Thursday, December 4, 2014

ရန်ကုန်တွင် ခုံးကျော်တံတား သုံးစင်း ထပ်ဆောက်မည်

လာမည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားသုံးစင်း ထပ်မံ တည်ဆောက်သွားမည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က ဒီဇင်ဘာ ၃ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော် အထူး အစည်းအဝေးတွင် ပြောသည်။

Shwegotain-Bridge
ရွှေဂုံတိုင်ခုံးကျော် တံတားပြီးစီးမှု အခြေအနေများကို  ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်က အပေါ်စီးမှ တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

အရပ်သားအစိုးရလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် မြန်မာလုပ်သားနှစ်သိန်းကျော်အလုပ်ရဟုဆို

အရပ်သားအစိုးရလက် ထက်သုံးနှစ်ခွဲကျော်ကာလအ တွင်း ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် မြန်မာနိုင်ငံသားလုပ်သားနှစ်သိန်းကျော်အား အလုပ်အကိုင်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှ သတင်းရရှိသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၁၉၈၈မှ ၂၀၁၄ အတွင်း ခွင့်ပြုပေးသောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်သုံးသိန်းကျော်အနက် အရပ် သားအစိုးရလက်ထက်တွင် နှစ် သိန်းခွဲကျော် အလုပ်အကိုင်ပေးနိုင်ခဲ့ခြင်းကြောင့် သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြည်ပရင်း နှီးမြှုပ်နှံမှုမှ အလုပ်ရရှိမှုမှာ ငါးဆခန့်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ကျောင်းသားသမဂ္ဂ အဆောက်အအုံပြန်လည် ဆောက်လုပ်ရန် ဒေါက်တာ အောင်ခင်ဆင့် ဆန္ဒပြမည်

မိုင်းခွဲခံမြေပေါ်တွင် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုရန် ကျောင်းသား သမဂ္ဂများနှင့်အတူ ကျန်းမာရေး ပညာပေး၊ စာရေးဆရာ အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့်က ပူးပေါင်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ရက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြောကြားခဲ့ သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ပြုလုပ်ခဲ့သည့် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး ဆန္ဒပြပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ ခြင်းဖြစ်သည်။
ဒေါက်တာအောင်ခင်ဆင့်က “ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်တည်ဆောက်နိုင်မှသာ ကျောင်းသားအရေးလှုပ်ရှားမှု ပိုထိရောက်လိမ့်မယ်။ ကျောင်းသားသမဂ္ဂအရေးပါတယ်လို့ သမ္မတကြီး မိန့်ကြားတဲ့အတိုင်း ကျောင်းသားအရေး၊ သမဂ္ဂ အဆောက်အအုံအရေး ဘယ်လောက်ထိ ဂရုပြုသလဲဆိုတာ သိဖို့ဆန္ဒ ပြသွားမယ်” ဟု ပြောသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး သမ္မတလက်မခံခြင်းသည် အခြေခံဥပဒေ ဖောက်ဖျက်ခြင်းဟုတ်၊ မဟုတ် အငြင်းပွားဖွယ်ဖြစ်

ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုကို သမ္မတက လက်မခံ ပါက သမ္မတသည် အခြေခံဥပဒေ ကို ဖောက်ဖျက်ရာ ရောက်၊ မ ရောက်ဆိုသည်မှာ ဥပဒေပညာ ရှင်များအတွက် အငြင်းပွားဖွယ် ကိစ္စသာဖြစ်ကြောင်း လွှတ်တော် နှင့် ဥပဒေ အသိုင်းအ၀ိုင်းက ပြော သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၃ နှင့် ၂၂၈ (က) တွင် နိုင်ငံတော်သမ္မတသည် ပြည် ထောင်စုလွှတ်တော်ကို တာဝန်ခံ ရမည်၊ ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုလွှတ်တော်က အခါ အားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ကို အကောင်အထည်ဖော်ရမည် ဟု ပြဋ္ဌာန်းထားသည်။‘‘နိုင်ငံတော်သမ္မတနဲ့ ပြည် ထောင်စုအစိုးရ၀န်ကြီးတွေက ဖွဲ့ စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာရပါမည် ဆိုတာ ကို လွှတ်တော်မှာလာပြီး ကတိသစ္စာပြု ထားရတဲ့သူတွေပါ’’ ဟု လွှတ် တော်၏ ဆုံးဖြတ်ချက်များ ကို ဆောင်ရွက် ခြင်း မရှိပါက ဥပဒေ ကို မလိုက်နာရာ ရောက်နိုင်မည် လားဆိုသည့် မေးမြန်းမှုအပေါ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးသိန်း ထွန်းဦးက ပြောသည်။

ရှောင်တခင်စစ်ဆေးမှုသာပြုလုပ်နိုင်ခြင်းကြောင့် သစ်ခိုးထုတ်မှုများ ဆက်လက်မြင့်တက်နေပြီးခုနစ်လအတွင်း ကျွန်းအပါအ၀င် သစ်တန်ချိန် သုံးသောင်းကျော် ဖမ်းဆီးရမိ

ရှောင်တခင်စစ်ဆေးနိုင်မှုသာရှိနေခြင်းကြောင့် သစ်ခိုးထုတ်မှုများမှာ ဆက်လက်မြင့်တက်နေပြီးခုနစ်လအတွင်း ကျွန်း၊ သစ်မာနှင့်အခြားသစ်များတန်ချိန် သုံးသောင်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စစ်ဆေးရေးဌာနမှညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုး၏ ပြောကြားချက်အရ သိရသည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အစ ဧပြီလမှ အောက်တိုဘာလအထိ တရားမဝင်သစ်ဖမ်းဆီးရမိမှုတွင် ကျွန်းတန်ချိန် ၇၂ဝဝ ဒသမ ဝ၁၄၃၊ သစ်မာ ၁၂၃၈၃ ဒသမ ၄၃၈၄ တန်နှင့်အခြားသစ်အမျိုးအစား ၁၁၇ဝ၁ ဒသမ ဝ၇၁၃ တန်ချိန်ရှိကြောင်း သစ်တောဦးစီးဌာန၏ စစ်ဆေးရေးဌာနမှ သိရသည်။

အယ်ရှာဘတ်တို့၏ တိုက်ခိုက်မှုများကြောင့် ကင်ညာ ပြည်ထဲရေး ၀န်ကြီးနှင့် ရဲချုပ် ရာထူးမှ ထုတ်ပယ်ခံရ

    AlShabaab
    ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဆိုမာလီမှ အယ်ရှာဘတ် မွတ်စလင်များက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ကင်ညာပြည်ထဲရေး ၀န်ကြီးနှင့် ရဲချုပ်တို့သည် ဒီဇင်ဘာ ၂ ရက်တွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရကြောင်းသိရသည်။တိုင်းပြည်သို့ ပြောကြားသည့် ကင်ညာ သမ္မတ အူဟူရူကင်ညတာ၏ မိန့်ခွန်းတွင် အကြမ်းဖက်နှိမ်နှင်း ရေးလုပ်ငန်းများကို အရှိန်မြင့် လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့သည်။

တန်ဖိုးနည်းအိမ်ရာများမှာ အခြေခံပြည်သူများ လက်လှမ်းမမီသည့်ဈေးနှုန်း များဖြစ်နေ၍ ပြည်တွင်း၊ နိုင်ငံခြားဘဏ်များနှင့်ချိတ်ဆက်ကာ နှစ် ၂၀ အထိ ချေးငွေစနစ်ဖြင့်ဝယ်ယူခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင်သွင်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူရောင်းချသည့် တန်ဖိုးနည်း အိမ်ရာများသည် အခြေခံလူတန်းစားပြည်သူများ လက်လှမ်းမမီသည့်ဈေးနှုန်း များဖြစ်နေ၍ ပြည်တွင်းဘဏ်များ(သို့မဟုတ်) နိုင်ငံတကာဘဏ်များနှင့်ချိတ် ဆက်၍ နှစ် ၂၀ အထိ ချေးငွေစနစ်ဖြင့်ဝယ်ယူခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ဒီဇင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးတွင် တင်သွင်းခဲ့သည်။