Friday, October 31, 2014

ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံရေးအကျပ်အတည်းကြောင့် မဟုတ်ဘဲ ဘုံသဘောတူညီချက်ရှာရန်ဖြစ်ဟု သမ္မတပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ပြော

သမ္မတက တပ်မတော်၊ လွှတ်တော်နှင့် နိုင်ငံရေးထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံမှုမှာ လတ်တလောနိုင်ငံရေးအကျပ်အ တည်းများကြောင့် ပြုလုပ်ခြင်းမ ဟုတ်ဘဲ နိုင်ငံအတွက် ရှေ့ဆက် မည့် နည်းလမ်းများတွင် ဘုံသ ဘောတူညီမှုရရှိရန် တွေ့ဆုံခြင်း ဖြစ်ပြီး နောက်ထပ်တွေ့ဆုံမှုများ လည်း မကြာခဏပြုလုပ်သွားမည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။

ဟာဝိုင်ယီမီးတောင်ချော်ရည်များ လူနေအိမ်များသို့ ဖြတ်သန်းရောက်ရှိနေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြဟုဆို

Photo: ဟာဝိုင်ယီမီးတောင်ချော်ရည်များ လူနေအိမ်များသို့
ဖြတ်သန်းရောက်ရှိနေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြဟုဆို
Friday, October 31, 2014

မီးတောင် အကွဲအအက်များ ကြားမှ ထွက်ပေါ်လာသည့် အရည် ပျော်နေသော ချော်ရည်ပူများသည် နှေးကွေးစွာ စီးဆင်းနေကြသည်ဟု Reuters သတင်းတွင် ဖော်ပြထား သည်။

လူနေအိမ်ခြေများနှင့်လယ်ကွင်းများရှိရာသို့ စီးဆင်းနေကြောင်း၊ ဟာဝိုင်ယီ၏ အကြီးဆုံးကျွန်း၌ဖြစ် ပေါ်လျက်ရှိကြောင်း၊ ချော်ရည်များ ကြောင့် မီးလောင်ပြာကျမှုများဖြစ် ပေါ်နေရာ လူနေအိမ်ဒါဇင်ပေါင်း များစွာ ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။

ချော်ရည်များမှာ ကီလာယာ မီးတောင်မှ စီးဆင်းလာကြောင်း၊ ပါ ဟိုအာသို့ ဦးတည်နေကြောင်း၊ သင်္ချိုင်း တစ်ခုနှင့်ကျေးရွာအနီးသို့ ရောက်ရှိ နေပြီဟု ဆိုသည်။

အာဏာပိုင်များက ချော်ရည် များမှာ ပါဟိုအာမြို့လမ်းများသို့ ၂၃ဝ မီတာအထိ ရောက်လာပြီဟု ဆိုသည်။ ကြံစိုက်ပျိုးသောမြို့ငယ်၌ လူပေါင်း ၈ဝဝ ကျော် နေထိုင်လျက် ရှိကြောင်း သိရသည်။

ပါဟိုအာစီးပွားရေးဒေသမှာ မီးတောင်ဧရိယာတောင်ပိုင်း၌ တည် ရှိသဖြင့် အထူးအန္တရာယ်ရှိနေကြောင်း၊ အိမ်နှင့်စီးပွားရေးလုပ်ငန်းအများစု မှာ ထိခိုက်မှု မရှိနိုင်ဟု ယူဆရ ကြောင်း၊ လက်ရှိချော်ရည်သွားနေ သောလမ်းကြောင်းအရ ပြောရခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး အကြီးအကဲဒါရိုင်းအိုလီဗီရာက ပြော ခဲ့သည်။

Ref:Reuters
Yangon Media Group
မီးတောင် အကွဲအအက်များ ကြားမှ ထွက်ပေါ်လာသည့် အရည် ပျော်နေသော ချော်ရည်ပူများသည် နှေးကွေးစွာ စီးဆင်းနေကြသည်ဟု Reuters သတင်းတွင် ဖော်ပြထား သည်။

လူနေအိမ်ခြေများနှင့်လယ်ကွင်းများရှိရာသို့ စီးဆင်းနေကြောင်း၊ ဟာဝိုင်ယီ၏ အကြီးဆုံးကျွန်း၌ဖြစ် ပေါ်လျက်ရှိကြောင်း၊ ချော်ရည်များ ကြောင့် မီးလောင်ပြာကျမှုများဖြစ် ပေါ်နေရာ လူနေအိမ်ဒါဇင်ပေါင်း များစွာ ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။

အဝေးပြေး ခရီးသည်တင်ယာဉ်များ နိုဝင်ဘာလအတွင်း GPS စနစ် တပ်ဆင်ရမည်

ရန်ကုန်-မန္တလေး အမြန်လမ်း အသုံးပြုသည့် အဝေးပြေး ခရီးသည်တင်ယာဉ်များ အနေနှင့် GPS (Global Positioning System) ဂြိုဟ်တုအသုံးပြု ခြေရာခံစနစ်ကို နိုဝင်ဘာလအတွင်း တပ်ဆင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါစနစ်ကို တာဝန်ယူ တပ်ဆင်ပေးမည့် B-Smart ကုမ္ပဏီ၊ အမှုဆောင်အရာရှိချုပ် ဦးအောင်ညီညီမော်က ပြောကြားသည်။

လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်ပြရန်ကိစ္စနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Photo: လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်ပြရန်ကိစ္စနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Friday, October 31, 2014

၁။ ကေကေအို စောဆန်းအောင် အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။

၂။ ယင်းပုဂ္ဂိုလ် သေဆုံးမှုဖြစ်စဉ်အပေါ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်းစစ်ဆေး၍ လူ့အခွင့်အရေး ကိစ္စနှင့် စပ်လျဉ်းသည့် အထူးအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ဆောလျင်စွာ တင်ပြရန် နိုင်ငံတော်သမ္မတရုံး က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ ညွှန်ကြားထားကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

Ref : သမ္မတရုံး
Yangon Media Group
၁။ ကေကေအို စောဆန်းအောင် အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြ ခဲ့ကြောင်း တွေ့ရှိရပါသည်။

ဝန်ကြီးချုပ်ဟောင်းရင်လတ်ရှင်နာဝပ်ထရာ၏ အလွဲသုံးစားမှုကို ထိုင်းအမျိုးသားဥပဒေပြုလွှတ်တော်တွင် ကြားနာမည်

အမျိုးသားဥပဒေပြုလွှတ်တော် (NLA) ၏ အထူးအစည်းအဝေး ကို နိုဝင်ဘာ ၁၂ရက်တွင် ပြုလုပ် မည်ဖြစ်ကြောင်း၊ အဆိုပါအစည်းအ ဝေးတွင် ဝန်ကြီးချုပ်ရင်လတ်ရှင်နာဝပ် ထရာ၏အလွဲသုံးစားမှုကို စဉ်းစား သွားမည်ဖြစ်ကြောင်း NNT သတင်း က ဖော်ပြခဲ့သည်။

NLA ဥက္ကဋ္ဌ ပရွန်ပက်ခ်ျဝီချက် ချိုလ်ချိုင်းက ကြေညာခဲ့ရာတွင် ဤ အစည်းအဝေးမှာ ရင်လတ်အပေါ် ဆန်စပါးဝယ်ယူရေး စီမံကိန်းနှင့်ပတ် သက်၍ အလွဲသုံးစားစွဲဆိုမှုကို အဓိ ကထား ဆွေးနွေးသွား ရန်ဖြစ်သည် ဟု ဆိုသည်။

ဗြိတိန်စုံတွဲအသတ်ခံရမှုတွင် သံသယရှိခြင်းခံရသူ ခိုတောင်ကျွန်းသူကြီးသား၏ ဒီအင်န်အေ စစ်ဆေးမှုပြုလုပ်

Photo: ဗြိတိန်စုံတွဲအသတ်ခံရမှုတွင် သံသယရှိခြင်းခံရသူ
ခိုတောင်ကျွန်းသူကြီးသား၏ ဒီအင်န်အေ စစ်ဆေးမှုပြုလုပ်
Friday, October 31, 2014

လိပ်ကျွန်း၌ ဗြိတိန်စုံတွဲအသတ်ခံရ မှုတွင် ထိုင်းနိုင်ငံသားများနှင့်ရွှေ့ ပြောင်း အလုပ်သမားများမှလူသတ် တရားခံအဖြစ် သံသယရှိခြင်းခံရသူ လိပ်ကျွန်းရှိ (AC) ဘားပိုင်ရှင်ကျွန်း သူကြီးသား၏ ဒီအင်န် အေစစ်ဆေး မှုကို အောက်တိုဘာ ၃ဝ ရက်က ဘန်ကောက်ရှိ တော်ဝင်ထိုင်းရဲဌာန ချုပ်တွင် စစ်ဆေးခဲ့ကြောင်း ဘန် ကောက်ပိုစ့်သတင်းဌာနတွင်ဖော် ပြထားသည်။

အဆိုပါ စစ်ဆေးမှုကို ဘန် ကောက်ခရိုင်ရှိ ဆီရီရတ်ဆေးရုံ၊ ချူ လာလောင်ကွန်းဆေးရုံ၊ ရာမာအဓိ ပတိဆေးရုံမှ ဝန်ထမ်းများနှင့် ရဲ ဆေးရုံ မှုခင်းဆေးသိပ္ပံဌာနမှ ဝန် ထမ်းများရှေ့တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စစ်ဆေးမှုရလဒ်သည် ၂၄ နာရီအတွင်း ရရှိမည်ဖြစ်ကာ ၄င်း၏ (DNA) စစ်ချက်နှင့် အသတ်ခံရ ၍သေဆုံးသူဗြိတိန်နိုင်ငံသူ Hannah Witheridge ၏ခန္ဒာကိုယ်တွင်တွေ့ ရှိထားသည့် (DNA) နမူနာနှင့်နှိုင်းယှဉ် သွားမည် ဖြစ်ကြောင်း ဘန်ကောက် ပို့စ်သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအခြေစိုက် (MAT)မှကိုစောမောင်က'' လိပ်ကျွန်းသူ ကြီးသားကို ဒီနေ့ (DNA)စစ်ပြီးပါ ပြီ သာမန်ဆို(DNA)စစ်ဆေးချက် ရလဒ်က တစ်လနီးပါးလောက်ကြာ တတ်ပေမယ့် ခု ၂၄နာရီအတွင်း အဖြေ ရမယ်လို့တော့ ဆေးစစ်တဲ့ ကျန်းမာ ရေးဝန်ထမ်းတွေက သတင်းဌာန တွေမှာ ပြောထားကျတယ်။ ခုဖမ်းဆီး ခံထားရတဲ့ မြန်မာနှစ်ဦးကိုတော့ ဘယ်တော့ စစ်မလဲဆိုတာတော့ မသိ ရသေးဘူး''ဟု ပြောသည်။

အဆိုပါ (DNA) စစ်ဆေးမှုနှင့် ပတ်သက်၍လည်း ယခင်က(မှုခင်း ဖြစ်ပွားစဉ်) ကျွန်းသူကြီးသားမှအဆို ပါလူသတ်မှု ဖြစ်ပွားရာနေရာ အနီး အနားတွင်ရှိသည်ဟု သက်သေမရှိခဲ့ သည့်အတွက် ၄င်း၏ (DNA)စစ်ဆေးရန် မခေါ်ယူခဲ့ကြောင်းလည်း ထိုင်းရဲချုပ်မှ အောက်တိုဘာ ၃ဝ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ဖော်ပြထားသည်။

လိပ်ကျွန်းသူကြီးမှလည်း ယင်း၏သားအနေဖြင့်လည်း ယခုကဲ့သို့ သံသ ယရှိသူအဖြစ် ထင်မြင်ခံနေရခြင်း ကြောင့် ယင်းတို့မိသားစုဂုဏ်သိက္ခာ ထိခိုက်မှုရှိသည့်အတွက် ၄င်းတို့ကို စွပ်စွဲပြောဆိုမှုများကို ၄င်းတို့၏ရှေ့နေ ဖြင့် တိုင်ပင်ကာ ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း လိပ်ကျွန်းသူကြီးမှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သွားကြောင်း ဘန်ကောက်ပို့စ်သတင်း ဌာနတွင် ဖော်ပြထားသည်။

ZCH
Yangon Media Group
လိပ်ကျွန်း၌ ဗြိတိန်စုံတွဲအသတ်ခံရ မှုတွင် ထိုင်းနိုင်ငံသားများနှင့်ရွှေ့ ပြောင်း အလုပ်သမားများမှလူသတ် တရားခံအဖြစ် သံသယရှိခြင်းခံရသူ လိပ်ကျွန်းရှိ (AC) ဘားပိုင်ရှင်ကျွန်း သူကြီးသား၏ ဒီအင်န် အေစစ်ဆေး မှုကို အောက်တိုဘာ ၃ဝ ရက်က ဘန်ကောက်ရှိ တော်ဝင်ထိုင်းရဲဌာန ချုပ်တွင် စစ်ဆေး ခဲ့ကြောင်း ဘန် ကောက်ပိုစ့်သတင်းဌာနတွင်ဖော် ပြထားသည်။

မီမီဝင်းဖေ ရလိုက်တဲ့ ပထမဆုံး အကျိုးအမြတ်က ဘာဖြစ်မလဲ

Photo: မီမီဝင်းဖေ ရလိုက်တဲ့ ပထမဆုံး အကျိုးအမြတ်က ဘာဖြစ်မလဲ
Friday, October 31, 2014

ဂီတလောကမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီး အောင်မြင်ခဲ့သူ အဆိုတော် မီမီဝင်းဖေက အောင်မြင်မှုနှင့် ကျဆုံးမှုကြားက ထိန်းသိမ်း ရမည့် လျှို့ဝှက်ချက် ကို ယခုလို ပဲ ပြောပြခဲ့သည်။

ပိုရတဲ့အခွင့်အရေးတွေ

မမီ တို့ခေတ်က သီချင်းနားထောင် မယ် ရုပ်ရှင်ရုံမှာ ရုပ်ရှင် ကြည့်မယ်။ အခုက ဖျော်ဖြေရေးတွေက တအား များတယ်။ ဒီတော့ အခု ကလေးတွေက မမီတို့ထက် အခွင့် အရေး ပိုရတယ်။ ကြိုးစားရင် ကြိုးစားသလို ရနိုင်တယ်။ မမီတို့ခေတ်က တစ်ခုကောင်းတာက အဆိုတော် တစ်ယောက်ကို အားပေးရင် အကြာကြီး သူ့သီချင်းကို နားထောင် ကြ တယ်။ ခေတ် တစ်ခုပြောင်းတိုင်း ကောင်းတာ နဲ့ ဆိုးတာ ဒွန်တွဲနေတာပဲ။ ဒီတော့ လူငယ်တွေ ကိုယ့် သီချင်းကို ပရိ သတ်တွေ အကြာကြီး နားထောင်စေ ချင်ရင် ရိုးသားကြိုးစား၊ စေတနာ၊ မေတ္တာထားပြီး အနုပညာကိုတန်ဖိုးထား ပြီး နေစေချင်ပါတယ်။

ကိုယ့်နာမည်ကိုယ်ထိန်း

မမီတို့တုန်းက နယ်သွားမှ ပရိ သတ်က မြင်ဖူးတော့ နယ်ကို ဆင်းကြ တယ်။ အခုက လုံးဝ မျိုးဆက်တွေ ကွာ  သွားပြီ။ VCD နဲ့ ဆို အားလုံးက မြင်ဖူး ကြတော့ ပေါက်ဖို့က လွယ် တယ်။ ဒါပေမဲ့ ကိုယ့်နာမည်ကို ထိန်းဖို့က အဓိက အရေးကြီးတဲ့ အတွက် အနုပညာ နဲ့ ပရိသတ်ကို စေတနာထားပါ။

ပထမဆုံးရလိုက်တဲ့ အကျိုးအမြတ်

ဝါသနာပါလို့ လုပ်တာ ပျော် တယ် ဆိုရင် ကိုယ့်ရဲ့ ပထမဆုံး အကျိုး အမြတ်ပါ။ စိတ်တိုင်းကျ ဆိုပါ။ အသစ် ကို ဖန်တီးပါ။ အဲဒီ အပေါ်မှာ ကိုယ်ကျေ နပ်ရင် ပထမဆုံး ရ လိုက်တဲ့ အကျိုး အမြတ်ပါ။

Popular Journal
ဂီတလောကမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီး အောင်မြင်ခဲ့သူ အဆိုတော် မီမီဝင်းဖေက အောင်မြင်မှုနှင့် ကျဆုံးမှုကြားက ထိန်းသိမ်း ရမည့် လျှို့ဝှက်ချက် ကို ယခုလို ပဲ ပြောပြခဲ့သည်။

ပိုရတဲ့အခွင့်အရေးတွေ

တရားရေးမဏ္ဍိုင် တာဝန်ရှိသူအချို့ လာဘ်ပေး၊ လာဘ်ယူမှုထဲတွင် ပျော်မွေ့နေကြောင်း သူရဦးအောင်ကို ဝေဖန်

တရားရေးမဏ္ဍိုင်တွင် တာဝန်ယူ လုပ်ကိုင်နေကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် အချင်းချင်း အပြန်အလှန် အကာအကွယ် ပေးနေပြီး အချို့မှာ လာဘ်ပေး၊ လာဘ်ယူ ယဉ်ကျေးမှုထဲတွင် ပျော်မွေ့နေကြောင်း တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဝေဖန်ပြောကြားသည်။

တရားရုံးအဆင့်ဆင့် အထက်အောက် အပြန်အလှန် အကာအကွယ် ပေးနေခြင်းကြောင့် တရားရေးကော်မတီက လုပ်ဆောင် စစ်ဆေးရမည့် လုပ်ငန်းတာဝန်များမှာလည်း ၉၀ ရာခိုင်နှုန်းခန့် အောင်မြင်မှု မရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

သတင်းမီဒီယာလောကအပေါ် ဖိနှိပ်ချုပ်ချယ်မှုများအားရပ်တန့်ပေးရန် မီဒီယာသမားများ နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်မည်

သတင်းမီဒီယာလောကအပေါ် ဖိနှိပ်ကန့်သတ်ချုပ်ချယ်မှုများအား ရပ်တန့်စေရန် မီဒီယာသမားများက အာဏာပိုင်အဖွဲ့အစည်းများအား ဆန္ဒပြတောင်းဆိုမှုကို နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ တော် ခန်းမရှေ့၌ ပြုလုပ်သွားမည်ဖြစ်သည်။

အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေသူနှင့် တာဝန်ခံအယ်ဒီတာ အပါအ၀င် ငါးဦးအား ပန်းဘဲတန်းတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်နှစ်နှစ်ချမှတ်မှု၊ ယူနတီသတင်းဂျာနယ်မှ CEO အပါအ၀င် သတင်းထောက် များအား ပခုက္ကူခရိုင်တရားရုံးက နိုင်ငံတော်လျှို့ဝှက် ပေါက်ကြားမှု ဥပဒေဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်

ဆိုးရွားသည့်အခွန်ရှောင်တိမ်းမှုများကို ပြန်လည်စစ်ဆေးတွေ့ရှိပါက ရာခိုင်နှုန်း ၁၀၀ အထိ ဒဏ်ကြေးတပ်ရိုက်အရေးယူမည်

ဆိုးရွားသည့်အခွန်ရှောင်တိမ်းမှုများကို ပြန်လည်စစ်ဆေးတွေ့ရှိပါက ကျသင့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းအထိ ဒဏ်ကြေးတပ်ရိုက် အရေးယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

"အခွန်နဲ့ပတ်သက်ပြီး လိုက်နာဆောင်ရွက်မှုအား မကောင်းဘူး။ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူတွေ ကိုတော့ ၀င်ငွေခွန် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွေအရ ပြစ်မှုပြစ်ဒဏ်တွေရှိပါတယ်။ ကြေညာလွှာ တင်သွင်းမှု ပျက်ကွက်မယ်၊နောက်ကျမယ်ဆိုရင် ၁၀ ရာခိုင်နှုန်း ဒဏ်ကြေးဆောင်ရပါမယ်။ မမှန်ကန်တဲ့ကြေညာလွှာတင်သွင်းလို့ လိမ်လည်မှုမြောက်တယ်ဆိုရင်တော့ ၀င်ငွေခွန်မှာ ရာခိုင်နှုန်း ၅၀၊ ကုန်သွယ်လုပ်ငန်းခွန်မှာ ၁၀၀ ရာခိုင်နှုန်းအထိ ပြစ်ဒဏ်ရှိပြီး တရားစွဲဆိုခြင်းလည်း ခံရနိုင်ပါတယ်။

သမ္မတ ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား အမေရိကန် သမ္မတ အိုဘားမား တယ်လီဖုန်းဖြင့် သီးခြားစီ ဆက်သွယ်ခဲ့ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်

သမ္မတ ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား အမေရိကန် သမ္မတ အိုဘားမား တယ်လီဖုန်းဖြင့် သီးခြားစီ ဆက်သွယ် ပြောဆိုခဲ့ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့ကြောင်း Reuters နှင့် AP သတင်းဌာနတို့၏ ဖေါ်ပြချက်အရသည်။

အိုဘားမားက သမ္မတဦးသိန်းစိန်နှင့် ဆက်သွယ်ပြောဆိုရာတွင် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးမှုများ ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန် လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုများအား ဖြေရှင်းရန် လာမည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲ လုပ်ငန်း စဉ်နှင့် ပတ်သက်၍ ယုံကြည်စိတ်ချနိုင်စွမ်းရှိသော ရွေးကောက်ပွဲဖြစ်စေရန် အလေးအနက်ထား တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဘော်ဒါဆောင် တိုက် ငါးလွှာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

ပန်းဘဲတန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး ဘော်ဒါ ဆောင်တိုက်အပေါ် ငါးလွှာမှ ပြုတ်ကျသေဆုံးမှု အောက်တိုဘာ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူအမျိုးသမီးသည် အသက် (၂၀) အရွယ်ရှိပြီး လွန်ခဲ့ သည့် တစ်လခန့်မှစ၍ ပန်းဘဲတန်းမြို့နယ် ၁ ရပ်ကွက်ရှိ ဘော်ဒါဆောင်သို့ လားရှိုးမြို့မှ လာရောက်နေထိုင်သူ ဖြစ်သည်။ အဆိုပါရက် ည ၇ နာရီခွဲခန့်က တိုက်ဝရန်တာ အုတ်ဘောင်ပေါ်တွင် ထိုင်နေစဉ် တိုက် ငါးလွှာပေါ်မှ ပြုတ်ကျခဲ့၍ ဆေးရုံသို့ တင်ပို့ရာ၌ လမ်းတွင် သေဆုံးသွားခြင်းဖြစ်သည်။

အားလုံးစောင့်ကြည့်နေသော ထိပ်သီးဆွေးနွေးပွဲ

Photo: အားလုံးစောင့်ကြည့်နေသော ထိပ်သီးဆွေးနွေးပွဲ
Friday, October 31, 2014

လက်ရှိအစိုးရလက်ထက် တွင် ပထမဆုံးအ ကြိမ်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် မြန်မာ့နိုင်ငံရေး ထိပ်သီးခေါင်းဆောင် ၁၄ ဦး သမ္မတအိမ်တော် တွင် ယနေ့နံနက်၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်တော့မည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် လေးနှစ်ခန့်သို့ ချဉ်း နင်းဝင်ရောက်လာချိန် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ ရှေ့ မတိုးနိုင်ဘဲ အကျပ်တွေ့နေစဉ် အိုဘားမားအပါအဝင် ကမ္ဘာ့အင် အားကြီးနိုင်ငံများမှခေါင်းဆောင် များတက်ရောက်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးများမတိုင် မီ ယခုကဲ့သို့တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခြင်းဖြစ်သည်။ ထို့ ကြောင့် အစိုးရအတွက် နိုင်ငံရေး အကျပ်အတည်းမှ ရုံးထွက်နိုင်ရန် နိုင်ငံတကာတွင် ပြယုဂ်ကောင်း စေရန်သက်သက်ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုဖြစ်လာနိုင်သည် ဟု သုံးသပ်သူများလည်းရှိသည်။

‘‘အိုဘားမားအပါအဝင် ထိပ်သီးခေါင်းဆောင်တွေလာခါ နီး၊ နိုင်ငံတကာအစည်းအဝေးတွေ လုပ်ခါနီးမှာ ဖိအားနဲ့စိုးရိမ်မှုတွေ လျှော့ချနိုင်ဖို့ ယောင်ပြလုပ်တဲ့ အစည်းအဝေးဖြစ်နိုင်တဲ့ အနေ အထားမျိုးဖြစ်နေတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ် သူ ဒေါက်တာရန်မျိုးသိမ်းက သုံး သပ်ပြောဆိုသည်။

‘‘သူတို့မှာ အကျပ်အတည်း တစ်ခုကြုံနေပြီဆိုတာပဲ။ အဲဒါက စဉ်းစားရမယ့်အချက်ပါ။ ဖွဲ့စည်း ပုံပြင်ဆင်ရေးအကျပ်အတည်း ဖြစ်နိုင်တယ်။ ဘယ်လိုပြင်ကြ မလဲဆိုတာ သူတို့အတွက် စိုးရိမ် စရာဖြစ်နိုင်တယ်။ အဲဒါကြောင့် ခေါ်တွေ့တာဖြစ်ဖို့များပါတယ်’’ ဟု ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ် (SNLD)မှ အတွင်းရေးမှူးဦးစိုင်းညွန့်လွင်က ဆိုသည်။

ယခုကဲ့သို့ တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ချိန်သည် နိုင်ငံအတွက် အရေးပါသောဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးအရှိန်မြင့်တက်နေ ချိန်ဖြစ်ပြီး ပြင်ဆင်ရေးကိစ္စတွင် အရေးပါသော ပုဒ်မအချို့ကို လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့် တပ်မတော်အနေ ဖြင့် ပြင်ဆင်ခြင်းမပြုလိုကြောင်း လွှတ်တော်သို့ တင်ပြထားချိန် လည်းဖြစ်သည်။

‘‘ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ လွှတ်တော်ထဲမှာအရင်ဆွေးနွေး တာထက် ပြင်ပမှာအဓိကခေါင်း ဆောင်တွေလေးပွင့်ဆိုင်သဘော မျိုးဆွေးနွေးပြီးမှ ပြင်နိုင်ရင် ပို အကျိုးရှိမယ်။ ဒီလိုတွေ့ဆုံမှု မလုပ်ဘဲ လွှတ်တော်ထဲမှာဆွေး နွေးနေရင်တော့ ငြင်းခုံနေတာပဲ အဖတ်တင်မယ်’’ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းက သူ၏အမြင်ကိုပြော သည်။

အခြေခံဥပဒေပြင်ဆင်ရေး သည် လက်ရှိဖွဲ့စည်းပုံအရ တပ် မတော်မပါဝင်က မဖြစ်နိုင်သည့် အနေအထားဖြစ်နေ၍ တပ်မတော်က ထိုကဲ့သို့ပြင်ဆင်ခြင်းမပြုလိုဘဲ တင်းခံနေပါက နိုင်ငံရေးအကျပ် အတည်းတစ်ခုသို့ ဆိုက်ရောက် သွားနိုင်ကြောင်း ဝေဖန်မှုများရှိ လာချိန်တွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ပါ ပါဝင်လာ မည့်ဆွေးနွေးပွဲတစ်ခုကို နိုင်ငံ တော်သမ္မတဘက်က ဖန်တီးလာ ခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် အဓိက အားဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကိစ္စများ သည် အဓိကထားဆွေးနွေးသင့် သည့်အချက်များဖြစ်ပြီး လတ် တလောနိုင်ငံရေးအခြေအနေ အရ အကျပ်အတည်းတစ်ခုပေါ် ပေါက်လာစေနိုင်သောရွေး ကောက်ပွဲစနစ်ပြောင်းလဲရေး ကိစ္စသည်လည်း ထည့်သွင်းဆွေး နွေးသင့်သောအချက်တစ်ခုဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူများကဆိုသည်။

ထိုကဲ့သို့သုံးသပ်မှုများရှိနေ သော်လည်း ဆွေးနွေးပွဲတွင် အဓိ ကပါဝင်သင့်သူများထက် လူဦး ရေများပြားစွာပါဝင်လာခြင်း သည် အစိုးရဘက်မှ အချိန်ဆွဲပြု လုပ်နိုင်မည့် နည်းဗျူဟာတစ်ရပ် ကို ရေးဆွဲခြင်းကလည်းဖြစ်နိုင် ကြောင်း နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဦးထင်လင်းဦး (Wisdom Villa)ကဆိုသည်။

‘‘အခုအစိုးရသက်တမ်းကုန် ခါနီးမှ တွေ့မယ်လုပ်တယ်။ တွေ့ မယ့်တွေ့တော့လည်း လေးပွင့် ဆိုင်မဟုတ်တော့ ပါမယ့်သူတွေ က တော်တော်များတယ်။ လူများ တော့ တွေ့ဆုံမှုမှာ စကားတွေ အများကြီးပြောရမယ်။ ဆိုလိုတာ က ဆွေးနွေးစရာတွေများလာ မယ်။ ဒီအခါကျရင် ဆွေးနွေးတာ တွေကမပြတ်ဘူး။ ဒီအတွက် အချိန်ထပ်ယူရမယ်။ အချိန်ရွှေ့ တာတွေလုပ်လာမယ်။ ဒါအဓိက သူတို့လိုချင်တဲ့အချက်ပဲ’’ဟု ဦးထင်လင်းဦးကဆိုသည်။

ဆွေးနွေးပွဲတွင်ပါဝင်ရန် ဖိတ်ကြားထားမှုများတွင် အစိုးရ ဘက်မှ သမ္မတနှင့်ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ကာကွယ် ရေးဦးစီးချုပ်နှင့်ဒုကာချုပ်၊ ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နိုင်ငံ ရေးခေါင်းဆောင်များဘက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးဌေးဦး၊ ဦးခင် မောင်ဆွေ စသဖြင့် မြန်မာနိုင်ငံရေးမှ ထိပ်သီးပုဂ္ဂိုလ် ၁၄ ဦး ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။ သို့သော် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းကိုမူ ဖိတ်ကြားခဲ့ခြင်းမရှိ ပေ။

‘‘ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ ဘာမှတ်ချက်မှ မပေးလိုပါဘူး။ ကျွန်တော်တို့ကို မဖိတ်ကြားတဲ့အတွက်လည်း ဘာ မှမပြောလိုပါဘူး’’ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးဂျင်မီကပြောသည်။

ပြုပြင်ပြောင်းလဲရေးပြုလုပ် သောနိုင်ငံတစ်ခုတွင် နိုင်ငံရေး အကျပ်အတည်းတစ်ခုတွေ့ကြုံ လာပါက တွေ့ဆုံဆွေးနွေးမှုများ ဖြင့်သာ အဖြေရှာရလေ့ရှိပြီး ထင်ရှားသောသာဓကတစ်ခုမှာ တောင်အာဖရိကနိုင်ငံရှိ လူထု ခေါင်းဆောင်နယ်လ်ဆင်မင်ဒဲ လားနှင့် ထိုစဉ်က အာဏာလက် ဝယ်ရှိသူဒီကလပ်တို့ အကြိမ်ကြိမ် တွေ့ဆုံမှုမှတစ်ဆင့် ဘုံသဘော တူညီချက်များရှာဖွေနိုင်ကာ ကောင်းမွန်သောဒီမိုကရေစီပြု ပြင်ပြောင်းလဲမှုကို ဖော်ဆောင်နိုင် ခြင်းသည် သာဓကဖြစ်ကြောင်း ၈၈ မျိုးဆက်မှ ခေါင်းဆောင်တစ် ဦးဖြစ်သူ ဦးကိုကိုကြီးက ပြည် တွင်းဆွေးနွေးပွဲတစ်ခု၌ ပြော ကြားထားသည်။

အကျပ်အတည်းများကို ဆွေးနွေးပွဲဖြင့်အဖြေရှာသင့်သည် ဆိုသော်လည်း ယခုပြုလုပ်မည့် ဆွေးနွေးပွဲသည် တိုင်းပြည် အတွက် လက်ရှိအာဏာလက် ဝယ်ရှိသူများမှ လိုက်လျောပေးလို ၍ ခေါ်ယူတွေ့ဆုံမှုမျိုးဖြစ်လာ ရန် ဖြစ်နိုင်ခြေနည်းပါးကြောင်း ဦးစိုင်းညွန့်လွင်ကသုံးသပ်သည်။

‘‘အရင်ကတည်းက တွေ့ဆုံ ဖို့တောင်းဆိုတယ်။ ဘာမှဂရုစိုက် တာမရှိခဲ့ဘူးလေ။ ဒါတွေက အဓိ ကသာဓကတွေပါပဲ။ အဲဒီတော့ တိုင်းပြည်အတွက် စေတနာရှိမှ တွေ့ဆုံမှုကအလုပ်ဖြစ်ပါလိမ့် မယ်။ အဓိကအချက်ကတော့ တစ်ကြိမ်တည်းတွေ့ရုံနဲ့တော့ အဖြေမရနိုင်ပါဘူး’’ဟုဆိုသည်။

ယခင်နဝတအစိုးရလက် ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် တပ်မတော်ထိပ်တန်း ခေါင်းဆောင်အချို့နှင့် ဒေါ် အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုများရှိခဲ့သော်လည်း ထိရောက် သောပြောင်းလဲမှုများ ဖြစ်ပေါ် လာခြင်းမရှိခဲ့ပေ။

လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အထိထိုကဲ့သို့ အစိုးရနှင့် နိုင်ငံရေးထိပ်သီးခေါင်းဆောင် များတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းမျိုးမရှိဘဲ ယခုပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဖဆပလခေတ်မှ ယနေ့အထိနိုင်ငံ ရေးလောကကို ဖြတ်သန်းခဲ့သူ ဝါရင့်နိုင်ငံရေးသမားကြီးဦးသုဝေ ကပြောသည်။

‘‘ဟိုအရင်အစိုးရလက်ထက် တွေတုန်းကတော့ ငြိမ်းချမ်းရေး အတွက် နှစ်ဖက်ခေါင်းဆောင် တွေတွေ့တာမျိုးတော့ရှိတယ်။ အခုလိုမျိုး ထိပ်သီးခေါင်းဆောင် တွေ အများကြီးပါလာတာမျိုး တော့မရှိဘူး။ ပြီးတော့ အရင်တုန်းကတွေ့တာကလည်း အခြေ အနေချင်းတွေ၊ ခေတ်စနစ်ချင်း တွေ မတူတော့ဘူး’’ဟု ၎င်းက ပြောသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲကိုပြုလုပ်သည် ဖြစ်စေ နိုင်ငံအတွက် ရေရှည် အကျိုးရှိနိုင်ပြီး လက်တွေ့အကျပ် အတည်းများကို ကျော်လွှားနိုင် မည့် ဆွေးနွေးပွဲတစ်ခုဖြစ်လာစေ လိုကြောင်း နိုင်ငံရေးအသိုင်း အဝိုင်းမှ ပုဂ္ဂိုလ်များကဆိုသည်။

‘‘လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို လက်တွေ့ကျကျဖြေရှင်းနိုင်ဖို့ လွတ်လပ်ပွင့်လင်းပြီး ရေရှည် အမြင်ပေါ်မှာရပ်တည်ဖို့လိုတယ်။ လက်ရှိစီစဉ်ထားပုံအရ အဖြေ တစ်ခုထွက်ဖို့ အလားအလာနည်း ပေမယ့် လမ်းပြမြေပုံသစ်တစ်ခု ရေးဖို့လုပ်နိုင်ရင်တော့ တိုင်းပြည် အတွက်ကောင်းမယ်’’ဟု ဒေါက် တာရန်မျိုးသိမ်းကပြောသည်။

ထို့ပြင် တွေ့ဆုံဆွေးနွေးမှု များသည် တစ်ကြိမ်တည်းဖြင့် ပြီး ပြတ်မှုမရှိဘဲ တွေ့ဆုံဆွေးနွေးမှု များဆက်တိုက်ပြုလုပ်သွားမှသာ အခက်အခဲများကိုဖြေရှင်းနိုင် မည်။ အဖြေတစ်ရပ်ကိုရှာဖွေ တွေ့ရှိနိုင်မည်ဖြစ်ကြောင်း ဦးသုဝေကဆိုသည်။

‘‘ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီး အဓိကဦးစားပေးဆွေးနွေး သွားမယ်။ စီးပွားရေးကိစ္စက လည်းဆွေးနွေးမှာပါ။ သမ္မတက ဘယ်လိုဆွေးနွေးမယ်ဆိုတာ မသိရသေးလို့ ဆွေးနွေးမယ့် အကြောင်းအရာကိုတော့ ဆွေး နွေးပွဲရောက်မှပဲသိပါလိမ့်မယ်။ ကော်မရှင်ဥက္ကဋ္ဌလည်းပါတယ် ဆိုတော့ ရွေးကောက်ပွဲနဲ့ပတ် သက်လို့ ဆွေးနွေးဖြစ်မယ့်အနေ အထားရှိနိုင်ပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့တော့ ဒါကိုဆွေးနွေး တဲ့သူရှိရင် ပါဝင်ဆွေးနွေးသွားမှာ ပါ’’ဟု ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ)ကပြောသည်။

‘‘ဘာဆွေးနွေးဖြစ်မယ်ဆို တာကတော့ အတိအကျပြောလို့ မဖြစ်သေးပါဘူး။ ဒါပေမဲ့မှန်းထားတာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက် ပွဲစနစ်ဖြစ်မယ်။ ဖွဲ့စည်းပုံမှာပြင် သင့်တယ်ထင်တဲ့အချက်တွေကို ပြင်ဖို့ပြောမယ်။ ဥပမာ တိုင်းရင်း သားတွေ တန်းတူညီမျှမှုရအောင် ပြင်ရမယ့်အချက်တွေပေါ့။ ပြည် နယ်တွေကိုလုပ်ပိုင်ခွင့်တွေပိုပေးဖို့၊ အခုဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေ မရသေးဘူး။ အဲဒါကိုပြောမယ်လို့ စဉ်းစားထားတယ်။ နောက်တစ်ခု ကတော့ ရွေးကောက်ပွဲစနစ်ပေါ့။ ပီအာရ်ကို တိုင်းရင်းသားတွေက လက်မခံဘူးပေါ့ ပြည်နယ်တွေမှာ သုံးတာကိုမကြိုက်ကြဘူး။ အဲဒီ အချက်တွေပါလာမှာပါ’’ဟု ဦးစိုင်းအိုက်ပေါင်း(ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)က လည်းပြောသည်။

ပထမဆုံးအကြိမ်တွေ့ဆုံ ကြမည့် လက်ရှိအာဏာလက်ဝယ် ရှိသူများနှင့် နိုင်ငံရေးထိပ်သီး ခေါင်းဆောင်များတွေ့ဆုံပွဲတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်ကို ခေါင်းစဉ်တပ် ကြေညာထားခြင်းမရှိသော်လည်း အဆိုပါတွေ့ဆုံပွဲမှတစ်ဆင့် လတ်တလောဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအကျပ်အတည်း များကိုဖြေရှင်းနိုင်မည့်နည်းလမ်း များနှင့် အမျိုးသားပြန်လည်ရင် ကြားစေ့ရေး ပြည်တွင်းငြိမ်းချမ်း ရေးတို့ကို ပေါ်ထွက်လာစေမည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်ပေါ်လာစေ ရန် လေ့လာစောင့်ကြည့်သူများက ဆန္ဒရှိနေကြသည်။

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
7Day Daily
လက်ရှိအစိုးရလက်ထက် တွင် ပထမဆုံးအ ကြိမ်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် မြန်မာ့နိုင်ငံရေး ထိပ်သီးခေါင်းဆောင် ၁၄ ဦး သမ္မတအိမ်တော် တွင် ယနေ့နံနက်၌ တွေ့ဆုံဆွေးနွေးမှုပြု လုပ်တော့မည်ဖြစ် သည်။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် လေးနှစ်ခန့်သို့ ချဉ်း နင်းဝင်ရောက်လာချိန် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ရှေ့ မတိုးနိုင်ဘဲ အကျပ်တွေ့နေစဉ် အိုဘားမားအပါအဝင် ကမ္ဘာ့အင် အားကြီးနိုင်ငံများမှ ခေါင်းဆောင် များတက်ရောက်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးများမတိုင် မီ ယခုကဲ့သို့တွေ့ဆုံ ဆွေးနွေးမှု များပြုလုပ်ခြင်းဖြစ်သည်။ ထို့ ကြောင့် အစိုးရအတွက် နိုင်ငံရေး အကျပ် အတည်းမှ ရုံးထွက်နိုင်ရန် နိုင်ငံတကာတွင် ပြယုဂ်ကောင်း စေရန်သက်သက်ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုဖြစ် လာနိုင်သည် ဟု သုံးသပ်သူများလည်းရှိသည်။

"၀" ဒေသတွင်ရှိနေသော လူဦးရေခြောက်သိန်းနီးပါးကို မှတ်ပုံတင်တရားဝင်ပြုလုပ်ပေးရန် UWSA ဘက်မှတောင်းဆိုထားပြီး ကနဦးအနေဖြင့် လူဦးရေ ၃၀၀ ခန့်ကိုသာ မှတ်ပုံတင်လုပ်ပေးမည်ဟု အစိုးရဘက်ကအကြောင်းပြန်ထား

"၀" ဒေသတွင်ရှိနေသော လူဦးရေခြောက်သိန်းနီးပါးအနက် မှတ်ပုံတင် မရှိသူများကို တရားဝင် မှတ်ပုံတင် ပြုလုပ်ပေးရန်  "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA) ဘက်မှတောင်းဆိုထားပြီး ကနဦး အနေဖြင့် လူဦးရေ ၃၀၀ ခန့်ကို မှတ်ပုံတင်ပြုလုပ်ပေးမည်ဟု အစိုးရ ဘက်မှ အကြောင်းပြန် ထားကြောင်း သိရသည်။