Friday, February 7, 2014

Facebook ပထမဆုံး အသုံးပြုသူ ၁၀ ဦးကိုဖော်ပြ

Photo: Facebook ပထမဆုံး အသုံးပြုသူ ၁၀ ဦးကိုဖော်ပြ
Friday, February 7, 2014 

ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကမ္ဘာ့လူသုံးအများဆုံး နာမည်ကျော် လူမှုကွန်ရက်ဖေ့စ်ဘုတ် တည်ထောင်မှု ဆယ်နှစ်ပြည့် အခမ်းအနားအဖြစ် ဖေ့စ်ဘုတ်မှ ၎င်းတို့၏ ဒစ်ဂျစ်တယ် ပရိုဖိုင်များ၊ ဓာတ်ပုံများ၊ လျှို့ဝှက်ချက်များနှင့် ဖေ့စ်ဘုတ်ကို ကမ္ဘာပေါ်တွင် ပထမဆုံးစတင်သုံးစွဲသူ ဆယ်ယောက်၏ အမည်များကို ဖော်ပြခဲ့သည်။

အဆိုပါ အမည်စာရင်းအရ ဖေ့စ်ဘုတ် တည်ထောင်သူနှင့် CEO ဖြစ်သူ Mark Zuckerberg သည်ပင်လျှင် ၎င်းပြုလုပ်သော အင်တာနက် လူမှုကွန်ရက် စာမျက်နှာ၏ စတင်အသုံးပြုသူများ အနက်စတုတ္ထမြောက် အသုံးပြုသူ တစ်ဦးသာ ဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ပထမဆုံး စတင် သုံးစွဲရန်အတွက် စမ်းသပ်ဖို့ရန် ပထမဦးဆုံး account သုံးခုကို ချန်လှပ်ထားခဲ့သည့်အတွက် ဖြစ်ကြောင်း သိရသည်။

Facebook အသုံးပြုသူတိုင်းအတွက် အသုံးပြုသူ ID နံပါတ်တစ်ခု သတ်မှတ်ထားကြောင်း ၊ နံပါတ်များကို အစဉ်လိုက် သတ်မှတ်ထားခြင်းမျိုး မဟုတ်ဘဲ ပထမဦးဆုံး အသုံးပြုသူအရေအတွက် သန်းပေါင်း အနည်းငယ်အား တက္ကသိုလ်များအတွက်ပိုင်းခြား သတ်မှတ်ပေးခဲ့ကြောင်း၊ ဟားဗတ်တက္ကသိုလ်မှ အသုံးပြုသူများအတွက် ၀-၉၉၉၉၉ ၊ ကိုလံဘီယာ တက္ကသိုလ်အတွက် ၁၀၀၀၀၀-၁၉၉၉၉၉၊ စတင်းဖို့ဒ် တက္ကသိုလ်အတွက် ၂၀၀၀၀၀-၂၉၉၉၉၉ စသည်ဖြင့် အသီးသီး သတ်မှတ်ပေးထားကြောင်း The Guardian က ဖော်ပြခဲ့သည်။

ပထမဦးဆုံးFacebook အသုံးပြုသူ (၁၀) ဦးမှာ တွဲဖက် တည်ထောင်သူChris Hughes၊ Dustin Moscovitz နှင့် တည်ထောင်သူ မဟုတ်သူ တစ်ဦးနှင့်Zuckerberg ၏ အခန်းဖော်Arie Hasit ၊ ကွန်ပျူတာ အတန်းမှ Andrew McCollum နှင့် Facebook အင်ဂျင်နီယာ Chris Putnam တို့ ဖြစ်သည်။

Mizzima - News in Burmese
ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကမ္ဘာ့လူသုံးအများဆုံး နာမည်ကျော် လူမှုကွန်ရက်ဖေ့စ်ဘုတ် တည်ထောင်မှု ဆယ်နှစ်ပြည့် အခမ်းအနားအဖြစ် ဖေ့စ်ဘုတ်မှ ၎င်းတို့၏ ဒစ်ဂျစ်တယ် ပရိုဖိုင်များ၊ ဓာတ်ပုံများ၊ လျှို့ဝှက်ချက်များနှင့် ဖေ့စ်ဘုတ်ကို ကမ္ဘာပေါ်တွင် ပထမဆုံးစတင်သုံးစွဲသူ ဆယ်ယောက်၏ အမည်များကို ဖော်ပြခဲ့သည်။

နိုင်ငံတကာ အဖွဲ့အစည်းများ ခုနစ်ရက်အတွင်း ထွက်ပေးရန် ဘူးသီးတောင်တွင် လူနှစ်ထောင်ကျော် ဆန္ဒပြ

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ခုနစ်ရက်အတွင်း ထွက်သွားပေးရန် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် မြို့ခံ ၂၀၀၀ ကျော် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း အဆိုပါမြို့နယ် ရခိုင်လူမှုကွန်ရက် ညှိနှိုင်းရေးမှူး ဦးထွန်းအောင်သိန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်နှင့် အစိုးရအဖွဲ့ ပညာရေးမူဝါဒများ ပူးပေါင်းရေး သုံးပွင့်ဆိုင်ညှိနှိုင်း

Photo: ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်နှင့် အစိုးရအဖွဲ့ ပညာရေးမူဝါဒများ ပူးပေါင်းရေး သုံးပွင့်ဆိုင်ညှိနှိုင်း
Friday, February 7, 2014

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတို့က သီးခြားစီ ရေးဆွဲထားသော ပညာရေးမူဝါဒများ တပေါင်းတစည်းတည်း ဖြစ်ရန် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၅ နာရီတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန (၅) ဝန်ကြီး ဦးတင်နိုင်သိန်း၏ ရုံးခန်းတွင် ဦးတင်နိုင်သိန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းတို့ သုံးဦး တွေ့ဆုံခဲ့ကြကြောင်း ၎င်းကဆိုသည်။

အစိုးရသစ် လက်ထက် ပညာရေး ပြုပြင်ပြောင်းလဲရေးတွင် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် ပညာရေး သုတေသန ပညာရှင်များနှင့် ဝန်ကြီးဌာန တာဝန်ရှိသူများ ပူးပေါင်းရေး အတွက် တွေ့ဆုံကြခြင်း ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။
“အတည်ပြုမှာက ဥပဒေ တစ်ခုတည်း။ ဆွဲနေတဲ့အဖွဲ့က သုံးဖွဲ့။ နောက်ဆုံးတော့ အချိန်လည်းကုန်တယ်။ လူလည်း ပင်ပန်းတယ်။ ငွေလည်းကုန်တယ်” ဟု လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဝင် လုပ်သက် ဆယ်နှစ်ကျော်ရှိ ပညာရေး ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောဆိုသည်။

လက်ရှိတွင် နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER)၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော် သမ္မတရုံး ဦးဆောင်သော လက်တွေ့ကျသည့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့က အမျိုးသား ပညာရေးဥပဒေ (မူကြမ်း) အတွက် ပညာရေး မူဝါဒများ သီးသန့်ရေးဆွဲလျက် ရှိကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ သိရသည်။

NLD ဦးဆောင်သည့် NNER က အရပ်ဘက် ကိုယ်စားလှယ်များဖြင့် ရေးဆွဲခြင်း ဖြစ်ပြီး တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဦးစားပေး ရေးဆွဲထားခြင်းဖြစ်ကာ ပြည်သူ့လွှတ်တော် ပညာမြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး ဦးဆောင်သည့် ကော်မတီတို့ကမူ ယင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ပတ်သက်၍ ညှိနှိုင်းနေရသော အနေအထား ရှိနေသည်။

The Voice Weekly
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတို့က သီးခြားစီ ရေးဆွဲထားသော ပညာရေး မူဝါဒများ တပေါင်းတစည်းတည်း ဖြစ်ရန် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့်အဖွဲ့ ဖြစ်စဉ်

Photo: ဒါက်တာအေးမောင်နှင့်အဖွဲ့ ဖြစ်စဉ်
Friday, February 7, 2014

● ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ၆ ဦးဟာ ဇန်န၀ါရီ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီက စပြီး မလေးရှားကို ရောက်ခဲ့ပါတယ်။ မိမိတို့အစီအစဉ်နဲ့ အလည်အပတ်သွားရောက်ခဲ့တဲ့ ခရီးစဉ် ဖြစ်တဲ့အတွက် သံရုံးနဲ့လည်း အဆက်အသွယ် မရှိခဲ့ပါဘူး။ သွားရောက်ရာမှာလည်း သာမန်နိုင်ငံကူးလက်မှတ်(အနီ)နဲ့ သွားခဲ့ကြ တာပါ။

● ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီလောက်မှာ ကွာလာလမ်ပူ မြို့လယ် Bukit Beting မှာ ရှိတဲ့ Law Yat Plaza မှာ ဈေးဝယ်ပြီး ဟိုတယ်ကို ပြန်လာတဲ့အချိန် ဆိုင်ကယ် တစ်စီးနဲ့ လူနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာပဲ ဘယ်သူမှ ဘာမှ မဖြစ်ခဲ့ပါဘူး။ 

● အဲဒီနောက် ည ၁ နာရီခွဲအချိန်မှာ မြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်။ သူတို့အနေနဲ့ ဒီလို သေနတ်နဲ့ အပစ်ခံရတဲ့ ဖြစ်စဉ်ကို သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်ထားပြီး ဖြစ်ပါတယ်။

● မြန်မာနိုင်ငံသံရုံးအနေနဲ့ သတင်းကြားသိလျှင်ကြားသိခြင်း မလေးရှားအစိုးရ တာဝန်ရှိသူတွေကို အမြန်ဆုံးဆက်သွယ်ပြီး ညတွင်းချင်းပဲ ဒေါက်တာအေးမောင်နဲ့အဖွဲ့ရဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးခဲ့ပါတယ်။

● မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနဟာလည်း မြန်မာသံရုံးရဲ့ ဆက်သွယ်ဆောင်ရွက်မှုအရ တည်းခိုရာ Le Meridiens Hotel ကနေ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်အထိ လမ်းကြောင်းတစ်လျှောက်ကို မလေးရှားရဲချုပ်ရုံး၊ Special Branch က စေလွှတ်တဲ့ လက်နက်ကိုင်လုံခြုံရေးအစောင့်အရှောက်တွေ၊ မြန်မာသံရုံးနဲ့ မြန်မာစစ်သံရုံးတို့က ၀န်ထမ်းတွေနဲ့ လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။ 

● ကွာလာလမ်ပူမှာ ရှိတဲ့ မြန်မာနိုင်ငံသံရုံးအနေနဲ့လည်း လက်နက်ကိုင်အကြမ်းဘက်သူတွေ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အလေးထားပြီး မလေးရှားအစိုးရနဲ့ ဆက်လက် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ 

● မလေးရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း အထူးသတိရှိကြဖို့ အရေးကြီးပါတယ်။ သွားလာနေထိုင်လုပ်ကိုင်ကြရာမှ သတိရှိကြဖို့၊ ဘယ်တော့မှ တစ်ယောက်တည်း မသွားဖို့၊ အချင်းချင်း နီးစပ်ရာ စုဖွဲ့ကြဖို့၊ နာရေးကူညီမှုအသင်းလိုမျိုး ကျယ်ပြန့်တဲ့အဖွဲ့အစည်းတွေက ကမကထပြုပြီး တယ်လီဖုန်းဖြင့်လည်းကောင်း၊ လူဖြင့်လည်းကောင်း လူစစ်ဆေးတဲ့စနစ်တွေ ထူထောင်ဖို့၊ အချင်းချင်း ရိုင်းပင်းကူညီ စုစုစည်းစည်း ရှိကြဖို့၊ တစ်ခုခု ဖြစ်ရင် မြန်မာသံရုံးကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားဖို့၊ ဦးစီးဦးဆောင်များအနေနဲ့လည်း သံရုံးနဲ့ မပြတ်ထိတွေ့ဆက်သွယ်ကြဖို့ အရေးကြီးပါတယ်။

Hmuu Zaw
● ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ၆ ဦးဟာ ဇန်န၀ါရီ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီက စပြီး မလေးရှားကို ရောက်ခဲ့ပါတယ်။ မိမိတို့အစီအစဉ်နဲ့ အလည်အပတ်သွားရောက်ခဲ့တဲ့ ခရီးစဉ် ဖြစ်တဲ့အတွက် သံရုံးနဲ့လည်း အဆက်အသွယ် မရှိခဲ့ပါဘူး။ သွားရောက်ရာမှာလည်း သာမန်နိုင်ငံကူးလက်မှတ်(အနီ)နဲ့ သွားခဲ့ကြ တာပါ။

ဒေါ်လာ ၁၂ သန်းတန် ရေဆိုးသန့်စင်စက်ရုံ မန်းတွင် ဆောက်မည်

မန္တလေးမြို့ စက်မှုဇုန်အတွင်းမှ ထွက်ရှိလာသော ရေဆိုးများကို အခကြေးငွေဖြင့် သန့်စင်ပေးမည့် စက်ရုံ တည်ဆောက်ရန် ထိုင်းနိုင်ငံမှကုမ္ပဏီတစ်ခုနှင့် ဆွေးနွေး အကောင်အထည်ဖော်သွားမည်ဟု မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်(၁) ဦးထွန်းကြည်က ဖေဖော်ဝါရီ ၆ ရက်က မဇ္ဈိမ ကို ပြောသည်။

ရတနာပုံသင်္ဘောကျင်းတွင် ပြင်ပလုပ်သားများဖြင့် သင်္ဘောတည်ဆောက်မည်

မန္တလေးမြို့ ရတနာပုံသင်္ဘောကျင်းတွင် ပြင်ပလုပ်သားများ ငှားရမ်းကာ ပုဂ္ဂလိကရေယာဉ်များ၊ သင်္ဘော များ တည်ဆောက်ခြင်းကို ယခုနှစ်မှစတင်ဆောင်ရွက်သွားမည်ဟု ရတနာပုံသင်္ဘောကျင်းမှ ဒုတိယအင် ဂျင်နီယာမှူး ဦးတင်စိုးက မဇ္ဈိမကို ပြောသည်။

စင်ကာပူကုမ္ပဏီ ရေနံချောင်းအနီးတွင် ရေနံတူးမည်

စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီသည် ရေနံချောင်းမြို့အနီးတွင် ရေနံတူးဖော်ရန် Gold- petrol Joint Operating ကုမ္ပဏီနှင့် ပူးတွဲဆောင်ရွက်မည်ဟု UPI သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီ ၆ ရက်က ဖော်ပြထားသည်။

တယ်လီနောနှင့် အူရီဒူးတို့က ခြောက်လနှင့် ရှစ်လအတွင်း ဆင်းမ်ကတ်များ ရောင်းချမည်ဖြစ်ရာ လက်ရှိ ကျပ် ၁၅၀၀ တန်ဆင်းမ်ကတ် ပြင်ပဈေး လျော့ကျ

ပည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် အူရီဒူးနှင့် တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီတို့မှ မိုဘိုင်း ဆင်းမ်ကတ်များကို ခြောက်လမှ ရှစ်လအတွင်း ရောင်းချပေးမည့်အတွက် လက်ရှိတွင် မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ ကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးလျက်ရှိသည့် မိုဘိုင်းဆင်းမ်ကတ်များမှာ ၀ယ်ယူမှု နည်းပါးလာပြီး ဈေးနှုန်းများမှာလည်း လျှော့ကျလာကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။

ချင်းအမျိုးသားဒီမိုကရက်တစ်က ၂၀၁၅ ရွေးကောက်ပွဲအတွက် စည်းရုံးရေးစတင်

အမည်သစ်ပြောင်းလဲလိုက်သော ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီသည်၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပါတီအင်အားကြီးလာစေရန် ကျန်နိုင်ငံရေးပါတီကြီးများမှ ပါတီဝင်များကို ၎င်းပါတီအတွင်း ၀င်ရောက်နိုင် ရေး စည်းရုံးရေးဆင်းမှုများ စတင်နေပြီဟု ပါတီဥက္ကဋ္ဌဦးဇိုဇမ်က ဖေဖော်ဝါရီ ၆ ရက်တွင် မဇ္ဈိမကို ပြော သည်။

ရခိုင်တွင် မဲပေးခွင့်ရှိသည့် ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်ထားသူ ခုနစ်သိန်းကျော်ရှိ


ရခိုင်ပြည်နယ်အတွင်း ယာယီသက်သေခံကတ်ပြား(White Card) နှင့် မဲပေးနိုင်ခွင့်ရှိသူ ခုနစ်သိန်းကျော် ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ် ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောသည်။

ဂျာမနီသမ္မတ၏ မြန်မာခရီးစဉ်အတွင်း ကြွေးမြီ ၅၀ ရာခိုင်နှုန်း လျှော့ပေးမည်

ဂျာမနီပြည်ထောင်စုသမ္မတ Mr. Joachim Gauck သည် လာမည့် ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပတ်လာရောက်မည်ဖြစ်ရာ ယင်းခရီးစဉ်အတွင်း မြန်မာနိုင် ငံကပေးရန်ရှိသည့် ကြွေးမြီ ၅၀ ရာခိုင်နှုန်းကို လျှော့ချပေးမည့် ဂျာမနီ-မြန်မာ သဘောတူစာချုပ်တစ်ရပ် ကို လက်မှတ်ရေးထိုးကြမည်ဖြစ်သည်ဟု ဂျာမနီသံရုံး၏ ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်တွင် ပါဝင် သည်။

သရုပ်ဆောင်ရဲတိုက်၏အမှု ရှစ်လနီးပါး ကြာမြင့်သည်အထိ အပြီးသတ် အမိန့်ချမှတ်နိုင်ခြင်း မရှိသေးဘဲ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ဆို

Photo: သရုပ်ဆောင်ရဲတိုက်၏အမှု ရှစ်လနီးပါး ကြာမြင့်သည်အထိ အပြီးသတ် အမိန့်ချမှတ်နိုင်ခြင်း မရှိသေးဘဲ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ဆို
Friday, February 7, 2014

သရုပ်ဆောင်ရဲတိုက်၏ အမှုမှာ စတင်ဖမ်းဆီးချိန်မှ ယခုအထိ ရှစ်လနီးပါး ကြာမြင့်လာသော်လည်း အပြီးသတ်အမိန့် ချမှတ်နိုင်ခြင်းမရှိသေးဘဲ ရုံးချိန်းခေါ်ဆိုနေသည့် အဆင့်သာရှိနေကြောင်း သိရသည်။

သရုပ်ဆောင်ရဲတိုက် (၃၀)နှစ် (ဘ) ဦးထွန်းညွန့်မော် (၁၃/တဂန(နိုင်)၂၁၄၀၉၄) အား ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင်၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာရီခန့်၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ကျောက်တံခါးမြို့မရဲစခန်းမှ ပ-၄/၂၀၁၃ မူးယစ်ဆေးဝါးသုံးစွဲရန် လက်ဝယ်ထားရှိသူ မူးယစ်ပုဒ်မ-၁၅/၁၆(ဂ) ဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် တရားရုံးမှရာကြီး ၉၃၉/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအက်ဥပဒေပုဒ်မ ၁၅/၁၆(ဂ) ဖြင့် ဆက်လက် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းအား ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ဆိုခဲ့သည်။သရုပ်ဆောင်ရဲတိုက်မှာ တောင်ငူမြို့ အကျဉ်းထောင်မှ ကျောက်တံခါးမြို့ မြို့မရဲစခန်းသို့ မွန်းတည့် ၁၂ နာရီ ခန့် ရောက်ရှိလာခဲ့သည်။ ထို့နောက် တရားရုံးသို့ ဆက်လက်ထွက်ခွာသွားခဲ့ရာ နေ့လယ် ၁ နာရီခန့်တွင် တရားရုံးသို့ ရောက်ရှိလာခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် ပြန်လည် ထွက်ခွာသွားသည်။

သရုပ်ဆောင်ရဲတိုက်အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရုံးချိန်းထပ်မံ ခေါ်ဆိုထားကြောင်း သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန်အတွက် ကျောက်တံခါးမြို့နယ် တရားသူကြီးအား တွေ့ခွင့်တောင်းသော်လည်း မရရှိခဲ့ပေ။ မြို့နယ်ဥပဒေအရာရှိ ဦးဝေယံမြင့်နှင့် တွေ့ခွင့်ရခဲ့သော်လည်း ရဲတိုက်အမှုနှင့် ပတ်သက်၍ မည်သို့မျှပြောဆိုနိုင်ခြင်း မရှိကြောင်းသာ ပြန်လည်ပြောကြားခဲ့ပြီး ၎င်း၏ အကျိုးဆောင်ရှေ့နေကလည်း အမှုအကြောင်းအရာနှင့် ပတ်သက်၍ ပြောကြားရန်ကိုမူ ငြင်းဆန်ခဲ့သည်။

Eleven Media Group

သရုပ်ဆောင်ရဲတိုက်အား တရားရုံးမှ ပြန်လည်ခေါ်ဆောင် သွားသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်
သရုပ်ဆောင်ရဲတိုက်အား တရားရုံးမှ ပြန်လည်ခေါ်ဆောင် သွားသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်
သရုပ်ဆောင်ရဲတိုက်၏ အမှုမှာ စတင်ဖမ်းဆီးချိန်မှ ယခုအထိ ရှစ်လနီးပါး ကြာမြင့်လာသော်လည်း အပြီးသတ်အမိန့် ချမှတ်နိုင်ခြင်းမရှိသေးဘဲ ရုံးချိန်းခေါ်ဆိုနေသည့် အဆင့်သာရှိနေကြောင်း သိရသည်။

တစ်နေ့နှစ်ကြိမ် သွားတိုက် သင့်သော အကြောင်းအရင်း ၆ရပ်

Photo: တစ်နေ့နှစ်ကြိမ် သွားတိုက် သင့်သော အကြောင်းအရင်း ၆ရပ်
February, February 7, 2014

(၁) ဖလိုရိုဒ်ရဲ့ ကာကွယ်မှုကို ရရှိစေပါတယ်
ဖလိုရိုဒ်ဟာ သွားတိုက်ဆေးမှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး သွားတိုက်တာကြောင့် ဖလိုရိုဒ်ဟာ သွားအပေါ် ဖုံးအုပ်ထားသလိုဖြစ်ကာ သွားအတွက် အကာအကွယ် ရရှိနိုင်ပါတယ်။

(၂) ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပါတယ်
ဘက်တီးရီးယားတွေဟာ သွားပေါ်မှာ ၂၄ နာရီကြာအောင် ရှိနေခဲ့ရင် ပွားများဖို့ လွယ်ကူ သွားနိုင်ပါတယ်။ ၁၂ နာရီသာ ရှိနေမယ် ဆိုရင် ဘက်တီးရီးယားတွေ ပွားများချိန် ထက်ဝက်ခန့် လျော့ကျ သွားနိုင်ပါတယ်။ ဘက်တီးရီးယားတွေ မပွားများ နိုင်အောင် တစ်နေ့နှစ်ကြိမ် သွားတိုက်တာ အပြင် သွားကြား ထိုးကြိုးနဲ့ Floss လုပ်တာ၊ Antiseptic ခံတွင်း သန့်ရှင်း ရည်နဲ့ ပလုတ်ကျင်း တာပါ တွဲလုပ်နိုင်ရင် ပိုမို ထိရောက်မှု ရှိပါတယ်။

(၃) တံတွေး ပိုမို ထွက်ရှိလာနိုင်ပါတယ်
အိပ်ပျော် နေစဉ်မှာ ခံတွင်းထဲ တံတွေးထွက်ရှိမှု နည်းသွား ပါတယ်။ တံတွေးဟာအစာ၊ ဘက်တီးရီးယားနဲ့ သွားပိုးပေါက်ဖြစ်စေတဲ့ သွားချေးဖတ် တွေကို ဖြိုခွဲနိုင်ပါတယ်။ ညအိပ်ရာ မဝင်ခင် သွားတိုက်တာကြောင့် ပါးစပ်တွင်း စားကြွင်းစား ကျန်တွေနဲ့ ဘက်တီးရီးယား တွေကို ဖယ်ရှားပစ်လိုက်ပြီး သွားပိုးစားဒဏ်မှ ကာကွယ်နိုင်ပါတယ်။ သင်ဟာ အာခေါင် ခြောက်တတ်တဲ့ ဆေးဝါးတွေ အသုံးပြုနေရရင် တံတွေးများများ ထွက်အောင် သကြားမပါတဲ့ ပီကေဝါး ပေးပါ။ ရေများများ သောက်ပေးပါ။

(၄) သွားချိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်
သွားချိုးတွေဟာ သွားဖုံးအပေါ်နဲ့ အောက်ဘက်မှာ ရှိတတ် ကြပါတယ်။ ဆီးချို ရောဂါရှိသူ၊ ဆေးလိပ် သောက်သူ၊ ကွမ်းစားသူ ဒါမှမဟုတ် မကြာခဏ အာခေါင် ခြောက်တတ်သူ တွေဟာ သွားချိုး ကပ်တတ်တာမို့ နေ့စဉ် သွားနှစ်ကြိမ်တိုက်ပေးပြီး ခံတွင်းသန့်ဆေးရည် အသုံးပြု သင့်ပါတယ်။

(၅) သွားဖုံးကို ကာကွယ်နိုင်ပါတယ်
သွားဖုံးမကောင်းရင် သွားဖုံးရောဂါ၊ သွားပြည်တည်နာနဲ့ သွားဆုံးရှုံးမှုတွေ ဖြစ်နိုင်တာမို့ သွားဖုံးရောဂါ မဖြစ်အောင် နေ့စဉ် တစ်နေ့နှစ်ကြိမ် သွားတိုက်ပြီး သွားကြားကြိုးထိုးတာ၊ ပလုတ်ကျင်းတာနဲ့ သွားဆရာဝန်နဲ့ ပုံမှန် Checkup လုပ်တာတွေ လုပ်ပေးပါ။

(၆) ခံတွင်းအနံ့ဆိုး မထွက်အောင် ကူညီနိုင်ပါတယ်
ခံတွင်းမှာ ကျန်ရှိနေတဲ့ ဘက်တီးရီးယားတွေဟာ ဖြိုခွဲရခက်ခဲပြီး သွားတွေ ပျက်စီးစေတဲ့ အတွက် အပုပ်အဆွေးနံ့တွေ ထွက်လာ တတ်ပါတယ်။ ဒါကြောင့် တစ်နေ့နှစ်ကြိမ် သွားတိုက်ရမယ့် အပြင် လျှာကိုပါ ပွတ်တိုကသင့်ပါတယ်။

ဒေါက်တာခင်မိုးမိုး
မြ၀တီ
(၁) ဖလိုရိုဒ်ရဲ့ ကာကွယ်မှုကို ရရှိစေပါတယ်
ဖလိုရိုဒ်ဟာ သွားတိုက်ဆေးမှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး သွားတိုက်တာကြောင့် ဖလိုရိုဒ်ဟာ သွားအပေါ် ဖုံးအုပ်ထားသလိုဖြစ်ကာ သွားအတွက် အကာအကွယ် ရရှိနိုင်ပါတယ်။

ဝန်ကြီး ဦးအုန်းမြင့် ပြောကြားချက်ကိစ္စ အရေးယူရေး လွှတ်တော် စောင့်ကြည့်နေဆဲ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး သစ်ရာကောက်ကျေးရွာမှာ ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့တဲ့ ရုန့်ရင်းကြမ်း တမ်းတဲ့ စကားတွေအပေါ် အစိုးရအနေနဲ့ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေမယ်ဆိုရင် အရေးယူလာတဲ့အထိ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ဒီကနေ့ ပြောပါတယ်။