Monday, April 7, 2014

အစိုးရမှမလိုက်လျောနိုင်ခြင်းများမရှိသကဲ့သို့တိုင်းရင်းသားများဘက်မှလည်း အဓမ္မတောင်းဆိုမှုများမရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးသူများပြောကြား


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား များ၏ ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) တို့ အချိန် ယူဆွေးနွေးမှု နောက်ကွယ်တွင် အစိုးရမှမလိုက် လျောနိုင်ခြင်းများမရှိသကဲ့သို့ တိုင်း ရင်းသားများ ဘက်မှလည်း အဓမ္မ တောင်းဆိုနေခြင်းများမရှိကြောင်း NCCT ခေါင်းဆောင်များက ရန်ကုန်မြို့၌ပြုလုပ်သော တစ်နိုင် လုံးအပစ်အခတ်ရပ်စဲရေးမူကြမ်း ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲနှစ် ရက်မြောက်နေ့ဖြစ်သော ဧပြီ ၆ ရက်နေ့တွင်ပြောကြားသည်။

မိန်းမ အင်္ဂါ နှစ်ခုပါသော အမျိုးသမီး


 



အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ Hazel Jones ဟာ အမျိုးသမီး အင်္ဂါနှစ်ခု ၊ သားအိမ် နှစ်ခု ၊ သားအိမ်ပြွန် နှစ်ခု ပါရှိပါတယ်။

လက်ရှိအချိန်မှာ Jones ဟာ ITV ရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ သူ့ရဲ့ အပျိုရည် နှစ်ခါပျက် ခြင်းအကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မိတ်ဆွေတွေကိုအားလုံးကို ပြောပြပါသေးတယ်
လို့ Jones က ITV အစီအစဉ် ကြေငြာသူ Willoughby နဲ့ Phillip Schofield ကိုပြောပြပါတယ်။
ကျွန်မထင်တာကတော့ ဒါဟာ အရမ်းအံ့သြဖွယ်ကောင်းပြီး ကြားရတဲ့သူတွေကိုဆွံ့အ စေတယ်လို့ Jones

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ မိကျောင်းကန်ပြည်သူများ ဆန္ဒထုတ်ဖော်

ရန်ကုန် တရားလွှတ် တော်ရုံးချုပ်ရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြနေကြသည့် မိကျောင်းကန်ပြည် သူများသည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့၌ ဧပြီ ၅ ရက် ညနေ ၆ နာရီခန့်တွင် ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သိရသည်။
မိကျောင်းကန် မြေသိမ်းဆည်း ခံရမှုကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ စည်းပြီး စစ်ဆေးပေးရန် လူ ၁ဝဝ ခန့်က ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ် သည်။

တစ်ရက်ကို အကြိမ် ၂ဝဝ လောက် လိင်ဆက်ဆံလိုစိတ်ဖြစ်ပေါ်နေသူ အင်မတန် ထူးဆန်းတဲ့ရောဂါ (PSAS) 18+


မီရှယ်လီသော်မဆမ် ဆိုတဲ့အမျိုးသမီးဟာ တစ်ရက်ကို အကြိမ်ပေါင်း ၃ဝဝ လောက် လိင်ဆက်ဆံ လိုတဲ့စိတ်ဖြစ်ပေါ်တဲ့ (Persistent Sexual Arousal Syndrome) PSAS ဆိုတဲ့ ရောဂါတစ်မျိုးကို ခံစားနေရပါတယ်။ တချိန်တုန်းက ချစ်သူများကိုလည်း ထိုကဲ့သို့ သူ့စိတ်ဆန္ဒကိုဖြည့် ဆည်းပေးဖို့ တောင်း ဆိုခဲ့ပါတယ်။
အခုတော့ သူ့အိမ်နီးချင်းတစ်ယောက်ဖြစ်တဲ့ အင်ဒရူးကာ (၃၂)နှစ်ဆိုတဲ့လူနဲ့ရင်းနှီးနေတာ ၆ လလောက်ရှိ ပါပြီ။ ဘာကြောင့်လဲဆိုတော့ထိုသူဟာ သူ့ကဲ့သို့ စိတ်အားထက်သန် ဝါသနာကြီးတဲ့ သူတစ်ယောက်ဖြစ်နေတဲ့ အတွက် သူတို့နှစ်ယောက်ဟာ တစ်ရက်ကို ၁ဝ ကြိမ်ခန့် အချစ်ရည်လူး နိုင် တယ်လို့ သိရပါတယ်။ အသက် ၄၃ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ မီရှယ် က ပြုံးရွှင်စွာဖြင့် အင်ဒရူးဟာ

ဆော်လမွန်းကျွန်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံး

ဆော်လမွန်းကျွန်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံး
Monday, April 7, 2014

ဆော်လမွန်းကျွန်းနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် ဧပြီ ၆ ရက်မှာတော့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး ထောင်သောင်းချီတဲ့လူတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဒေသခံ မီဒီယာတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

မြို့တော် ဟိုနီယာရာက အကူအညီပေးရေးအဖွဲ့ Save the Children အိုင်အန်ဂျီအိုလ် အဖွဲ့ကြီးရဲ့ ၀န်ထမ်းကတော့ ရေလွှမ်းမိုးမှုဟာ မှတ်တမ်းတင်ခဲ့သမျှအတွင်း အဆိုးဆုံး ဖြစ်ပြီး အိမ်ခြေ ထောင်နဲ့ချီ ပျက်စီးတယ်လို့ ပြောပါတယ်။

မြို့တော်နဲ့ ဂွာဒယ်ကန်နယ်ဒေသတွေမှာ စုစုပေါင်းလူ ၅ သောင်း ၂ ထောင်လောက် ကပ်ဘေး သက်ရောက်ခံရတယ်လို့ ဆော်လမွန်ကျွန်း အမျိုးသားကပ်ဘေးကောင်စီက ကြေညာချက် ထုတ်ပြန်ကြောင်း သြစတြေးလျမီဒီယာ အေဘီစီက ဧပြီ ၆ ရက်နေ့ အစီရင်ခံပါတယ်။

ရေဆိုးထုတ်စနစ်နဲ့ ရေသန့် ဖြန့်ဖြူးရေးစနစ်တွေအပါအ၀င် လျှပ်စစ်နဲ့ ဆက်သွယ်ရေး စနစ်တွေစတဲ့ အဓိက အခြေခံအဆောက်အဦ အများအပြား ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ အေဘီစီရုပ်သံက ကြေညာပါတယ်။

အိုးအိမ်မဲ့တွေကို ကူညီဖို့ မြို့တော်တွင်း အရေးပေါ် ကယ်ဆယ်ရေးစခန်း ၁၆ခု ဖွင့်ပေး ထားပါတယ်။

စခန်းထဲက လုပ်အားပေးတယောက်ကတော့ ရောက်လာတဲ့ မိသားစုအများစုက အ၀တ်အစားနဲ့ ဆေးဝါးတောင် မပါဘူးလို့ ပြောပါတယ်။ ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာခဲ့ပြီး ဧပြီ ၄ ရက်နေ့က မာတာနိကိုမြစ်ရေ လျှံခဲ့လို့ ခုလို ဖြစ်ရတာ ဖြစ်ပါတယ်။

သြစတြေးလျအစိုးရက အရေးပေါ် ကပ်ဘေးသက်သာရေးအကူအညီ လေယာဉ် ၂ စီး ပေးပို့နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ပ်က အေဘီစီရုပ်သံကို ဧပြီ ၆ ရက်နေ့က ပြောပါတယ်။

အရေးပေါ် အကူအညီတွေအတွက် သြစတြေးလျအစိုးရက အမေရိကန်ဒေါ်လာ ၂ သိန်း ၇ သောင်း ၈ ထောင်ဖိုး ပေးပို့ လှူဒါန်းထားတယ်လို့ သြစတြေးလျသတင်းဌာနတွေက အစီရင်ခံ ထားပါတယ်။

DVB
ဆော်လမွန်းကျွန်းနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် ဧပြီ ၆ ရက်မှာတော့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး ထောင်သောင်းချီတဲ့လူတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဒေသခံ မီဒီယာတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
မြို့တော် ဟိုနီယာရာက အကူအညီပေးရေးအဖွဲ့ Save the Children အိုင်အန်ဂျီအိုလ် အဖွဲ့ကြီးရဲ့ ၀န်ထမ်းကတော့ ရေလွှမ်းမိုးမှုဟာ မှတ်တမ်းတင်ခဲ့သမျှအတွင်း အဆိုးဆုံး ဖြစ်ပြီး အိမ်ခြေ ထောင်နဲ့ချီ ပျက်စီးတယ်လို့ ပြောပါတယ်။

မလေးရှားလေယာဉ်ဆီက ယူဆရတဲ့ နောက်ထပ် အချက်ပေးလှိုင်း ဖမ်းမိ

မလေးရှားလေယာဉ်ဆီက ယူဆရတဲ့ နောက်ထပ် အချက်ပေးလှိုင်း ဖမ်းမိ
Monday, April 7, 2014

မလေးရှားလေကြောင်းလိုင်းက MH370 လေယာဉ်ပျောက်ရဲ့ Black Box ကလို့ ယူဆရတဲ့ အချက်ပေး လှိုင်းကို ဒီကနေ့ ဒုတိယအကြိမ်ထပ်မံ ဖမ်းယူရရှိတယ်လို့ ပူးပေါင်း ရှာဖွေရေး စင်တာ အကြီးအကဲ သြစတြေးလျ လေတပ်ဦးစီးချုပ် Marshal Angus Houston က ပြောလိုက်တာကို CNN ကြားဖြတ်သတင်း မှာ ဖော်ပြလာပါပြီ။  

မလေးရှားနဲ့ အမေရိကန် ပြည်ထောင်စုတို့က လေယာဉ်ပျောက် ရှာဖွေရေး တာဝန်ရှိသူတွေကလည်း အလားတူ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး ပြောဆိုနေ ကြပါပြီ။ 

ထူးဆန်းတာက ရေနက်လာလေလေ အဲဒီ အချက်ပြအသံနဲ့ ပိုပြီး နီးစပ်လာလေလေဖြစ်တယ်လို့လည်း သိရပါတယ်။ အခု ဒုတိယအကြိမ် ထပ်မံဖမ်းယူရရှိတဲ့ အချက်ပြလှိုင်းဟာ တနင်္ဂနွေနေ့ ပထမအကြိမ်က တရုတ်သင်္ဘော က အသံလှိုင်း ဖမ်းယူရမိတဲ့ နေရာနဲ့ အလွန်နီးစပ်ပြီး မလေးရှား လေယာဉ်ပျောက်ဆီ က ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ 

ဒီကနေ့ တနင်္လာနေ့ဟာ လေယာဉ်ပျောက်ဆုံးခဲ့တာ ရက်ပေါင်း ၃ဝ ပြည့်ပြီးဖြစ်သလို Black Box ရဲ့ ဘက်ထရီအား ကုန် မယ့် နေ့လည်း ဖြစ်ပါတယ်။ 

မနေ့ကတော့ ရှာဖွေမှုတွေကို အရှိန်မြှင့်ပြီး အားသွန်ခွန်စိုက်လုပ်ကြပါတယ်။ Black Box ကို ရှာဖွေတွေ့ရှိဖို့ သမုဒ္ဒရာ ကြမ်းပြင်ထိ ရှာဖွေရေး လုပ်ငန်းတွေကို လုပ်နေပြီး တွေ့ရှိခဲ့မယ်ဆိုရင် လေယာဉ် ဘယ်လိုဖြစ် ပျက် ခဲ့တယ်ဆိုတာ စုံစမ်းဖော်ထုတ်နိုင်မှာလည်းဖြစ်ပါတယ်။ 

အိမ့်သံစဉ် 
ဧရာဝတီ
မလေးရှားလေကြောင်းလိုင်းက MH370 လေယာဉ်ပျောက်ရဲ့ Black Box ကလို့ ယူဆရတဲ့ အချက်ပေး လှိုင်းကို ဒီကနေ့ ဒုတိယအကြိမ်ထပ်မံ ဖမ်းယူရရှိတယ်လို့ ပူးပေါင်း ရှာဖွေရေး စင်တာ အကြီးအကဲ သြစတြေးလျ လေတပ်ဦးစီးချုပ် Marshal Angus Houston က ပြောလိုက်တာကို CNN ကြားဖြတ်သတင်း မှာ ဖော်ပြလာပါပြီ။
မလေးရှားနဲ့ အမေရိကန် ပြည်ထောင်စုတို့က လေယာဉ်ပျောက် ရှာဖွေရေး တာဝန်ရှိသူတွေကလည်း အလားတူ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး ပြောဆိုနေ ကြပါပြီ။

မြစ်ဆုံအထိ လမ်းလျှောက်သူအချို့ လမ်းမလျှောက်နိုင်၍ ကားစီး

မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်တန့်ရေး မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့်အဖွဲ့မှ သက်ကြီးရွယ် အိုအချို့ မော်တော်ယာဉ် အကူအညီဖြင့် လိုက်ပါနေရသည်ဟု ခရီးစဉ်တွင်ပါဝင်သည့် နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှ ဦးဆောင်အဖွဲ့ဝင် ဦးမြင့်ဝင်းမောင်က ဧပြီ ၆ ရက်တွင် မဇ္ဈိမ ကို ပြောသည်။
“သက်ကြီးရွယ်အိုတွေပေါ့ဗျာ။အသက် ၅၀ ကျော်၊ ၆၀ ကျော် အရွယ်တွေကတော့ ကားစီးတာ ရှိပါတယ်။ ဒါပေမဲ့ အချိန်ပြည့် တော့ မဟုတ်ပါဘူး။ နာရီအပိုင်းအခြားနဲ့ လည်း မဟုတ်ဘူး။ သူတို့ကလည်း အမြဲ တမ်းကြီး ကားပေါ်မှာနေနေတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကလည်း မြစ်ဆုံထိ လမ်းလျှောက်မှာ

သန်းခေါင်စာရင်ကောက်သည့် ဝန်ထန်းများကို လုံခြုံရေးယူပေးနေသည့် စစ်တပ်ဒုတပ်ရင်းမှူးအား KIA ချောင်းမြောင်းပစ်ခတ်

သန်းခေါင်စာရင်ကောက်သည့် ဝန်ထန်းများကို လုံခြုံရေးယူပေးနေသည့် စစ်တပ်ဒုတပ်ရင်းမှူးအား KIA ချောင်းမြောင်းပစ်ခတ်
Monday, April 7, 2014

သန်းခေါင်စာရင်း ကောက် ယူရာတွင် စာရင်းကောက် ၀န် ထမ်းများနဲ့ ကျာင်းဆရာ/ ဆရာမ များအား KIA မှခြိမ်း ခြောက်မှုများရှိနေတဲ့ အတွက် မြန်မာ့တပ်မတော်စစ်ကြောင်း များမှ လုံခြုံရေးဆောင်ရွက်ပေးနေ စဉ် မြန်မာစစ်တပ် ဒုတပ်ရင်းမှူးတစ်ဦးကို KIA မှ ချောင်းမြောင်း ပစ်ခတ် ခဲ့ကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က KIA ထိန်းချုပ်သည့် နယ်မြေ မဟုတ်သော ဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူနေသည့် ဝန်ထမ်းများကို လုံခြုံရေးယူပေးသော မြန်မာစစ်တပ် ခမရ(၅၆၇) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူုးမျိုးညွန့်စိုး ၏ ကားအား KIA မှ ချောင်းမြောင်းပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ဆေးရုံ သေဆုံးသွားကြောင်း သိရပါတယ်။

၎င်း ကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်တပ်မှ KIA ကို အကြောင်းကြားပြီးမှ သွားတာဖြစ်ကြောင်း၊ အပစ်ခံရသော နေရာမှာ KIA ထိန်းချုပ်ထားသော နယ်မြေတွင်းမဟုတ်ကြောင်း နဲ့ လူအင်အား လက်နက်အင်အား မပါရှိပဲ သန်းခေါင်စာရင်းဝန်ထမ်းတွေ အကူအညီပေးခြင်း သာဖြစ်ကြောင်း မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးမှအခုလို ပြောပါတယ်။
‘‘တရားဝင်အကြောင်းကြား ပြီးမှသွားတာ။ လူအင်အားလည်း အများကြီးမဟုတ်ဘူး။ဒါတောင် သူတို့နယ်မြေထဲကိုလည်း ရောက် တာမဟုတ်ပါဘူး။ ချောင်းပစ်ခံရ တာပါ’’ လို့ ဆိုပါတယ်။

လက်တလောမှာ ကေအိုင်အေဒုတိယစစ်ဦး စီးချုပ်ဗိုလ်ချုပ်ဂွန်မော်ဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအ ပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ဧပြီ ၃ရက်မှစ တင်ပြီး ရန်ကုန်မြို့သို့ရောက်ရှိနေတာဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက် ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ဆောင် ရွက်နေချိန်မှာ ကေအိုင်အေ ကလည်း ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ မပခမှ ထိပ်တန်းအရာရှိကပြောပါတယ်။ မတ်လ ကုန်ပိုင်း သန်းခေါင်စာရင်း စတင်ကောက်ခံချိန်များကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည် နယ်ရှိ သန်းခေါင်စာရင်းကောက်သူ ဝန်ထမ်းများကို KIA မှ ခြိမ်းချောက် ရန်ရှာမှုတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။

ကိုမျိုးဆွေ
Shan News
သန်းခေါင်စာရင်း ကောက် ယူရာတွင် စာရင်းကောက် ၀န် ထမ်းများနဲ့ ကျာင်းဆရာ/ ဆရာမ များအား KIA မှခြိမ်း ခြောက်မှုများရှိနေတဲ့ အတွက် မြန်မာ့တပ်မတော်စစ်ကြောင်း များမှ လုံခြုံရေးဆောင်ရွက်ပေးနေ စဉ် မြန်မာစစ်တပ် ဒုတပ်ရင်းမှူးတစ်ဦးကို KIA မှ ချောင်းမြောင်း ပစ်ခတ် ခဲ့ကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က KIA ထိန်းချုပ်သည့် နယ်မြေ မဟုတ်သော ဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူနေသည့် ဝန်ထမ်းများကို လုံခြုံရေးယူပေးသော မြန်မာစစ်တပ် ခမရ(၅၆၇) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူုးမျိုးညွန့်စိုး ၏ ကားအား KIA မှ ချောင်းမြောင်းပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိခဲ့ပြီးနောက်

လိမ်ညာသွားတဲ့ ရည်းစားဟောင်းကို အကောင်းဆုံး ဂလဲ့စားချေပြမယ်လို့ဆိုတဲ့

လိမ်ညာသွားတဲ့ ရည်းစားဟောင်းကို အကောင်းဆုံး ဂလဲ့စားချေပြမယ်လို့ဆိုတဲ့ 
Monday, April 7, 2014

အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ် Kate Upton ကတော့ ကိုယ့်ကိုညာသွားတဲ့ ရည်းစားဟောင်းကို ဂလဲ့စားချေမယ်ဆိုရင် သူ့ကိုလျစ်လျူရှုပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းဟာ အကောင်းဆုံး လက်စားချေနည်းပဲလို့ ဖွင့်ဟသွားပါတယ်။ သူမက ‘ကိုယ့်ဘ၀နဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြီး သူ့အတွက် တစ်စက္ကန့်လောက်တောင် အချိန်မပေးဘဲ နေ့စဉ်ဘ၀တွေကို ဖြတ်သန်းခြင်းဟာ ကိုယ့်ကိုညာသွားတဲ့ ရည်းစားဟောင်းအတွက် အကောင်းဆုံးဂလဲ့စားချေနည်းပါပဲ’တဲ့။

The Other Woman ရဲ့ စတားဖြစ်တဲ့ Kate Upton ဟာ သူမ ပေါ်ပြူလာဖြစ်တယ်၊ မဖြစ်ဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ‘ကျွန်မကတော့ ကျွန်မတတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားသွားမှာဖြစ်တဲ့အတွက် ဒီကျော်ကြားမှုတွေက ကျွန်မကို ဖိအားမပေးပါဘူး။ ကိုယ်ကြိုးစားနိုင်သလောက် ကြိုးစားသွားမယ်။ ကိုယ်လုပ်နိုင်သလောက်ပေါ့’လို့လည်း ဆိုသွားပါတယ်။

Kate နဲ့အတူတူ တွဲဖက်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ Cameron Diaz ကလည်း ကျော်ကြားမှုဆိုတဲ့အရာအပေါ် Kate နဲ့ တူညီတဲ့ အမြင်မျိုးရှိနေပါတယ်။ သူတို့ဟာ တစ်ခြားသူတို့နဲ့ ကွဲပြားခြားနားနေတယ်လို့ မမြင်မိဘဲ ကိုယ်လုပ်ရမယ့်အလုပ်ကို အာရုံစိုက်ပြီး ကိုယ့်ကိုယ်ကိုယ်သာ စောင့်ကြည့်နေသူတွေ အဖြစ်နဲ့ ရပ်တည်နေကြပါတယ်။ ဒါကို Cameron Diaz က ‘ကိစ္စရပ်တွေ၊ အကြောင်းအရာတွေ အများကြီးအတွက်တော့ ကိုယ့်ကိုယ်ကိုယ် စိတ်ပူမနေအားပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်။ တစ်နေ့တာ လိုအပ်ချက်တွေ၊ လုပ်ဆောင်ရမယ့်အရာတွေကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အာရုံထားရမယ်။ ဒါဆို အခြားဘယ်အရာတွေကိုများ စိတ်ပူဖို့လိုနေသေးလို့လဲ။ ဘ၀ကြီးက အေးအေးဆေးဆေး သာသာယာယာပါပဲ’လို့  Star မဂ္ဂဇင်းမှာ ပြောသွားပါတယ်။

Trend Myanmar
အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ် Kate Upton ကတော့ ကိုယ့်ကိုညာသွားတဲ့ ရည်းစားဟောင်းကို ဂလဲ့စားချေမယ်ဆိုရင် သူ့ကိုလျစ်လျူရှုပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းဟာ အကောင်းဆုံး လက်စားချေနည်း ပဲလို့ ဖွင့်ဟသွားပါတယ်။ သူမက ‘ကိုယ့်ဘ၀နဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြီး သူ့အတွက် တစ်စက္ကန့်လောက်တောင် အချိန်မပေးဘဲ နေ့စဉ်ဘ၀တွေကို ဖြတ်သန်းခြင်းဟာ ကိုယ့်ကိုညာသွားတဲ့ ရည်းစားဟောင်းအတွက် အကောင်းဆုံးဂလဲ့စားချေနည်းပါပဲ’တဲ့။

KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် နေရပ်ပြန် မှော်သူ မှော်သားများ အဆမတန်များပြား


KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် နေရပ်ပြန် မှော်သူ မှော်သားများ အဆမတန်များပြား

ဧပြီလ ၇ ရက် ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်အပါအ၀င် မှော်အသီး သီး၌ အလုပ် လုပ်ကိုင်နေကြသော မှော်သူမှော်သားများသည် KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် ဧပြီ ၄ ရက်နေ့မှစ၍ သက်ဆိုင်ရာ နေရပ်များသို့ ပြန်နေကြရကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။
“ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဒီမြို့ပေါ်ကို မှော်ထဲကလူတွေ ပြန်ဝင်လာကြတာပဲ ၊ တော်တော်များ တယ်၊ အခုထက်ထိ ၀င်လာ နေကြတုန်းပဲ ” ဟု တနိုင်းမြို့ခံ တစ်ဦးက ပြောသည်။

ပယင်းမှော်နှင့် အနီးတစ်ဝိုက်ရှိ ညောင်ပင်ကုန်းမှော်၊ ပိန္နဲကုန်းမှော်၊ ချမ်းသာ ကုန်းမှော်၊ ဇီးဖြူကုန်းမှော်၊ နဂါးအိုင် မှော်တို့၌ နေထိုင်လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ တိုက်ပွဲများဖြစ်လာတော့မည်ဖြစ်၍ အသက်အန္တရာယ်ကို တာဝန် မယူနိုင်ကြောင်းနှင့် မှော်များမှ ချက်ချင်းထွက်သွားရန်၊ မသွားပါက KIA အဖွဲ့ထဲဝင်ရမည်ဟု ပြောဆိုမှု ကြောင့် အဆိုပါမှော်များမှ ပြန်လာကြရခြင်း ဖြစ်ကြောင်း တနိုင်းမြို့သို့ ရောက်ရှိလာသော မှော်ကျင်းသားတစ်ဦး က ပြောကြားသွားသည်။

“ လုပ်လက်စ အလုပ်တွေ ဆက်မလုပ်ရတော့ ပစ္စည်းတွေလည်း ဒီအတိုင်း ထားခဲ့ရတယ်၊ မပြန်ရင်လည်း KIA ကခေါ်သွားမှာဆိုတော့ ပြန်ခဲ့ရတာပေါ့၊ အခု မန္တလေးကို ပြန်ကြမှာပါ၊ မိသားစုလိုက်ဆိုတော့ လမ်းစရိတ်က တော် တော်ကုန်မှာ၊ ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်လာရင် အသက်အန္တရာယ်ရှိ တာကြောင့် ပြန်ဖို့ဆုံးဖြတ်ခဲ့ကြ တာပါ” ဟု မန္တလေးဘက်မှ လာရောက်လုပ် ကိုင်သော မအေးမြင့် ကဆိုသည်။

ဧပြီလ ၄ ရက်နေ့မှစ၍ တနိုင်းမြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာသော မှော်သူမှော်သားများမှာ ယနေ့အချိန်ထိ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ပြီး စုစုပေါင်း အင်အား (၅၀၀၀) ကျော်ခန့် ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ ကားတွေနဲ့ရော ဆိုင်ကယ်တွေနဲ့ပါ ပြန်နေကြတာတွေ့တယ်၊ မြို့ထဲမှာ အဲဒီလို ရုတ်ရုတ်သဲသဲဖြစ်ရင် စိုးရိမ်ရ ပါတယ်၊ KIA က အတင်းမှောင်း ထုတ်လို့ ပြန်လာကြရတာဆိုတော့ မကြာခင် တိုက်ပွဲတွေ ပြန်ဖြစ်တော့မယ် ဆိုပြီး ပြောနေကြပါတယ်၊ ဒီနယ်မြေဒေသတွေကတော့ ဘယ်တော့များမှ ငြိမ်းချမ်းမလဲ မသိပါဘူး ” ဟု မြို့ခံစီးပွားရေး လုပ်ငန်းရှင် ကိုဂျွန်နော်ဆိုင်း ကပြောသည်။

တနိုင်းမြို့သို့ ရောက်ရှိလာသော မှော်သူမှော်သားများသည် တနိုင်း - မြစ်ကြီးနားလမ်းနှင့် အင်ဂါးဂါး - နန်ဗျူ - ကောင်းရာလမ်းအတိုင်း နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာနေကြကြောင်း သိရှိရပါသည်။

မနောသစ်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်အပါအ၀င် မှော်အသီး သီး၌ အလုပ် လုပ်ကိုင်နေ ကြသော မှော်သူမှော်သားများသည် KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် ဧပြီ ၄ ရက်နေ့မှစ၍ သက်ဆိုင်ရာ နေရပ်များသို့ ပြန်နေကြရကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။
“ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဒီမြို့ပေါ်ကို မှော်ထဲကလူတွေ ပြန်ဝင်လာကြတာပဲ ၊ တော်တော်များ တယ်၊ အခုထက်ထိ ၀င်လာ နေကြတုန်းပဲ ” ဟု တနိုင်းမြို့ခံ တစ်ဦးက ပြောသည်။

ပယင်းမှော်နှင့် အနီးတစ်ဝိုက်ရှိ ညောင်ပင်ကုန်းမှော်၊ ပိန္နဲကုန်းမှော်၊ ချမ်းသာ ကုန်းမှော်၊ ဇီးဖြူကုန်းမှော်၊ နဂါးအိုင် မှော်တို့၌ နေထိုင်လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ တိုက်ပွဲများဖြစ်လာတော့မည်ဖြစ်၍

၁၅၀၀တန်ဖုန်းကဒ်ဖြင့်အာဆီယံ(၁၀)နိုင်ငံကိုပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီ


၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ (၁၀) နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ Code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း Code များမှာ...
Singapore –010065,

အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးသူ ထောင်ကိုးလကျ

Photo: အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးသူ ထောင်ကိုးလကျ 
Monday, April 7, 2014

စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးခဲ့ တာကြောင့် ထောင်ဒဏ် ၉ လကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

အသက် ၂၆နှစ်ရှိ Dominic Chia Hooi Chuan  ဆိုသူမှာ RWS မှာ အလုပ်လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပြီး အမျိုးသမီးများစွာကို ဗွီဒီယိုရိုက်ကူးမှုပေါင်း ၉ ကြိမ်နျှင့် သူနေထိုင်ရာ Elias လမ်းမှ နေအိမ်မှာရှိတဲ့  လက်ကိုင်ဖုန်းတွင်လည်း အမျိုးသမီးတစ်ဦး၏ မဖွယ်မရာ ပုံရိပ်များကို ဗွီဒီယို ရိုက်ကူးထားမှုတို့ကြောင့် ယခုလို ထောင်ဒဏ် သတ်မှတ်လိုက်ခြင်း ဖြစ်တယ်လို့  Straits Times သတင်းစာအရ သိရပါတယ်။

အဆိုပါ ဗွီဒီယိုတွေကိုတော့ RWS ၊ VivoCity နဲ့ White Sands တို့မှာ ၂၀၁၁ ခုနှစ်ကတည်းက ရိုက်ကူးထားခြင်း ဖြစ်ကြောင်း တရားရုံးမှတ်တမ်းများအရ သိရပါတယ်။

သူ့အနေနဲ့ ကြည့်ကောင်းတယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ပြီဆိုရင် ထိုအမျိုးသမီးနောက်ကို သူမ စက်လှေကား (escalator) ပေါ်တဲ့အထိ  တောက်လျှောက်လိုက်ပါတယ်။ သူမ escalator ပေါ်တက်ပြီ ဆိုတာနဲ့ သူ့ဖုန်းကို ပေါင်နားမှာထားပြီး အရှေ့က တက်သွားတဲ့ အမျိုးသမီးရဲ့ စကပ်အတွင်းပိုင်းကို ချိန်ပြီး ရိုက်ကူးတယ်လို့ ပြောဆိုပါတယ်။

သူ့ကိုတော့ လွန်ခဲ့တဲ့နှစ် မေ ၂၃ရက်နေ့မှာ ဖမ်းမိခဲ့တာ ဖြစ်ပြီး အဲဒီအချိန် သူ့ဖုန်းထဲမှာ ၁၃နှစ်အရွယ်  ကောင်မလေးတစ်ယောက်ရဲ့ ပေါင်အတွင်းပိုင်းနဲ့ အတွင်းခံပါ မြင်ရတဲ့ ဗွီဒီယိုကို  တွေ့ရပါတယ်။

သူ့ဖုန်းနဲ့ လပ်တော့ပ်ကို စစ်ဆေးကြည့်တဲ့အခါမှာလည်း အဆိုပါ အလားတူ ဗွီဒီယိုတွေ ဓါတ်ပုံတွေကိုလည်း  တွေ့ရပါတယ်။

ref:sgstomp
World Myanmar
စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးခဲ့ တာကြောင့် ထောင်ဒဏ် ၉ လကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

အသက် ၂၆နှစ်ရှိ Dominic Chia Hooi Chuan ဆိုသူမှာ RWS မှာ အလုပ်လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပြီး အမျိုးသမီးများစွာကို ဗွီဒီယိုရိုက်ကူးမှုပေါင်း ၉ ကြိမ်နျှင့် သူနေထိုင်ရာ Elias လမ်းမှ နေအိမ်မှာရှိတဲ့ လက်ကိုင်ဖုန်းတွင်လည်း အမျိုးသမီးတစ်ဦး၏ မဖွယ်မရာ ပုံရိပ်များကို ဗွီဒီယို ရိုက်ကူးထားမှုတို့ကြောင့်

မြေသိမ်းခံရမှုကြောင့် မိကျောင်းကန်သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေသူများအား သက်ဆိုင်ရာမှ ကတိက၀တ်ခံ၍ ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိပါက သင်္ကြန်ကာလအတွင်းပါ ဆန္ဒပြတောင်းဆိုသွားမည်

Photo: မြေသိမ်းခံရမှုကြောင့် မိကျောင်းကန်သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေသူများအား သက်ဆိုင်ရာမှ ကတိက၀တ်ခံ၍ ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိပါက သင်္ကြန်ကာလအတွင်းပါ ဆန္ဒပြတောင်းဆိုသွားမည်
Monday, April 7, 2014

Written by: ဝေလင်းအောင်၊ အောင်ကျော်ထက်

ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် မြေအသိမ်းခံရမှုနှင့်ပတ်သက်၍ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသည့် မိချောင်းကန် ပြည်သူများအား သက်ဆိုင်ရာမှ ကတိက၀တ်ခံ၍ ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိပါက သင်္ကြန်ကာလအတွင်းပါ ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆန္ဒပြသူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်ထိ သက်ဆိုင်ရာမှ တိကျသေချာသည့် ညှိနှိုင်းဆောင်ရွက်မှု မရှိသေးသဖြင့် မြေသိမ်းခံရသူများ သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေရခြင်းဖြစ်ပြီး ဧပြီ ၅ ရက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့သို့ မြေသိမ်းခံရမှုနှင့် ၎င်းတို့၏ နစ်နာမှုများကို ပြောကြားခွင့်ရရန်အတွက် သွားရောက်ခဲ့ကြကြောင်းလည်း သိရသည်။

ယင်းသို့ သွားရောက်ခဲ့ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးမကောင်းသဖြင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိသော်သည်း ကျန်းမာရေးကောင်းသည့် အချိန်တွင် မိကျောင်းကန်သပိတ်စခန်းမှ ကော်မတီဝင်ငါးဦးနှင့် တွေ့ဆုံသွားမည်ဟု အကြောင်းပြန်ခဲ့ကြောင်း ဆန္ဒပြသူများက ဆိုသည်။

“အစိုးရပိုင်း တာဝန်ရှိသူတွေ အနေနဲ့ သင်္ကြန်မတိုင်မီ ဖြေရှင်းပေးမယ်လို့ ပြောခဲ့ဖူးတယ်။ သင်္ကြန်မရောက်မီအထိ ကျွန်တော်တို့အနေနဲ့ စောင့်မျှော်ရမှာပေါ့။ လာရောက် ဖြေရှင်းပေးမှု မရှိခဲ့ရင်တော့ သင်္ကြန်တွင်းလည်း ဆန္ဒထုတ်ဖော်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ဆီးဂိမ်းစ်ကာလတုန်းက သပိတ်စခန်းဖွင့် ဆန္ဒပြတုန်းကလည်း တိုင်းပြည်ရဲ့ပုံရိပ်ကို ထိခိုက်မှာဆိုးလို့ဆိုပြီး သက်ဆိုင်ရာက တောင်းဆိုတဲ့အတွက် သပိတ်စခန်းကို ပိတ်ခဲ့တယ်။ ကျွန်တော်တို့ ပြည်သူတွေက တိုင်းပြည်အတွက် ကြည့်ခဲ့ပေမယ့် တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရတာဝန်ရှိသူတွေက ဆန္ဒပြတောင်းဆိုနေတဲ့ ပြည်သူတွေအရေးကို မကြည့်ခဲ့ပါဘူး” ဟု ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်းက ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။

ယင်းသို့ စစ်တပ်မှသိမ်းဆည်းထားသောမြေအား ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေသည့်အပြင် နေ့စဉ်ညနေပိုင်း၌ မြို့တော်ခန်းမအားပတ်၍ ကျောက်တံတားမြို့အတွင်း ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

သပိတ်စခန်းဖွင့် ဆန္ဒပြသူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ ရန်ကုန်မြို့တော် ခန်းမအတွင်း ဧပြီ ၁ ရက်က တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့သော်လည်း နှစ်ဦးနှစ်ဖက် ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။
-
သိမ်းဆည်းခံမြေ ပြန်လည်ရရှိရေးအတွက် မြို့တော်ခန်းမအားပတ်၍ ဆန္ဒဖော်ထုတ်နေသည်ကို ဧပြီ ၆ ရက် ညနေပိုင်းတွင် တွေ့ရစဉ်

Eleven Media Group

Written by: ဝေလင်းအောင်၊ အောင်ကျော်ထက်

ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် မြေအသိမ်းခံရမှုနှင့်ပတ်သက်၍ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသည့် မိချောင်းကန် ပြည်သူများအား သက်ဆိုင်ရာမှ ကတိက၀တ်ခံ၍ ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိပါက သင်္ကြန်ကာလအတွင်းပါ ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆန္ဒပြသူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်ထိ သက်ဆိုင်ရာမှ တိကျသေချာသည့် ညှိနှိုင်းဆောင်ရွက်မှု မရှိသေးသဖြင့် မြေသိမ်းခံရသူများ သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေရခြင်းဖြစ်ပြီး ဧပြီ ၅ ရက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း

သောက်သုံးရေသန့်ရှားပါးမှု ကြုံတွေ့နေသည့် ယုဇနဥယျာဉ်မြို့တော်သို့ ရေသန့်ပေးဝေရန် တည်ဆောက်နေသည့် ဂါလန် ၁ ဒသမ ၅ သိန်းဆံ့ ရေလှောင်ကန် ၇၅ ရာခိုင်နှုန်းပြီးစီး

Photo: သောက်သုံးရေသန့်ရှားပါးမှု ကြုံတွေ့နေသည့် ယုဇနဥယျာဉ်မြို့တော်သို့ ရေသန့်ပေးဝေရန် တည်ဆောက်နေသည့် ဂါလန် ၁ ဒသမ ၅ သိန်းဆံ့ ရေလှောင်ကန် ၇၅ ရာခိုင်နှုန်းပြီးစီး
Monday, April 7, 2014

Written by: ဝေလင်းအောင်

သောက်သုံးရေသန့်ရှားပါးမှု ကြုံတွေ့နေရသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက် ယုဇနဥယျာဉ်မြို့တော်သို့ ရေသန့်ပေးဝေရန် တည်ဆောက်နေသည့် ဂါလန် ၁ ဒသမ ၅ သိန်းဆံ့ ရေလှောင်ကန်မှာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါရေကန်အား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်မှစ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က ဆောက်လုပ်နေခဲ့ခြင်းဖြစ်ကာ ယခုလအတွင်း အလုံးစုံပြီးစီးရန် ဆောင်ရွက်နေကြောင်း သိရသည်။

“လက်ရှိ ရေကန်ဆောက်လုပ်မှု အပိုင်းကတော့ ပြီးသလောက်နီးပါး ဖြစ်နေပါပြီ။ ရပ်ကွက်အတွင်း ရေပိုက်တပ်ဆင်ဖို့အတွက်ပဲ ကျန်တော့တယ်။ ရေပိုက်တပ်ဆင်တာကိုတော့ ယုဇနကုမ္ပဏီက ဆောင်ရွက်သွားမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ဌာနခွဲမှူး ဦးဇော်မင်းက ပြောကြားခဲ့သည်။

ရပ်ကွက်အတွင်း ရေသန့်ပေးဝေရန်အတွက် ရေတွန်းစက် ငါးစုံဖြင့် တစ်ရက်လျှင် ရေဂါလန် ၁ ဒသမ ၄ သန်း ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

“ရေသန့်အတွက် တစ်ရက်ကို ၁၅၀၀ လောက်ကုန်တယ်။ မရှိတဲ့သူတွေအတွက်က ရေအတွက်နဲ့တင် အရမ်းကို အကုန်ကျများတယ်။ အခုရနေတဲ့ရေက သုံးလို့မရဘူး။ ရေချိုးမယ်ဆိုရင် ရေကို နှစ်ညလောက် အနည်ကျအောင်ထားပြီး သုံးရတယ်။ ရေက ဆပ်ပြာအမြှုပ်တောင် မထွက်ပါဘူး။ ရေကန်ပြီးသွားရင်တော့ အဆင်ပြေမယ်လို့ ထင်မိပါတယ်” ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
-
ယုဇနဥယျာဉ်မြို့တော်သို့ ရေသန့်ပေးဝေရန် တည်ဆောက်နေသည့် ရေလှောင်ကန်ကို ဧပြီ ၆ ရက်က တွေ့ရစဉ်

Eleven Media Group

Written by: ဝေလင်းအောင်

သောက်သုံးရေသန့်ရှားပါးမှု ကြုံတွေ့နေရသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက် ယုဇနဥယျာဉ်မြို့တော်သို့ ရေသန့်ပေးဝေရန် တည်ဆောက်နေသည့် ဂါလန် ၁ ဒသမ ၅ သိန်းဆံ့ ရေလှောင် ကန်မှာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါရေကန်အား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်မှစ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က ဆောက်လုပ်နေခဲ့ခြင်းဖြစ်ကာ ယခုလအတွင်း အလုံးစုံပြီး

ဂျရတ်၏ ပင်နယ်တီ သွင်းဂိုးများဖြင့် ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့သည့် လီဗာပူးလ်

Photo: ဂျရတ်၏ ပင်နယ်တီ သွင်းဂိုးများဖြင့် ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့သည့် လီဗာပူးလ်
Monday, April 7, 2014

ပရီးမီးယားလိဂ် ပွဲစဉ် (၃၃) ဝက်စ်ဟမ်းနှင့် လီဗာပူးလ် ပွဲစဉ်တွင် ဧည့်သည် လီဗာပူးလ် အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ဝက်စ်ဟမ်းတွင် အေဒရီယန်၊ ရိဒ်၊ နိုလန်၊ တွမ်ကင်စ်၊ အာမီရို၊ ကာရိုးလ်၊ တေလာ၊ နိုဘယ်လ်၊ ဒီမယ်လ်၊ ဒီယာမီ၊ ဒေါင်းနင်းတို့ ပါဝင်ကစားခဲ့သည်။

လီဗာပူးလ်တွင် မစ်ဂ်နိုလတ်၊ ဂျွန်ဆန်၊ ဖလာနာဂန်၊ ဆာခို၊ စကာတယ်လ်၊ ဂျရတ်၊ ဟန်ဒါဆန်၊ ကော်တင်ဟို၊ စတာလင်၊ ဆွာရက်ဇ်၊ စတားရစ်ခ်ျတို့ ပွဲထွက်ပါဝင်ခဲ့သည်။

Soccer Myanmar

ပရီးမီးယားလိဂ် ပွဲစဉ် (၃၃) ဝက်စ်ဟမ်းနှင့် လီဗာပူးလ် ပွဲစဉ်တွင် ဧည့်သည် လီဗာပူးလ် အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
ဝက်စ်ဟမ်းတွင် အေဒရီယန်၊ ရိဒ်၊ နိုလန်၊ တွမ်ကင်စ်၊ အာမီရို၊ ကာရိုးလ်၊ တေလာ၊ နိုဘယ်လ်၊ ဒီမယ်လ်၊ ဒီယာမီ၊ ဒေါင်းနင်းတို့ ပါဝင်ကစားခဲ့သည်။

အဲဗာတန်ကို ဂိုးပြတ်ရှုံးလို့ အာဆင်နယ်၏ ချန်ပီယံလိဂ် မျှော်လင့်ချက် ဖိအားများလာခဲ့

Photo: အဲဗာတန်ကို ဂိုးပြတ်ရှုံးလို့ အာဆင်နယ်၏ ချန်ပီယံလိဂ် မျှော်လင့်ချက် ဖိအားများလာခဲ့
Monday, April 7, 2014

ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အမှတ်ကွာဟမှု ကျဉ်းမြောင်းနေတဲ့ အဲဗာတန်နဲ့ အာဆင်နယ်တို့ ပွဲစဉ်ကို အာစင်ဝင်းဂါးက ခြောက်မှတ်တန် ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ ပွဲမကစားမီ ကင်ပွန်းတပ်ခဲ့ပါတယ်။ အခုပွဲမှာ အဲဗာတန်က ကစားကွက် အချိတ်အဆက် မိခဲ့သလို တိုက်စစ်ထိုးဖောက်မှုတွေကလည်း ထိရောက်ခဲ့ပါတယ်။

အထူးသဖြင့် ပထမပိုင်း မိနစ်(၃၀)အတွင်း လေတန်ဘိန်းစ်ရဲ့ ဘယ်တောင်ပံ တိုက်စစ်ပံ့ပိုးမှုက အာဆင်နယ်ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီး ပွဲချိန် ၁၄မိနစ်မှာ လေတန်ဘိန်းစ်ရဲ့ ဖြတ်တင်ဘောကတစ်ဆင့် လူကာကူ ကန်သွင်းရာမှာ ရှက်ဇီနီရဲ့ ခြေထောက်နဲ့ထိပြီး ပြန်ထွက်လာခဲ့ပေမယ့် အသင့်ရှိနေတဲ့ နေးလ်စမစ်က အသာအယာ ပိတ်သွင်းပြီး အဲဗာတန်အတွက် အဖွင့်ဂိုး ရယူပေးခဲ့တာပါ။

ဒါ့အပြင် ပွဲချိန် (၃၄)မိနစ်မှာလည်း လူကာကူက တစ်ကိုယ်တော် အစွမ်းနဲ့ အာဆင်နယ် ခံစစ်ကြောင်းကို ထိုးဖောက်ပြီး ကန်သွင်းရာမှာ ရှက်ဇီနီ မကာကွယ်နိုင်ခဲ့လို့ အဲဗာတန် ဒုတိယဂိုး ရခဲ့ပါတယ်။ ပွဲချိန် (၆၁)မိနစ်မှာ မီယာလက်စ်ကို အာတီတာ လျှောထိုးဖျက်ရာကနေ ထိပြီး ဂိုးဝင်သွားခဲ့လို့ ဂွတ်ဒီဆင်ပါ့ခ်မှာ အာဆင်နယ် (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

အဲဗာတန်ဟာ ပွဲကျန်တစ်ပွဲ ကစားဖို့ ကျန်နေချိန်မှာ အာဆင်နယ်ထက် တစ်မှတ်ပဲ လျော့နည်းနေလို့ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ဖိအားများလာခဲ့ရပါတယ်။ အဲဗာတန်ဟာ (၁၉၈၇)ခုနှစ် ဇန်န၀ါရီနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ပွဲစဉ်(၄)ပွဲဆက် (၃)ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့ပါတယ်။

@z (ရိုးရာလေး)
ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အမှတ်ကွာဟမှု ကျဉ်းမြောင်းနေတဲ့ အဲဗာတန်နဲ့ အာဆင်နယ်တို့ ပွဲစဉ်ကို အာစင်ဝင်းဂါးက ခြောက်မှတ်တန် ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ ပွဲမကစားမီ ကင်ပွန်းတပ်ခဲ့ပါတယ်။ အခုပွဲမှာ အဲဗာတန်က ကစားကွက် အချိတ်အဆက် မိခဲ့သလို တိုက်စစ်ထိုးဖောက်မှုတွေကလည်း ထိရောက်ခဲ့ ပါတယ်။

အထူးသဖြင့် ပထမပိုင်း မိနစ်(၃၀)အတွင်း လေတန်ဘိန်းစ်ရဲ့ ဘယ်တောင်ပံ တိုက်စစ်ပံ့ပိုးမှုက အာဆင်နယ်ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီး ပွဲချိန် ၁၄မိနစ်မှာ လေတန်ဘိန်းစ်ရဲ့ ဖြတ်တင်ဘောက တစ်ဆင့် လူကာကူ ကန်သွင်းရာမှာ ရှက်ဇီနီရဲ့ ခြေထောက်နဲ့ထိပြီး ပြန်ထွက်လာခဲ့ပေမယ့်

ပည်တွင်းစစ်ရပ်စဲရေးကို လက်ရှိကာလတွင် မလုပ်ဆောင်နိုင်ပါက အနာဂတ်တွင် ပိုမိုခက်ခဲသွားမည်ဟု NCCT အဖွဲ့ခေါင်းဆောင် ပြောကြား

Photo: ပည်တွင်းစစ်ရပ်စဲရေးကို လက်ရှိကာလတွင် မလုပ်ဆောင်နိုင်ပါက အနာဂတ်တွင် ပိုမိုခက်ခဲသွားမည်ဟု NCCT အဖွဲ့ခေါင်းဆောင် ပြောကြား
Monday, April 7, 2014

နှစ်ပေါင်းများစွာ ကြာရှည်စွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ရပ်စဲရေးကို လက်ရှိကာလတွင် မလုပ်ဆောင်နိုင်ပါက အနာဂတ်တွင် ပိုမိုခက်ခဲသွားမည်ဟု ဧပြီ ၅ ရက်တွင် စတင်ပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲ၌ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ပြန်သုံးသပ်ပါက ယခင်ဖြေရှင်းမှုများတွင် လက်နက်ဖြုတ်သိမ်းရေးနည်းလမ်း လက်နက်ကိုင်အင်အားစုအားလုံး ကုန်သွားရေးနည်းလမ်းများကို နှစ်ဖက်လုံးမှ သုံးစွဲခဲ့ကြောင်း၊ လက်နက်ကိုင်တော်လှန် ပုန်ကန်မှုများ မည်သည့်အတွက်ကြောင့် ဖြစ်လာသည်ဆိုသည်ကို နိုင်ငံရေးအရ နည်းလမ်းရှာပြီး ဖြေရှင်းရမည့် အခြေခံကို မစဉ်းစားခဲ့ကြောင်း ထို့ကြောင့် လက်နက်ကိုင်အဖွဲ့ အချို့အား လက်နက်ဖြုတ်သိမ်း နိုင်ခဲ့သော်လည်း ထပ်မံပေါ်ပေါက်လာကြောင်း၊ ထိုသို့ ဖြေရှင်းနည်းသည် မပြေလည်နိုင်သည့်အတွက် အဓိကဖြစ်သည့် နိုင်ငံရေးအရ၊ စစ်ဘက်ရေးရာအရ အားလုံးပြေလည်မယ့် နည်းလမ်း ရှာဖွေရန် အစပြုနေခြင်းသည် များစွာကောင်းမွန်သည်ဟုမြင်ကြောင်း ဦးနိုင်ဟံသာက ပြောကြားသည်။

“အခု သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရခေတ်မှာမှ အခုလို ပြောင်းလဲလာတာ ဖြစ်ပါတယ်။ အခု အဲဒီလိုပြောင်းလဲမှု ဖြစ်ပေါ်လာတဲ့ ကာလမျိုးမှာဆိုရင် ကျွန်တော်တို့က အခုဒီမှာဒီလို နည်းလမ်းရှာတဲ့အခါမှာ အရင်ကာလရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေက ကျွန်တော်တို့ကြားမှာ မယုံကြည်မှုတွေ တော်တော်လေးများများ ရှိနေပါတယ်။ သံသယတွေ အတော်များများ ရှိနေပါတယ်။ ဒါက အရင်က မှားယွင်းတဲ့ကိုင်တွယ်မှု၊ ဖြေရှင်းမှုကြောင့်ပါပဲ။ ဒီလိုဖြစ်လာတဲ့ အပေါ်မှာ ကျွန်တော်တို့ကတော့ ဒါကိုနားလည်ပြီးတော့ စိတ်ရှည်ရှည်နဲ့ သည်းခံမှုရှိရှိနဲ့ ကျွန်တော်တို့က ဖြတ်ကျော်သွားမယ်” ဟု ပြောကြားသည်။

“ပြည်တွင်းစစ် ချုပ်ငြိမ်းပြီးတော့ ကျွန်တော်တို့နိုင်ငံ အေးချမ်းဖို့အတွက် နည်းလမ်းရှာဖို့ဆိုတဲ့ နေရာမှာ ကျွန်တော်တို့မှာ တာဝန်ကြီးကြီးမားမား ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ခေတ်မှာရော၊ ကျွန်တော်တို့ရဲ့ သားမြေးမြစ်ခေတ်မှာပါ ကျွန်တော်တို့နိုင်ငံကို တိုးတက်ဖွံ့ဖြိုးအောင် ကျွန်တော်တို့အားလုံး ကြိုးစားဖို့ တာဝန်ရှိတယ်။ ကျွန်တော်တို့ ကြိုးစားသွားကြပါစို့လို့လည်း တစ်ဖက်က ပန်ကြားလိုပါတယ်” ဟု ဦးနိုင်ဟံသာက ပြောကြားသည်။

ဦးနိုင်ဟံသာ၏ ပြောကြားမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က “ကျွန်တော်တို့တစ်တွေ ပြည်တွင်းစစ်ရဲ့ ဒဏ်ရာဒဏ်ချက်များကို အများကြီး ခံစားခဲ့ပြီး ဖြစ်ပါတယ်။ ခုနတုန်းက ဥက္ကဋ္ဌကြီး ဦးနိုင်ဟံသာလည်း အများကြီး ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ပြောကြားချက်များ အားလုံးကို ကျွန်တော်အလေးအနက် ထောက်ခံပါတယ်။ အဲဒီတော့ ကျွန်တော်တို့တစ်တွေ ဒီဒဏ်ရာဒဏ်ချက်တွေကို ကုစားကြရတော့မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

ရန်ကုန်မြို့တွင် ဧပြီ ၅ ရက်က စတင်ပြုလုပ်သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
နှစ်ပေါင်းများစွာ ကြာရှည်စွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ရပ်စဲရေးကို လက်ရှိကာလတွင် မလုပ်ဆောင်နိုင် ပါက အနာဂတ်တွင် ပိုမိုခက်ခဲသွားမည်ဟု ဧပြီ ၅ ရက်တွင် စတင်ပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲ၌ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ပြန်သုံးသပ်ပါက ယခင်ဖြေရှင်းမှုများတွင် လက်နက်ဖြုတ်သိမ်းရေး နည်းလမ်း လက်နက်ကိုင်အင်အားစုအားလုံး ကုန်သွားရေးနည်းလမ်းများကို နှစ်ဖက်လုံးမှ သုံးစွဲခဲ့ကြောင်း၊ လက်နက်ကိုင်တော်လှန် ပုန်ကန်မှုများ မည်သည့်အတွက်ကြောင့် ဖြစ်လာသည်ဆိုသည်ကို နိုင်ငံရေးအရ နည်းလမ်းရှာပြီး ဖြေရှင်းရမည့် အခြေခံကို မစဉ်းစားခဲ့ကြောင်း ထို့ကြောင့် လက်နက်ကိုင်အဖွဲ့ အချို့အား

မိုးဦး၊ လေဦးကာလ သတိပေးနှိုးဆော်ချက်

(က) မြန်မာနိုင်ငံအရပ်ရပ်တွင် အနောက်တောင်မုတ်သုံရာသီ မကျရောက်မီ မိုးဦး၊ လေဦးကာလ အတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ မွန်းလွဲ၊ ညနေပိုင်း တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီးအဆိုပါ မိုးတိမ်တောင် များရွေ့ လျား ရာ နေရာတစ်လျှောက်တွင်လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များဖြစ်ပေါ်နိုင် ပါသည်။ လေပြင်း တိုက်ခတ်စဉ် မြေပြင်/ရေပြင်လေ သည် တစ်နာရီ လျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။

ကချင်ပြည်နယ် တနိုင်းပယင်းမှော်ဒေသတွင် တပ်မတော်နှင့် ကေအိုင်အေတို့ နီးကပ်စွာတည်ရှိနေပြီး လုံခြုံရေး အခြေအနေကြောင့် ရွှေ့ပြောင်းလုပ်သား သောင်းချီပြီး တနိုင်းမြို့ပေါ်တွင် ခိုလှုံ

Photo: ကချင်ပြည်နယ် တနိုင်းပယင်းမှော်ဒေသတွင် တပ်မတော်နှင့် ကေအိုင်အေတို့ နီးကပ်စွာတည်ရှိနေပြီး လုံခြုံရေး အခြေအနေကြောင့် ရွှေ့ပြောင်းလုပ်သား သောင်းချီပြီး တနိုင်းမြို့ပေါ်တွင် ခိုလှုံ
Monday, April 7, 2014

ကချင်ပြည်နယ် တနိုင်းပယင်းမှော်ဒေသတွင် တပ်မတော်နှင့် ကေအိုင်အေတို့ နီးကပ်စွာတည်ရှိနေပြီး လုံခြုံရေး အခြေအနေကြောင့် ရွှေ့ပြောင်းလုပ်သား သောင်းချီပြီး တနိုင်းမြို့ပေါ်တွင် ခိုလှုံနေကြောင်း သတင်းရရှိသည်။ ယင်းယင်းမှော်ဒေသကို လွန်ခဲ့သော ဧပြီလဆန်းမှ စတင်ကာ တပ်မဟာ(၆၆) နှင့် တပ်မဟာ (၈၆) မှ တပ်အင်အား ၂၀၀ မှ ၅၀၀ အတွင်းရှိသော အင်အားဖြင့် ၀င်ရောက်ခဲ့ပြီး ပယင်းမှော် ၀င်ပေါက်ဖြစ်သည့် ညောင်ပင်ပယင်းမှော်တွင် တည်ရှိနေကာ ကေအိုင်အေလက်နက်ကိုင် အဖွဲ့များမှာ ဘေးပတ်ဝန်းကျင်ရှိ ပယင်းမှော်များတွင် ရှိနေကာ ယခုကဲ့သို့ တင်းမာမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းမှော်များတွင်ရှိသော လုပ်သားများမှာ ဧပြီ ၄ ရက်မှစတင်ကာ နေ့စဉ်ထောင်နှင့်ချီပြီး တနိုင်းမြို့ပေါ်သို့ တိမ်းရှောင်နေပြီး ဧပြီ ၅ ရက်နှင့် ၆ ရက်များတွင် သောင်းဂဏန်းအထိ ရှိနေကြောင်း အလှူပေးနေသည့် ဒေသခံများက ပြောကြားသည်။

ယင်းကဲ့သို့ လတ်တလော တိမ်းရှောင်နေသူများအား လိုက်လံကူညီနေသူ NLD ပါတီခေါင်းဆောင်တစ်ဦး ဖြစ်သူက “မှော်ထဲက လူတွေအားလုံး ထွက်နေပါပြီ။ အုပ်ချုပ်ရေး စာရင်းဟောင်းတွေအရ လူဦးရေ သုံးသိန်းကျော်ရှိတယ်လို့ သိရပါတယ်။ တနိုင်းက တည်းခိုခန်း၊ လမ်းဘေးဆိုင်၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘောလုံးကွင်း အားလုံးလောက် ပြည့်နေပါပြီ။ နယ်ဝေးကလာပြီး စရိတ်ပြတ်တဲ့ သူတွေကို ကျွန်တော်တို့စုပေါင်းပြီး ကူညီနေပါတယ်။ ကားခလည်း တစ်သောင်းခွဲကနေ သုံးသောင်းအထိ တက်သွားတာလည်း စိတ်မကောင်းစရာပါ” ဟု The Daily Eleven သို့ ပြောကြားသည်။

ပယင်းမှော်အတွင်းလူများ ယခုကဲ့သို့ ရှောင်တိမ်းကြခြင်းမှာ မတ်လတွင် ပထမအကြိမ်ဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

မြစ်ကြီးနား-တနိုင်း ယာဉ်လိုင်းဖြင့် လိုက်ပါရန် ပြင်ဆင်နေသည့် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
ကချင်ပြည်နယ် တနိုင်းပယင်းမှော်ဒေသတွင် တပ်မတော်နှင့် ကေအိုင်အေတို့ နီးကပ်စွာတည်ရှိနေပြီး လုံခြုံရေး အခြေအနေကြောင့် ရွှေ့ပြောင်းလုပ်သား သောင်းချီပြီး တနိုင်းမြို့ပေါ်တွင် ခိုလှုံနေကြောင်း သတင်းရရှိသည်။ ယင်းယင်းမှော်ဒေသကို လွန်ခဲ့သော ဧပြီလဆန်းမှ စတင်ကာ တပ်မဟာ(၆၆) နှင့် တပ်မဟာ (၈၆) မှ တပ်အင်အား ၂၀၀ မှ ၅၀၀ အတွင်းရှိသော အင်အားဖြင့် ၀င်ရောက်ခဲ့ပြီး ပယင်းမှော် ၀င်ပေါက်ဖြစ်သည့် ညောင်ပင်ပယင်းမှော်တွင် တည်ရှိနေကာ ကေအိုင်အေလက်နက်ကိုင်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးသတ်ရပ်ဆိုင်းရန် ရန်ကုန်မြို့မှ ကချင်ပြည်နယ်သို့ လမ်းလျှောက်ဆန္ဒပြသူများ မကွေးတိုင်းဒေသကြီးတွင် တားမြစ်ခံရ

Photo: ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးသတ်ရပ်ဆိုင်းရန် ရန်ကုန်မြို့မှ ကချင်ပြည်နယ်သို့ လမ်းလျှောက်ဆန္ဒပြသူများ မကွေးတိုင်းဒေသကြီးတွင် တားမြစ်ခံရ
Monday, April 7, 2014

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်ဆိုင်းရန် ရန်ကုန်မြို့မှ မြစ်ဆုံစီမံကိန်းတည်ရှိရာ ကချင်ပြည်နယ်အထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်သူများသည် မကွေးတိုင်းဒေသကြီးတွင် တားမြစ်ခြင်းခံခဲ့ရကြောင်း ဧပြီ ၆ ရက်က မကွေးမြို့သို့ ရောက်ရှိစဉ် ဆန္ဒထုတ်ဖော်သူများက ပြောကြားသည်။

ဆန္ဒဖော်ထုတ်သူများ အနေဖြင့် မကွေးတိုင်းဒေသကြီးသို့ ရောက်ရှိစဉ် ခွင့်ပြုမိန့် မပါရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက ထိုသို့လူစုခွဲကာ နောက်ကြောင်းပြန်လှည့်ရန်နှင့် ရှေ့ဆက်မသွားရန် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်သူများက ဆိုသည်။

“နိုင်ငံတော်သမ္မတကြီးနဲ့တကွ တိုင်းနဲ့ပြည်နယ်အားလုံးကို အကြောင်းကြားစာ ပေးပို့ပြီးဖြစ်ပါတယ်။ ဒါအမျိုးသားရေးပါ။ အမျိုးသားရေးမှန်း သိလျက်နဲ့ တားမြစ်တာဟာ တစ်မျိုးသားလုံးအပေါ်မှာ သစ္စာဖောက်တာပါပဲ” ဟု လမ်းလျှောက်ဆန္ဒပြရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုရဲထွဋ်ခေါင်က ပြောကြားသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ အရောက်တွင်လည်း အာဏာပိုင်များက ၀င်ရောက်ခွင့် မပြုနိုင်ကြောင်း၊ စီတန်းလှည့်လည်ခွင့် မပြုကြောင်း၊ လူစုခွဲ၍ နောက်ကြောင်းပြန်လှည့်ရန် တားမြစ်မှုများ ရှိခဲ့ကြောင်းလည်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ကိုနန္ဒက ပြောကြားသည်။

မြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်ဆိုင်းရန် လမ်းလျှောက်ဆန္ဒ ထုတ်ဖော်သူများသည် မတ် ၂၃ ရက်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်မှ စတင်ထွက်ခွာလာခဲ့ကြပြီး လမ်းတစ်လျှောက်တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပွားမှုများ မပြုလုပ်ရန် သက်ဆိုင်ရာတာဝန်ရှိသူများထံ ၀န်ခံကတိ လက်မှတ်ထိုးခဲ့ရကြောင်း သိရသည်။

Eleven Media Group
ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်ဆိုင်းရန် ရန်ကုန်မြို့မှ မြစ်ဆုံစီမံကိန်းတည်ရှိရာ ကချင်ပြည်နယ်အထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်သူများသည် မကွေးတိုင်းဒေသကြီးတွင် တားမြစ်ခြင်းခံခဲ့ရကြောင်း ဧပြီ ၆ ရက်က မကွေးမြို့သို့ ရောက်ရှိစဉ် ဆန္ဒထုတ်ဖော်သူများက ပြောကြားသည်။

ဆန္ဒဖော်ထုတ်သူများ အနေဖြင့် မကွေးတိုင်းဒေသကြီးသို့ ရောက်ရှိစဉ် ခွင့်ပြုမိန့် မပါရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက ထိုသို့လူစုခွဲကာ နောက်ကြောင်းပြန်လှည့်ရန်နှင့် ရှေ့ဆက်မသွားရန်

အပစ်ခတ်ရပ်ရေး ဆွေးနွေးပွဲ နောက်တစ်ရက် ထပ်တိုး

Photo: အပစ်ခတ်ရပ်ရေး ဆွေးနွေးပွဲ နောက်တစ်ရက် ထပ်တိုး
Monday, April 7, 2014

တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့ အတွက် မနက်ဖြန်တစ်ရက် ထပ်တိုးလိုက်ကြောင်း ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ဒီနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေ က ပြောကြားလိုက်ကြပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့ကစပြီးကျင်းပတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ ဒုတိယနေ့အပြီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုယ်စားပြုတဲ့ NCCT အဖွဲ့ကိုယ်စား လှယ် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ၂ ပဒိုစောကွယ်ထူးဝင်းက အခုလို ရှင်းပြခဲ့ပါတယ်။

"အခြေခံမူအပေါ် မူတည်ပြီးတော့ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး ရှေ့ဆက်ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့အပေါ်မှာ မူတည်တဲ့အတွက်ကြောင့် ကျနော်တို့ မနက်ဖြန်ဆက် ပြီးတော့ ဆွေးနွေးသွားမယ်လို့ ဆုံးဖြတ်ထားတယ်"

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နှစ်ဖက်သဘောတူ လက်ခံနိုင်မယ့် မူကြမ်းရရှိဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ မူကြမ်းမရသေးပေမယ့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဟာ လိုအပ်ချက်ဖြစ်ကြောင်း၊ အဲဒီကနေ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ ဖြစ်လာအောင် ကြိုးစားသွားမှာဖြစ်ကြောင်း လည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

RFA
တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့ အတွက် မနက်ဖြန်တစ်ရက် ထပ်တိုးလိုက်ကြောင်း ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ဒီနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေ က ပြောကြားလိုက်ကြ ပါတယ်။