Saturday, March 7, 2015

အစိုးရ ၀န်ထမ်းအင်အား ၂၅၀၀၀ ကျော် လျှော့ချမည်


အစိုးရလက်အောက်ခံ ဦးစီးဌာန ၂၃ ခုနဲ့ ၀န်ထမ်းအင်အား ၂၅၀၀၀ ကျော် လျှော့ချသွားမယ်လို့ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကံဇော်က မတ် ၅ ရက်နေ့ ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားသွားပါတယ်။
ဝန်ကြီးဌာနတွေမှာ အမြဲတမ်းအတွင်းဝန် ခန့်အပ်ဖို့အတွက် ကျစ်လျစ်သွားစေဖို့ ၀န်ထမ်းအင်အားလျှော့ချသွားမှာဖြစ်တယ်လို့ ပြောသွားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

တရုတ်ရထားဘူတာရုံ ဓားလွတ်ကိုင် တိုက်ခိုက်မှု ကိုးဦးဒဏ်ရာရ တိုက်ခိုက်သူတစ်ဦး သေဆုံး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း ဂွမ်ကျိုးမြို့ရှိ ရထားဘူတာရုံ တစ်ရုံတွင် ဓားကိုင်တိုက်ခိုက်သူများက အများပြည်သူကို လိုက်လံတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူ ၉ ဦး ရှိပြီး တိုက်ခိုက်သူများထဲမှ တစ်ဦးကို ရဲက အသေပစ်ခတ် ဖမ်းဆီးခဲ့ကာ တစ်ဦးကို အရှင်ရလိုက်ကြောင်း AP သတင်းအရ သိရသည်။
တရုတ်နိုင်ငံတွင် ယခင်ကလည်း ဓားလွတ်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ခဲ့ဖူးပြီး ယခု ဂွမ်ကျိုးဘူတာ တိုက်ခိုက်မှုသည် နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်သည်။

အိန္ဒိယတွင်ဖြစ်နေသည့် (H1N1) ဗိုင်းရပ်စ်နှင့် မြန်မာနိုင်ငံတွင်ဖြစ်နေသည့် (H5N1) ဗိုင်းရပ်စ်နှစ်မျိုးပေါင်းမိလျှင် ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါဖြစ်နိုင် သဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဟုဆို

အိန္ဒိယနိုင်ငံ တွင်ဖြစ်ပွားလျက်ရှိသည့် (H1N1) ဗိုင်းရပ်စ်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် (H5N1) ဗိုင်းရပ်စ်နှစ်မျိုးပေါင်းမိပါက ကမ္ဘာ့ လူတုပ်ကွေးကပ်ရောဂါ ဖြစ်ပေါ် လာနိုင်သည့်အတွက် ရောဂါစောင့် ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ပိုမို အားဖြည့်ဆောင်ရွက်ရမည်ဟု ကျန်း မာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်က အသိပေး ပြောကြားလိုက်ကြောင်း သိရသည်။
မေ ၆ ရက် နံနက်ပိုင်းက နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမတွင် ပြုလုပ် သော ကြက်ငှက်တုပ်ကွေး ရောဂါ ကာကွယ်နှိမ် နင်းရေးလုပ်ငန်း ညှိ နှိုင်းအစည်းအဝေးတွင် ယင်းသို့ ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားလှုပ်ရှားမှုကိုထောက်ခံသော်လည်း အခြေခံဥပဒေပြင်ရေးနှင့် အပစ်အခတ်ရပ်စဲရေးကို အဓိက လုပ်ဆောင်မည်ဟု ၈၈ ဆို


အမျိုးသား ပညာရေး ဥပဒေမူကြမ်း ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများပြုလုပ်နေကြည့် ကျောင်းသား လှုပ်ရှားမှုကို ကြိုဆိုထောက်ခံသော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုသာ အဓိကထား လုပ်ဆောင်မည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင်များက ပြောကြားလိုက်သည်။

အကျဉ်းသားလဲလှယ်ရေး သြစတြေးလျ ကမ်းလှမ်းမှု အင်ဒိုနီးရှား ပယ်ချ


သြစတြေးလျအစိုးရက တောင်းခံလာတဲ့ သေဒဏ်ကျခံနေရတဲ့ သြစတြေး လျနိုင်ငံသား ၂ ဦးနဲ့ အကျဉ်းသားချင်းဖလှယ်ဖို့ ကမ်းလှမ်းမှုကို အင်ဒိုနီးရှား က မတ် ၅ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။
သေဒဏ်ချခံထားရတဲ့ အကျဉ်းသားနဲ့ တခြားသူတို့ဟာ သူတို့ကို ကွပ်မျက် မယ့် အကျဉ်းထောင်ကို ရွှေ့ပြောင်းထားပြီး မကြာခင် ကွပ်မျက်ခံရဖို့ ရှိပါ တယ်။

ကျောင်းသားသပိတ် ထောက်ခံဆန္ဒပြခြင်းအပေါ် အကြမ်းဖက်ဖြိုခွဲမှု NLD ဆွေးနွေးရန်ရှိ

လက်ရှိဖြစ်ပွားနေသည့် ကျောင်းသားဆန္ဒပြမှုများအပေါ် အင်အားသုံး အကြမ်းဖက်ဖြိုခွဲနေ မှုများနှင့် ပတ်သက်၍ ယနေ့ (မတ် လ ၇ ရက်) တွင် ပြုလုပ်မည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီ(CEC) အစည်းအဝေး တွင် ဆွေးနွေးရန်ရှိကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀င်တစ်ဦးကပြောသည်။
NLD ၏ ယခုပြောကြားချက် မှာ သပိတ်များအကြမ်းဖက်ဖြိုခွင်း ခံရခြင်းနှင့် ပတ်သက်၍ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မတ်လ ၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် ပါတီသဘော ထားကြေညာ ချက်နောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဥပဒေနှင့်မညီဘဲ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ အသုံးပြု ဖြိုခွင်းလျှင် အပြစ်ပြော မည် မဟုတ်ဟု ဆို

မတ်လ ၅ ရက်နေ့ ဆူးလေတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အရ နောင်တွင် ဆန္ဒပြသူများအား ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ပါက ရဲတပ်ဖွဲ့ကိုသာ အသုံးပြုရန် ပြည်သူများက တောင်းဆိုလိုက်ကြောင်း၊ ထိုသို့ တာဝန်ရှိသူ ရဲတပ်ဖွဲ့ က သာ ရှင်းလင်းခြင်း ပြုလျှင် အပြစ်ပြောမည် မဟုတ်ကြောင်း သိရှိရသည်။
“ဥပဒေမဲ့ ဆန္ဒပြတယ်။ သတိပေးတယ်။ ဖမ်းတယ်။ လက်ခံပါတယ်။ ဒါပေမယ့် လက်ပတ်အနီတွေနဲ့ အရပ်သား တွေ ကို မသုံးသင့်ဘူး။ ရဲတပ်ဖွဲ့ကပဲ လုပ်ရမယ်။ ရဲက ဖမ်းတယ်၊ ဖြိုခွင်းတယ် ဆိုရင် လက်ခံ ပါတယ်” ဟု ၈၈ မျိုးဆက်မှ ကိုကိုကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

မြန်မာ-တရုတ်နယ်စပ် ရန်လုံကျိုင်းဂိတ် ပြန်ဖွင့်

လောက်ကိုင်ဒေသ တိုက်ပွဲများကြောင့် ပိတ်ထားခဲ့သော တရုတ်နယ်စပ် ရန်လုံကျိုင်းဂိတ်ကို မတ်လ ၆ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့ပြီးနောက် မတ်လ ၆ရက်နံနက်ပိုင်းတွင် ရန်လုံကျိုင်းဂိတ်ကို ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်းတပ်မတော်အရာရှိတစ်ဦးက ပြောသည်။