Tuesday, June 10, 2014

လှိုင်သာယာမှ ရိုက်နှက်ခံရမှု ဗိုလ်ကြီးတစ်ဦးပါဝင်ဟု စွပ်စွဲ

လှိုင်သာယာမြို့နယ်တွင် ဇွန် ၅ ရက် ည ၁၀ နာရီခွဲခန့်ကဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ ရိုက်နှက်မှုတွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးပါဝင်နေသည်ဟု အရိုက်ခံရသူများက စွပ်စွဲပြောဆိုလိုက်သည်။

ဖြစ်စဉ်မှာ အရိုက်ခံရသူ ဦးချစ်ဟန်သည် ၎င်းဦးလေးတော်စပ်သူနေအိမ်မှ ပြန်လာရာ အိမ်ရှေ့လက်ဘက် ရည်ဆိုင်အနီးရပ်တန့်ထားသည့် ကားမှအချက်ပေးသံများ ထွက်ပေါ်နေသည်ကိုသတိထားမိခဲ့သည်ဟု မဇ္ဈိမကို ပြောသည်။

ထို့နောက် ရပ်ကွက်တွင်းနေ ဦးကျော်သိန်းထံသွားရောက် ပြောကြားခဲ့သည်ဟု အရိုက်ခံရသူက ဆိုသည်။
“အဲ့ဒီနေ့က သူလာပြောတော့ ကျွန်တော်က ပိုင်ရှင်ကိုရှာခိုင်းလိုက်တယ်။ မင်္ဂလာဆောင်နဲ့

ရွာပေါင်း ၈၀ ကျော်တွင် ဆိုလာလျှပ်စစ်များ အခမဲ့ တပ်ဆင်ပေးမည်ဟုဆို

လျှပ်စစ်မီးမရသေးသည့် မန္တလေးတိုင်းမှ ကျေးရွာ ပေါင်း ၈၀ ကျော်ရှိ အိမ်ခြေ တစ်သောင်းနှစ်ထောင်ကျော် အတွက် ဆိုလာလျှပ်စစ်များ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
  မန္တလေးတိုင်းဒေသကြီးအတွင်း ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ တံတားဦး၊ ငါန်းဇွန်၊ တောင်သာ၊ မလှိုင်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း အစရှိသည့်မြို့နယ် များရှိ ကျေးရွာပေါင်း

ထိုင်းနိုင်ငံမှာ မြန်မာ လူကုန်ကူးဂိုဏ်း ဖမ်းမိ

Photo: ထိုင်းနိုင်ငံမှာ မြန်မာ လူကုန်ကူးဂိုဏ်း ဖမ်းမိ
Tuesday, June 10, 2014

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေကို တရားမဝင် လူကုန်ကူး နေတဲ့ ဂိုဏ်းအဖွဲ့ တဖွဲ့ကို ထိုင်း အာဏာပိုင်တွေ အပါအ၀င် ပူးပေါင်းအဖွဲ့က ဖမ်းဆီး ရမိကြောင်း သိရပါတယ်။

ထိုင်းအစိုးရ လူကုန်ကူးမှု အထူး နှိမ်နှင်းရေး ရဲတပ်ဖွဲ့(AHTD)၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT) နဲ့ ထိုင်းတောင် ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း(FED) တို့ပူးပေါင်းပြီး ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ပါဝင်ခဲ့သူများက ပြောပါတယ်။

လူပွဲစားတွေ ပိတ်လှောင်ထားတဲ့ အခန်းတခုကို ဖောက်ထွက်လာတဲ့ မြန်မာ အလုပ်သမားတဦးက MAT ကို အကြောင်းကြားလာ ရာ ကနေ ဇွန်လ ၆ ရက်နေ့က ဖမ်းဆီး ဖော်ထုတ်ခဲ့တာလို့ သိရပါတယ်။

“အခုမိတဲ့ လူကုန်ကူး ဂိုဏ်းတဂိုဏ်းလုံးက ထိုင်းမှာ အနေကြာတဲ့ မြန်မာနိုင်ငံသားတွေချည်းပဲ။ အခုတော့ ရဲစခန်းမှာ ထိန်းသိမ်း ထား ပါတယ်။ ထိုင်းအာဏာပိုင်တွေက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွား ပါလိမ့်မယ်”လို့ လူကုန်ကူးဂိုဏ်းကို ဝင်ရောက် ဖမ်းဆီးရာမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ MAT ဒါရိုက်တာ ဦးကျော်သောင်း က ဧရာဝတီကို ပြောပါတယ်။

လူကုန်ကူးဂိုဏ်းအဖွဲ့ကို ဦးဆောင်သူတွေဖြစ်တဲ့ ဦးသိန်းဦး၊ ဒေါ်ချမ်း တို့အပါအဝင် လူပွဲစားတွေဖြစ်တဲ့ ကိုကျော်၊ ကိုအောင်နိုင်နဲ့ ကိုခင် တို့ကို ဘန်ကောက်၊ မဟာချိုင်နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ငါးဖမ်းလှေဆိပ်တွေမှာ သီးခြားစီဖမ်းမိခဲ့ကြတာဖြစ်ပြီး သူတို့ ၅ ဦး ကို AHTD ရဲ့ စခန်းမှာ ထိန်းသိမ်းထားကြောင်း၊ ဇွန်လ ၁၀ ရက်နေ့မှာ အမှုစစ်မှာဖြစ်ကြောင်း သိရပါတယ်။

ပင်လယ်ပြင် ငါးဖမ်းလှေတွေအတွက် ရောင်းစားခံထားရတဲ့ အသက် ၁၈ နှစ် အရွယ် ကိုပိုင်ဆိုသူကို ဇွန်လဆန်းပိုင်းမှာ လူပွဲစား တွေက စမွတ်စခွန် ခရိုင် မဲခေါင်လှေဆိပ်က အခန်းတခုမှာ ဖမ်းဆီး ပိတ်လှောင်ထားစဉ် ကိုပိုင်က အခန်းခေါင်မိုး နဲ့ မျက်နှာကျက် ကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာပြီးနောက် အစ်ကိုဖြစ်သူ ကိုဇော်လွင် က MAT ကို ဆက်သွယ် အကြောင်းကြားလိုက် တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဇော်လွင် က “ကျနော့်ညီလွတ်လာပြီး မကြာဘူး။ လူပွဲစားက ကျနော့်ဆီ ဖုန်းဆက်လာပြီး ထပ်လိမ်သေးတယ်၊ မင်းညီကို ဘတ် တသောင်းခွဲနဲ့ လာရွေးလို့ပြောတယ်။ အဲဒါနဲ့ ကျနော်က MAT ကိုဖုန်းဆက်ပြီး တိုင်လိုက်တယ်။ ဒါနဲ့ သူတို့က လိုက်ကူညီပေး တယ်။ အခု ကျနော့်ညီ လွတ်လာလို့ မြန်မာအဖွဲ့တွေရော၊ ထိုင်းရဲတွေကိုရော ကျေးဇူးတင်လို့မဆုံးဘူး”လို့ ဧရာဝတီကို ပြောပါတယ်။

ပိတ်လှောင်ခံထားရာကနေ လွတ်မြောက်လာတဲ့ ကိုပိုင်နဲ့ အတူ ငါးဖမ်းလှေမှာ ရောင်းစားခံရတဲ့ ကျန်နှစ်ဦးဟာလည်း တရွာတည်း သားတွေဖြစ်ကြကြောင်း၊ လူပွဲစားတွေကို ဖမ်းမိပြီးနောက် သူတို့ နှစ်ဦးလည်း လွတ်မြောက်လာကြောင်း သိရပါတယ်။

လူပွဲစားတွေက သူတို့သုံးဦးကို တလ ဘတ် တသောင်းခွဲလောက်ရတဲ့ ပေါင်မုန့်စက်ရုံမှာ အလုပ်ရှာပေးမယ်လို့ ကတိခံပြီး ငါးဖမ်း လှေ မှာ တယောက် ဘတ် တသောင်းနဲ့ ရောင်းစားသွားတာဖြစ်တယ်လို့ MAT က မေးမြန်းထားတဲ့ ရုပ်သံမှတ်တမ်းမှာ ကိုပိုင်က ရှင်းပြထားတာ တွေ့ရပါတယ်။

“နေရာအတိအကျ မသိဘူး၊ အဝေးကြီး ကမ်းစပ်နားမှာပဲ၊ သူတို့ဆီမှာတော့ နေ့ခင်း ၁၂ နာရီလောက် ကတည်းကနေပြီးတော့ ည တည အိပ်ခဲ့ရတယ်။ ပိုက်ဆံ သွားယူမယ်ဆိုပြီး ကျနော်တို့ သုံးယောက်လုံးကို ခေါ်သွားတယ်။ ဟိုရောက်တော့ လူတွေကို ထားခဲ့ပြီး ပိုက်ဆံ တယောက် တသောင်းထုတ်ယူသွားတယ်”လို့ ကိုပိုင်က ရှင်းပြထားပါတယ်။

လွတ်မြောက်လာတဲ့ ကိုပိုင်နဲ့ သူငယ်ချင်းသုံးဦးကိုတော့ ပထုံဌာနီ ကယ်ဆယ်ရေးစခန်းမှာ ထိန်းသိမ်းပေးထားပြီး အမှုပြီးတာနဲ့ မြန်မာ အစိုးရ နယ်စပ်လူမှုကယ်ဆယ်ရေး ဌာနက တဆင့် နေရပ်ရင်းကို ပြန်ရောက်ရှိရေး ဆောင်ရွက်ပေးသွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။

လူကုန်ကူးသူတွေဟာ မြန်မာနိုင်ငံထဲမှာ စီးပွားရေးကြပ်တည်းပြီး အလုပ်အကိုင်ရှာဖို့ ထွက်လာကြသူတွေကို မြဝတီ၊ တာချီလိတ်၊ ဘုရားသုံးဆူ၊ ကော့သောင်း၊ ထီးခီး စတဲ့ နယ်စပ်လမ်းကြောင်းတွေကတဆင့် ကူးသန်းမှုတွေရှိသလို ထိုင်းနိုင်ငံအတွင်းနေရာ အနှံ့အပြားမှာလည်း အလုပ်ရှာနေကြတဲ့ မြန်မာအလုပ်သမားတွေကို ရောင်းစားမှုတွေရှိနေတယ်လို့ MAT ကပြောပါတယ်။

အများဆုံး ရောင်းအစားခံရတဲ့ နေရာတွေကတော့ ဘန်ကောက်၊ မဟာချိုင်ဒေသက အအေးခန်းစက်ရုံတွေနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ချုံဘူရီ ခရိုင်ရှိ ချောင်းစမေးစံ လှေဆိပ်၊ မဲခေါင်လှေဆိပ်နဲ့ အခြား ပင်လယ်ငါးဖမ်း လှေလုပ်ငန်းတွေမှာ အများဆုံး တွေ့မြင်ရတယ် လို့ဆိုပါတယ်။

လူကုန်ကူး ဂိုဏ်းကို ပူးပေါင်းဖော်ထုတ်ရာမှာ ပါဝင်ခဲ့တဲ့ FED အဖွဲ့မှ ကိုမင်းဦးက“ဒီဂိုဏ်းကြီးကို မိလိုက်လို့ လူကုန်ကူးမှုတွေက ရပ် သွားပြီ မဟုတ်ဘူး။ ထိုင်းမှာတခြားအဖွဲ့တွေ အများကြီးရှိနေသေးတယ်။ ကျနော်တို့အဖွဲ့တွေလည်း အခုလိုပူးပေါင်းပြီး အရင် က လည်း မြန်မာ အလုပ်သမားတွေ အများကြီးကယ်တင်ခဲ့သလို့ ပွဲစားတွေကို ဖော်ထုတ်ဖမ်းဆီးတာပဲ၊ မကုန်ဘူး။ ဒီမှာက လူကုန် ကူး တာ စီးပွားရေးတခုလိုဖြစ်နေပြီ”လို့ ဧရာဝတီကို ပြောပါတယ်။

လူကုန်ကူးဂိုဏ်းကို ဖမ်းဆီးလိုက်တဲ့ တနေ့တည်းမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းအနီး ငါးဖမ်းလှေမှာ ရောင်းစားခံထားရတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၄ ဦးကို ထိုင်းနိုင်ငံ အထူး စုံစမ်း စစ်ဆေးရေး ဌာန (DSI)နဲ့ FED တို့ပူးပေါင်းပြီး ကယ်တင် နိုင်ခဲ့သလို မြန်မာ အလုပ်သမားတွေကို လှေထဲရောင်းစားခဲ့တဲ့ ပွဲစားတဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကိုမင်းဦးက ဆက်ပြော ပါတယ်။

လူကုန်ကူးခံရတဲ့ မြန်မာ အလုပ်သမားတွေ ကယ်တင်တဲ့အခါ၊ လူကုန်ကူးသူတွေကို ဖော်ထုတ်ဖမ်းဆီးတဲ့ အခါတွေမှာ ခြိမ်းခြောက် ခံရမှုနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ခက်ခက်ခဲခဲ လုပ်ဆောင်ရမှုတွေ ရှိပေမယ့် မြန်မာအစိုးရရဲ့ ကူညီပံ့ပိုးမှုနဲ့ ပူးပေါင်းပါဝင်မှု ကိုတော့ မရရှိဘူးလို့ ဦးကျော်သောင်း ကပြောပါတယ်။

“လူကုန်ကူးဂိုဏ်းတွေ အများစုက လူမိုက်တွေများတယ်။ ထိုင်းရဲတွေအတွက် ပြဿနာမရှိပေမယ့် ကျနော်တို့ မြန်မာ အလုပ်သမား ကူညီရေး အဖွဲ့တွေကြတော့ အန္တရာယ်ရှိတာပေါ့။ ထိုင်းမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ ဘယ်လောက် ဒုက္ခ ရောက် ရောက် သေသေ မြန်မာအစိုးရက ဂရုစိုက်တာ မဟုတ်ဘူး။ အခုလို ကယ်တင်တဲ့ အခါတွေမှာလည်း စာရင်း တောင်းတာ ကလွဲလို့ လက် တွေ့ ပူးပေါင်း ပါဝင်တာမရှိဘူး။ မြန်မာသံရုံးဆို ဖုန်းတောင်မကိုင်ဘူး”လို့ ဦးကျော်သောင်းက ပြောပါတယ်။

MAT အဖွဲ့ဟာ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ အရေးကို လိုက်ပါဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပြီး ထိုင်း အစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ ဇွန်လ ၆ ရက်နေ့အထိ လူကုန်ကူးခံရသူ မြန်မာ အလုပ်သမား ၉၀ ကို ကယ်ထုတ်နိုင်ခဲ့ပြီး မြန်မာလူပွဲစား ၈ ဦးကိုလည်း ဖမ်းဆီးပေးနိုင်ခဲ့ကြောင်း MAT က ထုတ်ပြန်ထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

၂၀၁၃ ခုနှစ်ထဲမှာလည်း ထိုင်း ငါးဖမ်းလှေတွေပေါ် ရာချီတဲ့ မြန်မာနိုင်ငံသားတွေကို ရောင်းစားမှု၊ လူသတ်မှု၊ မုဒိမ်းမှုတွေ ကျူးလွန် တယ်ဆိုတဲ့ လူကုန်ကူးဂိုဏ်းတခုကို ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်း ဖော်ထုတ်နိုင်ခဲ့သလို လူကုန်ကူးခံရတဲ့ မြန်မာ အလုပ်သမား ၂၆၄ ဦးကိုလည်း ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဒါ့အပြင် ၂၀၁၂ ခုနှစ်မှာ ၂၉၂ ဦးနဲ့ ၂၀၁၁ ခုနှစ်မှာ လူဦးရေ ၅၀ ကယ် ထုတ် နိုင်ခဲ့ ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးမိတဲ့ မြန်မာ လူကုန်ကူးသူ ၅ ဦး နဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)
ဧရာဝတီ
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေကို တရားမဝင် လူကုန်ကူး နေတဲ့ ဂိုဏ်းအဖွဲ့ တဖွဲ့ကို ထိုင်း အာဏာပိုင်တွေ အပါအ၀င် ပူးပေါင်းအဖွဲ့က ဖမ်းဆီး ရမိကြောင်း သိရပါတယ်။

ထိုင်းအစိုးရ လူကုန်ကူးမှု အထူး နှိမ်နှင်းရေး ရဲတပ်ဖွဲ့(AHTD)၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့(MAT) နဲ့ ထိုင်းတောင် ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း(FED) တို့ပူးပေါင်းပြီး ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ပါဝင်ခဲ့သူများက ပြော ပါတယ်။

လူပွဲစားတွေ ပိတ်လှောင်ထားတဲ့ အခန်းတခုကို ဖောက်ထွက်လာတဲ့ မြန်မာ အလုပ်သမားတဦးက MAT ကို အကြောင်းကြားလာ ရာ ကနေ ဇွန်လ ၆ ရက်နေ့က ဖမ်းဆီး ဖော်ထုတ်ခဲ့တာလို့ သိရပါတယ်။

စနစ်ဟောင်းကို မှီတွယ်နေပါက ဒီမိုကရေစီလမ်း မရောက်နိုင်ဟု သူရဦးရွှေမန်းပြော

ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့၊ ဇွန် ၉ ရက်တွင်ဆွေးနွေး အတည်ပြုလိုက်သည့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကြမ်းပါ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ပြင်ဆင်ချက်တို့အပေါ် ကိုယ်စားလှယ်တို့ ပါဝင်ဆွေးနွေးကြစဉ် ပြစ်မှုပြစ် ဒဏ်များနှင့် ပတ်သက်ပြီး စနစ်ဟောင်းကို မှီတွယ်ပြီးဆောင်ရွက်နေခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်နိုင်မည်မဟုတ်ကြောင်း သူရဦးရွှေမန်းက ဝေဖန်ပြောကြား လိုက်သည်။

ဘာသာကူးပြောင်းခြင်း ဥပဒေမူကြမ်းပါပြစ်ဒဏ် တိုးမြှင့်ရန် မဘသ တောင်းဆို

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွင်ပါရှိသည့် ပြစ်ဒဏ်တစ်နှစ် သတ်မှတ်ချက်သည် နည်းလွန်းသည်ဆိုကာ ငါးနှစ်အထိ တိုးမြှင့်ရန်အကြံပြုစာကို (အမျိုးဘာသာသာသနာ) ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်သို့ ဇွန်လ ၉ ရက်တွင် တောင်းဆိုလိုက်သည်ဟု အမျိုးသာဘာ၊ သာသနာစောင့် ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို အလုပ်အမှုဆောင် ဓမ္မစက္က ဦးမောင်မောင်က ပြောသည်။

ကာကွယ်ရေးဦးစီးချုပ် ကမ္ဘောဒီးယားသွားမည်

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၁၁ မှ ၁၄ ရက်အထိ နှစ်နိုင်ငံချစ်ကြည်ရေးတိုးမြှင့်စေရန် ရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက် လည်ပတ် မည်ဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၄၃၆ ပြင်ရန် ထောက်ခံလက်မှတ် လေးသိန်းနီးပါးရပြီိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းတို့ ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ကောက်ယူမှုမှာ လက်မှတ်ပေါင်း လေးသိန်းနီးပါး ရရှိ နေပြီဖြစ် သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးမြင့်ဌေးက ဇွန်လ ၉ ရက်တွင် မဇ္ဈိမကို ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့အပေါ် လူထုစစ်တမ်း ကောက်ယူမည့် အစီအစဉ်ပျက်

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြုလုပ်မည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့တွင် မည်သူ လူကြိုက်ပိုများကြောင်း စစ်တမ်း ကောက် ယူခြင်းကို ငွေကြေး မလုံလောက်မှုကြောင့် ပြုလုပ်မည် မဟုတ်ကြောင်း အဆိုပါအဖွဲ့ဝင် ဦးထွန်းကြည်က The Voice သို့ ပြောကြားသည်။
အဆိုပါစစ်တမ်းကို မူလက ပညာအရည်အချင်း၊ အသက်မွေးဝမ်းကျောင်း ပြုသည့် လုပ်ငန်းများမှ လူတန်းစား အလွှာမျိုးစုံကို ကောက်ယူမည်ဟု ကြေညာထားသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ပြု လုပ်ရန် ငွေကြေး အခက်အခဲ ရှိနေကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်၊ လူအား လုပ်အား ပေးနိုင်တယ်။ ဒါပေမဲ့ ငွေကြေး ကုန်ကျမယ့် ပမာဏ များနေပါတယ်” ဟု ၎င်းကဆိုသည်။

YMBA က တာဝန်ရှိသူအချို့ အလွဲသုံးစား ပြုလုပ်သည်ဟု ဆိုကာ နိုင်ငံတော်သမ္မတထံ တိုင်ကြား

ဗုဒ္ဓဘာသာ ကလျာနယုဝ အသင်းချုပ်ကြီး (YMBA) ၏ တာဝန်ရှိအချို့ ငွေကြေးအလွဲသုံးစား ပြုလုပ်သည်ဟု ဆိုကာ နိုင်ငံတော်သမ္မတ၊ သာသနာရေး ဝန်ကြီးဌာန၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းနှင့် အခြားသက်ဆိုင်ရာ တာဝန်ရှိသူများကို ဇွန်လ ၆ ရက်နေ့က တိုင်ကြားထားကြောင်း အဆိုပါအသင်းက အမှုဆောင်များနှင့် အဖွဲ့ဝင်အချို့ထံမှ သိရှိရသည်။

မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေး အမေရိကန်အစိုးရ အကူအညီ တိုးပေးမည်

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်ရှိနေသော မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရ၏ မူဝါဒနှင့် အထောက်အပံ့ အစီအစဉ်များကို ထပ်တိုး ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း အာရှပစိဖိတ် ဒေသတွင်းဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Daniel Russel က ပြောကြားသည်။

တရားဥပဒေစိုးမိုးရေး ကော်မတီနှင့် မျိုးစောင့်ဥပဒေ ကန့်ကွက်သည့် အဖွဲ့များ တွေ့မည်

ဒေါ်ဆောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းကို ကန့်ကွက်စာ ထုတ်ပြန်ထားသော အရပ်ဘက် လူ့အဖွဲ့အစည်းများ ဇွန်လ ဒုတိယပတ်အတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါ မျိုးစောင့် ဥပဒေကို ကန့်ကွက်ထားသည့် အဖွဲ့အစည်းတစ်ခုမှ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ဒေါ် သင်းသင်းအောင်က ပြောကြားသည်။

သေဆုံးသူအား မှုခင်းဆေးပညာအရ စစ်ဆေးကြည့်ရာမှ လူသတ်မှုပေါ်ပေါက်

မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ အောင်ရှင်းနယ်မြေအတွင်း မသင်္ကဖွယ်ရာ လူသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ရာ သေ ဆုံးသူအား မှုခင်းဆေးပညာအရ စစ်ဆေးဆောင်ရွက်ကြည့်ရာမှ လူသတ်မှုတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း မုံရွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ပြောပြသည်။

သေဆုံးသူမှာ ကျော်မြင့်ထွန်း(ခ) ငါးခြောက်ပြား အသက်(၃၈)နှစ်ဆိုသူဖြစ်သည်။ ထိုသူသည် ဇွန်လ ၄ ရက်နေ့မွန်းလွဲ ၂ နာရီက သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေဆုံးခြင်း အမျိုးအစားမှာ ရုတ်တရက်သေဆုံးခဲ့ ခြင်းဖြစ်သည်။ ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်လှိုင်မိုးမှ သေမှုသေခင်

ပါကစ္စတန်လေဆိပ် တိုက်ခိုက်မှု ၂၈ ဦးသေ

 သေနတ်သမား ၁၀ ဦး အပါအ၀င် လူပေါင်း ၂၈ ဦး သေဆုံးခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံက အလုပ် အများဆုံး လေဆိပ်ကို ၀င်တိုက်ခဲ့တာဟာ သူတို့လက်ချက် ဖြစ်တယ်လို့ တာလီဘန်တွေ က ပြောလိုက် ပါတယ်။
လက်နက်အပြည့်အစုံ ကိုင်ထားတဲ့ စစ်သွေးကြွတွေက ကရာချိမြို့၊ Jinnah အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲ က အ၀င်အထွက် နေရာဟောင်းတခုကို ထိုးဖောက် ၀င်ရောက်ခဲ့ တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေနဲ့ ငါးနာရီကြာ တိုက်ပွဲဖြစ်ပြီး တနင်္လာနေ့ အစောပိုင်းကမှ ပြီးဆုံးခဲ့ပါတယ်။

လတ်တလော အခြေအနေတွင် PR (အချိုးကျကိုယ်စားပြု) စနစ်အား ကျင့်သုံးရန် မသင့်သေးကြောင်းနှင့် ဆိုင်းငံ့ထားသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

Photo: လတ်တလော အခြေအနေတွင် PR (အချိုးကျကိုယ်စားပြု) စနစ်အား ကျင့်သုံးရန် မသင့်သေးကြောင်းနှင့် ဆိုင်းငံ့ထားသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
Tuesday, June 10, 2014

လတ်တလော အခြေအနေတွင် PR (အချိုးကျကိုယ်စားပြု) စနစ်အား ကျင့်သုံးရန် မသင့်သေးကြောင်းနှင့် ဆိုင်းငံ့ထားသင့်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များက ဆွေးနွေး ခဲ့ကြသည်။

ဇွန် ၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးရဲနိုင်ဦး၊ ဗိုလ်မှူးတိုးမင်းထွန်း၊ ဗိုလ်မှူးကျော်နိုင်ဌေး၊ ဦးအုန်းတင်၊ ဦးဇုန်လှယ်ထန်း ၊ ဒေါက်တာဗညားအောင်မိုး စသည့်ကိုယ်စားလှယ်များက ဆိုင်းငံ့ထား သင့်ကြောင်း ဆွေးနွေးခဲ့ကြပြီး ဦးစောထွန်းမြအောင်၊ ဒေါ်နန်းနီနီအေး တို့က ထောက်ခံဆွေးနွေး ခဲ့ကြသည်။

ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦးက “မိမိတို့နိုင်ငံတွင် ပီအာရ်စနစ် ကျင့်သုံးတဲ့ အလေ့အကျင့် မရှိသေးပါဘူး။ မိမိနိုင်ငံနှင့် သင့်တော်တဲ့ ပီအာရ်စနစ်ကို သုံးသပ်ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လတ်တလော အခြေအနေမှာ ပီအာရ်စနစ်ကို ကျင့်သုံးဖို့အတွက် အလွယ်တကူဆုံးဖြတ်ဖို့ မသင့်သေးပါဘူး” ဟု ဆွေးနွေးသည်။

ရွေးကောက်ပွဲစနစ်တွင် အများဆုံးရသူ အနိုင်ယူစနစ်သည် အများစု၏ဆန္ဒကို အလွယ်ကူဆုံး ထုတ်ဖော်သည့် နည်းဖြစ်ပြီး နိုင်ငံပေါင်းများစွာ ကျင့်သုံးနေသည့် စနစ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပါလီမန်ခေတ် ၁၉၅၂၊ ၁၉၅၆၊ ၁၉၆၀ နှင့် ယနေ့တိုင် ကျင့်သုံးနေဆဲဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့်အတွက် တည်ငြိမ်သည့် အစိုးရဖွဲ့စည်းရန်နှင့် လွှတ်တော်တွင်း အမျိုးမျိုးကွဲပြားခြင်းမှ ရှောင်ရှားရန်အတွက် အများဆုံးနိုင်သူ ယူစနစ်သာ ကျင့်သုံးလျက်ရှိကြောင်း ဆွေးနွေးသည်။

ထိုင်းနိုင်ငံသည် ပီအာရ်စနစ်နှင့် နိုင်သူယူစနစ် နှစ်မျိုးလုံးကျင့်သုံးခဲ့ကြောင်း၊ စည်းမျဉ်းခံဘုရင်စနစ် ညွန့်ပေါင်းအစိုးရများ ဖြစ်ပေါ်ပြီး ဥပဒေပြုရေးများတွင် အကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ခက်ခဲကြောင်း၊ လူထု၏ မျှော်လင့်ချက် များကို ဖြည့်ဆည်း မပေးနိုင်ဘဲ အုပ်စုကွဲများ များပြားမှုကြောင့် ဆုံးဖြတ်ချက်များ မချမှတ်နိုင်ကြောင်း၊ လူထုနှစ်သက်သည့် ခေါင်းဆောင်ထက် ပါတီခေါင်းဆောင်များ လိုလားသည့် ကိုယ်စားလှယ်များသာ လွှတ်တော်အတွင်း ရောက်ရှိရန် အခွင့်အလမ်း များကြောင်း သုံးသပ်ပြောကြားသည်။

ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦးက “အများဆုံးနိုင်သူယူစနစ်က အများစုရဲ့ဆန္ဒကို အလွယ်ကူဆုံး ဖော်ထုတ်တဲ့နည်းလမ်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ အကျွမ်းဝင်တဲ့ စနစ်လည်းဖြစ်ပါတယ်။ အချိုးကျကိုယ်စားပြု စနစ်ကတော့ ပိုမိုရှုပ်ထွေးပါတယ်။ မဲဆန္ဒရှင်တွေ မဆိုထားနဲ့ နိုင်ငံရေးသမားတွေ၊ ဥပဒေ ပညာရှင်တွေပင် နားလည်အောင် လေ့လာနေရဆဲ ဖြစ်တယ်လို့ ယူဆပါတယ်” ဟု ပြောကြားသည်။

ပီအာရ်အချိုးကျ ကိုယ်စားပြုစနစ်သည် သိမ်မွေ့နက်နဲသည့် အတွက် နိုင်ငံ များသည် ၎င်းတို့ဖွဲ့စည်းပုံနှင့် ကိုက်ညီသည့် ပီအာရ် စနစ်ကိုသာ ရွေးချယ် အသုံးပြုကြကြောင်း၊ မြန်မာနိုင်ငံတွင် ကျင့်သုံးမည်ဆိုပါက နိုင်ငံရေး သမိုင်းကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ကိုက်ညီသည့် စနစ်တစ်ရပ်ကိုသာ ရွေးချယ်ကျင့်သုံး ရမည်ဖြစ်ကြောင်း၊ ပီအာရ် စနစ်သည် ရွေးချယ်ခံကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်ရန်လိုအပ်ကြောင်း၊ သို့မှသာပြည်သူများက ကိုယ်စားလှယ်များကို မှန်ကန်စွာ ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များကလည်း မှန်ကန်စွာစည်းရုံး နိုင်မည်ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

လက်ရှိတွင် အမျိုးသားလွှတ်တော်၌ တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ ကိုယ်စားလှယ် ၁၂ ဦးစီဖြင့် ၁၆၈ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦးဖြင့် ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ၀ ဒသမ ၁ ရာခိုင်နှုန်းဖြင့် တိုင်းရင်းသားရေးရာ ၀န်ကြီးများ ခန့်အပ်ထားခြင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းများတွင် ဦးစီးအဖွဲ့များ ဆောင်ရွက်ခဲ့ကြောင်း၊ ပီအာရ်အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ဆောင်ရွက်ပါက အထက်ပါ အခွင့်အရေးများကို မည်သို့ဆောင်ရွက်မည်ကို ပြန်လည်သုံးသပ်ရမည်ဟု ထင်မြင်မိကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များက ဆွေးနွေးခဲ့ကြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက “ပီအာရ်စနစ်အတွက် စဉ်းစားစရာ နှစ်ခုရှိတယ်လို့ မြင်ပါတယ်။ တစ်ခုကပါတီတွေ ပေါများလာမယ်။ နောက်တစ်ခုက ပါတီငယ်တွေ ဖျောက်ပစ်ဖို့အတွက် ဒီစနစ်ကို ကျင့်သုံးတယ်လို့ ယူဆနိုင်တယ်။ ပီအာရ်စနစ်က အနာဂတ်မှာတော့ အကျိုးရှိနိုင်ပါတယ်။ လက်ရှိမှာတော့ အသုံးမပြုသင့်သေးဘူးလို့ ယူဆပါတယ်” ဟု ဆွေးနွေးခဲ့သည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးတိုးမင်းထွန်းက “ပီအာရ်စနစ်ကျင့်သုံးဖို့က အချိန်ယူပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမယ်လို့ ယူဆပါတယ်။ ဒီမိုကရေစီ လျှောက်လှမ်းစအချိန် ဖြစ်တဲ့အတွက် ကျင့်သုံးရန် မသင့်သေးပါဘူး။ အခုအဆိုကို ဆိုင်းငံ့ထားသင့်ပါတယ်။ သင့်တော်တဲ့အချိန်ရောက်မှ ပြန်စဉ်းစားသင့်ပါတယ်” ဟု ဆွေးနွေးသည်။

“ဒီအဆိုကတော့ ဆိုင်းငံ့ထားသင့်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့လည်း ဆန့်ကျင်နေတဲ့အတွက် အဆိုအောင်ရင်တောင် လုပ်လို့မရနိုင်ပါဘူး။ ဖွဲ့စည်းပုံကိုပါ လိုက်ပြင်ရမှာဖြစ်ပါတယ်။ ပီအာရ်စနစ်သုံးမယ်ဆိုရင် လူနည်းစုတွေအတွက် ပါတီရှင်သန်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ်စားလှယ်တွေ များလာတဲ့အတွက် မဲဆန္ဒရှင် ပြည်သူတွေအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုတွေမှာ အခက်အခဲတွေ ရှိလာနိုင်တယ်။ နိုင်သူယူ စနစ်ကတော့ ရိုးရှင်းပါတယ်။ မဲဆန္ဒရှင်တွေအတွက် လွယ်ကူစွာ ရွေးချယ်နိုင်ပါတယ်။ ပီအာရ်စနစ်ကတော့ ရှုပ်ထွေးလွန်းလှပါတယ်။ နားလည်ဖို့မလွယ်သလို ကျင့်သုံးဖို့ မလွယ်ကူတဲ့ စနစ်ဖြစ်ပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ဆွေးနွေးသည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကျော်နိုင်ဌေးက နိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ရှိရန် အရေးကြီးကြောင်း၊ မဲဆန္ဒနယ်တစ်ခု ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်အတွက် ရိုးရှင်းလွယ်ကူကြောင်း၊ အချိုးကျစနစ်နှင့်ဆိုပါက ပါတီပေါင်းစုံ ဖြစ်သည့်အတွက် အခက်အခဲများစွာ ရှိလာနိုင်ကြောင်း၊ အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ တိုင်းရင်းသား ကိုယ်စားလှယ်များ နည်းပါးနိုင်ကြောင်း၊ ပီအာရ်စနစ်အတွက် အချိန်များစွာယူရန် လိုအပ်ကြောင်း၊ လက်ရှိစနစ် အတိုင်းသာ ကျင့်သုံးသင့်ကြောင်း ဆွေးနွေးသည်။

ဒေါ်ခင်ဝိုင်းကြည် တင်သွင်းခဲ့သည့် လာမည့်ပါတီစုံ မည်သည့် ရွေးကောက်ပွဲ များတွင်မဆို အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ်ပေးပါရန်နှင့် ဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးပါရန် အဆိုအား ဆွေးနွေးရန် ကိုယ်စားလှယ် ၂၅ ဦးစာရင်း ပေးသွင်းထားပြီး ဇွန် ၁၀ ရက် ပြုလုပ်မည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “စနစ်နှစ်ခုကို နှိုင်းယှဉ်ဆွေးနွေး ရမှာဖြစ်လို့ လေးနက်ပါတယ်။ ဆွေးနွေးတဲ့ နေရာမှာ ပါတီအကျိုးထက် ၊ နိုင်ငံတော်နှင့် နိုင်ငံသားတွေ အကျိုးအတွက် စဉ်းစားရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ နိုင်ငံတော်အတွက် အမှန်တရားကို ရှာဖွေဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စနစ်ကိုသာ ဦးစားပေးဆွေးနွေးဖို့နဲ့ တစ်ပါးသူကို ပုတ်ခတ်ဆွေးနွေးခြင်းမပြုဖို့၊ နည်းဥပဒေနဲ့အညီ ဆွေးနွေးကြဖို့ မှာကြားလိုပါတယ်” ဟု ပြောကြားသည်။

Eleven Media Group 
လတ်တလော အခြေအနေတွင် PR (အချိုးကျကိုယ်စားပြု) စနစ်အား ကျင့်သုံးရန် မသင့်သေးကြောင်းနှင့် ဆိုင်းငံ့ထားသင့်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များက ဆွေးနွေး ခဲ့ကြသည်။

ဇွန် ၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးရဲနိုင်ဦး၊ ဗိုလ်မှူးတိုးမင်းထွန်း၊ ဗိုလ်မှူးကျော်နိုင်ဌေး၊ ဦးအုန်းတင်၊ ဦးဇုန်လှယ်ထန်း ၊ ဒေါက်တာဗညားအောင်မိုး စသည့်ကိုယ်စားလှယ်များက ဆိုင်းငံ့ထား သင့်ကြောင်း ဆွေးနွေးခဲ့ကြပြီး ဦးစောထွန်းမြအောင်၊ ဒေါ်နန်းနီနီအေး တို့က ထောက်ခံဆွေးနွေး ခဲ့ကြသည်။

PR စနစ် ကျင့်သုံးမှု မပြုရန် တပ်မတော်သား ကိုယ်စားလှယ်များနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်အချို့ ကန့်ကွက်

နောင်လာမည့် ရွေးကောက်ပွဲများတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရန် အဆိုကို အမျိုးသားလွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် သုံးဦးနှင့် ရွေးကောက်ခံ ကိုယ်စားလှယ် အများစုက ကန့်ကွက်သည့် သဘောဖြင့် ဆွေးနွေးခဲ့သည်။
အဆိုပါစနစ်ကို ကျင့်သုံးနိုင်ရေး လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လ ၃ ရက်နေ့က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ဇွန် ၉ ရက်နေ့တွင် လွှတ်တော်တွင် စတင် ဆွေးနွေးခြင်း ဖြစ်သည်။

မိုးရေမရ၍ ပုဗ္ဗသီရိရှိ နှမ်းခင်းဧကကိုးဆယ်ကျော် ပျက်စီး

Photo: မိုးရေမရ၍ ပုဗ္ဗသီရိရှိ နှမ်းခင်းဧကကိုးဆယ်ကျော် ပျက်စီး
Tuesday, June 10, 2014

နေပြည်တော်တွင် မိုးရွာသွန်းမှု နောက်ကျသည့် အတွက် နှမ်းစိုက်ခင်းဧက ကိုးဆယ်ကျော် ပျက်စီး ခဲ့ကြောင်း ပုဗ္ဗသီရိမြို့နယ်ရှိ ဒေသခံ တောင်သူများထံမှ သတင်းရရှိသည်။

ယခုနှစ် မိုးရာသီတွင် ဧပြီလတွင်းက ရွာသော မိုးရေများနှင့် စိုက်ပျိုးထားသော နှမ်းခင်းများမှာ မိုးဆက်လက်မရွာတော့၍ နှမ်းခင်းများ အပင်ခြောက်ပြီး သေဆုံးခြင်းဖြစ်သည်။

‘‘ခါတိုင်း ဒီအချိန်ဆို မိုးက တော်တော်ရွာနေပြီး အခုမိုးမရွာ တဲ့အတွက် ကြဲထားတဲ့နှမ်းတွေက အပင်ခြောက်ပြီး သေကုန်တာ။ ရေလောင်းပေးရအောင်ဆိုလည်း အနီးအနားမှာ ရေကမရှိဘူး။ စိုက်ထားတာ အကုန်သေကုန်လို့ နှမ်းမျိုးဖိုးနဲ့ ထွန်ယက်စရိတ်တွေ အကုန်ရှုံးတယ်။ ဒီနှစ်တော့ နောက်ထပ်မစိုက်နိုင်တော့ဘူး။ အရင်းမှမရှိတော့တာ’’ဟု ရွာတော်ကျေးရွာရှိ နှမ်းစိုက်တောင်သူ ဦးမြင့်ဆွေက ပြောသည်။

ရွာတော်ကျေးရွာရှိ တောင်သူများမှာ မိုးရွာရန်အတွက် ဇွန်လ ၇ ရက်က လွန်ဆွဲပွဲများနှင့် တပ်ကုန်းမြို့ရှိ မိုးကောင်းဘုရား စေတီသို့ ရေ သပ္ပာယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

‘‘စိုက်တာနှစ်ဧကတည်းပါ။ စရိတ်က တစ်သိန်းကျော်တယ်။ အခုသေကုန်လို့ တစ်ခုမှပြန်မရတော့ဘူး။ ခါတိုင်း ဒီအချိန်မိုးတွေ ဖြိုင်ဖြိုင်ရွာနေပြီ။ လယ်ကွင်းတွေ မှာ ရေတွေရောက်နေပြီ။ အခုရွှံ့ ခဲအခြောက်တွေချည်းပဲမို့ ဘာမှလည်းစိုက်စားလို့မရပါဘူး’’ဟု တောင်သူ ဦးအောင်လှိုင်ဝင်းက ပြောသည်။

နေပြည်တော် ကောင်စီနယ်မြေတွင် နှမ်းခင်းများကို မိုးရေ၊ ဆည်ရေ၊ အဝီစိတွင်းများတူးဖော်ကာ စိုက်ပျိုးကြပြီး ပျက်စီးမှုများဖြစ်ပွားသော နှမ်းခင်းများမှာ အဝီစိတွင်းတူးရန်ပင် အခက်အခဲများရှိနေသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝအရင်းအမြစ်များ ရရှိနိုင်မှု အကန့်အသတ်ဖြစ်ပေါ်နေရခြင်း၊ အပင်များမျိုးတုံး ပျောက်ကွယ်ခြင်းတို့ကြောင့် မိုးခေါင်နေမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ရာ စိုက်ခင်းများကို ရေအကြိမ်ကြိမ်ပေးရခြင်း ရေပေးရန်ပင်မရနိုင်သောနေရာများ ရှိနေခြင်းတို့ ကြောင့် သုတေသနပြု လုပ်ဆောင်ရွက်နေကြောင်း ရေဆင်း တက္ကသိုလ် ရေအသုံးချသုတေသနဌာနမှ သိရသည်။

Author: သူရကျော်
7Day Daily
နေပြည်တော်တွင် မိုးရွာသွန်းမှု နောက်ကျသည့် အတွက် နှမ်းစိုက်ခင်းဧက ကိုးဆယ်ကျော် ပျက်စီး ခဲ့ကြောင်း ပုဗ္ဗသီရိမြို့နယ်ရှိ ဒေသခံ တောင်သူများထံမှ သတင်းရရှိသည်။

ယခုနှစ် မိုးရာသီတွင် ဧပြီလတွင်းက ရွာသော မိုးရေများနှင့် စိုက်ပျိုးထားသော နှမ်းခင်းများမှာ မိုးဆက်လက် မရွာတော့၍ နှမ်းခင်းများ အပင်ခြောက်ပြီး သေဆုံးခြင်းဖြစ်သည်။

ကမ္ဘာ့အလုပ်သမားညီလာခံတွင် အစိုးရကိုယ်စားလှယ် ဖိအားပေးခံရမှု သက်သာဟုဆို

Photo: ကမ္ဘာ့အလုပ်သမားညီလာခံတွင် အစိုးရကိုယ်စားလှယ် ဖိအားပေးခံရမှု သက်သာဟုဆို
Tuesday, June 10, 2014

မြန်မာနိုင်ငံတွင် အဓမ္မ ခိုင်းစေခံရမှု ၈၀ ရာခိုင်နှုန်းခန့် လျော့ကျခဲ့၍ ယခုနှစ် ကမ္ဘာ့အလုပ်သမားညီလာခံတွင် ဖိအားပေးဆွေးနွေးခံရခြင်းမရှိခဲ့ကြောင်း ညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ်(FTUM) အတွင်းရေးမှူး ဦးမောင်မောင်ကပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သုံးနှစ်ခန့်မှစ၍ အစိုးရက နိုင်ငံရေးအခြေအနေပြုပြင်ပြောင်းလဲလာမှုများဆောင်ရွက်လာခဲ့၍ အဓမ္မခိုင်းစေခံရမှု တဖြည်းဖြည်းလျော့ကျလာခဲ့သည်။ ယခင်ကမြန်မာနိုင်ငံသည် ဖိအားပေးဆွေးနွေးခံခဲ့ရသော်လည်း ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အခြားနိုင်ငံများမှ အဓမ္မခိုင်းစေခံရမှုအကြောင်းအရာတို့ကိုသာ ၀င်ရောက်ဆွေးနွေးပေးခဲ့ရကြောင်း ဇွန်လ ၉ ရက်တွင်ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအလုပ် သမားအဖွဲ့ချုပ်(FTUM)၏ သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

‘‘မြန်မာနိုင်ငံအလုပ်ရှင် အ လုပ်သမားအဓမ္မဖိအားပေးမှု သိပ်မရှိတော့ဘူး။ အစိုးရကလည်း လုပ်နေတယ်။ အလုပ်သ မားအဖွဲ့အစည်းတွေလည်း ဖွဲ့စည်းခွင့်ရတယ်။ ဒါပေမဲ့ အပြည့်အ၀တော့ မဟုတ်သေးဘူး။ ကျန်သေးတယ်။ ရာခိုင်နှုန်း ၈၀ လောက်နည်းသွားတယ်။ ညီလာခံမှာ အရင်လောက် ဖိအား မရှိတော့ဘူး’’ဟု ဦးမောင်မောင်ကပြောသည်။

အဆိုပါ FTUM အဖွဲ့ချုပ် သည် အပြည်ပြည်ဆိုင်ရာကုန် သွယ်မှုမဟာမိတ်အသင်းအဖွဲ့ (ITUC) ရှိ အဖွဲ့ဝင်ဖြစ်ပြီး ယခု အလုပ်သမားညီလာခံသို့ ITUC မှ အမှုဆောင်အဖြစ် သွားရောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထို့အ ပြင်ယင်းညီလာခံတွင် ILO မှ ပြဋ္ဌာန်းထားသည့် အဓမ္မခိုင်းစေမှု ဆိုင်ရာပြဋ္ဌာန်းချက် အမှတ် ၂၉ မှာ ခေတ်နှင့် လျော်ညီမှုမရှိတော့ ၍ ဖြည့်စွက်ပြင်ဆင်သတ်မှတ်ရန် အဓိကထားဆွေးနွေးခဲ့သည်ဟု သိရသည်။

ယခင်က အဓမ္မခိုင်းစေမှု ဆိုင်ရာပြဋ္ဌာန်းချက်သည် စစ် တပ်နှင့် စပ်လျဉ်းသည့်အကြောင်းအရာများကို အဓိကပြဋ္ဌာန်းခဲ့ပြီး ယခုအခါ လုပ်ငန်းခွင်စက်ရုံအတွင်း အဓမ္မဖိနှိပ်ခံရမှု၊ ရွှေ့ ပြောင်းလုပ်သားများ ခေါင်းပုံဖြတ်ဖိနှိပ်ခံရမှု၊ အိမ်အကူလုပ်သား များ အဓမ္မဖိနှိပ်ခံရမှုတို့ကို ယင်း ပြဋ္ဌာန်းချက်အတွင်း တစ်စုတစ် စည်းတည်းပြဋ္ဌာန်းနိုင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယင်းဆွေးနွေး ချက်များ အတည်ပြုသတ်မှတ် နိုင်ခြင်းမှာ ဇွန်လ ၁၂ ရက်တွင် ညီလာခံပြီးဆုံးမှသာ ရလဒ်များ ထွက်ရှိလာမည်ဖြစ်သည်။

ယခုကျင်းပပြုလုပ်လျက်ရှိ သည့် (၁၀၃) ကြိမ်မြောက် အ ပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကိုမေလ ၂၈ မှ ဇွန်လ ၁၂ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပီနံအိတ်စက်ရုံအလုပ်သမားများ ဆန္ဒပြစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily
မြန်မာနိုင်ငံတွင် အဓမ္မ ခိုင်းစေခံရမှု ၈၀ ရာခိုင်နှုန်းခန့် လျော့ကျခဲ့၍ ယခုနှစ် ကမ္ဘာ့အလုပ် သမား ညီလာခံတွင် ဖိအားပေးဆွေးနွေးခံရခြင်းမရှိခဲ့ကြောင်း ညီလာခံသို့ တက်ရောက် ခဲ့သည့် မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ် (FTUM) အတွင်းရေးမှူး ဦးမောင်မောင် ကပြော သည်။

အမြန်လမ်းလုံခြုံစိတ်ချရေး အမေရိကန် နည်းပညာ အကူအညီများ ပေးမည်

Photo: အမြန်လမ်းလုံခြုံစိတ်ချရေး အမေရိကန် နည်းပညာ အကူအညီများ ပေးမည်
Tuesday, June 10, 2014

ယာဉ်မတော်တဆမှုနှုန်း မြင့်တက်နေသည့် ရန်ကုန်-မန္တ လေးအမြန်လမ်းအတွက် လုံခြုံ စိတ်ချမှုဆိုင်ရာ နည်းပညာအကူ အညီပေးခြင်းသဘောတူစာချုပ် ကို အမေရိကန်အစိုးရနှင့် ချုပ်ဆို လိုက်ကြောင်း အမေရိကန်သံရုံး က ဇွန်လ ၉ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါစာချုပ်ကို အမေရိ ကန်နိုင်ငံမှ နိုင်ငံတကာအကူအ ညီပေးရေးအဖွဲ့နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့က မေလ ၂၇ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာအဝေးပြေးလမ်း များတွင် အသုံးပြုသည့် လုံခြုံမှု စံချိန်စံညွှန်းများ၌ ပါဝင်သည့် ၁၀ ကီလိုမီတာလျှင် အပိုင်းတစ် ပိုင်းအလိုက် လမ်းပိုင်းများ သရုပ် ပြတည်ဆောက်ထိန်းသိမ်းခြင်း များကို အမေရိကန်ဗိသုကာနှင့် အင်ဂျင်နီယာပညာရှင်များက သင် တန်းပေးခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

မြန်မာအစိုးရက အမေရိ ကန်အစိုးရသို့ တောင်းဆိုထား ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် အဆိုပါလမ်းပိုင်းအား အကြို စစ် ဆေးတိုင်းတာမှုများပြုလုပ်ခဲ့ပြီး US AID မှ ကျွမ်းကျင်ပညာရှင် များက လမ်း၏ ဒီဇိုင်း၊ လမ်း၏ ခံနိုင်ရည် မော်တော်ယာဉ်သွား လာနိုင်သည့် အရှိန်နှုန်းများကို လာရောက်တိုင်းတာစမ်းသပ်မှု များပြုလုပ်ခဲ့ပြီးဖြစ်သည်။

နေ့စဉ် ကားအစီးရေ သုံး ထောင်ကျော်ဖြတ်သန်းနေပြီး ၃၈၆ မိုင်ရှည်လျားသည့် ရန်ကုန် -မန္တလေး အမြန်လမ်းမှာ နိုင်ငံ၏ အချက်အချာလမ်းမတစ်ခုဖြစ်နေ သည့်အပြင် လူအသက်များစွာ လုံခြုံရေးအတွက် အမေရိကန် နိုင်ငံမှ ကူညီပေးနေရခြင်း အ တွက် များစွာကျေနပ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောသည်။

လက်ရှိတွင် အဆိုပါလမ်း ပိုင်းကို နည်းပညာဆိုင်ရာအကူ အညီပေးခြင်းများအပြင် ရှစ်လမ်းသွားအဖြစ် တိုးချဲ့ရန်အတွက် အမေရိကန်အစိုးရကို မြန်မာ ဘက်က ကမ်းလှမ်းထားပြီးဖြစ် သည်။ အဆိုပါလမ်း ပြုပြင်ရေးအတွက် အမေရိကန်အပြင် ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့ကလည်း အကူအညီပေးလျက်ရှိသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမှာ ယာဉ်မတော်တဆမှုနှင့် လူသေနှုန်းဆက်တိုက်မြင့်တက် နေဆဲဖြစ်ပြီး အမြန်လမ်းစတင်အသုံးပြုခဲ့သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဧပြီလအထိ စာရင်းများအရ ယာဉ်မတော်တဆမှု ၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၆၀ ကျော်အထိရှိခဲ့သည်။

အမြန်လမ်းမ တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily
ယာဉ်မတော်တဆမှုနှုန်း မြင့်တက်နေသည့် ရန်ကုန်-မန္တ လေးအမြန်လမ်းအတွက် လုံခြုံ စိတ်ချမှုဆိုင်ရာ နည်းပညာအကူ အညီပေးခြင်းသဘောတူစာချုပ် ကို အမေရိကန်အစိုးရနှင့် ချုပ်ဆို လိုက်ကြောင်း အမေရိကန်သံရုံး က ဇွန်လ ၉ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါစာချုပ်ကို အမေရိ ကန်နိုင်ငံမှ နိုင်ငံတကာအကူအ ညီပေးရေးအဖွဲ့နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့က မေလ ၂၇ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာအဝေးပြေးလမ်း များတွင် အသုံးပြုသည့် လုံခြုံမှု စံချိန်စံညွှန်းများ၌ ပါဝင်သည့် ၁၀ ကီလိုမီတာလျှင် အပိုင်းတစ် ပိုင်းအလိုက် လမ်းပိုင်းများ သရုပ် ပြတည်ဆောက်ထိန်းသိမ်းခြင်း များကို အမေရိကန်ဗိသုကာနှင့် အင်ဂျင်နီယာပညာရှင်များက သင် တန်းပေးခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိ သည်။

အပူချိန်မြင့်မားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်း များ ကျောင်းချိန်ပြောင်းလဲဖွင့်လှစ်

ရာသီဥတု ပူပြင်းမှုကြောင့် စစ်ကိုင်းခရိုင်အတွင်းတည်ရှိသည့် အခြေခံပညာ ကျောင်းများ၏ ကျောင်း ဖွင့်ချိန်ကို ဇွန် ၉ ရက်မှစတင်၍ နံနက်ပိုင်းတွင် အချိန်ပြောင်းလဲ ဖွင့်လှစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ ညွှန်ကြား ချက်အရ ကျောင်းသား ကျောင်းသူများအားပြင်း ထန်သည့် အပူဒဏ် ခံစားနေရခြင်းမှ လွတ်ကင်းမှုရှိစေရန် အခြေခံပညာ ကျောင်းများ၏ကျောင်းဖွင့် ချိန်ကို ဇွန် ၉ ရက်မှစတင်၍ နံနက် ၆ နာရီမှ ၁၁ နာရီခွဲသို့ အချိန်ပြောင်းလဲ ဖွင့်လှစ်ကြောင်း၊ စာပေသင်ကြားချိန်လျော့နည်းမှုမရှိ စေရန်အတွက် အချိန်ပြောင်းလဲသော်လည်း သင်ကြားချိန်ကို မူလ အချိန်ဇယားအတိုင်း သင်ကြားပေး လျက်ရှိနေကြောင်း၊ နံနက် ၆ နာရီမှ ၉ နာရီ အထိ စာသင်ချိန် လေးချိန်၊ ၉ နာရီမှ ၁၁ နာရီခွဲအထိ စာသင်ချိန် သုံးချိန် သင်ကြားပေးလျက် ရှိနေကြောင်း၊ ရာသီဥတု ကောင်းမွန်လာ ချိန်တွင် မူလပုံမှန်အချိန်အတိုင်း ပြန် လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ဦးမင်းဦးက ပြောပြသည်။

သရဖူ စွန့်လိုက်ရတဲ့ ထိုင်း အလှမယ်

ထိုင်းနိုင်ငံက ၂ဝ၁၄ ခုနှစ်အတွက် Miss Universe Thailand သရဖူဆုရှင် မစ္စ ဝေလူရီ ဖိုင် Weluree Fai ဟာ ထိုင်း လူမှု ကွန်ရက်တွေက သရဖူနဲ့ မထိုက်တန်ဘူးဆိုတဲ့ သူ့ကို အဆက်မပြတ် ပြင်းထန် တဲ့ ဝေဖန် တိုက် ခိုက်မှုတွေကြောင့် သရဖူကို စွန့်လွှန့် လိုက်ပါတယ်။ 

မြန်မာတစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေ ၀င်ရောက်ခဲ့သော်လည်း အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုနည်းပါးနေ

အနောက်တောင်မုတ်သုံလေသည် ဇွန် ၇ ရက်မှစတင်ကာ တစ်နိုင်ငံလုံးသို့ ၀င်ရောက်ခဲ့ပြီဖြစ်သော်လည်း အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုနည်းပါးနေသေးကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

"စနေနေ့ကနေစပြီးတော့ တစ်နိုင်ငံလုံးကိုမုတ်သုံဝင်သွားခဲ့ပြီ၊ အခုလောလောဆယ် မုတ်သုံက အားကောင်းနေတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းတွေက မုတ်သုံအားကောင်းတဲ့အချိန်မှာ မိုးရတာက နည်းတယ်။ တစ်ပြည်လုံးတော့ ပျံ့ပျံ့နှံနှံရွာတယ်။ အလယ်ပိုင်းမှာ မြို့တိုင်းတော့မရွာပေမယ့် မြို့တချို့တော့ရွာတယ်။ မိုးရွာသွန်းမှုက ပုံမှန်ထက်နည်းနေတယ်" ဟု ဦးကျော်မိုးဦးက ဆက်လက်ပြောကြား သည်။

စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ခုတ်သောကြောင့် ရဲအုပ်တစ်ဦး ဒဏ်ရာရရှိမှု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဖြစ်ပွား

Photo: စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ခုတ်သောကြောင့် ရဲအုပ်တစ်ဦး ဒဏ်ရာရရှိမှု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဖြစ်ပွား 
Tuesday, June 10, 2014

ဒဂုံမြောက်မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသားတစ်ဦးက လမ်းမပေါ်၌ ဓားရှည်ဖြင့် လိုက်လံခုတ်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရှိရသည်။

ဇွန် ၉ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမရှိ ၃၅ ရပ်ကွက် ကားမှတ်တိုင်အနီးတွင် စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရေးအဖွဲ့ (၉)မှ  ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ အချို့သည် စည်းကမ်းပျက် ယာဉ်များကို စစ်ဆေးဖမ်းဆီးမှု ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦးက ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးအား  ဓားရှည်ဖြင့် လိုက်ခုတ်ခဲ့ကြောင်း အခင်းဖြစ်ပွားနေရာ ပတ်ဝန်းကျင်မှ သိရသည်။

ယင်းသို့ ဓားဖြင့်လိုက်လံခုတ်မှုကြောင့် ရဲအုပ်နေလင်းထွန်းမှာ ၀ဲဘက်လက်မောင်း ချိုင်းအောက်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ကာ မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

“ခုတ်သွားတဲ့ အမျိုးသားက ၃၂ တိုးချဲ့ ရပ်ကွက်မှာနေတယ်လို့ သိရတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ဆောင်ရွက်နေတဲ့ဝန်ထမ်းကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်တဲ့အခြေအနေကို လက်ခံစရာ အကြောင်းမရှိဘူး။ ဥပဒေအတိုင်းပဲ ထိရောက်စွာ ဆောင်ရွက်သွားမယ်။ အခုလည်း နယ်မြေရဲနဲ့ပေါင်းပြီးတော့ အမြန်ဖမ်းဆီးရမိအောင် ဆောင်ရွက်နေတယ်။ ယာဉ်ထိန်းက သူ့ရဲ့ဆိုင်ကယ်ကို စစ်ဆေးပြီးတော့ ဖမ်းဆီးခဲ့တဲ့အတွက် သူကမကျေနပ်လို့ ဒီလိုလုပ်ခဲ့တယ်လို့ သိရတယ်။ ယာဉ်ထိန်းရဲတွေကလည်း ဆိုင်ကယ်ဖမ်းတဲ့လူကို မမှတ်ထားလိုက်တော့ အဲဒီလူက ဖမ်းခဲ့တဲ့ ယာဉ်ထိန်းရဲ အနားထိလာပြီးတော့မှ ဓားထုတ်ပြီး ခုတ်တာပါ” ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆက်လက်ပြောကြားသည်။

“သူက လူသတ်မှုနဲ့ ထောင်ကျဖူးတယ်လို့ကြားတယ်။ အခင်းမဖြစ်မီမှာ သူခုတ်တဲ့ ယာဉ်ထိန်းရဲနှစ်ဦးက သူ့ဆိုင်ကယ်ကို ဖမ်းလိုက်တယ်လို့ သိရတယ်။ အဲဒါကို သူက ဒေါသထွက်ပြီးတော့ ဆိုက်ကားနဲ့  အိမ်ကဓားသွားယူပြီး လိုက်ခုတ်တဲ့ပုံစံပဲ။ အဲဒီယာဉ်ထိန်းရဲ အရာရှိကို ခုတ်ပြီးတော့ သူ့ဆိုင်ကယ်သူစီးပြီး အခြားယာဉ်ထိန်း ရဲတွေကိုခုတ်ဖို့ လိုက်ရှာနေတာ တွေ့ရတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲတွေက သတင်းကြားလို့ ထင်ပါတယ်။ မရှိကြတော့ဘူး” ဟု အခင်းဖြစ်ပွားရာ အနီးရှိ ကွမ်းယာဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆောင်ရွက်နေသည့် ယာဉ်ထိန်း ရဲ တပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုတ်ခြင်း၊ ထိုးခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းနှင့် ရန်ရှာခြင်း စသည့် ဖြစ်စဉ်များမှာ ၂၀၁၃ ခုနှစ်တွင် ခုနစ်မှုဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် လေးမှုရှိသွားပြီဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား မြောက်ဒဂုံမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဓားဖြင့်အခုတ်ခံခဲ့ရသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်နေလင်းထွန်းက “မိုးရွာတော့ ကားတွေပိတ်နေလို့ ကျွန်တော်တို့အဖွဲ့ လူစုခွဲပြီး လမ်းရှင်းနေတာပါ။ ကျွန်တော်နဲ့ ရဲဘော်နှစ်ယောက်နဲ့က အဖွဲ့ခွဲပြီးတော့ လမ်းရှင်းပြီးလို့ အဖွဲ့ဆီသွားတဲ့ အချိန်မှာပဲ  အလစ်တိုက်ခိုက် ခံလိုက်ရတာပါပဲ။ ယာဉ်ထိန်းတစ်ဦးကို သူကသွားပြီး ပြောနေတဲ့အချိန်မှာ ကျွန်တော်က ဘာဖြစ်လို့လဲလို့ လှမ်းမေးလိုက်တယ်။ အဲဒီအချိန်မှာ သူကကျွန်တော့်နားကို လာပြီးတော့ အရိုးပါပြီး နှစ်တောင်လောက်ရှည်တဲ့ဓားနဲ့ ထုတ်ပြီးတော့ ခုတ်တဲ့အချိန်မှာ ကျွန်တော်လည်း ပြေးခဲ့တယ်။ ဖိနပ်ကလည်း မိုးရေတွေ စိုနေတော့ ချော်လဲတဲ့အချိန်မှာ အပေါ်ကနေ  ကျွန်တော့်ကို ခုတ်တယ်။ လက်နဲ့ကာလိုက်တော့ ချိုင်းအောက်ကို ထိသွားပါတယ်။ ဒီလိုအလွတ်ကြီး ရိုင်းစိုင်းခဲ့တဲ့သူကို မိအောင်ဖမ်းပြီးတော့ ထိရောက်တဲ့ အပြစ်ပေးဖို့ပဲ တောင်းဆိုပါတယ်” ဟု ဇွန် ၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။

အခင်းဖြစ်ပွားရာ နေရာသို့ လာရောက်စစ်ဆေးနေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း) 
Eleven
ဒဂုံမြောက်မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသားတစ်ဦးက လမ်းမပေါ်၌ ဓားရှည်ဖြင့် လိုက်လံခုတ်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရှိရသည်။

ဇွန် ၉ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမရှိ ၃၅ ရပ်ကွက် ကားမှတ်တိုင်အနီးတွင် စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရေးအဖွဲ့ (၉)မှ ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ အချို့သည် စည်းကမ်းပျက် ယာဉ်များကို စစ်ဆေးဖမ်းဆီးမှု ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦးက ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဓားရှည်ဖြင့် လိုက်ခုတ်ခဲ့ကြောင်း အခင်းဖြစ်ပွားနေရာ ပတ်ဝန်းကျင်မှ သိရသည်။