Thursday, April 30, 2015

တိုင်းပြည်ခေါင်းဆောင် ဒေါ်စုလည်း ဖြစ်သင့်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြော


မြန်မာနိုင်ငံ အတွက် သမ္မတလောင်းရွေး ချယ်ရာတွင် အတိုက် အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် ပါဝင်ခွင့် ရရန် စဉ်းစား သင့်ကြောင်း တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်ကိုရီးယား သတင်းဌာန တစ်ခုဖြစ်သော Yonhapနှင့်တွေ့ ဆုံဆွေးနွေးမှု အတွက် ဧပြီလ ၂၉ ရက်ကပြော ဆိုလိုက်သည်။

ပန်ဆန်းဆွေးနွေးပွဲ သုံးရက်တိုး ပြုလုပ်မည်

‘ဝ’ပြည်သွေးစည်းညီ ညွတ်ရေးပါတီ၊ တပ်မတော် (UWSP/UWSA) ဌာနချုပ် ပန် ဆန်း(ပန်းခမ်း)၌ မေလ ၁ ရက် တွင် စတင်ပြုလုပ်မည့် အစည်း အဝေးကို ယခင်သတ်မှတ်ထား သည့် သုံးရက်အစား ခြောက်ရက် ကြာပြုလုပ်ရန် စီစဉ်လိုက် ကြောင်း UWSP/UWSA ပြင်ပ ဆက်ဆံရေးဌာန တာဝန်ရှိသူက ပြောသည်။
UWSP/UWSA က အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အစည်း အဝေးတွင် လက်ရှိမြန်မာ့ငြိမ်း ချမ်းရေးအခြေအနေ၊ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ဆိုင်ရာကိစ္စတို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အစည်းအဝေးက တင်ပြ တာတွေပြီးရင် ဆွေးနွေးတာတွေ၊ ဖလှယ်တာတွေ လုပ်ရဦးမယ် လေ။ အဲဒါကြောင့် ခြောက်ရက်လို့ ပြောင်းလဲသတ်မှတ်လိုက်တာပါ’’ ဟု UWSP/UWSA ပြင်ပဆက်ဆံ ရေးဌာနတာဝန်ရှိသူက ပြော သည်။
ဧပြီ ၂၉ ရက်တွင် ပန်ဆန်း သို့ မွန်ပြည်သစ်ပါတီ (NMSP)ဒုဥက္ကဋ္ဌနှင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာ နှင့်အဖွဲ့၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက၊ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့်အဖွဲ့တို့ ရောက်ရှိနေကြပြီဖြစ်သည်။

အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်များရရှိရန် အလုပ်သမားနေ့တွင် ဆန္ဒပြမည်

မေလ ၁ ရက်(အလုပ် သမားနေ့)တွင် လှိုင်သာယာစက် မှုဇုန်များရှိ အလုပ်သမား ၅၀၀ ကျော်တို့သည် အလုပ်သမားအခွင့် အရေး ရပိုင်ခွင့်များရရှိရန် ဗဟန်း မြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းမှ တာ မွေမြို့နယ်ရှိ လူထုဟစ်တိုင်သို့ ချီတက်ဆန္ဒပြ တောင်းဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မေလ ၁ ရက်တွင် ဆန္ဒပြရန် စီစဉ်နေကြသော လှိုင်သာယာ စက်မှုဇုန်များရှိ အလုပ်သမား ၂,၀၀၀ ကျော်က မရမ်းကုန်းမြို့နယ် စစ်ကြောင်း၊ အင်းစိန်မြို့နယ် စစ်ကြောင်းနှင့် ကမာရွတ်မြို့နယ် စစ်ကြောင်းဟူ၍ အလုပ်သမားစစ်ကြောင်း သုံးကြောင်းဖြင့် ကမာရွတ် လှည်းတန်းလမ်းဆုံအထိ ချီတက်ဆန္ဒပြရန် အာဏာပိုင်များထံ တင်ပြခဲ့သော်လည်း အင်အား ၅၀၀ ခန့်ဖြင့် ဗိုလ်စိန်မှန်ကွင်းမှ လူထုဟစ်တိုင်ထိသာ ခွင့်ပြုချက် ရရှိခဲ့ကြောင်း အလုပ်သမား ဆန္ဒပြတောင်းဆိုမှုကို ဦးဆောင်မည့် ရှေ့နေဦးဌေးက ပြောသည်။

ဖြူးမြို့နယ်တွင် သံဃာတော်များအပါအ၀င် လူနှစ်ရာကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

ဖြူးမြို့နယ်၊ ကညွတ် ကွင်းမြို့၊ ရွာကန့်လန့်ကျေးရွာ တွင် နာရေးဆွမ်းသွတ်အလှူမှ ကျွေးသော ထမင်းနှင့် ဟင်းများ စားသုံးရာမှ သံဃာတော်များ အပါအ၀င် လူနှစ်ရာကျော် အစာအ ဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဧပြီ ၂၉ ရက် နံနက်က ကညွတ်ကွင်းမြို့အနောက်ရှိ ရွာ ကန့်လန့်ကျေးရွာတွင် နာရေး ဆွမ်းသွတ်အတွက် ၀က်သား ဟင်း၊ အချဉ်သုပ်၊ ပဲဟင်းတို့ဖြင့် ကျွေးမွေးရာ သံဃာတော်များ အပါအ၀င် နာရေးဆွမ်းသွတ်သို့ လာရောက်သော လူနှစ်ရာကျော် အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။

ကျည်ဆန်နှင့် စိတ်ကြွဆေး သယ်ဆောင်လာသော ကားတစ်စီး မူဆယ်မြို့အနီးတွင် ဖမ်းမိ

အမေရိကန်နိုင်ငံသား တစ်ဦး၊ သြစတြေးလျနိုင်ငံသား တစ်ဦးနှင့် နမ့်ခမ်းမြို့ဒေသခံတစ် ဦးကို သေနတ် ကျည်ဆန်များ၊ စိတ်ကြွဆေးများနှင့်အတူ မူဆယ် မြို့အနီးတွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး နိုင်ငံခြားသားနှစ်ဦးမှာ အမှုနှင့် မ သက်ဆိုင်သောကြောင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
ဧပြီ ၂၈ ရက်တွင် နမ့်ဖတ် ကာမှ နမ့်ခမ်းဘက်သို့သွားသည့် ပြည်ထောင်စု လမ်းမကြီးပေါ်၌ ပါဂျဲရိုးကားတစ်စီးကို ရဲတပ်ဖွဲ့ က စစ်ဆေးစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ ရဲတပ်ဖွဲ့နှင့် လ၀ကဌာန အရာရှိများပါဝင်သော ပူးပေါင်း အဖွဲ့၏ စစ်ဆေးချက်အရ နိုင်ငံ ခြားသားနှစ်ဦးမှာအပြစ်မရှိ၍ ဧပြီ ၂၉ ရက်တွင် ပြန်လွှတ်ပေးခဲ့ ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးကပြောသည်။

နိုင်ငံသားမဟုတ်သူများကို ပါတီဝင်အဖြစ်မှ ရပ်စဲရေးဥပဒေအရ ဒီချုပ်ပါတီဝင် ခုနစ်ထောင်ကျော် ရပ်စဲခံခဲ့ရ

နိုင်ငံသားမဟုတ်သူများ ကို ပါတီဝင်များအဖြစ်မှ ရပ်စဲရန် ပြင်ဆင်လိုက်သည့် ဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အနေဖြင့် ပါတီဝင် ၇,၀၀၀ ခန့်ကို ပါတီဝင်အဖြစ်မှ ရပ်စဲခဲ့ကြောင်း သတင်းရရှိသည်။
အသစ်ပြင်ဆင်လိုက်သော နိုင်ငံရေးပါတီများ ဥပဒေအရ နိုင် ငံသားကတ် (ပန်းရောင်ကတ်) ကိုင်ဆောင်ထားသူမှအပ အခြား အသိအမှတ်ပြု ကိုင်ဆောင်ထား သူများအား ပါတီတည်ထောင်ခွင့်၊ ပါတီဝင်အဖြစ် လှုပ်ရှားခွင့် ကန့်သတ်ချက်အရ ယင်းကဲ့သို့ ထုတ်ပယ်ခဲ့ရခြင်းဖြစ်သည်။
‘‘ပါတီဝင် ၇,၀၀၀ လောက် ကို ပါတီဝင်အဖြစ်က ရပ်စဲခဲ့ရတာတော့ ရှိပါတယ်။

ကမ္ဘာကြီးပူနွေးမှုကို ဝိုင်းဝန်းကာကွယ်

ကမ္ဘာကြီးပူနွေးလာမှုအကျိုးဆက်ကို ယနေ့လူသားများ လက်တွေ့ခံစား လာရပြီဖြစ် သည်။ ယင်းသို့ ပူနွေးလာသည်မှာ ကမ္ဘာ့လေထုထဲတွင် ကာလကြာမြင့် စွာ တည်ရှိနေနိုင်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ နှင့် အခြားသော ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ မြင့်မားလာသောကြောင့် ဖြစ်သည်။
ယင်းသို့ မြင့်မားလာခြင်းသည် မလွန်ဆန်နိုင်သော ဖြစ်စဉ်သဘော တရားကဲ့ သို့ ဖြစ်နေသော်လည်း အမှန်တွင် လက်သည်မှာ လူသားများ ပင် ဖြစ်သည်။
လူတို့၏လိုအင်များကို နောက်မဆုတ်တမ်းဖြည့်ဆည်းနေရာမှ ကမ္ဘာကြီးကို တတိတိဖျက်ဆီးသကဲ့သို့ ဖြစ်လာသည်။ လူသား တို့နေထိုင်ရာ ကမ္ဘာကြီး တွင် လူသားတို့အား ထိခိုက်စေနိုင် သော အခြေအနေများကို ဟန့်တား ကာကွယ်နိုင်သော သဘာဝအတားအဆီး များရှိသော်လည်း ထိုအတား အဆီးများကို လူသားတို့ကပင် ဖျက်ဆီးပစ် ကြသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်သည် တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်လျက် ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြောကြား

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေစီရေး ဆိုင်ရာ မိတ်ဖက်အဖွဲ့ (Partnership Group for Peace, Development and Democracy in Myanmar – PGM ) အစည်းအဝေးကို ဧပြီ ၂၄ ရက် နံနက် ၁၁ နာရီခွဲ မှ မွန်းလွဲ ၁ နာရီအထိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်း၊ အတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ် ဘီးယား၊ PGMအဖွဲ့ဝင် ၁၅ နိုင်ငံမှ အမြဲတမ်း ကိုယ်စားလှယ်အဆင့် ၁ဝ ဦး၊ ဒုတိယအမြဲတမ်းကိုယ်စား လှယ်အဆင့် လေးဦးနှင့် အမေရိကန်နိုင်ငံမှ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးMr. Scot Marciel တို့ တက်ရောက်ခဲ့ကြသည်။

နာဂစ်ဒဏ်ခံစားခဲ့ရသည့် ဒေသများ အလုပ်အကိုင် အခွင့်အလမ်းများ ပံ့ပိုး ရန် လိုအပ်

၂ဝ၁၅ မေလ ၂ ရက်ဆိုလျှင် မြန်မာပြည်အောက်ပိုင်း ရန်ကုန်အပါ အဝင် မြစ်ဝ ကျွန်းပေါ်ဒေသအချို့တွင် ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်ကတိုက် ခတ်ခဲ့သော နာဂစ်မုန်တိုင်း ဒဏ်ခံစားရမှု ခုနစ်နှစ်ပြည့်မြောက်လာပြီ ဖြစ်သည်။ နာဂစ် ခုနစ်နှစ်မြောက်ပြည့်ရန် ရက်ပိုင်းအလို ပတ်ဝန်းကျင်နိုင်ငံ တစ်နိုင်ငံဖြစ်သော နီပေါနိုင်ငံ၏ လူဦးရေ ၅ဝဝဝ ကျော် သေဆုံးမှုရှိခဲ့သော ပြင်းအား ၇ ဒသမ ၉ မဂ္ဂနီကျူဒ်ရှိ မြေငလျင်သတင်းဆိုး ကြားသိရသည်။
အဆိုပါနိုင်ငံတွင် ၁၉၃၄ ခုနှစ်တွင် ပြင်းအား ၈ ဒသမ ၁ ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူဦးရေ တစ်သောင်း ကျော် သေဆုံးခဲ့သည်။ နှစ်ပေါင်း ၈ဝ ကျော်တွင် မြေ ငလျင်ဒဏ်ထပ်မံကြုံတွေ့လာရခြင်းဖြစ်သည်။ ထို့အတူ နာဂစ်ဒဏ်ခံစား ခဲ့ရသော ဒေသများတွင်လည်း ထပ်မံ ကြုံတွေ့ရခြင်း မရှိစေရေး သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုများလိုအပ်နေသည်ဟု သတိပေးသကဲ့သို့ ရှိနေသည်။