ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လိမ္မော်ရောင်
အဆင့်ရှိ မုန်တိုင်းငယ်မှာ ရခိုင်ကမ်းရိုးတန်း ဒေသသို့ ဦးတည် ရွေ့လျားနေပြီး
ကမ်းရိုးတန်းသို့ မဝင်ရောက်မီ ၁၂ နာရီခန့် အလိုတွင် အနီရောင်အဆင့်
ထုတ်ပြန်၍ သတိပေးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက
မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကြေညာချက် ထုတ်ပြန်သည်။
“လက်ရှိမှာ ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေပေမယ့် မုန်တိုင်းလမ်းကြောင်း ဘယ်ကွေ့မလား ညာကွေ့မလား ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“လက်ရှိမှာ ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေပေမယ့် မုန်တိုင်းလမ်းကြောင်း ဘယ်ကွေ့မလား ညာကွေ့မလား ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။