတွင် သာသနာရေးဝန်ကြီး ဌာန ၀န်ကြီးနှင့် တာဝန်ရှိသူများ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး မဟ နကိုလည်း ပြည်သူများက ပြစ် တင်ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့ သည်။

တရားရင်ဆိုင်နေရသော သံ ဃာတော်များအမှုသည် လက်ရှိ အချိန်တွင် သံဃာတော်နှစ်ပါး သာ တရားခွင်၌ စစ်ဆေးပြီးဆဲ ဖြစ်ပြီး ဇူလိုင် ၁၈ ရက်တွင် စတုတ္ထအကြိမ် ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်သည်။

မဟာသန္တိသုခသံဃာတော်များ ရှင်းလင်းမိန့်ကြားစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
7Day Daily
မဟာသန္တိသုခကျောင်း တိုက်ကိစ္စတွင် အမှုရင်ဆိုင်နေရ သော သံဃာတော်ငါးပါးက မဟာသံဃနာယကအဖွဲ့ကို ပြန်လည်တရားစွဲဆိုရာ ဗဟန်းမြို့ နယ်တရားရုံးက ပယ်ချလိုက် သော်လည်း ခရိုင်၊ တိုင်းအဆင့် ဆင့်ထိ အမှုဖွင့် တိုင်ကြားသွား မည်ဖြစ်ကြောင်း အင်္ဂလန်ဆရာ တော် ဦးဥတ္တရက မိန့်ကြားသည်။

ဇူလိုင် ၁၆ ရက်တွင် အမှု ရင်ဆိုင်နေရသော