Tuesday, August 5, 2014

စင်ကာပူ UOB ဘဏ်က MAPCO ကို ကန်ဒေါ်လာသန်း၅၀ ချေးမည်

မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း(MAPCO)ကို လုပ်ငန်းချဲ့ထွင်နိုင်ရေးအတွက်စင်ကာပူအခြေစိုက် UOBဘဏ်က ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း၅၀ချေးမည်ဖြစ်ကြောင်း အဆိုပါအများပိုင်ကုမ္ပဏီ၏အုပ်ချုပ်မှုဒါရိုက်တာဦးရဲမင်း အောင် က ပြောကြားလိုက် သည်။UOBဘဏ်၏တာဝန်ရှိသူများက အထက်ပါကဲ့သို့ ချေးငွေထုတ်ချေးရန်အတွက် နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်တွင် ကတိပြုပြော ကြားခဲ့ခြင်းဖြစ်ကာ ချေးငွေရရှိမည့်အချိန်ကာလအတိအကျအတွက် ဆွေးနွေးမှု များဆက်လက်ဆောင်ရွက်ရဦးမည်ဟု ၎င်းက ဩဂုတ်(၁) ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ကျင်းပသည့် MAPCO၏ပထမအကြိမ်ကျင်းပသော နှစ်ပတ်လည်ညီလာခံ တွင်ပြောကြားခဲ့ သည်။"ချေးငွေအတွက်က တစ်နှစ်ကိုအတိုးနှုန်း ၄ဒသမ၅ရာခိုင်နှုန်းဖြစ်ပါတယ်။ အရင်ချေးငွေလိုပဲကာလလတ် ဖြစ်ဖို့များပါတယ်" ဟု ဦးရဲမင်းအောင်က မြန်မာတိုင်းမ်၏ သီးသန့်မေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့သည်။

(၅၀၀၀) ကျပ်တန်အတုဟု ယူဆရသည့် ငွေစက္ကူ (၇၃) ရွက်အား CID သို့ ပေးပို့ စစ်ဆေးမည်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် လယ်သမားတစ်ဦးထံမှ (၅၀၀၀) ကျပ်တန် အတုဟု ယူဆရသည့် ငွေစက္ကူ (၇၃) ရွက်ကို ရန်ကုန်မြို့ CID သို့ ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖျာပုံမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။ငွလာသွင်းတဲ့ လယ်သမားကိုလည်း ဖမ်းထားတာ မရှိပါဘူး။ အတုအစစ် ခွဲခြားနိုင်ဖို့ CID ကို ပို့မှာပါ။ လောလောဆယ်တော့ စစ်ဆေးရေး အဖွဲ့က ကနောင်ဘက်ကို သွားရောက် စစ်ဆေးနေပြီ။ ဘယ်ကရတာ ဆိုတာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး ဟု ဖျာပုံ မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Messenger Media သို့ ပြောသည်။ ဇူလိုင်လ (၃၀) ရက်နေ့၊ နေ့လယ် (၁) နာရီခွဲ အချိန်ခန့် ကဖျာပုံမြို့၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သို့ ဖျာပုံမြို့နယ်၊ ကနောင် ရှမ်းကွင်းအုပ်စုမှ လယ်သမား တစ်ဦးသည် ၎င်းချေးယူထားသော ငွေများကို ဘဏ်သို့ ပြန်လည်ပေးဆပ်ခဲ့ ကြောင်း သိရသည်။ ပြန်လည်ပေးဆပ်သည့် ယင်းငွေများထဲမှ အတုဟုယူဆရသော ငွေကျပ် (၅၀၀၀) တန်ငွေစက္ကူ (၇၃)ရွက်၊ တန်ဖိုးငွေ ကျပ် (၃၆၅၀၀၀)ပါရှိ လာခဲ့ရာ ဖျာပုံခရိုင်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိသက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း ဖျာပုံမြို့မ ရဲစခန်းမှ သိရသည်။
messengernewsjournal

ထပ်မံဆောက် လုပ်မည့် (၁၂) ထပ်ကျော် အဆောက်အအုံများကို စည်ပင်မှ ရေပေးဝေမည် မဟုတ်

           ရန်ကုန်မြို့တွင် ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှစ၍ ထပ်မံ တင်ပြလာသည့် (၁၂) ထပ်ကျော် အထပ်မြင့် အဆောက်အအုံများကို ရေပေးဝေတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန(ရေနှင့် သန့်ရှင်းရေး) မှ သိရသည်။
           ယခုအခါ ရန်ကုန်တွင် တစ်နေ့ထက် တစ်နေ့ အထပ်မြင့် အဆောက်အအုံများပိုမို များပြားလာပြီး ရေပေးဝေရာတွင် အခက်အခဲများရှိ လာ၍ အထပ်မြင့် ဆောက်လုပ်သူများအနေဖြင့် မိမိ အစီအစဉ်ဖြင့်သာ ရေရရှိအောင် လုပ်ဆောင် ရမည်ဖြစ်ကြောင်း သိရသည်။ အရင်ကတည်းက ရေပေးတဲ့ အခါမှာ လုံလောက်မှုမရှိတာ။ ထပ်ပြီး ဆောက်တဲ့ အထပ်မြင့်တွေကို ရေပေးရင် အရင်ရေပေးနေတဲ့ မြို့နယ်တွေ ရေမရတာတွေ ဖြစ်လာနိုင်တဲ့အတွက် ရေမပေးတော့တာပါ ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းရေး)မှ ဌာနမှူးက ပြောသည်။
          ထို့ကြောင့် ထပ်မံဆောက်လုပ်ခွင့် တင်ပြလာသည့် အဆောက်အအုံများ အနေဖြင့် မိမိကိုယ်ပိုင် အ၀ီစီတွင်းတူးဖော် ဆောင်ရွက်ရန် လိုအပ်ပြီး၊ ယင်းကဲ့သို့ ဆောင်ရွက်မှသာ ရေလုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြေအောက်ရေကို သုံးစွဲတဲ့အခါမှာ စည်းစနစ်တကျနဲ့ သေချာသုံးစွဲဖို့ လိုတယ်။ ဒီလိုမဟုတ်ရင် ရေဆွဲယူမှု မမျှတာတွေ၊ မြေကြီးအနေအထားတွေကြောင့်  ရန်ကုန်မြို့တစ်မြို့လုံး နိမ့်ကျသွားနိုင်တယ် ဟု အမျိုးသား အဆင့် ရေအရင်းအမြစ် ကော်မတီ၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ခင်နီနီသိန်းက သုံးသပ်ပြောသည်။

ခေတ္တ ဆိုင်းငံ့ထားသော ဟာ့ဂ်ျဘုရားဖူး ခရီးစဉ် တင်ခါဒေါ်ယူမှု ပြန်လည် စတင်မည်

ဟာ့ခ်ျ ဘုရားဖူးခရီးစဉ် တင်ဒါ ခေါ်ယူခြင်းအား သြဂုတ်လ (၅)ရက်နေ့တွင် ဟဂ်ျခရီးစဉ် စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီရုံးခန်း၌ ပြုလုပ်သွား မည် ဖြစ်ကြောင်း ဟာ့ဂ်ျခရီးစဉ်စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီဝင် ဦးလှအောင်က The Messenger Media သို့ ပြောသည်။ ကျွန်တော် တို့ကို သာသနာရေးဝန်ကြီး ဌာနက ကုမ္ပဏီငါးခုလောက်ပေး စေချင်တယ်။  ကျွန်တော်တို့က ကုမ္ပဏီတွေကလည်း များတော့ နှစ်ခုလောက်ပေးနိုင်ဖို့ ကုမ္ပဏီ တွေကို မိတ်ဖက်ကုမ္ပဏီတွေနဲ့ တွဲပြီး တင်ခိုင်းထားတာပါ ဟု ၎င်းကပြောသည်။
သြဂုတ်လ(၅) ရက်နေ့ ၊ နေ့လယ် နှစ်နာရီတွင် တင်ဒါပိတ်မည် ဖြစ်ပြီး၊ နှစ်နာရီခွဲတွင် တင်ဒါအောင်မြင်သူကို ကြေညာမည် ဖြစ်ကြောင်း မြင့်မြတ် ကျောက်နက် ခရီးသွားလုပ်ငန်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစနေထွန်းက The Messenger Media သို့ ပြောသည်။ ဟာ့ခ်ျခရီးစဉ်အတွက် ကုမ္ပဏီ များအား တင်ဒါခေါ်ယူရာတွင် နှစ်စဉ်တင်ဒါတစ်ခုသာ ပေးလေ့ရှိကြောင်း သိရသည်။

လာမည့် ဘဏ္ဍာနှစ်တွင် ကျန်းမာရေး အာမခံစနစ် စတင် အကောင်အထည်ဖော်မည်

လာမည့် ဘဏ္ဍရေးနှစ်တွင် ကျန်းမာရေးနှင့် ပတ်သက်သော အလုံးစုံ အာမခံစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာအာမခံ လုပ်ငန်းမှ သတင်းရရှိသည်။ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘ၀တစ်လျှောက်မှာ ကြိုတင်ပြင်ဆင်မှုတွေမရှိတဲ့ အချိန်မှာ ဒီအာမခံစနစ်က အကျိုးရှိ လာမှာပါ။ ပြည်သူတွေကို ဘယ်လို နည်းစနစ်နဲ့ လုပ်ပေးမယ်ဆိုတာ ကတော့ လက်ရှိ တိုင်ပင် ဆွေးနွေးမှုတွေ လုပ်နေတယ် ဟု မြန်မာ့အာမခံ လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဒေါ်လှလှမွန်က The Messenger Media သို့ ပြောသည်။ ယင်းအာမခံစနစ်သည် သဘာဝအန္တရာယ် ဖြစ်ပေါ်လာသော အခါ ကျန်းမာရေး ချွတ်ယွင်းခံစားရသူများ၊ ပြည်သူများ၏ အမှားကြောင့် ဖြစ်ပေါ် လာသော ကျန်းမာရေး ဆုံးရှုံးမှုများ အတွက် အာမခံပေးသော စနစ်ဖြစ်ပြီး အဆိုပါ အာမခံစနစ် အသုံးပြုနိုင်ရန် အစီအစဉ်ရေးဆွဲမှု အတွက် ကျန်းမာရေး အာမခံစနစ်ရေးဆွဲမှု ဗဟိုကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။ကျန်းမာရေးအာမခံစနစ် ဗဟိုကော်မတီကို မြန်မာဆရာဝန်များ အသင်း၊ ဆေးရုံများအသင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပုဂ္ဂလိက အာမခံကုမ္ပဏီ မှ ကိုယ်စားလှယ်နှင့် မြန်မာ အာမခံလုပ်ငန်းတို့ ပူးပေါင်းကာ ပြီးခဲ့သည့် အပတ်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် နိုင်ငံပိုင်ဆေးရုံများအပြင် ပုဂ်္ဂိကဆေးရုံအခန်း ကဏ္ဍများပြားလာပြီး အရည်အသွေးပိုင်းမြှင့်တင်လာသည့် အချိန်တွင် ယင်းအာမခံ စနစ် ပေါ်ပေါက်ပါက ပြည်သူများအပေါ် စုပေါင်းစနစ်ဆိုသော ဆေးဝါးကုသမှု ဆိုင်ရာ အကျိုးသတ်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေါ်လှလှမွန်က ပြောသည်။

အပစ်ရပ်သဘောတူစာချုပ်လက်မှတ်ရေးထိုးရန်ပိုမိုနီးစပ်လာ

ပည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် NCCT အဖွဲ့ဝင်များ ကချင်ပြည်နယ်အစိုးရရုံးတွင်အလွတ် သဘောတွေ့ဆုံခဲ့ကြပြီး တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးသဘောတူ စာချူပ်ကို လက်မှတ်ရေးထိုးနိုင်ရန် ပိုမိုနီးစပ်လာပြီဖြစ်ကြောင်းတွေ့ဆုံ မှု အပြီးနှစ်ဖက်ပုဂ္ဂိုလ်များကပြောသည်။ ပြည်ထောင်စုဝန်ကြီးဦးအောင် မင်းနှင့်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းဇော်တို့ဦးဆောင်ပြီးစုစု ပေါင်းခြောက်ဦး၊မြန်မာငြိမ်းချမ်းရေး စင်တာမှလေးဦးနှင့် NCCT အဖွဲ့ဝင် ၁၁ဦးတို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ မြန်မာငြိမ်းချမ်ရေးစင်တာမှ ဦးလှမောင်ရွှေက ''ကျွန်တော်တို့ ဘက်ကပြောနိုင်တာတစ်ခုက အခု အလွတ်သဘော ဆွေးနွေးတာဆို ပေမယ့် မူပိုင်းတွေဆွေးနွေးတာဖြစ် တဲ့အတွက် တစ်ဆို့တဲ့ကိစ္စတွေမှာ ကျော်လွှားနိုင်ဖို့ရှိလာပြီ။အခြေခံအား ဖြင့် မူမှာထည့်တာထက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ ထည့်တာ မျိုးစသဖြင့်ဒီလိုမျိုးအမြန်လက်မှတ် ရေးထိုးနိုင်မယ့်ကိစ္စတွေကိုနှစ်ဖက် ခေါင်းဆောင်တွေကအလွတ်သဘော ကြိုပြင်ဆင်တာပါပဲ။မျှော်တာထက် အများကြီးကျေနပ်အားရပါတယ်'' ဟုပြောသည်။

ငွေကြေးအရှုပ်အရှင်းကြောင့် မန္တလေးပဲလောက အရောင်းအ၀ယ်အေး

မန္တလေးမြို့ ပဲဈေးကွက် တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ငွေကြေးအရှုပ်အရှင်း ဖြစ်ပွားခဲ့ ခြင်းကြောင့် အရောင်းအ၀ယ်အေးနေကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့်ရက်ပိုင်းက ငွေကျပ်သိန်းပေါင်း နှစ်သောင်းနီးပါး ငွေကြေးအရှုပ်အရှင်းကို ဖြေ ရှင်းမပေးနိုင်၍ ပဲကုန်သည်တစ် ဦး ထွက်ပြေးတိမ်းရှောင်သွားခဲ့ သဖြင့် ကုန်သည်များမှာ သတိ ထားရောင်းဝယ်နေကြသဖြင့် ဈေး ကွက်အနေအထား အနည်းငယ် လေးနေကြောင်း မန္တလေးမြို့ခံပဲကုန်သည်အချို့က ပြောသည်။‘‘၀ယ်မယ့်သူတွေကျတော့ လည်း အခုလို အနေအထားမှာ မလိုသေးဘူးဆိုရင် ၀ယ်မထားကြ တော့ဘူး။ ရောင်းမယ့်သူတွေက လည်း ပိုက်ဆံလက်ငင်းရှင်းမှ ရောင်းမယ်ဆိုတာမျိုးတွေ ရှိလာ တယ်’’ ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။ငွေကြေးအရှုပ်အရှင်းကြောင့် တိမ်းရှောင်နေသူ ကုန်သည်ထံမှ လည်း ထပ်မံဆက်သွယ်ခြင်း မရှိ သေးဘဲ ၎င်းထံမှ ငွေကြေးရရန် ရှိ၍ စာရင်းလာရောက်ပေးသွင်း သူ ၄၄ ဦး ရှိပြီဖြစ်ကြောင်း မန္တ လေးမြို့ ပွဲစားကုန်သည်စက်ပိုင် များ မဟာကထိန်တော်အသင်းမှ အတွင်းရေးမှူး ဦးကျော်သွင်က ပြောသည်။

တယ်လီနောက ခေါ်ဆိုခ ၂၅ ကျပ်ထက် မပိုစေရန် စီစဉ်သွားမည်ဟုဆို

မိုဘိုင်းဖုန်းခေါ်ဆိုခများကို မည်သည့်ကွန်ရက်မဆို တစ်မိနစ်လျှင် ၂၅ ကျပ်ထက်မပိုစေဘဲ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး ဆင်းမ်ကတ်တစ်ကတ်လျှင် ငွေကျပ် ၁၅၀၀ ထက် ပိုမရောင်းစေရန်လည်း ကြိုတင်၍ စီစဉ်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberg က ကတိပြုပြောကြားလိုက်သည်။
‘‘ကျွန်တော်တို့ရဲ့ မိုဘိုင်းကွန်ရက်ကနေ ဘယ်ကွန်ရက်ကိုမဆို ၂၅ ကျပ်ထက် မပိုစေဘဲခေါ်ဆိုနိုင်မှာဖြစ်ပြီး ၁၅၀၀ ကျပ်ထက်ပိုရောင်းတာမျိုးလည်း မရှိအောင်လုပ်သွားပါမယ်’’ ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberg က သြဂုတ် ၄ ရက်တွင် ပြုလုပ်သည့် Net Monday ပွဲ၌ ကတိပြုပြောကြားလိုက်သည်။

ရန်ကုန်တွင် လမ်း၊ တံတားတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းအတွက် ယခင်နှစ်ထက် ကျပ် ၁၅ ဘီလီယံ ပိုသုံးမည်

ရန်ကုန်တိုင်းဒေသကြီး အတွက် လမ်း၊ တံတား တည် ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင် ခြင်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြီးခဲ့သည့်နှစ်က အသုံး ပြုခဲ့သည့်ငွေထက် ငွေကျပ် ၁၅ ဘီလီယံကျော် ပိုမိုအသုံးပြုသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်သည်။

ပြည်ပမှ ၀င်ရောက်နေသည့် နို့မှုန့်များကြောင့် ပြည်တွင်းနို့စားနွားမွေးမြူသူများအခက်တွေ့

 ပြည်ပမှ ၀င်ရောက်နေ သည့် နို့မှုန့်များကို အသုံးပြုမှုများ လာသောကြောင့် ပြည်တွင်းနို့စား နွားမွေးသူများ နွားနို့ဈေးကျခြင်း နှင့် နွားနို့ဝယ်သူမရှိခြင်းစသည့် အခက်အခဲများ  ကြုံတွေ့နေရ ကြောင်း သတင်းရရှိသည်။လက်ဖက်ရည်ဆိုင်၊ စား သောက်ဆိုင်များတွင်   ပြည်ပမှ ၀င်ရောက်လာသည့် နို့မှုန့်များကို အသုံးပြုနေရာ ပြည်တွင်းနို့စား နွားမွေးမြူသူများ အခက်တွေ့ နေရခြင်းဖြစ်သည်ဟု ကျောက် ဆည်ခရိုင်အတွင်းမှ နွားမွေးမြူသူ များကပြောသည်။‘‘နွားမွေးမြူရေးသမားတွေ အခက်အခဲဖြစ်နေတာ ခြောက်လ လောက်ရှိပြီ။ နို့ချက်လုပ်ငန်း တွေကပါ နွားနို့အစစ်မသုံးတော့ ဘူး။ နို့မှုန့်နဲ့ချက်တာက သူတို့ အတွက် ပိုအဆင်ပြေတယ်တဲ့။ တချို့ရက်တွေ နွားနို့ဝယ်သူမရှိ တော့ နို့မညှစ်ဘဲ ဒီအတိုင်းနေရ တယ်’’ဟု မြစ်သားမြို့နယ် ဆည် ရွာမှ နို့စားနွားမွေးမြူသူ ဦးလှဝင်းကပြောသည်။
ယခင်က နေ့စဉ်ညှစ်ယူရရှိ သည့် နွားနို့များကို နို့ချက်စက်ရုံ များသို့ သွင်းခဲ့ရသော်လည်း ယခု အခါစက်ရုံများမှ နေ့စဉ်ပုံမှန်ဝယ် ယူခြင်းမရှိတော့သည့်အတွက် အခက်တွေ့နေရသည်ဟု ဆို သည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ မြစ်သား၊ တံတား ဦးမြို့နယ်များတွင် နို့စားနွားမွေး မြူသူများပြားသည်။ လက်ရှိတွင် နွားနို့တစ်ပိဿာလျှင်ကျပ် ၆၅၀ ကျပ်ခန့်အထိ ဈေးကျသွားကြောင်း မြစ်သားမြို့နယ်မှ နွားမွေးမြူသူ များကပြောသည်။

Android ဖုန်း Home Screen တွင် Bookmark ပြုလုပ်ခြင်း

Android Device တွေပေါ်မှာ အသုံးပြုတဲ့ Web Browser တွေကနေ ကိုယ်နှစ်သက်တဲ့ ၀က်ဘ်ဆိုက်တွေကို အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ဖို့အတွက် Bookmark ကို Home Screen မှာ ပြုလုပ်ထားချင်တယ်ဆိုရင် အလွယ်တကူနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။Home Screen မှာ Bookmark ပြုလုပ်ထားခြင်းဖြင့် ကိုယ် အမြဲတစ်စေ ကြည့်ရှုတတ်တဲ့ ၀က်ဘ်ဆိုက်တွေကို Home Screen ကနေ တစ်ချက်နှိပ်လိုက်ရုံနဲ့ အလွယ်တကူရှာဖွေပြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Home Screen မှာ Bookmark ပြုလုပ်ဖို့အတွက် ပထမဦးဆုံး ကိုယ်အသုံးပြုနေတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ဖွင့်ပါ။ အသုံးပြုတဲ့ Browser အမျိုးအစားပေါ်မူတည်ပြီးလည်း ပြုလုပ်လို့ရတဲ့နေရာ အနည်းငယ်ကွဲလွဲမှုလည်း ရှိမှာဖြစ်ပါတယ်။Firefox Browser ပေါ်က အသုံးပြုမယ်ဆိုရင် နှစ်သက်ရာ ၀က်ဘ်ဆိုက်တစ်ခုကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Menu Button ကို နှိပ်ရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး Add to Home Screen ဆိုတာကို နှိပ်လိုက်ပြီး ကိုယ်သိမ်းချင်တဲ့ ၀က်ဘ်ဆိုက်ကို Homescreen မှာ Bookmark ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။

Samsung ကို ကျော်ဖြတ်ပြီး တရုတ် စမတ်ဖုန်းဈေးကွက်ကို Xiaomi ဦးဆောင်


ယခုနှစ် ဒုတိယ သုံးလပတ်တွင် Xiaomi ၏ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် ပြိုင်ဘက် Samsung Electronic ကုမ္ပဏီထက် သာလွန်ခဲ့ကြောင်း ဈေးကွက်သုတေသနအဖွဲ့ Canalys မှ ဖော်ပြခဲ့သည်။ ၎င်းသည် အလျင်အမြန် တိုးတက်လာသည့် တရုတ် စမတ်ဖုန်းဈေးကွက်တွင် Samsung ကို ပထမဦးဆုံးအကြိမ် နောက်ကောက်ချနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

(၄၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် သတင်းရယူမည့် မီဒီယာသမားများ မှတ်ပုံတင်ဆောင်ရွက်နိုင်

Photo: (၄၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် သတင်းရယူမည့် မီဒီယာသမားများ မှတ်ပုံတင်ဆောင်ရွက်နိုင်

အိမ်ခြံမြေကဏ္ဍတွင် ဈေးကစားမှုမြင့်တက်နေခြင်းသည် စီးပွားရေးရပ်ဝန်းတစ်ခုလုံးကို အနှေးနှင့်အမြန် အန္တရာယ်ကျရောက်လာနိုင်သည့် အလားအလာများရှိနေကြောင်း ကဏ္ဍစုံမှ လုပ်ငန်းရှင်များသုံးသပ်

"အိမ်ခြံမြေကဏ္ဍတွင် ဈေးကစားမှုများ အလွန်အမင်းမြင့်တက်နေခြင်းသည် စီးပွားရေးရပ်ဝန်းတစ်ခုလုံးအား အနှေးနှင့်အမြန် အန္တရာယ်ကျရောက်လာနိုင်သည့် အလားအလာများရှိနေကြောင်း ကဏ္ဍပေါင်းစုံမှ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။
"အိမ်ခြံမြေဈေးဆိုတာကတော့ ဒီလိုစီးပွားရေးကိုစဖွင့်တဲ့အချိန်မျိုးမှာ တက်တတ်ပါတယ်။ အချိန်တန်ရင်တော့ သူ့ဟာသူရပ်သွားတယ်။ သူကပူဖောင်းလိုပဲ။ တဖြည်းဖြည်းဖောင်းဖောင်းလာတဲ့သဘော။ အဲဒါကနေပြီး အချိန်တန်ရင်ပေါက်သွားတယ်။ ဒါမျိုးဖြစ်နေတာက ဗီယက်နမ်မှာလည်းဖြစ်တယ်။ ထိုင်းမှာလည်းဖြစ်တယ်။ အခု မြန်မာမှာလည်း ဖြစ်မှာပဲ။ ဘယ်အချိန်ပေါက်မယ်ဆိုတာသာမသိတာ။ ၂၀၁၅ မှာ အရင်းအနှီးဈေးကွက်ပေါ်လာမယ်ဆိုပေမယ့် ရှယ်ယာတွေမှာ အလုံးအရင်းနဲ့ဝင်ပြီး ရင်းနှီးမြှုပ်နှံရအောင်တော့ မဖြစ်နိုင်သေးဘူး။ တကယ်လို့ ၂၀၁၅ မှာ စလုပ်ဖြစ်ရင်တောင် လေးနှစ်ငါးနှစ်တော့ အချိန်ယူရဦးမယ်။ အဲဒီလောက်မှ အရှိန်ရလာမှာ။ ဒါကြောင့် ဒီလေးနှစ်ငါးနှစ်မှာတော့ စတော့မားကတ်က အိမ်ခြံမြေဈေးကျသွားရလောက်အောင်တော့ အထောက်အကူမပေးနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်မြင်တာကတော့ ဒီလေးငါးနှစ်မတိုင်ခင်ကို ဒီပူဖောင်းက ပေါက်ကိုပေါက်သွားမယ်။ အခုလက္ခဏာတွေကြည့်ရတာ သိပ်ပြီးအလွန်အကျွံဖြစ်လာတာတွေ့ရတယ်" ဟု MESC ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ဦးစိုးသိန်းက သုံးသပ်ပြောကြားခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖြစ် အမည်ပြောင်းလဲ

လိုင်ဇာအလွန်အပစ်ရပ်ရေးနှင့် လူထုခေါင်းဆောင်


လိုင်ဇာထိပ်သီးအစည်း အဝေးအလွန် ထုတ်ပြန်ကြေညာချက်နှင့် သဘောတူညီချက်မူကြမ်းတို့သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ဆီ ဦးတည်နေသော်လည်း စိန်ခေါ်မှုများက ကျန်ရှိနေဆဲဖြစ်သည်။ အစိုးရ၊လွှတ်တော်များ၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အပစ်ရပ်ရေးကို အကြိတ်အနယ်ပြင်ဆင်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏နေရာသည် မှေးမှိန်နေဆဲဖြစ်သည်။ လိုင်ဇာအလွန်အပစ်ရပ်ရေးတွင် လူထုခေါင်းဆောင်၏အခန်း ကဏ္ဍကို ရှေ့တန်းတင်နိုင်မည်ဆိုလျှင် သဘောတူညီချက်များ အပြီးသတ်ရေးလုပ်ငန်းစဉ်သည် ပိုမိုထိရောက်အောင်မြင်မည်ဖြစ်သည်။တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းဆွေးနွေး ရေးအဖွဲ့ (အင်န်စီစီတီ)၏ထိပ်သီးအစည်းအဝေးကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ၂၉ ရက်နေ့ အထိလည်းကောင်း၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များ၏ ထိပ်သီးအစည်းအဝေးကို ၂၀၁၄ ခုနှစ် ဇူလိုင် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင်လည်းကောင်း၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါထိပ်သီး အစည်းအဝေးများသို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၁၈)ဖွဲ့မှခေါင်းဆောင်များ၊ ကိုယ်စား လှယ်များနှင့် လေ့လာသူများ စုစု ပေါင်း ၁၅၅ ဦးပါဝင်တက်ရောက် ခဲ့သည်။