
ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များဖြစ်သည့် အိုင်အက်စ်
(အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့)၊ အယ်လ်ခိုင်ဒါနှင့် အာရ်အက်စ်အို (ရိုဟင်ဂျာ
သွေးစည်းညီညွတ်ရေးအဖွဲ့) တို့၏ အန္တရာယ်မှ ကာကွယ်ရေး ပြည်သူတို့၏
ပူးပေါင်းဆောင်ရွက်မှုကို ရယူမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ်
စိုးမြိုင်က နိုဝင်ဘာ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။“အိုင်အက်(စ်)၊ အယ်လ်ခိုင်ဒါမတိုင်မီ ကတည်းက အာရ်အက်စ်အိုရဲ့
အကြမ်းဖက်မှုကို အရင်စိုးရိမ်တာ၊ အဲဒါကို တပ်ဖွဲ့အတွင် ညွှန်ကြားပြီး
လုပ်နေရာက အခုလိုကျယ်ပြန့်လာတာ၊ သူတို့စာရင်းကို မကြာခင်မှာ အတည်ပြု
ထုတ်ပြန်ပြီးတာနဲ့ ပြည်သူကို အသိပညာပေးမယ်” ဟု ၎င်းက ဆိုသည်။







