Saturday, June 20, 2015

လေယာဉ်ဘီးအုံတွင် တွယ်ကပ်လိုက်ပါရင်း ဗြိတိန်သို့ ခိုးဝင်ရန် ကြိုးစားသူ လေယာဉ်ပေါ်မှ ပြုတ်ကျ သေဆုံး

ကီလိုမီတာ ၉၀၀၀ မျှ အကွာအဝေးထိ လေယာဉ်ခိုးစီး လိုက်ပါလာသည်ဟု ယူဆရသူ တစ်ဦးသည် လေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း လန်ဒန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
 လေယာဉ်ဘီးအုံတွင် ခိုးဝှက်တွယ်ကပ်၍ လိုက်လာဟန်ရှိသော အမျိုးသားသည် လန်ဒန်မြို့ရှိ အင်တာနက် ကုမ္ပဏီ တစ်ခု၏ ဌာနချုပ် အမိုးပေါ်တွင် ပြုတ်ကျ သေဆုံးနေသည်ကို ဇွန်လ ၁၉ ရက်က တွေ့ရှိခဲ့သည်။ ၎င်းသည် ဗြိတိသျှ လေကြောင်းပိုင် လေယာဉ်တစ်စီး၏ ဘီးအုံပေါ်တွင် ခိုကပ်ကာ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စဘာ့ဂ် မြို့မှ ဗြိတိန်နိုင်ငံ၏ မြို့တော်ထိ ခိုးဝှက်လိုက်ပါလာဟန် ရှိသည်။

အမေရိကန်၏ ဗုံးကြဲမှုမှ အကြမ်းဖက်ခေါင်းဆောင် ဘယ်လ်မော့ခ်တာ လွတ်မြောက်ခဲ့ဟု အယ်လ်ကိုင်ဒါ ကြေညာ

လစ်ဗျားတွင် အမေရိကန် လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နာမည်ကြီး အကြမ်းဖက်ခေါင်းဆောင်တစ်ဦး သေဆုံးသွားကြောင်း သတင်းများကို အယ်လ်ကိုင်ဒါ တပ်ဖွဲ့က ငြင်းချက် ထုတ်ပြန်ခဲ့သည်။
လစ်ဗျားအစိုးရသည် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်၏ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း မော့ခ်တာဘယ်လ်မော့ခ်တာ သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။ အမေရိကန်ကမူ မိမိတို့သည် ဘယ်လ်မော့ခ်တာကို ရည်ရွယ်သည့် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ဂျီဟတ်ဝါဒီ ခေါင်းဆောင် သေဆုံးခြင်း ရှိ၊ မရှိကိုမူ မှတ်ချက် မပေးခဲ့ချေ။

လူမျိုးရေး ခွဲခြားမှုသည် အမေရိကန် လူ့အဖွဲ့အစည်းတွင် ကပ်ရောဂါဆိုးတစ်ခုအဖြစ် ရှိနေဆဲဟု အိုဘားမား ဝေဖန်

လူမျိုးရေး ခွဲခြားမှုသည် အမေရိကန် လူ့အဖွဲ့အစည်းတွင် ကပ်ရောဂါဆိုး တစ်ခုဖြစ်နေကြောင်း သမ္မတ ဘာရတ် အိုဘားမားက ဝေဖန် ပြောကြားလိုက်သည်။
တောင်ပိုင်းကာရိုလိုင်းနားရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုတွင် လူဖြူ လူငယ်တစ်ဦးက အာဖရိကနွယ်ဖွား (လူမည်း) ၉ ဦးကို ပစ်သတ်ခဲ့သည့် ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး အိုဘားမားက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အိုဘားမားသည် အမေရိကန် သမိုင်းကြောင်းတွင် ပထမဆုံး လူမည်းသမ္မတလည်း ဖြစ်သည်။

အင်န်စီစီတီ ခေါင်းဆောင် သုံးဦးနှင့် အစိုးရ ယူပီဒဗ္ဗလျူစီတို့ ဇွန် ၂၂ ရက်တွင် ရန်ကုန်၌ တွေ့မည်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ တွေ့ဆုံနိုင်ရေးအတွက် NCCT ခေါင်းဆောင်သုံးဦးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ ဇွန်လ ၂၂ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
UPWC ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင် နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်းနှင့် အဖွဲ့ဝင် ဦးထွန်းဇော်တို့ သုံးဦးတို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။
“အလွတ်သဘောပေါ့။ အဓိက ၂ ချက်ပါပဲ။ တစ်ချက်က အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့နဲ့ ပြန်ပြီး ညှိနှိုင်း ဆွေးနွေးဖို့၊ ကျွန်တော်တို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းတင်ပြဖို့ပါပဲ” ဟု NCCT အဖွဲ့ဝင် ဦးထွန်းဇော်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ်များ ဂျပန်နိုင်ငံတွင် အလုပ်သမားရေးရာ သင်တန်း တက်ရောက်မည်

 မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ကိုယ်စားလှယ်များသည် ဂျပန်နိုင်ငံတွင် နိုင်ငံတကာ အလုပ်သမား အခြေခံအုတ်မြစ် အဖွဲ့အစည်း (JILAF) က ဖွင့်လှစ်မည့် အလုပ်သမားရေးရာ သင်တန်းကို တက်ရောက်မည်ဟု သင်တန်းတက်မည့် အလုပ်သမားခေါင်းဆောင် ကိုယ်စားလှယ်များက မဇ္ဈိမကို ပြောသည်။သင်တန်းကို ဇွန်လ ၂၁ ရက်မှ ဇူလိုင်လ ၄ ရက်အထိ ဂျပန်နိုင်ငံတွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံရှိ အလုပ်သမား သမဂ္ဂခေါင်းဆောင်များက တက်ရောက်မည် ဖြစ်သည်။
သင်တန်းတက်ရောက်မည့် ဒေါ်အေးသီတာခိုင်က “လူငယ်ခေါင်းဆောင်မှု သင်တန်းပါ။ သင်တန်းက ပြန်လာပြီးရင်သေသေချာချာ စနစ်တကျ အလုပ်သမားတွေကို ကျွန်မတို့ လေ့လာခွင့် ရခဲ့တဲ့ အရာတွေ ပြန်ပြီးသင်တန်း ပို့ချပေးမှာပါ။ မြန်မာနိုင်ငံမှာ အလုပ်သမားကဏ္ဍနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေက နည်းပါးနေသေးတော့ ဂျပန်နိုင်ငံမှာ သေချာလေး ဆည်းပူးလေ့လာချင်ပါတယ်”ဟု ပြောသည်။

အော်ပရေတာများ အပြိုင်ဖြစ်လာချိန်တွင် အရည်အသွေးကောင်းမွန်မှုနှင့် ဈေးနှုန်းသက်သာ ရန်လိုဟုဆို

ပြည်တွင်း၌ မိုဘိုင်းအော်ပရေတာများ အပြိုင်ဝန်ဆောင်မှု ပေးလာချိန်တွင် မိုဘိုင်း ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအနေဖြင့် အရည်အသွေးကောင်းမွန်ပြီး  ဈေးနှုန်းသက်သာသည့် ဝန်ဆောင်မှုများပေးရန် လိုအပ်သည်ဟု ပြည်တွင်း မိုဘိုင်းဖုန်းအသုံးပြုသူများနှင့် နည်းပညာ ပညာရှင်များက ဆိုကြသည်။
ဆင်းမ်ကတ်များ အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ချိန်တွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် သာမက နယ်မြို့များတွင်ပင် အရည်အသွေးကောင်းမွန်မှုကို ရွေးချယ်အသုံးပြုနေကြပြီဖြစ်သည်ဟု ပွင့်လင်းမြန်မာ့ရှေ့ ဆောင်အဖွဲ့၏ နည်းပညာအရာရှိချုပ်ကိုစိုးသီဟနောင်က ပြောသည်။

NLD ကိုယ်စားလှယ်လောင်းနှင့် မိသားစုဝင်တို့၏ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းစာရင်း ပါတီသို့ အသိပေးရမည်ဟု ဒေါ်စုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်
လောင်းများက ၎င်းနှင့် ၎င်းတို့၏ ဇနီး/ခင်ပွန်းအပြင် ၁၈ နှစ်အောက် သားသမီးများ အမည်ဖြင့် ထားရှိသည့် မရွေ့ပြောင်းနိုင်သော ပစ္စည်းများစာရင်းကို ပါတီသို့ အသိပေးရမည်ဟု ဇွန်လ ၂၀ ရက်တွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။