Monday, September 17, 2012

ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်ကို ချောမောစွာ ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်လေဆိပ်က အမေရိကန်ခရီးစဉ်အတွက် စတင်ထွက်ခွာလာပုံ၊ ဓာတ်ပုံ- ဧရာဝတီ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီမြို့တော် ကို ချောမော စွာ ရောက်ရှိသွားပြီဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် အားဖြင့် ၉ နာရီကျော် လွန်ခဲ့တဲ့ ၁ နာရီနီးပါးက ၀ါရှင်တန် မြေ ကို ချောမောစွာဆိုက်ရောက်လာပြီဖြစ်ပါတယ်လို့ ၀ါရှင်တန်က မြန်မာ မိသားစုများက ဧရာဝတီကို ပြောဆိုကြပါတယ်။

"သမီးရဲ့ မယ်သီလရှင် ဝတ်ထားတဲ့ပုံလေးကို မြင်ရတော့ ဝမ်းသာပီတိဖြစ်ခဲ့ ရတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ရဲ့ မိခင် ဒေါ်အေးယဉ်သန်း "

"ပီတိလည်းဖြစ်တယ်။ ကျွန်မမှာ သမီး နှစ်ယောက် ရှိတယ်။ ကျွန်မအခု အသက် ၅၈နှစ်အထိ သီလရှင် မဝတ်ဖြစ်ခဲ့သေးဘူး။ ဝတ်ဖို့လည်း အခြေ အနေမပေးခဲ့ဘူး။ အခု ကျတော့ ကျွန်မသမီးအကြီးလည်း ဝတ်ပြီးသွားပြီ။ သင်ဇာလည်း ဝတ်ပြီးသွားပြီဆိုတော့ သမီးတွေကတောင် အန်တီ့ထက်ပိုပြီး ပါရမီရှိတယ်။ သူ့အတွက် အညံ့တွေ လည်းကင်းစင်သွားတာပေါ့။ သင်ဇာက သူစိတ်ညစ်လာတာတို့၊ အခက်အခဲ ဖြစ်လာတာတို့ဆိုရင် အန်တီ့ကို တိုင်ပင် တယ်။ အဲဒီအခါကျရင် အန်တီက သူ့ကို နေတာ၊ ထိုင်တာကအစ မိဘအနေနဲ့

KIA မှ ဆက်ကြေးကောက် ၊ လူသစ်စုကြောင်း ဦးလနန်မှ ပြောကြား

RFA နှင့်တွေ့ဆုံမေးမြန်းရာမှာ ဦးလနန်အနေနဲ့ ဆက်ကြေးကောက်ခံတာမဟုတ်ဘူး ၊ အခွန်ကောက်ခံတာ ၊ ကြည်ကြည်ဖြူဖြူနဲ့ ပေးကြတာဆိုတဲ့ ပြောကြားချက်ဟာ ကချင်တိုင်းရင်းသားလူမျိုးတွေအတွက် ယခု လို မေးစရာဖြစ်လာခဲ့ပါပြီ။

မြန်မာ့ပါတီစုံစနစ် ဘာလဲဘယ်လဲ


အောင်သာ(ပီသုံးလုံး)
(စက်တင်ဘာ ၁၁ရက်နေ့ထုတ် True News ဂျာနယ် အတွဲ၎၊ အမှတ် ၄၉ မှ ထုတ်ယူဖော်ပြချက်။)
မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ဒီကနေ့ဆိုရင် ၆၄နှစ်ရှိခဲ့ပါပြီ။ ဒီ ၆၄နှစ်တာ ကာလတစ်ခုလုံးမှာ မြန်မာ့လူ့အဖွဲ့အစည်းဟာ “ပြည်တွင်းစစ်” ကို ကြုံတွေ့ခဲ့ကြရပါတယ်။ ဒီပြည်တွင်းစစ်ဟာ (တစ်) မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ရုပ်ဝတ္ထုကြွယ်ဝမှုမှန်သမျှကို တိုက်စားဝါးမျိုပစ်ခဲ့ပါတယ်။ (နှစ်) မြန်မာ့လူ့အဖွဲ့ အစည်းရဲ့ spiritual wealth စိတ်ပိုင်းဆိုင်ရာ ကြွယ်ဝမှုမှန်သမျှကိုလည်း တိုက်စားဝါးမျိုပစ်ခဲ့ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ ဗြဟ္မစိုရ်တရားများ၊

မြန်မာပို့ကုန်များအပေါ် နော်ဝေနိုင်ငံမှ အခွန်အထူးသက်သာခွင့်ပေး

နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံ၏ထွက်ရှိ ကုန်ပစ္စည်းများ နော်ဝေနိုင်ငံသို့တင်ပို့နေမှုများအပေါ် အခွန်အထူးသက်သာခွင့်(GSP-Generalized System of Prefrrences)ကို ပေးလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၅နှစ်ပြည့်အခမ်းအနားကို မနက်ဖန် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၇ ရပ်ကွက် ဖျာပုံလမ်း၊ တက္ကသီလာဇေယျသိဒ္ဒိကျောင်းမှာ စက်တင်ဘာ ၁၈ရက်နေ့မှာ ကျင်းပမည်

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၅နှစ်ပြည့်အခမ်းအနားကို မနက်ဖန် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၇ ရပ်ကွက် ဖျာပုံလမ်း၊ တက္ကသီလာဇေယျသိဒ္ဒိကျောင်းမှာ စက်တင်ဘာ ၁၈ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး သံဃာတော် အပါး၇၀ နဲ့ သီလရှင် အပါး၃၀ ကို ဆွမ်းကပ်မှာဖြစ်ပါတယ်။

ပြည်တွင်း ရွှေဈေး ပထမဆုံးအကြိမ် ၈သိန်းကျော် အထိ မြင့် တက်

ရန်ကုန်၊ စက် တင် ဘာ ၁၇
မြန်မာနိုင်ငံရှိ ပြည်တွင်း ရွှေဈေးကွက် မှာ ပထမဦးဆုံး အကြိမ် အဖြစ် အခေါက်ရွှေ တစ်ကျပ်သားလျှင် ရှစ်သိန်း ခြောက်ထောင်ကျပ် အထိမြင့်တက်လာ ကြောင်း သန်လျှင်မြို့ နေ ရွှေပန်းထိမ် လုပ်ငန်းကို ၁၈နှစ်ကြာ လုပ်ကိုင်နေသူ ဒေါ် ခင်လေးရီက စက်တင်ဘာ ၁၇ ရက် နေ့တွင် ပြောကြားသည်။

ကူမည့်သူမရှိ….. ၊ ကယ်မယ့်သူမရှိ


ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် စစ်ပွဲတစ်ပွဲဖြစ်လာပြီဆိုရင် နှစ်ဘက်စစ်သည်ေ တွသေကြေထိခိုက် ဒဏ်ရာရကြတာ မဆန်းပေမယ့် အပြစ်မဲ့ပြည်သူတွေ စစ်ဘေးစစ်ဒဏ် သင့်ပြီးသေဆုံးထိခိုက်ဒဏ်ရာရကြတာကတော့ ရင်နင့်ကြေကွဲစရာေ ကာင်းလှပါတယ်။(၁)နှစ်ကျော်လာပြီဖြစ်တဲ့ ကချင်ပြည်နယ်အတွင်းက တပ်မတော် နဲ့ (KIA)တို့အကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ တိုင်းရင်းသားပြည်သူတွေကခိုကိုးအားထားစရာမဲ့ပြေး 

တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအား တိုင်ကြားထားသည့် ကြေးပြား(၃၃၈)တန်ရှင်းတမ်း (သို့မဟုတ်) မြန်မာအိုင်ဗင်ဟိုအရှုပ်တော်ပုံမည်သူတို့တွင် တာဝန်ရှိသနည်း

 
ကျွန်တော်သည် မုံရွာမြို့၊ ကြေးစင် တောင်စီမံကိန်းတွင် တာဝန်ထမ်းဆောင် နေသော ဒုထုတ်လုပ်ရေးမှူး၊ ဦးအောင် လောဟာ (ချုပ်နှောင်ထားခြင်း ခံရသူ)၏ ညီအရင်းဖြစ်သူဦးအောင်လောကီး (၈/ မထန(နိုင်) ၀၁၂၁၀၅) ဖြစ်ပါသည်။
ကျွန်တော်၏ အစ်ကိုဖြစ်သူ ဦးအောင်လောဟာသည် လွန်ခဲ့သော (၂၀၁၀)ခုနှစ် အစပိုင်းတွင် ကြေးနီစီမံကိန်း  ကို ဖက်စပ်လုပ်ကိုင်ခဲ့သော မြန်မာအိုင် ဗင်ဟို ကော့ပါး ကုမ္ပဏီလီမိတက် (MICCL) မှ တရုတ်ကုမ္မဏီ အသစ်မြန်မာ-ယန်စီ ကော့ပါးကုမ္ပဏီ လီမိတက် (MICCL)

လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သတ်၍ ပထမဆုံးပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်အား သဘောထားမေးမြန်းချက်

မေး- ဦးသိန်းညွှန့်ရဲ့ ယနေ့အင်းစိန်ထောင်မှ အကျဉ်းသားများလွတ်မြောက်လာခြင်းအပေါ်ထင်မြင်ချက်လေးပြောပြပေးပါ။
ဖြေ- ဒီနေ့အကျဉ်းသား ၅၀၀ ကျော်လွတ်တဲ့ အတွက် ထောင်တံခါးပွင့်တဲ့အတွက် ကျွန်တော်တို့ကပိုပြီးတော့ ၀မ်းမြောက်ပါတယ်။ကျွန်တော်က ဘာဖြစ်လို့ပိုပြီးတော့ ၀မ်းမြောက်သလဲဆိုတော့ ပြည်သူ့လွှတ်တော် ပထမအကြိမ် ဒုတိယအစည်းဝေးမှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို ကျွန်တော်တင်ခဲ့တယ်လေ။ အခါအခွင့် သင့်တိုင်းလည်း အကျဉ်းသားတွေလွှတ်ဖို့ လွှတ်တော်မှာတင်ပြခဲ့တာ ခင်များသိတဲ့အတိုင်းဘဲလေ တနေ့က ကိုမိုးသီးဇွန်တို့နဲ့ တွေ့တော့

ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး (၁၀) ဦးနှင့် လမ်းပြမြန်မာတစ်ဦး ဖမ်းမိ


စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ခိုးဝင်လာတဲ့ ဘင်္ဂါလီလူမျိုး (၁၀)ယောက်ကို လမ်းပြအဖြစ် လိုက်ပါလာသူ မြန်မာတစ်ဦးနဲ့အတူ စက်တင်ဘာလ (၁၄) ရက်နေ့ ညက ဖမ်းမိတယ်လို့ သိရပါတယ်
၊ မြို့နယ်ရဲစခန်းကို ဒေသခံတွေ သတင်းပေးလာတာကြောင့် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်လို့ ကလေးမြို့နယ်မှူးက အခုလို ပြောပါတယ်။

တိုင်းရင်းသားလူမျိုးများညီလာခံမှထွက်ပေါ်လာသည့် နိုင်ငံရေးလုပ်ငန်းစဉ်(၆)ရပ်နှင့်ငြိမ်းချမ်းရေးလမ်းပြမြေပုံ

မြန်မာအစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများအကြား  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှတဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲများ အစပျိုးနိုင်ရန်အတွက် စက်တင်ဘာ(၁၆)ရက်နေ့က ချင်းမိုင်တွင်ပြုလုပ်သည့် တိုင်းရင်းသားလူမျိုးများညီလာခံတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါညီလာခံသို့ တက်ရောက်မှုနှ င့်ပတ်သက်၍ ပြည် တွင်း တိုင်းရင်းသားပါတီများအကြား သဘောထားကွဲမှုများ   ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။

ယောက်ျား၏ဆုံးဖြတ်ချက်ကြောင့် အမျိုးသမီးများ HIV ကူးစက်ခံရနှုန်းမြင့်




အမျိုးသမီးများ အိတ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ် ကူးစက်ခံရနှုန်းမြင့်မား လာရခြင်းမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု များကြောင့်ဖြစ်သည် ဟု ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ အမျိုးသမီး ဥက္ကဌက ဆိုသည်။
  ''အမျိုးသမီးတွေက သူတို့ရဲ့အိမ်ထောင်ဖက် ဒါမှမဟုတ် လိင်ဆက်ဆံဖေါ်တွေနဲ့ ဆက်ဆံတဲ့အခါ အဲ့ဒီလူမှာ   ရောဂါရှိမှန်းသိရက်နဲ့လည်း အကာအကွယ်မဲ့ ဆက်ဆံခံနေရတယ်၊ ဒါကြောင့်မလိုလား အပ်တဲ့ ရောဂါကူးစက်မှုတွေ ပိုပြီးများလာတယ်''ဟု ကရင်အမျိုးသမီးများ ဖွံ့ဖြိုးရေး တိုးတက်ရေး အဖွဲ့ ဥက္ကဌ ဒေါ်ဆူဇန်နာလှလှစိုးက ပြောသည်။

အစိုးရတပ်နှင့် KIA တို့ ဋ္ဌာနချုပ် လိုင်ဇာအနီးတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ

တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ၏ ဗဟိုဋ္ဌာနချုပ် လိုင်ဇာမြို့အနီး ထိုးစစ်ဆင်တိုက်ခိုက်လာသော အစိုးရ တပ်ဖွဲ့များကို KIA နှင့် ABSDF (မြောက်ပိုင်း) ကျောင်းသားတပ် ပူးပေါင်းအဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်နေရာ ယနေ့ နံနက် ၅ နာရီခွဲခန့်ကစ၍ ယခု သတင်းရေးသားနေချိန် မွန်းလွဲပိုင်းအထိ နှစ်ဘက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

စားအုန်းဆီစားသုံးရန် သင့်မသင့် နယ်စပ်မှာ စစ်ဆေးပြီ


ယနေ့နံနက်ပိုင်း ထိုင်းဘက်ခြမ်း အမှတ် (၁) လှေဆိပ်မှာ စားအုန်းဆီပုံးများကို ဒီလို တွေ့ရပါတယ် (ဓာတ်ပုံများ - ဧရာဝတီ) မဲဆောက်မြ၀တီ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် မြန်မာ ဘက်သို့ တရက်ခြား တင်ပို့နေသော စားအုန်းဆီတံဆိပ်မျိုးစုံကို စားသုံးရန် သင့်မသင့် စစ်ဆေးတော့မည်ဟု သိရသည်။

မြရည်နန္ဒာ ကျူးကျော်တဲများကို ဘူဒိုဇာနှင့် ထိုးကော်ဖျက်သိမ်း

မြရည်နန္ဒာရပ်ကွက် ကျူးကျော်တဲများကို ဘူဒိုဇာနှင့် ထိုးကော်ဖျက်သိမ်းနေစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၄၀၀ ကျော်ကို မန္တလေးစည်ပင်သာယာက ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဘူဒိုဇာများနှင့် ၀င်ရောက်ထိုးကော် ဖျက်သိမ်းနေပြီ ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးအတွက် ၈၈ နှင့် ဖားကန့်ပြည်သူများ လက်မှတ်ထိုးတောင်းဆို

ချင်းမိုင်(မဇ္စျိမ) ။       ။ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် ဖားကန့်မြို့မှ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများ၊ ခရစ်ယာန်ဂိုဏ်း ပေါင်းစုံမှ ဘုန်းတော်ကြီး၊ သင်းအုပ်ဆရာများ၊ ဗုဒ္ဓဘာသာကျောင်းထိုင် ဆရာတော်ကြီးများက ဖားကန့် မြို့မ ဘုန်းကြီးကျောင်းတွင် စုပေါင်း၍ လက်မှတ်ရေးထိုး၍ တောင်းဆို လိုက်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်က ပြောသည်။

SSA နှင့် အစိုးရတပ် တပါတ်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့

စံခလပူရီ (မဇ္ဈိမ) ။ ။ အပစ်အခတ် ရပ်စဲထားသည့် ၎င်းတို့၏ တပ်စခန်းကို အစိုးရတပ်များက တပတ်အတွင်းလေးကြိမ် လာရောက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်တပ်အပေါ် အစိုးရ၏ သြဇာ သက်ရောက်မှု မရှိသည်မှာ ပိုမို ထင်ရှားသွားပြီ ဖြစ်ကြောင်း ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) RCSS/SSA-S က ပြောသည်။

စာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့ကို ရွေးချယ်



စာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းမှုကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ချာထရီယမ်ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ရွေးချယ်ခြင်းကို ပြုလုပ်ခဲ့ပါသည်။
ထိုသို့ရွေးချယ်ခဲ့ရာတွင် ဥက္ကဌအဖြစ် ဦးခင်မောင်အေး(တရားရုံးချုပ် တရားသူကြီး(ငြိမ်း)ကို ရွေးချယ်ခဲ့ပြီး ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးစိုးသိမ်း(မောင်ဝံသ-မြန်မာနိုင်ငံသတင်းစာဆရာ အသင်း)ကို ရွေးချယ် ခဲ့ပါသည်။

Apple၏ iPhone 5ကို နှိုင်းယှဉ်ပြထားသည့် Samsung၏ Galaxy S3 ကြော်ငြာကို Apple အမာခံ ပရိသတ်များက ပြန်လည် တုံ့ပြန်မှုများ ပြုလုပ်လာ

အစောပိုင်းက Samsungသည် Galaxy S3နှင့် Appleတို့၏ အချက်အလက်များကို ဘေးချင်းယှဉ် ဖော်ပြခဲ့သော်လည်း Appleနှင့် iPhoneပရိသတ်များက တစ်ချက်ချင်းစီ ပြန်လည် ထောက်ပြ ဝေဖန် ကာ လှောင်ြေ ပာင်ခဲ့ခြင်း ဖြစ်သည်။ Galaxy S3မှာ ကြီးလွန်းသဖြင့် ၎င်း၏ Screenကို ကြည့်ရန် အနည်းဆုံး လက်မ(၂၀)မျှ ခွာရမည်၊ ပလပ်စတစ် ကိုယ်ထည်က iPhone 5၏ ဖန်နှင့် အလူမီနီယမ် ကိုယ်ထည်ထက် ပိုလေးနေသည် အစရှိသည့် အချက်များကို ထောက်ပြကာ Appleအမာခံ ပရိသတ်များက တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် Appleနှင့် Samsungတို့၏ ကုမ္ပဏီချင်း အားပြိုင်မှုသည် iPhone 5နှင့် Galaxy S3 သုံးစွဲသူ ပရိသတ်ချင်း အားပြိုင်မှုထိ ဇာတ်လမ်းရှည်လာကြောင်း CNet သတင်းဌာနက ဖော်ပြသွားသည်။

From -Planet

National Identity and Citizenship in 21st Century Myanmar (34photos) From -TheVoiceWeekly


နိုင်ငံတော် သမ္မတက စတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်

နေပြည်တော် စက်တင်ဘာ ၁၇  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ ဖြစ်စေသည့
် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရန် အတွက် လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့ အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော်

“နယ်စည်းမခြား ဝန်ကြီး” ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း (တတိယပိုင်း)

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိက လုပ်ဆောင်နေသူတဦးဖြစ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် သြဂုတ်လကုန်တွင် သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးတဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ေ ရး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ လည်း ဖြစ်သူ ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ နေပြည်တော်တွင် တွေ့ဆုံမေးမြန်းခဲ့သည်။ မိမိကိုယ်ကိုယ် “နယ်စည်းမခြား ဝန်ကြီး” ဟု

မြန်မာပြည်မှာ လိုအပ်နေတဲ့အရာ (ဖရန့်စစ်ဖူကူယားမား)

 မကြာခင်က သွားခဲ့တဲ့ ကျနော့်ရဲ့ ခရီးမှာ မွန်ဂိုးလီယားကနေ ဒုတိယခရီးတထောက်ကတော့ မြန်မာပြည်ဖြစ်ပါတယ်။ (အူလန်ဘာတောကနေ နေပြည်တော်ကို သွားရတဲ့ ခရီးစဉ်က မလွယ်ပါဘူး)၊ Johns Hopkins  တက္ကသိုလ်၊ အဆင့်မြင့် နိုင်ငံတကာ လေ့လာရေးဌာန (SAIS) က ကျနော်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း (Roger Leeds) နဲ့ ကျနော်တို့ နှစ်ယောက် မြန်မာပြည်မှာ ပုဂလိက ကဏ္ဍဖွံ့ဖြိုးရေးရက်တိုသင်တန်းလေးတခုပေးခဲ့ပါတယ်၊ ဖွံ့ဖြိုးရေး ဆိုင်ရာ ခေါင်းဆောင်မှုအကယ်ဒမီ (Leadership Academy for Development) လို့

ကန်စွန်းရွက် စားခြင်း အကျိုးကျေးဇူး

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ.....
(ကောင်းလွန်လို့  နေတိုင်းတောင် စားသင့်ပါသည်လို့ အကြံပြု့ပါသည် )
သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ "ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ" ဆိုပြီး မညည်း တွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်ေလ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံ ဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။

ဟင်္သာတမြို့က အလောင်းစွန့်ပစ်မှု မြို့ခံများ အထူးစိတ်ဝင်စား

ကျော်ခ ရေးသားပေးပို့သည်။
ဟင်္သာတမြို့တွင် လူသေလောင်းတခု ဖျောက်ဖျက်ရန် ကြိုးစားမှု တခု ဖြစ်ပွားခဲ့တယ်လို့ သတင်းရပါတယ်။ဟင်္သာတမြို့၊ လက်သမားရပ်ကွက်၊ တာကြီးတန်းနှင့် ဦးရွှေဒွေးလမ်းဆုံရာ ဂုံးဘေးနားရှိ တာဘေးသို့ စက်တင် ဘာ လ ၁၅ ရက်နေ့ည ၉ နာရီခွဲလောက်က ဆိုက်ကား တစီးနှင့် လူသေလောင်း တခုကို လာရောက် ပစ်ချရာ တွင် အနီးပတ် ၀န်းကျင်မှ နေထိုင်သူများ တွေ့ရှိပြီး ဆိုက်ကား သမားကို ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိပါ တယ်။

ကားဟောင်းများနဲ့ အင်းစိန်သံရည်ကြိုစက်

ယာဉ်ဟောင်းဖျက်သိမ်းရေးအစီအစဉ်အရ ရန်ကုန်မြို့ကားသင်္ချိုင်းကို ကားဟောင်း သွားရောက်အပ်နှံနေကြသူတွေထဲမှာ စာရေးဆရာမ ပုညခင်လည်း ပါဝင်ပါတယ်။ သူက သူ့ရဲ့ 'ဗ' နံပတ်တပ် ကားလေး သွားပို့ချိန် တွေ့မြင်ရတာတွေကို ရေးထားပါတယ်။

စနေနေ့က အိမ်က ဗ ကလေးကိုအပ်ဖို့ အင်းစိန်သံရည်ကြိုစက်ကို လိုက်သွားပါတယ်။ အတွေ့အကြုံရချင်လို့ပါ။

မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းအပေါ် တရုတ်အစိုးရငွေကြေးထာက်ပံ့မှုကို WTO သို့တိုင်ကြားရန် အိုဘားမားစီစဉ်

ဝါရှင်တန်၊စက်တင်ဘာ ၁၇ တရုတ်အစိုးရက မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းတွင် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ WTO၏ စည်းမျဉ်းများကိုချိုးဖောက်၍ ထောက်ပံ့ငွေများပေးနေခြင်း(Subsidize)ကို အမေရိကန် သမ္မတအိုဘားမားက WTO သို့တိုင်ကြားသွားမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းတွင်ဖော်ပြထားသည်။

မက္ကစီကိုတွင် သေနတ်ဖြင့်ပစ်သတ်ခံထားရသည့် စွန့်ပစ်အလောင်များ တွေ့ရှိ


မက္ကစီကို ရဲတပ်ဖွဲ့သည် သေနတ်ဖြင့် ပစ်သတ်ခံရသည့် စွန့်ပစ်အလောင်း (၁၇)လောင်းကြောင့် ခေါင်းခြောက်နေရကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က နိုင်ငံအနောက်ဘက်ပိုင်းရှိ အဝေးပြေး လမ်းမပေါ်တွင် အဆိုပါ အလောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အချို့အလောင်းများမှာ သံကြိုးဖြင့် ချည်နှောင် ခံထားရပြီး ရဲတပ်ဖွဲ့က ပြိုင်ဘက် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများ တိုက်ပွဲဖြစ်ပွားမှုဟု ယေဘုယျ ယူဆထားသည်။ ပြီးခဲ့သည့် သီတင်းပတ်များ အတွင်းက အထင်ကရ မူးယစ်ရာဇာ နှစ်ဦး အဖမ်းခံခဲ့ရပြီးနောက် မူးယစ်မှောင်ခို ဂိုဏ်းများကြား ပြဿနာများ ပိုမိုကျယ်ပြန့်လာကြောင်း ရဲများက ဆိုသည်။

ဦးအောင်မင်းနှင့်အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီဝင်အချို့ စက်တင်ဘာ ၁၇ ရက်ညနေ TG-306 လေယာဉ် ဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်မည်

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီဝင်အချို့သည် စက်တင်ဘာ ၁၇ ရက်ညနေ TG-306 လေယာဉ် ဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုတိယမြောက် အမျိုးသမီးသံအမတ် ဒေါ်ယဉ်ယဉ်မြင့်ဖြစ်လာ

ရန်ကုန်၊ စက်တင်ဘာ-၁၇
မြန်မာနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးသံအမတ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လေ့ကျင့်ရေး၊ သုတေသနနှင့် နိုင်ငံခြားဘာသာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်ယဉ်မြင့်ကို ဘရူနိုင်းနိုင်ငံ သံအမတ်အဖြစ် ခန့်အပ်လိုက်ကြောင်း ၁၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော် ပြထားသည်။

ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံအပေါ် အမေရိကနှင့် အနောက်အုပ်စု၏ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ရေး အတွက် ဦးဆောင် အခန်းကဏ္ဍမှ နေ၍ ပြင်းထန် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၂၄ နှစ်အကြာတွင် မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိ လာကာ ထောက်ခံမှု၊ ဝေဖန်မှု၊ ဆန့်ကျင်မှုများ ရင်ဆိုင် နေရသူ ဦးမိုးသီးဇွန်နှင့် တွေ့ဆုံ မေးမြန်း ထားသည်များကို စုစည်း ဖော်ပြ လိုက်ပါသည်

မြန်မာပြည် ဒီမိုကရေစီခေတ်ဦးသို့ ရောက်ခဲ့ပြီ ဟု NLD ပြော

" မြန်မာပြည် ဒီမိုကရေစီခေတ်ဦးသို့ ရောက်ခဲ့ပြီ" လို့ သုံးသပ်ထားတဲ့ စာတမ်းတစောင်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာ ၁၅ ရက် နေပြည်တော်မှာကျင်းပတဲ့ ဒီမိုကရေစီနေ့အခန်းအနားကို တင်သွားတဲ့စာတမ်းမှာ အဲဒီလိုသုံးသပ်ထားတာ ဖြစ်ပါတယ်။ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအလွန်မှာ ပြည်သူတစ်ရပ်လုံးပါဝင်ပြိး အနစ်နာခံကြိုးပမ်းမှုကြောင့် ၂၀၁၁-နှစ်ဦးမှာ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံတဲ့ ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းခဲ့တယ်လို့ သုံးသပ်ထားပါတယ်။ ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းမှာတော့ ဗိုလ်ချုပ်ဟောင်း တွေ အများစုပါဝင်တဲ့ အစိုးရအဖွဲ့ကို "ဒီမိုကရေစီ အစိုးရသစ်တစ်ရပ်"၊ လက်ရှိအခြေအနေကို "ဒီမိုကရေစီခေတ်ဦး" အဖြစ် အဖွဲ့ချုပ်က သုံးနှုန်းတာ ဒါပထမ ဆုံးအကြိမ် ဖြစ်တယ်လို့ မှတ်ချက်ပေးပြောဆိုနေပါတယ်။
From-DVB

ပါတီတွင်း သဘောထားကွဲမှု ညှိနှိုင်းဆောင်ရွက်ကြရန် ဦးတင်ဦးပြော

သြဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ပုသိမ် NLD သတင်းစာရှင်းလင်းပွဲကြောင့် ပါတီဝင် ၃ ဦး ပါတီမှ ယာယီ ထုတ်ပယ်ခံရသည် (ဓာတ်ပုံ – ဧရာဝတီ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကျင်းပမည့် ပါတီညီလာခံ ခေါ်ယူရေးအတွက် လူရွေးချယ်ရာတွင် ပြည်နယ်နှင့်တိုင်း အများစု၌ သဘောထား ကွဲလွဲမှုများဖြစ်နေပြီး ထိုဖြစ်စဉ်များကို ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း ပါတီနာယက ဦးတင်ဦးက သတိပေး ပြောဆိုလိုက်သည်။

မုံရွာမြို့နယ်မှူးကို အမျိုးသမီး ၃ ဦး တရားစွဲမည်

ကြေးနီတောင် စီမံကိန်းအရေးတွင် အဖမ်းခံခဲ့ရပြီး စက်တင်ဘာ ၁၄ ရက်နေ့က ပြန်လည်လွတ်မြောက် လာသည့် အမျိုးသမီး ၃ ဦးကို ကြိုဆိုလာစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအရေးတွင် အဖမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အမျိုးသမီး ၃ ဦးက မုံရွာမြို့နယ်မှူးကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။

ကာ/ချုပ်ရုံးရှေ့တွင်ပါ စစ်ရပ်စဲရေး ဆန္ဒပြမည်

ရန်ကုန် (မဇ္ဈိမ) ။       ။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းရှိ လူမှုအဖွဲ့စည်း ၁၉ ဖွဲ့က နေပြည်တော်ရှိ သမ္မတရုံး၊ လွှတ်တော် များရှေ့နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့တို့တွင် ဆန္ဒပြုပွဲများ ပြုလုပ်သွားမည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်းက မဇ္ဈိမကို ပြောသည်။ “စာတင်ထားတယ်။ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ကျနော်တို့လုပ်မှာ” ဟု ကိုဂျော်ဂွန်း ကပြောသည်။

ဖားကန့်မြို့၌ ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနက် ဖားကန့်ဆေးရုံတွင် သုံးဦးသာကျန်ရှိပြီး ကျန်လူနာများ မြစ်ကြီးနားဆေးရုံ၌ တက်ရောက်ကုသနေ

ဖားကန့်မြို့ပေါ်မှ ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနက် ဖားကန့်မြို့နယ်ဆေးရုံတွင် သုံးဦးသာ ကျန်ရှိပြီး ကျန်လူနာများ မြစ်ကြီးနားဆေးရုံသို့ တက်ရောက်ကုသနေကြောင်း ဖားကန့်မြို့မှ ဒေသခံ အချို့က ပြောကြားခဲ့သည်။

ငွေကြေးဆိုင်ရာ မူဝါဒသစ် ကျင့်သုံးရန် စီစဉ်

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေတန်ဖိုး တည်ငြိမ်ရေးအတွက် လွတ်လပ်သည့် ငွေကြေးဆိုင်ရာ မူဝါဒ ကျင့်သုံးရန် မြန်မာနိုင်ငံ ဗဟိုဘဏ်က စီစဉ်နေကြောင်း သတင်းရသည်။ လာမည့် နှစ်ဝက်ခန့်တွင် စတင်သွားမည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှင့် နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်ကို အဓိကထားသည်ဟု ဗဟိုဘဏ် ဒုတိယအကြီးအကဲ ဦးမောင်မောင်ဝင်း က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်း၌ ပါရှိသည်။ ထို့အတွက် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) နှင့် သင်တန်းများ ပေးနေသည်မှာ ပြီး စီး တော့မည်ဟုလည်း ဆိုသည်။

From- ဧရာဝတီ

တိုင်းရင်းသားပေါင်းစုံညီလာခံမှ သဘောထားထုတ်ပြန်

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လူမျိုးအဖွဲ့ပေါင်းစုံတို့၏ ပါဝင်ပတ်သက်မှုနှင့် ညီညွတ်သော ဘုံရပ်တည်ချက်ရရှိရေး ကို ဦးတည်၍ လွတ်မြောက်နယ်မြေတွင် စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်ထိ ကျင်းပခဲ့သော ပြည်တွင်းပြည်ပ တိုင်းရင်းသားပေါင်းစုံ ကိုယ်စားလှယ် ၁၃၀ ကျော်ပါဝင် တက်ရောက်ခဲ့သည့် ညီလာခံမှ အချက် ၈ ချက်ပါ ထုတ်ပြန်ကြေငြာချက်တစ်ရပ်ကို ယနေ့ စက်တင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ထုတ်ပြန်ကြေငြာချက်အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ် သည်။

ရခိုင်သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းကို ရခိုင်အမျိုးသားများက ရန်ကုန် လေဆိပ်တွင်ကြိုဆို

စက်တင်္ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်သွားခဲ့သော ရခိုင်သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းကို ရခိုင် အမျိုးသား ၁၀၀ နီးပါးခန့်က ရန်ကုန် လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

ကြိုဆိုရာတွင် ရခိုင် ရဟန်းတော်များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အဖွဲ့ဝင်များ၊  ရခိုင်ဂီတ အနုပညာရှင်များ၊ လိုင်မြို့နယ်မှ ရခိုင်ရိုးရာ အမျိုးသမီး အကအဖွဲ့ဝင်များနှင့် ရခိုင်တိုင်းရင်း သား စာပေ ယဉ်ကျေးမူ အဖွဲ့မှ အဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

မြေပုံမြို့ နယ် လွှတ်တော် ကိုယ်စားလှယ် လူထုရှင်းလင်းပွဲ လူပေါင်း ၃၀၀ ကျော် တက်ရောက်

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ လွှတ်တော်အမတ် ဦးဖေသန်းက လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲတရပ်ကို စက်တင်္ဘာလ ၁၄ ရက်နေ့က ပြုလုပ်ရာ လူပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့သည်ဟု သိရသည်။
“ ဒီနေ့ နေ့လည် ၁၂ နာရီမှာ လုပ်ပါတယ်။ မြေပုံမြို့ မြို့ဦးဘုရားမှာပါ။ လူပေါင်း ၃၀၀ ကျော် တက်ရောက် နား ထောင်ကြပါတယ်” ဟု ဟောပြောပွဲ တက်ရောက်ခဲ့သူ အမျိုးသမီးတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

နှစ် ၄၀ ကျော်အတွင်း ပထမဆုံ အမျိုးသမီး သံအမတ် ခန့်အပ်

နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ရှိ ဒေါ်ယဉ်ယဉ်မြင့် ဆိုသူ အမျိုးသမီးကို ဘရူနိုင်း ဒါရုဆလမ် နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် သမ္မတ ဦးသိန်းစိန်က ခန့်အပ်လိုက်ကြောင်း ယမန်နေ့က အစိုးရ သတင်းစာများတွင် ဖော်ပြသည်။ ဒေါ်ယဉ် ယဉ်မြင့် သည် နိုင်ငံခြားရေး ဝန်ကြီးဌာန လေ့ကျင့်ရေး၊ သုတေသနနှင့် နိုင်ငံခြားဘာသာ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်ပြီး အိန္ဒိယ နိုင်ငံဆိုင် ရာ မြန်မာသံအမတ် အဖြစ် ခန့်အပ်ခံရသော ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်ပြီးလျှင် နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး အမျိုးသမီး သံအမတ် အဖြစ် ခန့်အပ်ခံရခြင်း ဖြစ်သည်။ ဒေါ်ခင်ကြည် ၁၉၆၀ မှ ၁၉၆၇ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

From- ဧရာဝတီ

ဒေါ်စု အမေရိကန်နိုင်ငံ ရောက်ပြီးသမ္မတ ​ဘားရက်အိုဘားမားနဲ့ တွေ့ မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံကို ​ရောက်ရှိနေပြီးအမေရိကန်သမ္မတ ​ဘားရက် အိုဘားမားနဲ့ ​တွေ့ဆုံမယ်လို့ ​သိရပြီး ​မြန်မာနိုင်ငံတော်သမ္မတ ​ဦးသိန်းစိန် ကလည်း ​အမေရိကန်နိုင်ငံကို ​သီးသန့်စီသွားရောက်ဖို့ ရှိပေမယ့် ​အမေရိကန် သမ္မတနဲ့ ​တွေ့ဆုံမူ ​ရှိမရှိဆိုတာတော့ ​မသိရသေးပါဘူး။

တရုတ်နဲ့ ဂျပန်ကြား စစ်ဖြစ်နိုင်လို့ အမေရိကန်ပြော


တောင်တရုတ်နဲ့ ​အရှေ့တရုတ်ပင် လယ်ပြင်မှာ ​တရုတ်နဲ့ ​ဂျပန်နှစ်နိုင်ငံကြား  ​ပိုင်ဆိုင်မူ ​ဆက်လက် ​အငြင်းပွားနေကြမယ် ဆိုရင် ​နှစ်နိုင်ငံကြား ​စစ်တောင်ဖြစ်လာနိုင် တယ်လို့ ​အမေရိကန် ကာကွယ်ရေးဝန်ကြီးက ​သတိပေးလိုက်ပါတယ်။

မူဆလင်ကမ္ဘာရဲ့ ဒေါသ အိုဘားမား ဘယ်လိုထိန်းမလဲ

အမေရိကန် အလံကို မီးရှို့ ဆန္ဒပြကြတာတွေ
 ဖြစ်နေတော့ လစ်ဗျား တိုက်ခိုက်ခံရမှု အပါအဝင် 
 အမေရိကန် ဆန့်ကျင်ရေး သူပုန်ထမှုဟာ 
အမေရိကန် မဲဆန္ဒရှင်တွေကို
 စိတ်ခြောက်ခြားနေစေပါတယ်
အမေရိကန် သံအမတ် ခရစ်စတီဗန်စ်နဲ့ သံအဖွဲ့ဝင် ၃ ဦးတို့ ကျဆုံး သွားရတဲ့ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံ ရမှု အပါအဝင် အာရပ်မူဆလင် ကမ္ဘာရဲ့ ဒေါသူပုန်ထကြွ တာတွေ ပြီးနောက် မှာ သမ္မတ အိုဘားမားအစိုးရက အထောက် အပံ့တွေပေးနေတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ်ထားတဲ့ မူဝါဒကို အလျင်အမြန် ပြန်လည်သုံးသပ်မှု လုပ်နေရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများ၏ပထမဆုံးကချင်ပြည်နယ်ဖားကန့်ခရီစဉ်


၂၀၁၂ စက်တင်ဘာလ ၁၆ ရက် တွင် ၈၈ မျိုး ဆက်ကျောင်းသား များ ဖြစ်သော ကိုမင်းကိုနိုင်၊ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုသက်ဇော် နှင့်ကိုမာကီ တို့၅ ယောက် သည် ကချင်ပြည်နယ်ဖားကန့်ဒေသ သို့ ငြိမချမ်းရေး ခရီအဖြစ်သွားခဲ့ပါသည်။ လမ်းတလျှောက် KIA အဖွဲ့ဝင် များနှင့် တရင်း တနှီး နုတ်ဆက် စကားများ ပြောခဲ့ပြီး လုံးခင်အ၀င်နားတွင် ထောင်နဲချီသော ပြည်သူများ ကြိုဆိုခဲ့ကြသည်။ထိုမှတဆင့် IDP camp များသို့သွားကာ ဒုက္ခသည်များအား အားပေးစကားပြောခဲ့သည်။ အလုငွေများလည်းပေးခဲ့သည်။

တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့်

တရုတ်အစိုးရအနေဖြင့်လူကုန်ကူးမှု လမ်းကြောင်းအားအနည်းငယ် ဖွင့်ပေး ထားကြောင်းသိရသည့်အတွက်မြန်မာနိုင်ငံ သူနိုင်ငံ သားများ ၏လုံခြုံရေးကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းရန် အရေးကြီး လာကြောင်း မြန်မာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူ ဒေါ်စူစန်နာ လှလှစိုး က ပြောသည်။

တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း



ပြိုးပြိုးပြက်ပြက် ရောင်စုံခြယ် မီးရောင်အောက် တွင် ဆယ်ကျော်သက် လူငယ်များ ပျော်ရွှင် ယစ်မူးစွာ ကခုန်နေကြသည်။ မြူးကြွကြွရက်ပ် သီချင်း အင်္ဂလိပ် စာသားကို ကခုန်ရင်း ပြိုင်တူဟစ် လိုက် သေးသည်။ စကပ်တိုတို၊ အင်္ကျီကျပ်ကျပ် ဆယ်ကျော်သက် မိန်းကလေးများမှာလည်း သီချင်း သံနှင့် အပြိုင် စည်းဝါးညီညီကနေကြသည်။

ရှမ်းတိုင်းရင်းသားများ ဒီိမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်အတူ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်မည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် နိုင်ငံတော်သမ္မတဦးဆောင်သော အစိုးရအဖွဲ့နှင့်အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ တက်ရောက် မည့် ကိုယ်စားလှယ်များစာရင်းတွင် ဦးခွန်ထွန်းဦးအား အမည်စာရင်းထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
From- Eleven Media Group

ABSDF မြောက်ပိုင်း သတ်ဖြတ်မှု အပြည်ပြည်ဆိုင်ရာ တရားရုံးအထိ တက်ရောက်မည် ဟုဆို

မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ကျောင်းသားများကို စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ် ခံခဲ့ရမှုကို ပြည်တွင်းတွင် ဥပဒေနှင့် အညီ တရားစွဲရန် ပြင်ဆင်လျက် ရှိပြီး အကြောင်း အမျိုးမျိုးကြောင့် တရားစီရင်ခြင်း မခံရပါက အပြည်ပြည် ဆိုင်ရာ တရားရုံးထိ တက်ရောက် တရားစွဲဆိုရန် ကြိုးပမ်း စီစဉ်သွားမည်ဟု ယင်းစွပ်စွဲ သတ်ဖြတ်ခံခဲ့ခြင်းမှ လွတ်မြောက် လာခဲ့သည့် ကျောင်းသားဟောင်းများက ထုတ်ဖော် ကြေညာလိုက်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ မကြာမီ သွားရောက်မည်

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် (၉)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည် ပြပွဲ (နန်နင်း)နှင့် တရုတ်-အာဆီယံရင်းနှီးမြုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် (၁၈-၉-၂၀၁၂)ရက်နေ့မှ (၂၂-၉-၂၀၁၂) ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း၊တရုတ်-အာဆီယံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော နန်နင်းကုန်စည်ပြပွဲနှင့် ထိပ်သီး အစည်းအဝေးများတွင် ယခုနှစ်၌ မြန်မာနိုင်ငံသည် Honor Country ဖြစ်သဖြင့်လည်းကောင်း၊

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအတွက် လျာထားရွေးချယ်ခြင်းခံရသော ပုဂ္ဂိုလ်များ တွေ့ဆုံညှိနှိုင်းပွဲ

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအတွက် လျာထားရွေးချယ်ခြင်းခံရသော ပုဂ္ဂိုလ်များ တွေ့ဆုံညှိနှိုင်းပွဲကို ယနေ့နံနက် (၁၀)နာရီမှ စတင်၍ ချတ်ထြီယန်ဟိုတယ် Ball Room(1) တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်လည်း အခမ်းအနားသို့ တက်ရောက်လာပြီး အဖွင့်အမှာ စကားပြော ကြားပြီးနောက် ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။ ထို့နောက် ဆန္ဒမဲပေးရွေး ချယ်ခြင်းပြု လုပ်ပြီးေ နာက်၊ ထိုအခမ်းအနားသို့ရောက်ရှိနေကြသော သတင်းထောက်များ ခန်းမပြင်ပသို့ ထွက်စေပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအတွက် လျာထားရွေးချယ်ခြင်းခံရသော ပုဂ္ဂိုလ် များ နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့ တံခါးပိတ်ဆွေးနွေးညှိနှိုင်းနေကြကြောင်းသတင်း ရရှိ သည်။

 From-  Popular Myanmar News Journal

မလေးသွား မြန်မာ-ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၅ဦးဖမ်းဆီးခံရ

မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ်မြို့ ကော့စ် ဘဇားခရိုင်တက် ကနက်မြို့နယ် အတွင်းမှ မလေးရှားသို့တရားမ၀င် ထွက်ခွာရန် ကြိုးစား ခဲ့သူ မြန်မာ-ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား  ၂၅ဦးကို ဘီဂျီဘီအမှတ်(၂၄) တပ်ဖွဲ့မှယမန်နေ့က ဖမ်းဆီးလိုက်သည်။
တက်ကနက်မြို့နယ်ရှိ ဂျာလီယာရွာပွိုင့် ရှာပူရီကျွန်းမှ စက်တင်ဘာ ၁၆ရက်နေ့ မနက်အာရုဏ် ၃နာရီအချိန်တွင် ငါးဖမ်းဘုတ်တ စီးဖြင့်ထွက်ခွားနေစဉ် ကင်းလှည့်နေသော ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့်တပ် ဘီဂျီဘီအမှတ် (၄၂)တပ်ဖွဲ့ လျှို့ဝှက်သတင်းအရ လိုက်လံဖမ်းဆီးခြင်း ဖြစ်သည်။

တော်ဝင်မင်းသမီး ကိတ်က ဓါတ်ပုံကိစ္စ ကို တရားစွဲမယ်



လွန်ခဲ့တဲ့ သတင်းပတ်က ဗြိတိန် တော်ဝင်မင်းသား ၀ီလျံနဲ့ ကြင်ယာတော် ကိတ်တို့ ၂ ဦး မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကို ရောက်နေတုန်း မင်းသမီး ကိတ်ရဲ့ အပေါ်ပိုင်း ဗလာကျင်းနေတဲ့ ဓာတ်ပုံတွေကို ပြင်သစ် အ၀ါရောင် မဂ္ဂဇင်း တခုဖြစ်တဲ့ French Closer မှာ ဖော်ပြခြင်း ခံခဲ့ရပါတယ်။

ကေအိုင်အေကို "ဝ" စစ်တပ် ထိုးစစ်ဆင်မည်

သမ္မတ အမိန့်အောက်မှာစစ်တပ်အနေနဲ့ကလည်း သမ္မတ အမိန့်နဲ့ သာ ရှေ့မတိုးပဲ ထိုးစစ်အရှိန်ရပ်လိုက် ရတာကို ခံပြင်းနေခဲ့တာကြာ ပါပြီ..။အောင်ပွဲဆက်တိုက်ရလာပြီးမှာ ရန်သူဌာနချုပ်အားသိမ်းခါနီး အချိန်လေးကို နိုင်ငံတော်အမိန့်နဲ့ ထိုးစစ်ရပ်ပြီး ခံစစ်ပြောင်းလိုက်ရတာ ကမ္ဘာ့စစ်သမိုင်းမှာ မြန်မာ တနိုင်ငံပဲရှိတာကို တွေ့ရပါ့ မယ်..။

ရဲဘော် သုံးကျိတ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏သား ဦးအောင်ကျော်ဇောနှင့် တွေ့ဆုံခြင်း


“တိုင်းပြည်ကို တိုးတက် ပြောင်းလဲ စေချင်တယ်ဆိုရင်၊ နိုင်ငံတကာမှာ မျက်နှာပန်း လှချင်ရင် ပြည်တွင်း စစ်ကို မုချ ရပ်စဲ ရမယ်”မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် တပ်မတော်ဖွဲ့ရန် ဂျပန်နိုင်ငံသို့ စစ်ပညာ သွားရောက် သင်ယူခဲ့သည့် ရဲဘော်သုံးကျိတ် အဖွဲ့ဝင်များတွင် သက်ရှိ ထင်ရှား ကျန်ရှိနေသေးသူ နှစ်ဦး အနက် တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာနို င်ငံ ပြန်လာ ရန် နိုင်ငံတော် သမ္မတက

တရုတ်တို့ ကြည်း၊ရေ၊လေ စစ်ရေး လေ့ကျင့်နေမှုများ


 ယခုရက်ပိုင်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် စစ်ရေးလေ့ကျင့်မှုအကြီးစားများ ပြုလုပ်လျက်ရှိရာ တရုတ် ကြည်း၊ရေ၊ လေ စစ်ရေးလေ့ကျင့်မှုများအား ယခုကဲ့သို့ တွေ့မြင်ရသည်။

ပိုဆိုးလာတဲ့ကချင်ပြည်နယ်

KNG ၊ ဧရာဝတီ၊ မဇ္ဈိမနဲ့ ရှမ်းသံတော်ဆင့် သတင်းမီဒီယာ blog တွေမှာ မကြာမကြာဖော်ပြနေတဲ့ လူပြောသူပြောများတဲ့ ကချင်ပြည်နယ်ဘက် ကို ပြီးခဲ့တဲ့အပတ်က ဖားကန့်မှာကျောက်လုပ်နေတဲ့ ကျွန်တော့် ဦးလေးတွေနဲ့ သွားဖြစ်တယ်။ သူတို့လည်း နယ်မြေ အခြေအနေကြည့် ရင်း ဒုက္ခသည်တွေကို လှူရင်းတန်းရင်း အတူတူသွားခဲ့ကြတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကတော့ စစ်ရေးအခြေအနေမကောင်းလို့ ခဏရပ်ထားရတယ်။ ဟိုရောက်မှပဲ ကြောက်

အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှုခံစားသည့် အမျိုးသားများ၏ ကျန်းမာရေးကောင်းမွန်နိုင်

လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီ  ကြည့်ရှုခံစားခြင်းသည် အမျိုးသားများအတွက် ကျန်းမာရေးကောင်းမွန်စေကြောင်း သိရှိရသည်။
ယင်း အလေ့အကျင့်ကြောင့် ရရှိလာသည့် လှုံဆော်မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဒေါက်တာ ကာရန် ၀ီသာဘီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟံသာဝတီလေဆိပ် တည်ဆောက်ရန် အကြိုအရည်အချင်းစစ်ဆေးသည့် လျှောက်လွှာအား နိုင်ငံ ၁၂ နိုင်ငံမှ ကုမ္ပဏီ၂၁ ခု လျှောက်ထားရာတွင် မြန်မာကုမ္ပဏီတစ်ခုသာ ပါဝင်

ဟံသာဝတီလေဆိပ်တည်ဆောက်ရန် ကုမ္ပဏီများအား အကြိုအရည်ချင်းစစ်ဆေး သည့် လျှောက်လွှာ အား နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီ ၂၁ ခု လာရောက်လျောက်ထားခဲ့ပြီး ယင်းကုမ္ပဏီများ ထဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီတစ်ခုသာ ပါဝင်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရသိရပါသည်။

အမေရိကန် တပ်သား အယောင်ဆောင် ပြီး တိုက်ခိုက်မှု ကြောင့် ဗြိတိသျှ စစ်သား လေးဦး နှင့် မရိန်း နှစ်ဦး သေဆုံး

၊အာဖန်ဂန်နိုင်ငံ၊ ဟဲမန့်ပြည်နယ် Nahr-e Saraj ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်တွင်ရဲ တပ်ဖွဲ့  ၀တ်စုံ ၀တ်ဆင်ထား သည့် တာလီဘန် အကြမ်းဖက်သူတို့  ၏ တိုက်ခိုက် မှုကြောင့်အမှတ်(၃)ရှော့ရှိုင်း ယား ဗြိတိသျှတပ်ဖွဲ့ဝင် နှစ် ဦး နှင့် အမေရိကန် စစ်သား လေးသေ ဆုံးခဲ့ကြောင်း  Fox News  ရုပ်သံမှကြေညာခဲ့သည်။

မြဝတီမြို့တွင် ဇနီမောင်နှံနှစ်ယောက်အား ထော်လာဂျီနဲ့ အတိုက်ခံရသဖြင့် ဇနီးသေဆုံး

မဝတီမြို့ မဲထော်သလေးလမ်းဘောက် ၌ စက်တက်ဘာ (၁၆)ရက်နေ့က ညနေ(၇)နာရီခွဲတွင် စိုက်ပျိုးရေးခြံမှ  ပြန်လာသော ဇနီးမောင်နှံနှ စ်ယောက်ကို ထော်လာဂျီနှင့်တိုက်မိသောကြောင့် ဇနီးသည်မှာယင်းနေ ရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထော်လာဂျီနှင့် အတိုက်ခံရသော ဇနီးမောင်နှံနှစ်ယောက် ကို မြဝတီဆေးရုံ ကိုရောက်အောင် ပါဝင်ကူညီ လုပ်ဆောင်ပေးေ သာ မြဝတီမြို့ စေနာ နာရေး ကူညီမှုအသင်း ဥက္ကဌ ဦးလှထွန်းက ထော်လာဂျီနဲ့ ဘယ်လိုမျိုးအတိုက်ခံ ရတာကို ပြောပြသွားပါတယ်။

မလေးရှားတွင် ရခိုင်အမျိုးသားတစ်ဦး လုယက် အရိုတ်ခံရ


မလေးရှားနိုင်ငံ KL""ကိုတာယာရာ""  ဇေယျာစားသောက်ဆိုင် (မြန်မာဆိုင်) အနီးတွင်ရခိုင်အမျိုးသားတစ်ဦးကို လူအုပ်တစ်စုက ရိုတ်နှက် လုယက်သွာကြောင်း သတင်းရရှိသည်။

ဖြစ်ပုံမှာ ၁၆.၉.၂၀၁၂   နေ့ လည်းပိုင်လောက်မြန်မာဆိုင်များ က ဈေးဝယ် လိုပြန်လာရင်းလူအုပ်တစ်ခု ပြေးဝင်လာပြီး  ဖုန်း နဲ့  ငွေများကို လုယူသွာကြောင်းသိရသည်။

၈ ရက်အတွင်း ဒုတိယအကြိမ်မြောက် အရေးပေါ် လှေကားပြုတ်ပြီး လူသေဆုံးမှု (သတင်းအပြည့်အစုံ)

၈ ရက်အတွင်း ဒုတိယအကြိမ်မြောက် အရေးပေါ်လှေကားပြုတ်ပြီး လူသေဆုံးမှု ကမာရွတ်မြို့နယ်အတွင်းရှိ အထပ်မြင့် အဆောက် အဦ တစ်ခုတွင် စက်တင် ဘာလ ၁၆ရက် နေ့ ညနေ ၄နာရီ ၃၀မိနစ်အချိန် ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ အမှတ်(၁)အထပ် သားစက်ရုံ၊ ဓားသွေးဝန်ထမ်းဖြစ်သူ ဦးသန်းဝင်း (၃၅နှစ်) ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူသည်

စက်တင်ဘာလ၂၂ရက်နေ့တွင် ကျပ် ၅၀၀၀ တန်ငွေဖြည့်ကတ် စတင်ရောင်းချမည်

ကျပ်ငါးထောင်တန် ကြိုတင်ငွေဖြည့်ကတ်များကို စက်တင်ဘာ တတိယပတ်အတွင်း စတင်ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ် များနှင့် ပက်သက်ပြီး E-Lite မှ တာဝန်ရှိသူတစ်ဦးက ''အမြန်ဆုံး ရောင်းနိုင်အောင် ပြုလုပ်နေ ပါတယ်။ တစ်ခုတည်းက ထုတ်မှာမဟုတ်ပါဘူး။ နောက်ထပ် ကုမ္ပဏီနှစ်ခုကလည်း ထုတ်မှာပါ။ ထုတ်တဲ့ကတ် တိုင်းမှာ ထုတ်တဲ့ကုမ္ပဏီအမှတ်အသား ပါမှာပါ''ဟု ပြောကြားသည်။ ကျပ် ၅၀၀၀ တန် ကြိုတင်ငွေ ဖြည့် ကတ်များ၏ အရောင်မှာ CDMA 800 mhz သည် ခဲရောင်ဖြစ်၍ 450 mhz ဆိုလျှင် ရွှေဝါရောင်ဖြစ်ပြီး GSM ဆိုလျှင် စိမ်းပြာရောင်ဖြစ်ကြောင်း သိရသည်။

From- Eleven Media Group

ဟင်္သာတမြို့က အလောင်းစွန့်ပစ်မှု မြို့ခံများ အထူးစိတ်ဝင်စား

ကျော်ခ ရေးသားပေးပို့သည်။

ဟင်္သာတမြို့တွင် လူသေလောင်းတခု ဖျောက်ဖျက်ရန် ကြိုးစားမှု တခု ဖြစ်ပွားခဲ့တယ်လို့ သတင်းရပါတယ်။

ဟင်္သာတမြို့၊ လက်သမားရပ်ကွက်၊ တာကြီးတန်းနှင့် ဦးရွှေဒွေးလမ်းဆုံရာ ဂုံးဘေးနားရှိ တာဘေးသို့ စက်တင် ဘာ လ ၁၅ ရက်နေ့ည ၉ နာရီခွဲလောက်က ဆိုက်ကား တစီးနှင့် လူသေလောင်း တခုကို လာရောက် ပစ်ချရာ တွင် အနီးပတ် ၀န်းကျင်မှ နေထိုင်သူများ တွေ့ရှိပြီး ဆိုက်ကား သမားကို ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိပါ တယ်။

ကန်စွန်းရွက် စားခြင်း အကျိုးကျေးဇူး



ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ.....(ကောင်းလွန်လို့  နေတိုင်းတောင် စားသင့်ပါသည် လို့ အကြံပြု့ပါသည် )

သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့်ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ "ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ" ဆိုပြီး မညည်း တွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်ေလ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံ ဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။

မင်းသား ဟယ်ရီကို တာလီဘန်တွေ ပစ်မှတ်ထား တိုက်ခိုက်နေ




ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ ဟယ်လီကော်ပတာ ( ရဟတ် ယာဉ်) မောင်းသူ အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတာကို တာလီဘန်တွေက သူ့ကို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။

နယ်စည်းမခြား ဝန်ကြီး” ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း (တတိယပိုင်း)

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း
တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိက လုပ်ဆောင်နေသူတဦးဖြစ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် သြဂုတ်လကုန်တွင် သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးတဦး အဖြစ် ခန့်အပ်ခြင်းခံရသည်။ ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ လည်း ဖြစ်သူ ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော် တို့ နေပြည်တော် တွင် တွေ့ဆုံမေးမြန်းခဲ့သည်။ မိမိကိုယ်ကိုယ်

၁၇-၉-၂၀၁၂ ရက်နေ့သတင်းများ

- ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင် click
- ကိုယ်ထူကိုယ်ထ LA မြန်မာတို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ လက်မှတ်တွေ ထုတ်ယူနိုင်ပြီ click
- မင်းကိုနိုင် အမေရိကန်ခရီးစဉ် ဘာကြောင့် ဖျက် click
- ၇၃ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားအား နယူးယောက်တွင် မြန်မာတိုင်းရင်းသားများမှ စက်တင်ဘာ ၁၅ ရက်နေ့က စုပေါင်းကျင်းပ click
- Mr. Joseph Y.Yun နှင့်အဖွဲ့က နယ်စပ်တံခါးများ ဖွင့်လှစ်ပေးထားရန် ဘင်္ဂလာကို ဖိအားပေးခဲ့ click
- မြန်မာနိုင်ငံအတွင်း နေထိုင်သူ ဘင်္ဂလီ ၆ ဦး ရာဘားနှင့် ဘိန်းဖြူ ဘင်္ဂလာက ဖမ်းဆီးရမိ click
- ဗုဒ္ဓသာသနာ ထွန်းလင်းရန် အမရီလိုက ကြေးစည်သံ click
- ဘူးသီးတောင်-မောင်တောတွင် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် ၃ ရက်ကြာ မေးမြန်းစစ်ဆေး click
- မောင်တောတွင် ဘင်္ဂလီများ၏ တိုက်ခိုက်ခြင်းခံရသော လင်မယားနှစ်ဦးအား ဘူးသီတောင်ဆေးရုံသို့ ပြောင်းရွှေ့ click
- ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆက်လက် ဆန္ဒပြ click
- US သံရုံးများကို ထပ်မံတိုက်ခိုက်ကြရန် အယ်လ်ကိုင်ဒါအဖွဲ့က တောင်းဆို click
- အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနား နေပြည်တော်တွင် ကျင်းပ click 
- ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားဖို့ လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား click
- "ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ" ဆွေးနွေးပွဲ ကျင်းပ click
- အမိမြေ ငြိမ်းချမ်းရေးအဖွဲ့ကို ကြိုဆိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောဆို click


ကိုယ်ဝန်ဆောင်ကချင်တိုင်းရင်းသူ KIA က စစ်သားအဖြစ် အဓမ္မစုဆောင်း(From -RFA)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာ ဖော်ဒေါင်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ထောင်ရှိ ကိုယ်ဝန်ဆောင် ကချင်တိုင်းရင်းသူ မဂျာဒွဲနူးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အခုလ (၁) ရက်နေ့က စစ်သားအဖြစ် အဓမ္မစုဆောင်းသွားခဲ့ချိန်ကစလို့ ဘာသတင်းမှ မရရှိတော့တာကြောင့် မိသားစုဝင်တွေ အထူးစိုးရိမ် ပူပန်နေကြတယ်လို့ သိရပါတယ်။

မြန်မာ ပင်လုံလို ညီလာခံခေါ်ယူဖို့ တိုင်းရင်းသားတွေ တိုက်တွန်း

တိုင်းရင်းသား လူမျိုးများ ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပနေစဉ်။ (စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂)
 မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပပြီး ဆွေးနွေးအဖြေရှာမယ် ဆိုရင် ညီလာခံ ဖြစ်မြောက်ရေး အတွက် ညှိနှိုင်းစဉ်ကာလတည်းက တိုင်းရင်းသား လူမျိုးစုတွေ ပါဝင်ခွင့်ရဖို့ လိုအပ်ကြောင်း တိုင်းရင်းသားလူမျိုးများ ညီလာခံအပြီးမှာ ထုတ်ပြန် လိုက်ပါတယ်။ တနင်္ဂနွေနေ့ ညနေပိုင်းက ပြီးဆုံးသွားတဲ့ တိုင်းရင်းသားလူမျိုးများ ညီလာခံက နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ် ၆

ဆီးရီးယား အစိုးရအတွက် အီရန်စစ်တပ် အကူအညီပေး

အီရန် တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ တပ်မှူး Mohammad Ali Jafari အီရန်နိုင်ငံ တီဟီရန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (စက်တင်ဘာလ၁၆ရက်၊၂၀၁၂)  
အီရန်နိုင်ငံရဲ့ တော်လှန်ရေး ပြည်စောင့် အထူးတပ်က ဆီးရီးယား နိုင်ငံမှာ စစ်ဘက်နဲ့ မဆိုင်တဲ့ အကူအညီတွေကို ပေးအပ်နေတဲ့ အကြောင်း အီရန်က ပြောလိုက်ပါတယ်။ အနီးစပ်ဆုံး မဟာမိတ်ဖြစ်တဲ့ ဆီးရီးယားအပေါ် ပြင်ပက တိုက်ခိုက်မှုတွေ လုပ်လာမယ် ဆိုရင်တော့ စစ်ရေးအရ ပါဝင်ကူညီကောင်း ကူညီသွားမယ်လို့လည်း ပြောဆိုခဲ့တာပါ။

အာရှဒေသ နယ်မြေအငြင်းပွားမှု ကြီးထွားလာမှာ အမေရိကန် စိုးရိမ်

ဂျပန်နိုင်ငံ တိုကျိုမြို့၊ ယိုကိုတ လေတပ်စခန်းကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta (လယ်) ဆိုက်ရောက်လာစဉ်။ (စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၂)အာရှ-ပစိဖိတ် ဒေသက နယ်မြေပိုင်နက် အငြင်းပွားမှုတွေဟာ ပဋိပက္ခတွေကို ဦးတည်ပြီး ပျံ့နှံ့လာမှာ စိုးရိမ်မိတဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta ကပြောပါတယ်။ သီတင်းတပတ်ကြာ ဒေသတွင်း ခရီးစဉ်အစ အဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့ကို တနင်္ဂနွေနေ့က ရောက်မလာခင်မှာပဲ ကာကွယ်ရေး ၀န်ကြီးက သတင်းထောက်တွေကို ပြောလိုက်တာပါ။

စက်တင်ဘာလ၂၂ရက်နေ့တွင် ကျပ် ၅၀၀၀ တန်ငွေဖြည့်ကတ် စတင်ရောင်းချမည်


ကျပ်ငါးထောင်တန် ကြိုတင်ငွေဖြည့်ကတ်များကို စက်တင်ဘာ တတိယပတ်အတွင်း စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်များနှင့် ပက်သက်ပြီး E-Lite မှ တာဝန်ရှိသူတစ်ဦးက ''အမြန်ဆုံး ရောင်းနိုင်အောင် ပြုလုပ်နေပါတယ်။ တစ်ခုတည်းက ထုတ်မှာမဟုတ်ပါဘူး။ နောက်ထပ် ကုမ္ပဏီနှစ်ခုကလည်း ထုတ်မှာပါ။ ထုတ်တဲ့ကတ် တိုင်းမှာ ထုတ်တဲ့ကုမ္ပဏီအမှတ်အသား ပါမှာပါ''ဟု ပြောကြားသည်။
ကျပ် ၅၀၀၀ တန် ကြိုတင်ငွေ ဖြည့်ကတ်များ၏ အရောင်မှာ CDMA 800 mhz သည် ခဲရောင်ဖြစ်၍ 450 mhz ဆိုလျှင် ရွှေဝါရောင်ဖြစ်ပြီး GSM ဆိုလျှင် စိမ်းပြာရောင်ဖြစ်ကြောင်း သိရသည်။
From-ElevenMediaGroup