Thursday, May 15, 2014

စားသုံးရန် မသင့်သော အစား အသောက်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေး ကြေညာချက်

Photo: စားသုံးရန် မသင့်သော အစား အသောက်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေး ကြေညာချက်
Thursday, May 15, 2014

ကျန်းမာရေး ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက် များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက် မပြတ် ဆောင်ရွက်လျက် ရှိသည်။

ဈေးကွက်များတွင် ရောင်းချလျက် ရှိသော အစားအသောက် များကို ဈေးများ၊ ကျောင်း မုန့်ဈေးတန်းများမှ ဝယ်ယူ စစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ် များဖြင့် ထုတ်လုပ်သော အစားအသောက် များ၌ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ ပါဝင်ခြင်းကြောင့် စားသုံးရန် မသင့်သော အစားအသောက်များ ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။

အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတု ဆိုးဆေးများကို လုံးဝ အသုံးမပြု ရန်နှင့် လိုက်နာ ဆောင်ရွက် ခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈(က)အရ တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း သတိပေး အပ်ပါသည်။

မြ၀တီ
ကျန်းမာရေး ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက် များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက် မပြတ် ဆောင်ရွက်လျက် ရှိသည်။

ဈေးကွက်များတွင် ရောင်းချလျက် ရှိသော အစားအသောက် များကို ဈေးများ၊ ကျောင်း မုန့်ဈေးတန်းများမှ ဝယ်ယူ စစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ် များဖြင့် ထုတ်လုပ်သော အစားအသောက် များ၌ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ ပါဝင်ခြင်းကြောင့် စားသုံးရန် မသင့်သော အစား

ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို


Photo: ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို

ရန်ကုန်၊ မေ ၁၄

လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သံဃာတော်များ မဲပေးခွင့် မရှိဟု ဆိုသော အချက်ကို ပယ်ဖျက်ပေးရန်အတွက် သံဃာတော်ထုများ လက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် သံဃာ့မဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အစည်းအဝေးမှာ တင်ပြမယ်။ မရရင် သီးသန့် အစီအစဉ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအမီ  လုပ်ဆောင်မယ်။ နိုင်ငံတော်အရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက် မိန့်ကြားသည်။

သို့သော်လည်း သံဃာတော်များက လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ရန် ကြိုးပမ်းခြင်းသည် သံဃာတော်များအကြား ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာနိုင်ပြီး သံဃာ့ဝိနည်းများဖြင့် လျော်ညီခြင်း မရှိကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဝင် ဆရာတော် အရှင်သီရိက မိန့်ကြားသည်။
“မဲပေးခွင့် မရှိတာထက် ပေးခွင့် ပြုလိုက်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ဝိနည်းကျွမ်းကျင်တဲ့ ဆရာတော်များနှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

သံဃာတော်များသည် နိုင်ငံအတွင်း နေထိုင်ကြသူများ ဖြစ်သောကြောင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိသင့်ကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
“ပါတီထောင်ခွင့် မရှိရင်တောင်မှ မဲပေးခွင့်တော့ ပြင်ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲ မဲပေးခွင့်ကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။

“အရင်တုန်းကတော့ ဘာသာရေး ပုဂ္ဂိုလ်တွေကို နိုင်ငံရေးထဲမှာ ဝင်ရောက် ပတ်သက်ခြင်း မရှိဖို့ တားမြစ်ခဲ့တာတွေ ရှိတယ်။ သံဃာတော်တွေမှာ ပါတီစွဲတွေ ဖြစ်ပြီး ကွဲပြားနိုင်စရာတော့ ရှိတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

သေဆုံးသွားသူများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ်များအတွက် ပွင့်လင်းရာသီတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ရာ နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန်နှင့် ဘာသာရေး အကြောင်းပြ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးကောက် တင်မြှောက်ခြင်း အခန်း (၉) ပါ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ပုဒ်မ ၃၉၂ တွင် သာသနာ့ ဝန်ထမ်းများ၊ ထောင်ဒဏ်ကျ ခံနေရသူများ၊ စိတ်ပေါ့သွပ် နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်း ခံရသူများ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာ ခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်း ခံရသူများ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိကြောင်း ဖော်ပြပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။
လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်း ဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သံဃာတော်များ မဲပေးခွင့် မရှိဟု ဆိုသော အချက်ကို ပယ်ဖျက်ပေးရန်အတွက် သံဃာတော်ထုများ လက်မှတ် ကောက် ခံကာ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် သံဃာ့မဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

မကွေးတိုင်း ဒေသကြီး၌ သုံးမြွှာပူး မွေးဖွား


Photo: မကွေးတိုင်း ဒေသကြီး၌ သုံးမြွှာပူး မွေးဖွား
Thursday, May 15, 2014

မကွေးတိုင်း ဒေသကြီး ဆေးရုံ မီးယပ်နှင့် သားဖွားဆောင်၌
မေ ၁၁ ရက် နံနက် ၁၁ နာရီခွဲက မကွေးမြို့နယ် ကန်တော်ကျေးရွာမှ မဝင်း ၃၆ နှစ်မှာ သုံးမြွှာပူး မွေးဖွားခဲ့ကြောင်း သိရသည်။
''မေ ၁၁ ရက် နံနက် ၁၁ နာရီခွဲမှာ ခွဲပြီး မွေးဖွားပေးရတာ မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေး တစ်ယောက် ပေါင်ချိန်တွေကတော့ ၅ ပေါင်၊ ၆ ပေါင်၊ ၇ ပေါင် ရှိပါတယ်၊ ကလေးတွေ အားလုံး ကျန်းမာရေး ကောင်းပါတယ်၊ ကျွန်မတို့က ဆင်းရဲတော့ ဆေးရုံတက်ဖို့ စရိတ် မရှိဘူး၊ ရွာက ဝိုင်းဝန်း ထောက်ပံ့ပေးခဲ့လို့ ဒီကို ရောက်လာတာ ကလေးက သုံးမြွှာပူး ဖြစ်နေတော့ ဆေးရုံကို တစ်လ ကြိုတက်ရတယ်၊ ဘယ်နေ့ ဆင်းရမလဲဆိုတာ မသိရသေးဘူး'' ဟု သုံးမြွှာပူး မိခင်က ပြောသည်။
ယင်းနောက် မကွေးတိုင်း ဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ဝင်များသည် ယမန်နေ့က မဝင်းထံသို့ အလှူငွေကျပ် ၁ဝဝဝဝဝ လာရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။
မကွေးလှမြင့်

မြ၀တီ 
 မကွေးတိုင်း ဒေသကြီး ဆေးရုံ မီးယပ်နှင့် သားဖွားဆောင်၌မေ ၁၁ ရက် နံနက် ၁၁ နာရီခွဲက မကွေးမြို့နယ် ကန်တော်ကျေးရွာမှ မဝင်း ၃၆ နှစ်မှာ သုံးမြွှာပူး မွေးဖွားခဲ့ကြောင်း သိရသည်။
''မေ ၁၁ ရက် နံနက် ၁၁ နာရီခွဲမှာ ခွဲပြီး မွေးဖွားပေးရတာ မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေး တစ်ယောက် ပေါင်ချိန်တွေကတော့ ၅ ပေါင်၊ ၆ ပေါင်၊ ၇ ပေါင် ရှိပါတယ်၊ ကလေးတွေ အားလုံး ကျန်းမာရေး ကောင်းပါတယ်၊ ကျွန်မတို့က ဆင်းရဲတော့ ဆေးရုံတက်ဖို့ စရိတ် မရှိဘူး၊ ရွာက ဝိုင်းဝန်း ထောက်ပံ့ပေးခဲ့လို့ ဒီကို ရောက်လာတာ ကလေးက သုံးမြွှာပူး ဖြစ်နေတော့ ဆေးရုံကို တစ်လ

လူပေါင်း ၃၆ဝကျော် သေဆုံးခဲ့ပြီး နောက် ရန်ကုန်-မန္တလေးလမ်းမကြီး အား အဆင့် သုံးဆင့် ဖြင့် နိုင်ငံ တကာအဆင့် မြှင့် ရန် အစိုးရဆုံးဖြတ်

Photo: လူပေါင်း ၃၆ဝကျော် သေဆုံးခဲ့ပြီး နောက် ရန်ကုန်-မန္တလေးလမ်းမကြီး အား အဆင့် သုံးဆင့် ဖြင့် နိုင်ငံ တကာအဆင့် မြှင့် ရန် အစိုးရဆုံးဖြတ်
Thursday, May 15, 2014

ရန်ကုန်၊ မေ ၁၄- လူ ၁၄ဦးအ သက်ဆုံးရှုံးခဲ့ရသည့် ရာဇာမင်းခရီး သည်တင်အမြန်ဘတ်စ်ကား ရန်ကုန် -မန္တလေးလမ်းမကြီး၌ တိမ်းမှောက် မှုဖြစ်အပြီး ၄၈နာရီအတွင်း အဆို ပါ သေမင်း တမံလမ်း မကြီးအား နိုင်ငံ တကာအဆင့် မြှင့်တင်ရန် အစိုးရ က ဆုံးဖြတ် လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီး တန်းအရာရှိကြီးတစ်ဦးက ဒီမိုကရေ စီတူဒေးသို့ အတည် ပြုပြော ကြား သည်။

''ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးကို အဆင့်သုံးဆင့်ထားပြီး နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်း မကြီးဖြစ်အောင် ဆောင် ရွက်သွား မှာဖြစ်ပါတယ်။ Fully Access Control အဆင့်ရ အောင် အဆင့် မြှင့်တင်သွားမယ်'' ဟု အဆိုပါအရာ ရှိကြီးတစ်ဦးက ပြောကြားသည်။
အဆင့်မြှင့်တင်ရေးဆောင်ရွက် ရာတွင် ပထမ အဆင့်အနေဖြင့် တံတား များအား အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး ယခုလေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားနှင့် နောက်ဆုံး အဆင့်ရှ စ်လမ်း သွားတံတား အဆင့် ပြုပြင် တည် ဆောက်သွားမည်ဖြစ် သည်။ ဒုတိယအဆင့်အနေဖြင့် အ မြန်လမ်းမကြီးအား ရှစ်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ် သွားမည်ဖြစ်သည်။

နောက်ဆုံး အဆင့်အနေဖြင့် လမ်းတစ်လျှောက် စီစီတီဗွီကင်မရာများ တပ်ဆင်သွား ပြီး ယာဉ်သွားလာမှုအခြေအနေများ ကို ဗဟိုထိန်းချုပ်ဌာနမှ စောင့်ကြည့် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ''မြင့်နေတဲ့ လမ်းလယ် ကျွန်း တွေကိုနှိမ့်မယ်။ ပြီးရင် ခြံစည်းရိုး တွေကာမယ်။ လမ်းတစ်လျှောက် ဘေးဝဲယာမှာ Guard Rail တွေ အပြည့်တပ်ဆင်သွားမယ်။ လမ်းပေါ် ကို ကျွဲ၊ နွား တိရစ္ဆာန်တွေ၊ မော်တော် ဆိုင်ကယ်တွေ၊ လူတွေ ဖြတ်သန်း လို့မရအောင် ဆောင်ရွက်ခြင်းဖြစ် ပါတယ်။ အဲဒီအပြင် အမြန်လမ်းမ ကြီးနှင့်အပြိုင် ဝဲယာတစ်ဖက်တစ် ချက်မှာ ရွာတွေက လူတွေ အသုံး ပြုနိုင်မယ့် ယာဉ်ကြောတစ်ကြောပါ လမ်းတွေဖောက်သွားပေးဖို့ စီမံ ချက်တွေ ရေးဆွဲထားပါတယ်''ဟု အဆိုပါအရာရှိက ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးတစ်လျှောက်တွင် အပြည့်အဝ ထိန်းချုပ်နိုင်ရန် စီစီတီဗွီကင်မရာ အလုံး ၄ဝဝတပ်ဆင်ပါက လုံလောက် မှုရှိကြောင်း တွက်ချက်ထားပြီးဖြစ် သည်ဟုလည်း သိရ သည်။ အဆိုပါလမ်း အား နိုင်ငံတကာ အဆင့်မီလမ်းအဖြစ် မြှင့်တင်ရာတွင် USAID က ၁ဝကီလိုမီတာအရှည် ရှိသော လမ်းပုံစံတစ်ခုကို ရှေ့ပြေး တည်ဆောက်ရန် နည်းပညာ အကူ အညီ များပေးမည်ဟုလဲ သိရသည်။
ရန်ကုန်-မန္တလေးလမ်းမကြီး အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံ တော်ဘဏ္ဍာအပြင် နိုင်ငံတကာမှ နည်းပညာနှင့် ငွေကြေး အကူအညီ များ ရယူဆောင်ရွက်သွားမည်ဟု သတင်း ရရှိ သည်။ ''အဆင့်တွေအားလုံးပြီးသွား ရင်တော့ ဒီလမ်းမကြီး ဟာ နိုင်ငံတ ကာမှာတွေ့ရတဲ့ အမြန်လမ်းမကြီး တွေအတိုင်းဖြစ်လာမှာဖြစ်ပြီး လက် ရှိကွန်ကရစ်လမ်းမကြီးတွေကနေ နိုင်လွန် ကတ္တရာ လမ်းမကြီးတွေအ သွင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်'' ဟု ထိုအရာရှိကြီးကပြောဆိုသည်။
ရန်ကုန်-မန္တလေးလမ်းမကြီးအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မေ ၁၅ရက် (ယနေ့) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရထားဝန်ကြီးဌာန၌ ပြုလုပ်မည့် သတင်း စာ ရှင်းလင်းပွဲ တွင် ရှင်းလင်းပြောကြားမည်ဟု သတင်းရရှိသည်။
၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ သည့် အဆိုပါလမ်းတွင် ယာဉ်တိမ်း မှောက်မှုကြောင့် ၃၆၇ ဦးသေဆုံးခဲ့ ပြီး ယခုနှစ်တွင် အဆိုပါအမြန်လမ်း တွင် ယာဉ်တိမ်းမှောက်မှု ၁၂မှုဖြစ် ပွားခဲ့ ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - သက်ပိုင် (အလင်းပန်းချီ)
[--Democracy today Daily Newspaper--]
ရန်ကုန်၊ မေ ၁၄- လူ ၁၄ဦးအ သက်ဆုံးရှုံးခဲ့ရသည့် ရာဇာမင်းခရီး သည်တင်အမြန်ဘတ်စ်ကား ရန်ကုန် -မန္တလေးလမ်းမကြီး၌ တိမ်းမှောက် မှုဖြစ်အပြီး ၄၈နာရီအတွင်း အဆို ပါ သေမင်း တမံလမ်း မကြီးအား နိုင်ငံ တကာအဆင့် မြှင့်တင်ရန် အစိုးရ က ဆုံးဖြတ် လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီး တန်းအရာရှိကြီးတစ်ဦးက ဒီမိုကရေ စီတူဒေးသို့ အတည် ပြုပြော ကြား သည်။

''ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးကို အဆင့်သုံးဆင့်ထားပြီး နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်း မကြီးဖြစ်အောင် ဆောင် ရွက်သွား မှာဖြစ်ပါတယ်။ Fully Access Control အဆင့်ရ အောင်

မိုးကြိုးကြောင့် သန်လျင်တွင် လူနှစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မိုးကြိုးပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီးတွင် မိုးထစ်ချုန်းရွာသွန်းခဲ့ပြီး သန်လျင်မြို့နယ်တွင် မိုးကြိုးများပစ်ခတ် ခဲ့ရာ မိုးရွာ၍ လယ်ကွင်းထဲရှိ တဲအတွင်း ၌ မိုးခိုနေသူအမျိုးသားတစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ပြီး တစ်ဦးမှာ မိုးကြိုးပစ်ခတ်သံကြား၍ရုတ်တရက် နှလုံးခုန်ရပ်ကာ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
မိုးကြိုးထိမှန်သေဆုံးသူမှာသန်လျင်မြို့နယ်ရုံးသပြေကန်ကျေးရွာတွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ် လယ်သူရင်းငှားအမျိုးသားတစ်ဦးဖြစ်ပြီး မိုးကြိုး ပစ်ခတ်မှုကြောင့် နှလုံးခုန်ရပ် သေဆုံးသူမှာ သန်လျင်မြို့နယ်

အဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်း သက်သာအေးလည်းအေးတဲ့အဲယားကွန်းလုပ်နည်း

Photo: အဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်း သက်သာအေးလည်းအေးတဲ့အဲယားကွန်းလုပ်နည်း
Thursday, May 15, 2014

အခုလိုပူအိုက်သောရာသီမှာအဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်းသက်
သာအေးလည်းအေးတဲ့အဲယားကွန်းလုပ်နည်းလေးကိုတင်ပြေလိုက်ရပါတယ်။

မိမိအသားပြုမည့်လျှပ်စစ်ပန်ကာအရွယ်အစားနှင့်ကိုက်ညီသည့်ဖေါ့ ပုံးတခုကိုရှာပါ။
အဖုံးအလယ်တည့်တည့်နေရာကိုပန်ကာတင်နိုင်လောက်အောင်ဖေါ့သားကိုလှီးထုတ်ပါ။
ပုံးအောက်ခြေဘေးဘက်နေရာတွင်သုံးလက်မ(သို့မဟုတ်)လေးလက်မပီဗွီစီပိုက်လုံးကို
(12)လက်မခန့်အရှည်သုံးလုံးကိုဖြတ်တောက်ထားပါ။

ပုံပါအတိုင်းဖြတ်တောက်ထားသောပီဗွီစီပိုက်ကိုဖေါ့ကန်အတွင်းဘက်သို့လေးလက်မလောက်
သွင်းပြီးခိုင်မြဲအောင်နှစ်မျိုးစပ်ကော်နှင့်ခိုင်မြဲအောင်ဆက်ပေးပါ။
ပြီးလျှင်သေတာထဲသို့ရေခဲကိုထည့်ပါ။

သေဆာကိုလုံခြုံစွာဖုံးပြီးအဖုံးပတ်ပတ်လည်ကိုတိတ်သားနှင့်ပတ်ပြီးအသေပိတ်လိုက်ပါ။
ပန်ကာကိုမီးထိုးပြီးစတင်လည်ပတ်ပါ။

ထိုအခါပီဗွီစီပြွန်သုံးလုံးကနေအေးမြသောလေအေးတွေအခန်းထဲသို့စတင်ထွက်ရှိလာပြီး
မိမိကိုယ်တိုင်ပြုလုပ်ထားသောယူနစ်စားသက်သာအေးလည်းအေးမြန်တဲ့အဲယားကွန်းတလုံး
ကိုသင်ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။

(ထိုအဲယားကွန်းကိုအသုံးပြုနေစဉ်အတွင်းအခန်းကိုပြင်မလေမ၀င်အောင်ကြိုတင်ပြုပြင်ထားပါ)

ဖိုးသူတော်(www.phothutaw.com)
Credit : shwemyanmarmediagroup
အခုလိုပူအိုက်သောရာသီမှာအဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်းသက်
သာအေးလည်းအေးတဲ့အဲယားကွန်းလုပ်နည်းလေးကိုတင်ပြေလိုက်ရပါတယ်။

မိမိအသားပြုမည့်လျှပ်စစ်ပန်ကာအရွယ်အစားနှင့်ကိုက်ညီသည့်ဖေါ့ ပုံးတခုကိုရှာပါ။
အဖုံးအလယ်တည့်တည့်နေရာကိုပန်ကာတင်နိုင်လောက်အောင်ဖေါ့သားကိုလှီးထုတ်ပါ။
ပုံးအောက်ခြေဘေးဘက်နေရာတွင်သုံးလက်မ(သို့မဟုတ်)လေးလက်မပီဗွီစီပိုက်လုံးကို
(12)လက်မခန့်အရှည်သုံးလုံးကိုဖြတ်တောက်ထားပါ။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် NCCT မေ၂၁ တွေ့ဆုံမည်

Photo: နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် NCCT မေ၂၁ တွေ့ဆုံမည် 
Thursday, May 15, 2014

ပြည်ထောင်စ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလ ၂၁ ရက်နေ့၌ ပြုလုပ်ရန် သတ်မှတ်လိုက်ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

NCCT အဖွဲ့ အစည်းအဝေးကို မေလ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့၌ ပြုလုပ်အပြီး ယင်းသို့ သတ်မှတ်ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

“ဒီနေ့ အစည်းအဝေးမှာတော့ အစိုးရနဲ့ ပထမအကြိမ် အပစ်ရပ်စာချုပ် မူကြမ်း သဘောတူညီချက်တွေကို ပြန်သုံးသပ်တာ။ လာမယ့် ဆွေးနွေးပွဲမှာ ညှိနှိုင်းမယ့် အကြောင်းအရာတွေကို ဆွေးနွေးဖြစ်ပါတယ်” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ဖဒိုကွယ်ထူးဝင်းက ပြောဆိုသည်။

အစိုးရနှင့် NCCT ဆွေးနွေးပွဲကို မူလက မေလ ၁၉ ရက်နေ့ သတ်မှတ်ထားသော်လည်း NCCT အဖွဲ့ဝင်အချို့ ကေအိုင်အို ဌာနချုပ် လိုင်ဇာသို့ သွားရောက်မည် ဖြစ်သည့်အတွက် ရက်အနည်းငယ် နောက်ဆုတ်ခြင်း ဖြစ်ပြီး အခြားအပြောင်းအလဲ မရှိကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)မှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

သြဂုတ်လ မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ်ကို ပူးတွဲ ပြုစုနေခြင်း ဖြစ်ပြီး စာချုပ်ပါ အချက် သုံးပုံနှစ်ပုံခန့် နှစ်ဖက်သဘောတူပြီး ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

မေလ ၁၅ ရက်နေ့တွင် မြစ်ကြီးနားမြို့ မနောကွင်း၌ ကေအိုင်အိုနှင့် ဒေသခံ ကချင်လူထု တွေ့ဆုံပွဲ ပြုလုပ်မည် ဖြစ်ကြောင်း၊ မေလ ၁၆ ရက်နေ့တွင် NCCT ခေါင်းဆောင်များ ကေအိုင်အို ဌာနချုပ် လိုင်ဇာသို့ သွားရောက်၍ အပစ်ရပ် ညှိနှိုင်းမှုများကို ကေအိုင်အို ဗဟိုကော်မတီသို့ ရှင်းလင်း တင်ပြမည် ဖြစ်ကြောင်း NCCT ထံမှ သိရသည်။

The Voice Weekly
ပြည်ထောင်စ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲရေး ဆိုင်ရာ ဆွေးနွေးပွဲကို မေလ ၂၁ ရက်နေ့၌ ပြုလုပ်ရန် သတ်မှတ်လိုက်ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

NCCT အဖွဲ့ အစည်းအဝေးကို မေလ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့၌ ပြုလုပ်အပြီး ယင်းသို့ သတ်မှတ်ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

ကုသိုလ်တော်ဘုရားရင်ပြင်ပေါ်သို့ မန်းဝန်ကြီးချုပ် ဖိနပ်စီးတက်ရောက်ခဲ့ခြင်း မရှိဟုဆို

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်သည် ကုသိုလ်တော်ဘုရားရင်ပြင်တော်ပေါ် ဖိနပ်စီးသည်ဟု ကဆုန်လပြည့်နေ့က ဆိုရှယ်မီဒီယာတွင် အငြင်းပွားဖွယ် ဓာတ်ပုံများ ပျံ့နှံ့လာခြင်းကိစ်္စနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်း ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိမှတစ်ဆင့် မေ ၁၄ ရက်က မဇ္ဈိမကို ပြောသည်။
မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ပါဝင်သည့် အထိမ်းအမှတ်ကျောက်စာစိုက်ထူခြင်း အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် တက်ရောက်သည့်ပုံကို ဘုရားရင်ပြင်တော်ပေါ် ဖိနပ်စီးသည်ဟု ယင်းနေ့က ဆိုရှယ်မီဒီယာတွင် ဓာတ်ပုံများ ပျံ့နှံ့လာခြင်းကိစ္စကို ၎င်းက ရှင်းလင်းခြင်း ဖြစ်သည်။
“ဓာတ်ပုံတွေမှာ ၀န်ကြီးချုပ် ဖိနပ်စီးထားတာ ဟုတ်ပါတယ်။ ဂေါပကအဖွဲ့က ဘုရားထဲက ထွက်လာတာမို့

ဘတ်စ်ပေါ်မှာ နေရာထပေးဖို့ ပြောတဲ့ လူကြီးကို ကန်ခဲ့တဲ့ အမျိုးသမီး

 Photo: ဘတ်စ်ပေါ်မှာ နေရာထပေးဖို့ ပြောတဲ့ လူကြီးကို ကန်ခဲ့တဲ့ အမျိုးသမီး
Thursday, May 15, 2014

Ecns.cn သတင်းအရ ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့မှာ ဖူကျန်ဒေသရဲ့ တွန်ဂျန်အပိုင်းမှာ
 ဖြစ်ပွားခဲ့တဲ့ပါ။ အများစီး ဘတ်စ်တစ်စီးပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ အမျိုးသမီးတစ်ဦးကိုတော့ ကားပေါ်ပါလာတဲ့ အသက်အရွယ်ကြီး အမျိုးသားတစ်ဦးက သူမထိုင်နေတဲ့ နေရာကို သူ့အတွက် ထပေးဖို့ ပြောတဲ့အတွက် အဲဒီအမျိုးသမီးဟာ ချက်ချင်းထိုင်ရာကနေ ထပြီး အမျိုးသားကြီးရဲ့ မျက်နှာကို ကန်လိုက်တယ်လို့ ကားပေါ်ပါလာသူများက မျက်မြင်သက်သေ အဖြစ်ထွက်ဆိုကြပါတယ်။

အဆိုပါ အဖြစ်အပျက်ကို မြင်လိုက်ရသူများက ရုတ်တရက် အံ့အားသင့် လန့်သွားပြီး သူမကို မယဉ်ကျေးတဲ့သူ တစ်ဦးအဖြစ် ပြောဆို အပြစ်တင်ခဲ့ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးဟာ ဒေါသပိုထွက်ခဲ့ပြီး သူမကို ပြောဆိုခဲ့သူတွေကို ဆဲဆိုခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ၁၅မိနစ်လောက် ကြာခဲ့ပြီး ဘတ်စ်ရဲ့ တာဝန်ရှိသူတစ်ဦးက လာရောက်ဖြန်ဖြေပြီး အမျိုးသားကြီးကိုလည်း အခြား ခရီးသည်တစ်ဦးရဲ့ နေရာနဲ့လဲလှယ်ပေးခဲ့ရကြောင်း သိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit : World-Myanmar 
Ecns.cn သတင်းအရ ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့မှာ ဖူကျန်ဒေသရဲ့ တွန်ဂျန်အပိုင်းမှာဖြစ်ပွားခဲ့တဲ့ပါ။ အများစီး ဘတ်စ်တစ်စီးပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ အမျိုးသမီးတစ်ဦးကိုတော့ ကားပေါ်ပါလာတဲ့ အသက်အရွယ်ကြီး အမျိုးသားတစ်ဦးက သူမထိုင်နေတဲ့ နေရာကို သူ့အတွက် ထပေးဖို့ ပြောတဲ့အတွက် အဲဒီအမျိုးသမီးဟာ ချက်ချင်းထိုင်ရာကနေ ထပြီး အမျိုးသားကြီးရဲ့ မျက်နှာကို ကန်လိုက်တယ်လို့ ကားပေါ်ပါလာသူများက မျက်မြင်သက်သေ အဖြစ်ထွက်ဆိုကြပါတယ်။

မျိုးစောင့်ဥပဒေကို လက်မခံသည့် အဖွဲ့အစည်းများနှင့် မဘသအဖွဲ့ မန္တလေးတွင် တွေ့ဆုံ ဆွေးနွေးမည်

အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိသည့် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ လူမှုအဖွဲ့အစည်းများ အကြားတွင် အမျိုးသမီးဆိုင်ရာ အခွင့်အရေး ထိပါးသည်ဟု ဆိုကာ လက်မခံသည့် လူမှုအဖွဲ့အစည်းများ အားလုံးနှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို မန္တလေးမြို့တော်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း အထက်မြန်မာပြည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ တာဝန်ခံဆရာတော်ဦးဣန္ဒာစက္ကာဘိဝံသက မိန့်ကြားသည်။
ယင်းတွေ့ဆုံပွဲကို မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် နယုန်လပြည့် ဇွန်လ ၁၂ ရက်နေ့တွင် ချမ်းအေးသာစံ မြို့နယ်ရှိ ဦးလှသိန်း ဓမ္မဗိမန်တွင် ပြုလုပ်မည်ဖြစ် ပြီး စိတ်ပါဝင်စားသူများ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့သို့ ဆက်သွယ်နိုင်ကြောင်း ဆရာတော်က ထပ်လောင်း မိန့်ဆိုသည်။

နေပြည်တော်အမြန်လမ်းမကြီးအတွက် အမေရိကန်အစိုးရသို့ အကူအညီတောင်း

ယာဉ်တိမ်းမှောက်မှုများနှင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး အတွက် အကူအညီပေးရန် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)ဥက္ကဋ္ဌ ဦးသိန်းညွန့်က အမေရိကန်အစိုးရသို့ မေတ္တာရပ်ခံထားသည်ဟု မဇ္ဈိမကို ပြောသည်။

အမေရိကန်နိုင်ငံ အကြီးတန်း နိုင်ငံခြားရေးအရာရှိ Raymond D Richhart နှင့် အမေရိကန် သံရုံး နိုင်ငံခြားရေးအရာရှိ Robert McDonald တို့သည် မေ ၁၃ ရက်က အမျိုးသား ဒီမိုကရေစီ

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် အခမဲ့ ပညာသင်နိုင်တော့မည်

ယူနက်စကိုအဖွဲ့နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်းရေးဆွဲမည့် သင်ရိုးညွှန်းတမ်းဖြင့် စီးပွားရေး ဆိုင်ရာ ဘာသာရပ် အခမဲ့သင်တန်းများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ဇွန်လတွင် စတင်သင်ကြားပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာန ပါမောက္ခဒေါက်တာ မိုးမိုးခိုင်က မေလ ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
“လူငယ်တိုင်းဟာ စီးပွားရေးဆိုင်ရာ ဘာသာရပ်ကို အခြေခံဆင့်လောက်တော့ တတ်ထားသင့်ပါတယ်။

ယာဉ်မတော်တဆမှု မြင့်မားနေသည့် နေပြည်တော်အမြန်လမ်း ယာဉ်သွားလမ်းအကျယ် တိုးချဲ့မည်

စတင်ဖွင့်လှစ်ခဲ့သည် ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှ စတင်ကာ ငါးနှစ်တာကာလအတွင်း လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့သည့် ရန်ကုန်- မန္တလေးလမ်းရှိ ရန်ကုန်- နေပြည်တော်လမ်းပိုင်းကို ယာဉ်သွား လမ်းအကျယ် တိုးချဲ့ဖောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို မေလ ၁၄ ရက်တွင် ပြောသည်။
သေဆုံးသူဦးရေ ၁၄ဦးအပြင် ထိခိုက် ဒဏ်ရာရရှိသူများစွာ ဖြစ်ပေါ်ခဲ့သည့် ရာဇာမင်းခရီးသည် တင်ယာဉ်တစ်စီး တိမ်းမှောက်အပြီး နှစ်ရက်အကြာတွင် ၎င်းက ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
“နှစ်အလိုက် အပိုင်းလိုက်ခွဲပြီး တိုးချဲ့ ဖောက်လုပ်သွားဖို့ဆုံးဖြတ်ထားပါတယ်” ဟု တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမကို အတည်ပြုပြောကြားသည်။
သို့သော် နှစ်အပိုင်းအခြား မည်မျှကြာမည်ကို အသေးစိတ်ပြောဆိုခြင်း မရှိသလို ရန်ကုန်-မန္တလေး

မအူပင်တွင် ထွန်တုံးတိုက်ပွဲများ ဆက်တိုက် ပြုလုပ်မည်

Photo: မအူပင်တွင် ထွန်တုံးတိုက်ပွဲများ ဆက်တိုက် ပြုလုပ်မည်
Thursday, May 15, 2014

မိုးရာသီ အမီ ထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် ထွန်တုံးတိုက်ပွဲများ ဆက်တိုက်ပြုလုပ် သွားမည် ဖြစ်ကြောင်း မအူပင် မြို့နယ်မှ သိမ်းဆည်းခံ လယ်သမားများ က ပြောသည်။ ၁၉၉၂ ခုနှစ်က သိမ်းယူခြင်း ခံထားရသော ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အရှေ့ဘက်ကမ်း၊ တလုပ်လှ အရှေ့ ကျေးရွာရှိ တောင်သူများ သည်ယင်းလယ်ယာမြေများ ပြန်လည် ရရှိရန် တင်ပြတောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။

မအူပင်မြို့နယ် အရှေ့ဘက်ကမ်း တလုပ်လှ အရှေ့ကျေးရွာရှိ တောင်သူ (၆၁) ဦးပိုင်လယ်မြေဧက (၃၀၀) ကျော် အနက် ပြန်လည် ဖော်ထုတ်လုပ် ကိုင်မည့် နေရာများမှာ စစ်မှုထမ်းဟောင်းနေရာ၊ ဦးကျော်ဝဏ္ဏ နေရာ ၊ မွေး/ရေ နေရာနှင့် စပါး ငါးစီမံကိန်း နေရာတို့ ဖြစ်သည်။ တလုပ်လှ ( ၄ ) မိုင် ကျေးရွာ ကွင်း အမှတ် ၉၅၅/၉၅၆/၉၆၉ တို့ တွင် မွေး/ရေ ၀န်ကြီး ဌာနမှ သိမ်းယူထားသော လယ်မြေ ဧက (၃၀၀) ကျော် အတွင်း ငါးမွေးမြူရေး လုပ်ငန်း ပီ ပီ ပြင်ပြင် လုပ်ကိုင် ခြင်း မရှိသည့် ဧက (၈၀) ကျော်တွင်လယ်သိမ်းခံ တောင်သူ များက မေလ (၁၄)ရက်နေ့ညနေပိုင်းက စတင် ၍ ထွန်တုန်း တိုက်ပွဲများ ပြုလုပ်ခဲ့ကြ သည်။ နိုင်ငံတော် သမ္မတက လယ်ယာမြေ အငြင်းပွားမှုတွေကို ဇွန်လ မိုးရာသီ အမီ အပြီး လုပ်ပေးမယ်လို့ ပြောပြီးသား ဒါပေမဲ့ အခု အချိန်ထိ ဘာမှ မထူးခြားသေးဘူး၊ ထွန်တုံးတိုက်ပွဲတွေကိုလည်း မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ခုချိန်မှမလုပ်ရင် ဒီရာသီလည်း မီမှာ မဟုတ်ဘူး၊ မဖြစ်မနေမို့သာ လုပ်ဆောင်ရတာပါ။ ထူးခြားကောင်းမွန်လာခြင်း မရှိသရွှေ့ ကျွန်တော်တို့ ဆက်တိုက်ပြုလုပ် သွားမယ် ဟု လယ်သိမ်းခံ လယ်သမား ဦးစိန်သန်း က The Messenger သတင်းစာသို့ ပြောသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန် က လယ်ယာမြေ အစီရင်ခံစာများ၌ ပါရှိသော ပြဿနာများကို အုပ်ချုပ်ရေး အဖွဲ့ အစည်း အဆင့်ဆင့်မှ ဖြေရှင်းဆောင်ရွက်မှုများသည် နှောင့်နှေး ကြန့်ကြာနေသောကြောင့် မိုးသီးနှံ စိုက်မြေ များကို ၂၀၁၄ ခုနှစ်၊ ဇွန်လ မတိုင်မီ နှင့် ဆောင်းသီးနှံ စိုက်မြေများကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ မတိုင်မီ ပြီးပြတ်အောင် ပွင့်လင်း မြင်သာစွာနှင့် မြန်ဆန်စွာ ရှင်းလင်းပေးစေ လိုကြောင်း ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် နာယကထံ သ၀ဏ်လွှာ ပေးပို့ထားသည်။

Messenger News Journal 
 မိုးရာသီ အမီ ထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် ထွန်တုံးတိုက်ပွဲများ ဆက်တိုက်ပြုလုပ် သွားမည် ဖြစ်ကြောင်း မအူပင် မြို့နယ်မှ သိမ်းဆည်းခံ လယ်သမားများ က ပြောသည်။ ၁၉၉၂ ခုနှစ်က သိမ်းယူခြင်း ခံထားရသော ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အရှေ့ဘက်ကမ်း၊ တလုပ်လှ အရှေ့ ကျေးရွာရှိ တောင်သူများ သည်ယင်းလယ်ယာမြေများ ပြန်လည် ရရှိရန် တင်ပြတောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။

မအူပင်မြို့နယ် အရှေ့ဘက်ကမ်း တလုပ်လှ အရှေ့ကျေးရွာရှိ တောင်သူ (၆၁) ဦးပိုင်လယ်မြေဧက (၃၀၀) ကျော် အနက် ပြန်လည် ဖော်ထုတ်လုပ် ကိုင်မည့် နေရာများမှာ စစ်မှုထမ်းဟောင်းနေရာ၊ ဦးကျော်ဝဏ္ဏ နေရာ ၊ မွေး/ရေ နေရာနှင့် စပါး ငါးစီမံကိန်း နေရာတို့ ဖြစ်သည်။ တလုပ်လှ ( ၄ ) မိုင် ကျေးရွာ ကွင်း အမှတ် ၉၅၅/၉၅၆/၉၆၉ တို့ တွင် မွေး/ရေ ၀န်ကြီး ဌာနမှ သိမ်းယူထားသော လယ်မြေ

မြန်မာဝတ်စုံဒီဇိုင်း

Photo

ရွှေဈေး၊ စက်သုံးဆီဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း

နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်

Photo: နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်
Thursday, May 15, 2014

အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန် ရှိသည့် အထက်မြန်မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲအတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပမည့် စာတတ်မြောက်ရေး တစ်နိုင်ငံလုံး အထိမ်းအမှတ် အောင်ပွဲအဖြစ် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး မန္တလေးတက္ကသိုလ်နှင့် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးစိုက်ရာ မြို့တော်ခန်းမ နေရာနှစ်ခုအနက် နေရာတစ်ခုတွင် မိန့်ခွန်းပြောရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူများက ထပ်လောင်း ပြောကြားသည်။
တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရှိသည့် စာတတ်မြောက်ရေးလုပ်ငန်း ဗဟိုကော်မတီဝင်များ တက်ရောက်မည် ဖြစ်သဖြင့် ယင်းကော်မတီဝင်များ၏ သွားလာနေထိုင် စားသောက်ရေးများကို တိုင်းဒေသကြီး အခွန်နှင့် ဘဏ္ဍာရေးဝန်ကြီး၊ မြို့တော်ဝန်နှင့် လူမှုရေးဝန်ကြီးတို့က တာဝန်ယူ စီစဉ် ဆောင်ရွက်နေကြောင်း ယင်းတာဝန်ရှိသူများက ထပ်မံ ပြောကြားသည်။
မူလက မန္တလေးတက္ကသိုလ်သို့ နိုင်ငံတော်သမ္မတ လာရောက်ရန် ရှိသော်လည်း လက်ရှိတွင် လာရောက်မည့် အစီအစဉ် မဖြစ်တော့ကြောင်း မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဒေါ်ခင်မြင့်မြင့်က ဆိုသည်။
နိုင်ငံတော်သမ္မတ မန္တလေးသို့ လာရောက်မည့် ခရီးစဉ်အတွင်း မိန့်ခွန်းပြောမည့် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို မန္တလေးခရိုင် အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားခြင်း မရှိသေးကြောင်း မဟာအောင်မြေ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပြေဝင်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် မန္တလေးမြို့ပေါ်သို့ မေလ ၁၅ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း မြို့ပေါ် တန်ခိုးကြီး ဘုရားများသို့ ဖူးမြော်ခြင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

The Voice Weekly 
 အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန် ရှိသည့် အထက်မြန်မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲအတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြော ကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပမည့် စာတတ်မြောက်ရေး တစ်နိုင်ငံလုံး အထိမ်းအမှတ် အောင်ပွဲ အဖြစ် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး မန္တလေးတက္ကသိုလ်နှင့် မြို့တော် စည်ပင်

အင်တာနက်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်

Photo: အင်တာနက်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်
Thursday, May 15, 2014

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ တရှိန်ထိုး မြင့်တက်လာသဖြင့် အင်တာနက် ကော်နက်ရှင်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်ဖြစ်ပြီး လိုင်းများ ကောင်းမွန်လာရန် အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၁၃ ခုနှစ်တွင် အင်တာနက် သုံးစွဲသူမှာ ၁ သန်းခန့်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၄ သန်းခန့် အထိ မြင့်တက်လာသဖြင့် အင်တာနက် လိုင်းကောင်းရန် အနည်ဆုံး ၃ နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်းသုံးစွဲသူအားလုံး နီးပါးမှာ အင်တာနက်လိုင်း သုံးစွဲမှုကြောင့် အင်တာနက် ကော်နက်ရှင် လိုင်းနှေးကွေးနေရခြင်း ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးသောင်းတင်က နေပြည်တော် တွင် မေလ ၁၁ ရက်နေ့က ဧရာဝတီသို့ ပြောကြားခဲ့သည်။

“အရင်တုန်းက မိုဘိုင်းဖုန်း ပေးရင် ၁၀ ရာခိုင်နှုန်းကပဲ အင်တာနက် သုံးတယ်။ အခုက မိုဘိုင်းသုံးစွဲသူ အားလုံးနီးပါးက အင်တာနက်သုံးနေတာ။ ကျနော်တို့ကတော့ ၃ နှစ်အတွင်း အင်တာနက်လိုင်း မြန်အောင် လုပ်ဖို့ ရှိတယ်။ အင်တာနက်ကို ပိုမြန်အောင် လုပ်ချင်တဲ့ ကုမ္ပဏီကို ကန့်သတ်မထားဘူး။ အင်တာနက် လုပ်ချင်တယ်လို့ လာလျှောက်ရင် ခွင့်ပြုပေးမှာ” ဟု ဒု ၀န်ကြီး ဦးသောင်းတင်က ဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲသူ ၈ သန်းခန့် ရှိပြီး လူဦးရေ ၄ သန်းမှာ အင်တာနက်ကို မိုဘိုင်းဖုန်းဖြင့် သုံးစွဲနေကြောင်း၊ အင်တာနက် မိုဘိုင်းဖုန်း ၀န်ဆောင်ပေးမည့် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ငန်းများ စတင်နိုင်ပါက အင်တာနက် အမြန်နှုန်း ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။

“အင်တာနက်လိုင်းက တဖြည်းဖြည်းချင်းတော့ ပိုကောင်းလာမှာပါ။ အခုက ကျနော်တို့ Supply က လိုက်တက်လာတာနဲ့ အမျှ Demand က လိုက်တက်လာတော့ အင်တာနက် နှုန်းမြန်ဖို့က ခက်တယ်။ အဲဒီနှစ်ခုက ဘယ်အချိန်မှာ ညီမျှသွားမလဲပေါ့။ တချိန်ချိန်မှာတော့ Supply က လိုချင်သလောက် ရသွားရင် အဆင်ပြေသွားမှာပါ ” ဟု ဒု ဝန်ကြီး ဦးသောင်းတင်က ပြောသည်။

အင်တာနက်လိုင်း ပိုမိုမြန်ဆန်လာစေရန် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ကိုင်မည် ဖြစ်သော် လည်း မြန်မာ တနိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် အနည်းဆုံး ၅ နှစ်ခန့် အချိန်ယူရမည်ဟု နိုင်ငံတကာ လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။

“ကျနော်ဆို ဖုန်းနဲ့ အင်တာနက် သုံးတာ။ တနေကုန် သုံးလို့ မရဘူး။ ညဦးပိုင်းလည်း သုံးမရဘူး။ အင်တာနက် သုံးမယ်ဆိုရင် သန်းခေါင်ကျော်အောင် စောင့်ရတယ်။ သန်းခေါင်ကျော် လိုင်းကောင်းမှ မေးလ်ပို့စရာရှိတာ ပို့ရတယ်။ ဒါတောင် တခါတလေ လိုင်းမကောင်းလို့ မိုးလင်းတဲ့ ညတွေရှိတယ်” ဟု အင်တာနက် ပုံမှန်သုံးစွဲသူ ရန်ကုန်မြို့မှ ကိုဇေယျာစိုပြေက ပြောသည်။

အင်တာနက် သုံးစွဲရန် ပေးထားရသော ၀န်ဆောင်ခနှင့် ပြန်ရရှိသော ၀န်ဆောင်မှုမှာ လုံးဝ မမျှတဟု သူက ယုံကြည်နေသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ကလည်း Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်ရန် International ပါတနာ ကုမ္ပဏီအား ရှာဖွေလျက်ရှိပြီး မရရှိပါက Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း ဒု ၀န်ကြီး ဦးသောင်းတင်က ပြောသည်။

“MPT အနေနဲ့ ပါတနာ မရရင်တော့ Ooredoo နဲ့ Telenor ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အခု စပြိုင်နေရပြီ။ အပြိုင်အဆိုင် ဖြစ်လာရင် ဘယ်သူ ဘာလုပ်လို့ ပြောစရာ မလိုတော့ဘူး။ Market က ဆုံးဖြတ်ပေးလိမ့်မယ်” ဟု သူက ဆိုသည်။

ဆက်သွယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အစိုးရက အတည်ပြု ပြဌာန်းထားပြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ အပါအ၀င် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများကို ယင်းဥပဒေနှင့် လုပ်ပိုင်ခွင့်များ ချထားပေးလျက်ရှိသည်။

အစိုးရက ခွင့်ပြုထားသည့် ဆက်သွယ်ရေး မိုဘိုင်း အော်ပရေတာ ၄ ခုမှာ MPT, ရတာနာပုံ တယ်လီပို့၊ Ooredoo နှင့် Telenor Myanmar ကုမ္ပဏီတို့ ဖြစ်သည်။

ဧရာဝတီ 
 မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ တရှိန်ထိုး မြင့်တက်လာသဖြင့် အင်တာနက် ကော်နက်ရှင်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်ဖြစ်ပြီး လိုင်းများ ကောင်းမွန်လာရန် အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူ ရမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၁၃ ခုနှစ်တွင် အင်တာနက် သုံးစွဲသူမှာ ၁ သန်းခန့်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၄ သန်းခန့် အထိ မြင့်တက်လာသဖြင့် အင်တာနက် လိုင်းကောင်းရန် အနည်ဆုံး ၃ နှစ်ခန့် အချိန်ယူ ရဦးမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်းသုံးစွဲသူအားလုံး နီးပါးမှာ အင်တာနက်လိုင်း သုံးစွဲမှုကြောင့်

ရန်ကုန်မြို့ အခြေခံပညာ ကျောင်းအချို့ ဝင်ခွင့် ကျပ် ၁၀ သိန်းနီးပါးအထိ ပေးရကြောင်း သတင်းထွက်ပေါ်

ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ကျောင်းဖွင့်ရာသီ ရန်ကုန်မြို့တော်ရှိ နာမည်ကြီး အခြေခံ ပညာ ကျောင်းအချို့တွင် ကျောင်းဝင်ခွင့်အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တစ်ဆင့်ခံ ဝန်ဆောင်ပေးသူများကို ကျပ်ငါးသိန်းမှ ၁၀ သိန်းအထိ ပေးရကြောင်း အဆိုပါ ပညာရေး အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

ကျောင်းအပ်နှံစဉ် ကာလတွင် အလှူငွေနှင့် ရန်ပုံငွေ ကောက်ခံခြင်းကို ပညာရေး ဝန်ကြီးဌာနက နှစ်စဉ် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသော်လည်း အချို့ကျောင်းများတွင် ငွေကြေးပေး၍ ကျောင်းအပ်နှံမှုများ ရှိနေကြောင်း အခြေခံပညာ ဆရာ၊ ဆရာမများက The Voice သို့ ပြောကြားသည်။

ယနေ့ မိုးလေဝသအခြေအနေ

Photo: ယနေ့ မိုးလေဝသအခြေအနေ

The Voice Weekly

ရာဇာမင်းယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသူများအား အာမခံလုပ်ငန်းနှင့် ယာဉ်လိုင်းမှ လျော်ကြေးငွေ တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီပေးအပ်

Photo: ရာဇာမင်းယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသူများအား အာမခံလုပ်ငန်းနှင့် ယာဉ်လိုင်းမှ လျော်ကြေးငွေ တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီပေးအပ်
Thursday, May 15, 2014

မေ ၁၂ ရက်တွင် ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည် ၁၄ ဦးအား အာမခံလုပ်ငန်းနှင့် ရာဇာမင်းယာဉ်လိုင်းမှ လျော်ကြေးငွေအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီ ပေးအပ်မှုကို မေ ၁၄ ရက်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သည့် ရာဇာမင်းယာဉ်လိုင်းသည် အလုံးစုံ မော်တော်ယာဉ်အာမခံ၊ သူတစ်ပါး ထိခိုက်နာကျင်မှု အာမခံနှင့် မေ ၈ ရက်တွင် စတင်ရောင်းချသည့် အထူးခရီးသွားအာမခံ ထားရှိထားသည့်အတွက် သေဆုံးသူတစ်ဦးလျှင် နစ်နာကြေး ၄၅ သိန်းကျပ်စီ ရရှိမည်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများ အနေဖြင့် ဒဏ်ရာပေါ်မူတည်ပြီး အများဆုံး ၂၄ သိန်းကျပ်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက် အာမခံထားရှိသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက “အာမခံလုပ်ငန်းက ၁၉၇၆ ခုနှစ်ကတည်းက ရှိခဲ့တာပါ။ အရင်ကတော့ အာမခံထားရှိမှုအတွက် ငါးသိန်းဆယ်သိန်းလောက်ပဲ ရခဲ့တာပါ။ အခုတော့ ကျပ် ၃၀၀ တန် အထူးခရီးသွားအာမခံ ထားရှိတဲ့အတွက် သေဆုံးရင် ကျပ်သိန်း ၃၀ အထိ လျော်ကြေးရမှာ ဖြစ်ပါတယ်။ အဆတစ်သောင်းလောက် ပြန်လည်ရရှိတာ ဖြစ်ပါတယ်။ တစ်ဦးကို နှစ်စောင်အထိ ၀ယ်ယူခွင့် ပြုပါတယ်။ ကမ္ဘာပေါ်မှာတောင် အဲ့လိုအာမခံမျိုး မရှိသေးပါဘူး။ ယာဉ်လိုင်းတွေအနေနဲ့ အာမခံမထားရှိလို့ မရပါဘူး။ ရာဇာမင်းယာဉ်လိုင်းက ဧရာမြန်မာ အာမခံကုမ္ပဏီမှာလည်း ထားရှိထားတာက ကံကောင်းပါတယ်။ အခုဆိုရင် က.ည.န နဲ့လည်း ညှိနှိုင်းထားပါတယ်။ ယာဉ်လိုင်းတွေအနေနဲ့ အလုံးစုံအာမခံ မထားရှိရင် လုပ်ငန်းလိုင်စင် ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အမြန်လမ်း ရဲတပ်ဖွဲ့အနေနဲ့ အခင်းဖြစ်တဲ့နေရာကို သိသိချင်း ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ ရွာသားတွေ၊ ကြက်ခြေနီအဖွဲ့ဝင်တွေ အပါအ၀င် အင်အား ၅၀၀ လောက်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ်။ အရင်ဆုံး လုပ်တာကတော့ ဒဏ်ရာရလို့ အော်ဟစ်နေသူတွေကို ဆေးရုံပို့ဖို့ လုပ်ပါတယ်။ ခရီးသွားတွေရဲ့ ပစ္စည်းတွေကိုလည်း သက်ဆိုင်ရာ ကာယကံရှင်တွေကို အထောက်အထားနဲ့ တကွ ထုတ်ပေးလျက် ရှိပါတယ်။ ဒဏ်ရာရသူတွေကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ငါးသောင်းစီ ထောက်ပံ့ဖို့ လုပ်နေပါတယ်။ ယာဉ်မောင်းကို ထိထိရောက်ရောက် အရေးယူသွားမှာပါ။ (င)လိုင်စင်ရှိမရှိ စစ်ဆေးနေပါတယ်” ဟု ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

“ကျွန်မရဲ့အဒေါ်ကတော့ နေရာမှာတင် ဆုံးသွားပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကတော့ ငွေနဲ့တော့ တန်ဖိုးဖြတ်လို့ မရဘူးပေါ့လေ။ သို့သော်လည်း ဒီလိုမျိုး လုပ်ပေးတဲ့အတွက် တစ်မျိုးတော့ ကောင်းတာပေါ့လေ။ မအိပ်ရတာ နှစ်ရက်ရှိသွားပြီ။ ရန်ကုန်ကိုလည်း ပြန်ရဦးမယ်” ဟု သေဆုံးသူ၏ တူမဖြစ်သူ ဒေါ်ယဉ်ယဉ်ဌေးက ဆိုသည်။

လက်ရှိ၌ အာမခံထားရှိမှုတွင် စုပေါင်းအာမခံ၊ မော်တော်ယာဉ်အလုံးစုံ အာမခံများ ထားရှိမှု များပြားကြောင်း၊ အသက်အာမခံ ထားရှိမှုမှာ နည်းပါးသေးကြောင်း၊ အာမခံ လုပ်ငန်းကတော့ တစ်ဟုန်ထိုး ထွန်းကားမှုတော့ မရှိသေးကြောင်း၊ နိုင်ငံတကာတွင်တော့ အာမခံအဖွဲ့ သတ်သတ်ရှိကြောင်း၊ ယင်းအဖွဲ့က လျော်ကြေးငွေများကို သတ်မှတ်ပေးကြောင်း၊ အစိုးရမှ တိုက်ရိုက်ပါဝင် ပတ်သက်မှုမရှိကြောင်း၊ ပုဂ္ဂလိက အာမခံအဖွဲ့အစည်း ရှိလာမယ်ဆိုရင် ပိုကောင်းမည်ဖြစ်ကြောင်း ဧရာမြန်မာ အာမခံကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မိုင် ၁၀၀ အထက်ကို ကျပ် ၁၀၀ တန်အာမခံ ရောင်းပေးကြောင်း ၊ လျော်ကြေးမှာ ၁၀ သိန်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ကျပ် ၃၀၀ တန် အာမခံ ရောင်းချပေးသည့်အတွက် သေဆုံးပါက ကျပ်သိန်း ၃၀ အထိ ရရှိမည်ဖြစ်ကြောင်း၊ ထိခိုက်နာကျင်မှုအတွက် ငါးသိန်း၊ အလုံးစုံမော်တော်ယာဉ် အာမခံက ၁၀ သိန်းရရှိမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရာဇာမင်းယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုချမ်းငြိမ်းက “ကျွန်တော်တို့ကားက တိုးဂိတ်ကနေ ထွက်လာတော့ ကီလိုမီတာ ၅၀၊ ၆၀ လောက်ပဲ ရှိမယ်။ အရှိန်သိပ်မပြင်းသေးဘူး။ မိုးကလည်း ရွာနေတယ်။ တံတားနားရောက်ခါနီးတော့ ကားလေးတစ်စီးက လမ်းလယ်ကို ခွမောင်းနေတာ ရုတ်တရက် တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ ကားဆရာက ဘရိတ်နင်းလိုက်တယ် ထင်တယ်။ စလစ်ဖြစ်သွားပြီး တံတားအောက် ကျသွားတာပဲ။ ကျွန်တော်က ကံကောင်းပြီး ဘာမှကြီးကြီးမားမား မဖြစ်ခဲ့ဘူး။ ခါးပဲနာသွားတာ။ တံခါးမကြီး ဖွင့်လို့မရတာနဲ့ ပြတင်းတံခါးကနေထွက်ပြီး အရေးပေါ်အပေါက်ကို ရအောင်ဖွင့်တယ်။ ပြီးတော့ ဘုန်းကြီးနှစ်ပါးရယ်၊ ကလေးရယ်၊ မိခင်တစ်ဦးရယ်ကို အပြင်ရောက်အောင် ကယ်ထုတ်ခဲ့တယ်” ဟု ပြောပြသည်။

ထို့အပြင် ကားလမ်းမပေါ်တက်၍ အကူအညီ တောင်းခံခဲ့ကြောင်း၊ ကားတစ်စီး၏ အကူအညီဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားနိုင်ခဲ့ကြောင်း၊ ကယ်ဆယ်ရေးတွေကတော့ ၄၅ မိနစ်လောက်ကြာမှ ရောက်ရှိလာသည်ဟုထင်ကြောင်း၊ မိုးကလည်းရွာထားတော့ တံတားအောက်မှာလည်း မှောင်မည်းနေကြောင်း၊ မော်တော်ယာဉ်တွေမှာတော့ တစ်ခုခုဖြစ်လာရင် အရေးပေါ်ထွက်နိုင်မည့် တံခါးပေါက်ကတော့ တော်တော်အရေးကြီးကြောင်း ကိုချမ်းငြိမ်းက ပြောပြခဲ့သည်။

Eleven Media Group

ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည် ၁၄ ဦးကို မေ ၁၄ ရက်က ဘဏ္ဍာရေးဝန်ကြီးဌာနတွင် လျော်ကြေးငွေပေးအပ်စဉ်
မေ ၁၂ ရက်တွင် ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည် ၁၄ ဦးအား အာမခံလုပ်ငန်းနှင့် ရာဇာမင်းယာဉ်လိုင်းမှ လျော်ကြေးငွေအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီ ပေးအပ်မှုကို မေ ၁၄ ရက်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သည့် ရာဇာမင်းယာဉ်လိုင်းသည် အလုံးစုံ မော်တော်ယာဉ်အာမခံ၊ သူတစ်ပါး ထိခိုက် နာကျင်မှု အာမခံနှင့် မေ ၈ ရက်တွင် စတင်ရောင်းချသည့် အထူးခရီးသွားအာမခံ ထားရှိထားသည့် အတွက် သေဆုံးသူတစ်ဦးလျှင် နစ်နာကြေး ၄၅ သိန်းကျပ်စီ ရရှိမည်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများ

ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ကယ်ဆယ်နိုင်ခြင်းမရှိဘဲ ကျူးလွန်သည်ဟု ယူဆရသူ ၁၆ ဦး လွတ်မြောက်နေ

Photo: ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ကယ်ဆယ်နိုင်ခြင်းမရှိဘဲ ကျူးလွန်သည်ဟု ယူဆရသူ ၁၆ ဦး လွတ်မြောက်နေ 
Thursday, May 15, 2014

ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားခဲ့ကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့်အပြင် လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသော ၁၆ ဦးမှာလည်း ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားသည့် လူကုန်ကူးမှု ဖြစ်စဉ်များအနက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံး လူကုန်ကူးခံနေရပြီး ယခုနှစ်လေးလအတွင်း ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် ၁၃ ဦးထဲတွင် အမျိုးသား ၁၀ ဦးမှာ ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းများတွင် လူကုန်ကူးခံရပြီး အမျိုးသမီးသုံးဦးမှာ တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားများ၏ မယားအဖြစ် လူကုန်ကူးခံရလျက်ရှိကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်နေသော လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသူ ၁၆ ဦးတွင် ခြောက်ဦးမှာ အမျိုးသားများဖြစ်ပြီး ၁၀ ဦးမှာ အမျိုးသမီးများဖြစ်ကာ အများစုမှာ နယ်စပ်ဒေသများတွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။

နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားသည့် လူကုန်ကူးမှု ဖြစ်စဉ်များတွင် တရုတ်နိုင်ငံသို့ အမျိုးသမီးအများစု လူကုန်ကူးခံရကာ တရုတ်အမျိုးသားများ၏ အတင်းအဓမ္မ လက်ထပ်ခြင်းခံရပြီး ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူများမှာ ငါးဖမ်းလှေများပေါ်တွင် အတင်းအဓမ္မ အလုပ်ခိုင်းစေ ခံနေရသည်။

၂၀၁၄ ခုနှစ်၏ လေးလတာ ကာလအတွင်း၌ လူကုန်ကူးခံရသည့် ဦးရေမှာ ၄၀ ကျော်ရှိပြီး ယင်းတို့အနက် ၁၃ ဦးမှာ ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးဘဲ ၂၀၁၃ ခုနှစ်အတွင်း၌ လူကုန်ကူးမှု ၁၀၂ မှု ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသည့် ဦးရေမှာ ၂၅၀ ကျော်ရှိခဲ့ကာ လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသူမှာ ၂၆၀ ကျော်ရှိခဲ့ကြောင်း သိရသည်။ 

Eleven Media Group 
ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားခဲ့ကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ပြန်လည် ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့်အပြင် လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသော ၁၆ ဦးမှာလည်း ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားသည့် လူကုန်ကူးမှု ဖြစ်စဉ်များအနက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံး လူကုန်ကူးခံနေရပြီး ယခုနှစ်လေးလအတွင်း ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် ၁၃ ဦးထဲတွင်

စက်သုံးဆီခွဲတမ်းကို လယ်/ဆည်က အများဆုံးတောင်းပြီး ဂါလန်ပေါင်း ၄၂ သန်းနီးပါး အထိ တောင်းခံ၊ ပြန်ကြားရေးကဲ့သို့သော ၀န်ကြီးဌာနအချို့ကလည်း ပုံမှန်ခွဲတမ်းအပြင် စီမံကိန်းခေါင်းစဉ် တပ်၍ ခွဲတမ်းတောင်း

နှစ်စဉ်ဝန်ကြီးဌာနအလိုက် အုပ်ချုပ်မှုအတွက်လည်းကောင်း၊ စီမံကိန်းများအတွက် လည်းကောင်း သုံးစွဲမည့် စက်သုံးဆီပမာဏကို တင်ပြတောင်းခံရာ ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအားလုံးထဲတွင် အများဆုံးတင်ပြတောင်းခံသည့် ဝန်ကြီးဌာနမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် လယ်/ဆည်ဝန်ကြီးဌာနတစ်ခုတည်းမှ တောင်းခံသည့်ပမာဏမှာ ဓာတ်ဆီ ဒီဇယ်ဂါလန်ပေါင်း ၄၂ သန်းနီးပါးအထိရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့်