Friday, January 17, 2014

နှစ် ၂၀ သက်တမ်းရှိ မြစ်ကြီးနား မြို့မနာရီစင် ဖျက်သိမ်း၍ မီးပွိုင့်တပ်

Photo: နှစ် ၂၀ သက်တမ်းရှိ မြစ်ကြီးနား မြို့မနာရီစင် ဖျက်သိမ်း၍ မီးပွိုင့်တပ် 
Friday, January 17, 2014

မြစ်ကြီးနားမြို့ ယာဉ်ကြောပိတ်ဆို့လာမှုကို ဖြေရှင်းရန် သခင်နတ်ဖေလမ်း နှင့် ဈေးကြီးလမ်းဆုံတွင် နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိခဲ့သော မြို့မနာရီစင်ကို ဖျက်သိမ်း၍ မီးပွိုင့် တပ်ဆင်ပေးခဲ့ကြောင်း မြစ်ကြီးနားမြို့ခံ များက The Voice သို့ ပြောသည်။ 

ဖျက်သိမ်းလိုက်သော မြို့မနာရီစင် လမ်းဆုံ အနီးတစ်ဝိုက်တွင် စာသင်ကျောင်း များနှင့် အမှတ် ၁၊ အမှတ် ၂ စည်ပင်သာယာ ဈေးများ တည်ရှိနေရာ ယာဉ်ကြောပိတ်ဆို့မှု တဖြည်းဖြည်း ထူထပ်လာသောကြောင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ လမ်းညွန်မှုဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ယင်းလမ်းအပိုင်းကို ခေတ္တပိတ်ဆို့လျက် မြို့မနာရီစင်ကို စတင်ဖျက်သိမ်း၍ မီးပွိုင့် တပ်ဆင်ပေးခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ ၁ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေး ခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အရာရှိတစ်ဦးက The Voice သို့ ပြောသည်။

"အရင်ခေတ်က ကားဆိုင်ကယ် သွားလာနှုန်းနဲ့ အခုခေတ် ကားဆိုင်ကယ် သွားလာနှုန်းက မတူတော့ဘူးလေ။ ဒါကြောင့် မြို့မနာရီစင်ကို ဖျက်သိမ်းလိုက်ရ တာပါ" ဟု ၄င်းကဆိုသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းရန်အတွက် လမ်းဆုံများတွင် မီးပွိုင့်များ တပ်ဆင်လျက် ရှိရာ ယခုအချိန်ထိ မီးပွိုင့်ခြောက်ခုအထိ တပ်ဆင်ပြီး ယင်းအတွက် ကုန်ကျငွေများကို ကချင်ပြည်နယ် အတွင်းရှိ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို ဒဏ်ရိုက်သည့် စုဆောင်းသော ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ရန်ပုံငွေမှ ထုတ်ယူသုံးစွဲကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး ထံမှ ဆက်လက်သိရှိ ရသည်။

ယခင်က မြစ်ကြီးနားမြို့ပေါ်တွင် မြို့သစ်နာရီစင်နှင့် မြို့မနာရီစင် ဟူ၍ နှစ်ခုရှိခဲ့ရာ ယခု ဖျက်သိမ်းလိုက်သော မြို့မ နာရီစင်ကို ကချင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်ခဲ့သော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဘ လက်ထက်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံများ ထံမှ သိရှိရသည်။

The Voice Weekly
မြစ်ကြီးနားမြို့ ယာဉ်ကြောပိတ်ဆို့လာမှုကို ဖြေရှင်းရန် သခင်နတ်ဖေလမ်း နှင့် ဈေးကြီး လမ်းဆုံ တွင် နှစ်ပေါ င်း ၂၀ ကျော် သက်တမ်းရှိခဲ့သော မြို့မနာရီစင်ကို ဖျက်သိမ်း၍ မီးပွိုင့် တပ်ဆင်ပေး ခဲ့ကြောင်း မြစ်ကြီးနား မြို့ခံ များက The Voice သို့ ပြောသည်။ 

တရုတ်ချမှတ်ထားသော ငါးဖမ်းခွင့်ဥပဒေ မလိုက်နာရန် ငါးဖမ်းသမားများကို ဖိလစ်ပိုင်စစ်ဦးစီးချုပ် ပြော

ပိုင်ဆိုင်မှု အငြင်းပွားမှု ပေါ်ပေါက်နေသော တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက် ငါးဖမ်းလိုပါက ခွင့်ပြုချက် တောင်းရမည်ဟု တရုတ်နိုင်ငံက ဥပဒေပြုထားခြင်းကို လိုက်နာရန်မလိုဟု ဒေသခံ ငါးဖမ်းသမား များကို ဖိလစ်ပိုင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အန်မန်နျူရယ်ဘာတစ်စတာက ပြောကြားသွားကြောင်း Rappler သတင်းတွင် ဖော်ပြထားသည်။

၂၀၁၅အမီ အာဆီယံရည်မှန်းချက်များ ပြည့်မီရန် ၈၀ရာခိုင်နူန်း အကောင်အထည်ဖော်ပြီးဖြစ်ဟုဆို

Photo: ၂၀၁၅အမီ အာဆီယံရည်မှန်းချက်များ ပြည့်မီရန် ၈၀ရာခိုင်နူန်း အကောင်အထည်ဖော်ပြီးဖြစ်ဟုဆို 
Friday, January 17, 2014

ပုဂံ၊ မဇ္ဈိမ။ ။ အာဆီယံနိုင်ငံများ ပေါင်းစည်းရန်အတွက် အာဆီယံအသိုက်အဝန်းကို ထူထောင်ရာတွင် အဓိကကဏ္ဍသုံးခုဖြစ်သည့် အာဆီယံ လုံခြုံရေးအသိုက်အဝန်း (APSC)၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း (AEC)၊ အာဆီယံ လူမှုရေးအသိုက်အဝန်း (ASCC) ဆိုင်ရာများကို အာဆီယံနိုင်ငံများအနေဖြင့် ၈၀ရာခိုင်နူန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်း အာဆီယံ
အတွင်းရေးမှူးချုပ်ရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဒီကဏ္ဍတွေအတွက် ချမှတ်ထားတဲ့အစီအစဉ် ကျန်တဲ့ ၂၀ ရာခိုင်နူန်းကို ၂၀၁၄ခုနှစ်မှာ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမှာပါ။ ဒါ့ကြောင့်လည်း ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံအတွက်ရော၊ အာဆီယံအတွက်ရော အရေးကြီးတဲ့နှစ် တစ်ခုဖြစ်ပါတယ်"ဟု အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အထွေထွေအတွင်းရေးမှူးချုပ် Mr.Le Luang Minhက ဇန်န၀ါရီလ ၁၇ ရက်က ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်၊ နန်းမြင့်မျှော်စင်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

၎င်းက အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ကို ၂၀၁၅ ခုနှစ်တွင် ရည်မှန်းချက်အတိုင်း ပြည့်မီနိုင်မည်ဟု ပုဂံတွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဍမောင်လွင်က နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံအနေဖြင့် ၂၀၁၅တွင် ချမှတ်ထားသော ရည်မှန်းချက်အတွက် ရှေ့ဆက်ရမည်လုပ်ငန်းစဉ်များ၊ လူထုအသိုက်အဝန်း ထူထောင်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်းများ စသည်တို့အပါအဝင် ၂၀၁၄ ခုနှစ်တွင် အာဆီယံက ဦးစားပေး လုပ်ဆောင်ရမည့် အရာများကို ဆွေးနွေးခဲ့သည်ဟု ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာညွန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက အာဆီယံ အသိုက်အဝန်းထူထောင်ရာတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းသည် အခြားကဏ္ဍများထက် ရှေ့ရောက်နေသော ကဏ္ဍဖြစ်သည်ဟု ဆိုသည်။

"အာဆီယံ အသိုက်အဝန်းထူထောင်ရာမှာ မြန်မာကလည်း အခြားအာဆီယံနိုင်ငံများနှုန်းထက် မနိမ့်ဘဲ အကောင်အထည်ဖော်နိုင်ပါမယ်"ဟု ၎င်းက ပြောသည်။

"အာဆီယံနဲ့ ပြင်ပနိုင်ငံတွေရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို ပိုမိုခိုင်မာလာဖို့ နည်းနည်းလမ်းတွေနဲ့ ၂၃ ကြိမ်မြောက် အာဆီယံ အစည်းအဝေးက ချမှတ်ထားတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ကြေငြာချက်တွေအပေါ် မူတည်ပြီး ၂၀၁၅အလွန် အာဆီယံရဲ့ ရည်မှန်းချက်တွေကို ချမှတ်နိုင်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်" ဟု ဦးဝဏ္ဍမောင်လွင်ကပြောသည်။

အာဆီယံနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော တောင်တရုတ်ပင်လယ်အရေးပေါ် စိုးရိမ်မှုများရှိနေသည်။ ဝန်ကြီးများအနေဖြင့် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီးချမှတ်ထားသော မူဝါဒ ၆ချက်ကို အားပေးပြောဆိုခဲ့ကြသည်။ တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး ရေကြောင်းလုံခြုံရေးကဏ္ဍ၊ တောင်တရုတ်ပင်လယ်ပေါ်တွင် လေယာဉ်ပျံသန်းရေးဆိုင်ရာ ကိစ္စရပ် စသည်တို့အပါအ၀င် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ရေရှည်တည်တံလာစေရန် အရေးကြီးသည်ဟုလည်း ဆိုသည်။ 

(မဇ္ဈိမသတင်းဌာန)
အာဆီယံနိုင်ငံများ ပေါင်းစည်းရန်အတွက် အာဆီယံအသိုက်အဝန်းကို ထူထောင်ရာတွင် အဓိက ကဏ္ဍ သုံးခုဖြစ် သည့် အာဆီယံ လုံခြုံရေးအသိုက်အဝန်း (APSC)၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC)၊ အာဆီယံ လူမှုရေးအသိုက်အဝန်း (ASCC) ဆိုင်ရာများကို အာဆီယံနိုင်ငံများအနေဖြင့် ၈၀ရာခိုင်နူန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးက တာဝန်ရှိသူတစ်ဦး က ပြော သည်။

ဘန်ကောက်တွင် အတိုက်အခံများ ဆန္ဒပြသည့် နေရာတစ်ခုကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဆန္ဒပြသူ ၃၁ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အတိုက်အခံများ ချီတက်ဆန္ဒပြသည့် နေရာတစ်ခု၌ အဆောက်အဦး တစ်ခုပေါ်မှ ပစ်လိုက်သော လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ဇန်နဝါရီလ ၁၇ရက်က ဆန္ဒပြသူ ၃၁ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြထားသည်။

ရိုဟင်ဂျာဆိုသည့် လူမျိုးမရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား အခြားအာဆီယံနိုင်ငံများက ရိုဟင်ဂျာအရေး ဖိအားပေးလာပါက လက်ခံမည်မဟုတ်

Photo: ရိုဟင်ဂျာဆိုသည့် လူမျိုးမရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား အခြားအာဆီယံနိုင်ငံများက ရိုဟင်ဂျာအရေး ဖိအားပေးလာပါက လက်ခံမည်မဟုတ်
Friday, January 17, 2014

 မြန်မာနိုင်ငံတွင် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ရခိုင်၊ မွန်စသည့် နှစ်ပေါင်း များစွာကတည်းက စုပေါင်းနေထိုင်ခဲ့ကြ သည့် တိုင်းရင်းသားလူမျိုးများရှိခဲ့သည်။ ယခုအခါ ဘင်္ဂါလီအရေးကိစ္စသည် မြန်မာ ပြည်သူများအဖြစ် နိုင်ငံတော်အစိုးရ အတွက်ပါ အနှောင့်အယှက်သဘွယ်ဖြစ်နေ သည်ကို တွေ့ရသည်။

၂၀၁၄၊ ဇန်နဝါရီ ၁၆ ရက်နေ့က ပုဂံရှေးဟောင်းမြို့တော်တွင် ပြန်ကြားရေး ဌာန ဒုဝန်ကြီး ဦးရဲထွဋ်က-
ဘင်္ဂါလီအရေးကိစ္စသည် မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သဖြင့် အခြား အာဆီယံနိုင်ငံများက အာဆီယံ အစည်းအဝေးများတွင် ဆွေးနွေးရန် တောင်းဆိုလာလျှင်လည်း လက်ခံဆွေးနွေး သွားမည်မဟုတ်ဟု ပြောကြားလိုက် သည်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ အစိုးရရော ပြည်သူတွေကပါ လက်မခံဘူးဆိုတာ ရှင်းလင်းပြီးသားပါ။ ပြီးတော့ ဒီဘင်္ဂါလီအရေးဟာ ကျွန်တော် တို့ရဲ့ ပြည်တွင်းရေးပဲဆိုတော့ ကျန်တဲ့နိုင်ငံ တွေက တောင်းဆိုလာလျှင်လည်း ကျွန် တော်တို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်မှာ အာဆီယံအစည်းအဝေးတွေမှာ လက်ခံ ဆွေးနွေးသွားမှာ မဟုတ်ပါဘူး။ အကြံပေး တာဆိုရင်တော့ ကျွန်တော်တို့နိုင်ငံနဲ့ ကိုက် ညီတာကို လက်ခံသွားမှာပါဟု ထပ်မံ ပြောကြားလိုက်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် အာဆီယံသီးသန့်အစည်း အဝေးကို ဇန်နဝါရီ ၁၆ ရက်က ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင် ကျင်းပသည်။ ဇန်နဝါရီ ၁၅ ရက်နေ့က အာဆီယံ အဆင့်မြင့်အရာရှိများ၏ ညစာစားပွဲကို ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်တွင် အစည်း အဝေးစတင်ဖွင့်လှစ်ပြီး ဇန်နဝါရီ ၁၇ ရက် နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဋ်၏ မြန်မာပြည်မှာ ရိုဟင်ဂျာမရှိ ဆိုသည့်အဆိုကိုတော့ မြန်မာပြည်သူပြည် သား အများက လက်ခံကြိုဆိုကြကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အခြားအာဆီယံနိုင်ငံများက ရိုဟင်ဂျာအရေး ဖိအားပေးလာပါက လက်ခံမည်မဟုတ်ဟု ဦးရဲထွဋ်ပြော
==== === ==== ===
ရိုဟင်ဂျာကိစ္စအား ၂၀၁၄ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး၌ ဆွေးနွေးသွားရန်မရှိကြောင်း၊ ရိုဟင်ဂျာဟူသော အသုံးအနူန်းကို လက်မခံကြောင်းနှင့် အခြားအာဆီယံနိုင်ငံများက ဖိအားပေးလာပါက လက်ခံမည် မဟုတ်ကြောင်းကို ပုဂံမြို့ ရွှေနန်းဟိုတယ် နန်းမြင့်ဆောင်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဖြေကြားခဲ့သည်။

`ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်းကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ရော၊ အစိုးရအနေနဲ့ပါ လက်မခံပါဘူး။ ဒါ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်။ ပြောင်းလဲစရာ မရှိဘူး။ ကျွန်တော်တို့ဆီမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ပြဿနာတွေကိုဖြေရှင်းခြင်းသည် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာဖြစ်တယ်။ မြန်မာအစိုးရနဲ့ ပြည်သူတွေကသာ ဖြေရှင်းသွာမှာဖြစ်တယ်။ သို့သော် တခြားနိုင်ငံတွေမှာ ဒီလို လူ့အသိုင်းအ၀ိုင်းကြားမှာ ဖြစ်ခဲ့တဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြတာမျိုးဆိုရင်တော့ ကျွန်တော်တို့ နားထောင်မယ်။ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီရင် ကျင့်သုံးမယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်တွင်းကိစ္စကို ဘယ်သူကမှ ဒီလိုလုပ်ပါ စသဖြင့် ပြောဖို့တော့ အကြောင်းမရှိဘူး။ အစိုးရအဖွဲ့ရယ်၊ ပြည်ထောင်စုလွှတ်တော်ရယ်၊ ပါဝင်ပတ်သက်တဲ့ လူအသိုင်းအ၀ိုင်းတွေရယ်၊ မြန်မာပြည်သူတွေကနေပြီးတော့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကပဲ ဆောင်ရွက်သွားဖို့ရှိတယ်။´

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 မြန်မာနိုင်ငံတွင် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ရခိုင်၊ မွန်စသည့် နှစ်ပေါင်း များစွာကတည်းက စုပေါင်းနေ ထိုင်ခဲ့ကြ သည့် တိုင်းရင်းသားလူမျိုးများရှိခဲ့သည်။ ယခုအခါ ဘင်္ဂါလီအရေးကိစ္စ သည် မြန်မာ ပြည် သူ များ အဖြစ် နိုင်ငံတော်အစိုးရ အတွက်ပါ အနှောင့်အယှက်သဘွယ်ဖြစ်နေ သည် ကို တွေ့ရသည်။

စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် မဲပျောက်နေခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ရှက်မိဟု သူရဦးရွှေမန်း ပြော

ပြည်ထောင်စု လွှတ်တော်အတွင်း စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ်ရာ မဲပျောက်နေခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များကိုယ်စား ရှက်မိကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကပြော သည်။

မလေးရှားတွင် တရားမ၀င်အလုပ်သမားများကို ဇန်န၀ါရီ ၂၁ စဖမ်းမည်

မလေးရှားနိုင်ငံတွင် တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို မလေးရှားအာဏာပိုင်များ ပါဝင်တဲ့ စစ်ဆင်ရေးအဖွဲ့တွေက ဇန်န၀ါရီ ၂၁ နေ့ စတင်ဖမ်းဆီးတော့မှာ ဖြစ်ပါတယ်။

UWSA“၀” တပ်ဖွဲ့ဝင်တစ်ဦး တရားမ၀င်လက်နက်ကိုင်ဆောင်ပြီး ဟိုတယ် အနီး နေအိမ်ခြံဝင်း အတွင်း ၀င်ရောက်ရန် ကြိုးစား

တာချီလိတ်မြို့၊ ဟောင်လိတ်အုပ်စု ၀ိန်းကျောက်ကျေးရွာ ၀ိန်းကျောက် ဟိုတယ်အနီးရှိ ဦးသန်းအောင် ၏ နေအိမ်ခြံဝင်းအတွင်းသို့ ဇန်န၀ါရီ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် UWSA “၀”တပ်ဖွဲ့ဝင်တစ်ဦး ၀င်ရောက် ရန် ကြိုးစားရာ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူ့စစ်နှင့် ရပ်ကွက်သူရပ်ကွက် သားများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရ ကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

တရုတ်နှင့် ဆက်ဆံရေးကောင်းကြောင့် အာဆီယံ ပြဿနာများ ဖြေရှင်းရန် အင်အားဖြစ်ဟု မြန်မာဆို

Photo: တရုတ်နှင့် ဆက်ဆံရေးကောင်းကြောင့် အာဆီယံ ပြဿနာများ ဖြေရှင်းရန် အင်အားဖြစ်ဟု မြန်မာဆို

ပုဂံ၊ ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံ၏ အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန် ထမ်းဆောင်စဉ် ကာလတစ်လျှောက်လုံး တွေ့ကြုံရမည့် ဒေသတွင်း ပြဿနာများကို တာဝန်ယူ ဖြေရှင်းရာတွင် မြန်မာနှင့် ဆက်ဆံရေးကောင်းသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် အင်အားတစ်ခု ဖြစ်လာနိုင်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ပုံမှန်အားဖြင့် အာဆီယံဥက္ကဋ္ဌရာထူး ရယူထားသော နိုင်ငံခြားရေးဝန်ကြီးများက ထိုသို့သော ကိစ္စရပ်မျိုးကို မှတ်ချက်ပြု ပြောဆိုလေ့ ရှိသော်လည်း ဇန်နဝါရီလ ၁၆ ရက်နေ့ ပုဂံမြို့ ရွှေနန်းတော်ဟိုတယ် နန်းမြင့်ဆောင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။ 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အပြန်အလှန် နားလည်မှုရှိသော ဆက်ဆံရေး ကျင့်သုံးနေသည့် မြန်မာနိုင်ငံအတွက် တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကဲ့သို့ ဒေသတွင်း ပြဿနာများကို ဖြေရှင်းရာတွင် အနှောင့်အယှက် မဖြစ်ဘဲ အင်အားသာ ဖြစ်လာနိုင်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

လာမည့် ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ ညီလာခံအတွက် ကြိုတင် အစည်းအဝေးဖြစ်သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ သီးသန့် အစည်းအဝေးတွင် ဒေသတွင်းနှင့် ဆိုင်သော ရွှေ့ပြောင်း လုပ်သား ပြဿနာများနှင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုတို့ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နေချိန် အဆိုပါ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကြောင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့တွင် နိုင်ငံရေးအရ မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ၂၀၁၂ ခုနှစ်အတွင်းက ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တောင်တရုတ် ပင်လယ် ပြဿနာနှင့် ပတ်သက်၍ ကမ္ဘောဒီးယား အစိုးရက ဆွေးနွေးရန် ငြင်းဆိုခဲ့ဖူးသည်။

ပြီးခဲ့သော နိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးတွင် အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲ စည်းမျဉ်းဘောင် (Code of Conduct) အဆုံးသတ် ရေးဆွဲရန် ဆွေးနွေးခဲ့သော်လည်း ယခုနှစ်အထိ အပြီးသတ်နိုင်ခြင်း မရှိသေးချေ။

မြန်မာနိုင်ငံတွင်လည်း တရုတ်တို့၏ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း၊ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြီး များကြောင့် အစိုးရသစ် လက်ထက် ဆန္ဒပြပွဲကြီးများ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး အစိုးရက လက်ပံတောင်းတောင် စီမံကိန်းတွင် အင်အားသုံး ဖြေရှင်းခဲ့သည် အထိ ဖြစ်သွားသည်။

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးလာသော်လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းမှာ ၂ နှစ်နီးပါး ရပ်တန့်နေကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံ၏ အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန် ထမ်းဆောင်စဉ် ကာလတစ်လျှောက်လုံး တွေ့ကြုံရ မည့် ဒေသတွင်း ပြဿနာများကို တာဝန်ယူ ဖြေရှင်းရာတွင် မြန်မာနှင့် ဆက် ဆံရေးကောင်းသော တရုတ်ပြည် သူ့ သမ္မတနိုင်ငံသည် အင်အားတစ်ခု ဖြစ်လာနိုင်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိ သူ ဦးရဲထွဋ်က ပြောကြားသည်။

ထိုင်းဆန္ဒပြခေါင်းဆောင် ဆူသက်ကိုဖမ်းရန် အဖွဲ့ ဖွဲ့စည်း

အရွေးကောက်ခံ ထိုင်းနိုင်ငံဝန်ကြီးချုပ်ယင်းလပ်အစိုးရ ဖျက်သိမ်းရေး ဘန်ကောက်မြို့ကို ပိတ် ဆို့ ဆန္ဒပြနေသည့် ရှပ်နီအဖွဲ့ခေါင်းဆောင် ဆူသက်သောင်ဆူဘန်ကို ဖမ်းဆီးရန် ထိုင်းနိုင်ငံ အမျိုးသားရဲချုပ် အဒူးဆန်စင်ကေး ဦးဆောင်သော အဖွဲ့ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း The Nation သတင်းတစ်ရပ် တွင် ဖော်ပြ ထားသည်။

တရုတ်အကူအညီဖြင့် ထောက်ကြန့်တွင် ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံ ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ခုတင် ၅၀၀ ဆံ့ အထူးကု ဆေးရုံသစ် မကြာမီတည်ဆောက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ပြောကြားသည်။

Huawei စမတ်ဖုန်း၏ Brand Ambassadorအဖြစ် ၀တ်မှုံရွှေရည်ကို ခန့်အပ်

ရုပ်ရှင်သရုပ်ဆောင် ၀တ်မှုံရွှေရည်ကို Huawei စမတ်ဖုန်း၏ Brand Ambassador အဖြစ် ခန့်အပ်လိုက် သည်ဟု Huawei ကုမ္ပဏီက ဇန်န၀ါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

အာဖဂန်မှာ အာဏာ ကို မကြာခင် ပြန်ရမယ်လို့ တာလီဘန်တွေ ယုံကြည်

Photo: အာဖဂန်မှာ အာဏာ ကို မကြာခင် ပြန်ရမယ်လို့ တာလီဘန်တွေ ယုံကြည်
Friday, January 17, 2014

အာဖဂန်နစ္စတန်နိုင်ငံမှာ ရှိတဲ့ တာလီဘန်တွေက အာဂဖန်က နေရာအတော်များများကို သူတို့ ထိန်းချုပ်ထားနိုင်တာကြောင့် နေတိုး ဦးဆောင်တဲ့ အထူးတပ်ဖွဲ့တွေအပေါ် သူတို့ အောင်ပွဲခံပြီး မကြာခင် အာဏာ လက်ဝယ် ပြန်ရယူနိုင်မယ်လို့ ယုံကြည် စိတ်ချထားကြောင်း ပြောပါတယ်။

ကာဘူးမြို့ကိုရောက်နေတဲ့ ဘီဘီစီ ကမ္ဘာ့ရေးရာ အယ်ဒီတာ ဂျွန်ဆင်မဆင်က တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇဘီအူလာ မူဂျာဟစ် Zabiullah Mojahed ကို မေးမြန်းခဲ့ရာမှာ တာလီဘန်တွေ အာဏာ ပြန်ရရင် အစ္စလာမစ် ဥပဒေတွေအတိုင်း တင်းတင်းကြပ်ကြပ် ပြဌာန်းအုပ်ချုပ်သွားမှာ ဖြစ်ပြီး ဖြေလျော့ပေးတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ တာလီဘန် ပြောခွင့်ရ ပုဂ္ဂိုလ် ဇဘီအူလာ မူဂျာဟစ်ဒ်က ဘီဘီစီကို ပြောသွားပါတယ်။

သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လဲ အာဖဂန်နစ္စတန်ကို ကျူးကျော်ခဲ့သူတွေကို သူတို့ အမြဲ အနိုင်ရခဲ့တာဘဲလို့ ပြောပါတယ်။

အာဖဂန်ရဲ့ အစွန်အဖျား ဒေသတွေ အာလုံးကို မူဂျာဟစ်ဒင် တာလီဘန်တွေ ထိန်းချုပ်ထားပြီး သူတို့ရဲ့ သီးသန့် အုပ်ချုပ်ရေးစနစ် နဲ့ အုပ်ချုပ်နေတယ်လို့ ဆိုပါတယ်။

နေတိုး နိုင်ငံခြားတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေက အကန့်အသတ်နဲ့လောက်ဘဲ ရှိပြီး နိုင်ငံခြားတပ်တွေဟာ အပြင်ထွက်ဖို့ သိပ်ကြောက်ကြတယ်လို့ ဇဘီအူလာ မူဂျာဟစ်ဒ်က ပြောပါတယ်။

ဧပြီလမှာ လုပ်မဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေးပြီး အပေးအယူလုပ်ထားတာများရှိသလားလို့ မေးရာမှာတော့ ရွေးကောက်ပွဲဟာ နိုင်ငံခြားကျူးကျော်မှုအောက်မှာလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ် ရွေးကောက်ပွဲဟာ တရားမဝင်သလို အမတ်လောင်းဆိုသူတွေဟာလဲ တရားဝင် ပြည်သူ့ကိုယ်စားလှယ်တွေ မဟုတ်ဘူး ဒါကြောင့် သူတို့တွေနဲ့ ဘာအပေးအယူမှ မလုပ်ဘူးလို့ တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသွားခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တပ်စွဲထားတဲ့ နိုင်ငံခြား တပ်ဖွဲ့ အများစုဟာ အခုနှစ်အတွင်း နိုင်ငံထဲကနေ ထွက်ခွာသွားဖို့ ရှိနေပြီး အာဖဂန် နစ္စတန် စစ်တပ်လက်ထဲ လုံခြုံရေးတာဝန်တွေ ပြန်လည် လွှဲအပ်မှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 

အာဖဂန်တာလီဘန် အဖွဲ့ဝင်တွေ
အာဖဂန် နစ္စတန်နိုင်ငံမှာ ရှိတဲ့ တာလီဘန်တွေက အာဂဖန်က နေရာအတော်များများကို သူတို့ ထိန်းချုပ် ထားနိုင်တာကြောင့် နေတိုး ဦးဆောင်တဲ့ အထူးတပ်ဖွဲ့တွေအပေါ် သူတို့ အောင်ပွဲခံပြီး မကြာခင် အာဏာ လက်ဝယ် ပြန်ရယူနိုင်မယ်လို့ ယုံကြည် စိတ်ချထားကြောင်း ပြောပါတယ်။

အမျိုးသားထိုင်လျက်ဘော်လီဘောပြိုင်ပွဲ မြန်မာအသင်းက ထိုင်းအသင်းကို သုံးပွဲပြတ်အနိုင်ရကာ ဗိုလ်လုပွဲတက်

နေပြည်တော်တွင် ကျင်းပပြုလုပ် လျက်ရှိသော အာဆီယံမသန်စွမ်း အမျိုးသားထိုင်လျက် ဘော်လီဘော ပြိုင်ပွဲ ၌ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် ထိုင်းကို သုံးပွဲပြတ်အနိုင်ရကာ ဗိုလ်လုပွဲ တက် ရော က်နိုင်ခဲ့ပြီဖြစ်သည်။

လက်ရွေးစင်အသင်း မတ်လအတွင်း ဖွဲ့စည်းလေ့ကျင့်မည်

2014 AFC Challenge Cup ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို လာ မည့် မတ်လအတွင်း ဖွဲ့စည်းလေ့ကျင့်ရန် ပြင်ဆင်ထားသည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အတွင်းရေး မှူး ဦးတင်အောင်က မဇ္ဈိမသို့ ပြောသည်။

အာဆီယံမသန်စွမ်းဆီးဂိမ်း ဒုတိယနေ့ ပွဲစဉ်များအပြီး မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် လေးခု ထပ်မံရရှိ

(၇) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် ပြေးခုန်ပစ်နှင့် ရေကူးအားကစား နည်းများမှ ရွှေတံဆိပ် ရှစ်ခုအထိရယူနိုင်ခဲ့သည့် မြန်မာအား ကစားအဖွဲ့အနေဖြင့် ဒုတိယနေ့ ပွဲစဉ်များ အပြီး တွင် ရွှေတံဆိပ် လေးခုထပ်မံရရှိခဲ့သည်။

ပိုင်ဆိုင်ကြောင်း စာချုပ်ပြ၍ တိုက်ခန်းလိမ်လည်ရောင်း

တာမွေမြို့နယ်တွင် တိုက်ခန်း နှစ်ခန်းကို ပိုင်ဆိုင်သည်ဟု စာချုပ်အထောက်အထားများပြ၍ လိမ် လည် ရောင်း ချသဖြင့် အရေးယူပေးရန် တိုင်တန်းမှုတစ်ခုကို ဇန်န၀ါရီ ၁၅ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

စသုံးလုံး အငြိမ်းစားတစ်ဦးထံမှ ကျပ်သိန်း ၉၀ ကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိ

သာကေတမြို့နယ်တွင် စသုံးလုံးမှ အငြိမ်းစားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးထံမှ ကျပ်သိန်း ၉၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇန်န၀ါရီ ၁၅ ရက် နံနက်က ဖမ်းဆီးရမိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။