Sunday, December 23, 2012

ကျိုက်ထီးရိုးတွင် ကားသမားထံမှ အတင်းအဓမ္မ တောင်းယူသွားသော ငွေ ၇ သိန်းကို KNU အဖွဲ့ မှ ပြန်လည်ပေးအပ်


Sunday, 23 December 2012 

KNU ကမ်းဘဲခေါင်းဆောင်သည့်အဖွဲ့မှ ဒီဇင်ဘာလ ၁၄ရက်နေ့ ညနေပိုင်းတွင် ကျိုက်ထီးရိုး   တောင်တက်ယာဉ်တစ်စီးမှ အတင်း အဓမ္မတောင်းယူသွားသော ငွေ ၇ သိန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် KNU အဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

သမ္မတအဖြစ် တာဝန်ထမ်းဆောင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


ပြည်သူလူထု ကောင်းစားရေးအတွက် လုပ်ပေးချင်တဲ့ ဆန္ဒရှိတာကြောင့် မိမိအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးရင် သမ္မတဖြစ်ချင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၂၃ ရက်နေ့ ဒီကနေ့ ပြောလိုက်ပါတယ်။

တရုတ် လိုအပ်ချက်၊ အင်တာနက် ဈေးကွက်နဲ့ မြန်မာ သတို့သမီးများ

Burmese Bride Matching ၀က်ဘ်ဆိုက်မှာ တွေ့ရတဲ့ မြန်မာ သတို့သမီး တဦး
တရုတ် လယ်သမားတွေဟာ သူတို့နိုင်ငံမှာ အမျိုးသမီး နည်းပါးလို့ သတို့သမီး ရှားပါး ပေမယ့် အခုအခါမှာ အင်တာနက် အွန်လိုင်း တွေအပါအ၀င် တရားမ၀င် နည်းလမ်းတွေနဲ့ မြန်မာအမျိုးသမီးတွေကို ဇနီးမယားအဖြစ် လွယ်ကူစွာ ရှာဖွေနိုင်နေကြပါပြီ။

ကချင်စစ်ပွဲတွင် ရဟတ်ယာဉ် အသုံးပြုမှုအား ဦးဇော်ဌေးနှင့် ဦးလာနန်းတို့၏ ပြောကြားချက် အသံဖိုင်


အစိုးရတပ်တွေနဲ့ ကချင်တပ်တွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေမှာ အစိုးရတပ်က ဝေဟင်ကနေ တိုက်ခိုက်မှုတွေ လုပ်နေပါတယ်လို့ ကေအိုင်အိုရဲ့ ပြောကြားချက်အပေါ် ရဟတ်ယာဉ် အသုံးပြုမှုနဲ့စပ်လို့ တပ်မတော် အရာရှိဟောင်းလည်းဖြစ်၊ လက်ရှိ သမ္မတရုံး ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဦးဇော်ဌေးက အခုလို ရှင်းလင်းထားပါတယ်။
ဦးဇော်ဌေး၏ ပြောကြားချက်ကို ဒီမှာ နားထောင်နိုင်ပါတယ်။

ဗပာိုဘဏ် သမ္မတလက်အောက်တွင် မရှိသင့်ကြောင်း ဦးကြည်မြင့်(လသာ)ပြောကြား


ဗပာိုဘဏ်အနေဖြင့် သမ္မတ၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်မရှိသင့်ဘဲ လုံးဝလွတ်လပ်သည့် ငွေကြေးဘောဂဗေဒ ပညာရှင် ဒါရိုက်တာအဖွဲ့ လက်ထဲတွင်သာ လုပ်ပိုင်ခွင့်အပြည့်ဖြင့်ရှိသင့်ကြောင်း ဦးကြည်မြင့်(လသာ)က ပြောကြားခဲ့သည်။
ဗပာိုဘဏ်ဥပဒေကြမ်းတွင် သမ္မတမှ ဗပာိုဘဏ်အား တာဝန်ခံရမည်ပာုဖော်ပြထားရာ ဗပာိုဘဏ်အနေဖြင့် ယခင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနလက်အောက်တွင် ရှိတော့မည်မပာုတ်တော့သော်လည်း သမ္မတလက်အောက်တွင်ဆက်ရှိနေခြင်းဖြင့် အမှန်တကယ်လွတ်လပ်သော အဖွဲ့အစည်း ဖြစ်လာဦးမည်မပာုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အိန္ဒိယက မြန်မာနှင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လို


(UPI News မှ 17 Dec 2012 ရက်စွဲပါ "India wants Myanmar defense Cooperation" သတင်းကိုဘာသာပြန်ဆိုသည်)
အိန္ဒိယစစ်ဖက်ထိပ်တန်းတာဝန်ရှိသူများ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက်တွင် မြန်မာ့တပ်မတော်နှင့် စစ်ဖက်ဆက်ဆံမှု ပိုမိုတိုးမြှင့်ရန် အိန္ဒိယနိုင်ငံကအဆိုပြုလိုက်ပါသည်။
အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဆာလမန်ခါရှစ်သည် ယခင်အပတ်က မြန်မာနိုင်ငံသို့ ပထမဆုံးပြည်ပခရီးထွက်လာကာ သမ္မတဦးသိန်းစိန်နှင့် သောကြာနေ့က တွေ့ဆုံခဲ့သည်။

ဒဂုံရွှေအောင်လံလုပွဲ အထူးပွဲစဉ်တွင် လူပုလေးနှစ်ဦး၏ လက်ဝှေ့ပွဲစဉ် လူကြိုက်များ

Photo: ဒဂုံရွှေအောင်လံလုပွဲ အထူးပွဲစဉ်တွင် လူပုလေးနှစ်ဦး၏
လက်ဝှေ့ပွဲစဉ် လူကြိုက်များ
Sunday, 23 December 2012

ယနေ့ အမျိုးသားအားကစားရုံ(၁)တွင် ကျင်းပလျှက်ရှိသော ဒဂုံရွှေအောင်လံလုပွဲတွင်အထူးပွဲစဉ်အဖြစ် အရပ်သုံးပေကျော်သာရှိသော လက်ဝှေ့သမားလူပုလေးနှစ်ဦးဖြစ်သော တာပေါ(မြ၀တီ)နှင့် 
လာပေါ(ဖြူး)တို့၏ပွဲစဉ်ကို ကြည့်ရှုသူများအကြိုက်တွေ့နေကြောင်း
သိရသည်။

၎င်းတို့တွဲဆိုင်းသည်ဒဂုံရွှေအောင်လံလုပွဲတွင်အထူးပွဲစဉ်အဖြစ်
ပထမဆုံးထိုးသတ်ခြင်းဖြစ်ကြောင်းသိရသည်။"လူပုလေးတွေပေမဲ့ 
လက်ဝှေ့ပညာကမခေဘူး။ ရိုးရိုးပွဲစဉ်တွေထက်ကြည့်ကောင်းတာ
အမှန်ဗျ"ဟုလက်ဝှေ့ပရိသတ်တစ်ဦးကဆိုသည်။

sn
Popular Myanmar News Journalယနေ့ အမျိုးသားအားကစားရုံ(၁)တွင် ကျင်းပလျှက်ရှိသော ဒဂုံရွှေအောင်လံလုပွဲတွင်အထူးပွဲစဉ်အဖြစ် အရပ်သုံးပေကျော်သာ ရှိသော လက်ဝှေ့သမားလူပုလေးနှစ်ဦးဖြစ်သော တာပေါ(မြ၀တီ)နှင့်

ရေသောက်ရန် အကောင်းဆုံး အချိန်

ရေသောက်ရန် အကောင်းဆုံး အချိန်
Saturday, 22 December 2012

ရေဟာ လူ့ကျန်းမာရေးအတွက် အထောက်အကူပြုမှန်း၊ အဓိကလိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိရောက်ရောက် ကောင်းကျိုးပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ မနက် အိပ်ယာထချိန်

ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက် စာ ရေသောက်သုံးခြင်း ဖြင့် သွေးလည် ပတ်မှုကို မြင့်တင်ပေးခြင်း၊ သွေး စေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေပါတယ်။

၂။ အစားမစားမှီ

အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရများအား ပိုမိုဆုပ်ယူပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ အစားစားပြီး

အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင်များက အားမပေးပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက်ပေးနိုင် လို့ ဖြစ်ပါ တယ်။

၎။ ညနေအချိန်

ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်းသမျှကို ယင်းအချိန် ရေသောက်ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေပါတယ်။

၅။ ညအိပ်ယာဝင်ခါနီး

ည အိပ်ယာဝင်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက်လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလိုအပ်ပါတယ်။ ဒါကြောင့် အိပ်ယာမ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေစနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေ မှာ ဖြစ်ပါတယ်။

ချွင်းချက်- ရာသီဥတုပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့အတွက် တစ်ခါတစ်လေကျ ရင် ရေအရမ်းဆာတတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ်မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည်သောက်သုံးခြင်းထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော်ကောင်းမွန်းပါတယ်။

အထက်အပါအတိုင်း စနစ်မှန်၊ ပမာဏ မှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေးအတွက် များစွာ အကျိုးထူးစေမှာ ဖြစ်ပါတယ်။
---
Ref: medic facts
ရိုးရာလေး သတင်းရေဟာ လူ့ကျန်းမာရေးအတွက် အထောက်အကူပြုမှန်း၊ အဓိက လို အပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိရောက်ရောက် ကောင်းကျိုးပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များကတော့ အောက်ပါ

တိုက်တန်းနစ် သင်္ဘော တကယ်မမြှုပ်ခဲ့

Photo: တိုက်တန်းနစ် သင်္ဘော တကယ်မမြှုပ်ခဲ့
Sunday, 23 December 2012

အများစု သိထားတာက ၂၀ ရာစုရဲ့  အကြီးမားဆုံး ရေကြောင်း အက်ဆီးဒန့်
ဖြစ်တဲ့ တိုက်တန်းနစ်ဟာ နှစ်မြှုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် တကယ် မနှစ်မြှုပ်ခဲ့ဘူးဆိုတာကိုလည်း အင်ဂျင်နေယာ Robin Gardiner က သက်သေပြခဲ့ပါတယ်။

သူ့ရဲ့ Titanic: The Ship That Never Sank? အမည်ရ စာအုပ်နဲ့ ဖြစ် ပါတယ်။ အမှန်တော့ တကယ် နှစ်မြှုပ်သွားတဲ့ သင်္ဘောက Olympic အမည်ရ တိုက်တန်းနစ်ရဲ့  မောင်နှမ သင်္ဘော (Sister ship) ဖြစ်ပါတယ်။ Sister ship ဆိုတာ အရွယ်အစားရော၊ အတွင်းအပြင်ရော အားလုံးနီးပါး တူတဲ့ သင်္ဘောကိုခေါ်ခြင်း ဖြစ်ပါတယ်။ Olympic သင်္ဘောက အသက်ပိုကြီး ပါတယ်။

Olympic ကို တိုက်တန်းနစ်နဲ့ အတူတူ တည်ဆောက်ပြီး ၁၉၁၀၊ အောက် တိုဘာလမှာ ရေချပါတယ်။ တိုက်တန်းနစ်ထက် အများကြီး စောပါတယ်။ ပင်လယ်မှာ တာဝန်ထမ်းဆောင်ရင်း ၁၉၁၁၊ စက်တင်ဘာလ ၂၀ ရက်နေ့ကျတော့ ဗြိတိန်တော်ဝင်ရေတပ် သင်္ဘော ဖြစ် တဲ့ HMS Hawke နဲ့ တိုက်မှု ဖြစ်ပွားပါတယ်။ နှစ်စင်းလုံး မမြှုပ်ပေမယ့် ကြီးကြီးမားမား ဒဏ်ရာကိုယ်စီ ရရှိခဲ့ကြပါတယ်။ အိုလံပစ် သင်္ဘော ဆိုရင်
အောက်ခြေနဲ့ ဘေးကိုယ်ထည်တွေ တော်တော်လေး ပျက်ဆီး သွားပါတယ်။ ယင်းတိုက်မှုမှာ အပြစ်ရှိသူကလည်း အိုလံပစ် သင်္ဘော ပဲ ဖြစ်ပါတယ်။

ဒီတော့ အိုလံပစ် သင်္ဘောက အာမခံ လျော်ကြေးငွေ မရတော့ပါဘူး။ ကုမ္မဏီ အနေနဲ့ကတော့ အာမခံလျော်ကြေးငွေ ရရှိလိုဆဲ ဖြစ်ပါတယ်။ အသစ်ဆက်ဆက် တိုက်တန်းနစ်ကို အိုလံပစ်ဆိုတဲ့ အမည်ပြောင်းပေးလိုက် ပါတယ်။ အိုလံပစ်ကို တိုက်တန်းနစ် သင်္ဘောအဖြစ် နာမည်ပြောင်းပေး လိုက် ပြီး ခရီးများများ သွားခိုင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ကို ခရီးသွားဖို့ ကြုံရပါတယ်။ အားလုံးနီးပါး ဆင်တူယိုးမှာ ဖြစ်အောင် အတတ်နိုင်ဆုံး ပြင်ဆင်ခဲ့ ပါတယ်။ ဒီတော့ တိုက်တန်းနစ်အဖြစ် ဟန်ဆောင်ပြီး ခရီးသွားတဲ့ အိုလံပစ်က မခိုင်တော့တဲ့ အတွက် ကြိမ်းသေ တစ်ခုခု ဖြစ်နိုင်တယ်ဆိုတာ ကြိုတွက်ပြီးသား ဖြစ် ပါတယ်။ အိုလံပစ် အမည်ကို ပြောင်းလိုက်တဲ့ သင်္ဘောကတော့ ပထမကမ္ဘာစစ်ကာလအတွင်း မှာပဲ တိုက်ပွဲတွေကြား နှစ်မြှုပ်သွားတယ်လို့ ရေးသားဖော်ပြကြပါတယ်။

၁၉၁၂ ဧပြီလ ၁၄ ရက်မှာ တကယ်ပဲ နှစ်မြှုပ်သွားပါတယ်။ အားလုံးက တိုက်တန်းနစ်လို့ပဲ သိထားကြပါတယ်။ ခရီးသည်ရော၊ သင်္ဘောသားတွေရော၊ သေဆုံးသူရဲ့  မိသားစုဝင် အသီးသီးရော၊ ကုမ္မဏီရော အားလုံး အသီးသီလျော်ကြေးငွေ ရရှိပါတယ်။ တိုက်တန်းနစ် ဟာ ဘယ်တော့မှ မမြှုပ်နိုင်တဲ့ သင်္ဘောလို့ အားလုံးက အသိအမှတ်ပြု လက်ခံထားပေမယ့် တကယ် နှစ်မြှုပ်သွားခဲ့လို့ ဖြစ်ပါတယ်။

သို့ပေမယ့် တိုက်တန်းနစ် ပိုင်ရှင် White Star Line ကုမ္မဏီ ဟာ ယနေ့မှာ ဆိုရင် ဗြိတိန်ပေါင် ၃၄ သန်းမကတဲ့ အကြွေးမြီနဲ့ နာမည်ဆိုး ကျန်ခဲ့စေ ပါတယ်။ ယနေ့တိုင် ရုံးဖွင့်ထားသေးပေမယ့် ဒေ၀ါလီ ခံရတော့မယ် ကုမ္မဏီ ဖြစ်ပါတယ်။

တိုက်တန်းနစ် သင်္ဘော တကယ် မမြှုပ်ပဲ သူ့နဲ့ ဆင်တူ Olympic သင်္ဘောမြှုပ် သွားတယ်ဆိုတာကို Titanic: The Ship That Never Sank? အမည်ရ စာအုပ်မှာ လေ့လာတွေ့ရှိနိုင်ပါတယ်။
----
Ref: wiki
International news for myanmarအများစု သိထားတာက ၂၀ ရာစုရဲ့  အကြီးမားဆုံး ရေကြောင်း အက်ဆီးဒန့် ဖြစ်တဲ့ တိုက်တန်းနစ်ဟာ နှစ်မြှုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် တကယ် မနှစ်မြှုပ်ခဲ့ဘူးဆိုတာကိုလည်း အင်ဂျင်နေယာ Robin Gardiner က သက်သေပြခဲ့ပါတယ်။

ညှို့မဂ္ဂဇင်းပါ ဓာတ်ပုံနှင့်စာသားများသည် လိင်ကိစ္စအသားပေးသော ညစ်ညမ်းစာပေနှင့် ရုပ်ပုံများဖြစ်နေကြောင်း ဝေဖန်မှုများရှိနေ ညစ်ညမ်းသောစာပေနှင့် ရုပ်ပုံများကို ထုတ်ဝေခြင်း၊ ရောင်းချခြင်း ပြုလုပ်ခြင်းများသည် ရဲအရေးပိုင်သော ပြစ်မှုများဖြစ်

Photo: ညှို့မဂ္ဂဇင်းပါ ဓာတ်ပုံနှင့်စာသားများသည် လိင်ကိစ္စအသားပေးသော ညစ်ညမ်းစာပေနှင့် ရုပ်ပုံများဖြစ်နေကြောင်း ဝေဖန်မှုများရှိနေ ညစ်ညမ်းသောစာပေနှင့် ရုပ်ပုံများကို ထုတ်ဝေခြင်း၊ ရောင်းချခြင်း
ပြုလုပ်ခြင်းများသည် ရဲအရေးပိုင်သော ပြစ်မှုများဖြစ် 
Sunday, 23 December 2012 

ညှို့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ဓာတ်ပုံနှင့်စာသားများသည် မြန်မာ့
ယဉ်ကျေးမှုနှင့် မကိုက်ညီဘဲ လိင်ကိစ္စအသားပေးသော ညစ်ညမ်းစာပေနှင့် ရုပ်ပုံများဖြစ်နေကြောင်း စာဖတ်သူများအကြား ဝေဖန်မှုများရှိနေသည်။

ညှို့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ရုပ်ပုံအများစုသည် မိန်းကလေးများ၏ ရင်သား၊ ဗိုက်သား၊ ပေါင်တန်နှင့်   မမြင်သင့်၊ မမြင်အပ်သည့်အရာအချို့ကို အသားပေးဖော်ပြထားသည်ကို တွေ့ရကြောင်း၊ ရုပ်ပုံနှင့်စာသားအချို့သည် စာဖတ်သူတို့၏ တဏှာရာဂစိတ်ကို နှိုးဆွသကဲ့သို့ ဖြစ်နေကြောင်း စာဖတ်သူများက ဝေဖန်ခဲ့ကြပါသည်။

“အမျိုးသားတွေဟာ ကိုယ့်ဇနီး၊ ချစ်သူနဲ့အတူ အိပ်စက်တော့မယ့်အခါ ကိုယ့်ဇနီးရဲ့ ခန္ဇာကိုယ်ပေါ်မှာ ပေါ့ပါးလွတ်လပ်ပြီး ဖယ်ရှားရလွယ်တဲ့ ည၀တ်အင်္ကျီ ခပ်ပါးပါးမျိုးပဲ ရှိနေစေချင်ကြတယ်။ ဖယ်ရှားရခက်တဲ့ တင်းကြပ်တဲ့ အ၀တ်အစားမျိုးတွေ ရှိမနေစေချင်ဘူး။ ဖြုတ်တပ်ရခက်တဲ့ ကြယ်သီးနဲ့အင်္ကျီမျိုးတွေကို သူတို့ကြောက်ကြတယ်” ဟူသည့် အစရှိသော စာသားများကို ညှို့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည်ကို တွေ့ရသည်။

“စာနယ်ဇင်းလွတ်လပ်ခွင့် ရသွားပြီဆိုရင်တော့ ဒီလိုစာစောင်
မဂ္ဂဇင်းတွေကတော့ ထွက်လာမှာပဲဗျ။ ကျွန်တော်ကတော့ ကြားချပြီးပြောရမှာပေါ့။ စာဖတ်တဲ့သူကလည်း သူ့အဆင့်အတန်းနဲ့သူ
ရွေးချယ်မှာပဲလေ။  ထုတ်ဝေသူတွေကလည်း သူ့အဆင့်အတန်းနဲ့သူ ထုတ်တာပေါ့။ တစ်ဖက်ကလည်း စာနယ်ဇင်းသမားတွေ မီဒီယာ
သမားတွေကလည်း ကျင့်ဝတ်လိုက်နာရမှာပေါ့။ ချမှတ်ထားတဲ့ ရှိပြီးတဲ့ကျင့်ဝတ်တွေ လိုက်နာရမှာပေါ့။   ဒီလိုစာစောင်မျိုးတွေက ကျွန်တော်ထင်တယ် နောင်ကျရင်လည်း ထွက်လာဦးမှာပဲ။ ဒါပေမဲ့လည်း ယဉ်ကျေးမှုအရ အမြင်မတင့်တယ်တာမျိုးလည်း ရှိမှာပေါ့။ စီးပွားရေးအရ တွက်ခြေကိုက်ဖို့ လုပ်ကြတာတစ်ပိုင်း၊  ဘာပဲဖြစ်ဖြစ် ကျင့်ဝတ်နဲ့အညီ လုပ်ကြတာတော့ ကောင်းတာပေါ့” ဟု ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ် The Voice Weekly ဂျာနယ်၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး) က ပြောကြားခဲ့သည်။

ဦးကျော်မင်းဆွေက “ဒီလိုစာစောင်မျိုးကိုလည်း ကျွန်တော်တို့က မထုတ်နဲ့၊ မပြုနဲ့လို့ ဇွတ်တားလို့ရတာမျိုး မဟုတ်ဘူး။ စာနယ်ဇင်းကောင်စီက အဲဒီမဂ္ဂဇင်းကို ခေါ်တွေ့တုန်းကတော့ ကျွန်တော်မပါလိုက်ဘူးဗျ။
ခေါ်ပြီးတော့ ဆွေးနွေးတာ၊ ညှိနှိုင်းတာမျိုးပဲ ရှိခဲ့တယ်။ စကားပြောတယ်၊ အကြံပေးတယ် ဒါမျိုးပဲလုပ်ပါတယ်။ ဒီမဂ္ဂဇင်းနဲ့ ပတ်သက်ပြီးတော့
ဝေဖန်မှုတွေရှိတယ်ဆိုတာ ကျွန်တော်လည်း ကြားပါတယ်။တော်တော်
များများ ပြောကြပါတယ်။  ဒါကလည်း ကျွန်တော်တို့ယဉ်ကျေးမှုမှာလည်း တစ်လျှောက်လုံး ဒါမျိုးမရှိခဲ့တော့ ရုတ်တရက်ထွက်လာတော့
ပြောကြဆိုကြတာ ရှိပါတယ်။ စာဖတ်ပရိသတ်ကလည်း သူ့ရွေးချယ်မှုနဲ့သူ သွားမှာပါ။ စာနယ်ဇင်းလောကမှာ မီဒီယာလောကမှာ ကျင့်ဝတ်ဆိုတာတော့ ရှိပါတယ်။ ကျင့်ဝတ်တွေနဲ့ ချိန်ထိုးပြီး ထုတ်ဝေသူတွေအနေနဲ့ ကိုယ့်ဘာသာ ဆင်ခြင်ဖို့ပါပဲ။ ကျွန်တော့အနေနဲ့တော့ တစ်ဦးတစ်ယောက်က အာဏာနဲ့ပြောတာဆိုတာမျိုးထက် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဆင်ခြင်တာမျိုးပဲ အကြံပေးဖို့ပဲ ရှိပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

“ဒီကိစ္စတွေသည် ညစ်ညမ်းမှုဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ပတ်ဝန်းကျင်
အဖွဲ့အစည်းအပေါ်မှာ မူတည်တယ်။ အဲဒီပစ္စည်းတစ်ခု ပျံနှံ့တဲ့
ပတ်ဝန်းကျင်က ဆုံးဖြတ်တယ်။ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ ယဉ်ကျေးမှုစံချိန်၊ စံညွန်းတွေနဲ့ သတ်မှတ်တိုင်းတာပါတယ်။ ဒီကိစ္စသည်အများက ညစ်ညမ်းတယ်လို့မြင်ရင် ညစ်ညမ်းတဲ့ကိစ္စ၊ မသင့်တော်တဲ့ကိစ္စ ဖြစ်မှာပါ” ဟု ဦးဖေမြင့် (အယ်ဒီတာချုပ်၊ ပြည်သူ့ခေတ်ဂျာနယ်) က ပြောကြားခဲ့သည်။

ညစ်ညမ်းသောစာပေနှင့် ရုပ်ပုံများကို ထုတ်ဝေခြင်း၊ ရောင်းချခြင်း
ပြုလုပ်မှုများသည် ရဲအရေးပိုင်သော ပြစ်မှုများဖြစ်နေကြောင်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားပါ ပြဌာန်းချက်များအရ သိရသည်။

“ဂျာနယ်ဖြစ်ဖြစ်၊ မဂ္ဂဇင်းဖြစ်ဖြစ် မောင်နဲ့အစ်မ၊ သားနဲ့အမိ ကြည့်လို့မသင့်၊ ဖတ်လို့မသင့်တဲ့ ညစ်ညမ်းတဲ့စာပေ၊ ညစ်ညမ်းတဲ့ရုပ်ပုံတွေကို
ဖော်ပြတာတွေက တည်ဆဲဥပဒေတွေကို ချိုးဖောက်ရာရောက်ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။ ညှို့မဂ္ဂဇင်းမှာ ဖော်ပြတာတွေဟာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ရင်တော့ အရေးယူခံရနိုင်ပါတယ်။ ဥပဒေတွေကို ချိုးဖောက်ရာရောက်၊ မရောက်ဆိုတာက ဥပဒေပြဋ္ဌာန်းချက်တွေ လေ့လာကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့စာပေ၊ ညစ်ညမ်းတဲ့ရုပ်ပုံတွေကို ဖော်ပြတာနဲ့
ပတ်သက်လို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ နဲ့ ၂၉၃ ရယ် ၁၉၆၂ ခုနှစ်ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေရယ် ဒီနှစ်ခုနဲ့အရေးယူလို့ ရပါတယ်” ဟု အထက်တန်းရှေ့နေတစ်ဦးက ရှင်းပြပါသည်။

ညစ်ညမ်းသော အရာဝတ္ထုများဆိုသည်မှာ တဏှာရာဂစိတ်ကို
 နှိုးဆွသည့်စာပေ၊ ရုပ်ပုံ၊ ဓာတ်ပုံများကို ဆိုလိုခြင်းဖြစ်ကြောင်း သိရှိရသည်။

မည်သူမဆို ညစ်ညမ်းသော စာအုပ်၊ စာအုပ်ငယ်၊ စာရွက်စာတမ်း၊
ရေးဆွဲသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဍာန် ရုပ်ပုံတစ်မျိုးမျိုးကို သို့တည်းမဟုတ် ညစ်ညမ်းသောအရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့ မြင်သာအောင်ပြခြင်း၊ တစ်ခုခုကိုပြုလျင် သို့တည်းမဟုတ် နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိခြင်းပြုလျင် ထိုသူကို သုံးလအထိ ထောင်ဒဏ်
တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်
ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂တွင် ပြဋ္ဌာန်းထားပါသည်။

ထို့အတူ မည်သူမဆို ညစ်ညမ်းသောအရာဝတ္ထုတစ်ခုခုကို အသက် ၂၀ မပြည့်သေးသော သူတစ်ဦးတစ်ယောက်သို့ ရောင်းခြင်း၊ ထုတ်ငှားခြင်း၊
ဝေငှခြင်း၊ ပြခြင်း၊ ဖြန့်ချိခြင်းပြုပါက ထိုသူကို ခြောက်လအထိ ထောင်ဒဏ်
တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်
ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၃ တွင် ဆိုထားပါသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ နှင့် ၂၉၃ သည် ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်
ရှိသောကြောင့် ရဲအရေးပိုင်သော ပုဒ်မများဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားအရ သိရပါသည်။

“နိုင်ငံတကာမှာတော့ ဒါတွေရှိပါတယ်။ ဒါပေမဲ့ အခြေအနေဆိုတာရှိတယ်။ ဥပမာ-ရေကူးကန်မှာ ရေကူးဝတ်စုံနဲ့သွားတာ ဘာမှမဖြစ်ဘူး။ လမ်းမပေါ်မှာ ရေကူးဝတ်စုံနဲ့သွားရင်တော့ တော်တော်လေးသိပ်ရုပ်ဆိုး
ပါတယ်။ မသင့်တော်ပါဘူး။ ဒီအတိုင်းပဲ ကျွန်တော်တို့ မြန်မာပြည်မှာဆိုရင် ဒီလိုမျိုးအခြေအနေ ရှိနေတယ်။ လမ်းမပေါ်အခြေအနေ
ဖြစ်နေတယ်။ ရေကူးကန်ဘေး မဟုတ်ဘူး။ နိုင်ငံခြားမှာတော့တို့၊ ဘာတို့ရှိတယ်။ ဒါက သူ့အချိန်နဲ့သူ ဖြစ်နေတာ။ ဟိုမှာကအချိန်ကလည်း မအားကြတော့ လူတွေကလည်း ဒီဟာကို သက်သက်အချိန်မပေးနိုင်ကြဘူး။ သူတို့မှာက သတ်သတ်မှတ်မှတ်ရှိတယ်။ ၁၈ နှစ်အထက် မ၀ယ်ရ၊ မကြည့်ရဆိုပြီး စာအုပ်ကို ချုပ်ထားတာရှိတယ်၊၊ အဲဒီစာအုပ်ကို လမ်းဘေးမှာချရောင်းလို့လည်း မရဘူး” ဟု ၎င်းက ဆက်လက်ဆိုပါသည်။

“ဒီမှာက လမ်းဘေးမှာချရောင်းတဲ့ပုံစံမျိုး ဖြစ်မှာပဲ။ အခြေအနေ လုံးဝမတူပါဘူး။ ဒို့လုပ်ရင် ဖြစ်တာပဲ၊ သူများလည်း လုပ်တဲ့ဟာပဲ။ ဒို့လည်းလုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်ရင်တော့ အခုလက်ရှိအနေအထားအရ မကောင်းဘူးလို့ ယူဆပါတယ်။ မလုပ်သင့်သေးဘူး ယူဆတယ်။ တချို့ကပြောတယ်။ ဒီလိုလုပ်ရင် မှောင်ခိုထွက်လာမှာပေါ့လို့
ပြောတယ်။ မှောင်ခိုထွက်တာက စာနယ်ဇင်းသိက္ခာနဲ့ မထိခိုက်ဘူး။ သူတို့ကစာနယ်ဇင်းကမှ မဟုတ်တာ။ မှောင်ခိုတွေကတော့ ထွက်မှာပဲ။ ဥပမာ-တိုင်းပြည်တစ်ပြည်မှာ သူခိုးတော့ ရှိမှာပဲ။ ရဲကနေ တတ်နိုင်သမျှ အရေးယူတာပဲ။ ဒါပေမဲ့ သူခိုးရှိတိုင်း လူတိုင်းထွက်ခိုးနေလို့ ဘယ်ရမလဲ။ သူခိုးရှိတိုင်း ခိုးခွင့်လိုင်စင် ချပေးလိုက်လို့ မရဘူး။ ကျွန်တော်တို့လည်း ဒီလိုပဲ အပြင်မှာမှောင်ခိုတွေရှိတိုင်း ညှို့မဂ္ဂဇင်းက ရှိသင့်ပါတယ်လို့ လိုင်စင်ကြီး မချပေးသင့်ဘူးလို့ ကျွန်တော်ထင်တယ်လေ။ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းလုပ်ရင်တော့ ကျန်တဲ့လုပ်တဲ့သူတွေတော့ အများကြီး သက်တောင့်သက်သာရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ စာနယ်ဇင်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းပြီး တတ်နိုင်သမျှ လုပ်ကိုင်သွားမယ်ဆိုရင်၊ ဒီညှို့မဂ္ဂဇင်းကို ပညာပေးသက်သက်လုပ်မယ်၊ လိင်ပညာပေးကြတော့လည်း မြန်မာအသိုင်းအ၀ိုင်းက တကယ်တမ်း လက်မခံနိုင်ကြသေးဘူး။ ဒါ့ကြောင့် လိင်ပညာပေးစာအုပ်ဆိုရင်လည်း တစ်တစ်ခွခွပုံတွေ ဖော်ပြခြင်းမပြုဘဲလုပ်ကြရင် ပိုကောင်းမယ်ထင်ပါတယ်” ဟု ဒေါက်တာခင်မောင်ညိုက ဖြည့်စွက်ပြောကြားခဲ့သည်။

ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင်အဖွဲ့မှ ထုတ်ဆင့်သော ညွှန်ကြားချက် ၇ တွင် ဖော်ပြထားသည်မှာ ရာဇ၀တ်မှု အားပေး
အားမြှောက်ပြုသည့် စာပေများနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ညစ်ညမ်းသည့်စာပေ (လိင်ကိစ္စများ၊ တဏှာရာဂစိတ်ထကြွစေသည့် စာပေများ စသည်) တို့ကို ထုတ်ဝေခြင်းမပြုရန် ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေတစ်ခုခုကိုသော် လည်းကောင်း၊ ထုတ်ဆင့်သော အမိန့်ကိုသော် လည်းကောင်း လိုက်နာရန် ပျက်ကွက်ပါက အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ အများဆုံး ထောင်ဒဏ်ခုနစ်နှစ်
အထိ ဖြစ်စေ၊ အနည်းဆုံးဒဏ်ငွေ ကျပ် ၃၀၀၀ မှ အများဆုံးဒဏ်ငွေ ကျပ် ၃၀၀၀၀ အထိဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေပုဒ်မ ၂၀ တွင် ဖော်ပြထားပါသည်။

ထို့အတူ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေ
ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ထုတ်ဝေသော စာစောင်များကို သိမ်းယူဖျက်ဆီးနိုင်ကြောင်း ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဥပဒေပုဒ်မ ၁၄ အရ သိရသည်။

“. . . ဒီနေ့ ဒီမိုကရေစီဆိုတဲ့ ကာလမျိုးမှာတော့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ ဒါပေမဲ့ ခုနက မြန်မာ့ယဉ်ကျေးမှု၊
မြန်မာ့ယဉ်ကျေးမှု ဆိုတာကြီးနဲ့ ပတ်သက်ပြီးတော့တော့ အစ်ကို့စိတ်ထဲ
တော်တော်စနိုးစနောင့်ဖြစ်တယ်။ အဲဒါကဘာလဲဆိုတော့ မြန်မာ့ယဉ်ကျေးမှု ဟုတ်ပြီ။ အဲဒီမြန်မာ့ယဉ်ကျေးမှုက အစ်ကိုတို့က ပျူခေတ်က ယဉ်ကျေးမှုနဲ့ အစ်ကိုတို့က အလုပ်လုပ်ကြရမှာလား။ ပုဂံခေတ်က ယဉ်ကျေးမှုနဲ့ အလုပ်လုပ်ကြရမှာလား။ ဒါမှမဟုတ် အစ်ကိုတို့မိဘတွေလက်ထက်က
ခေတ်စားခဲ့တဲ့ မှန်နိုင်လွန်ပေါ့နော်၊ အထဲကအတွင်းက မိန်းမအတွင်း
ရင်သားခံတဲ့ ဘရာစီယာလိုဟာကို ထင်းခနဲမြင်နေရပြီးတော့ အင်္ကျီပါးပါးလေးနဲ့ မှန်နိုင်လွန်ခေတ်က ယဉ်ကျေးမှုနဲ့ လုပ်ကြမှာလား။ ဒါမှမဟုတ် ဒီနေ့ခေတ်က မိန်းကလေးတွေ၊ မြန်မာလူငယ်တွေ ၀တ်စားဆင်ယင်နေတဲ့ ၀တ်စားဆင်ယင်ပုံ ယဉ်ကျေးမှုနဲ့ လုပ်ကြရမှာလား။ အဲဒီတစ်ခုတော့ တိကျပြတ်သားတဲ့ဟာကို တာဝန်ရှိတဲ့သူတွေက သတ်မှတ်ပေးဖို့တော့ လိုတယ်လေ၊၊ နောက်တစ်ခုက အစ်ကိုမြင်ပါတယ်။ အနုပညာအလုပ်တွေအကုန်လုံးက ယဉ်ကျေးမှုနဲ့ သွားတိုင်းတာလို့ မရဘူး။ ယဉ်ကျေးမှုဆိုတာက ထိန်းသိမ်းစောင့်ရှောက်ရမယ့် အရာပဲ။ လိုက်နာရမယ့်အရာတော့ မဟုတ်ဘူး၊၊ ယဉ်ကျေးမှုကို မပျောက်မပျက်
အောင် ထိန်းသိမ်းထားရမယ်။ ဒါပေမဲ့ ခေတ်ကိုလျှောက်လှမ်းတဲ့ နေရာမှာ အဲဒီယဉ်ကျေးမှုကြီးကို လိုက်နာရမယ်ဆိုရင်တော့ အဲဒီတိုင်းပြည် တိုးတက်လာမှာမဟုတ်ဘူးလို့ ကိုယ်မြင်တယ်” ဟု ညှို့မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုဦးဆွေက သံတော်ဆင့်ဂျာနယ်၏ တွေ့ဆုံ
မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားထားပါသည်။

Eleven Media Groupညှို့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ဓာတ်ပုံနှင့်စာသားများသည် မြန်မာ့ ယဉ်ကျးမှုနှင့် မကိုက်ညီဘဲ လိင်ကိစ္စအသားပေးသော ညစ်ညမ်း စာပေနှင့် ရုပ်ပုံများဖြစ်နေကြောင်း စာဖတ်သူများအကြား ဝေဖန်မှုများ ရှိနေသည်။

အစွမ်းထက်တဲ့ ဒုံးကျည်ထုတ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်း

ပြီးခဲ့တဲ့သတီတင်းပတ်က တာဝေး ပစ် ရော့ကဒ်ဒုံးကျည် အောင်   အောင် မြင်မြင် စမ်း သပ် ပစ်လွှတ် နိုင်ခဲ့ပြီးတဲ့နောက် ပိုပြီးတော့ အားကောင်းတဲ့ ရော့ကတ် ဒုံးကျည်တွေ လုပ်သွားဖို့ မြောက်ကိုရီးယား   ခေါင်းဆောင် ကင်မ်ဂျုံအွန်း က ပြောလိုက်ပါတယ်။

ကားကိုယ်ထည်တစ်ခုလုံး နေရာလွတ်မကျန်ရလေအောင် ကင်မရာနဲ့ ယခုလို အလှဆင်ထားပါတယ်

Photo: ကားကိုယ်ထည်တစ်ခုလုံး နေရာလွတ်မကျန်ရလေအောင် ကင်မရာနဲ့ ယခုလို အလှဆင်ထားပါတယ်။
Sunday, 23 December 2012

ဖန်တီးသူကတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်က Harrod Blank အမည်ရ လူတစ်ဦး ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်က သူ့မှာ ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်ခဲ့ပါတယ်။ အိပ်မက်ထဲမှာ ပတ်ပတ်လည် ကင်မရာတွေနဲ့ ကိုယ်ထည်ပြုလုပ်ထားတဲ့ ကားကို မောင်းနှင် ရတာ ဖြစ်ပါတယ်။

ယင်းအိပ်မက်ကို တကယ် အကောင်အထည်ဖော်ဖို့စိတ်ကူပြီး သူငယ်ချင်း အချို့ ရဲ့ အကူအညီနဲ့ ဗန်ကားကို ကင်မရာများ တပ်ဆင်ပါတော့တယ်။ ၁၉၉၅ ခုနှစ်တော့ အားလုံးပြီးစီးသွားပါတယ်။ ကင်မရာကို ကားမှာ ခိုင်အောင်တပ်ထားဖို့ဆိုတာ မလွယ်ကူပါဘူး။ 

သို့ပေမယ့် နောက်ဆုံးတော့ အောင်မြင်သွားပါတယ်။ ခရီးကြမ်းသွားလည်း ကင်မရာများ ပြုတ်မကျပါဘူး။ ယင်းကားနဲ့ပဲ အလှပြခရီးအဖြစ် နီးစပ်ရာမြို့ တွေတောင် လည်လိုက်ပါသေးတယ်။

သူပိုက်ဆံဖြုန်းပြီး ဖန်တီးလိုက်တဲ့ ကင်မရာကားဟာ ဘာပဲ ဖြစ်ဖြစ် နာမည်ကျော် လူသိများသွား ရပါတယ်။
--
Ref:zurmat
ရိုးရာလေး သတင်း
YoYarLayဖန်တီးသူကတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်က Harrod Blank အမည်ရ လူတစ်ဦး ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်က သူ့မှာ

HTC မိုဘိုင်းဖုန်း၏ တရားဝင်အရောင်းစင်တာနှင့် ဆားဗစ်စင်တာကို ပြည်တွင်း၌ ဖွင့်လှစ်သွားမည်

Photo: HTC မိုဘိုင်းဖုန်း၏ တရားဝင်အရောင်းစင်တာနှင့် ဆားဗစ်စင်တာကို
ပြည်တွင်း၌ ဖွင့်လှစ်သွားမည်  
Sunday, 23 December 2012 

ထိုင်ဝမ်နိုင်ငံအခြေစိုက် HTC မိုဘိုင်းဖုန်း၏ တရားဝင်အရောင်းစင်တာနှင့် ဆားဗစ်စင်တာများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် မကြာမီလပိုင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း HTC မိုဘိုင်းဖုန်းများအား တရားဝင်ဖြန့်ချိခွင့်နှင့် ဆားဗစ်စင် တာ ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် KMD ကုမ္ပဏီမှ သတင်းရရှိသည်။

ထိုသို့ အရောင်းစင်တာနှင့် ဆားဗစ်စင်တာများ ဖွင့်လှစ်ရာတွင် ရန်ကုန်မြို့၌ စင်တာသုံးခု၊ မန္တလေးမြို့၌ စင်တာနှစ်ခု စုစုပေါင်း စင်တာငါးခု ဖွင့်လှစ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင်မူ ရန်ကုန်နှင့် မန္တလေးမြို့များ၌ စင်တာတစ်ခုစီ ဦးစွာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

''HTC က မြန်မာတစ်နိုင်ငံလုံးရဲ့ Authorized Distributor အဖြစ် KMD ကို ဒီဇင်ဘာလတတိယပတ်မှာ ပေးလိုက်တာပါ။ မြန်မာတစ်နိုင်ငံလုံးကို ဒီလကုန်မှာ ဖြန့်ပေးသွားမှာပါ။ HTC Showroom တွေကို ၂၀၁၃ နှစ်ဆန်းပိုင်းမှာဖွင့်ပြီး  Service Center တွေကိုတော့ Showroom မဖွင့်ခင် ကြိုတင်ဖွင့်သွားမှာပါ။ ဈေးနှုန်းတွေကတော့ နိုင်ငံတကာနဲ့ ယှဉ်လို့ရတဲ့ ဈေးနှုန်းတွေ ဖြစ်မှာပါ''ဟု KMD ကုမ္ပဏီမှ DeputyGeneralManger ကိုစိုးငွေရက ပြောကြားသည်။

ထို့ပြင် HTC မိုဘိုင်းဟန်းဆက်များ ရောင်းချရာတွင် အာမခံကာလအနေဖြင့် ၁၈လပေးသွားမည် ဟုသိရပြီး Service Center တွင် International Warranty ပါရှိသည့်  HTC ဟန်းဆက်များအား ပြုပြင်ပေးသွားမည်ဖြစ်သည်။

အဆိုပါ HTC Showroom များ ဖွင့်လှစ်ရန်အတွက် KMD မှ ၀န်ထမ်းများ ခေါ်ယူလျက်ရှိကြောင်းလည်း သိရသည်။

Eleven Media Groupထိုင်ဝမ်နိုင်ငံအခြေစိုက် HTC မိုဘိုင်းဖုန်း၏ တရားဝင်အရောင်းစင် တာနှင့် ဆားဗစ်စင်တာများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် မကြာမီလပိုင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း HTC မိုဘိုင်းဖုန်း

ဆွစ်ဇာလန် ဓါတ်ပုံဆရာ မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံစာအုပ် အခမဲ့ ထုတ်ဝေမည်

မြန်မာနိုင်ငံ တစ်ဝန်းတွင် ရိုက်ကူးခဲ့သော အလှအပ ရှုခင်းများ၊ လျှပ်တစ်ပြက် ဓာတ်ပုံ များကို စုစည်း၍ အခမဲ့ ဓါတ်ပုံစာအုပ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဆွစ်ဇာလန် နိုင်ငံသား ဓာတ်ပုံဆရာ Mr.Armin Graessl က The Voice Weekly သို့ ပြောကြားသည်။

ပုဂ္ဂလိကမှ ရရန်အကြွေးကျပ်သန်းပေါင်း လေးသောင်းကျော်ရှိ

စစ်ဆေးတွေ့ရှိချက်အရနိုင်ငံတော်သို့ပေးသွင်း ရမည့်နစ်နာငွေအနက် ပုဂ္ဂလိကထံမှ ရရှိဖို့အကြွေးကျပ်သန်းပေါင်းလေးသောင်းကျော်နဲ့  အမေရိကန်ဒေါ်လာခုနှစ်သောင်း  ကျော်ကျန်ရှိတယ်လို့ပြည်ထောင်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နယူးဒေလီ မြို့၌ မြန်မာ နိုင်ငံ သံရုံးနှင့် စစ်သံရုံး တို့မှ ၀န်ထမ်း၊ မိသားစု ၀င်များအား တွေ့ဆုံ


Photo: နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နယူးဒေလီ မြို့၌ မြန်မာ နိုင်ငံ သံရုံးနှင့် စစ်သံရုံး တို့မှ ၀န်ထမ်း၊ မိသားစု ၀င်များအား တွေ့ဆုံ။
Saturday, 22 December 2012

အိန္ဒိယ သမ္မတ နိုင်ငံ နယူးဒေလီ မြို့၌ ရောက်ရှိ နေသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ(၂၀)ရက် ညပိုင်းတွင် ခေတ္တ တည်းခိုသည့် နယူး ဒေလီမြို့ရှိ Taj Mahal ဟိုတယ်၌ အိန္ဒိယ သမ္မတ နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ ၀န်ထမ်း မိသားစု ၀င်များနှင့် အိန္ဒိယ သမ္မတ နိုင်ငံ၌ ရောက်ရှိ နေသည့် အာဆီယံ- အိန္ဒိယ ကားမောင်း ပြိုင်ပွဲဝင် မြန်မာ နိုင်ငံမှ ရုပ်ရှင် အနုပညာ ရှင်များ အား တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတအား မြန်မာသံရုံး၊ စစ်သံရုံး တို့မှ ၀န်ထမ်း၊ မိသားစု ၀င်များနှင့် အိန္ဒိယ သမ္မတ နိုင်ငံ၌ ရောက်ရှိ နေကြသည့် ရုပ်ရှင် အနုပညာ ရှင်များက မြန့်မာ ရိုးရာ ထုံးတမ်း အစဉ်အလာနှင့် အညီ ဂါရ၀ ပြုကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတက သြ၀ါဒ စကားပြော ကြားရာတွင် နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များ၌ ပြည်သူကို ဗဟိုပြုပြီး ပြည်သူ တစ်ဦးချင်း ခံစားနိုင်စေရန် ရည်မှန်းချက် ထားရှိပြီး ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံ၏ လူဦးရေ သန်း ၆၀ ကျော်၏ တူညီသော ဆန္ဒမှာ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေး တိုးတက်ရေးပင် ဖြစ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်ရေးအတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် နိုင်ငံရေး တည်ငြိမ်မှု ရရှိရေး အတွက် အလေးထား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် အတွက် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေး၊ အခွန်ပေး ဆောင်မှု ဖြေလျော့ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ များ ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ယခုအခါ အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲ တိုးတက်မှုများ ရရှိနေပြီ ဖြစ်၍ အနာဂတ် နိုင်ငံတော်နှင့် နိုင်ငံသား များအတွက် အခွင့်အလမ်းများ ပေါ်ထွက် လာနေ ပြီ ဖြစ်ကြောင်း။

အိမ်နီးချင်း အင်အားကြီး နိုင်ငံကြီးများ ဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့၏ စီးပွားရေး တိုးတက်လျက် ရှိမှုနှင့် အာဆီယံ နိုင်ငံများ၏ အချက်အခြာ ကျပြီး အရေးပါ လာမှုတို့အပေါ် မြန်မာနိုင်ငံ အနေဖြင့် ဆက်ဆံရေး ကောင်းမွန် စွာဖြင့် ဟန်ချက်ညီ လိုက်ပါပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြ ရာမှာဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံ ခေါင်းဆောင်များ အချင်းချင်း ဆက်ဆံရေး ကောင်းမွန်လျက် ရှိသည့်နည်းတူ မြန်မာသံရုံးနှင့် စစ်သံရုံး တို့က လည်း ရရှိပြီးဖြစ်သည့် ဆက်ဆံရေး အခြေအနေ ကောင်းများကို ပိုမို တိုးတက်အောင်
ဆောင်ရွက်ရန် လိုအပ် ပါကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော် သမ္မက မြန်မာ သံရုံးနှင့် စစ်သံရုံး ၀န်ထမ်း မိသားစု ၀င်များ အတွက် စားသောက်ဖွယ်နှင့် လက်ဆောင် ပစ္စည်းများကို ပေးအပ်ရာ သံရုံး ယာယီ တာဝန်/ သံမှူးကြီး ဦးဘလှအေးနှင့် စစ်သံမှူး ဗိုလ်မှူးကြီး သိန်းလွင် တို့က လက်ခံကြသည်။

မြ၀တီအိန္ဒိယ သမ္မတ နိုင်ငံ နယူးဒေလီ မြို့၌ ရောက်ရှိ နေသော ပြည်ထောင် စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ(၂၀)ရက် ညပိုင်းတွင် ခေတ္တ တည်းခိုသည့် နယူး ဒေလီမြို့ရှိ

ရပ်ကွက် ၊ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်များကို လျှို့ဝှက်မဲ စနစ်ဖြင့်ေ ရွးချယ်ပွဲ ပြုလုပ်လျှက်ရှိ

Photo: ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များကို လျှို့ဝှက်မဲစနစ်ဖြင့်ရွေးချယ်ပွဲ ပြုလုပ်လျှက်ရှိ
Sunday, December 23, 2012

ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များကို လျှို့ဝှက်မဲစနစ်ဖြင့်
ဒီဇင်ဘာလကုန်အပြီး မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင်
ရွေးချယ်လျှက်ရှိကြောင်းသိရသည်။

"ကျွန်တော်တို့ရပ်ကွက်မှာ ဒီနေ့ရွေးချယ်ပွဲလုပ်မယ်ဆိုပြီးဖိတ်စာလာတယ်။
ဆယ်အိမ်စုမှူးစာရင်းကို ကြေညာထားတယ်။အခုရွေးရမှာက လျှို့ဝှက်မဲစနစ်တဲ့"ဟု ကြည်မြင်တိုင်မြို့နယ်တွင် နေထိုင်သူ
တစ်ဦးကပြောသည်။

အဆိုပါ ဖိတ်စာတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရပ်ကွက်
(သို့မဟုတ်)ကျေးရွာအုပ်စု ရွေးချယ်မှု ဥပဒေ၊နည်းဥပဒေများနှင့်
အညီ ရွေးချယ်မည်ဖြစ်ပါသဖြင့် အိမ်ထောင်ဦစီး သို့မဟုတ်
အသက်၁၈နှစ်ပြည့်ပြီးသူ အိမ်ထောင်စု ကိုယ်စားလှယ်၁ဦး တက်ရောက်ပေးရန်ဖိတ်ကြားထားကြောင်းသိရသည်။ 

tn
Popular Myanmar News Journalရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်များကို လျှို့ဝှက် မဲစနစ်ဖြင့် ဒီဇင်ဘာလကုန်အပြီး မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာ များတွင် ရွေးချယ် လျှက်ရှိကြောင်းသိရသည်။

KNU စစ်ဦးစီးချုပ် ဘယ်သူဖြစ်လာမလဲ

Photo: KNU စစ်ဦးစီးချုပ် ဘယ်သူဖြစ်လာမလဲ
Sunday, December 23, 2012

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ စစ်ဦးစီးချုပ် နေရာ ဆက်ခံမည့်သူကို မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် တပ်မှူးများညီလာခံတွင်
ရွေးချယ်မည်ဖြစ်သည်။

၎င်းညီလာခံတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏  အမှတ် ၇ တပ်မဟာမှူးဖြစ်သည့် ဗိုလ်မှူးချုပ် ဂျော်နီ ရွေးချယ်ခံရနိုင်သည်ဟု တပ်မှူးကြီးများက သုံးသပ်ပြောဆိုကြသည်။

KNLA တပ်မဟာ ၆ မှ တပ်မှူးတဦးက ”တပ်မဟာမှူး ၇ ဦး ရှိတဲ့အထဲက တပ်မဟာ ၇ က ဗိုလ်ဂျော်နီကတော့ ဖြစ်နိုင်ခြေ များပါတယ်။ အားလုံးထဲမှာ သူက စီနီယာကျတယ်။ လုပ်သက်ကော အတွေ့အကြုံကော ဆိုတော့
ဖြစ်နိုင်ခြေက အတော်များတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

ယခင်က ရေပန်းစားခဲ့သူမှာ တပ်မဟာမှူးများအနက် အသက်
အငယ်ဆုံးဖြစ်သည့်  အမှတ် ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲ
ဖြစ်သည်။သို့သော်လည်း ပြီးခဲ့သည့် KNU ညီလာခံတွင် 
တပ်မှူးတဦး၏ စစ်မှုထမ်း သက်တမ်းကို နိုင်ငံတကာ သတ်မှတ်ချက်
အတိုင်း ချမှတ်နိုင်ခြင်း မရှိသဖြင့် လွဲချော်ရနိုင်သည်ဟုလည်း 
တပ်မှူးတဦးက ဆိုသည်။

စစ်မှုထမ်းခြင်းကို နိုင်ငံတကာတွင် နှစ် ၆၀ ထိသာ သတ်မှတ်ထားသော်
လည်း KNLA တွင် စစ်ဦးစီးချုပ်အပါအ၀င် တပ်မဟာမှူးအများစုမှာ အသက် ၈၀ မှ ၆၅ နှစ် ၀န်းကျင်ရှိသူများဖြစ်သည်။

သောကြာနေ့က KNU ဥက္ကဌအဖြစ် ရွေးချယ်ခံရသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးမှာ အသက် ၈၀ ရှိပြီး၊ မကြာသေးခင်ကအထိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့်  ဗိုလ်ချုပ်ကြီး တာမလာဘောသည် အသက် ၉၃ နှစ် ဖြစ်သည်။

တပ်မဟာ ၅ မှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲမှာ အသက် ၅၀ ခန့် နှင့် တပ်မဟာ ၃ မှူး ဗိုလ်မှူးချုပ်အယ်ကလူသိန်းမှာ ၅၅ နှစ် ခန့်သာ ရှိသည်ဟု တပ်မှူးတဦးကပြောသည်။

ကျန်ရှိသည့်တပ်မဟာမှူးများမှာ အသက် ၆၅ နှစ်နှင့် ၇၀ ၀န်းကျင်များဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

KNU ဗဟိုကော်မတီဝင်အဖြစ်ရွေးချယ်ခံရသူတဦးက”ကျွန်တော်တို့ဆီမှာက စစ်မှုထမ်း သက်တမ်းနဲ့ ပတ်သက်ပြီး  မသတ်မှတ်နိုင်သေးတာ အားနည်းချက်တခုဖြစ်တယ်” ဟု ဆိုသည်။

KNU ညီလာခံ၌ သောကြာနေ့ကရွေးချယ်ခံခဲ့ရသည့် ဗဟိုကော်မတီဝင် ၄၅ ဦးကို  တာဝန်ပေးအပ်ခြင်းနှင့်ဂတိသစ္စာပြုခြင်း အစီအစဉ်ကို မနက်ဖြန် ကျင်းပမည် ဖြစ်သည်။

ကျင်းပမည့် နေရာမှာကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ရှိ လေးဝါးတပ်စခန်း
ဖြစ်သည်။

ဧရာဝတီ
ပြည်တော်မြင့်ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ စစ်ဦးစီးချုပ် နေရာ ဆက်ခံမည့်သူကို မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် တပ်မှူးများညီလာခံ တွင် ရွေး ချယ်မည်ဖြစ်သည်။

၂၀၁၃ဇန်န၀ါရီရောင်းချ မည့် တန်ဖိုး နည်းဖုန်း အင်တာ နက်ပါ ထည့်လျှောက်နိင်

Photo: ၂၀၁၃ဇန်န၀ါရီရောင်းချမည့် တန်ဖိုးနည်းဖုန်း အင်တာနက်ပါ ထည့်လျှောက်နိင်
Sunday, December 23, 2012

၂၀၁၃ဇန်န၀ါရီ၌ရောင်းချမည့် တန်ဖိုးနည်းဖုန်းတွင် အင်တာနက်
လျှောက်ထားခွင့်ရမည်ဟု မြန်မာဆက်သွယ်ရေးမှသိရသည်။
နှန်းထားကတော့လက်ရှိကောက်ခံနေတဲ့နှုန်းအတိုင်းကောက်မှာပါ။
အင်တာနက်တစ်ခါတည်း လျှောက်ချင်ရင်လျှောက်ခွင့်ပေးမှာပါဟု ဒုတိယအင်ဂျင်နီယာချုပ်ဦးစိုးးအောင်ကပြောသည်။

ဇန်န၀ါရီ၌ရောင်းချမည့်တန်ဖိုးနည်းဖုန်းနှုန်းထားကိုကျပ်နှစ်သိန်းထက်
လျှော့သောဈေးဖြင့် ရောင်းချသွာမည်ဟုသိရသည်။

az
Popular Myanmar News Journal၂၀၁၃ဇန်န၀ါရီ၌ ရောင်းချမည့် တန်ဖိုးနည်း ဖုန်းတွင် အင်တာနက် လျှောက်ထားခွင့်ရ မည်ဟု မြန်မာ ဆက်သွယ်ရေးမှ သိရသည်။

မြို့ပတ်ရထားစီးနင်း၍ ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်သော နိုင်ငံခြားသားခရီးသည် ပိုမိုများပြားလာ

Photo: မြို့ပတ်ရထားစီးနင်း၍ ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်သော
နိုင်ငံခြားသားခရီးသည် ပိုမိုများပြားလာ  
Sunday, 23 December 2012

မြို့ပတ်ရထားစီးနင်း၍ ရန်ကုန်မြို့တွင်းလေ့လာလည်ပတ်သော
နိုင်ငံခြားသားခရီးသည်များ ယခင်ထက် ပိုမိုများပြားလာကြောင်း
မြန်မာ့မီးရထား ရန်ကုန်ဘူတာကြီးမှရရှိသော စာရင်းများအရ သိရှိရသည်။

၂၀၁၂ ခုနှစ် မတ်လ၌  ရန်ကုန်ဘူတာကြီးနှင့် မြို့ပတ်ဆင်ခြေဖုံး
ဘူတာများ၌ နိုင်ငံခြားသားခရီးသည် ၁၈၃၄ ဦးရှိခဲ့ပြီး ဧပြီလတွင် ၁၁၅၅ ဦး၊ မေလတွင် ၈၈၁ ဦး၊ ဇွန်လတွင် ၈၆၇ ဦး၊ ဇူလိုင်လတွင် ၁၄၈၆ ဦး၊  သြဂုတ်လတွင် ၁၈၅၉ ဦး၊ စက်တင်ဘာလ၌ ၁၅၈၃ ဦး၊
အောက်တိုဘာလတွင် ၂၅၇၄ ဦး၊ နိုဝင်ဘာလတွင် ၂၆၅၁ ဦးရှိခဲ့သည်။

မြို့ပတ်ရထားများ၌ နိုင်ငံခြားသားခရီးသည်စီးနင်းမှု များပြားလာ၍ ယခုနှစ်ဧပြီလမှ အောက်တိုဘာလအထိ FEC/ဒေါ်လာ ၁၀၀,၆၁၈ ကို မြန်မာ့မီးရထား၏ ၀င်ငွေအဖြစ် ရရှိခဲ့သည်။

“နိုင်ငံခြားသား ခရီးသည်က မြို့ပတ်မှာသာမကဘဲ အဝေးပြေး
ရထားတွေမှာပါ သိသိသာသာ များလာတယ်။ အရင်က တစ်နေ့ကို အယောက် ၃၀ လောက်ပဲရှိတာ။ အခုဆို အနည်းဆုံး ၅၀ ကနေ အများဆုံး ၇၀ အထိ တိုးလာတယ်။ အဖွဲ့လိုက်လာတာ ရှိသလို တစ်ယောက်တည်း
လာတာမျိုးလည်း ရှိတယ်” ဟု ရန်ကုန်ဘူတာကြီး မြို့ပတ်ရထား လက်မှတ်ရောင်းဌာနမှ ဦးခင်မောင်ဌေးက ပြောပါသည်။

ထို့ပြင် မြို့ပြအဆင့်မြှင့်တင်ရေး ပထမဦးစားပေး စီမံကိန်းအရ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှစ၍ မြို့ပတ်ဘူတာ ၃၈ ခုအနက် ၃၃ ခုတို့တွင်
ဆေးသုတ်ခြင်း၊ ကိုယ်ထည်ပြင်ဆင်ခြင်း၊ ဖိုက်ဘာခုံများ လဲလှယ်တပ်ဆင်ခြင်း၊ အမှိုက်ပုံးထားရှိခြင်းနှင့် လမ်းပိုင်းများတွင် ကွန်ကရစ်ဇလီဖားတုံးခင်းခြင်းတို့အပြင် ရထားသံလမ်းဘေး၌ ပလက်ဖောင်းများထားရှိခြင်းတို့ကို ဆောင်ရွက်နေကြောင်း ရန်ကုန်ဘူတာကြီး ဒုမန်နေဂျာ၏ ပြောကြားချက်အရ သိရှိရသည်။

မြို့ပတ်ရထားများကို ရန်ကုန်ဘူတာကြီးမှ တစ်ရက်လျှင် တွဲဆိုင်း၂၁ ဆိုင်း၊ ခရီးစဉ် ၂၀၀ နှုန်းဖြင့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိပြီး လက်မှတ်နှုန်းထား
များကို ပြည်တွင်းခရီးသည် တစ်ဦးလျှင် ကျပ် ၁၀၀၊ နိုင်ငံခြားသား ခရီးသည်တစ်ဦးလျှင် တစ်ဒေါ်လာဖြင့် ပြောင်းလဲသတ်မှတ်ထားသည်။

“မြို့ပတ်ရထားကို စိတ်ဝင်စားလို့ လာစီးတာပါ။ မြို့ပတ်ရထားက ဧည့်လမ်းညွှန်စာအုပ်ထဲမှာလည်း ပါတယ်။ ရန်ကုန်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ ရှုခင်းတွေကိုလည်း မြင်ရတယ်။ ရထားကိုတော့ အချိန်မှန်ပြေးဆွဲပေးဖို့ လိုပါတယ်” ဟုကနေဒါနိုင်ငံသူ ခရီးသည်တစ်ဦးက ပြောပါသည်။ အမေရိကန်နိုင်ငံသား Josh ကလည်း “ရထားတွဲတွေမှာ ပိုကောင်းတဲ့ ထိုင်ခုံတွေတပ်ဆင်ပေးထားရင် ကောင်းမယ်၊ ဒါမှမဟုတ် ကမ္ဘာလှည့်ခရီးသည်တွေအတွက် သီးသန့်ရထားတွဲတွေ ထားရှိပေးမယ်ဆိုရင် ပိုအဆင်ပြေမယ်” ဟု ပြောကြားသည်။  

Eleven Media Groupမြို့ပတ်ရထားစီးနင်း၍ ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်သော နိုင် ငံ ခြား သားခရီးသည်များ ယခင်ထက် ပိုမိုများပြားလာကြောင်း  မြန်မာ့ မီးရထား ရန်ကုန်ဘူတာကြီးမှရရှိသော စာရင်းများအရ သိရှိရသည်။

အိုးအိမ်မှ လတ်တလောေ ဆာက် လုပ်မည့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းနှစ်ခု တွင် ကျပ်သိန်း ၁၀၀ ၀န်းကျင် တန်ဖိုးနည်း တိုက်ခန်း အရေအတွက် ၃၀ ရာခိုင်နှုန်းခန့် သာ ပါဝင်နိုင်


Photo: အိုးအိမ်မှ လတ်တလောဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှစ်ခုတွင် ကျပ်သိန်း ၁၀၀ ၀န်းကျင် တန်ဖိုးနည်း တိုက်ခန်းအရေအတွက် ၃၀ ရာခိုင်နှုန်းခန့်သာ ပါဝင်နိုင်  
Sunday, 23 December 2012

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စတင်ဆောက်လုပ်သွားမည့် အိမ်ရာစီမံကိန်းနှစ်ခု
တွင် တန်ဖိုးနည်းအိမ်ရာဟု ခေါ်ဆိုနိုင်မည့် ကျပ်သိန်း ၁၀၀ ၀န်းကျင် အိမ်ရာ ၃၀ ရာခိုင်နှုန်းခန့်သာ ပါဝင်ဆောက်လုပ်မည်ဖြစ်ကြောင်းဆောက်လုပ်ရေး
ဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သတင်းရရှိသည်။

အဆိုပါ အိမ်ရာစီမံကိန်းနှစ်ခုမှာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ဧရာဝဏ်အိမ်ရာ စီမံကိန်းနှင့် ရတနာအိမ်ရာ စီမံကိန်းတို့ဖြစ်ပြီး စီမံကိန်းအိမ်ရာ ဖော်ဆောင်မည့် မြေကွက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်သည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ဧရာဝဏ်စီမံကိန်းမှာ ဧက ၁၀၂ ဒသမ ၄ ဧကရှိပြီး အဆိုပါ မြေကွက်ပေါ်တွင် ရှစ်ခန်းတွဲ ကိုးထပ်တိုက် အလုံးရေ ၄၃ လုံး၊ ခြောက်ခန်းတွဲ ကိုးထပ်တိုက် အလုံးရေ ၂၁ လုံးနှင့် လေးခန်းတွဲ ၁၂ ထပ်တိုက် အလုံးရေ ၁၀ လုံး တည်ဆောက်သွားမည်ဖြစ်ကာ ဧရိယာ စတုရန်းပေ အကျယ်အ၀န်း မတူညီသည့် တိုက်ခန်းပေါင်း ၄၇၁၀ ခန်း တည်ဆောက်သွားမည်ဖြစ်သည်။

အလားတူ ရတနာအိမ်ရာ စီမံကိန်းတွင် ဧက ၁၀၇ ဒသမ ၇ ဧက ပါဝင်ပြီး အဆိုပါ မြေကွက်ပေါ်တွင် ရှစ်ခန်းတွဲ ကိုးထပ်တိုက်အလုံးရေ ၄၆ လုံး၊ ခြောက်ခန်းတွဲ ကိုးထပ်တိုက် အလုံးရေ ၃၃ လုံးနှင့် လေးခန်းတွဲ ၁၂ ထပ်တိုက် အလုံးရေ ၁၃ လုံး တည်ဆောက်သွားမည်ဖြစ်ကာ ဧရိယာ စတုရန်းပေ အကျယ်အ၀န်း မတူညီသည့် တိုက်ခန်းပေါင်း ၅၇၁၈ ခန်း တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ လူနေအိမ်ရာ နှစ်ခုအား အဆင့်မီ ဖွဲ့စည်းနိုင်ရန်အတွက် လူနေအိမ်ရာ ၄၀ ရာခိုင်နှုန်း၊ စိမ်းလန်းမြေ၊ ပန်းခြံ၊ အားကစားကွင်းနှင့် အပန်းဖြေစခန်း သုံးရာခိုင်နှုန်း၊ လမ်း၊ ရေမြောင်းနှင့် Utility ဧရိယာ ၂၀ ရာခိုင်နှုန်း၊ ဟိုတယ်၊ စူပါမားကတ်စသည့် စီးပွားရေးဇုန် ၁၀ ရာခိုင်နှုန်း၊ ကျောင်း၊ ဆေးခန်း၊ ဓမ္မာရုံ၊ ရပ်ကွက်ရုံးများအတွက် ခုနစ်ရာခိုင်နှုန်း အသုံးပြုသွားမည်ဖြစ်သည်။

အဆိုပါ အိမ်ရာစီမံကိန်းများအနက် ဧရာဝဏ်အိမ်ရာမှာ မြေကွက်နှင့် လူမှုဆိုင်ရာ အဆောက်အအုံများနှင့် အခြားအဆောက်အအုံများ အပါအ၀င် ကျပ်သိန်းပေါင်း ၁၈၂၅၃၅၉ ဒသမ ၅၂ သိန်း ကုန်ကျမည်ဖြစ်ပြီး အလားတူ ရတနာအိမ်ရာ စီမံကိန်းမှာလည်း ကျပ်သိန်းပေါင်း ၂၂၅၇၇၅၅ ဒသမ ၈၄ သိန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်ကျငွေများအပေါ် အခြေပြု၍ တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမြင့် တိုက်ခန်းဈေးနှုန်းအား အခြေပြုတွက်ချက်သွားမည်
ဖြစ်ကြောင်းလည်း သိရသည်။

“လက်ရှိဆောက်လုပ်မယ့် ဧရာဝဏ်အိမ်ရာ စီမံကိန်းနဲ့ ရတနာအိမ်ရာ စီမံကိန်းမှာ တန်ဖိုးနည်း တိုက်ခန်းက ၃၀ ရာခိုင်နှုန်းဝန်းကျင် ပါဝင်မှာဖြစ်ပြီး တန်ဖိုးလတ်နဲ့ တန်ဖိုးမြင့် တိုက်ခန်းက ၇၀ ရာခိုင်နှုန်းဝန်းကျင် ပါဝင်ဆောက်လုပ်မှာပါ” ဟု  မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

အဆိုပါ အိမ်ရာများအတွက် စီမံကိန်းကာလနှင့် တည်ဆောက်ခြင်းကာလ သုံးနှစ်သတ်မှတ်ထားပြီး ၁၀ နှစ်မှ နှစ် ၃၀ အထိ အရစ်ကျ ငွေချေစနစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကာ လစဉ်ဝင်ငွေ ၈၈၀၀၀ ရရှိနေသူ၏ လစာဝင်ငွေ ၃၀ ရာခိုင်နှုန်းအပေါ် အခြေပြု တွက်ချက်ထားကြောင်းလည်း သိရသည်။

လက်ရှိ အကောင်အထည်ဖော်ဆောင်မည့် တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းများမှာ ကာလရှည်အရစ်ကျ ပေးသွင်းနိုင်သော်လည်း ကျပ်သိန်း ၁၀၀ ၀န်းကျင်အထိ ဈေးနှုန်းသတ်မှတ် ရောင်းချမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာဟု ခေါ်ဆိုနိုင်သည့် ယုဇနဥယျာဉ်မြို့တော်မှာ ရေရရှိမှုနှင့် သွားလာရခက်ခဲသည့် နေရာတွင် ရှိနေသော်လည်း မြေညီထပ် တိုက်ခန်းများကိုပင် ကျပ်သိန်း ၆၀ ၀န်းကျင်နှင့် အထက်ဈေးနှုန်း ရှိနေကြောင်း သိရသည်။

အဆိုပါ အိမ်ရာစီမံကိန်းနှစ်ခုတွင် တန်ဖိုးနည်းတိုက်ခန်း ၃၀ ရာခိုင်နှုန်းနှင့် တန်ဖိုးလတ်နှင့် တန်ဖိုးမြင့် တိုက်ခန်း ၇၀ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်ကြောင်း
လည်း သိရသည်။

“ကျွန်တော်တို့ ဌာနကနေ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်မယ်ဆိုတော့ လူတွေက မေးမြန်းကြပါတယ်။ ဘယ်မှာဆောက်မှာလဲ။ ဘယ်လောက်
ဆောက်မှာလဲ၊ ဘယ်သူတွေကို ဦးစားပေး ရောင်းမှာလဲဆိုတာမျိုးတွေ
မေးကြပါတယ်။ ဒါတွေက ဖြေ ဖို့လည်း ခက်ပါတယ်။ ၀န်ကြီးဌာန အနေနဲ့ မူဝါဒချမှတ်ပြီး ရောင်းချမှာ ဖြစ်သလို ဈေးကစားမဲ့သူ လက်ထဲ
မရောက်အောင် စနစ်တကျ ထိန်းကွပ်ရောင်းချ သွားမှာပါ” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဇော်က
ပြောကြားသည်။

အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် ယခုဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သတ်မှတ်ထားသည့်
စံချိန်၊ စံညွှန်းနှင့် အဆောက်အအုံ ပုံစံအတိုင်း စံချိန်မီ ဆောက်လုပ်
ရမည်ဖြစ်ကြောင်း သိရှိရသည်။

Eleven Media Groupဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်း ၍ ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စတင်ဆောက်လုပ်သွားမည့် အိမ်ရာ စီမံကိန်းနှစ်ခုတွင် တန်ဖိုးနည်းအိမ်ရာဟု ခေါ်ဆိုနိုင်မည့် ကျပ်သိန်း