Saturday, October 13, 2012

ရခိုင်တက္ကသိုလ်ကျောင်းသားများ ဆန္ဒထုတ်ဖော်ပွဲနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်






530193 458286920869125 1870883242 n 






စစ်တွေမြို့ပေါ်ရှိ အဝေးသင်တက္ကသိုလ်(စစ်တွေ)၊ နည်းပညာ တက္ကသိုလ်ကျောင်းသူကျောင်းသားများစုပေါင်း၍ ဆန္ဒထုတ်ဖော်တောင်းဆိုမှုနှင့် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နှစ်ငါးဆယ်ကာလ ပညာရေးညံ့ဖျင်းခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ဝေဖန်ပြောကြား


အမေရိကန်ပြည်ထောင်စုသို့ ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၄ ရက်အထိသွား ရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ ဒီ/ချုပ်ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျွန်းတိုင် မြင်တိုင်း ငွေတောင်းတဲ့ သစ်တောအုပ်

 
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ရာထူးရှိသူ ဦးမောင်မောင်မြင့် ဆိုသူသည် နောက်လိုက် အဖွဲ့သားများနှင့် ၄င်းမြို့နယ်ရှိ ရွာများဖြစ်ကြသော ပေပင်တန်းရွာ၊ ဗျက်ကြီး (ချောင်းနား)ရွာ၊ ရှားတေားကွင်းရွာ၊ ပျဉ်ထောင်ကွင်းရွာ၊ တူးမြောင်းရွာ အစရှိသော ရွာပေါင်း မြောက်မြား စွာသို့

နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ်သူများထံမှ ရွာလူကြီးအချို့ ငွေကောက်ခံခဲ့

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ထီးဝါပလောနှင့်ပနောကလဲခီး(သံပုရာ)ကျေးရွာတို့၌ နိုင်ငံသားစိစစ်ရေးကဒ်ပြားကို အခမဲ့လုပ်ဆောင်ပေးနေသော်လည်းရွာသူရွာသားများနှင့် ကျောင်းသားများမှ ကျေးရွာလူကြီးများအား ငွေပေး ခဲ့ ရကြောင်းစိစစ်ရေးကဒ် ပြုလုပ်ခဲ့သူများက ပြောသည်။မြ၀တီမြို့နယ်လူဝင်မှုကြီးကြပ်ရေးဌာန(လ၀က) နှင့်

လက်ပန်းတောင်းခြေ အောင်မြေမြင်သာကျောင်းတိုက် ဦးပိုင်နဲ့တရုတ်ကုမ္မဏီတို့က မြေကော်စက်နဲ့ ထိုးဖျက်မဲ့ အရေးကို စိုးရိမ်းနေကြရ


    လက်ပန်းတောင်းခြေ အောင်မြေမြင်သာကျောင်းတိုက်တွင်ကျောင်းထိုင်
ဆရာတော်- ဦးပညာဝံသသီးတင်းသုံးနေထိုင်တော် မူတဲ့ကျောင်း  တိုက်ကို မြန်မာ့စီးပွားရေးဦးပိုင်နဲ့ တရုတ် ကုမ္မဏီတို့က မြေကော် စက် နဲ့ထိုးဖျက် မဲ့အရေး ကိုလည်းစိုးရိမ်းနေကြရတယ်လို့ သတင်းရရှိပါတယ်။

“နည်းနည်းတော့ ကြမ်းသွားတယ်”


စက်မှုဇုန်များသို့ သွားရောက်အလုပ်ဆင်းမည့် ရန်ကုန်မှ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)
စည်ပင်သာယာရေး ကော်မတီကို လုပ်ပိုင်ခွင့် အကြောင်းပြ ၍ လယ်သမားများ အပေါ်မိုက်ကြေး မခွဲ ရန်  ပြောဆိုခဲ့ သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် က ၎င်း၏ စကား အသုံး အနှုန်းြ ပင်းထန် သွားကြောင်း  ဧရာဝတီသို့  ပြောသည်။

ပြည်ပနိုင်ငံ(၂၀၀)ကျော်နှင့် ချိတ်ဆက် ငွေလွှဲနိုင်တော့မည်

 နိုင်ငံတကာရှိ နိုင်ငံပေါင်း ၂၀၀ ကျော်၌  ငွကြေးလွှဲပြောင်းဝန်ဆောင်မှုများ လုပ်ကိုင်နေသည့် Western Union သည် မြန်မာနိုင်ငံမှ ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည့်  Myanmar Oriental Bank (မြန်မာအရှေ့ တိုင်းဘဏ်)နှင့် ပူးပေါင်း၍ ငွေလွှဲခြင်းဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများ စတင်တော့မည် ဖြစ်သည်။

ကလောမြို့နယ်တရားရုံးမှ ဆရာတော်ဦးဥတ္တမအားပုဒ်မ ၂၉၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်မှု ဥပဒေနှင့် မညီညွတ်ကြောင်း အကျိုးတော်ဆောင်ရှေ့နေပြော


မိုးပြားဂိုဏ်းဒုတိယခေါင်းဆောင်အဖြစ် လူတစ်စု၏ စွတ်စွဲမှုခံရပြီး၊ ယင်းလူတစ် စု၏ ဖိအားပေးမှုကြောင့် ရဟန်းအဖြစ်မှ  လူဝတ်လဲခြင်းခံရကာ သာသနာတော်  အကြည်အညိုပျက်စေမှု ပုဒ်မှ ၂၉၅(က)ဖြင့် ကလောမြို့နယ် တရားရုံးမှ တရားစွဲဆိုပြစ်ဒဏ်ချမှတ်ခဲ့သည့် ဆရာတော်ဦးဥတ္တမ၏ အမှုဖြစ်စဉ်အပေါ် မီဒီယာ အချို့၏ရေးသားဖော်ပြချက်မှားယွင်းကြောင်းနှင့် ယင်းအမှုဖြစ်စဉ်သည် တရားဥပဒေနည်းလမ်းအရ ဆောင်ရွက်ချမှတ်ခဲ့သည့် အမှုဖြစ်စဉ်မဟုတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ အောက်တိုဘာလ ၁၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ပြုလုပ်ခဲ့သည်။

 အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့သူကို စစ်ဆေးလျက်ရှိ

အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ယနေ့  ၁၃ ရက်နံနက်ပိုင်းက ရွှေဂုံတိုင်မီးပွိုင့်အနီးတွင် အုတ်သယ်ယာဉ်တစ်စီးဘရိတ်ပေါက်ကာ တိုက်မိမှုဖြစ်ပွား

mt4အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ကမ္ဘာအေးဘုရားလမ်း (ရွှေဂုံတိုင်မီး ပွိုင့်အနီး)၌ အုတ်သယ်ယာဉ်တစ်စီး ဘရိတ်ပေါက်အရှိန်လွန်ကာ လမ်း ဘေးဓာတ်တိုင်နှင့်တက္ကစီယာဉ်တို့အား တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ရဟန်းတော် သီရိလင်္ကာနိုင်ငံတွင် ပါရဂူဘွဲ့ ရရှိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှ ရဟန်းတော် တပါးဖြစ်သော အသျှင် ဉာဏုတ္တရသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို ကေလဏိယတက္ကသိုလ်မှ ပါရဂူဘွဲ့ ကို ရရှိခဲ့သည်ဟု သတင်း  ရရှိသည်။

ကျပ်သိန်း တစ်ရာခန့် တန်ဖိုးရှိ မြန်မာအရက်များ နတ်မြစ်အတွင်း ဘင်္ဂလာတပ်ဖွဲ့ကဖမ်း

မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံအား နယ်စပ်မျဉ်း အဖြစ် ခြားထားသည့်  နစ်မြစ်အတွင်းမှ ကျပ် သိန်း ၁၀၀ (တာကာ ၁၀ သိန်းတန်ဖိုး) ရှိ  အရက်နှင့် ဘီယာများကို ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့် (ဘီဂျီဘီ) တပ်ဖွဲ့မှ ကြာသပတေး နေ့က ဖမ်းဆီးလိုက်သည်သည်။


မြန်မာနိုင်ငံတွင် OIC ရုံးစိုက်မည် မဟုတ်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာနဆို

နိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော OIC (Origanization of The Islamic Cooperation) က မြန်မာနိုင်ငံတွင်  ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် OIC ကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်မှုများ ဆက်တိုက် ဖြစ်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ရန် သဘောတူညီထားခြင်း မရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှက ပြောကြားသည်။

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်


အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်

အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။ ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းဟု သတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့် စော်ကားမှုများကို မခံမရပ်နိုင်သည့်အဆုံး ယခုလမ်းကို ရွေးသွားခြင်းဟု ကောက်ချက်ချခဲ့သည်။


အမန်ဒါသည် စက်တင်ဘာ (၇)ရက်နေ့ ကတည်းက အဖြူအမည်း ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်တင်ကာ သူမ၏ စိုးရိမ်ထိတ်လန့်နေရသော ဘဝကို ရင်ဖွင့်ခဲ့ဖူးသည်။ ထိုဗီဒီယိုထဲတွင် စကားလုံးဝ မပြောသော အမန်ဒါသည် ကတ်ပြားများဖြင့် စာရေးကာ သူမ၏ သောကကို ဖွင့်ဟခဲ့သည်။ နောက်ကြောင်းပြန် စုံစမ်းမှုများအရ အထီးကျန် ပျင်းရိမှုကြောင့် Chat Roomများတွင် ဝင်ရောက် စကားပြောရင်း အမန်ဒါနှင့် လူတစ်ဦး တွေ့ဆုံခဲ့သည်။ ထိုသူက ပတ်ချွဲနှပ်ချွဲဖြင့် အမန်ဒါအား အပေါ်ပိုင်း ဗလာကျင်း ကိုယ်ဟန်ပြရန် တောင်းဆိုခဲ့သည်။



ငယ်ရွယ်နုနယ်သေးသော မိန်းကလေးသည် ယင်းကို အယုံလွယ်ကာ တစ်ကြိမ် လိုက်လျှောမိသွားခဲ့သည်။ ယင်းတစ်ကြိမ်သည်ပင် သူမဘဝအတွက် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လာရန် လုံလောက်သွားစေခဲ့သည်။ နောက်တစ်နှစ်မျှ အကြာတွင် ထိုသူက အမန်ဒါအား Facebookမှ ဆက်သွယ်လာကာ အလားတူ ပြုလုပ်ပြရန် တောင်းဆိုခဲ့သည်။ အမန်ဒါက ငြင်းဆန်ချိန်တွင် ပထမတစ်ကြိမ်က သူမ၏ ပုံရိပ်များကို အမန်ဒါ၏ မိတ်ဆွေများ၊ အတန်းဖော်များ၊ ဆွေမျိုးများထံသို့ ယုတ်ယုတ်မာမာ ဖြန့်ဝေပစ်ခဲ့သည်။ 

"ကျွန်မ ဓာတ်ပုံကို ဘယ်တော့မှ ပြန်မရတော့ဘူးလေ"ဟု ရေးထားသော ကတ်ပြားတစ်ချပ်ကို အမန်ဒါက သူမလွှင့်တင်ခဲ့သော ဗီဒီယိုတွင် ကိုင်ဆောင် ပြသခဲ့သည်။ မကြာမီမှာပင် သူမသည် ကျောင်းအသစ်တွင် ဆယ်ကျော်သက် တစ်စုက ဝိုင်းဝန်းရိုက်နှက်ပြီး ယင်းမြင်ကွင်းကို ဗီဒီယိုရိုက်ယူသည့် အခြေအနေနှင့်လည်း ကြုံခဲ့ရပြန်သည်။ ဆိုးရွားသော၊ အထင်သေး စက်ဆုပ်ခံရသော အခြေအနေများစွာကို ကြုံလာရပြီးနောက် အမန်ဒါသည် သူမ၏ ဘဝကို အစွန်းချွတ်ဆေး တစ်ပုလင်း သောက်သုံးခြင်းဖြင့် အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း သူမ မသေခဲ့ချေ။ ဆေးရုံပေါ်တွင် သူမ သက်သာလာချိန်တွင် အင်တာနက်ပေါ်မှ ဖိစီးအနိုင်ကျင့်သူများက အခြားအစွန်းချွတ်ဆေး ပုလင်းများ၏ ဓာတ်ပုံကို လွှင့်တင်ကာ "တကယ်တော့ သူက တခြား ဆေးတစ်မျိုးကို သုံးသင့်ခဲ့တာပါ။ နောက်တစ်ခါဆို ဒီကောင်မ သေစေချင်တယ်။ ဒါက ရူးတယ်တော့ မဟုတ်ဘူးလို့ ပြောရမလား"စသဖြင့် စာများလည်း ရေးသားခဲ့သည်။ တစ်ချိန်က Cheerleader တစ်ဦး ဖြစ်ခဲ့သည့် မိန်းမလှလေးက "ကျွန်မ ဒီမှာ ဆက်ရှိနေသင့်သလား။ ကျွန်မအတွက် ဘယ်သူမှ မရှိဘူး။ ကျွန်မ တစ်ယောက်ယောက်ကို လိုအပ်နေပါတယ်"ဟူသော စာတန်းပါ ကတ်ပြားကို My Story: Struggling, bullying, suicide and self-harmဆိုသော အမည် တပ်ထားသည့် သူမ၏ ဗီဒီယိုတွင် ပြသခဲ့သည်။

ဗုဒ္ဓဟူးနေ့ကမူ သူမ၏ ရုပ်အလောင်းကို ရဲများက နေအိမ်ထဲတွင် ကြေကွဲဖွယ်ရာ ရှာဖွေ တွေ့ရှိခဲ့သည်။ သူမသည် မသေဆုံးမီ အနိုင်ကျင့်သူများအား လူအများက ဆန့်ကျင်ရန်နှင့် သားကောင်များဘက်မှ ရပ်တည်ပေးပါရန် ပန်ကြားသော Slide Presentation တစ်ခုကို ပြုလုပ်ထားခဲ့သေးသည်။ ဗြိတိသျှ ကိုလံဘီယာဒေသ အုပ်ချုပ်ရေးမှူး ခရစ်ဆီကလာ့ခ်က သူမ၏ ကြေကွဲမှုကို အမန်ဒါ၏ မိသားစုအတွက် စာနာမျှဝေသည့် အနေဖြင့် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။ 

"အနိုင်ကျင့်တယ် ဆိုတာ ဘယ်သူ့အတွက်မှ မဖြစ်သင့်ပါဘူး။ ဘယ်သူနဲ့မှ မထိုက်တန်ပါဘူး။ ဒါဟာ မှန်ကန်စွာ ကျင့်သုံးရမယ့် အမူအကျင့်လည်း မဟုတ်ဘူး။ အနိုင်ကျင့် ဖိနှိပ်မှုတွေကို ရပ်တန့်ရပါမယ်"ဟု သူမက ဆိုသည်။ ယခုအခါ Facebookပေါ်တွင် Rest in paradise Amanda Michelle Toddဆိုသော အမှတ်တရ Pageလေး တစ်ခုကို ဖန်တီးထားပြီး လူပေါင်း (၂၈၀၀၀)မျှ Likeထားပြီး ဖြစ်သည်။ 

အမန်ဒါ၏ မိခင် ကာရိုးလ်က သူမ၏ သမီးဖြစ်သူ နောက်ဆုံး ဖန်တီးခဲ့သည့် ဗီဒီယိုလေးသည် အခြားသော လူငယ်များအတွက် အလားတူ ဖြစ်ရပ်ဆိုးများမှ ရှောင်လွှဲနိုင်ရန် ဆင်ခြင်စရာ သင်ခန်းစာ တစ်ခု ဖြစ်စေလိုကြောင်း ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။ "ဒီဗီဒီယိုကို မျှဝေသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိရိယာ တစ်ခု အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါကို ကျွန်မရဲ့ သမီးကလည်း လိုလားပါလိမ့်မယ်"ဟု ကာရိုးလ်က ကြေကွဲစွာ ပြောဆိုသွားခဲ့သည်။

စက်တင်ဘာ (၇)ရက်နေ့က အမန်ဒါ လွှင့်တင်ခဲ့သော ဗီဒီယိုကြည့်ရှုရန်

အမန်ဒါအတွက် အမှတ်တရ ဖန်တီးထားသည့် Facebook Page

From: Planet

တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိစဉ် မြန်မာပညာသင်များအား ပြောကြားခဲ့သော နိုင်ငံတော်သမ္မတကြီး၏ အမှာစကား


““ သူများတိုင်းပြည်တွေမှာ တိုးတက်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ တို့နိုင်ငံမှာတော့ ထင်းစည်းလေးချိုးပြပြီး စည်းလုံးညီညွတ်ဖို့ သင်နေရတယ်။ တစ်ချောင်းထဲဆိုရင် ကျိုးတယ် သုံးချောင်းလောက်ဆိုရင် မကျိုးဘူး ဆိုပြီး။ ဒါကြောင့် ငြိမ်းချမ်းရေးရအောင် ကြိုးစားရတယ်။ အရင်က နှစ် ၂၀ လုံးအဖက်ဖက်က ပိတ်ဆို့တာတွေ မဆက်ဆံတာတွေ ဆန့်ကျင်တာတွေ ခံခဲ့ရတယ်။

ရိုးရိုးပဲနေချင်သည်ဆိုသော သမ္မတကြီး




ယမန်နေ့ညနေပိုင်းတွင် ကြေညာခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆု နှင့် ပတ်သက်ပြီး သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေး က The Voice Weekly သို့ အောက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားသည်။

စစ်တွေတွင် ဟိန္ဒူများကို ဘင်္ဂလီမူဆလင်များအကြမ်းဖက်


ယနေ့ညနေ ၈နာရီခန့်တွင် ဟိန္ဒူများကို စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်
(အင်ပါလာ ရပ်ကွက်)မှ ဘင်္ဂလီမူဆလင်များက အကြမ်းဖက်ခဲ့ကြောင်း သိရှိရသည်။

စစ်တွေမြို့ထဲရှိ ဈေးဆိုင်များတွင် ၀င်ရောက်လုပ်ကိုင်နေကြသော ဟိန္ဒူများသည် အလုပ်မှအပြန် အောင်မင်္ဂလာရပ်ကွက်ရှိ အင်ဘာလာလမ်းမှ ဖြတ်သန်းသွားကြရာတွင် ယင်းအောင်မင်္ဂလာရပ်ကွက်မှ ဘင်္ဂလီမူဆလင်များက လမ်းမထဲသို့ထွက်လာကာ ယင်းဟိန္ဒူများအား ဓါးဖြင့်လိုက်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

မြောက်ဦးမြို့ပေါင်းတုတ်ရွာ ဗလီတွင် ဘင်္ဂလားဒေ့ရှ်မှ ပေးပို့ လိုက်သော သေနပ်များထားရှိ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်
 ပေါင်းတုတ်ကျေးရွာ (ဘင်္ဂလီ မူဆလင်
များနေထိုင်သည့်ရွာ)ရှိ ဗလီတွင် လက်နက်
 အလက် (၂၀၀) ထားရှိသည်ဟု ၄င်းရွာမှ
 မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် က မြောက်ဦးမြို့ ရဲစခန်းတွင် ယနေ့ နံနက် (၁၁း၃၀) ခန့်တွင် ဖြောင့်ချက်ပေးထားကြောင့် Arakan Review မှ သတင်းရရှိသည်။ အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ မြောက်ဦးမြို့ ပေါင်းတုတ်ရွာမှ မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် ဆိုသူသည် မြောက်ဦးမြို့ဈေးထဲသို့ ယနေ့နံနက် (၁၁း၀၀) နာရီ အချိန်တွင် ၀င်ရောက် လာခဲ့သည့်အတွက် မြောက်ဦးမြို့ခံများနှင့် ရဟန်းတော်များကမသင်္ခါ၍   မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့  ခေါ်ယူစစ်ဆေးမေးမြန်းခဲ့သည်။

ကချင်နဲ့ ဆွေးနွေးပွဲ ပြန်စဖို့ အစိုးရကမ်းလှမ်း


တရုတ်-မြန်မာနယ်စပ် ရွှေလီမှာ အစိုးရငြိမ်းချမ်းရေးကော်မတီအဖွဲ့နဲ့ ကေအိုင်အိုတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်စဉ် မတ် ၈၊ ၂၀၁၂။
ကချင်လွတ်လပ်ရေးအဖွဲ့ KIOနဲ့ အပစ်အခတ်ရပ်စဲရေး ဆက်လက်ဆွေးနွေးဖို့အတွက် ဒီရက်ပိုင်းတွေအတွင်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဘက်က ထပ်မံကမ်းလှမ်းထားပြီး ဒီတကြိမ်မှာတော့ KIO ဖက်က တောင်းဆိုထားတဲ့ တရုတ်နိုင်ငံရွှေလီမြို့ မှာ တွေ့ဆုံဖို့ရှိနေပါတယ်။ KIO ဘက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးကော်မတီရဲ့ ကမ်းလှမ်းချက်ကို ဗဟိုကော်မတီ အစည်းအဝေး ထိုင်ပြီး

ဗုဒ္ဓဂယာကို ဗုံးခွဲမယ်ဆိုတဲ့သူ ၃ ဦး ဖမ်းမိ

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ် ဂယာမြို့က မဟာဗောဓိ စေတီတော်အပါအ၀င် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနဲ့ မွန်ဘိုင်းမြို့တွေမှာ ဖောက်ခွဲရေးတွေလုပ်ဖို့ ကြံစည်နေတဲ့ အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် ၃ ယောက်ကို ဖော်ထုတ် ဖမ်းဆီးလိုက်တယ်လို့ ဒေလီရဲပြောပါတယ်။