Tuesday, December 22, 2015

တောင်သမန်အင်းကို အင်းစာရင်းမှ ပယ်ဖျက်ပြီး လေလံတင်ရောင်းချခြင်း ရပ်ဆိုင်းမည်

အောက်ဆီဂျင်ပြတ်လပ်နေသော တောင်သမန်အင်း-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရေးအတွက် တောင်သမန်အင်းကို အင်းစာရင်းမှပယ်ဖျက်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစတင်ကာ ငါးမွေးမြူရေး လုပ်ငန်းအတွက် လေလံတင်ရောင်းချခြင်းကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနက အမိန့် ကြော်ငြာစာ ထုတ်ပြန်သည်။
ရေချိုငါးလုပ်ငန်း ဥပဒေ လုပ်ထုံးလုပ်နည်းများကို ကျင့်သုံး ၍ မန္တလေးခရိုင်၊ အမရပူရမြို့ နယ် နတ်ရေကန်တိုက်၊ ဥယျာဉ် တော်တိုက်ရှိ ရေနေဧရိယာ ဧက ၁,၀၀၀ခန့်ရှိသော တောင်သ မန်အင်းကို အင်းစာရင်းမှ ပယ် ဖျက်လိုက်သည်ဟု ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သည်။
တောင်သမန်အင်းကို သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရန်နှင့် သဘာဝထိန်းသိမ်း ရေးကန်အဖြစ် ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် အင်းစာရင်း မှ ပယ်ဖျက်ခြင်းဖြစ်သည်ဟု ဖော် ပြထားသည်။

အမတ်လောင်းသင်တန်းများ ငွေကုန် အသံပြာ လူပန်း မဖြစ်စေဖို့

ထိပ်တန်းခရိုနီတဦးဆီက စပွန်ဆာတောင်းကျင်းပတဲ့အတွက်
ဝေဖန်သံတွေဆူညံခဲ့တဲ့ NLD အမတ်လောင်းတွေသင်တန်း အပတ်စဉ် ၁ သင်တန်းကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ သင်တန်းအမှတ်စဉ် ၃ ကစပြီးတော့ ခုလိုစပွန်ဆာမတောင်းတော့ဘဲ ပါတီပိုင်ငွေကြေးနဲ့
သင်တန်းပေးတော့မယ်လို့လည်း ကြားသိရပါတယ်။ ဒီအတွက်လည်း ၀မ်းသာရပါတယ်။ ပြည်သူ့အသံကိုနားထောင်တဲ့အတွက်ပါ။
ခုအမှတ်စဉ် ၁ သင်တန်းပြီးသွားတဲ့အခါမှာ သင်တန်းတက်ခဲ့တဲ့
အမတ်လောာင်းတွေရဲ့ ဝေဖန်အကြံပြုသံလေးတွေထွက်လာပါတယ်။ အဆင့်မြင့်ကြယ် ၅ ပွင့်ဟိုတယ်ကြီးမှာတည်းခိုစားသောက်ပြီး အဆင့်မြင့်ဟိုတယ်ခန်းမကြီးမှာ သင်ကြားရတဲ့အတွက် နေထိုင်စားသောက်မှု အားလုံးအဆင်ပြေကြပါတယ်။ အဓိက
အဆင်မပြောတာက သင်တန်းဆရာတချို့ရဲ့ သင်ကြားမှုစနစ်ပါ။ အမတ်လောင်းများရဲ့ ဝေဖန်အကြံပြုချက်တွေထဲကမှ အရေးကြီးတယ်လို့ ယူဆတဲ့အချက်တချို့ကို အကြံပြုတင်ပြချင်ပါတယ်။ ဒါမှ နောက်သင်တန်းတွေအတွက် ပြင်သင့်တယ်ထင်ပါက
အချိန်မှီပြုပြင်နိုင်ရေးအတွက်ပဲဖြစ်ပါတယ်။

မြန်မာအတွက်Euroသန်း (၇၀)EUနာက်ထပ်ထောက်ပံ့မည်

EU ဥရောပသမဂ္ဂ က မြန်မာနိုင်ငံမှာ ဆင်းရဲမှုလျှော့ချရေး၊ အစားအစာနဲ့ အဟာရဓါတ်ဖူလုံမှုရှိစေဖို့၊ တရားဥပဒေ စိုးမိုးရေး ပိုမိုကောင်းမွန်စေဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံ နီးပါးနဲ့ ညီမျှတဲ့ Euro ငွေ သန်း ၇၀ ထပ်တိုး အကူညီ ပေးမှာ ဖြစ်တဲ့ အကြောင်း၊ EU ဥရောပသမဂ္ဂက တနင်္လာနေ့ က ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကို ခေတ်မှီတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပေးနေတာဆက်လက် ပံ့ပိုးသွားမှာ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန် ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကြာ ၀င်ငွေခွန် တိမ်းရှောင်ရန်အတွက် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟုဆိုကာ ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၇ (ဂ) ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း တရားစွဲတင်နိုင်ခြင်း မရှိသေး

ဂရိတ်ဝေါလ် ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကို ၎င်းတို့ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကာလကြာ ၀င်ငွေခွန် တိမ်းရှောင်ရန်အတွက် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟု ဆိုကာ ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးက ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၇ (ဂ)ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ တရားစွဲတင်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
"အမှုဖွင့်ထားပြီး စစ်ဆေးစရာ ရှိတာတွေတော့ စစ်ဆေးထားတယ်။ ဒါပေမဲ့ တရားစွဲတင်ဖို့အတွက် ဥပဒေ အကြံပြုချက် တင်ထားတာ ပြန်ကျမလာသေးဘူး။ ဒါကြောင့် တရားစွဲ မတင်နိုင်သေးဘူး။ ဥပဒေရုံးက ပြန်ကျလာမှပဲ တရားစွဲတင်နိုင်မှာပါ"ဟု အဆိုပါ အမှုဖွင့်ထားသည့် အမှတ် (၈) ရဲစခန်းမှ စခန်းမှူးက ဆိုသည်။