Saturday, January 3, 2015

နိုင်ငံခြားပညာတော်သင်များ ပြန်မလာလျှင် သိန်းငါးဆယ်လျော်ရသည့်စနစ် ပယ်ဖျတ်

ပြည်ပနိုင်ငံများသို့ နိုင်ငံခြား ပညာတော်သင်အဖြစ် သွားရောက်သည့် နိုင်ငံ့ဝန်ထမ်းများ မြန်မာနိုင်ငံသို့ ပြန်မလာလျှင် ပညာသင် အာမခံလျော်ကြေးငွေ သိန်းငါးဆယ် ပေးလျော်ရသည့် စနစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင် ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ထံမှ သိရသည်။
ယခင်က နိုင်ငံခြား ပညာတော်သင်များ မြန်မာနိုင်ငံသို့ ပြန်လာရန် ပျက်ကွက်လျှင် ကာယကံရှင် သို့မဟုတ် ဆွေမျိုးရင်းချာ တစ်ဦးဦးက လျော်ကြေးအဖြစ် ကျပ်သိန်းငါးဆယ် ပေးလျော်ပါမည်ဟူသော ကတိခံဝန်ချက်ကို ပညာသင်များ ပြည်ပမသွားရောက်မီ လက်မှတ် ရေးထိုးရခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ပြည်ပ ပညာတော်သင်သွားမည့် နိုင်ငံ့ဝန်ထမ်းများ ယင်းသို့ လက်မှတ်ရေးထိုးရန် မလိုတော့ကြောင်း နိုင်ငံခြား ပညာတော်သင်ဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောဆိုသည်။
“Bond ထိုးစရာ မလိုတော့ဘူး။ အဲဒီတော့ ပြန်မလာရင် သိန်းငါးဆယ် လျော်စရာမလိုတော့ဘူး ဆိုတဲ့သဘောပေါ့။ ဒါပေမဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းက သီးခြားစည်းကမ်း သတ်မှတ်ချက်တွေ ရှိနိုင်တယ်” ဟု ၎င်းကရှင်းပြသည်။

ရခိုင်တွင် ဘင်္ဂါလီများကို နိုင်ငံသားစိစစ်မှု ပြန်လည်စတင်

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ဇန်နဝါရီလမှ စတင်ကာ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် နိုင်ငံသားစိစစ်မှုများကို ပြန်လည်စတင်နေပြီဖြစ်ကြောင်း လှုဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လ.ဝ.က) ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုများကို ဇန်နဝါရီလမှ စတင်ကာ ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ခြောက်လတစ်ကြိမ်နှုန်းဖြင့် စိစစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံခြားပညာတော်သင်များ ပြန်မလာလျှင် သိန်းငါးဆယ်လျော်ရသည့်စနစ် ပယ်ဖျတ်

ပြည်ပနိုင်ငံများသို့ နိုင်ငံခြား ပညာတော်သင်အဖြစ် သွားရောက်သည့် နိုင်ငံ့ဝန်ထမ်းများ မြန်မာနိုင်ငံသို့ ပြန်မလာလျှင် ပညာသင် အာမခံလျော်ကြေးငွေ သိန်းငါးဆယ် ပေးလျော်ရသည့် စနစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင် ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ထံမှ သိရသည်။
ယခင်က နိုင်ငံခြား ပညာတော်သင်များ မြန်မာနိုင်ငံသို့ ပြန်လာရန် ပျက်ကွက်လျှင် ကာယကံရှင် သို့မဟုတ် ဆွေမျိုးရင်းချာ တစ်ဦးဦးက လျော်ကြေးအဖြစ် ကျပ်သိန်းငါးဆယ် ပေးလျော်ပါမည်ဟူသော ကတိခံဝန်ချက်ကို ပညာသင်များ ပြည်ပမသွားရောက်မီ လက်မှတ် ရေးထိုးရခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ပြည်ပ ပညာတော်သင်သွားမည့် နိုင်ငံ့ဝန်ထမ်းများ ယင်းသို့ လက်မှတ်ရေးထိုးရန် မလိုတော့ကြောင်း နိုင်ငံခြား ပညာတော်သင်ဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောဆိုသည်။
“Bond ထိုးစရာ မလိုတော့ဘူး။ အဲဒီတော့ ပြန်မလာရင် သိန်းငါးဆယ် လျော်စရာမလိုတော့ဘူး ဆိုတဲ့သဘောပေါ့။ ဒါပေမဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းက သီးခြားစည်းကမ်း သတ်မှတ်ချက်တွေ ရှိနိုင်တယ်” ဟု ၎င်းကရှင်းပြသည်။

ဗုဒ္ဓဘာသာ လေ့လာနေသည့် အနောက်နိုင်ငံသားများ စလင်းမြို့ဟောင်းတွင် ရှင်ပြုအလှူပြုလုပ်

တိဗက်တွင် ဗုဒ္ဓဘာသာကို လေ့လာခဲ့ကြသည့် မဟာယာနဗုဒ္ဓဘာသာဝင် အင်္ဂလန်နိုင်ငံ မှ နိုင်ငံတကာ ခရီးသွား ၁၃ဦးတို့က မကွေးတိုင်း စလင်းမြို့ဟောင်းရှိ ရုပ်စုံကျောင်းတွင် မြန်မာ့ရိုးရာရှင်ပြုအလှူတခု ပြုလုပ်လှူဒါန်းခဲ့ကြောင်း Myanmar Zarmani Creative Tours Co.ltd.မှ မန်နေဂျင်ဒါရိုက်တာ ဒေါ်နီနီမြင့်က ပြောကြားသည်။
“ဒီကို လာလေ့လာတဲ့ နိုင်ငံတကာခရီးသွားတွေထဲမှာ မဟာယာနတွေလည်းပါတယ်။ သူတို့ကတောင်ပိုင်း ဗုဒ္ဓ ဘာသာကို လေ့လာချင်လို့ စလင်းမြို့ဟောင်းကို လာခဲ့တာပါ”ဟုယင်းကပြော ဆိုသည်။
အဆိုပါ အင်္ဂလန်မှ ဘာသာရေးလေ့လာသူများအဖွဲ့တွင် ရုပ်သံဇာတ်လမ်းတိုရိုက်ကူးရေးသမားများလည်း ပါဝင်ကြောင်း သိရသည်။ ဗုဒ္ဓဘာသာ မြန်မာဓလေ့ ရှင်ပြုအလှူပွဲတွင် ကုသိုလ်ပြုလှူဒါန်းခြင်းအပြင် ကွမ်းဒေါင်ကိုင်၊ ပန်းဒေါင်ကိုင်သူများအဖြစ်လည်း အလှူပွဲတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။

စန္ဒရားတင်ဝင်းလှိုင်၏ အကယ်ဒမီ ရွှေစင်ရုပ်တုပြန်သိမ်းမည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ဟုဆို

အကယ်ဒမီ ရွှေစင်ရုပ်တု ပြန်လည်သိမ်းဆည်း မည်ဟု ထွက်ပေါ်နေသည့် သတင်း များမှာ ကောလာဟလသာဖြစ် ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဒုဥက္ကဋ္ဌ-၂ ဦးအေးကြူလေး၏ ပြောပြချက်အရ သိရသည်။
''အကယ်ဒမီရွှေစင်ရုပ်တု ပြန် သိမ်းမယ်ဆိုပြီးတော့ ထွက်ပေါ်နေ တဲ့ သတင်းတွေက မဟုတ်ပါဘူး။ ဘယ်တုန်းကမှလဲ အဲဒီလိုအဖြစ်အ ပျက်မျိုးမရှိခဲ့ပါဘူး။ အကယ်ဒမီဆု ဆိုတာက ပေးချင်တိုင်းပေးပြီးတော့ ပြန်သိမ်းချင်တိုင်း ပြန်သိမ်းလို့ရတဲ့ ပစ္စည်းမဟုတ်ပါဘူး။ အကယ်ဒမီဆု ပေးဖို့အတွက်ကို အကယ်ဒမီစိစစ် ရေးဘုတ်အဖွဲ့က တာဝန်ရှိသူတွေ အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့ ပေးခဲ့တာ ပါ။ တစ်ဦးတစ်ယောက်တည်းရဲ့ဆုံး ဖြတ်ချက်နဲ့ ပေးခဲ့တာမဟုတ်ပါဘူး''ဟု ယင်းကဆက်လက်ပြောသည်။

စန္ဒရားတင်ဝင်းလှိုင်၏ အကယ်ဒမီ ရွှေစင်ရုပ်တုပြန်သိမ်းမည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ဟုဆို

အကယ်ဒမီ ရွှေစင်ရုပ်တု ပြန်လည်သိမ်းဆည်း မည်ဟု ထွက်ပေါ်နေသည့် သတင်း များမှာ ကောလာဟလ သာဖြစ် ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဒုဥက္ကဋ္ဌ-၂ ဦးအေးကြူလေး၏ ပြောပြချက်အရ သိရသည်။
''အကယ်ဒမီရွှေစင်ရုပ်တု ပြန် သိမ်းမယ်ဆိုပြီးတော့ ထွက်ပေါ်နေ တဲ့ သတင်းတွေက မဟုတ်ပါဘူး။ ဘယ်တုန်းကမှလဲ အဲဒီလိုအဖြစ်အ ပျက်မျိုးမရှိခဲ့ပါဘူး။ အကယ်ဒမီဆု ဆိုတာက ပေးချင်တိုင်းပေးပြီးတော့ ပြန်သိမ်းချင်တိုင်း ပြန်သိမ်းလို့ရတဲ့ ပစ္စည်းမဟုတ်ပါဘူး။ အကယ်ဒမီဆု ပေးဖို့အတွက်ကို အကယ်ဒမီစိစစ် ရေးဘုတ်အဖွဲ့က တာဝန်ရှိသူတွေ အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့ ပေးခဲ့တာ ပါ။ တစ်ဦးတစ်ယောက်တည်းရဲ့ဆုံး ဖြတ်ချက်နဲ့ ပေးခဲ့တာမဟုတ်ပါဘူး''ဟု ယင်းကဆက်လက်ပြောသည်။

ထမင်းစားစဉ် ရေခဲရေမသောက်ပါနှင့်

Photo: ထမင်းစားစဉ် ရေခဲရေမသောက်ပါနှင့်
ဇန်န၀ါရီလ ၃ ရက်၊ ၂၀၁၅

နိုင်ငံတကာ ကျန်းမာရေး လေ့လာ သုတေသနပြုမှုများအရ ထမင်းစားပြီး ချိန်နှင့် ထမင်းစားသောက်ပြီးနောက် ၁၅ မိနစ်ခန့်အတွင်း ရေခဲရေအပါအဝင် အ လွန်အမင်း အေးသော ရေနှင့် အအေး မျိုးစုံကို မသောက်သုံးသင့်ကြောင်း ကျန်းမာရေး ပါရဂူကြီးများက ပြောကြားသွား ခဲ့သည်။

သုတေသနပြု လေ့လာဆန်းစစ် ချက်တွင် ထမင်းစားနေစဉ် ရေခဲရေကို သောက်သုံးသောသူများထက် ရေနွေး ကို သောက်သုံးလေ့ရှိသူများက သက် တမ်း ပိုမိုရှည်နေကြောင်း တွေ့ရှိခဲ့သည်။ အစားအစာ စားသောက်နေချိန်တွင် အ အေးသောက်သုံးမှု ပြုလုပ်လိုက်လျှင် ၄င်း အစားအစာများသည် အဆီအခဲ (သို့မ ဟုတ်) အစိုင်အခဲအဖြစ် ပြောင်းလဲသွား စေခဲ့ပြီး အာဟာရ မဖြစ်မြောက်တော့ ဘဲ ရောဂါကိုသာ ဦးတည်သွားစေနိုင် ကြောင်း ပါရဂူကြီးများက ပြောကြားလိုက် သည်။

၎င်းပြောင်းလဲသွားမှုသည် အစာ အိမ်၊ အူသိမ်အူမတို့အား ထိခိုက်ပျက်စီး စေ၍ အစာမကြေဖြစ်ခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် အသက်ရှူကျပ်ခြင်းတို့ကို ဖြစ်စေသည့်အပြင် ရေရှည်ကာလ၌ အ စာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာရော ဂါတို့ကို ဖြစ်နိုင်ခြေများစေကြောင်း နှစ် ရှည်လများ သုတေသနပြု လေ့လာမှုအ ရ တွေ့ရှိခဲ့ရသည်။

TheYangonTimes
နိုင်ငံတကာ ကျန်းမာရေး လေ့လာ သုတေသနပြုမှုများအရ ထမင်းစားပြီး ချိန်နှင့် ထမင်း စားသောက်ပြီးနောက် ၁၅ မိနစ်ခန့်အတွင်း ရေခဲရေအပါအဝင် အ လွန်အမင်း အေးသော ရေနှင့် အအေး မျိုးစုံကို မသောက်သုံးသင့်ကြောင်း ကျန်းမာရေး ပါရဂူကြီးများက ပြောကြားသွား ခဲ့သည်။

မန္တလေးပဋိပက္ခမှ ကတုံးမအမှုကို အများပြည်သူရှေ့မှောက်တွင် တရားစီရင်ရန်လျှောက်လဲ

မန္တလေးပဋိပက္ခ ဖြစ်စဉ်တွင် အဓိကပါဝင်သူ ကတုံးမအပါအဝင် ငါးဦးကို စစ် ဆေးရာ၌ အများပြည်သူရှေ့ မှောက် တရားစီရင်အမိန့်ချမှတ် နိုင်ရန် ဇန်နဝါရီ ၂ ရက်က ပျဉ်း မနားမြို့ တရားရုံးတွင် လျှောက် ထားခဲ့ကြောင်း သတင်းရရှိ သည်။

‘‘ထောင်ထဲ၊ တရားရုံးထဲမှာ လုံခြုံရေးအစောင့်အရှောက်တွေ နဲ့အမှုစစ်ဆေးရမယ်လို့ ဘယ်ဥပဒေကမှပြဋ္ဌာန်းထားတာမရှိဘူး။ ဒါ ကြောင့် အများပြည်သူ ရှေ့မှောက်မှာ သက်သေတွေပြဖို့၊ အမိန့်ချမှတ်ဖို့ အတွက် လျှောက်ထားတာပါ’’ဟု စွပ်စွဲခံရသူများအားလိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေဦး အောင်သူရိန်ထွန်းက ပြော သည်။

ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ တက်ရောက်မည် KIA၊ TNLA နှင့် KNPP တို့ တက်ရောက်မည်မဟုတ်

Photo: ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ တက်ရောက်မည်
KIA၊ TNLA နှင့် KNPP တို့ တက်ရောက်မည်မဟုတ်

ဇန်န၀ါရီလ ၂ ရက်၊ ၂၀၁၅

လွတ်လပ်ရေးနေ့တွင် ကျင်းပမည့် ဗိုလ်ရှုခံ အခမ်း အနားသို့ ဧည့်သည်တော်အဖြစ် တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အင်အားစု ၁၆ ဖွဲ့အား ဖိတ်ကြားခဲ့ရာတွင် ၁၃ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ မှ သတင်းရရှိသည်။

ဗိုလ်ရှုခံကျင်းပရေးကော်မ တီအနေဖြင့် KIA (ကချင်လွတ် မြောက်ရေးအဖွဲ့) နှင့် TNLA (တ အောင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော်) တို့ အပါအ၀င် အ ဖွဲ့ ၁၆ ဖွဲ့အား ဖိတ်ကြားခဲ့သည်။

KIA၊ TNLA နှင့် KNPP (က ရင်နီအမျိုးသားတိုးတက်ရေးပါ တီ) မှ ကိုယ်စားလှယ်များ တက် ရောက်မည်မဟုတ်ကြောင်း သ တင်းရရှိသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့တွင် KIA၊ TNLA တို့နှင့် အ စိုးရ စစ်တပ်တို့မှာ အပစ်ရပ်လက် မှတ်မထိုးနိုင်သေးဘဲ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီ (UPWC) နှင့် NCCT တို့ ပြုလုပ်သော ဆွေးနွေး ပွဲသို့လည်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် တက်ရောက် ခြင်း မရှိခဲ့ပေ။

ဗိုလ်ရှုခံအခမ်းအနား တက် ရောက်ရန် ကရင်အမျိုးသားအ စည်းအရုံး (KNU)၊ KNU/ KNLA (PC)၊ ‘၀’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ/‘၀’ ပြည် သွေး စည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA)၊ NDAA (ရှမ်းပြည်နယ်အရှေ့ပိုင်းအထူး ဒေသ (၄)နှင့် ABSDF (မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) မှ ကိုယ်စားလှယ်များသည် အခမ်းအနားတက်ရောက်ရန် ရောက်ရှိနေကြပြီဖြစ်ကြောင်း အဆိုပါအဖွဲ့များမှ ပြောရေးဆိုခွင့်ရှိသူများက ပြော သည်။

အပစ်အခတ် ရပ်စဲရေး အောင်မြင်စေရန် အစိုးရနှင့် မြန် မာ့တပ်မတော်တို့၏ စိတ်ပိုင်းဖြတ် ချက်များကို သက်သေပြရန် ဖိတ် ခေါ်ခဲ့ခြင်းဖြစ်ပြီး တက်ရောက် ခြင်း၊ မတက်ရောက်ခြင်းမှာမူ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သဘောထားသာဖြစ်ကြောင်း နိုင်ငံ တော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

‘‘လွတ်လပ်ရေးရတယ်ဆို တာ လူတချို့အတွက် ရတာမ ဟုတ်ဘူး။ တိုင်းရင်းသားအားလုံး နဲ့ ဆိုင်တယ်။ ပင်လုံမှာ လက် မှတ်ထိုးတာ တိုင်းရင်းသားခေါင်း ဆောင်တွေလည်းပါတယ်’’ ဟု KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြော သည်။ဗိုလ်ရှုခံအခမ်းအနားအပြီး နောက်တစ်နေ့တွင် သမ္မတနှင့် တက်ရောက်လာသော တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ ရန်ရှိကြောင်း ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်မည့် တိုင်းရင်းသား အဖွဲ့များမှာ KNU၊ KNU/ KNLA (PC)၊ DKBA၊ ABSDF၊ NMSP၊ WUSA၊ NDAA၊ SSPP/ SSA၊ RCSS/SSA၊ PNLO၊ ALP၊ NSCN-k (နာဂအမျိုးသားဆို ရှယ်လစ် ကောင်စီခပ်ပလန်) အဖွဲ့မှ ခေါင်းဆောင်များ တက် ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်

ဗိုလ်ရှုခံအခမ်းအနားအတွက် ၀တ်စုံပြည့် လေ့ကျင့်နေကြစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily