
ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးအတွက် အထောက်အကူပြုစေမည့် အဆင့်မြင့် ကင်မရာစီစီတီဗွီများတပ်ဆင်ကာ ရန်ကုန်မြို့လယ်ဧရိယာကို လွှမ်းခြုံကြည့်ရှုသည့် အစီအစဉ်ကို ယခု လမှစတင်ကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။




