Tuesday, December 24, 2013

သင်းခွေချပ် မှောင်ခိုသယ်သည့် ယာဉ်နှင့် ရွှေလီရတနာ ခရီးသည်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက်

Photo
ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင်ရောင်းချရန် သင်းခွေချပ်များ မှောင်ခို တင်ဆောင် လာသော HIJET အဖြူရောင်ကားနှင့် မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် ရန်ကုန်-ထားဝယ် -မြိတ် ရွှေလီ ရတနာ ခရီးသည်တင် မှန်လုံကားတို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံ-ရွာသစ်ပိုင်းရှိ ရန်ကုန်-မော်လမြိုင် လမ်းမပေါ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သစ်တောဦးစီးဌာန၊ ပေါင်မြို့နယ် တောအုပ်ကြီး ဦးကျော်လှိုင်စိုးက ပြောကြားသည်။

တမူးမြို့ခံများ အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြ

Photo: တမူးမြို့ခံများ အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြ 
Tuesday, December 24, 2013

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်မှု မရှိသေးတဲ့နေရာမှာ အိန္ဒိယဘက်က အဆောင်အဦဆောက်ဖို့ ကြိုးစားနေတာကြောင့် ထောင်ချီတဲ့ တမူးမြို့ခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး တမူးမြို့ နန်းဖာလုံဈေးကနေ မြို့လယ်ကို ဒီနေ့မနက် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင်တွေဖြစ်တဲ့ ဘီပီ – ၇၇ နဲ့ ဘီပီ ၈၇ ကြားဟာ နှစ်နိုင်ငံ နယ်နိမိတ် အပြီးပြတ်သတ်မှတ်မှု မရှိသေးဘဲ အငြင်းပွားနေဆဲနေရာဖြစ်ပါတယ်။

အဲဒီနေရာမှာ အိန္ဒိယအစိုးရဘက်က မြေထိုးစက်တွေ နဲ့ မြေတူးတာ၊ မြေဖို့တာ၊ မြေညှိတာတွေ ပြုလုပ်နေပြီး ICP (Integrated Check Post) အဆောက်အဦ ဆောက်ဖို့ ပြင်ဆင်နေလို့ ဆန္ဒကြတာဖြစ်ပါတယ်။

တမူးခရိုင်အုပ်ချုပ်ရေးမှူးက အိန္ဒိယအစိုးရကို ဒီဇင်ဘာလအတွင်း ၁၃ ကြိမ် ကန့်ကွက်စာ ပို့ထားပေမယ့်လည်း ဆက်လုပ်နေတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆန္ဒပြကြတာပါ။

တမူးလူငယ်ကွန်ရက်၊ အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်၊ ဇိုမီးလူငယ်အဖွဲ့၊ မင်းကင်းလူငယ်အဖွဲ့နှင့် တမူးမြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွေအပါအ၀င် တမူးမြို့က ဟိန္ဒူလူမျိုးများတွေပါ ပါဝင်ဆန္ဒပြကြပါတယ်။

အိန္ဒိယအစိုးရဘက်က မရပ်တန့်ဘူးဆိုရင် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကလေးမြို့နဲ့ ရန်ကုန်မြို့ အိန္ဒိယသံရုံးရှေ့တို့မှာလည်း ဆန္ဒဖော်ထုတ်မယ်လို့ သိရပါတယ်။

ဒီဗွီဘီ
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်မှု မရှိသေးတဲ့နေရာမှာ အိန္ဒိယဘက်က အဆောင်အဦဆောက်ဖို့ ကြိုးစားနေတာကြောင့် ထောင်ချီတဲ့ တမူးမြို့ခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး တမူးမြို့ နန်း ဖာလုံဈေးကနေ မြို့လယ်ကို ဒီနေ့မနက် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ သတိပေး

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာလ၂၁ ရက်နေ့ က မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ တင်ပြပြောဆိုမှု အဆင်မပြေသော မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးက ပြင်း ထန်စွာ သတိပေးခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသူ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၁၅၀၀ တန် CDMA များကို LTE စနစ် ပြောင်းလဲမည်ဟုဆို

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းရောင်းချခဲ့သည့် ၁၅၀၀ ကျပ်တန် MEC Tel CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို Long Time Evolution (LTE) စနစ်သို့ ကူးပြောင်းသွားရန် စီစဉ်ထားသည်ဟု သိရသည်။

Christiano Ronaldo Profile နှင့် ဘဝအစိတ်အပိုင်းအချို့

Photo
နာမည်အပြည့်အစုံ - Cristiano Ronaldo dos Santos Aveiro

ငွေနှစ်သောင်းပေးမှ ဆရာဝန်လက်မှတ် ရတဲ့အတွက် လူသေဖို့တောင် ခက်နေတဲ့

Photo: ငွေနှစ်သောင်းပေးမှ ဆရာဝန်လက်မှတ် ရတဲ့အတွက် လူသေဖို့တောင် ခက်နေတဲ့ 
======================================
Tuesday, December 24, 2013

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂) ရပ်ကွက်တွင် ရောဂါအမျိုးမျိုး ကြောင့် အိမ်တွင်ကွယ်လွန်သူ များအား သင်္ဂြိုဟ်ရာတွင်လိုအပ် သော ဒေသန္တရမှသေစာရင်းရယူ ရန်အတွက်၊ ဆရာဝန်၏ထောက် ခံချက်ယူရာ၌ ငွေနှစ်သောင်းပေး မှသာ ဆရာဝန်၏ထောက်ခံချက် လက်မှတ်ရသဖြင့် သေဖို့ပင်ခက် ခဲနေကြောင်း သိရသည်။

““၉၆ ပါးသောရောဂါနဲ့သေတဲ့ အခါမှာ အမှန်တကယ်သေကြောင်း ဆရာဝန်ရဲ့ထောက်ခံချက်လက်မှတ် ပါမှဒေသန္တရကသေစာရင်းထုတ် ပေးတာဖြစ်တဲ့အတွက် ရပ်ကွက် ထဲမှာ လူသေတဲ့အခါအရပ်ထဲက ဆရာဝန်တွေဆီကနေပြီး အမှန် တကယ်သေကြောင်း ထောက်ခံ ချက်လက်မှတ်တောင်းတဲ့အခါမှာ သူတို့ကုတဲ့လူမဟုတ်ရင်လက်မှတ် မပေးဘူး။ မသာကြီးကသင်္ဂြိုဟ်လို့ မရဘဲလည်နေရော။ ဒါပေမဲ့ ဆရာဝန်တွေကိုပိုက်ဆံပေးရင် တော့ သူတို့ကုကုမကုကုအပင်ပန်း ခံပြီး စမ်းပေးတယ်။ ထောက်ခံ ပေးတယ်။ အဲဒီလက်မှတ်တစ်ခါ ရဖို့ကို (၂)သောင်းပေးရပါတယ်။ ကျွန်တော်တို့ (၁၆/၂)ရပ်ကွက်မှာ သေဖို့တောင် တော်တော်ခက်တဲ့ အနေအထားဖြစ်နေပါတယ်””ဟု (၁၆/၂)ရပ်ကွက် ဓမ်္မာရုံဥက္ကဋ္ဌ ဦးမျိုးလွင်က ပြောကြားခဲ့သည်။

အထက်ပါအကြောင်းအရာ နှင့်ပတ်သက်၍ သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ်မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုး သားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က လွှတ်တော်တွင် အနိမ့်ဆုံးအနေဖြင့် ကြယ်ပွင့်မပြ မေးခွန်းမေးရန်အစီစဉ်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ““ဒီကိစ္စကိုကျွန်တော် တော်တော် လေးအံ့သြသွားတယ်။ ကျွန်တော် တို့တိုင်းပြည်ရဲ့ ကိုယ်ကျင့်တရားက ဒီလောက်တောင်ထိခိုက်နေပြီ လား။ ကျွန်တော်နားလည်ထား သလောက်ပြောရရင် ဆရာဝန် တစ်ယောက်ဟာ မိမိကုသည်ဖြစ် စေ၊ မကုသည်ဖြစ်စေ လူတစ် ယောက်ကွယ်လွန်တာဟုတ်မဟုတ် ဆိုတဲ့ ဆန်းစစ်မှုကိုအဖြေပေးဖို့ လိုတယ်။ ဒါဟာ လူနာဆေးကု တာမှမဟုတ်ဘဲ။ သူ့တာဝန်တစ် ရက် သူဆောင်ရွက်ပေးတဲ့အခါမှာ ကိုယ့်လိပ်ပြာသန့်သန့်နဲ့ ကိုယ့် တိုင်းပြည်အတွက် မှန်မှန်ကန်ကန် လုပ်တယ်။ လူထုအတွက်နောက် ဆုံးအချိန်မှာ ပူဆွေးနေတဲ့မိသားစု ကို ကိုယ်ကူညီတယ်ဆိုတဲ့စိတ်မျိုး ထားရင် အခုလိုငွေကြေးရမှလိုက် တယ်ဆိုတဲ့ဟာက ပညာရှင် လောကအတွက် အင်မတန်မှ ၀မ်းနည်းစရာဖြစ်ရပ်တွေပဲလို့ပြော ပါရစေ။ ကျွန်တော်အနေနဲ့ လွှတ်တော်မှာအနည်းဆုံးကြယ်ပွင့် မပြမေးခွန်းတော့ မေးရမှာပေါ့””ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြောခဲ့သည်။

ညီညီအောင်
Hot News Journal
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂) ရပ်ကွက်တွင် ရောဂါအမျိုးမျိုး ကြောင့် အိမ်တွင်ကွယ် လွန်သူများအား သင်္ဂြိုဟ်ရာတွင်လိုအပ် သော ဒေသန္တရမှသေစာရင်းရယူ ရန်အတွက်၊ ဆရာဝန်၏ထောက် ခံချက်ယူရာ၌ ငွေနှစ်သောင်းပေးမှသာ ဆရာဝန်၏ထောက်ခံချက် လက်မှတ်ရသဖြင့် သေဖို့ပင်ခက် ခဲနေကြောင်း သိရသည်။

လူမျိုးစွဲ၍ သွေးကွဲသော် ပြည်ထောင်စုပြိုကွဲရေးသာ မြင်မိပါသည်

Photo: လူမျိုးစွဲ၍ သွေးကွဲသော် ပြည်ထောင်စုပြိုကွဲရေးသာ မြင်မိပါသည်
Tuesday, December 24, 2013

ရှမ်းနီမျိုးနွယ်စုများမှ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စီတန်းလှည့်လည်ခွင့်အား ကချင်ပြည်နယ် အစိုးရမှခွင့်ပြုချက်မရသဖြင့် ၀န်းသိုဘုန်းကြီးကျောင်းအတွင်း စုရုံးဆန္ဒဖော်ထုတ်ခဲ့ပြီး ကချင်ပြည် နယ်အစိုးရအဖွဲ့အား လုံးဝအယုံအကြည်မရှိကြောင်း ထုတ်ပြန်ခဲ့ကြပါသည်။
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ ၂၀၀၈ ဖွဲ့စည်းပုံသည် ဖက်ဒရယ်စနစ်ဖြစ်သော် လည်း ဗဟိုချုပ်ကိုင်မှုများသောကြောင့် ဗဟိုချုပ်ကိုင်မှုမရှိသည့် ဖက်ဒရယ်စနစ်ကို တိုင်းရင်းသား လူမျိုးစုများမှ အလိုရှိလျက်ရှိပေသည်။ ဘာတေးလစ်တနာ၏ ဆောင်းပါးတွင် မြန်မာနိုင်ငံမှာ အခြားနိုင်ငံများလို ဖက်ဒရယ်မျိုးထူထောင်နိုင်ဖို့ မဖြစ်နိုင်သေးကြောင်း ထောက်ပြသွားပါသည်။ မြန်မာနိုင်ငံတွင် လူမျိုးကြီး(၈)မျိုး၊ လူမျိုးစုပေါင်း(၁၃၅)မျိုး တည်ရှိသဖြင့် လူမျိုးစုအလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်များပေးလိုက်ပါက ကမ္ဘာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ တိုင်း အများဆုံးနိုင်ငံ ဖြစ်သွားနိုင်ပေသည်။ ဒါကြောင့်လည်းထောက်ပြပြောဆိုသွားခြင်းဖြစ်မည်ထင်ပါသည်။ဘာကြောင့် လဲဆိုတော့ ကချင်ပြည်နယ်အစိုးရအနေဖြင့် Sea Game ကာလအတွင်း လိုင်ဇာတွင် လူထုဆန္ဒ ဖော်ထုတ်ပွဲလုပ်တော့ ခွင့်ပြုပြီး ရှမ်းနီလူမျိုးများ ဆန္ဒဖော်ထုတ်ဖို့ကြတော့ ခွင့်မပြုသဖြင့် ရှမ်းနီ လူမျိုးစုများမှ အယုံအကြည်မရှိကြောင်း ထုတ်ပြန်ခြင်းဖြစ်ပေသည်။
လူမျိုးစုများမတူသဖြင့် လူမျိုးစွဲများအပေါ်အခြေခံပြီး ဖြစ်ပွားလာသည့် ပြဿနာများပင် ဖြစ်ပေသည်။ အလားတူရှမ်းပြည်နယ်တွင်လည်း လူမျိုးစုပေါင်းများစွာနေထိုင်သဖြင့် ရှမ်းလူမျိုးများ မှ ရှမ်းပြည်နယ်အား သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုနေစဉ်မှာပဲ ရှမ်းပြည်နယ်ထဲရှိ “၀” လူမျိုးများမှလည်း သူတို့နေထိုင်သည့်ဒေသအား “၀” ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် တောင်းဆို လာနေပြီဖြစ်သည်။ နောက်ထပ် တောင်းဆိုလာနိုင်သည့် လူမျိုးစုများလည်း ရှိလာနိုင်ပေသည်။ ထိုပြဿနာများကို မည်သို့ဖြေရှင်းမည်နည်း။ နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်သော် စစ်ရေးနည်းဖြင့် ဖြေရှင်းကြပေမည်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်များတောင်းဆိုရာတွင် နောင်ဖြစ်ပေါ်လာမည့် ပြဿနာများကိုပါ ထည့်သွင်းစဉ်းစားစေချင် ပါသည်။ ကချင်ပြည်နယ်အတွင်းမှာပင် နေထိုင်ကြသည့် ကချင်နှင့် ရှမ်းနီ လူမျိုးတို့ အချင်းချင်းပင် လူမျိုးစွဲ၍ သွေးကွဲနေပေသည်။ နောင်တွင် ရှမ်းနီပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလာ သော် ကချင်လူမျိုးများလက်ခံနိုင်ပါမည်လား။ စဉ်းစားစေချင်ပါသည်။ လက်ရှိနိုင်ငံရေး စနစ်အရ အကြေအလည်ဆွေးနွေးနိုင်သည့် အခွင့်အရေးများရှိနေပြီဖြစ်သဖြင့် လူမျိုးစွဲများရှေ့တန်းမတင်ဘဲ ပြည်ထောင်စုကြီးမပြိုကွဲအောင် စည်းစည်းလုံးလုံးဖြင့် Sea Game တွင် ကမ္ဘာသိအောင်ပြသ သွားသည့် မြန်မာ ဆိုသည့်စိတ်ဓာတ်ကို အစဉ်စောင့်ထိန်းကြစေလိုကြောင်း ရေးသားလိုက်ရ ပါသည်။

စိန်ဝင်းမောင်(ညောင်ရွှေ)

https://www.facebook.com/photo.php?fbid=603725976367999&set=a.373854472688485.82239.373828456024420&type=1&relevant_count=1
ရှမ်းနီမျိုးနွယ်စုများမှ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စီတန်းလှည့်လည်ခွင့်အား ကချင်ပြည်နယ်အစိုးရမှ ခွင့်ပြု ချက်မရသဖြင့် ၀န်းသိုဘုန်းကြီးကျောင်းအတွင်း စုရုံးဆန္ဒဖော်ထုတ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့အား လုံးဝ အယုံအကြည်မရှိကြောင်း ထုတ်ပြန်ခဲ့ကြပါသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး မြို့နယ် ၂၇၀ မှ လူထု သဘောထား လွှတ်တော်သို့ပို့မည်

Photo: အခြေခံဥပဒေ ပြင်ဆင်ရေး မြို့နယ် ၂၇၀ မှ လူထု သဘောထား လွှတ်တော်သို့ပို့မည် 
==================================

Tuesday, December 24, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ)က မြို့နယ်၂၇၀ တွင် ကောက်ယူထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ် ပြန်လည်ရေးဆွဲရေး လူထုဆန္ဒ သဘောထား စစ်တမ်းကို ယခုရက်ပိုင်း အတွင်း ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါပါတီမှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

အဆိုပါ မြို့နယ်များမှ ရရှိလာသော လူထုဆန္ဒ သဘောထားများကို NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက စိစစ်လျက်ရှိပြီး ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်း အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါ မြို့နယ် ၂၇၀ မှ လူထု ဆန္ဒသဘောထားတွင် အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရေးထက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိုသာ ထောက်ခံမှု ရာခိုင်နှုန်း များကြောင်း၊ ရာခိုင်နှုန်းအတိ အကျကို NLD ပါတီက စိစစ်နေဆဲ ဖြစ်သည့်အတွက် ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လူထုထောက်ခံမှု ရရှိထားပြီး ဖြစ်သောကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ အတွက် အလားအလာ ကောင်းကြောင်း နိုဝင်ဘာလ တတိယပတ်တွင်း ပြုလုပ်ခဲ့သော မြန်မာ အမျိုးသမီးဖိုရမ်တွင် ပြောကြားထားသည်။

NLD ပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကို စက်တင်ဘာ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲရေး အတွက် လူထုဆန္ဒ ကောက်ယူခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အကြံပြုချက် များကို အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ သို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပေးပို့ရမည် ဖြစ်ကြောင်း အဆိုပါကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ)က မြို့နယ်၂၇၀ တွင် ကောက်ယူထားသည့်  ပင်ဆင်ရေးနှင့် အသစ် ပြန်လည်ရေးဆွဲရေး လူထုဆန္ဒ သဘောထား စစ်တမ်းကို ယခုရက်ပိုင်း အတွင်း ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ကို ပြင်းထန်စွာ သတိပေး

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာလ၂၁ ရက်နေ့ က မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ တင်ပြပြောဆိုမှု အဆင်မပြေသော မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုး က ပြင်းထန်စွာ သတိပေးခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသူ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဟန်းဆက်ရူး ကျောင်းသားလူငယ် ဆယ်ဦး ဖုန်းဆိုင်ကိုဖောက်ထွင်း

Photo: ဟန်းဆက်ရူး ကျောင်းသားလူငယ် ဆယ်ဦး ဖုန်းဆိုင်ကိုဖောက်ထွင်း 
=====================================

Tuesday, December 24, 2013

ဆံပင်ထိုးထိုးထောင်ထောင်ဖြစ်အောင် ဆေးဆိုး ၊ ဂျယ်လိမ်း၊ ကျောပိုးအိတ်လွယ်ပြီး ဒီဇိုင်းအလန်းဖြင့် လူငယ်လေးအများ စုလက်ထဲတွင် ဖုန်းကိုယ်စီဖြင့် ဖေ့စ်ဘွတ်ခ် သုံး၊ ဂိမ်းကစား၊ နားကြပ် တပ်ဆင်ကာ သီချင်း နားထောင်၊ အင် တာနက်သုံးစွဲလာသည့် ဟန်းဖုန်း ရူးသွပ်မှု မြင်ကွင်းများသည် ယနေ့ခေတ် ဆယ်ကျော်သက် လူငယ်လေးများ ၏ ပုံရိပ်တစ်ခု ဖြစ်လာနေပြီး ထိုရူးသွပ်မှုကပင် တစ်ခါတစ်ရံတွင် သူတို့အား လမ်းမှားသို့ တွန်းပို့ သလိုဖြစ် သွား တတ်သည်။

ဖုန်းဟန်းဆက်တစ်လုံး၏ ပေါက်ဈေးသည် ဟန်းဆက်အ မျိုးအစားပေါ်မူ တည်ပြီး ကျပ် သိန်းဂဏန်းဝန်းကျင် ပေါက် ဈေးရှိရာ လူငယ်တိုင်း သုံးစွဲနိုင် ကြသည်တော့ မဟုတ်ပေ။ ခေတ်လူငယ်လေးများ ပီပီ လှိုင်မြို့နယ်အတွင်းမှ လူ ငယ်လေး ရှစ်ဦးသည် လည်း သူ များနည်းတူ ထိုသို့သောဟန်း ဆက်များ ကို ကိုင်ချင် သုံးချင် ကြသည့် ဖုန်းခရေဇီများဖြစ်ကြ သည်။

သို့ရာတွင် ကျောင်းသား လူငယ်ဖြစ်သည်က တစ်ကြောင်း အခြေခံလူတန်း စား မိသားစု များမှ မွေးဖွား လာ ကြသူများ ဖြစ်သည်က တစ်ကြောင်း တို့ ကြောင့် သူတို့အဖို့ ဝယ်မကိုင် နိုင်ကြပေ။

ဒီဇင်ဘာ၆ရက် ညတွင် လှိုင်မြို့နယ်၊ သံလမ်းရှိ ဟန်း ဆက် အရောင်း ဆိုင်တစ်ဆိုင် ကို အဆိုပါလူငယ်ဆယ်ဦးတို့ ဝင်ရောက် ဖောက်ထွင်း ခိုးယူ ခဲ့ကြသည်။ ထိုသို့ ခိုးယူခဲ့ကြပြီး ရရှိ လာခဲ့သည့် ဟန်းဆက်များကို အချင်းချင်းခွဲဝေယူခဲ့ကြပြီး ယင်း တို့အနက်မှ သုံးဦးက ဟန်းဆက် ကိုးလုံးနှင့် ငွေ သုံးသောင်းယူကာ မွန်ပြည်နယ် ကျိုက်ထီးရိုးသို့ ဘုရားဖူး ထွက်ခဲ့ကြ သည်။

ကျိုက် ထီးရိုးတွင် ပါလာသည့်ပိုက်ဆံ များမလုံလောက်သဖြင့် ကျိုက် ထီးရိုးမုခ်ဝအနီးရှိ ရွှေနန်းကျင် နတ်နန်း အလှူခံရာနေရာမှ ငွေ ခုနစ်ထောင်ကို ခိုးယူခဲ့ရာ ကျိုက် ထီးရိုးလုံခြုံရေးရဲများက တွေ့ ရှိပြီး ယင်းတို့သုံးဦးကို ကလေး များဖြစ်နေသည့်အတွက် အပြစ် ပေးသည့် အနေဖြင့် ကတုံးတုံး ကာ ကင်မွန်းစခန်းတောင်ခြေ သို့ ပြန်လွှတ် ရာ တွင် ရန်ကုန် ၌ကျူးလွန်ခဲ့သည့် ဖောက်ထွင်း မှုနှင့်ဆက်စပ်နေကြောင်း သိ ရှိရသဖြင့် ရန်ကုန်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဒီဇင်ဘာ၁၂ရက် တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ပြစ် မှုကျူးလွန်ခဲ့သည့် အသက်၁ရ နှစ်အရွယ် ကျော်ကျော်(အမည် လွှဲ)က ''ကျွန်တော်တို့ ဟန်းဆက် အကောင်းစားနဲ့ ဖုန်းတွေကိုင် ချင်လွန်းအားကြီးလို့ အခုလို မလုပ်သင့်တာကို လုပ်မိကြတာ ပါ။ အခုတော့ နောင်တရ နေ ပြီ။ ဒါပေမဲ့ ကျွန်တော့် အသက် က ၁ရနှစ်ထဲကိုရောက်နေလို့ ကျွန်တော့်သူငယ်ချင်းတွေလို သန်လျင်က လူငယ်ထိန်းသိမ်း ရေးစခန်းမှာမနေရဘူးတဲ့။ အင်း စိန်ထောင်ကိုပဲ ပို့မယ်လို့ပြော တယ်။ ကျွန်တော်တို့ အခုတော့ မှားမှန်း သိပါပြီ''ဟု ပြောသည်။

ကျော်ကျော်က ''ကျွန်တော် တို့ သုံးယောက်ဆီမှာ ဟန်းဆက် ကိုးလုံးနဲ့ ငွေသုံးသောင်းပဲပါ တယ်။ ဒါနဲ့ ကျိုက်ထီးရိုးတက် တာ။ ရလာတဲ့ဖုန်းတွေကို သူ ငယ်ချင်းတွေလဲ ခွဲပေးတယ်။ ကျွန်တော်တို့လဲ ယူထားတယ်။ ကျိုက်ထီးရိုးကို ရထားနဲ့သွား တာ။ ဟိုရောက်တော့ ပိုက်ဆံ မလောက်လို့ ရင်ပြင်တော်က ရွှေနန်းကျင်နတ်ရုပ်ကို ပူဇော် တဲ့ပိုက်ဆံထဲက ခုနစ်ထောင်ကို ယူခဲ့တာ။ ကင်မွန်းစခန်းတောင် ခြေမှာမိတယ်။ ဒါနဲ့ ကလေး တွေ နောက်မလုပ်နဲ့ဆိုပြီး ခေါင်း တုံးတုံးပြီး လွှတ်လိုက်တယ်။ နောက်တော့ ရဲတွေက ရန်ကုန် ဖောက်ထွင်းမှုတစ်ခုနဲ့လဲ ဆက် စပ်တယ်လို့ သတင်းရထားတယ် ဆိုပြီးတော့ ကျွန်တော်တို့ကို လာခေါ်တဲ့ ရဲတွေလက်ထဲထည့် ပြီး ရန်ကုန်ကိုရောက်လာတာ ပဲ။ အခုတော့ ကျွန်တော်တို့ မှားမှန်းသိပါပြီ''ဟု ပြောသည်။

ယင်းဖြစ်စဉ်တွင် ပါဝင် သည့် တခြားသောလူငယ်ခြောက် ဦးကို လှိုင်မြို့နယ်ရှိ ယင်းတို့ ၏နေအိမ်များမှာပင် ဒီဇင်ဘာ ၁၁ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ယခုပြစ်မှုကျူးလွန်သော ကလေးများမှာ အသက်၁၃နှစ်၊ ၁၄နှစ်၊ ၁၅နှစ်အရွယ် လူငယ် များဖြစ်ပြီး ゞင်းတို့ထဲမှလေးဦး မှာ လှိုင်မြို့နယ် အလက(၄)၊ အထက(၁)နှင့် အထက(၄)တို့ တွင် ပညာသင်ကြားနေသော ကျောင်းသားများဖြစ်ကြောင်း၊ ゞင်းတို့မှာ လှိုင်မြို့နယ် (၁)ရပ် ကွက်၊ (၅)ရပ်ကွက်နှင့် (၇)ရပ် ကွက်တွင် နေသူများဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ အဆိုပါအမှုကိုစစ်ဆေးသော လှိုင် မြို့နယ်မှ အမှုစစ်ဒုရဲအုပ်ကိုကို ဝင်းက ''ကလေးတွေကို ကျွန် တော်တို့က အတင်းအဓမ္မဖမ်း တာလဲ မဟုတ်ပါဘူး။ ပျောက် တဲ့ကလေးတွေကိုရှာပြီး ခေါ် တယ်ဆိုတဲ့ သဘောမျိုးပါပဲ။ သူတို့တွေက လူငယ်တွေစုပြီး ပျော်ပျော်ပါးပါးနဲ့ကိစ္စတစ်ခုကို အတူလုပ်လိုက်ကြတဲ့ သဘော လိုပဲ။ မေးရင်လဲ အမှန်အတိုင်း ဖြေတယ်။ ဒါပေမဲ့ သူတို့ကျူး လွန်ထားတဲ့ ပြစ်မှုတွေကိုတော့ ပိတ်သိမ်းလို့မရဘူး။ စာရိတ္တ မှုနဲ့ ဆိုင်တယ်။ အခု လှိုင်ရဲ စခန်းမှာ တစ်ယောက်ချုပ်ထား တယ်။ နောက်ရှစ်ယောက်က သန်လျင် လူငယ်ထိန်းသိမ်းရေး စခန်းမှာ။ သူတို့တွေအနေနဲ့ အမှုတော့ ရင်ဆိုင်ရလိမ့်မယ်။ တစ်ယောက်ကတော့ လွတ်နေ သေးတယ်။ သက်သေခံပစ္စည်း တချို့ကိုလဲရထားပြီးပြီ။ ကျန်တဲ့ ပစ္စည်းတွေကိုတော့ ဆက်လက် ရှာဖွေနေတယ်။ သူတို့ ကလေး တွေကို အတင်းအကျပ်မေးရ တာမျိုးမရှိဘူး။ အကုန်အမှန် ဖြေတယ်''ဟုပြောသည်။

ဖောက်ထွင်းခံရသောလှိုင် မြို့နယ် သံလမ်းရှိ  family ဟန်း ဖုန်းနှင့် ဟန်းဆက်ပစ္စည်းများ အရောင်းဆိုင်ပိုင်ရှင် ကိုရာဇာ က ''ကျွန်တော်က ဆိုင်ကို နံနက် ၁ဝနာရီကနေ ည၁ဝနာရီအထိ ဖွင့်တာ။ နှစ်ယောက်ဝင်ပြီးတော့ ခေါင်မိုးကနေ ဖောက်သွားတာ။ ဟန်းဆက် ၉၂လုံးပါသွားတယ်။ ဖုန်းငွေဖြည့်ကတ်၊ စပီကာ၊ နား ကြပ်တွေနဲ့ ငွေနှစ်သိန်း စုစု ပေါင်း သိန်း၆ဝနီးပါးလောက် ခိုးခံလိုက်ရတာ။ ရဲစခန်းက အ တတ်နိုင်ဆုံး ရှာပေးလို့ အခု ဟန်းဆက်၃၁လုံး ပြန်ရပြီလို့ တော့ သိရတယ်။ တကယ့်ဝါ ရင့် ဖောက်ထွင်းသမားတွေလို လုပ်တာ။ ကျွန်တော်ကတော့ ဆိုင်က ပစ္စည်းတွေပြန်ရရင်ပြီး ပြီ။ ကလေးတွေကိုလဲ ဘာပြ ဿနာမှ မလုပ်စေချင်ဘူး။ ဒီ ကလေးတွေနဲ့ပတ်သက်ပြီး မိဘ တွေက စနစ်တကျ သွန်သင် ဆုံးမ ဖို့လို ပါတယ်''ဟု ပြောသည်။

အဆိုပါကလေးများနှင့် ပတ်သက်သည့်အမှုကို ဒီဇင်ဘာ ၃ဝရက်တွင် ရန်ကုန်ရှိ ကလေး သူငယ်များ တရားရုံးတွင်စစ် ဆေးမည်ဖြစ်ကြောင်း၊ ယင်း နေ့အမှုအခြေအနေကို ကြည့် ပြီး လုပ်ဆောင်စရာများကို ဆက် လက်လုပ်ဆောင် သွားမည်ဖြစ် ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူတစ်ဦး၏ ဖခင်ဖြစ် သူက စိတ်မကောင်းဖြစ်သော အမူအရာဖြင့် ''ကျွန်တော့်သား လေးကို အဲဒီအမှုမှာပါဝင်ပတ် သက်တယ်လို့ဆိုပြီး အိမ်ကို ရဲ နဲ့ (၇)ရပ်ကွက်ဥက္ကဋ္ဌဌတွေ လာ ပြီး လှိုင်ရဲစခန်း ကို လွန်ခဲ့တဲ့တစ် ပတ်ကျော်က ခေါ်သွားတာ။ အခုတော့ ကလေးမိဘတွေစု ပြီး အခိုးခံရတဲ့ဖုန်းဆိုင်ပိုင်ရှင်ကို တောင်းပန်မယ်လို့တော့ စိတ် ကူးထားတာပဲ။ သားက အခု သန်လျင်က လူငယ်ထိန်းသိမ်း ရေးစခန်းမှာ။ ဒါပေမဲ့ ဒီဇင် ဘာ၃ဝ ရက်ကျရင် ကလေးသူ ငယ်များတရားရုံးမှာ အမှုရင် ဆိုင်ဖို့ရှိတယ်။ ဘယ်လိုတွေဖြစ် မလဲတော့မသိဘူး။ ကျွန်တော့် သားက ရှစ်တန်းတက်နေတဲ့ ကျောင်းသားလေးပါ။ စာလဲ တော်ပါတယ်။ အပေါင်းအသင်း မှားလို့ ဒီလိုမ ဖြစ်သင့် တာတွေ ဖြစ်သွားခဲ့တာပါ။ အရမ်းစိတ် မကောင်းဖြစ်ရတယ်။ သားလေး က ကျွန်တော်တို့ကိုတွေ့တော့ နောက်ဆိုရင် အပြင်ကို ထွက် မလည်တော့ပါဘူး။ မိဘစကား တွေပဲ နားထောင်တော့မယ်ဆို ပြီး ပြောတာမြင်ရတော့ အရမ်း စိတ်မ ကောင်းဖြစ်မိတယ်။ ဘယ် လိုလုပ်ရမလဲ မသိပါဘူးဗျာ''ဟု ပြောသည်။

ကျော်မြတ်ဇံ - Yangon Media Group
ဆံပင်ထိုးထိုးထောင်ထောင်ဖြစ်အောင် ဆေးဆိုး ၊ ဂျယ်လိမ်း၊ ကျောပိုးအိတ်လွယ်ပြီး ဒီဇိုင်းအလန်းဖြင့် လူငယ်လေး အများ စုလက်ထဲတွင် ဖုန်းကိုယ်စီဖြင့် ဖေ့စ်ဘွတ်ခ် သုံး၊ ဂိမ်းကစား၊ နားကြပ် တပ်ဆင်ကာ သီချင်း နားထောင်၊ အင် တာနက်သုံးစွဲလာသည့် ဟန်းဖုန်း ရူးသွပ်မှု မြင်ကွင်းများသည် ယနေ့ခေတ် ဆယ်ကျော်သက် လူငယ်လေးများ ၏ ပုံရိပ်တစ်ခု ဖြစ်လာနေပြီး ထိုရူးသွပ်မှုကပင် တစ်ခါတစ်ရံတွင် သူတို့အား လမ်းမှားသို့ တွန်းပို့ သလိုဖြစ် သွား တတ်သည်။

မွန်နှစ်ပါတီ ပေါင်း၍ မွန်အမျိုးသားပါတီ အမည်ဖြင့် မှတ်ပုံတင်ရန် ဆုံးဖြတ်

မွန်နှစ်ပါတီ ပေါင်းစည်းရေး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီ ပါတီ(AMDP) နှင့် မွန်ဒီမိုကရေစီပါတီ(MDP) တို့ ပေါင်းစည်းရန် သဘောတူ လိုက်ကြပြီး “မွန်အမျိုးသား ပါတီ” အမည်သစ်ဖြင့် ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ကြောင်း ပါတီဝင်များ၏ ပြောကြားချက်အရ သိရသည်။

လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့

လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့

လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့အစာခြောက်တွေကို အစားများ တာကြောင့် အစာမကြေဘဲ လေပွတာ မျိုးတွေ ဖြစ်စေတတ်ပါတယ်။ လေပွတာ ကို အလွယ်တကူ သက်သာစေမယ့်နည်း လမ်းတွေရှိ ပါတယ်။ သင်နေ့စဉ်စားနေ ကျ အစားအစာတွေကို သတ်မှန်ထားပြီး အစာစားပြီးတိုင်း ဖြစ်ပေါ်တတ်တဲ့ သင့် ကျန်းမာရေး အခြေအနေကို လေ့လာနိုင် ပါတယ်။ နေ့တိုင်း လေပွတယ်လို့ခံစား နေရရင် သင်စားနေကျ အစားအစာတွေ ရဲ့ အစာစားနည်းပုံစံကို ငါးရက်လောက် ပြောင်းကာ စားပေးပါ။

ရေများများသောက်ပါ

တစ်နေ့တာ အတွက် လိုအပ်တဲ့ရေ ပမာဏထက် နည်းတာကြောင့် အစာမ ကြေတာနဲ့ မူးဝေတာမျိုးတွေဖြစ်စေနိုင်ပါ တယ်။ တစ်နေ့ကို ရေခြောက်ဖန်ခွက် လောက်သောက်ပေးပါ။ လေပွတာကို လည်း သက်သာစေနိုင်ပါတယ်။

မနက်စာစားပါ

အုတ်ဂျုံ ပါဝင်တဲ့ အစားအစာတွေနဲ့ ဥအမျိုးမျိုး၊ အစေ့အဆန်၊ ဘယ်ရီသီး၊ ဒိန် ချဉ် စတာတွေကို နံနက်ပိုင်း အစားအစာ မှာ ပါဝင်အောင်စားပေးပါ။ မနက်စာစား သူတွေအနေနဲ့ တစ်နေ့တာဇီဝရုပ်ဖြစ် ပျက်မှုကို ကောင်းစေပြီး၊ စွမ်းအင်တွေကို လည်း ရရှိစေနိုင်ပါတယ်။

အစာအချို့ကို လျှော့စားပါ

အရောင်ချွတ်ထားပြီး ဖြူဖွေး အောင်ပြုလုပ်ထားတဲ့အစားအစာတွေ၊ သကြား၊ ကော်ဖီနဲ့ အယ်လ်ကိုဟောပါ ဝင်တဲ့ဖျော်ရည်တွေကို လျှော့သောက် ပေးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်း ချက်နည်းဖြစ်စေဖို့ စာအုပ်တွေကိုလေ့ လာပြီး ချက်ပြုတ်ပါ။

ဖိစီးမှု နည်းပါစေ

စိတ်ဖိစီးမှုကြောင့် သင့်ကိုလေပွ စေတာမျိုး မဟုတ်ပေမယ့်။ စိတ်ဖိစီးမှု ကြောင့် အစာစားမှားရာကနေ လေပွစေ တတ်ပါတယ်။ စိတ်ဖိစီးမှုလျော့ပါးစေဖို့ လမ်းလျှောက်လေ့ကျင့်ခန်း၊ တရားထိုင် တဲ့လေ့ကျင့်ခန်း၊ ယောဂလေ့ကျင့်ခန်း တွေနဲ့ အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ် တဲ့လေ့ ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေး ပါ။ အချိန်ပြည့်ဆိုသလို လေ့ကျင့်ခန်းပြု လုပ်တာမျိုးမဟုတ်ဘဲ စိတ်ကိုပျော်ရွှင်စေ ဖို့ကို ဦးစားပေးပြီးလေ့ကျင့်ပေးပါ။ လေ့ လာမှုတွေအရ အပေါင်းအသင်းတွေနဲ့အ တူ လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်တာ ကြောင့် စိတ်ကိုပျော်ရွှင်စေနိုင်ပြီး တစ် ရက်မှာ ခြေလှမ်းပေါင်းတစ်သောင်း ကျော်လောက် လျှောက်ပေးသင့် တယ်လို့ ဆိုပါတယ်။

အခြားကုသမှု နည်းလမ်းများ

လက်ဖက်စိမ်းလက်ဖက်ရည် ပူပူ သောက်တာမျိုး၊ လာဗန်ဒါအရွက်ကို ရေ နွေးပူပူနဲ့ သောက်တာမျိုးတွေက လေပွ တာကို သက်သာစေနိုင်ပါတယ်။ ရေချိုး ဆားနဲ့ ရေခပ်နွေးနွေးထဲမှာစိမ်ချိုးပါ။ ကိုယ်ဝန်ဆောင်သည်ဆိုရင်တော့ ရေနွေး နဲ့ စိမ်ချိုးတာကို ရှောင်သင့်ပါတယ်။

ဆရာဝန်နှင့် တိုင်ပင်ပါ

အစာစားနည်းပုံစံ ပြောင်းလဲပြီး ငါး ရက်နဲ့ ၁ဝ ရက်ကြာတဲ့ အထိ လေပွတာ က မသက်သာဘူးဆိုရင်တော့ နားလည် တဲ့ဆရာဝန်တစ်ဦးရဲ့ အကြံကိုယူသင့်ပါ တယ်။ သင့်မှာ တခြားကျန်းမာရေးပြဿ နာတွေမရှိဘူးဆိုရင်တောင် ဝေဒနာ သက်သာစေဖို့ တိတိကျကျ ကုသမှုပေး နိုင်ပါလိမ့်မယ်။


Ref: Good Health
လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့အစာခြောက်တွေကို အစားများ တာကြောင့် အစာမကြေ ဘဲ လေပွတာ မျိုးတွေ ဖြစ်စေတတ်ပါတယ်။

ရွှေ့ပြောင်းနိုင်သည့် တန်ဖိုးနည်းအိမ်များ ၂၀၁၄ ဧပြီတွင် ရောင်းမည်

ရွှေ့ပြောင်းနိုင်သည့် တည်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် Moducelar House စက်ရုံကို မန္တလေး မြို့ ၇၂ လမ်း နှင့် ၇၃ လမ်းကြား ကျွဲဆည်ကန်ကားကြီးဝင်းအနီး တည်ဆောက်ထားပြီး၂၀၁၄ ခုနှစ်၊ ဧပြီ တွင် စတင်ထုတ်လုပ် ရောင်းချသွားမည်ဟု တော်ဝင်စံသူထိုက်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမင်း မြတ်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ဒီစက်ရုံတည်ဆောက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခြေခံလူတန်းစားတွေကို သပ်သပ်ရပ်ရပ် အိမ်လေးတွေနဲ့ နေစေချင်တာရယ်။ ဆင်းရဲမွဲတေမှု လျှော့ချတဲ့နေရာမှာလည်း တစ်တပ် တစ်အား ကူညီပေးတဲ့သဘောနဲ့ ဆောင်ရွက်တာပါ”ဟု ပြောသည်။

မကျေပွဲနွှဲချင်သည့် မြန်မာဘောလုံးပရိသတ်များအတွက် မြန်မာကအိမ်ရှင်အဖြစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုကျင်းပမည်

မကျေပွဲနွှဲချင်သည့် မြန်မာဘောလုံးပရိသတ်များအတွက် မြန်မာကအိမ်ရှင်အဖြစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုကျင်းပမည်
Tuesday, December 24, 2013

လာမည့် ၂၀၁၄ ဆူဇူကီး ဖလား ပြိုင်ပွဲ အိမ်ရှင် အဖြစ် စကာင်္ပူနှင့် ဗီယက်နမ်တို့က ပူးတွဲ ရွေးချယ်ခြင်း ခံခဲ့ရပြီးဖြစ်သည်။

အာဆီယံ ဒေသတွင်း အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲတစ်ရပ် ဖြစ်သည့် ဆူဇူကီးဖလား ခေါ် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင်မူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဆူဇူကီးဖလား ပြိုင်ပွဲမှာ ဒေသတွင်း အဆင့်မြင့်ဆုံး ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် အားလျော်စွာ အဆိုပါ ပြိုင်ပွဲကို နိုင်ငံ လက်ရွေးစင် အသင်းများသာ ၀င်ရောက် ယှဉ်ပြိုင်ရပြီး သက်တမ်းလိုက် အသင်းများ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ကို ဒီဇင်ဘာ (၂၁)ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ရွိုင်ရယ် ကုမုဒြာ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ ၁၀ကြိမ်မြောက် ကောင်စီအစည်းအဝေးမှ ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံဒေသတွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ရေး၊ အာဆီယံ စူပါလိဂ် ဘောလုံးပြိုင်ပွဲ ကျင်းပရေး အစရှိသည့် ကိစ္စရပ်များကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲကို လက်ခံကျင်းပနိုင်ရေး အတွက် အိမ်ရှင်နိုင်ငံ ရွေးချယ်မှုကို ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံက ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မဲခွဲမှုတွင် အိမ်ရှင်ကျင်းပခွင့်အတွက် မြန်မာနိုင်ငံအပါအဝင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အစရှိသည့် ၃နိုင်ငံက လျှောက်ထားခဲ့ကြရာ မြန်မာနိုင်ငံက (၉)မဲဖြင့် အင်ဒိုနီးရှား (၄)မဲ၊ ဖိလစ်ပိုင် (၆)မဲတို့အား အသာရကာ အိမ်ရှင်ပြုလုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ဆူဇူကီး ဖလားပြိုင်ပွဲ၏ ကျင်းပပုံအရ အုပ်စု(၂)စု ခွဲကာ ထိုအုပ်စုများကို အိမ်ရှင်နိုင်ငံ (၂)ခုတွင် သွားရောက် ကစားစေပြီး အုပ်စုအဆင့်မှ လွန်မြောက်လာသည့် အသင်းများကို ဆီမီးဖိုင်နယ် အဖြစ် အိမ်ကွင်း၊ အဝေးကွင်း ကစားစေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၁၆ ဆူဇူကီဖလား ပြိုင်ပွဲတွင် မြန်မာအသင်းမှာ မိမိတို့ ပါဝင်သည့် အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံမည် ဖြစ်ပြီး အခြား တစ်အုပ်စုကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။

ဆူဇူကီး ဖလားပြိုင်ပွဲကို ယခင်က တိုက်ဂါးဖလား ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး ၂၀၀၇ ခုနှစ်မှ စကာ ဆူဇူကီး ဖလားအဖြစ် ပြောင်းလဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံ အနေဖြင့် ဆူဇူကီးဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် တစ်ကြိမ်မှ လက်ခံဖူးခြင်း မရှိရာ ယခုတစ်ကြိမ် အိမ်ရှင်အဖြစ် လက်ခံမှုမှာ ပထမဆုံး အကြိမ် အိမ်ရှင်လက်ခံ ကျင်းပမှု ဖြစ်လာမည် ဖြစ်သည်။ ၂၀၁၂ ကမူ ဆူဇူကီးဖလား ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံခဲ့ဖူးသည်။ ဆူဇူကီးဖလားကို စင်ကာပူ အသင်းက (၄)ကြိမ်နှင့် အများဆုံး ဗိုလ်စွဲထားပြီး ထိုင်းအသင်းက (၃)ကြိမ် ရယူထားသည်။ မြန်မာ အသင်းမှာမူ အဆိုပါ ပြိုင်ပွဲတွင် အောင်မြင်မှု ရယူနိုင်ခြင်း မရှိသေးဘဲ အမြင့်ဆုံး အောင်မြင်မှု အဖြစ် စတုတ္ထ တစ်ကြိမ်သာ ရယူထားနိုင်သည်။

Soccer Myanmar
လာမည့် ၂၀၁၄ ဆူဇူကီး ဖလား ပြိုင်ပွဲ အိမ်ရှင် အဖြစ် စကာင်္ပူနှင့် ဗီယက်နမ်တို့က ပူးတွဲ ရွေးချယ်ခြင်း ခံခဲ့ ရပြီးဖြစ်သည်။

အာဆီယံ ဒေသတွင်း အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲတစ်ရပ် ဖြစ်သည့် ဆူဇူကီးဖလား ခေါ် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင်မူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။ ဆူဇူကီးဖလား ပြိုင်ပွဲမှာ ဒေသတွင်း အဆင့်မြင့်ဆုံး ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် အားလျော်စွာ အဆိုပါ ပြိုင်ပွဲကို နိုင်ငံ လက်ရွေးစင် အသင်းများသာ ၀င်ရောက် ယှဉ်ပြိုင်ရပြီး သက်တမ်းလိုက် အသင်းများ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။

မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးမြို့ခံများ ဂုဏ်ပြု ဆုကြေးငွေ သိန်း ၁၅၀၀ နီးပါးချီးမြှင့်


 

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ကြေးတံဆိပ် ဆွတ်ခူး ရရှိ သွားသည့် မြန်မာအမျိုးသမီး ဘောလုံး လက်ရွေးစင် အသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဒေသခံများက ဆုကြေး ငွေ ကျပ်သိန်း ၁၅၀၀ နီးပါး ချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း မြန်မာ အမျိုးသမီး ဘောလုံးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြောကြားသည်။
မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ကျပ်သိန်းတစ်ရာ 
ဆုချီးမြှင့်ခဲ့ပြီး မြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံများက ဆုကြေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၃၉၃ ချီးမြှင့်ခဲ့ကြောင်း ဒေါ်မြတ်မြတ်ဦးက ထပ်မံပြောကြားသည်။

http://myanmaspectrum.blogspot.com/2013/12/blog-post_7222.html#more

Myawady News

စိတ်ဖိစီးမှုကို အမြန်လျှော့ ချနိုင်သော နည်းလမ်းများ

စိတ်ဖိစီးမှုကို အမြန်လျှော့ ချနိုင်သော နည်းလမ်းများစိတ်ဖိစီးမှုကို အနည်းနဲ့ အများတော့ လူတိုင်းလိုလို ကြုံတွေ့နေ ရပါတယ်။ စိတ် ဖိစီးမှု မဖြစ်အောင် နေထိုင်တာ အ ကောင်းဆုံး ဆိုပေမယ့်လည်း ဖြစ်လာပါ က အမြန်ဆုံးပြေပျောက် သွားအောင် လုပ် ဆောင်နိုင်တဲ့ နည်းလမ်းတွေ ကို ရေးသား လိုက်ပါတယ်။

(၁) ဇက်ကြောလျှော့ပေးပါ

စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အ ခါ ပထမ ဆုံး စသိနိုင်တာက သင့်လည်ပင်းပါ။ အ များစုက ဇက်ကြောတက်တယ် လို့လည်း ပြောတတ်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့် သင့်လည်ပင်းတောင့်တင်းလာပါက သင့် ညာဘက်

မန္တလေး မစိုးရိမ်တိုက်သစ်သံဃာတော်များ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို မတိုက်ခိုက်ဟုဆို

မန္တ လေးတိုင်း မဟာအောင်မြေမြို့ နယ်ရှိ မစိုးရိမ်တိုက်သစ်မှသံဃာတော်များ ဦးဆောင်ပြီး ဒေါ် အောင်ဆန်း စုကြည်နှင့် ၎င်း၏ NLD ပါတီအား တိုက်ခိုက်နေ သည်ဆိုသည်မှာ လုံးဝမဟုတ် ကြောင်း မစိုးရိမ်တိုက်သစ်မှ ဆရာတော်များက ပြည်သူများ အား အသိပေးကြေညာခဲ့သည်။
ဖေ့စ်ဘွတ်အကောင့်တစ်ခုတွင် ''မစိုးရိမ်တိုက်သစ်မှဘုန်း ကြီးများ ဦးဆောင်ပြီး NLD ပါတီနှင့် အမေစုအား တိုက်ခိုက် တဲ့ စာတွေဝေနေပါသည်''ဟု ရေးသားထားသောကြောင့် မစိုး ရိမ်တိုက်သစ်မှ ဆရာတော်များ က ၎င်းတို့၏ဖေ့စ်ဘွတ်စ်စာ မျက်နှာ တွင် အသိပေးကြေညာ ခဲ့ခြင်းဖြစ်သည်။

New Year ည ဘယ်မှာသွားဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ရွှေမှုန်ရတီ

New Year ည ဘယ်မှာသွားဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ရွှေမှုန်ရတီ
Monday, December 24, 2013

ပျိုးခင်းမယ် ၃ယောက်ထဲမှာ အလန်းဆုံး အကဲဆုံး ဇာတ်ကားအရိုက်ရဆုံး နာမည်အထွက်ဆုံး အငယ်ဆုံး စတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူကတော့ ရွှေမှုန်ရတီပါ။ ဒီလို ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ သူမနဲ့ မကြာခင်မှာ ကျရောက်တော့မဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သတ်ပြီးတော့ ပြောဖြစ်တာလေးတွေကတော့ ‘အကယ်ဒမီကတော့ သွားအားပေးမှာပါ။ အားလုံးကိုရစေချင်ပါတယ်။ ပိုးထည်က ယွန်းရွှေရည်၊ ဒီဇိုင်နာက ကိုမင်းသက်စံပါ။ အရောင်ကတော့ မသေချာသေးဘူး။ အကယ်ဒမီပေးပွဲက ဒီနှစ်ဆို ၂ နှစ်မြောက်ပေါ့။ အကယ်ဒမီပေးပွဲတက်ရတာ ပျော်လဲပျော်တယ်။ အတွေ့အကြုံကတော့ သိပ်မရှိပါဘူး။ ရတဲ့သူတွေကို ကြည့်ပြီးသူတို့နဲ့ လိုက်ပျော်တယ်’တဲ့။

သူမဖြတ်သန်းမဲ့ Happy New Year နဲ့ ၂၀၁၄ခုနှစ်အတွက် ခုကတည်းက ချထားတဲ့ အစီအစဉ်တွေကိုလည်း သူမက ‘New Year ကအိမ်မှာပဲရှိမှာပါ။ အပြင်ထွက်ရတာလဲ သိပ်မကြိုက်တော့လေ။ အိမ်မှာပဲမိသားစုနဲ့ဖြတ်သန်းဖြစ်မယ။် ၂၀၁၄ မှာတော့ ၁၀ တန်းစာမေးပွဲဖြေမယ။် ကားတွေရိုက်မယ်။ ၁၀တန်း အောင်စရင်းစောင့်မယ်’လို့ပြောပါတယ်။

Trend Myanmar

ပျိုးခင်းမယ် ၃ယောက်ထဲမှာ အလန်းဆုံး အကဲဆုံး ဇာတ်ကားအရိုက်ရဆုံး နာမည်အထွက်ဆုံး အငယ်ဆုံး စတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူကတော့ ရွှေမှုန်ရတီပါ။ ဒီလို ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ သူမနဲ့ မကြာခင်မှာ ကျရောက်တော့မဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သတ်ပြီးတော့ ပြောဖြစ်တာလေးတွေကတော့ ‘အကယ်ဒမီကတော့ သွားအားပေးမှာပါ။ အားလုံးကိုရစေချင်ပါတယ်။ ပိုးထည်က ယွန်းရွှေရည်၊ ဒီဇိုင်နာက ကိုမင်းသက်စံပါ။ အရောင်ကတော့ မသေချာသေးဘူး။ အကယ်ဒမီပေးပွဲက ဒီနှစ်ဆို ၂ နှစ်မြောက်ပေါ့။ အကယ်ဒမီပေးပွဲတက်ရတာ ပျော်လဲပျော်တယ်။ အတွေ့အကြုံကတော့ သိပ်မရှိပါဘူး။ ရတဲ့သူတွေကို ကြည့်ပြီးသူတို့နဲ့ လိုက်ပျော်တယ်’တဲ့။

INGO တွေထွက်ခွာကြဖို့ ရခိုင်ဒေသခံတွေ တောင်းဆို ရေးသားချိန်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာရှိတဲ့ နိုင်ငံတကာအန်ဂျီအိုအဖွဲ့အစည်းတွေ ထွက်ခွာပေး ဖို့ ဒေသ ခံပြည်သူ တွေက တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
ရခိုင်ဒေသခံတွေအနေနဲ့ မြောက်ဦးမြို့မှာရှိတဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းတွေရဲ့ လှုပ် ရှားဆောင် ရွက်မှု တွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် မြောက်ဦးမြို့ကနေ ထွက်ခွာပေး ဖို့ အခု လိုတောင်း ဆိုရ တာဖြစ်တယ်လို့ မြောက်ဦးမြို့လူမှုကွန်ယက်အဖွဲ့က ဦးထွန်းနေ၀င်းက အခု လိုပြောပါတယ်။

“ဒီ INGO နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မြောက်ဦးမြို့က အချက် ၉ချက်တောင်းဆိုတယ်၊ အဲဒီထဲမှာ ကျနော်တို့ ကော်မတီတွေက INGO နဲ့ ပေါင်းစည်းပြီးတော့ လုပ်ဖို့အတွက်ကို ကျနော်တို့ request လုပ်တယ်၊ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် အကူအညီသွားပေးမဲ့နေရာတွေကို ဒီကကော်မတီက ကိုယ့်စရိတ်နဲ့ ကိုယ်

လစာနည်းပါး၍ အလုပ်ရှင် အလုပ်သမားအကြား ပဋိပက္ခများ ဖြစ်ပေါ်ပြီး နောက်ဆက်တွဲ ဒုစရိုက်မှုများ ကျူးလွန်လာ

လစာနည်းပါး၍ အလုပ်ရှင် အလုပ်သမားအကြား ပဋိပက္ခများ ဖြစ်ပေါ်ပြီး နောက်ဆက်တွဲ ဒုစရိုက်မှုများ ကျူးလွန်လာ
Tuesday, December 24, 2013

အခြေခံ အလုပ်သမားများ၏ လစာဝင်ငွေ နည်းပါးမှုသည် စက်ရုံအလုပ်ရုံများတွင် အလုပ်ရှင် အလုပ်သမား ပဋိပက္ခများ ဖြစ်ပွားရသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှ ကောက်ခံသည့် 'အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးနှင့် အခြေခံလူမှုဘ၀ ကုန်ကျစရိတ်' စစ်တမ်းအရ သိရသည်။

အဆိုပါ စစ်တမ်းအရ အလုပ်သမားများ၏ လစာဝင်ငွေ နည်းပါးမှု နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် စားဝတ်နေရေး အဆင်မပြေမှုကြောင့် ဒုစရိုက်မှုများ ကျူးလွန်ခြင်း၊ လုပ်ငန်းခွင် အဆင်မပြေခြင်း၊ ထုတ်ကုန်စွမ်းအား ကျဆင်းခြင်း၊ အလုပ်ရှင်နှင့် ပဋိပက္ခဖြစ်ခြင်း၊ ကိုယ်ကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ၀န်ထမ်းဖြစ်ပါက လာဘ်ပေးလာဘ်ယူမှုများ ရှိလာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆုံးရှုံးခြင်း၊ မိဘကျောင်းစရိတ် မတတ်နိုင်မှုကြောင့် ကလေးသူငယ်များ ပညာသင်ခွင့် ဆုံးရှုံးခြင်းနှင့် လူမှုရေးတာဝန် လစ်ဟင်းမှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြဿနာများ ပြေလည်စေရန် အစိုးရ အနေဖြင့် ကုန်ဈေးနှုန်းကို အခြေခံ၍ အလုပ်သမားများ၏ စားဝတ်နေရေးကို ဖူလုံစေမည့် အနိမ့်ဆုံး လုပ်ခလစာကို အမြန်ဆုံး သတ်မှတ်ရန် လိုအပ်နေသည်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ) အနေဖြင့် အခြေခံ အလုပ်သမားများ၏ အထွေထွေ စားဝတ်နေရေး ကုန်ကျစရိတ်အား စစ်တမ်းကောက်ယူရာတွင် ဇနီး၊ ခင်ပွန်း၊ မူလတန်းအရွယ် ကလေးတစ်ဦး ပါဝင်သည့် မိသားစုတစ်စု၏ တစ်လတာ ကုန်ကျစရိတ် ပမာဏမှာ ကျပ် ၁၈၂၉၁၀ ရှိပြီး ယင်းတို့ လက်ရှိရရှိသည့် လစာဝင်ငွေနှင့် လုံလောက်မှု မရှိကြောင်း သိရသည်။

လက်ရှိလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားလျက်ရှိသော စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား တစ်ဦး၏ အခြေခံလစာမှာ ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ ကြားသာ ရှိနေသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စံကောင်း၊ ဟုတ်စိန်ပီနံအိတ် စက်ရုံ၊ ၀မ်ဟောင်ဟမ့်(သုံးထပ်ကြီး) အထည်ချုပ်စက်ရုံ၊ Myanmar Yes သကြားလုံးစက်ရုံ၊ နျဆကငမန ဖိနပ်ချုပ်စက်ရုံ၊ Esquire ဖိနပ်စက်ရုံ၊ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊ ကောင်းမြတ်ဆန်းသစ် အချောထည်စက်ရုံနှင့် Hope one အထည်ချုပ်စက်ရုံ၊ Myanmar hand some အထည်ချုပ်စက်ရုံ၊ north shore အထည်ချုပ်စက်ရုံနှင့် Great wall ဖိနပ်စက်ရုံတို့တွင် အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အခြားအလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။ ''စက်တင်ဘာမှာ ဖြစ်ခဲ့တဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုမှာ ပါဝင်တဲ့ အလုပ်သမား ခေါင်းဆောင်တွေ တော်တော်များများက အလုပ်ထုတ် ခံလိုက်ရပြီ'' ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ဆိုသည်။

@[114803668557265:274:Eleven Media Group] 

Myanmar Hand some အထည်ချုပ်စက်ရုံမှ အလုပ်သမားများ သပိတ်စခန်းဖွင့်လှစ် ဆန္ဒထုတ်ဖော် နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
အခြေခံ အလုပ်သမားများ၏ လစာဝင်ငွေ နည်းပါးမှုသည် စက်ရုံအလုပ်ရုံများတွင် အလုပ်ရှင် အလုပ်သမား ပဋိပက္ခများ ဖြစ်ပွားရသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် မှ ကောက်ခံသည့် 'အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးနှင့် အခြေခံလူမှုဘ၀ ကုန်ကျစရိတ်' စစ်တမ်း အရ သိရသည်။
အဆိုပါ စစ်တမ်းအရ အလုပ်သမားများ၏ လစာဝင်ငွေ နည်းပါးမှု နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် စားဝတ်နေရေး အဆင်မပြေမှုကြောင့် ဒုစရိုက်မှုများ ကျူးလွန်ခြင်း၊ လုပ်ငန်းခွင် အဆင်မပြေခြင်း၊ ထုတ်ကုန် စွမ်းအား ကျဆင်းခြင်း၊ အလုပ်ရှင်နှင့် ပဋိပက္ခဖြစ်ခြင်း၊ ကိုယ်ကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ၀န်ထမ်းဖြစ်ပါက

မြန်မာအမျိုးသမီး ဘောလုံးအသင်းနည်းပြ AFC ကို ကန့်ကွက်စာ ပို့မည်

ပြီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လု ပွဲမှာ မြန်မာအသင်းက ထိုင်းအသင်းကို ၁၁ ဂိုး ၁၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်လွှာ တင်သွင်းမယ်လို့ မြန်မာအသင်း ဘောလုံးနည်းပြက ပြောဆိုကြောင်း Goal အားကစားဆိုင်ရာ အင်တာနက် စာမျက်နှာက ဖေါ်ပြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ယနေ့ပြုလုပ်မည်

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ယနေ့(ဒီဇင်ဘာ ၂၄ ရက်) တွင်ပြုလုပ်မည်ဟု သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာများကို ပါတီအလိုက် တင်သွင်းနိုင်ရန် ပြင်ဆင်နေသည့်အချိန်ဖြစ်ရာ ယခုအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးဆိုင်ရာကိစ္စများ ပါဝင်နိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ် အမှုဆောင် များက ပြောကြားခဲ့သည်။

ပုဒ်မ (၁၈) အပါအ၀င် ပြည်သူလူထုအား နိုင်ငံရေးအရ တစ်ဖက်သတ်ဖိနှိပ်ထားသည့် ဥပဒေများအပေါ် ဆန္ဒထုတ်ဖော်ရန် အရပ်ဘက် လူ့အဖွဲ့အစည်းများ သတင်းစာရှင်းလင်းပွဲ ယနေ့ပြုလုပ်မည်

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်အပါအ၀င် ပြည်သူလူထု အပေါ် နိုင်ငံရေးအရ ကန့်သတ်ချုပ်ချယ် မတရားဖိနှိပ်ထားသည့် ဥပဒေပုဒ်မများအား ကန့်ကွက်ဆန္ဒပြရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်း၌ ဒီဇင်ဘာ ၂၄ ရက်(ယနေ့)၊ မွန်းလွဲ ၂ နာရီတွင် အဖွဲ့အစည်းပေါင်း ၅၀ ပါဝင်ပြီး ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုင်းဆန္ဒပြအဖွဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ဖို့ မဟန့်တားနိုင်

ထိုင်းအစိုးရဆန့်ကျင်ရေး ကန့်ကွက်နေသူတွေ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ရှေ့မှာ စုရုံးပြီး နိုင်ငံတော်အလံတွေ ဝှေ့ယမ်းဆန္ဒပြနေစဉ်။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၃)
ထိုင်းနိုင်ငံမှာ မကြာခင်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ သတ်မှတ် ထားတဲ့ နေရာကို နိုင်ငံရေးပါတီတွေ လာရောက် မှတ်ပုံမတင်နိုင်အောင် ဘန်ကောက်မှာ အတိုက် အခံ ထောင်ပေါင်းများစွာရဲ့ ကြိုးစားမှုဟာ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။  မှတ်ပုံတင်အတွက် တနင်္လာနေ့ ကနေ သောကြာနေ့အတွင်း လာရောက်နိုင်ဖို့ စီစဉ်ထားတဲ့ အားကစားရုံ ကြီးကို နိုင်ငံရေး ပါတီတွေ မလာနိုင်အောင် ဆန္ဒပြသူတွေက ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး။