Monday, December 8, 2014

လိပ်ကျွန်း လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ တရားသူကြီးပြော

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ပွားတဲ့ လူသတ်မှုကို ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ ကော့စမွေ တရားရုံးရဲ့ တရားသူကြီးက ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ဒီနေ့မနက်ပိုင်းက ပြောဆိုလိုက်တယ်လို့ မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဦးမင်ဦးက ပြောပါတယ်။

လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ စွပ်စွဲဖမ်းဆီးခံရပြီး အမှုခုနှစ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ မြန်မာနှစ်ဦးကို ဒီကနေ့ မနက်ပိုင်းက ကော့စမွေ တရားရုံးမှာ ရုံးထုတ် စစ်ဆေးစဉ် တရားသူကြီးက အခုလို ပြောဆိုလိုက်တာပါ။

KIA လက်နက်ကိုင်အဖွဲ့၏ မတရား လုပ်ဆောင်မှုများ အပေါ် ဒေသခံပြည်သူအချို့မှ ထုတ်ဖော်ပြောကြား

Photo: KIA လက်နက်ကိုင်အဖွဲ့၏ မတရား လုပ်ဆောင်မှုများ အပေါ် ဒေသခံပြည်သူအချို့မှ ထုတ်ဖော်ပြောကြား

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

KIA လက်နက်ကိုင် အဖွဲ့အနေဖြင့် လူသစ် စုဆောင်းခြင်း၊ အများပြည်သူ အသုံးပြုနေသည့် လမ်းကြောင်းများ၊ ကျေးရွာအနီး ဝန်းကျင်နှင့် တောင်ယာ စိုက်ခင်းတစ်ဝိုက် နေရာများ၌ မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်း များ ဆောင်ရွက်လျက် ရှိသည်။

လူသစ် စုဆောင်းခံရ သူများအနက်မှ အသက်လု၍ ထွက်ပြေး လွတ်မြောက် လာသူအချို့၏ ထုတ်ဖော် ပြောကြားချက် အရ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုများ၊ လူမျိုးရေး ခွဲခြား ဆက်ဆံမှုများ၊ အချိန် ကြာမြင့်စွာ ဖမ်းဆီး ချုပ်နှောင်မှုများ၊ သတ်ဖြတ်မှု များလည်း ရှိကြောင်း သိရသည်။ လူသစ် စုဆောင်းရာတွင် အသက် ငယ်ရွယ်သူ များနှင့် အမျိုးသမီး များကိုပါ စုဆောင်းခဲ့ပြီး အနိုင်ကျင့် ခံရမှု များလည်း ရှိခဲ့သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်၊ ချရာပတ္တီး ရပ်ကွက် နှင့် မိုးကောင်းမြို့နယ်၊ နတ်ကြီးကုန်း ရပ်ကွက်တို့၌ လူနေ ရပ်ကွက်ထဲ အထိ ဝင်ရောက်၍ ခြိမ်းခြောက် ဖမ်းဆီး ခေါ်ဆောင်မှု များကြောင့် ကျန်ရစ်သူ မိသားစုဝင်များ ပူဆွေးသောက ရောက်လျက် ရှိသည့် အပြင် ခင်ပွန်းသည် နှင့် လူငယ်များ စား၊ ဝတ်၊ နေရေး ဒုက္ခများကို ရင်ဆိုင် နေရကြောင်း လည်း သိရှိရသည်။

လူသစ် စုဆောင်းခံရသူ ကျား ၇၈၂ ဦး၊ မ ၃၆ ဦး စုစုပေါင်း ၈၁၈ ဦးရှိခဲ့ပြီး ၅၃၅ ဦးသည် လွတ်မြောက်ခြင်း မရှိသေးဘဲ ခြိမ်းခြောက် လျက် ဖြန့်ခွဲ တာဝန်ပေး ထားကြောင်း နယ်မြေခံ ပြည်သူများ ထံမှ သိရသည်။

KIA လက်နက်ကိုင် အဖွဲ့၏ တိုင်းရင်းသားများ အပေါ် ခွဲခြား ဆက်ဆံမှု၊ လူမျိုးရေး ဖိနှိပ်မှုတို့မှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိ နေပြီး မိုင်းထောင် တိုက်ခိုက်မှု ကြောင့် ခြေ၊ လက်အင်္ဂါ ဆုံးရှုံးရ သူများ၊ အသက် ဆုံးရှုံး ရသူများလည်း ရှိကြောင်း ကိုယ်တိုင် တွေ့ကြုံခံစား ရသူ ပြည်သူများက ရင်ဖွင့် ပြောကြား ခဲ့သည်။ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ မှ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ အထိ KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင် တိုက်ခိုက်မှု ကြောင့် အသက် ဆုံးရှုံးခဲ့ ရသည့် ဒေသခံပြည်သူ ၁ဝ ဦး နှင့် ဒဏ်ရာ ရရှိသူ ၃၇ ဦး ရှိကြောင်း သိရှိရသည်။(၁၀၀)

၁၉-၅-၂၀၁၄ ရက်တွင် KIA လက်နက်ကိုင် အဖွဲ့ ထောင်ထားသော မိုင်းကြောင့် ဒဏ်ရာ ရရှိခဲ့သည့် ဆရာတော် ဦးနန္ဒိမ အား တွေ့ရစဉ်

၂၈-၁၁-၂၀၁၄ ရက်တွင် KIA လက်နက်ကိုင် အဖွဲ့ ထောင်ထားသော မိုင်းကြောင့် ဒဏ်ရာ ရရှိခဲ့သည့် ဒေါ်အားညီ အား တွေ့ရစဉ်

The Myawady Daily
KIA လက်နက်ကိုင် အဖွဲ့အနေဖြင့် လူသစ် စုဆောင်းခြင်း၊ အများပြည်သူ အသုံးပြုနေသည့် လမ်းကြောင်းများ၊ ကျေးရွာအနီး ဝန်းကျင်နှင့် တောင်ယာ စိုက်ခင်းတစ်ဝိုက် နေရာများ၌ မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်း များ ဆောင်ရွက်လျက် ရှိသည်။

လူသစ် စုဆောင်းခံရ သူများအနက်မှ အသက်လု၍ ထွက်ပြေး လွတ်မြောက် လာသူအချို့၏ ထုတ်ဖော် ပြောကြားချက် အရ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုများ၊ လူမျိုးရေး ခွဲခြား ဆက်ဆံမှုများ၊ အချိန် ကြာမြင့်စွာ ဖမ်းဆီး ချုပ်နှောင်မှုများ၊ သတ်ဖြတ်မှု များလည်း ရှိကြောင်း သိရသည်။ လူသစ် စုဆောင်းရာတွင် အသက် ငယ်ရွယ်သူ များနှင့် အမျိုးသမီး များကိုပါ စုဆောင်းခဲ့ပြီး အနိုင်ကျင့် ခံရမှု များလည်း ရှိခဲ့သည်။

မြန်မာ့ဘိန်းထုတ်လုပ်မှု လျော့ကျလာဟု ကုလ ထုတ်ပြန်

Photo: မြန်မာ့ဘိန်းထုတ်လုပ်မှု လျော့ကျလာဟု ကုလ ထုတ်ပြန်
Monday, December 8, 2014

မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် လျော့ကျလာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဆိုင်ရာ
အဂျင်စီက ထုတ်ပြန်လိုက်သည်။

သို့ရာတွင် စိုက်ပျိုးမြေပမာဏမှာ ယမန်နှစ်အတိုင်း ရှိနေဆဲဖြစ်ပြီး ရိတ်သိမ်းမှု
လျော့နည်းလာသောကြောင့်သာ ထုတ်လုပ်မှုလျော့နည်းလာခြင်း ဖြစ်သည်ဟု UNODC အစီရင်ခံစာက ဆိုထားသည်။

အစီရင်ခံစာအရ မြန်မာ၏ ယခုနှစ် ဘိန်းထုတ်လုပ်မှုသည် တန်ချိန် ၆၇၀ သာ ရှိပြီး ယမန်နှစ်ထက် တန်ချိန် ၂၀၀လျော့နည်းသည်ဟု သိရသည်။ဘိန်းစိုက်ပျိုးဧကပေါင်း ၁၄၂၀၀၀ ရှိနေဆဲဖြစ်သည်ဟုလည်း အစီရင်ခံစာက ဆိုထားသည်။

UNODC တွေ့ဆုံမေးမြန်းခဲ့သော တောင်သူဦးရေ၏ ၇၂ ရာခိုင်နှုန်းက ဘိန်းစိုက်ပျိုးခြင်းသည် အခြားသီးနှံများထက် ပိုမိုတွက်ခြေကိုက်သောကြောင့် စိုက်ပျိုးခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့ကြောင်း အစီရင်ခံစာက ဖေါ်ပြထားသည်။

photo- EPA
Popular Myanmar News Journal
မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး အကြိမ်အဖြစ် လျော့ကျလာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဆိုင်ရာအဂျင်စီက ထုတ်ပြန် လိုက်သည်။

သို့ရာတွင် စိုက်ပျိုးမြေပမာဏမှာ ယမန်နှစ်အတိုင်း ရှိနေဆဲဖြစ်ပြီး ရိတ်သိမ်းမှုလျော့နည်းလာ သောကြောင့်သာ ထုတ်လုပ်မှုလျော့နည်းလာခြင်း ဖြစ်သည်ဟု UNODC အစီရင်ခံစာက ဆိုထားသည်။

အနှိပ်ခန်းနှင့် ကေတီဗွီများ တရားဝင်ခွင့်ပြုပေးရန် လွှတ်တော်တွင် တိုက်တွန်း

NightClub-KTV
ရန်ကုန်တိုင်းဒေသကြီးအတွင်းက အနှိပ်ခန်းတွေကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင် ခွင့်ပြုပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်က ဒီနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

ATM စက်များ ဖောက်ထွင်းခံရမှုရှိသော်လည်း အသုံးပြုသူများ ထိခိုက်နစ်နာမှု မရှိနိုင်ဟုဆို

ပြည်တွင်းရှိ ATM စက်များကို နိုင်ငံတကာ Credit Card အတုများဖြင့် ဖောက်ထွင်းခံရမှု ဖြစ်စဉ်ကြောင့် ပြည်တွင်းရှိ ATM ကတ် အသုံးပြုသူများ အနေဖြင့် အကြောင်းတစ်စုံတစ်ရာ ထိခိုက် နစ်နာမှု ရှိမည် မဟုတ်ကြောင်း ဘဏ်လုပ် ငန်း ကျွမ်းကျင်သူများက ပြောသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အ တွင်း ပြည်တွင်းဘဏ်အချို့ရှိ ATM စက် များအတွင်းမှ စုစုပေါင်း ငွေ သိန်း ၂ဝဝ ခန့်ကို နိုင်ငံခြားသားနှစ်ဦးမှ နိုင်ငံတကာ သုံး Credit Card အတုဖြင့် ဖောက်ထွင်း ခိုးယူမှုဖြစ်ပွား ခဲ့သည်။

မဟာဓာတ်အားလိုင်း ချို့ယွင်းသဖြင့် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်

မြန်မာတစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် မဟာဓာတ်အားလိုင်း ချို့ယွင်းမှု ဖြစ်ပွားသဖြင့် ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းက တစ်နိုင်ငံလုံး လျှပ်စစ်မီး ငါးနာရီကျော် ကြာအောင် ပြတ်တောက်ခဲ့ကြောင်း မြို့နယ်အသီးသီးတွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် ကျောက်တံခါး မြို့အကြားတွင် ဓာတ်အားလိုင်းစနစ် ချို့ယွင်းခဲ့သဖြင့် ဒီဇင်ဘာလ ၇ ရက် နံနက် ၄ နာရီခွဲ ဝန်းကျင်မှ ၁၀ နာရီကျော်အထိ လျှပ်စစ်မီး ပြတ်တောက်ခဲ့ခြင်း ဖြစ်ပြီး ချို့ယွင်းမှုကို ပြန်လည်ပြုပြင်နိုင်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မူလတန်းကျောင်းသား၊ ကျောင်းသူတိုင်းကို ကျောင်းဝတ်စုံ အခမဲ့ပေးမည်

ပညာရေး ဝန်ကြီးဌာန၏ မသင်မနေရ အခမဲ့ပညာရေး စီမံကိန်းအရ လာမည့် ပညာသင်နှစ်မှ စပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတိုင်းကို ယခုအခမဲ့ ထောက်ပံ့ပေးနေသည့် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းဝင်ကြေးအပြင် ကျောင်းဝတ်စုံကိုပါ ထပ်လောင်း ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။

နေပြည်တော် MICC ခန်းမတွင် ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပသော ကမ္ဘာ့အမျိုးသမီးဖိုရမ် ဆွေးနွေးပွဲတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တစ်နာရီ ၁၇၀ ကီလိုမီတာ ပြင်းအားရှိ ဆူပါတိုက်ဖွန်း ဖိလစ်ပိုင်ကို စတင်ဝင်ရောက်၊ လူတစ်သန်းကျော် ထွက်ပြေးတိမ်းရှောင်

Photo: တစ်နာရီ ၁၇၀ ကီလိုမီတာ ပြင်းအားရှိ ဆူပါတိုက်ဖွန်း ဖိလစ်ပိုင်ကို စတင်ဝင်ရောက်၊ လူတစ်သန်းကျော် ထွက်ပြေးတိမ်းရှောင်

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသသို့ အလွန်အင်အား ပြင်းထန်သည့် ဟာဂူပစ် အမည်ရ တိုက်ဖွန်းမုန်တိုင်း တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်း တစ်သန်းကျော်ခန့် အရေးပေါ် တိမ်းရှောင်ထွက်ပြေးခဲ့ရကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ပြင်းအား တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ နှုန်းရှိပြီး ဆူပါတိုက်ဖွန်း အဆင့်အဖြစ် သတ်မှတ်ခံထားရသော ဟာဂူပစ် တိုက်ဖွန်းသည် ယမန်နှစ်က မုန်တိုင်းဒဏ်ကြောင့် လူပေါင်းမြောက်မြားစွာ သေဆုံးခဲ့ရသည့် ဒေသသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းမုန်တိုင်းကြောင့် သစ်ပင်နှင့် ဓာတ်တိုင်များ ပြိုလဲခြင်း၊ အဆက်အသွယ်များ ပြတ်တောက်ခြင်း အစရှိသည်တို့ ဖြစ်ပေါ်ခဲ့သည်။

ယင်းမုန်တိုင်းကြောင့် ကမ်းခြေဒေသတွင် နေထိုင်သော ဖိလစ်ပိုင်ပြည်သူ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ပစ်ကာ ယာယီဒုက္ခသည် စခန်းများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အချို့သော ကျေးရွာများတွင် မြေပြိုမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

“မိုးတွေ အင်မတန်သည်းပြီး လေတိုက်နှုန်းတွေကလည်း အရမ်းကို ပြင်းထန်လွန်းပါတယ်။ လူတိုင်းအိမ်ထဲမှာ နေကြဖို့နဲ့ ကုန်းတွင်းပိုင်းနဲ့ ကုန်းမြင့်ဒေသတွေဘက်ကို ပြောင်းရွှေ့ကြဖို့ ကျွန်တော်တို့ တိုက်တွန်းထားကြပါတယ်” ဟု မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားနေရသည့် ကာတိန်ဂန်မြို့၏ မြို့တော်ဝန် ဝီလ်တန်ကိုက ပြောကြားသည်။

ဖိလစ်ပိုင် မိုးလေဝသ ဗျူရိုအဖွဲ့၏ ထုတ်ပြန်ချက်အရ ဟာဂူပစ် မုန်တိုင်းသည် ယခုအခါ အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ရွေ့လျားလျက် ရှိပြီး ပြင်းအားမှာ တနင်္လာနေ့ နံနက်ပိုင်းတွင် တစ်နာရီလျှင် ၁၂၀ ကီလိုမီတာသို့ လျော့ကျလာဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။

ယင်းမုန်တိုင်းကြောင့် သေဆုံးသူ၊ ပျောက်ဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မည်၍မည်မျှ ရှိသည်ကို အတိအကျ မသိရသေးဟု အာဏာပိုင်များက ဆိုသည်။

မုန်တိုင်းကြောင့် ဆာမာပြည်နယ် အရှေ့ဘက်ဒေသနှင့် လာတီပြည်နယ်တို့တွင်လည်း လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။

ယင်းပြည်နယ်များသည် ယမန်နှစ်က ဟိုင်ယန်အမည်ရ ဆူပါတိုက်ဖွန်း ဝင်ရောက်တိုက်ခတ်မှု ခံခဲ့ရသော ဒေသများလည်း ဖြစ်သည်။

“ဘယ်ကိုမှ သွားမရဘူး။ မြောက်ဘက်ရော၊ တောင်ဘက်ကိုပါ သွားမရဘူး။ သစ်ပင်တွေ အများကြီး လဲသွားတယ်။ ဓာတ်ကြိုးတွေလည်း ပြတ်ကျကုန်တယ်။ နေရာအတော်မျာများမှာတော့ ရေတွေလွှမ်းကုန်ပြီ” ဟု အရှေ့ဆာမာ ပြည်နယ်၏ လွှတ်တော်အမတ်တစ်ဦး ဖြစ်သူ ဘင်အီဗာဒုန်းက ပြောကြားသည်။

ဒေသခံ ရေဒီယိုအသံလွှင့်ဌာန တစ်ခု၏ ထုတ်ပြန်ကြေညာချက်အရ မုန်တိုင်းကြောင့် အရှေ့ဆာမာပြည်နယ်နှင့် အီလွိုင်လို ပြည်နယ်တို့တွင် လူလေးဦး သေဆုံးခဲ့သည်။

The Voice Weekly
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသသို့ အလွန်အင်အား ပြင်းထန်သည့် ဟာဂူပစ် အမည်ရ တိုက်ဖွန်းမုန်တိုင်း တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်း တစ်သန်းကျော်ခန့် အရေးပေါ် တိမ်းရှောင်ထွက်ပြေး ခဲ့ရကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ပြင်းအား တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ နှုန်းရှိပြီး ဆူပါတိုက်ဖွန်း အဆင့်အဖြစ် သတ်မှတ်ခံထားရသော ဟာဂူပစ် တိုက်ဖွန်းသည် ယမန်နှစ်က မုန်တိုင်းဒဏ်ကြောင့် လူပေါင်းမြောက်မြားစွာ သေဆုံးခဲ့ရသည့် ဒေသသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းမုန်တိုင်းကြောင့် သစ်ပင်နှင့် ဓာတ်တိုင်များ ပြိုလဲခြင်း၊ အဆက်အသွယ်များ ပြတ်တောက်ခြင်း အစရှိသည်တို့ ဖြစ်ပေါ်ခဲ့သည်။

မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ သရဲဝင်ပူးတယ်ဆိုတဲ့ ရုပ်ရှင်ကား ဝင်ငွေစံချိန်ချိုးရန် အလားအလာကောင်း

Photo: မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ သရဲဝင်ပူးတယ်ဆိုတဲ့ ရုပ်ရှင်ကား ဝင်ငွေစံချိန်ချိုးရန် အလားအလာကောင်း

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ သက်တံသစ် မြန်မာဇာတ်ကားသည် ယခုတစ်ပတ်အတွက် လူကြည့်အများဆုံး ဇာတ်ကားတစ်ကားဖြစ်
ကြောင်း သိရပါတယ်။

သိုးဆောင်းရေးသားထားတဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားခြင်း ဖြစ်ပြီး အောင်ရဲလင်းနဲ့ ဖွေးဖွေးတို့ အဓိက သရုပ်ဆောင်ထားကာ ဆန်းကျယ်တဲ့ ဘဝသရုပ်ဖော်ဇာတ်လမ်း တစ်ပုဒ်အဖြစ် တင်ဆက်ထားတဲ့ ဇာတ်ကားဖြစ် ပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဃ-၂ အဆောင် ကြီးအကြောင်း၊ လွန်ခဲ့သောနှစ်ငါးဆယ်ကျော်က ကမ္ဘာမြေကြီး၏ ဖောက်ပြန်မှုကို ကြိုတင်ဟောပြောနိုင်တဲ့ စီကိုဆိုတဲ့ ဂျပန်လေး၊ စီကိုရဲ့ ဝိညာဉ်ကူးခံရတဲ့ကျောင်းသူလေး သဲစုနွေးအဖြစ် ဖွေးဖွေး၊ သဲစုနွေးကို မေတ္တာစစ်နဲ့ချစ်မိတဲ့ သက်တံအဖြစ် အောင်ရဲလင်း တို့အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်ကားမထွက်သေးမီကပင် အွန်လိုင်းပေါ်တွင် သရဲ ဝင်ပူးခံရသော ဗီဒီယိုဖိုင်များကြောင့် ပရိသတ်စိတ်ဝင်စားမှု အများ ဆုံးခံရပြီး ယခုအခါ ရုပ်ရှင်ရုံများတွင်လည်း လက်မှတ်များရောင်း ကုန်သည့်အပြင် ကြိုတင် လက်မှတ်များပါမရခဲ့သည်အထိ ဖြစ်နေ တယ်လို့ သိရပါတယ်။

ဇာတ်ကားကိုပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဝိုင်းကို မေး မြန်းဖြစ်ရာ ''အဲဒီဇာတ်ကားရိုက်နေတုန်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက် တွေကို စက်အဖွဲ့သားတွေ၊ နယ်ခံပရိသတ်တွေရောရှိတယ်။ ဝိုင်း က ပရိသတ်တွေကို ညာစားမယ့်လူမျိုးမဟုတ်ပါဘူး''လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။

သတင်းဂယက်များအရ ဖွေးဖွေးကို ဝိညာဉ်ပူးကပ်ခံရ တယ်လို့ သတင်းများ ထွက်ပေါ်လျက်ရှိရာ အဆိုပါသတင်းမှာ မဟုတ် မှန်ကြောင်းကိုလည်း ဖွေးဖွေးကဆိုပါတယ်။

''ဖွေးကို ဝင်ပူးတာတော့မဟုတ် ပါဘူး။ ရှုတင်ထဲကသူတချို့ကို ဝင်ပူးခံရပြီး အဲဒါတွေကို အွန်လိုင်းပေါ် တင်ထားကြ တယ်။ ဇာတ်ကားကို ပရိသတ်တွေက အရမ်း စိတ်ဝင်စားကြတယ်။ သရဲကားရိုက်တာ ဒါ နောက်ဆုံးပါပဲ။ ပြန်ပြောရင်းတောင် ကြက် သီးထပါတယီ''လို့ ဖွေးဖွေးက ဆိုပါတယ်။

''ဒီဇာတ်ကားကို သရဲဝင်ပူးတယ် ဆိုပြီး မပြခင်ကတည်းက နာမည်ကြီးနေလို့ လာကြည့်တာပါ။ အခုကြည့်တော့လည်း ဇာတ်ကားလေးက ကောင်းပါတယ်။ ဒါရိုက် တာဝိုင်းရဲ့ တင်ပြပုံကိုလည်း ကြိုက်ပါတယ်။ နိုင်ငံရေးဆန်တဲ့ ပြကွက်လေးတွေလဲ ပါ တယ်ထင်ပါတယ်''ဟု ထိုဇာတ်ကားလေးကို ကြည့်သော နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသူ မရတနာက ပြောသည်။

'သက်တံသစ်'သရဲကားကို အမှန် တကယ် ဝိညာဉ်များရှိတဲ့ နေရာများတွင် သွားရောက် ရိုက်ကူးထားခြင်းဖြစ်ပြီး သရဲ ဝင်ပူးခံရသူများမှာ ရွှေဖြူသရုပ်ဆောင်အ ဖွဲ့မှ ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေး နှစ်ဦးကို ဝင်ပူးခဲ့ခြင်းဖြစ်ပြီး Night Scene ည ၁ဝ နာရီခန့်တွင် ဖြစ်ပွားခဲ့တယ်လို့ သိ ရပါတယ်။

Yangon Media Group
ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ သက်တံသစ် မြန်မာဇာတ်ကားသည် ယခုတစ်ပတ်အတွက် လူကြည့်အများဆုံး ဇာတ်ကားတစ်ကားဖြစ်ကြောင်း သိရပါတယ်။

သိုးဆောင်းရေးသားထားတဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားခြင်း ဖြစ်ပြီး အောင်ရဲလင်းနဲ့ ဖွေးဖွေးတို့ အဓိက သရုပ်ဆောင်ထားကာ ဆန်းကျယ်တဲ့ ဘဝသရုပ်ဖော်ဇာတ်လမ်း တစ်ပုဒ်အဖြစ် တင်ဆက်ထားတဲ့ ဇာတ်ကားဖြစ် ပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဃ-၂ အဆောင် ကြီးအကြောင်း၊ လွန်ခဲ့သောနှစ်ငါးဆယ်ကျော်က ကမ္ဘာမြေကြီး၏ ဖောက်ပြန်မှုကို ကြိုတင်ဟောပြောနိုင်တဲ့ စီကိုဆိုတဲ့ ဂျပန်လေး၊ စီကိုရဲ့ ဝိညာဉ်ကူးခံရတဲ့ကျောင်းသူလေး သဲစုနွေးအဖြစ် ဖွေးဖွေး၊ သဲစုနွေးကို မေတ္တာစစ်နဲ့ချစ်မိတဲ့ သက်တံအဖြစ် အောင်ရဲလင်း တို့အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြ ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း

Photo: ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း
-------------------------------------------------

ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မည်း စသည့် ကင်းအမျိုးမျိုးအကိုက်ခံရလျှင် အောက်ပါ သဘာဝဆေးနည်းဖြင့် ကင်းအဆိပ်ကို ကုသနိုင်ပါသည်။

၁။ ကြက်သွန်နီ (၃) လုံးကို မီးဖုတ်ပါ။

၂။ မီးဖုတ်၍ နွမ်းလာသော ကြက်သွန်နီကို ထောင်း၍ အရည်ညစ်ယူပါ။

၃။ ၄င်း ကြက်သွန်မီးဖုတ်အရည်ကို အကိုက်ခံရသည့်နေရာကို လိမ်းပေးပါ။

၎။ အဖတ်များကိုလည်း အနာပေါ်ကို အုံထားပြီး အ၀တ်ဖြင့် စည်းထားပါ။

နာရီဝက်ကျော်လျှင် အဆိပ်များ တဖြေးဖြေး ပြယ်သွားပါလိမ့်မည်။

နောက်တစ်နည်း

၁။ မန်ကျည်းစေ့ကို သွေး၍ အရည်ကို အနာပေါ် လိမ်းပေးပါ။

၂။ သံလွင်ဆီကိုလည်း လိမ်းပေးနိုင်ပါသည်။

၎င်းဆေးနည်း (၃)မျိုးသည် ကင်းအမျိုးမျိုးတို့၏ အဆိပ်များကိုနိုင်သော သဘာဝဆေးနည်းများ ဖြစ်ပါသည်။

ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တို့နှင့် အလှမ်းဝေးသော နေရာတို့တွင် အရေးကြုံလာခဲ့သည်ရှိသော် တန်ဖိုးရှိလှသည့် လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ကြပါစေ။

ဦးနေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ၊ မြန်မာ့ဆေးနည်းများ
ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မည်း စသည့် ကင်းအမျိုးမျိုးအကိုက်ခံရလျှင် အောက်ပါ သဘာဝဆေးနည်းဖြင့် ကင်းအဆိပ်ကို ကုသနိုင်ပါသည်။

၁။ ကြက်သွန်နီ (၃) လုံးကို မီးဖုတ်ပါ။

၂။ မီးဖုတ်၍ နွမ်းလာသော ကြက်သွန်နီကို ထောင်း၍ အရည်ညစ်ယူပါ။

သားဖြစ်သူနဲ့ မိုင်လေဆိုင်းရပ်စ်တို့ရဲ့ ဆက်ဆံရေးကို သဘောမကျတဲ့ အာနိုး

Photo: သားဖြစ်သူနဲ့ မိုင်လေဆိုင်းရပ်စ်တို့ရဲ့ ဆက်ဆံရေးကို သဘောမကျတဲ့ အာနိုး

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

အမေရိကန် သရုပ်ဆောင်မင်းသားကြီး အာနိုး ရှာဝါ့တ်ဆန်နက်ဂါသည် ၎င်း၏ သားဖြစ်သူ ပက်ထရစ်နှင့် မိုင် လေဆိုင်းရပ်စ်တို့၏ ဆက်ဆံရေး ကို သဘောမကျဟု သတင်းရင်း မြစ်တစ်ခုက ပြောသည်။

မော်ဒယ် ပက်ထရစ်ရှာဝါ့တ် ဆန်နက်ဂါသည် လက်ရှိတွင် အ ဆိုတော် မိုင်လေဆိုင်းရပ်စ်နှင့် ချစ်ကြိုက်လျက်ရှိသော်လည်း ၎င်း၏ မိဘများသည် မိုင်လေဆိုင်း ရပ်စ်ထံမှ အကျင့်ဆိုးများ ပက်ထ ရစ်ထံသို့ ကူးမည်ကို စိုးရိမ်လျက် ရှိကြောင်း သတင်းရင်းမြစ်တစ်ခု က ဆိုသည်။

မိုင်လေဆိုင်းရပ်စ်နှင့် ပက် ထရစ်တို့ ချစ်ကြိုက်နေသည်မှာ နှစ်လခန့်ရှိပြီဟု သိရသည်။

ပက်ထရစ်၏ မိခင်ဖြစ်သူ မာရီယာက မိုင်လေသည် အကျင့် ဆိုး ကူးစက်စေမည့်သူတစ်ဦးဖြစ် နိုင်ကြောင်းနှင့် သားဖြစ်သူအား လမ်းမှားမရောက်စေလိုကြောင်း သတိပေးထားသည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ဖခင်ဖြစ်သူ မင်းသားကြီး အာနိုးကလည်း သားဖြစ်သူ ပက် ထရစ်နှင့် မိုင်လေဆိုင်းရပ်စ်တို့၏ ဆက်ဆံရေးကို သဘောမကျဟု သိရသည်။

မိုင်လေဆိုင်းရပ်စ်၏ သူ ငယ်ချင်းများကလည်း ၎င်းတို့နှစ် ဦး၏ ဆက်ဆံရေးနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း၊ ပက်ထရစ်သည် မိုင်လေဆိုင်းရပ်စ်နှင့် ချစ် ဇာတ် လမ်းကို ၎င်း၏ ကျော်ကြားမှုအ တွက် အသုံးချနေသည်ဟု ယူဆ ကြောင်း ပြောကြားခဲ့သည်။

မိုင်လေဆိုင်းရပ်စ်သည် လီ ယမ်ဟမ်းစ်ဝေါ့သ်နှင့် လမ်းခွဲပြီး နောက်တွင် မည်မျှအထိ နာကျင် ခဲ့ရသည်ကို ၎င်း၏ အရင်းနှီးဆုံး သူများသာ သိကြောင်းနှင့် မိုင် လေကို ထပ်မံ၍ ၀မ်းမနည်းစေလို ကြောင်း ၎င်း၏ သူငယ်ချင်းများ က ပြောသည်။

—Ref: Contact Music
7Day Daily
အမေရိကန် သရုပ်ဆောင်မင်းသားကြီး အာနိုး ရှာဝါ့တ်ဆန်နက်ဂါသည် ၎င်း၏ သားဖြစ်သူ ပက်ထရစ်နှင့် မိုင် လေဆိုင်းရပ်စ်တို့၏ ဆက်ဆံရေး ကို သဘောမကျဟု သတင်းရင်း မြစ်တစ်ခုက ပြောသည်။

မော်ဒယ် ပက်ထရစ်ရှာဝါ့တ် ဆန်နက်ဂါသည် လက်ရှိတွင် အ ဆိုတော် မိုင်လေဆိုင်းရပ်စ်နှင့် ချစ်ကြိုက်လျက်ရှိသော်လည်း ၎င်း၏ မိဘများသည် မိုင်လေဆိုင်း ရပ်စ်ထံမှ အကျင့်ဆိုးများ ပက်ထ ရစ်ထံသို့ ကူးမည်ကို စိုးရိမ်လျက် ရှိကြောင်း သတင်းရင်းမြစ်တစ်ခု က ဆိုသည်။

လက်နက်ကိုင်တပ်ဖွဲ့များက တိမတည် သောကြောင့် ငြိမ်းချမ်းရေး မရသေးခြင်းဟု ဦးအေးနေဝင်း ဆို

Photo: လက်နက်ကိုင်တပ်ဖွဲ့များက တိမတည် သောကြောင့် ငြိမ်းချမ်းရေး မရသေးခြင်းဟု ဦးအေးနေဝင်း ဆို

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ကတိမတည်သောကြောင့် လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး မရသေးခြင်း
ဖြစ်သည်ဟု မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ဒီဇင်ဘာ ၇ ရက်က သူရဲကောင်းစစ်သည် ဗိမာန်တွင် ကျင်းပခဲ့သော လူမသိသူမ သိကျဆုံးခဲ့သော စစ်သည်များအတွက် လွမ်းသူ့ပန်းခွေချ အခမ်းအနားတွင် ပြောသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ကတိမတည်တာတွေ သိက္ခာမရှိတဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးမရနိုင်ဘဲ ပြည်တွင်း ဆူပူမှုဖြစ်နေတာ အဓွန့်ရှည်နေတာပဲ ဖြစ်ပါတယ်” ဟု ဦးအေးနေဝင်းက ဆိုသည်။

လက်နက်ကိုင် အဖွဲ့အစည်းဟူသည် မည်သည့်လက်နက်ကိုင်ဟု ဦးအေးနေဝင်းက ရည်ညွှန်း မပြောသော်လည်း တိုင်းရင်းသား
ခေါင်းဆောင် တစ်ဦးလည်းဖြစ်၊ ၀ါရင့် နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်သည့် UNFC မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက “စိတ်မကောင်းစရာပါပဲ။ သူ့မှာ တိုင်းရင်းသား တွေရဲ့ စိတ်နေစိတ်ထား၊ အတွေ့အကြုံနဲ့ သမိုင်းကြောင်းတွေ အများကြီး လေ့လာသင်ယူဖို့ လိုပါသေး တယ်။ တစ်ခုရှိတာက လက်ရှိအစိုးရ သဘောကျအောင် ပြောဆိုတာလည်း ဖြစ်နိုင်ပါတယ်။

သမိုင်းကြောင်းတွေမှာ ဘယ်သူက ကတိမခဲ့တာလဲဆိုတာ လေ့လာလို့ရပါတယ်။ သူ့ အနေနဲ့ တိုင်းရင်း သား အဖွဲ့အစည်းတွေဆီ ၀င်ထွက်ပါ။ ဆက်ဆံကြည့်ပါ။ အခုလုပ်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဖိတ်ပါတယ်”ဟု တုံ့ပြန်သည်။

တပ်မတော်နှင့် ကေအိုင်အေ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့်ပတ်သက်၍ လွန်ခဲ့သောအနှစ် ၂၀ ခန့် ကတည်းက တပ်သားသစ်ထပ်မံ စုဆောင်ခြင်းမပြုရန် ကေအိုင်အိုက သဘောတူ လက်မှတ်ရေးထိုးထား ခြင်းဖြစ်သော်လည်း တပ်သားသစ်များ ထပ်မံစုဆောင်းခြင်း၊ ဗိုလ်သင်တန်း ကျောင်းဖွင့်လှစ်ခြင်းများမှာ ရှက်ဖွယ် အနေအထားဖြစ်ကြောင်း ဦးနေဝင်းက ဆက်လက်ပြောဆိုထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာသန်းစိုးနိုင်က “ဦးနေ၀င်းမြေး အေးနေ၀င်းက ဒီလိုပြောတယ်ဆိုတာ သိပ်တော့မဆန်းပါဘူး။ သူလည်း စစ်အာဏာရှင်တစ်ယောက်ရဲ့မြေးဖြစ်တာကိုး။ သူတို့ ဆိုတာကဗိုလ်ချုပ် နေ၀င်းရဲ့မြေးဖြစ်တယ်ဆိုတာက လွဲလို့ နိုင်ငံရေးမှာရော လက်ရှိနိုင်ငံရေး လှုပ်ရှားမှုတွေမှာရော သူတို့အ ခန်းကဏ္ဍတွေက ဘာမှမရှိပါဘူး။ သူတို့က တပ်မတော်ဘက်က လက်ခံကာကွယ်ပြော ဆို နေပေမယ့် နိုင်ငံရေးအရ အကျိုးသက်ရောက်မှုက သိပ်ကြီးကြီးမားမားမရှိနိုင်ပါဘူး” ဟု သုံးသပ်ထားသည်။

ဖော်ပြပါအခမ်းအနားကို ပြည်တွင်းစစ်ကြောင့် လူမသိသူမသိကျဆုံးခဲ့သော တပ်မတော်သားများအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် တပ်မတော်၏ တိုက်တွန်းချက်ဖြင့်ပြုလုပ်ခြင်းမဟုတ်ကြောင်း ပွဲစီ စဉ်သူ အငြိမ်းစားဗိုလ်ကြီးဦးရောင်နီဦးကဆိုသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)က ၎င်းတို့ လက်ထက်က မလုပ်ရဲသောကိစ္စကို နောက်လူငယ်များ က လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် များစွာဂုဏ်ယူကြောင်း၊ ကျဆုံး စစ်သည်များကို အလေးပြုပါကြောင်း ပြောကြားသည်။

“တိုင်းပြည်အတွက် လုပ်နေတဲ့သူတွေကို အကောင်းပြောမခံရတာကတို့လည်း ဆတ်ဆတ်ထိ မခံချင်ဘူး” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း) ကဆိုသည်။

ပြည်သူများထက် ငြိမ်းချမ်းရေးလိုလားသူများမှာ တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင်များသာဖြစ် ပြီး လက်နက်ကိုင် တပ်ဖွဲ့များသည် ပြည်သူများအတွက် ငြိမ်းချမ်းရေးကိုထည့်သွင်း စဉ်းစားစေလိုကြောင်းပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်အငြိမ်းစား ဗိုလ်ကြီးရဲမိုးကဆိုသည်

“တပ်မတော်ကြီးက တိုင်းပြည်ကိုဖျက်ဆီးနေတယ်။ တပ်မတော်ကြီးကတိုင်းပြည် ကိုချောက်ထဲ ရောက် အောင် လုပ်ခဲ့တယ်။ တပ်မတော်က အာဏာရှင်တွေရဲ့နောက်လိုက်စသဖြင့် ရှည်လျားတဲ့ သမိုင်း ထဲကမှ ကိုယ်လိုရာလေးကို ကောက်ချက်ဆွဲပြီးတော့ တပ်မတော်ကိုသိက္ခာချ၊ အပုတ်ချနေတဲ့ အယူအဆတွေဟာ ကျွန်တော်တို့ တပ်မတော်သားတွေရဲ့ရင်ကိုအပ်နဲ့ထိုးနေသလိုပါပဲ” ဟု ဗိုလ်ကြီး ရဲမိုးကဆိုသည်။

အခမ်းအနားသို့ ကျဆုံးတပ်မတော်သားများ၏ မိသားစုဝင်ပေါင်းရာနှင့် ချီတက်ရောက်ကာ လွမ်းသူ့ပန်းခြင်းများချကာ အလေးပြုခဲ့ကြသည်။

ကျဆုံးတပ်မတော်သားများကို အလေးပြုအခမ်းအနားသို့ တက်ရောက်လာသည့် ဦးအေးနေဝင်း (ဝဲ- တိုက်ပုံအင်္ကျီဖြူ) ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ကတိမတည်သောကြောင့် လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး မရသေးခြင်း
ဖြစ်သည်ဟု မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ဒီဇင်ဘာ ၇ ရက်က သူရဲကောင်းစစ်သည် ဗိမာန်တွင် ကျင်းပခဲ့သော လူမသိသူမ သိကျဆုံးခဲ့သော စစ်သည်များအတွက် လွမ်းသူ့ပန်းခွေချ အခမ်းအနားတွင် ပြောသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ကတိမတည်တာတွေ သိက္ခာမရှိတဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးမရနိုင်ဘဲ ပြည်တွင်း ဆူပူမှုဖြစ်နေတာ အဓွန့်ရှည်နေတာပဲ ဖြစ်ပါတယ်” ဟု ဦးအေးနေဝင်းက ဆိုသည်။

အိန္ဒိယ ဗုံးပေါက်ကွဲမှု ဖမ်းဆီးထားသည့် မြန်မာသုံးဦး နှစ်နိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်းစစ်ဆေးနေ

အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့ ဗုံးပေါက်ကွဲမှုတွင် သံသယရှိ သူများအဖြစ် ဖမ်းဆီး ခံထားရ သည့် မြန်မာနိုင်ငံသားသုံးဦးအမှု ကို နှစ်နိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်း စစ် ဆေးနေကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်အ ရာရှိကြီးတစ်ဦးက ပြောကြား သည်။

‘‘ကျွန်တော်တို့ကို အိန္ဒိယနိုင် ငံရဲတပ်ဖွဲ့က ဒီအမှုကို ပူးပေါင်း ဖော်ထုတ်ဖို့ အကြောင်းကြား တယ်။ ဖြစ်စဉ်ကို အတည်ပြုဖို့ ရယ်၊ နောက်ထပ်ကျွန်တော်တို့ ဘက်က လုပ်စရာရှိတာဆက်လုပ် ရမှာပေါ့။ ကိုယ့်ဘက်က လုံခြုံ ရေးကိုလည်း တိုးမြှင့်ရင်းပေါ့’’ဟု ရဲအရာရှိက ပြောသည်။

ကျောင်းထောက်ပံ့ကြေးများ အလွဲသုံးစားလုပ်ပါက တိုင်ကြားနိုင်

အခြေခံပညာကျောင်း များသို့ ထောက်ပံ့ထားသည့် ထောက်ပံ့ကြေးများကို အလွဲသုံး စားမှုများရှိပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးများသို့ ဆက် သွယ်တိုင်ကြားနိုင်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။ယခုနှစ် ပညာသင်နှစ်အ တွက် ကျောင်းထောက်ပံ့ကြေး များ ပေးအပ်သည့် အစီအစဉ်ကို နိုင်ငံတော်ဘတ်ဂျက်မှ ငွေကျပ် ၂၃ ဒသမ ၉၇၀၄ ဘီလီယံ (၆၁ ရာခိုင်နှုန်း) နှင့် ကမ္ဘာ့ဘဏ်၊ သြစ တြေးလျအစိုးရ အကူအညီမှ ချေး ငွေ/အထောက်အပံ့ငွေကျပ် ၁၅ ဒသမ ၆၈ ဘီလီယံ (၃၉ ရာ ခိုင်နှုန်း) စုစုပေါင်းငွေကျပ် ၃၉ ဒသမ ၆၅၀၄ ဘီလီယံအသုံးပြုရန် လျာထားပြီး ပထမအကြိမ် ပထမ စာသင်နှစ်ဝက်အဖြစ် ၅၀ ရာ ခိုင်နှုန်းကို စမ်းသပ်ဖြန့် ဝေပြီးစီး သွားပြီဖြစ်ကြောင်း ပညာရေးဝန် ကြီးဌာနမှ သိရသည်။

အမြန်လမ်းအရေးပေါ်နံပါတ် တယ်လီနော၊ အူရီးဒူးဖုန်းများနှင့် ဆက်မရနိုင်

ရန်ကုန်- ရန်ကုန်- မန္တလေးအမြန် လမ်းရှိ အရေးပေါ် Hot Line နံပါတ်မှာ အစိုးရပိုင်အော်ပရေ တာနှစ်ခု မှလွဲ၍ အခြားအော်ပရေတာများဖြင့်ခေါ်၍ မရသော ကြောင့် အမြန်လမ်းရဲတပ်ဖွဲ့မှ ထုတ်ပြန် ထားသော အခြားဖုန်း နံပါတ်များကို သိရှိထားရန်လိုအပ် ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။

အမြန်လမ်းအတွက် အရေး ပေါ် Hot Line 1880 မှာ Blue Ocean ကုမ္ပဏီပိုင် Call Center တစ်ခုဖြစ်ပြီး MPT နှင့် MEC အော်ပရေတာနှစ်ခုနှင့်သာ ချိတ် ဆက်ထားသောကြောင့် တယ်လီ နောနှင့် အူရီးဒူးဖုန်းလိုင်းများဖြင့် ခေါ်ဆို၍ မရပေ။ ထို့ကြောင့် အ ရေးပေါ်ခေါ်ဆိုရန် အမြန်လမ်း ရဲတပ်ဖွဲ့ ဖုန်းနံပါတ် များကို သိရှိ ရန်လိုအပ်ခြင်း ဖြစ်သည်ဟု၎င်းကဆိုသည်။

ဒီဇင်ဘာ ၇ ရက်နေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ရလဒ်များ

Photo: ဒီဇင်ဘာ ၇ ရက်နေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ရလဒ်များ

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ၀က်စ်ဟမ်းနဲ့ အက်စတွန်ဗီလာတို့ အနိုင်ရသွားပါတယ်။

ဝက်စ်ဟမ်းက အိမ်ကွင်းမှာ ဆွမ်ဆီကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရတာပါ။ အနိုင်ဂိုးတွေကို ကာရိုးက ၂ ဂိုးနဲ့ ဆာခိုက ၁ ဂိုးနဲ့ သွင်းယူပါတယ်။ တိုက်စစ်မှူး ကာရိုးအတွက်တော့ ပြီးခဲ့တဲ့ မတ်လ နောက်ပိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ဂိုးသွင်းယူနိုင်တာ ဖြစ်ပါတယ်။

ဒီပွဲနိုင်လို့ ၀က်စ်ဟမ်းက ၂၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ မှာ ရပ်တည် နေပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၉ မှတ်အကွာမှာ ရှိနေပါတယ်။ အက်စတွန်ဗီလာကတော့ အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ လက်ဆက်စတာကို အနိုင်ရသွားတာပါ။ ဗီလာဟာ ဒီနှစ်ရာသီ အိမ်ကွင်း ပွဲစဉ်မှာ ဒုတိယမြောက် အနိုင်ရတာ ဖြစ်ပါတယ်။

ဒီပွဲနိုင်လို့ အက်စတွန်ဗီလာဟာ ၁၉ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာကို တက်လှမ်းသွားပါတယ်။

DVB TV NEWS
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ၀က်စ်ဟမ်းနဲ့ အက်စတွန်ဗီလာတို့ အနိုင်ရသွားပါတယ်။

ဝက်စ်ဟမ်းက အိမ်ကွင်းမှာ ဆွမ်ဆီကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရတာပါ။ အနိုင်ဂိုးတွေကို ကာရိုးက ၂ ဂိုးနဲ့ ဆာခိုက ၁ ဂိုးနဲ့ သွင်းယူပါတယ်။ တိုက်စစ်မှူး ကာရိုးအတွက်တော့ ပြီးခဲ့တဲ့ မတ်လ နောက်ပိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ဂိုးသွင်းယူနိုင်တာ ဖြစ်ပါတယ်။