Monday, December 22, 2014

အနည်းဆုံး လုပ်အားခနှုန်းထား သတ်မှတ်ချက် အလုပ်ရှင်များ အဆိုမပြုနိုင်

မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် နှုန်းထားနှင့် ပတ်သက်၍ အလုပ်ရှင်များက အဆိုပြုနိုင်ခြင်း မရှိကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်တို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အလ္လာရှင်မြတ်သာ အကြီးမြတ်ဆုံးဟု ဟစ်ကြွေးပြီး ပြင်သစ်ရဲများကို ဓားကိုင်တိုက်ခိုက်


အလာဟုအတ်ကာ (အလ္လာအရှင်မြတ်သာ အကြီးမြတ်ဆုံး) ဟု ဟစ်ကြွေးပြီး ရဲအရာရှိသုံးဦးကို ဓားဖြင့်ထိုးသူကို ပြင်သစ်ရဲများက ပစ်သတ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်အလယ်ပိုင်း တိုးမြို့အနီးရှိ ဂျို့လတ်တိုး ရဲစခန်းတွင် ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ တိုက်ခိုက်သူမှာ အခင်းဖြစ်ပွားရာ ဒေသတွင်ပင် သေဆုံးသွားကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနက်က ပြောကြားသည်။

တိုက်ခိုက်သူမှာ ဓားကိုင်တိုက်ခိုက်နေစဉ် အတွင်း “အလာဟုအတ်ကာ” ဟု ဟစ်ကြွေးခဲ့ကြောင်း ၎င်းက အတည်ပြု ပြောကြားသည်။

အကယ်ဒမီဆု ဘယ်သူတွေဆွတ်ခူးမလဲ


အနုပညာရှင်များအတွက် အောင်မြင်မှုမှတ်တိုင်အဖြစ် မှတ်ယူထားကြသော အကယ်ဒမီထူးချွန်ဆုများ ရွေးချယ်ပေးအပ်ရန် ၁၀ ရက်သာ လိုပါတော့သည်။ ၂၀၁၃ အတွင်း ရုံတင်ပြသခဲ့ကြသော ဇာတ်ကားများထဲမှ ဆန်ခါတင်ခြောက်ကားကို ရွေးချယ်ထားပြီးဖြစ်ရာ ထိုကားများထဲမှ ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ်ချီးမြှင့်သွားတော့မည်ဖြစ်သည်။ အကယ်ဒမီပေးပွဲနီးလာသည်နှင့်အမျှ ထင်ကြေးပေးခံနေရသော ကာယကံရှင်အနုပညာရှင်တို့၏ ရင်ခုန်သံများမှာလည်း ပရိသတ်များနှင့် ထပ်တူမြန်နေလေပြီ။ ယခုနှစ်တွင် အစိုးရ၀န်ကြီးဌာနကမဟုတ်ဘဲ အနုပညာရှင်၊ အတတ်ပညာရှင်များက ရွေးချယ်မည်ဖြစ်သဖြင့် အနုပညာအရည်အသွေးကို ပိုမိုမှတ်ကျောက်တင် အကဲဖြတ်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည့်အတွက် အနုပညာရှင်များရော ပရိသတ်များပါ တစ်ခုခုထူးခြားလေမလားဟု စောင့်မျှော်နေကြပါပြီ။ ထို့ကြောင့် အကယ်ဒမီဆုရရှိမည်ဟု ထင်ကြေးပေးခံရသော အနုပညာရှင်များအကြောင်းနှင့် ၎င်းတို့၏ အကယ်ဒမီစကားသံများကို ကြိုတင်ဖော်ပြပေးလိုက်ပါသည်။နေတိုး

အစိုးရ၀န်ထမ်းလစာနှင့် ပြည်သူ့အသံ

အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ အမြန်ဆုံးသတ်မှတ်ပေးရန် ဖိအားပေးမှုများရှိနေ ချိန်တွင် လွှတ်တော်အမတ်များ လစာတစ်လ ကျပ် ၁၀သိန်း တိုးမြှင့်ခံစားရန် အတည်ပြုခဲ့သည်။ မကြာမီမှာပင် အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်ရေးအသံကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာသည်။ ၀န်ထမ်းများ အခြေခံလစာ ကျပ်တစ်သိန်းခွဲနှင့် အမြင့်ဆုံး ကျပ် ဆယ့်နှစ်သိန်းထိ တိုးပေးရန် ဆွေးနွေးနေသည်ဆိုခြင်းကြောင့် ပြည်သူတို့၏ ကုန်ဈေးနှုန်းခြောက်အိပ်မက်က တစ်စတစ်စ ကြီးထွားလာပါပြီ။ ကျွဲကူးရေပါဖြစ်လာမည့် ကုန်ဈေးနှုန်းမြင့်တက်မှုက အလုပ်သမား လူတန်းစားများ အတွက်သာမက အလုပ်ရှင်များအတွက်ပါ တစ်ပူပေါ် နှစ်ပူဆင့်မည့်အနေ အထားဖြစ်သည်။

အကယ်ဒမီရွှေကြိုက နုတ်ထွက်ခဲ့ရပုံကို အောင်ထွဋ်စံရင်ဖွင့်


အကယ်ဒမီရွှေကြိုစာ ရင်းဝင် အောင်ထွဋ်စံသည် နောက်ဆုံးရွေးချယ် ခံရသူ အယောက်၂ဝထဲမှ နုတ်ထွက်လိုက် ကြောင်း ကာယကံရှင်ထံမှ သိရသည်။
အဆိုပါ နုတ်ထွက်ရခြင်းအကြောင်း နှင့်ပတ်သက်၍ ကာယကံရှင် ကိုအောင်ထွဋ်စံ က ပြောပြရာမှာ ''ကျွန်တော်ရွှေကြိုအဖြစ်က နုတ်ထွက်လိုက်ရတဲ့ အကြောင်းကတော့ ရွှေကြို ရွေးချယ်ရေးအဖွဲ့ကို 'ပစ်စာ'ရောက်တဲ့ အ ကြောင်းပါ။ ပစ်စာရဲ့အကြောင်းအရာကို အန် တီဆွေဇင် ထိုက်နဲ့တွေ့တော့မှ သိရပါတယ်။ ပစ်စာထဲမှာ ကျွန်တော်က မချိုချို(တောင်ဒဂုံ) ဆီက သိန်း ၄ဝချေးထားပါတယ်။ သက်သေ လက်မှတ်နေရာမှာ ကျွန်တော့်မိန်းမ မဂျူးဂျူး ဆိုသူက လက်မှတ်ထိုးထားတယ်။ အဲဒီငွေချေး စာရွက်ထဲက လက်မှတ်ကလဲ ကျွန်တော့်လက် မှတ်မဟုတ်ပါဘူး။ ကျွန်တော့်ကို ရွှေကြိုအဖွဲ့ က ဒီကိစ္စကို လာရှင်းလို့ ခေါ်တော့ ကျွန်တော် ရှင်းပြပါတယ်။

ခန္တီးရွှေမှော်တွင် KIA အဖွဲ့မှလက်နက်ဖြင့်ခြိမ်းခြောက်ပြီး ဆက်ကြေးငွေကောက်ခံ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ ခန္တီးရွှေမှော် အတွင်းသို့ ကချင် လွတ်မြောက်ရေးတပ်မတော် ၀င် ရောက်ပြီး ဆက်ကြေးငွေများ ကောက်ခံ သွားကြောင်း ရွှေမှော်လုပ်ကိုင်သူ လုပ်ငန်းရှင်းတစ်ဦးမှ ပြောပြသည်။

ဖြစ်စဉ်မှာ ကချင်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရှိ ခန္တီးရွှေမှော်ဝန်းကျင် တစ်ဝိုက်သို့ ဒီဇင်ဘာလ ၁၅ရက် နေ့တွင် KIA အဖွဲ့မှ အရပ်ဝတ်ဖြင့် သေနတ်များ ကိုင်ဆောင်၍ ရောက်ရှိလာပြီး (၆) လုံးထိုး အင်ဂျင်စက်များဖြင့် စက်ဆိုင်း များ လုပ်ကိုင်နေသောသူများထံမှ တစ်ဦးလျှင် ဆက်ကြေးငွေ (၂)သိန်း ပေး ရန်တောင်း ခဲ့ကြောင်း စက်ဆိုင်းပိုင်ရှင် တစ်ဦးထံမှသိရသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေးပွဲသို့ နိုင်ဟံသာနှင့် ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်မည်မဟုတ်

လာမည့် ဒီဇင် ဘာ ၂၂ ရက်တွင် ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေး နွေးပွဲသို့ နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော် စ သည့် ထိပ်သီးခေါင်းဆောင်တချို့ တက် ရောက်မည် မဟုတ်ကြောင်း နှစ်ဖက်တာဝန် ရှိသူများထံမှ သိရသည်။

နှစ်ရက်ကြာကျင်းပမည့် အစိုးရ ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက် နက်ကိုင်များ၏ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ NCCT တို့ ၏ ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယခုအစည်းအဝေး ကို NCCT အဖွဲ့ ဒုတိယခေါင်းဆောင် ဖဒို စောကွယ်ထူးဝင်းမှ ဦးဆောင်ကာ တိုင်းရင်း သားများဘက်မှ ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင် ရွှေက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြော သည်။

အနည်းဆုံးအခကြေးငွေနှုန်း ဘုံသဘောတူညီမှုရရန် အကြံပြုချက်များ တစ်လအတွင်း တင်သွင်းရမည်

အနည်းဆုံး အခကြေး ငွေနှုန်းထား ဘုံသဘောတူညီမှု ရရန် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တစ်လအတွင်း အကြံပြုချက်အဆိုတင်သွင်း ရမည်ဖြစ်ကြောင်း အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

‘‘ဇန်န၀ါရီလထဲမှာ လုပ်ငန်း ပေါင်းစုံက အလုပ်ရှင်ရော၊ အ လုပ်သမားရော ကျွန်တော်တို့ ဘယ်လိုအခြေအနေရှိလဲ အကြံ ပေးတင်ပြပါ။ တစ်လအတွင်း ဆွေးနွေးဖို့ အချိန်ရပါတယ်။ အဲဒီ အခါကျရင်  အလုပ်ရှင်ရော၊  အလုပ်သမားဘက်ကရော တက် လာမယ်။ အဲဒါပြီးရင်နောက် အ စည်းအဝေးမှာ သုံးပွင့်ဆိုင်ထပ် ဆွေးနွေးမယ်’’ဟု ၀န်ကြီးဦးအေး မြင့်က ပြောသည်။

ပြည်တွင်း ခေါ်ဆိုခအပြင် ပြည်ပခေါ်ဆိုခပါ ပြင်ဆင်မည်ဟု ဆက်သွယ်ရေးပြော

ဖုန်းခေါ်ခနှုန်းထားများ ပြင်ဆင်ရာတွင် ပြည်တွင်းခေါ်ဆိုမှုသာမက ပြည်ပခေါ်ဆိုခနှုန်းထားများကိုပါ ပြင်ဆင်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

”အားလုံးကို ပြင်ဆင်သွားမှာပါ။ နှုန်းထားတွေကတော့ ထုတ်ပြန်မှပဲ ပြောနိုင်မှာပါ။ အခုအခြေအနေ ကလည်း ဒီအတွက်ကိုပဲ ဦးစားပေးလုပ်နေပါတယ်”ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာနမှ အရာရှိတစ်ဦးက ပြောသည်။ ခေါ်ဆိုခ ပြင်ဆင်မှုအား လာမည့် ၂ဝ၁၅ ခုနှစ် နှစ်ကူးအမီ လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း တန် ဖိုးနည်းငွေဖြည့်ကတ်များကို လည်း တစ်ပါတည်း ထုတ်လုပ်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

Grand Royal ရှိုးတွင် ဝတ်စားဆင်ယင်မှုကြောင့် ဖျော်ဖြေမှု ခတ္တရပ်ဆိုင်းခဲ့ရသည့် အမွန်း

Photo: Grand Royal ရှိုးတွင် ဝတ်စားဆင်ယင်မှုကြောင့် ဖျော်ဖြေမှု ခတ္တရပ်ဆိုင်းခဲ့ရသည့် အမွန်း

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၄

ဒီဇင်ဘာ၂၀ရက် ညက မျှော်စင်ကျွန်း၌ ကျင်းပခဲ့သည့် Grand Royal ဖျော်ဖြေပွဲတွင်အဆိုတော်အမွန်း၏ဝတ်စားဆင်ယင်မှုကြောင့်၎င်း၏ ဖျော်ဖြေ မှု ခတ္တရပ်ဆိုင်းခဲ့ရသည်ဟု အဆိုတော် အမွန်းက မဇ္ဈိမကိုပြောသည်။ ”ဒီပွဲကို Grand Royal က ဖိတ်ကြားချက်နဲ့ ဆိုဖြစ်တာပါ။ အမွန်း သီချင်းဆိုနေတဲ့ အချိန်မှာ အနောက်က ပွဲစီစဉ်တဲ့သူက လာခေါ်ပြီး အ၀တ်အစားချက်ချင်းလဲခိုင်း တယ်။ ပြီးတော့ ဆင်ဆာထိထားတယ်ဆိုတဲ့ သတင်းစာကို ဖုန်းထဲကနေ ပြတယ်။ အဲလိုမျိုးတွေ အမွန်းဘာမှမသိပါဘူး။ သတင်းစာလည်း မဖတ်အားပါဘူး။ ဒီအ၀တ် အစားက သီချင်းနဲ့လိုက်ဖက်မဲ့ သရုပ်ဖော်လည်းပါတဲ့အတွက် သဘော ကျလို့ဝတ် တာပါ ။

ပေါက်စေချင်တဲ့သဘောမျိုးထွင်ပြီး ၀တ်တာလည်းမဟုတ်ပါဘူး။ အမွန်းဒီ လိုဝတ်စားဆင်ယင်တာကိုပရိသတ်ကလက်ခံခဲ့ပေမယ့်လူတစ်ချို့အမြင်မှာဆန်းကြယ်နေပြီး လက်မခံနိုင်ဖြစ်နေတယ်။ ပရိသတ်အနေနဲ့ အမွန်းကို အားပေးကြပြီး ၀တ်စားဆင်ယင်မှုအတွက် သတိတောင်မထားမိကြပါဘူး”ဟု ၎င်းက ပြော သည်။ ဒီဇင်ဘာ ၂၀ရက် ညက သီဆိုသည့် အဆိုတော်များထဲတွင် အဆိုတော် အမွန်းက ပွဲဦးထွက် သီဆိုခဲ့ခြင်း ဖြစ်ပြီး သူက သီချင်းတစ်ပုဒ် အပြီး နောက်တစ်ပုဒ် ဆိုမည့် အချိန်တွင် ပွဲစီစဉ်သူက လာရောက်ခေါ်သွားခဲ့ခြင်းဖြစ်ပြီး သူမအပြီး မကြာမီက အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ သီချင်းခွေ ထွက်ရှိထားသည့် အဆိုတော် ဇွဲပြည့်က သီဆိုခဲ့သည်။ သူ၏ သီဆိုမှု အပြီးတွင် အမွန်းက အဝတ်အစား အသစ်လဲ လှယ်ကာ ပြန်လည်ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။ 

သူမ နောက်တစ်ကြိမ် စင်ပေါ်သို့ အတက်တွင် “အမွန်းအဝတ်အစားလဲပြီး ပြန်တက် လာပါပြီ”ဟု ပရိတ်သတ်များကို အမွန်းက အသိပေးခဲ့သည်။ ယင်းဖျော်ဖြေမှုနှင့် ပတ်သက်ပြီး ၎င်းက “အမွန်းသီချင်းဆိုတဲ့ အချိန်မှာ တော်တော့် ကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်က အညာခံ လိုက်ရလို့ပါပဲ။ ဒီပွဲမှာ အမွန်း ဖျော်ဖြေမှုအတွက် သီချင်းလေးပုဒ်ကို အသေအချာအတိကျတိုက်ပြီး လုပ်ထားတာပြီး ပရိသတ်ကို ဒီလိုဖျော်မယ်ပေါ့။ ဒါပေမယ့် လက်တွေ့မှာ အမွန်းဆို ရတာ သီချင်းသုံးပုဒ်နဲ့ အဖြတ်ခံလိုက်ရပါတယ်။ အဲဒီအတွက်ကိုယ့်ကိုကိုယ်တောင် မသိလိုက်ပါဘူး။သီချင်းကရပ်သွားတော့ဆက်ဆိုရမှာလားဆိုတော့ပြီးသွားပြီလို့ပြော ပါတယ်။ နောက်ဆိုရင် အမွန်း ဖျော်ဖြေတဲ့အခါမှာ ပရိသတ်မျက်နှာကိုပဲကြည့်ပါ မယ်။

 ကျန်တာကို အမွန်း ဂရုစိုက်မှာ မဟုတ်တော့ပါဘူး။ဒီပွဲအမွန်းအတွက်သင်ခန်း စာလည်းရခဲ့ပါတယ်။ နောက်ဆို ၀တ်စားဆင်ယင်မှုအပိုင်းနဲ့ ပက်သက်ပြီး ဆင်ခြင် ပါ့မယ်ဆိုတာကို ပရိသတ်ကိုလည်း တောင်းပန်ပါတယ်။ အခုဝတ်တဲ့ ဝတ်စုံဒီဇိုင်း က ဟောလိဝုဒ်အဆိုတော်တွေ ဝတ်ဆင်မှုကို သဘောကျပြီး ၀တ်ခဲ့တာပါ”ဟု အဆိုတော်အမွန်း ကပြောသည်။ အဆိုပါဖျော်ဖြေပွဲတွင် အဆိုတော်အမွန်းသည် “ရည်းစား၊ မင်းပေးတဲ့အချစ်နှင့် ဂိုးပါနိုးပါဒိုးပါ “သီချင်းများဖြင့် သီဆိုခဲ့ခြင်းဖြစ်သည်။၎င်း၏”မင်းပေးတဲ့အချစ်” ဒီဗီဒီကို စက်တင်ဘာ၂၂ရက်တွင် ထွက်ရှိရန် ပြင်ဆင် ထားသော်လည်း” မင်း အိပ်မက်ထဲက”သီချင်းသည် အမေရိကန်နိုင်ငံလော့အိန်ဂျလိစ် ကမ်းခြေတွင်ရိုက် ကူးရာ၌ ခြေသလုံးများ ပေါ်ခဲ့ခြင်းကြောင့် ဆင်ဆာငြိခဲ့ရာ ပြန်လည်ပြင် ဆင်ပြီး အောက်တိုဘာ၃ရက်၌ ထွက်ရှိခဲ့ရသည်။ 

အဆိုတော်အမွန်းသည် Me and Ma Girl ၏ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ၂၀၁၂ အစောပိုင်းအထိ ပြည်ပ၌ ရပ်တည်ခဲ့ပြီး ၎င်းတို့အဖွဲ့၏ မင်္ဂလာပါမြန်မာဟူသည့် သီချင်းသည် ပြည်ပတွင် နာမည်ကျော်ခဲ့သည်။ ၂၀၁၂ခုနှစ် နောက်ပိုင်း အစိုးရသစ် လက်ထက်တွင် သမ္မတဦးသိန်းစိန် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်ပရောက်မြန်မာ များ ပြည်တော်ပြန်သည့်အထဲတွင် အမွန်းတို့ အဖွဲ့လည်း ပါဝင်ခဲ့သည်။

Myanmarcelebrity
ဒီဇင်ဘာ၂၀ရက် ညက မျှော်စင်ကျွန်း၌ ကျင်းပခဲ့သည့် Grand Royal ဖျော်ဖြေပွဲတွင်အဆိုတော်အမွန်း၏ ဝတ်စားဆင်ယင်မှုကြောင့်၎င်း၏ ဖျော်ဖြေ မှု ခတ္တရပ်ဆိုင်းခဲ့ရသည်ဟု အဆိုတော် အမွန်းက မဇ္ဈိမကိုပြောသည်။ ”ဒီပွဲကို Grand Royal က ဖိတ်ကြားချက်နဲ့ ဆိုဖြစ်တာပါ။ အမွန်း သီချင်းဆိုနေတဲ့ အချိန်မှာ အနောက်က ပွဲစီစဉ်တဲ့သူက လာခေါ်ပြီး အ၀တ်အစားချက်ချင်းလဲခိုင်း တယ်။ ပြီးတော့ ဆင်ဆာထိထားတယ်ဆိုတဲ့ သတင်းစာကို ဖုန်းထဲကနေ ပြတယ်။ အဲလိုမျိုးတွေ အမွန်းဘာမှမသိပါဘူး။ သတင်းစာလည်း မဖတ်အားပါဘူး။ ဒီအ၀တ် အစားက သီချင်းနဲ့လိုက်ဖက်မဲ့ သရုပ်ဖော်လည်းပါတဲ့အတွက် သဘော ကျလို့ဝတ် တာပါ ။

ကချင်ပြည်နယ်အတွင်း KIA/KIO မှ သန်းခေါင်စရင်းကောက်ယူ

ကချင်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ လူဦးရေးစာရင်းများကို KIA မှ လိုက်လံကောက်ယူနေပါသည်။ ထိုသို့ ကောက်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးများထံမှ တဆင့်ကောက် ခံခိုင်းနေပါသည်။ အုပ်ချုပ်ရေးမျးများမှာလည်း KIA ကိုကြောက် လန့်သောကြောင့် ရသမျှစာရင်းများ ကို ကောက်ယူပေးနေကြ ပါသည်။

ဥပဒေအရ ဖြေရှင်း၍ မဖြစ်နိုင်သဖြင့် လူအင်အား ၃၀၀ ငှားရမ်းကာ ကျူးကျော်တဲများကို ဖျက်ဆီးခဲ့ရဟု ၀ါဝါ၀င်းကုမ္ပဏီ တာဝန်ရှိသူ ဆို


ဥပဒေအရ ဖြေရှင်းရန် မဖြစ်နိုင်သဖြင့် လူအင်အား ၃၀၀ ငှားရမ်းကာ အနော်ရထာ စက်မှုဇုန် ၀ါဝါ၀င်းကုမ္ပဏီပိုင် မြေပေါ်ရှိ ကျူးကျော်တဲများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရသည်ဟု ၀ါဝါ၀င်းကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဒေါ်မိုးမိုးမြင့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားသည်။

ကရင်လူမျိုးများ နိုင်ငံအတွင်း အခြေချခဲ့သည်မှာ နှစ်ပေါင်း ၂၇၀၀ ကျော်ပြီဟုဆို

မြန်မာနိုင်ငံအတွင်း ကရင်လူမျိုးများရောက်ရှိ အခြေချသည်မှာ နှစ်ပေါင်း ၂၇၀၀ ကျော်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်သော ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဟောပြောပွဲ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဖဒိုစောထွန်းအောင်မြင့်က ပြောကြားသည်။

‘‘နှစ်ပေါင်း ၂၀၀၀ ကျော်၊ ၃၀၀၀ နီးပါး၊ ကရင်လူမျိုးတွေ မြန်မာပြည်မှာ လူမျိုး တစ်မျိုးအနေနဲ့ ခိုင်မာစွာဆက်လက်ရပ်တည် ရှင်သန်နေနိုင်ခြင်းမှာ ကရင်လူမျိုးများသည် မိမိတို့ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများ ခေတ်အဆက်ဆက် အမြတ်တနိုး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထား နိုင်ခြင်းကြောင့် ဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။

ရွှေညဝါဆရာတော် အရှင်ပညာသီဟအား သံဃာ့ဂုဏ်အင် ၁ဝ ပါးနှင့် မညီဟုဆိုကာ တရားဟောခွင့်ပိတ်ပင်

Photo: ရွှေညဝါဆရာတော် အရှင်ပညာသီဟအား သံဃာ့ဂုဏ်အင်
၁ဝ ပါးနှင့် မညီဟုဆိုကာ တရားဟောခွင့်ပိတ်ပင်
================================================

စိုးမြင့်နိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၂ဝ- ရွှေညဝါဆရာတော် အရှင်ပညာသီဟအား သံဃာ့ဂုဏ်အင် ၁ဝ ပါးနှင့် မညီဟုဆိုကာ ကမာရွတ်မြို့နယ် (၈) ရပ်ကွက်တွင်ပြုလုပ်မည့် တရားပွဲတွင် တရား ဟောခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

 ဒီဇင်ဘာ ၁၉ ရက်မှ ၂၄ ရက် အထိကျင်းပမည့် အဋ္ဌမအကြိမ်မြောက် ဓမ္မ ပူဇာ သဘင်အတွက် တရားပွဲကျင်းပခွင့်ကို မြို့နယ်အဆင့်မှ ခွင့်ပြုချက် ထုတ်ပြီးဖြစ် သော်လည်း ယခုလ ၁၈ ရက်တွင် ခရိုင် သာသနာရေးမှူးမှ အရှင်ပညာသီဟနှင့် အ ရှင်ခေမိန္ဒအား သံဃာ့ဂုဏ်အင် ၁ဝ ပါးနှင့် မညီဟုဆိုကာ တရားဟောခွင့် မပေးရန် အ ကြောင်းကြားလာကြောင်း သိရသည်။

 ''တရားပွဲ ခွင့်ပြုချက်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရော၊ မြို့နယ်သံဃနာယက ကရော ခွင့်ပြုချက်ပေးပြီးသားပါ။ ဒါကို တ ရားပွဲကျင်းပတဲ့ ရက်ကျမှ အရှင်ခေမိန္ဒနဲ့ ရွှေညဝါဆရာတော်ကို ခွင့်မပြုနိုင်ပါဘူးဆို ပြီး မြို့နယ်ကနေ အကြောင်းကြားတယ်'' ဟု တရားပွဲဖြစ်မြောက်ရေး ကော်မတီဝင်တစ် ဦးကပြောသည်။

 တရားပွဲခွင့်ပြုမိန့်ရရန် ဒီဇင်ဘာ လဆန်းပိုင်းက တင်ခဲ့ပြီး ရပ်ကျေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်သံဃနာယက အဖွဲ့က ၂၄ ရက်အထိ ခွင့်ပြုချက်ထုတ်ပေး ထားပြီးဖြစ်ကြောင်း သိရသည်။

 ရွှေညဝါဆရာတော် အရှင်ပညာ သီဟက ''သံဃာ့ဂုဏ်အင် ၁ဝ ပါးဆိုတာ သံဃနာယကက တစ်ဖက်သတ် ထုတ်ထား တာ။ အားလုံး သဘောတူညီချက်နဲ့ မဟုတ် ဘူး။ ငါကလဲ ဓမ္မစရိယမပြီးသေးဘူး။ နည်း နည်းကျန်နေသေးတယ်။ အဲဒီလိုပြောကြေး ဆိုရင် သံဃနာယကအဖွဲ့မှာရော ဘာမှမ ဟုတ်ဘဲ နေရာယူတဲ့ ကိုယ်တော်တွေ အများ ကြီးပဲ။ ဒါက သံဃာတော်ချင်း သွေးခွဲနေ တာ''ဟု မိန့်ကြားသည်။

|───────────Yangon Media Group ──────────|

www.facebook.com/YangonMediaGroup
www.yangonmedia.com

|───────────Yangon Media Group ──────────|
ရန်ကုန်၊ ဒီဇင်ဘာ ၂ဝ- ရွှေညဝါဆရာတော် အရှင်ပညာသီဟအား သံဃာ့ဂုဏ်အင် ၁ဝ ပါးနှင့် မညီဟုဆိုကာ ကမာရွတ်မြို့နယ် (၈) ရပ်ကွက်တွင်ပြုလုပ်မည့် တရားပွဲတွင် တရား ဟောခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

အမျိုးသားထောက်လှမ်းရေး ကဲ့သို့သော ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန်စီစဉ်

နိုင်ငံတကာမှ ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမားများ ပြည်တွင်းသို့ ဝင်ရောက်လှုပ်ရှားမှု မရှိစေရန်နှင့် အကြမ်းဖက်သမားများ၏ သတင်းအချက်အလက်များ ကြိုတင်သိရှိရန်အတွက် အမျိုးသားထောက်လှမ်းရေး အဖွဲ့နှင့် လုပ်ငန်းတူ အဖွဲ့အစည်းတစ်ခုကို ထောက်လှမ်းရေး အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ပြောကြား သည်။
အဆိုပါအဖွဲ့တွင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ သတင်းတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ နိုင်ငံတော်သမ္မတရုံးနှင့် အခြားသော ဆက်စပ်အဖွဲ့အစည်းများ ပါဝင်ကြောင်း ၎င်းကဆိုသည်။

အခြေခံပညာကဏ္ဍ၌ သူငယ်တန်းမပါ ၁၂ တန်း ပညာရေးစနစ်အား ၂၀၁၆ ခုနှစ်တွင် စတင်နိုင်ရန် လျာထားလျက်ရှိပြီး လက်ရှိပညာရေး စနစ်မှာလည်း ၁၁ တန်းနှင့် ကိုက်ညီကြောင်း သတင်းထုတ်ပြန်ရန် ရှိနေ

အခြေခံပညာကဏ္ဍ၌ သူငယ်တန်းမပါ ၁၂ တန်း ပညာရေးစနစ် (KG+12) အား ၂ဝ၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျာထားလျက်ရှိကြောင်း သိရပြီး လက်ရှိပညာရေး စနစ်မှာလည်း ၁၁ တန်းနှင့် ကိုက်ညီကြောင်း သတင်းထုတ်ပြန်ပေးသွားမည့် အစီအစဉ်များ ရှိနေသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေခံ ပညာရေးစနစ် ဖွဲ့စည်းတည်ဆောက်ပုံမှာ မူလတန်းငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်းနှစ်နှစ်ဖြင့် (၅း၎း၂) စနစ်ဖြင့်၊ အခြေခံပညာ ကဏ္ဍတွင် ၁၁ တန်း

လှိုင်သာယာ၌ ခွင့်ပြုချက်မဲ့ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ

Photo: လှိုင်သာယာ၌ ခွင့်ပြုချက်မဲ့ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၄

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့နယ် အတွင်းခွင့်ပြုချက်မဲ့ စီးနင်းမောင်းနှင်နေသော ဆိုင်ကယ်များကို ဒီဇင်ဘာ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့် ဖမ်းဆီးခဲ့ရာ ဒီဇင်ဘာ ၁၇ ရက်အထိ ဆိုင်ကယ်စီးရေ ၁ဝ၈ စီးအား ဖမ်းဆီး၍ ဥပဒေနှင့်အညီ ဆောင်ရွက်နေ သကဲ့သို့ ယာဉ်မရပ်ရ တားမြစ်ဧရိယာအတွင်း စည်းကမ်းမဲ့ရပ်တန့်ထားသည့် မော်တော်ယာဉ်များကိုလည်း ဖမ်းဆီး၍ တည်ဆဲဥပဒေ၊ ဒေသန္တရဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ

ATM ငွေထုတ်စက်များမှ ငွေလိမ်လည်ထုတ်ယူသူ နိုင်ငံခြားသား(၅)ဦးအား ဖမ်းဆီးအရေးယူ


ရန်ကုန် တိုင်းဒေသကြီး၊ မြို့နယ်အချို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ATM ငွေထုတ်စက်များတွင် နိုင်ငံခြားသားအချို့မှ ငွေထုတ်ကတ်အတု အသုံးပြု၍ ငွေများလိမ်လည်ထုတ်ယူနေကြောင်း ပြည်သူများ၏သတင်းပေးချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဘဏ်မှ တာဝန်ရှိ သူများသည် စောင့်ကြည့် ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် နိုင်ငံခြားသား(၁)ဦးမှ ငွေထုတ်ကတ် အတုဖြင့် ငွေထုတ်ယူနေစဉ် ဖမ်းဆီးရမိခဲ့ ပါသည်။

KIA (ကချင်) အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရရှိ

Photo: KIA (ကချင်) အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရရှိ

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာအုပ်စု၊ ဘွမ်ဂျာရွာနေ ဦးသိန်းဇော် (ဘ)ဦးမြင့်ဆွေ၊ ၂၄ နှစ်သည် ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီတွင် ဘွမ်ဂျာရွာ၏ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာရှိ နမ္မဖြစ်ချောင်း အတွင်း ရွှေကျင်သွားရာ ချောင်းဘေး၌ KIA (ကချင်)အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဦးသိန်းဇော်သည် ညာဘက်ခြေချင်းဝတ် ကျိုးပြီး ဘယ်ဘက်ခြေသလုံး၊ ခြေချင်းဝတ်နှင့် ညာဘက်ခြေသလုံး တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကာ ဖားကန့်ပြည်သူ့ ဆေးရုံ၌ တက်ရောက်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာအုပ်စု၊ ဘွမ်ဂျာရွာနေ ဦးသိန်းဇော် (ဘ)ဦးမြင့်ဆွေ၊ ၂၄ နှစ်သည် ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီတွင် ဘွမ်ဂျာရွာ၏ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာရှိ နမ္မဖြစ်ချောင်း အတွင်း ရွှေကျင်သွားရာ ချောင်းဘေး၌ KIA (ကချင်)အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့သည်။

MPT ဖုန်းပြောခနှင့် ၀န်ဆောင်ခများ လျှော့ချရန်ရှိ

MPTအနေဖြင့် ဖုန်းပြောခများအပါအ၀င် ၎င်းတို့၏၀န် ဆောင်ခများအားလုံးကို ဒီဇင်ဘာမကုန်မီ လျှော့ချပေးသွားရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ စီးပွားရေးဌာနမှ သတင်းရရှိသည်။

‘‘မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိပေးနေတဲ့ဝန်ဆောင်မှု အားလုံးကို ပြည်သူတွေ သက်သက် သာသာနဲ့ သုံးနိုင်မယ့် နှုန်းထား တစ်ခုအထိလျှော့ချပေးသွားမှာပါ။ ဒီဇင်ဘာမကုန်ခင်မှာ လျှော့ချသွားဖို့ စီစဉ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာနမှ ဒါရိုက်တာ ဦးစောထူးသာကပြောသည်။

၂၀၁၃ အကယ်ဒမီအတွက် ဆုရှင်များ ရွေးချယ်ပြီးပြီ

Photo: ၂၀၁၃ အကယ်ဒမီအတွက် ဆုရှင်များ ရွေးချယ်ပြီးပြီ

မြင့်မြင့်စိုး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁။ ၂၀၁၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ရရှိသည့် သူများကို ဒီဇင်ဘာ ၁၈ ရက်က အပြီးသတ် စိစစ်ရွေးချယ် ခဲ့သည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုဥက္ကဋ္ဌ  ဦးအေးကြူလေးက ပြောသည်။

“မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိမယ့် သူတွေကို နောက်ဆုံးအဆင့် ရွေးချယ်တာ ပြီးစီးသွား ပါပြီ။ အခုဆိုရင် ဆုကြေညာ နိုင်တဲ့ အဆင့်အထိ ပြီးစီးသွား ပါပြီ။ ဆုရရှိသူ တွေကို မဲစနစ်နဲ့ နာယက လေးဦးကို ရွေးချယ်ခိုင်း ခဲ့တာပါ။ အခုအချိန် မှာတော့ ဆုရရှိသူ တွေကို နာယက လေးဦးကပဲ သိပါတယ်”ဟု ၎င်းကပြောသည်။

အကယ်ဒမီဆု ရွေးချယ်ရာတွင် ပထမအဆင့်၌ အဖွဲ့ဝင် ၁၄ ဦး၊ ဒုတိယ အဆင့်တွင် ၂၃ ဦးနှင့် ယခုနောက်ဆုံး ရွေးချယ်မှုတွင် စိစစ်ရွေးချယ်ရေး အဖွဲ့ဝင် လေးဦးက အကယ်ဒမီ ရရှိကြမည့်သူများကို ထပ်မံရွေးချယ် ခဲ့သည်ဟု ဦးအေးကြူလေးက ပြောသည်။

ထူးချွန်ဆု ရရှိသူ များကို ဒုတိယ အဆင့်တွင် အဖွဲ့ဝင် ၂၃ ဦးဖြင့် ရွေးချယ်ခဲ့ပြီး နောက်ဆုံး အဆင့် ရွေးချယ်မှုကို ဦးကြည်စိုးထွန်း၊ ဦးနှင်းမိုး၊ ဦးညွန့်ဝင်းနှင့် ဦးအောင်မြင့်မြတ် နာယက လေးဦးက  ရွေးချယ် ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

၂၀၁၃ ခုနှစ် အကယ်ဒမီ ဆန်ကာတင် စာရင်းတွင် နင်စေရင်၊ အဖြူရောင်ရဲတိုက်၊ စုန်းပြူး၊ ကြယ်စင်မော်ကွန်း၊ စေတန်ရဲ့ ကချေသည်၊ ကိုယ့်အထာနှင့်ကိုယ် ဇာတ်ကားများ ပါဝင်ခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁။ ၂၀၁၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ရရှိသည့် သူများကို ဒီဇင်ဘာ ၁၈ ရက်က အပြီးသတ် စိစစ်ရွေးချယ် ခဲ့သည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

“မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိမယ့် သူတွေကို နောက်ဆုံးအဆင့် ရွေးချယ်တာ ပြီးစီးသွား ပါပြီ။ အခုဆိုရင် ဆုကြေညာ နိုင်တဲ့ အဆင့်အထိ ပြီးစီးသွား ပါပြီ။ ဆုရရှိသူ တွေကို မဲစနစ်နဲ့ နာယက လေးဦးကို ရွေးချယ်ခိုင်း ခဲ့တာပါ။ အခုအချိန် မှာတော့ ဆုရရှိသူ တွေကို နာယက လေးဦးကပဲ သိပါတယ်”ဟု ၎င်းကပြောသည်။

ပြေးမလွတ်ကျည်ဆန် ကို အမေရိကန်သိပ္ပံပညာရှင်များ တီထွင်

Photo: ပြေးမလွတ်ကျည်ဆန် ကို အမေရိကန်သိပ္ပံပညာရှင်များ တီထွင်

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၄

အမေရိကန်သိပ္ပံပညာရှင်များ က နောက်ဆုံးပေါ်ပြေးမလွတ်ကျည် ဆန်ကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ Daily Mirror သတင်းဌာန က ရေးသားဖော်ပြခဲ့ ပါတယ်။အဆိုပါပြေးမလွတ်ကျည်ဆန် ကို အမေရိကန်စစ်တပ်မှာ အသုံးပြုဖို့အ တွက် အမေရိကန် စစ်ဘက်ဆိုင်ရာသိပ္ပံ ပညာရှင်တွေက အထူးစမ်းသပ်တီထွင်ထုတ် လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ပြေးမလွတ်ကျည်ဆန်ရဲ့ထူးခြား ချက်ကတော့ မိမိပစ်မှတ်ထားရာရန်သူရဲ့ ရွေ့လျားလှုပ်ရှားမှုနောက်ကိုလိုက်လို့ ပစ် ခတ်တိုက်ခိုက်လို့ရပါတယ်။
အမေရိကန်စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရှင်တို့ စမ်းသပ်တီထွင်ထုတ်လုပ် လိုက်တဲ့ ပြေးမလွတ်ကျည်ဆန်ကိုတော့ လက်ဖြောင့်တပ်သားတွေအတွက် သီးသန့် အသုံးပြုစေမယ်လို့သိရပြီး ကျည်ဆန်ဟာ ရန်သူတစ်ဦးကိုပစ်မှတ်ထားရာမှာ အတော် လေးသက်ရောက်မှုပေးစေတယ်လို့ သိရ ပါတယ်။ ယင်းပြေးမလွတ်ကျည်ဆန်ဟာ အလျားလေးလက်မ အရှည်ရှိတယ်လို့ သိရ ပါတယ်။

Yangon Media Group
အမေရိကန်သိပ္ပံပညာရှင်များ က နောက်ဆုံးပေါ်ပြေးမလွတ်ကျည် ဆန်ကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ Daily Mirror သတင်းဌာန က ရေးသားဖော်ပြခဲ့ ပါတယ်။အဆိုပါပြေးမလွတ်ကျည်ဆန် ကို အမေရိကန် စစ်တပ်မှာ အသုံးပြုဖို့အ တွက် အမေရိကန် စစ်ဘက်ဆိုင်ရာသိပ္ပံ ပညာရှင်တွေက အထူးစမ်းသပ် တီထွင်ထုတ် လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ပန်းခြံနှင့် ကစားကွင်းများပြန်ရရေး အဆုံးစွန်ထိတိုက်ပွဲဝင်မည်ဟု ဦးကိုကိုကြီးပြောခွင့်ပြုချက်မရသည့်နေရာတွင် ဟောပြောခဲ့၍ ဦးကိုကိုကြီးကို ပုဒ်မ ၁၉ ဖြင့် တရားစွဲ

ရန်ကုန်မြို့တွင် သိမ်းယူ ထားသော ပန်းခြံနှင့် ကစားကွင်း များ ပြန်လည်ရရှိရန် အဆုံးစွန် အထိတိုက်ပွဲဝင် သွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားလိုက် သည်။
တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက်ရှိ ကစားကွင်းအား ကြံ့ခိုင်ရေးပါတီက သိမ်းယူပြီး နောက် ကွန်ဒိုတိုက်ခန်းဆောက် လုပ်မှု အပေါ် ဒီဇင်ဘာ ၂၁ ရက်က ဒေသခံများကန့်ကွက်ဆန္ဒပြရာ တွင် ပူးပေါင်းပါဝင် လာသော ဦးကိုကိုကြီးက ထိုကဲ့သို့ပြောကြား လိုက်ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ကလေးတွေ ကျန်းမာသန်စွမ်းတဲ့ ကလေးတွေ ဖြစ်ရမယ်။ အခုကျွန်တော်တို့ ကလေးတွေကြည့်လိုက်ရင် ပိန် ပိန်သေးသေး ညောင်ညောင်လေး တွေ၊ မျက်မှန်ထူထူလေးတွေ တပ်ထားတယ်။ ကျန်းမာသန်စွမ်းတဲ့ နိုင်ငံသားတွေဖြစ်ရမယ်။

မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ ခရီးသည်တင်ယာဉ်လိုင်း ကားဂိတ်တဲ မီးလောင်မှုဖြစ်

Photo: မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ ခရီးသည်တင်ယာဉ်လိုင်း ကားဂိတ်တဲ မီးလောင်မှုဖြစ်

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၄

၂၂.၁၂.၂၀၁၄ ရက်နေ့ ၀၃၁၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊
ရေတမာလမ်း၊ အမှတ် (၁၂၁) မင်္ဂလာဒုံ-လှိုင်သာယာခရီးသည်တင်ယာဉ်
ကားဝင်းအတွင်းရှိ လူမနေသောဂိတ်တဲ၌ လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ပတ်ဝန်းကျင်ရှိ ပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ သဖြင့် ၀၃၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား
(၁၀)ပေ၊ အနံ(၆)ပေခန့်ရှိ သွပ်မိုး၊ သံဇကာ၊ ပျဉ်ခင်းဂိတ်တဲ(၁)လုံး မီးလောင်
ကျွမ်းပျက်စီးခဲ့ကြောင်းသိရှိရပါသည်။ 

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဂိတ်မှူးဖြစ်သူ ကိုရဲမင်းထွေးအား မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၅၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂၂.၁၂.၂၀၁၄ ရက်နေ့ ၀၃၁၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ရေတမာလမ်း၊ အမှတ် (၁၂၁) မင်္ဂလာဒုံ-လှိုင်သာယာခရီးသည်တင်ယာဉ်ကားဝင်းအတွင်းရှိ လူမနေသောဂိတ်တဲ၌ လျှပ်စစ်ဝါယာကြိုးအပူ လွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ပတ်ဝန်းကျင်ရှိ ပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ သဖြင့် ၀၃၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား(၁၀)ပေ၊ အနံ(၆)ပေခန့်ရှိ သွပ်မိုး၊ သံဇကာ၊ ပျဉ်ခင်းဂိတ်တဲ(၁)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်းသိရှိရပါသည်။ 

စည်ပင်ရွေးကောက်ပွဲ မြို့နယ်အဆင့်၌ ပြိုင်ဘက်မရှိ၍ အလိုအလျောက်ရွေးချယ်ခံရမည့် ကိုယ်စားလှယ်များနေ

Photo: စည်ပင်ရွေးကောက်ပွဲ မြို့နယ်အဆင့်၌ ပြိုင်ဘက်မရှိ၍ အလိုအလျောက်ရွေးချယ်ခံရမည့် ကိုယ်စားလှယ်များနေ

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၄

စည်ပင်ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းကြော်ငြာများကို ကြည့်ရှုနေသူနှစ်ဦး
စည်ပင်ရွေးကောက်ပွဲ ကို ရန်ကုန်မြို့ခံများကြား စိတ် ၀င်စားမှုနည်းပါးသောကြောင့် မြို့နယ်အဆင့်ရွေးကောက်ခံကိုယ် စားလှယ်လောင်းစာရင်းတွင် ပြိုင် ဘက်မရှိအလိုအလျောက်ရွေး ချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများ များပြားနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ပြု လုပ်မည့် ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲ၌ မြို့နယ်တစ်ခု လျှင် ရပ်မိရပ်ဖ တစ်ဦး၊ အသိ ပညာရှင် အတတ်ပညာရှင် တစ် ဦးနှင့် လူမှုရေးအဖွဲ့အစည်း တစ် ဦးဟူ၍ သုံးဦးကို ပြည်သူက ရွေး ချယ်တင်မြှောက်ရမည်ဖြစ်သော် လည်း အချို့မြို့နယ်များတွင် ပြိုင် ဘက်မရှိ အလိုအလျောက်ရွေး ချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများရှိနေခြင်းဖြစ်သည်။

‘‘၀င်ပြိုင်တဲ့သူတိုင်းကတော့ ပြည်သူကရွေးချယ်တဲ့ ပြည်သူ့ ကိုယ်စားလှယ်ပဲဖြစ်ချင်ကြတာ ပါ။ ဒါပေမဲ့ပြည်သူတွေက စိတ် ၀င်စားမှုအားနည်းတယ်။ အတွေ့ အကြုံ အားနည်းတာကြောင့် လည်း ပါတယ်။ ၀င်ပြိုင်လည်း မထူးပါဘူးလို့ခံယူသူတွေလည်း ရှိမယ်ထင်တယ်။ ဒီမိုကရေစီမှာ တော့ ပြိုင်ဘက်ရှိတာ ကောင်းတာပေါ့’’ဟု အရှေ့ပိုင်းခရိုင်၊ သင်္ဃန်း ကျွန်းမြို့နယ်မှ ရပ်မိရပ်ဖအဖြစ် ၀င်ရောက်အရွေးခံမည့် ဦးခင် မောင်ကျော်က သုံးသပ်သည်။ သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်မိရပ်ဖ အဖြစ် ဦးခင်မောင်ကျော်အပါအ၀င်ငါးဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ခရိုင်လေးခု၏ မြို့နယ် ၃၄ ခုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဆင့် ၁၀၂ နေရာအတွက် ၀င်ရောက်ရွေးချယ်ခံမည့်ကိုယ်စား လှယ်လောင်း ၂၁၃ ဦးတွင် ၃၈ ဦးမှာ ပြိုင်ဘက်မရှိအလိုအ လျှောက်အရွေးခံကြရမည်ဖြစ် သည်။ ကိုယ်စားလှယ်လောင်း များတွင် အသိပညာရှင်၊ အတတ် ပညာရှင် ၁၉ ဦးမှာ အရေအတွက် အများဆုံးပြိုင်ဘက်မရှိအလိုအ လျှောက် အရွေးခံရမည်ဖြစ်ပြီး လူမှုရေးအဖွဲ့အစည်းတွင် ၁၂ ဦးမှာ ယှဉ်ပြိုင်ရန် မလိုဘဲ ရပ်မိ ရပ်ဖဥက္ကဋ္ဌနေရာတွင် ခုနစ်ဦးမှာ အလိုအလျောက်မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်အဆင့် အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ မြို့နယ်ပေါင်း ၃၄ ခုထဲမှ ကြည့်မြင်တိုင်၊ ဆိပ်ကမ်းနှင့် လသာမြို့နယ်များမှ ကိုယ်စား လှယ်လောင်းများမှာ နေရာသုံးခုစလုံးအတွက် ယှဉ်ပြိုင်သူမရှိဘဲ အလိုအလျောက်အရွေးခံရမည် လည်းဖြစ်သည်။

နှစ် ၆၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ပြန်လည် ကျင်းပသော ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကို ကော်မရှင်အနေဖြင့် သတင်းထုတ်ပြန်မှု များအားနည်းနေပြီး ကိုယ်စားလှယ်လောင်းများမဲဆွယ်ရာတွင် အကန့်အသတ်များပြားမှုကြောင့် လည်း ယခုကဲ့သို့ပြည်သူများစိတ် ၀င်စားမှု နည်းပါးနေခြင်းဖြစ် ကြောင့် ၀င်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းအများစု က သုံးသပ်သည်။

‘‘ရွေးကောက်ပွဲနဲ့ ပတ်သက် ပြီး ကြီးကြီးမားမားနှိုးဆော်တာ လည်းမရှိတော့ ပြည်သူတွေ သိပ် ပြီးစိတ်ဝင်စားမှုမရှိတာပါ။ အခု အချိန်အထိလည်း မဲထည့်မယ့် ပြည်သူတွေ မဲထည့်ရမယ့်စနစ် တွေကို မသိကြဘူး’’ဟု တောင် ပိုင်းခရိုင်၊ တာမွေမြို့နယ်မှ ရပ်မိ ရပ်ဖအဖြစ် ၀င်ရောက်အရွေးခံ မည့် ကိုယ်စားလှယ်လောင်း ဦး မျိုးဝင်းအောင်ကပြောသည်။

‘‘ယှဉ်ပြိုင်ရတာက ပိုကောင်းတာပေါ့။ ကျွန်တော်ကတော့ ယှဉ်ပြိုင်ချင်တယ်။ ပြည်သူအ တွက်လည်း ရွေးချယ်ခွင့်ရှိတယ်။ ဒါပေမဲ့ အလိုအလျောက်ဖြစ်လို့ လည်း ကျွန်တော်ပြောင်းလဲမ သွားပါဘူး။ အခုလိုပဲ မြို့နယ် အ တွက်အကောင်းဆုံးလုပ်ဆောင် သွားမှာပါ’’ဟု လသာမြို့နယ်၏ ရပ်မိရပ်ဖအဖြစ်အလိုအလျောက်ကိုယ်စားလှယ်ဖြစ်လာမည့် ဦးမျိုးကျော်သူကဆိုသည်

7Day Daily
စည်ပင်ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းကြော်ငြာများကို ကြည့်ရှုနေသူနှစ်ဦးစည်ပင်ရွေးကောက်ပွဲ ကို ရန်ကုန်မြို့ခံများကြား စိတ် ၀င်စားမှုနည်းပါးသောကြောင့် မြို့နယ်အဆင့်ရွေးကောက်ခံကိုယ် စားလှယ်လောင်းစာရင်းတွင် ပြိုင် ဘက်မရှိအလိုအလျောက်ရွေး ချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများ များပြားနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဓမ္မပြုကျင့်ခံရသည့် နိုင်ငံခြားသူ တရားသူကြီးထံ အမှုအပ်ကာ ရန်ကုန်ပြန်မည်

အဓမ္မပြုကျင့်ခံရသည် ဟုဆိုကာ ကိုယ်တိုင်တရားလိုပြု လုပ်တိုင်ကြားထားသည့် ပီရူးနိုင်ငံ သူသည် တရားသူကြီးထံ အမှုအပ် ၍ရန်ကုန်မြို့သို့ ယနေ့ပြန်လာ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘သူကိုင်တိုင်လက်ရေးနဲ့ရေး ထားတဲ့ တိုင်ချက်ထားခဲ့မှာ။ မ နက်ဖြန် တရားသူကြီးရှေ့မှာ ထွက်ချက်ပေးဖို့ စောင့်ခိုင်းထားရ မယ်။ ပြီးတာနဲ့ ရန်ကုန်ကိုပြန်မယ် လို့ပြောတယ်။ သူက ပြန်ချင်နေ ပြီ။ တရားလိုရဲ့ တိုင်ချက်က သက် သေခံဝင်တဲ့အတွက် တရားစွဲခံ ထားရတဲ့သူက ဒီလိုပဲ တရားရင် ဆိုင်သွားရမှာပဲ’’ဟု ကျိုက်ထိုမြို့ မရဲစခန်း စခန်းမှူးဒုရဲမှူးကိုကိုဦး က ဒီဇင်ဘာ ၂၁ရက်တွင် ပြော သည်။

ကာချုပ်ချမှတ်ထားသည့် ငြိမ်းချမ်းရေးမူ ခြောက်ချက်မှ အချက်အချို့ပြန်ပြင်

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ချမှတ်ထားပြီးတိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ လက်မခံသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူခြောက်ချက်မှ အချို့အချက်အလက်များကို ပြန်လည်ပြင် ဆင်လိုက်ပြီဖြစ် ကြောင်း သတင်းရရှိသည်။

‘‘အဓိကပြင်လိုက်တဲ့အချက် ကတော့ တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန် ဆိုတဲ့နေရာမှာ တည်ဆဲဥပဒေများကို လိုက် နာရန်လို့ ပြောင်းလိုက်တာ’’ဟု ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ချိုကပြောသည်။