Saturday, September 27, 2014

ပြင်သစ်နိုင်ငံသား ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေးတင်းကျပ်

ပြင်သစ်နိုင်ငံသားတဦး အယ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးမှာ လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံကို တိုင်ဝက် ၃ ရက်ဆက်လွှင့်ထူခဲ့ကြပါတယ်။ပြင်သစ်နိုင်ငံသား အာဗေ ဂူဒဲလ် အသတ်ဖြတ်ခံရအပြီး ပြင်သစ်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို သွေးစည်းညီညွတ်လာကြပြီး အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေကို အရင်ကထက်ပိုပြီးထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်ဖို့ကိုလည်း ပြင်သစ်ပြည်သူတွေ တောင်းဆိုလာကြပါတယ်။
Photo: ပြင်သစ်နိုင်ငံသား ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေးတင်းကျပ်

စက်တင်ဘာ ၂၇ ရက် ၂၀၁၄ ခုနှစ်

ပြင်သစ်နိုင်ငံသားတဦး အယ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးမှာ  လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံကို တိုင်ဝက် ၃ ရက်ဆက်လွှင့်ထူခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံသား အာဗေ ဂူဒဲလ် အသတ်ဖြတ်ခံရအပြီး ပြင်သစ်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို သွေးစည်းညီညွတ်လာကြပြီး အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေကို အရင်ကထက်ပိုပြီး ထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်ဖို့ကိုလည်း ပြင်သစ်ပြည်သူတွေ တောင်းဆိုလာကြပါတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာရှိတဲ့ ပြင်သစ်သံရုံးတွေကိုလည်း လုံခြုံရေးတိုးမြှင့်ခဲ့ပြီး ပြင်သစ်နိုင်ငံထဲက အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပါတယ်။

ပါရီမြို့တော်နဲ့ အမေရိကန်မြို့ကြီးတွေရဲ့ မြေအောက်ရထားလိုင်းတွေကို အိုင်အက်စ် အကြမ်းဖက်တွေ တိုက်ခိုက်မယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ရခဲ့တယ်လို့လည်း အီရတ်ဝန်ကြီးချုပ်က  စက်တင်ဘာလ ၂၅ ရက်နေ့က ပြောဆိုပါတယ်။

ပြင်သစ်မွတ်စလင်အဖွဲ့ချုပ်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ အိုင်အက်စ်အကြမ်းဖက်တွေကို ဆန့်ကျင်ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။
DVB 

အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်


Photo: အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်

စက်တင်ဘာ ၂၇ ရက် ၂၀၁၄ ခုနှစ်

အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား လိုက်ကြောင်း သတင်းရရှိသည်။

အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။

‘‘တိုင်ကြားသူရှိလို့ တစ်လိုင်းလုံးရပ်ဆိုင်းခံရတာပါ။ ရန်ကုန် တိုင်းအစိုးရအဖွဲ့က အရေးယူ တာပါ’’ဟု အဆိုပါယာဉ်လိုင်း ဥက္ကဋ္ဌ ဦးအေးသောင်းကပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အရေးယူအကြောင်းကြားစာတွင် (ဂ) စင်းလုံးငှား(တက္ကစီ)လိုင်စင် ယူပြီး၊ (ခ)ခရီးသည်တင်ယာဉ်ကဲ့ သို့ လုပ်ငန်းမျိုးပြေးဆွဲနေခြင်း ကြောင့် အရေးယူခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်လိုင်းမှာ ကား မှတ်တိုင်များတွင် ခရီးသည်များ ခေါ်ယူတင်ဆောင်သည့်အတွက်  ခရီးသည်တင် ဘတ်စ်ကားလိုင်း အချို့က တိုင်ကြား၍ တိုင်းဒေသကြီးအစိုးရက အရေးယူခြင်းဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ) ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။

အဆိုပါယာဉ်လိုင်းအသစ် သည် ကားအစီးရေ ၃၀ ကျော် ရှိပြီး အောင်မြင်မှုရနေသဖြင့် နောက်ပိုင်းတွင် ယာဉ်အစီးရေ ၆၀ ကျော်အထိ တိုးမြှင့်ရန် စီစဉ်ထားစဉ် အရေးယူခံရခြင်းဖြစ်သည်ဟု ဆိုသည်။

အောင်မဟာ အဆင့်မြင့် ယာဉ်လိုင်းက တစ်ဦးလျှင် ကျပ် တစ်ထောင်နှုန်းဖြင့် အဲကွန်းဖွင့် ကာ အင်းစိန်မှ ဆူးလေ၊ အောင် မင်္ဂလာ အဝေးပြေးမှ ဒဂုံ-ဧရာ အဝေးပြေး စသည့်ခရီးစဉ်များ အဖြစ် ပြေးဆွဲလျက်ရှိသည်။

နယ်မှလာသော ခရီးသည် များအနေဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ မြို့တွင်းသို့ အငှားယာဉ်ငှားရာတွင် ဈေးနှုန်း ကြီးမြင့်ခြင်း၊ စောင့်ဆိုင်းရချိန် ကြာမြင့်ခြင်း၊ စုပေါင်းစပ်ပေါင်း ငှားရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းတို့ကို ဖြေရှင်းနိုင်ရန် စီစဉ်ပြေးဆွဲစေခြင်းဖြစ်သည်။
7daydaily.com

အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား လိုက်ကြောင်း သတင်းရရှိသည်။အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။

ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်

 Photo: ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်

စက်တင်ဘာ ၂၇ ရက် ၂၀၁၄ ခုနှစ်

ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ) ရှိ ကလေးအများအတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍  စိန်ခေါ်ခဲ့သည်။
ထိုအစီအစဉ်ကို အီတလီနိုင်ငံသူ စာရေးဆရာမ Ms Pamela Mccourt က စက်တင်ဘာ ၂၇ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

“ငါတို့ကလေးတွေကိုစောင့်ရှောက်လို့ရှိရင် ကမ္ဘာကြီးကို စောင့်ရှောက်တာနဲ့အတူတူပါပဲလို့ ပြောစကားရှိပါတ ယ်။ အဲ့တာကြောင့် ကျွန်မဒီနေရာမှာ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချပြီး ကလေးတွေအတွက် အလှူငွေ ထည့်ဖို့ ဖိတ်ခေါ်ပါမယ်”ဟုပြောပြီး Ms Pamela Mccourt က ရေခဲရေများ လောင်းချခဲ့သည်။

အလှူငွေထည့်ဝင်ရန် သူမစိန်ခေါ်ခဲ့သူများမှာ မြန်မာနိုင်ငံမှ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၊ ဟိုတ ယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း၏သားဖြစ်သူ ဦးတိုးနိုင်မန်း၊ မြန်မာ့ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင့်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာ၊ မန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်နှင့် Star model Int’l မှ ဂျွန်လွင်တို့ဖြစ်သည်။

‘‘Ice Bucket Challenge’’ ခေါ် ကိုယ့်ကိုကိုယ် ရေခဲရေလောင်းပြီး စိန်ခေါ်မှုမှာ ကမ္ဘာ့နိုင်ငံများတွင် ခေတ်စားနေ ပြီး ALS အာရုံကြောရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေလှုပ်ရှားမှုက အစပြုခဲခြင်းဖြစ်သည်။ ထိုစိန်ခေါ်မှု၏ သဘောမှာ စိန်ခေါ်ခံရသူအနေဖြင့် ရေခဲရေမလောင်းနိုင်ပါက အလှူငွေထည့်ရမည်ဖြစ်ပြီး ရေခဲရေလောင်းပြီး တစ်ခြားသူများကို ထပ်မံစိန်ခေါ်ခွင့်ရှိသည်။

အဆိုပါလှုပ်ရှားမှုကို ကမ္ဘာကျော်များဖြစ်သည့် ချယ်လ်ဆီးနည်းပြမော်ရင်ဟို၊ ဘောလုံး အားကစားသမား နေမာ၊ မက်ဆီ၊ ဂျွန်တယ်ရီ၊ ဒေးဗစ်ဘက်ခမ်းတို့ အပါအဝင် အားကစားလောက၊ အနုပညာလောက ကျော်ကြားသူတို့ လက်ခံဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံရေးလောက ကျော်ကြားသူများဖြစ်သည့် အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းဝင် ဘီလ်ဂိတ်၊ လူမှုကွန်ရက် Facebook တည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ်တို့လည်း ပါဝင်ဆင်နွှဲထားကြသည်။

စိန်ခေါ်ခဲ့သည့် အီတလီအမျိုးသမီးမှာ ထိုလှုပ်ရှားမှုအပြင် ယခုနှစ် ဒီဇင်ဘာလအတွင်း  အီတလီနိုင်ငံမှ တေးဂီတပညာရှင်များ ဖိတ်ခေါ်၍ ချက်ထရီယန် ဟိုတယ်တွင် ဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ကာ ပါရမီ မိဘမဲ့ ဂေဟာအတွက် ရန်ပုံငွေ ရှာဖွေသွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါ ပါရမီဂေဟာတွင် မိဘနှစ်ပါးလုံးမရှိသူနှင့် မိခင်မရှိသူများကို ဦးစားပေးလက်ခံထားရှိပြီး  အသက် ၄ နှစ်မှ ၂၂ နှစ်အထိ ကလေးငယ် ၂၂ ယောက်ကိုစောင့်ရှောက်ပေးနေပြီး အရွယ်ရောက် အမျိုးသမီးများအတွက် လုံခြုံသည့် အဆောက်အဦး ဆောက်လုပ်ရန် လိုအပ်နေသည်။
အီတလီနိုင်ငံမှ အလွတ်တန်းသတင်းထောက်နှင့် ခရီးသွား အကြံပေးဖြစ်သူ Ms. Pamela Mccourt သည် ဒလမြို့ရှိ ပါရမီ မိဘမဲ့ဂေဟာမှ ကလေးငယ်များအတွက် အလှူငွေရရှိရန် လှုံ့ဆော်သည့်အနေဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရေခဲရေလောင်း စိန်ခေါ်မှုကို ဒလမြို့ရှိ ပါရမီ မိဘမဲ့ဂေဟာတွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ - ယုဝေ၊ မဇ္ဈိမ)
ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ) ရှိ ကလေးအများအတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍  စိန်ခေါ်ခဲ့သည်။
ထိုအစီအစဉ်ကို အီတလီနိုင်ငံသူ စာရေးဆရာမ Ms Pamela Mccourt က စက်တင်ဘာ ၂၇ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
“ငါတို့ကလေးတွေကိုစောင့်ရှောက်လို့ရှိရင် ကမ္ဘာကြီးကို စောင့်ရှောက်တာနဲ့အတူတူပါပဲလို့ ပြောစကားရှိပါတ ယ်။ အဲ့တာကြောင့် ကျွန်မဒီနေရာမှာ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချပြီး ကလေးတွေအတွက် အလှူငွေ ထည့်ဖို့ ဖိတ်ခေါ်ပါမယ်”ဟုပြောပြီး Ms Pamela Mccourt က ရေခဲရေများ လောင်းချခဲ့သည်။

ပုဇွန်တောင် အမတ်လွှတ်တော် သုံးနှစ်ကျော် ကာလအတွင်း မဲဆန္ဒရှင်များနှင့် မထိတွေ့

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်သည် ၎င်း၏ လွှတ်တော်ကိုယ်စားလှယ် သက်တမ်းအတွင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများနှင့် ထိတွေ့မှု လုံးဝမရှိဟု ပုဇွန်တောင်မြို့နယ်နေ တက်ကြွလှုပ်ရှားသူများက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ်ကို ဦးဆောင်အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများ၏ ကန့်ကွက်ရှုတ်ချပွဲတွင် စာနယ်ဇင်းရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။