Thursday, July 31, 2014

ဂါဇာရှိ စာသင်ကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကို စုံစမ်းမည်ဟု အစ္စရေးကြေညာ

ဂါဇာရှိ ကျောင်းတစ်ကျောင်းတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုအတွက်စုံစမ်းသွားမည်ဖြစ်ပြီး မိမိတို့မှားယွင်းပစ်ခတ် ခဲ့ကြောင်း သေချာ ပါက တောင်းပန်သွားမည်ဟု အစ္စရေးက ကြေညာခဲ့သည်။ဟားမားစ် ပြောက်ကျားများနှင့် အစ္စရေးတို့ကြား တိုက်ပွဲများ ပြင်းထန်နေရာ စစ်ပြေးဒုက္ခသည် ယာယီစခန်း တစ်ခုအဖြစ် အသုံးပြုထားသည့် ကျောင်းတစ်ကျောင်းပေါ် လက်နက်ကြီးကျည်ဆန် ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုလက်နက်ကြီး ပစ်ခတ်မှုသည် အစ္စရေးတို့၏ လက်ချက်ဟု ပါလက်စတိုင်းတို့က စွပ်စွဲထားသည်။“ကျွန်တော်တို့ ဒီကိစ္စကို စုံစမ်းပါမယ်။ အစ္စရေးမှာ မူဝါဒတစ်ခု ရှိပြီးသားပါ။ အရပ်သားတွေကို ကျွန်တော်တို့ ပစ်မှတ်ထား တိုက်ခိုက်မှာ မဟုတ်ဘူး”ဟု အစ္စရေး အစိုးရ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က BBCသို့ ပြောကြားခဲ့သည်။ ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့က လူ(၁၆)ဦးထက်မနည်း သေဆုံးစေခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကို ရှုတ်ချထားသည်။ အစ္စရေးက မိမိတို့၏ စစ်တပ်သည် ဂျာဘာလီယာရှိ စာသင်ကျောင်း အနီးတဝိုက်မှ မော်တာ ပစ်ခတ်မှုများကို တုံ့ပြန်ခဲ့ကြောင်း အတည်ပြုထားသည်။

Super Junior အဖွဲ့ခေါင်းဆောင် လီတက်ခ် စစ်မှုထမ်း ကာလပြီးဆုံး

31jl4
Super Junior အဖွဲ့ခေါင်းဆောင် လီတက်ခ်သည် ဇူလိုင်၂၉ရက် မနက်တွင် စစ်မှုထမ်း ကာလ တရားဝင် ပြီးဆုံးပြီ ဖြစ်၍ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဟု k pop net တွင် ရေးသား ထားသည်။ လီတက်ခ်သည် ပရိတ်သတ်များ၏ ဂုဏ်ပြု ကြိုဆို နှုတ်ဆက်သော အခမ်းအနား မပါဘဲ ၎င်း၏ ဆန္ဒအလျောက် နေအိမ်သို့ တိတ်တဆိတ် ပြန်လာခဲ့ခြင်းဖြစ်သည်။
လီတက်ခ်သည် အရေးမကြီးသော ကိစ္စအား ပုံကြီးမချဲ့ လို၍ ထိုသို့ တိတ်တဆိတ် ပြန်လာ ခဲ့ခြင်းဖြစ်ပြီး ၎င်းအပြန်အား စောင့်ဆိုင်းနေကြသည့် ပရိတ်သတ် အချို့နှင့် သတင်းထောက် များမှာမူ ၎င်းအား မမီလိုက်၍ အနည်းငယ် စိတ်ပျက် ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ ၎င်းသည် ယင်းနေ့ ညနေပိုင်းတွင် fan meeting တစ်ခု ပြုလုပ်ပြီး ပရိသတ်များကို တရားဝင် တွေ့ဆုံနှုတ်ဆက်မည်ဟု ပြောကြား ခဲ့ခြင်းကြောင့် ပရိသတ်များ ပြန်လည် အားတက် ခဲ့သည်ဟု ဆိုထား သည်။

အရှေ့တောင်အာရှလူငယ်ဘော်လီဘောပြိုင်ပွဲအတွက် မြန်မာအသင်းပြင်ဆင်

Photo: အရှေ့တောင်အာရှလူငယ်ဘော်လီဘောပြိုင်ပွဲအတွက် မြန်မာအသင်းပြင်ဆင်
==================================================

နေပြည်တော်    ဇူလိုင်   ၃ဝ

အရှေ့တောင်အာရှ လူငယ် အမျိုးသား အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး သြဂုတ် ၂ ရက်မှ ၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပသွားမည်ဖြစ် သည်။

အဆိုပါပြိုင်ပွဲကို အိမ်ရှင်မြန်မာအသင်းက အမျိုးသားပြိုင်ပွဲ၌ နှစ်သင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တစ်သင်းတို့ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသားပြိုင်ပွဲ တွင် မြန်မာ(က)၊ မြန်မာ(ခ)၊ ထိုင်း၊ ဗီယက်နမ်၊ နယူးဇီလန်၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ယှဉ်ပြိုင်မည်ဖြစ်ကာ ပတ်လည်စနစ်ဖြင့် ကစားပြီး အမှတ်အများဆုံးအသင်းက ဗိုလ်စွဲမည်ဖြစ်သည်။ မြန်မာလူငယ်အသင်းများ    အောင်မြင်မှုရရှိရေးအတွက်လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်လျက် ရှိပြီး မြန်မာနည်းပြများက ကိုင်တွယ်လျက်ရှိသည်။

ပြိုင်ပွဲဝင်မည့် မြန်မာလူငယ်အမျိုးသား(က)အသင်းတွင် အုပ်ချုပ်သူ ဦးမျိုးဝဏ္ဏထွန်း၊ နည်းပြချုပ် ဦးကျော်စွာဝင်း၊ လက်ထောက်နည်းပြ ဦးလွှမ်းမိုး၊ ကစားသမားများအဖြစ် ဇော်မျိုး၊ ခွဲခြားမောင်၊ ဇော်ထက်ဝေ၊ သွင်ထူးဇင်၊ ရဲနောင်ထွန်း၊ ဇော်ဝင်းလှိုင်၊ ဇော်မျိုးလင်း၊ မင်းကျော်သူ၊ နေလင်းအောင်၊ ငြိမ်းချမ်းအောင်၊ မျိုးမင်းဦး၊ မျိုးမင်းသူ၊ အမျိုးသား(ခ)အသင်းတွင် အုပ်ချုပ်သူ ဦးထွန်းငွေ၊ နည်းပြချုပ် ဦးရဲမြင့်၊ လက်ထောက်နည်းပြဦးတင့်ဝေ၊ ကစားသမား ရဲစည်သူ၊ ပြည့်စုံစိုး၊ တိုးမင်းမောင်၊ အောင်နိုင်ချစ်၊ ခွန်ဘိုဘို၊ ရန်ပိုင်၊ ဇော်လွင် ထွန်း၊ စံညွန့်မောင်၊ သက်အောင်၊ မင်းသိန်းဦး၊ နိုင်ထက်အောင်၊ ပြည့်စုံအောင်၊ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ ဒေါ်မာမာနိုင်၊ နည်းပြချုပ် ဦးသိန်းဆွေ၊ လက်ထောက်နည်းပြ ဦးကျော်စိုးအောင်နှင့် ဦးကျော်မိုးနိုင်၊ ကစားသမား ချိုချိုဝင်း၊ ခင်သက်ဝေ၊ ဥမ္မာသန်း၊ အေးနန္ဒာမြင့်၊ ဇာဇာလှိုင်၊ ဖြူသွယ်စိုး၊ အိနန္ဒာ၊ ထက်ထက်လင်း၊ သီတာလွင်၊ ဖီစီ၊ ညိုမာထွန်းနှင့်ဆုဆုဝေလွင် တို့ပါဝင်ကြသည်။
(ရှိုင်းထက်ဇော်)
အရှေ့တောင်အာရှ လူငယ် အမျိုးသား အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး သြဂုတ် ၂ ရက်မှ ၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပသွားမည်ဖြစ် သည်။အဆိုပါပြိုင်ပွဲကို အိမ်ရှင်မြန်မာအသင်းက အမျိုးသားပြိုင်ပွဲ၌ နှစ်သင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တစ်သင်းတို့ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသားပြိုင်ပွဲ တွင် မြန်မာ(က)၊ မြန်မာ(ခ)၊ ထိုင်း၊ ဗီယက်နမ်၊ နယူးဇီလန်၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ယှဉ်ပြိုင်မည်ဖြစ်ကာ ပတ်လည်စနစ်ဖြင့် ကစားပြီး အမှတ်အများဆုံးအသင်းကဗိုလ်စွဲမည်ဖြစ်သည်။ မြန်မာလူငယ်အသင်းများ အောင်မြင်မှုရရှိရေးအတွက်လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်လျက် ရှိပြီး မြန်မာနည်းပြများက ကိုင်တွယ်လျက်ရှိသည်။

လယ်သမားများအတွက် ကန်ဒေါ်လာ သန်း ၁၀၀ လယ်ယာသုံးစက်များ ရောင်းပေးရန် အတည်ပြု



တောင်သူလယ်သမားများကို အမေရိကန်ဒေါ်လာသန်း ၁၀၀ ဖိုးရှိ ကိုရီးယားနိုင်ငံထုတ် လယ်ယာသုံး စက်ကိရိယာများကို နှစ်ရှည် အရစ်ကျပေးသွင်းသည့်စနစ်ဖြင့် ရောင်းချပေးနိုင်ရန် သဘောတူညီချကများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ပေးလိုက်သည်
“ပြန်လည်ရောင်းချရာတွင် လက်ရှိကျင့်သုံးနေတဲ့ ကြိုက်ရောင်း ကြိုက်ဝယ်မူကို အခြေခံပါမယ်။ ရောင်းချပြီးနောက် စက်ပစ္စည်းအမျိုးအစားအလိုက် အာမခံကာလသတ်မှတ်ပြီး ၀န်ဆောင်မှုပေးပါမယ်”ဟု သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးကျော်ဆန်းက လွှတ်တော်တွင် ရှင်းပြသည်။

လိုင်လီတိုက်စစ်မှူး အိုရီဂီအား လီဗာပူးစာချုပ်ခေါ်ယူ



ပရီမီယာလိဂ်ကလပ် လီဗာပူး အသင်းသည် ပြင်သစ်ပထမတန်း ကလပ် လိုင်လီအသင်းမှ ဘယ်လ်ဂျီယံ တိုက်စစ်မှူး အိုရီဂီအား ပြောင်းရွှေ့ ကြေးပေါင် သန်း ၁ဝ(ယူရို ၁၂ သန်း)ဖြင့် ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီဖြစ်ပြီး ယခု လက်ရှိတွင် လိုင်လီအသင်းသို့ အငှား ချထားလျက်ရှိသည်။ လိုင်လီအသင်း သို့ အငှားချထားသော်လည်း ၂ဝ၁၅ ခုနှစ်တွင် လီဗာပူးအသင်းသို့ ပြန် လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

အော်ရီဒူးဖုန်းလိုင်းများ သြဂုတ် ၁၅ ရက်မတိုင်ခင် Error များရှိနိုင်

အော်ရီဒူးဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း ကြိုတင်ရောင်းချမှုများရှိနေသော်လည်း အမှန်တကယ်ရောင်းချမည့် နေ့ရက်မှာ သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်သည့်အတွက် အဆိုပါနေ့ရက်မတိုင်ခင် အသုံးပြုသူများသည် Error များနှင့် ကြုံတွေ့နိုင်ကြောင်း ကြေညာထားရှိသည်။အော်ရီဒူး၏ Call Center နံပါတ်သည် ၂၃၄ ဖြစ်ပြီး အသုံးမှု အခက်အခဲများနှင့် ကြုံတွေ့ရပါက အဆိုပါနံပါတ်ဆီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ အော်ရီဒူးဖုန်းလိုင်းများသည် ၃ လအတွင်း သုံးစွဲခြင်းမရှိပါက လိုင်းပိတ်သိမ်းခံရမည်ဖြစ်ပြီး ဆင်းမ်ကတ်များကို မှတ်ပုံတင်မိတ္တူပါရှိမှသာ ရောင်းချ သည်ဟုသိရသည်။ လက်ရှိကြိုတင်ရောင်းချပေးနေသည့် အော်ရီဒူး မိုဘိုင်းဆင်းမ်ကတ်များသည် သတ်မှတ်ထားသည့် ၁၅ ရက်နေ့မတိုင်ခင် ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာကို အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည့်အပြင် အမျိုးအစားတူ ဆင်းမ်ကတ်များအချင်းချင်း မိနစ် ၉၀၀ အခမဲ့ဖုန်းလိုင်းခေါ်ဆိုခြင်းနှင့် စာတိုစနစ် အစောင် ၉၀၀ ပေးပို့ခွင့်တို့ပါရှိသည်။

စစ်မှုထမ်းဟောင်း၏ လယ်ယာမြေ သိမ်းဆည်းခံ လယ်သမား ၁၉ ဦး ငါးခိုးမှုဖြင့် ဖမ်းဆီးခံထားရ

စစ်မှုထမ်းဟောင်း အဖွဲ့က လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းနှင့် အိမ်မဲမြို့နယ်မှ လယ်သမား ၁၉ ဦး ငါးခိုးမှုဖြင့် စွပ်စွဲ ဖမ်းဆီး ခံထားရကြောင်း သိရသည်။ထို လယ်သမားများသည် စပါးစိုက်ပျိုးရန် လယ်ထဲသို့ ရေမောင်းသွင်းသည်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်မှုထမ်း ဟောင်း အဖွဲ့ထံမှ လယ်ယာမြေများ အငှားယူ လုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးလှအောင် ဆိုသူက ငါးခိုးသည်ဟု စွပ်စွဲ တိုင်ကြားရာ ရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ လတ်တလော၌ ပန်းတနော်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း လယ် သမားများအား လိုက်ပါ ကူညီပေးနေသည့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေး အဖွဲ့ဝင် ကိုဇော်ဇော်က ဧရာဝတီ သို့ ပြောသည်။“လယ်သမားတွေက ပြီးခဲ့တဲ့ နွေစပါးစိုက်တုန်းက စပါးစိုက်ဖို့ ချောင်းထဲက ရေကို စက်နဲ့ မောင်းတင်တာ။ အဲဒါကို ငါးခိုးတယ် ဆိုပြီး စခန်းမှာ အမှုဖွင့်တာ။ လယ်သမားတွေလည်း မသိဘူး။ ဒီကိစ္စကို ထွေအုပ်၊ မြေစာရင်းနဲ့ တရားရေး ဌာနတွေနဲ့ ညှိနှိုင်း ပေးမယ် ဆိုပြီး လိမ်ခေါ်ပြီးတော့ မြို့ရောက်တော့ အကုန် လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာ။ တနေ့က ပထမဆုံး အကြိမ် ရုံးထုတ် တာ”ဟု ၎င်းက ပြောပြသည်။ဇူလိုင် ၂၄ ရက်က ကျောင်းကုန်းမြို့နယ် ကုန်းရှမ်းကျေးရွာနှင့် အိမ်မဲမြို့နယ် ဆင်တိုးကျေးရွာမှ လယ်သမား ဦးဆိုင်ကင်းနှင့် ၁၈ ဦး ကို ငါးခိုးမှုဖြင့် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ပန်းတနော်မြို့နယ် မြို့မရဲစခန်း၌ ချုပ်နှောင်ထားသည်ဟုလည်း ဆိုသည်။

သရဖူပြန်ရဖို့ ဆွေးနွေးညှိနှိုင်းလိုတဲ့ ဂျူးစံသာ

Photo: သရဖူပြန်ရဖို့ ဆွေးနွေးညှိနှိုင်းလိုတဲ့ ဂျူးစံသာ
Thursday, July 31, 2014

မစ္စ Globe Myanmar သရဖူဆု ရရှိထားပြီး နိုင်ငံတကာပြိုင်ပွဲကို သွားရောက်ဖို့အတွက်လေ့ကျင့်မှုတွေ ပြုလုပ်နေရာက သရဖူပြန်လည် ရုပ်သိမ်းခံရတယ်ဆိုတဲ့ အလှမယ် ဂျူးစံသာရဲ့
သတင်းဟာ အင်တာနက်မှာ ဒီသီတင်းပတ်အတွင်း ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်
ဖြစ်လို့နေပါတယ်။

သရဖူရုပ်သိမ်းတယ်ဆိုတဲ့ သတင်းကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေတစ်ဆင့် ကြေညာခဲ့သူ
ကတော့ Globe Myanmar ပွဲစီစဉ်သူလည်းဖြစ်၊ ဂျူးစံသာရဲ့ National Director လည်းဖြစ်တဲ့ 
မလှနုထွန်း ပဲဖြစ်ပါတယ်။

သရဖူရုပ်သိမ်းလိုက်ရတဲ့ အကြောင်းရင်းကိုလည်း တခြားအဖွဲ့အစည်းနဲ့ ဆက်သွယ်မှု၊ မက်ဆေ့ခ်ျမှ
ရိုင်းပြစွာပြောဆိုမှု၊ စာချုပ်အတွက် လာရောက် ဆက်သွယ်ရန် ပြောခဲ့သော်လည်း ပျက်ကွက်မှု
တို့ကြောင့်ဖြစ်တယ်လို့ မလှနုထွန်းက ရေးသားထားပါသေးတယ်။

အဲဒီသတင်းကို မလှနုထွန်းက ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပြီး နောက်တစ်နေ့မှာပဲ 
အလှမယ် ဂျူးစံသာ က ပါ့ခ်ရွယ်ရယ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သူ့အနေနဲ့ ရည်ရွယ်ထားတဲ့အတိုင်း နိုင်ငံတကာအလှမယ်ပွဲကြီးဖြစ်တဲ့ Miss Globe International ပွဲကြီးမှာ
သွားရောက် ယှဉ်ပြိုင်ချင်တာကြောင့် မလှနုထွန်းနဲ့ ဆွေးနွေးညှိုနှိုင်းလိုပါတယ်လို့ ထုတ်ဖော်
ပြောဆိုခဲ့ပါတယ်။

Miss Globe International အလှမယ်ပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှာ Azerbaijan နိုင်ငံမှာစတင်ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

စာနယ်ဇင်းပွဲမှာ ဂျူးစံသာက ခုလိုမျိုး ဖေ့စ်ဘွတ်ခ်သတင်းကြားရတဲ့အခါ ထင်မှတ်မထားတာ
ကြောင့် အံ့ဩခဲ့ရပါတယ်လို့ ၀မ်းနည်းဟန် မျက်ရည်အ၀ဲသားနဲ့ ဆိုခဲ့ပါသေးတယ်။

"စာချုပ်မူကြမ်းကို အခုလို သရဖူသိမ်းကြောင်း မကြေညာခင် တစ်ရက်အလိုမှာ အိမ်ကိုပို့ခဲ့ပေမယ့်အဖေနေမကောင်းလို့ ခဏစောင့်ပေးဖို့ ပြောခဲ့ပါတယ်။ သုံးနှစ်စာ ချုပ်ဆိုရမယ့်စာချုပ်ကို 
ခဏအတွင်းမှာ သမီးတစ်ယောက်တည်းပဲ ဖတ်ခဲ့ပြီး အမေတို့နဲ့ မတိုင်ပင်ရသေးတဲ့အချိန်ဆိုတော့ဆုံးဖြတ်ချက် မချနိုင်ခဲ့လို့ပါ"လို့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ဂျူးစံသာက ပြောပါတယ်။

သူ့ကို ဖေ့စ်ဘွတ်ခ်ကနေ သရဖူသိမ်းကြောင်း ကြေညာထားပေမယ့် တရားဝင်အကြောင်းကြားစာတော့ မရသေးပါဘူးလို့လည်း ညှိုနှိုင်းမှုအပေါ် စိတ်အားထက်သန်နေတဲ့ မစ္စ Globe Myanmar ကဆိုပါတယ်။

"ပြိုင်ပွဲက ဘယ်နှရက်မှ မလိုတော့ပါဘူး။ အကုန်ပြင်ဆင် ပြီးသွားပြီဆိုတော့ သမီး သွားပြိုင်ချင်ပါတယ်။ ဆွေးနွေးညှိနှိုင်းဖို့ကိုလည်း ကြိုးစားသွားမှာပါ။ တကယ်လို့ ဒီတစ်ခေါက်ပြိုင်ခွင့်မရခဲ့ရင်လည်း သမီးဝါသနာပါတဲ့ ဒီအလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ"လို့လည်း ဂျူးစံသာကပြောပါတယ်။

မလှနုထွန်းက စာချုပ်ကို ဇူလိုင် ၂၃ ရက်နေ့တွင် ပေးပို့ခဲ့ပြီး ၂၄ ရက်နေ့ ညနေတွင် လက်မှတ်လာရောက်ထိုးဖို့ ပြောပေခဲ့ပေမယ့် ဂျူးစံသာရဲ့ဖခင် နေမကောင်းတာကြောင့် စာချုပ်လက်မှတ်မထိုးနိုင်ခဲ့ဘူးလို့ မိခင်ဖြစ်သူ ဒေါ်သင်းသင်းရီ ကလည်း ထပ်လောင်းပြောဆိုပါတယ်။

"ဂျူးလေး အဖေနေမကောင်းလို့ အရမ်းအလုပ်ရှုပ်နေရတဲ့ အချိန်ပါ။ စာချုပ်ကိုလည်း နားလည်တဲ့သူတွေနဲ့ ပြချင်ပါသေးတယ်။ လက်မှတ်မထိုးဘူးလို့ ကျွန်မတို့ မပြောပါဘူး။ အချိန်လေးပဲပေးပါလို့
ပြောခဲ့ပါတယ်။ တစ်နေ့ကထိ (ဖေ့စ်ဘွတ်စ်ပေါ် ပို့စ်တင်တဲ့နေ့ မတိုင်ခင်) ကို ကျွန်မတို့ ဆက်ဆံရေးက အေးအေးဆေးဆေးပါ။ ဘာမှမဖြစ်ခဲ့ပါဘူး"လို့လည်း သူက ဆိုပါတယ်။

စာချုပ်မူကြမ်းမှာ ဖော်ပြထားတဲ့ အချက်တွေထဲမှာ ဂျူးစံသာရဲ့ အနုပညာဝင်ငွေ သုံးဆယ်ရာခိုင်နှုန်းကို နေရှင်နယ်ဒါရိုက်တာဖြစ်သူ မလှနုထွန်းကို သုံးနှစ်အထိ ခွဲပေးရမှာဖြစ်ပြီး အဖွဲ့အစည်းအပေါ် ရိုင်းပြစွာ စကားမဆိုရ၊ ကျိန်စာမတိုက်ရ၊ ဆေးလိပ်၊ ကွမ်းနဲ့ အရက် အပါအ၀င်
မူးယစ်ဆေးဝါး မသုံးစွဲရ၊ ကလပ်များသို့ သွားရောက် ကခုန်ခြင်း မပြုလုပ်ရ စတာတွေပါဝင်ပြီး အရမ်းတင်းကျပ်လွန်းတာမို့ ညှိနှိုင်းဖို့ အတွက် အချိန်ယူရတာပါလို့လည်း ဒေါ်သင်းသင်းရီကပြောပါတယ်။

မိခင်စကားကို ထောက်ခံတဲ့ ဂျူးစံသာကလည်း "မစ္စမြန်မာတွေအားလုံး တစ်နှစ်စာချုပ်ပဲ ချုပ်ကြပါတယ်။ သုံးနှစ်ဆိုတဲ့ကာလကို ဘယ်သူမှ စာချုပ် မချုပ်ကြပါဘူး။ မေမြတ်နိုးလည်း သုံးနှစ်စာချုပ်ကို လက်မှတ်မထိုးသေးပါဘူး။ နားလည်တဲ့ သူတွေနဲ့ တိုင်ပင်ချင်လို့ စာချုပ်ချုပ်မယ့် 
ရက်ထပ်တိုးပေးဖို့ တောင်းဆိုတာပါ"လို့ ဆိုပါတယ်။

ဖြစ်ရတဲ့ပြဿနာရဲ့ အဓိကအကြောင်းက စာချုပ် ချုပ်ဆိုဖို့ ကိစ္စဖြစ်တာကြောင့် Miss Globe Myanmar ပြိုင်ပွဲစတင်ကတည်းက ဆုရရှိတဲ့ အလှမယ်အနေနဲ့ ပြုလုပ်ရမယ့် အချက်အလက်တွေကို အေဂျင်စီအနေနဲ့ ကြိုတင်မပြောခဲ့ဘူးလား၊ စာချုပ်ကိုရော ပြိုင်ပွဲသွားခါနီးမှ ဘာကြောင့် 
ချုပ်ဆိုရသလဲဆိုတဲ့ မေးခွန်းတွေကို တွေးတောစရာဖြစ်လာခဲ့ပါတယ်။

"စာချုပ်ကို ပွဲပြီးပြီးချင်းမချုပ်တာက သူတို့ အမေတွေရော၊ သူတို့ကရော စာချုပ်ကိုကြိုက်တဲ့အချိန်ချုပ်ပါ။ လက်မှတ်ကို အချိန်မရွေးထိုးပါ့မယ်။ ၃၀ ရာခိုင်နှုန်းလည်း ပေးပါ့မယ်လို့ ပြောထားတာကို
ယုံလို့ပါ။ ပြီးတော့ မစ္စတစ်ယောက်ဆိုတာ တခြားသူတွေရော တူသလား၊ ကတိတည်ရဲ့ လားဆိုတာ စမ်းသပ်တာပါပဲ။ ခုတော့ လှနု သိလိုက်ပါတယ်။ နောက်ကျရင် စာချုပ်ချုပ်ဖို့ အရင်လုပ်ရပါတော့မယ်"လို့ မလှနုထွန်း က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မလှနုထွန်းဟာ ပြီးခဲ့တဲ့မေလက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Asia Pacific World ပြိုင်ပွဲမှာ သရဖူရရှိခဲ့တဲ့ အလှမယ် မေမြတ်နိုးရဲ့ နေရှင်နယ်ဒါရိုက်တာလည်းဖြစ်ပြီး လတ်တလောမှာ မေမြတ်နိုး နဲ့လည်း အဆင်မပြေမှုတွေ ကြုံနေရတာဖြစ်ပါတယ်။

"ဂျူးလေးကိုရော သူ့မိသားစုကိုရော ကျွန်မ အတန်တန်မှာထားပါတယ်။ တခြားအဖွဲ့အစည်းတွေနဲ့မဆက်သွယ်ဖို့ကိုပါ။ ဒါပေမဲ့ ကျွန်မပြောတာကို နားမထောင်ခဲ့ပါဘူး။ တခြားအဖွဲ့အစည်းနဲ့ 
ရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်ပါတယ်။ ခုစာချုပ်ကလည်း အကြမ်းပဲ ရှိပါသေးတယ်။ သူ့ကို လက်မှတ်ချက်ချင်း ထိုးခိုင်းတာ မဟုတ်ပါဘူး။ ဆွေးနွေးဖို့ပဲ ခေါ်နေတာပါ။ နောက်ပိုင်းရက်တွေမှာ 
လှနု မအားပါဘူး။ ဒါကြောင့် ဆွေးနွေးဖို့လာခဲ့ပါလို့ ပြောတာပါ။ ခု သရဖူသိမ်းရတာကလည်း သူနဲ့ဆက်ပြီးလက်တွဲလုပ်ဖို့ အဆင်မပြေတော့လို့ပါ။ သူ့အဖေ နေမကောင်းဘူးလို့ စာချုပ်မချုပ်နိုင်သေးဘူးလို့ ပြောပေမယ့် သူတခြား အစီအစဉ်တစ်ခုအတွက် လုပ်နေတယ်ဆိုတာ လှနု 
သိနေပါတယ်။ ရှေ့မှာ မေမြတ်နိုးကိစ္စကလည်း ရှိထားတော့ လှနု နောက်တစ်ခေါက် အရှက်ကွဲခံလို့ မရပါဘူး"လို့ မလှနုထွန်း ကဆိုသလို သူ့ဘက်က မှားတာ မရှိတဲ့အတွက်ဂျူးစံသာ တို့ဘက်မှ တရားစွဲမယ်ဆိုလည်း စွဲလို့မရပါဘူးလို့လည်း ဆိုပါတယ်။ ဖုန်းမက်ဆေ့ခ်ျ
ကနေတစ်ဆင့် ရိုင်းပြစွာပြောဆိုတယ်လို့ မလှနုထွန်း ရေးသားခဲ့တာနဲ့ ပတ်သတ်ပြီး ပြဿနာရှိခဲ့တာ မှန်ပေမယ့် နှစ်ဦးနှစ်ဖက်ကြားမှာ အဆင်ပြေပြီးခဲ့သားဖြစ်တယ်လို့ ဂျူးစံသာက
ဆိုပါတယ်။

"တီချယ်(လှနုထွန်း) ခရီးသွားနေတုန်းက ၀တ်စုံမလောက်ငတဲ့အတွက် Miss Golden Myanmarက ကိုဟန်ဇော်လတ်ဆီမှာ အကူအညီတောင်းခဲ့မိပါတယ်။ တီချယ်ကိုလည်း ဘာမှမလုပ်ပေးဘဲနဲ့လို့ မက်ဆေ့ခ်ျကနေ ပြောမိပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပြီးပါပြီ။ တီချယ်ကလည်း 
အဲဒါတွေ မေ့လိုက်ပြီး ရှေ့ဆက်သွားကြမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ခုလို ဘာဖြစ်လို့လုပ်ရတယ်ဆိုတာ ဂျူးလည်း မသိပါဘူး။ သမီး ဖုန်းဆက်ပေမယ့် တီချယ်က လုံးဝမကိုင်ပါဘူး"လို့ ဂျူးစံသာက ပြောပါတယ်။

မြန်မာတိုင်း(မ်)နဲ့ နောက်ဆုံး စကားပြောခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့အထိ မလှနုထွန်း ဘက်မှ ဆက်သွယ်မှု တစ်စုံတစ်ရာ မလုပ်ခဲ့ဘဲ ဖေ့စ်ဘွတ်ခ်မှာ Miss Globe ဆုရှင်ဂျူးစံသာမှာစိတ်ကစဥ့်ကလျား ရောဂါရှိနေတဲ့အတွက် ပြိုင်ပွဲကိုစေလွှတ်တော့မှာ မဟုတ်ဘူးလို့ 
ရေးတင်ခဲ့တယ်လို့ ဒေါ်သင်းသင်းရီက ပြောပါတယ်။

"အန်တီတို့ဘက်က ခုချိန်ထိတော့ ဘာမှမလုပ်သေးပါဘူး။ သူတို့က သမီးလေးကို စိတ်ဝေဒနာရှင်ပုံစံနဲ့ ပြိုင်ပွဲကျင်းပတဲ့ဆီကို အကြောင်းကြားတဲ့စာကို တွေ့ရပေမယ့် အဲဒီအဖွဲ့အစည်းနဲ့ အန်တီတို့
ဘာအဆက်အသွယ်မှ မရှိတော့ ရှင်းပြဖို့ အခက်တွေ့နေပါတယ်။ သူတို့ဘက်က ကြားခံလုပ်ပေးခဲ့ပြီး အန်တီတို့နဲ့ တစ်ကြိမ်မှ တိုက်ရိုက်ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး"လို့ ဒေါ်သင်းသင်းရီကပြောပါတယ်။

မလှနုထွန်း ကတော့ "Miss Tourism International ပွဲအတွက်လည်း လှနု စီစဉ်နေပါတယ်။Miss Globe ပွဲက အရမ်းကပ်နေတော့ နောက်တစ်ယောက်အစားထိုးဖို့ မီ မမီလည်း 
မသေချာပါဘူး။ ကံကောင်းလို့ ပွဲရက်ရွှေ့သွားမယ်ဆိုရင် ဂျူးစံသာနေရာမှာ တစ်ယောက် အစားထိုးဖြစ်ရင် ဖြစ်မှာပါ။ Miss Tourism International အတွက် လာလျှောက်ထားတဲ့ကလေးတွေလည်း ရှိပါတယ်။ ခုတော့ လှနု စိတ်ရှုတ်နေလို့ ရွေးဖြစ်မရွေးဖြစ် သေချာမပြောနိုင်သေးပါဘူး"လို့ဆိုပါတယ်။

Miss Globe Myanmar ပြိုင်ပွဲကြီးကို မတ်လ ၄ ရက်နေ့က ကရ၀ိက်နန်းတော်ဟိုတယ်မှာပြုလုပ်ခဲ့ကာ မစ္စအဖြစ် ဂျူးစံသာက ရွေးချယ်ခံခဲ့ရပြီး Miss Absolute Beauty Skin ဆုကိုလည်းရရှိခဲ့ပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲမှာ တွေ့ရတဲ့ ဂျူးစံသာ။ အောင်ဌေးလှိုင်
မြန်မာတိုင်း(မ်)

စာနယ်ဇင်းရှင်းလင်းပွဲမှာ တွေ့ရတဲ့ ဂျူးစံသာ။ အောင်ဌေးလှိုင်

မစ္စ Globe Myanmar သရဖူဆု ရရှိထားပြီး နိုင်ငံတကာပြိုင်ပွဲကို သွားရောက်ဖို့အတွက်လေ့ကျင့်မှုတွေ ပြုလုပ်နေရာက သရဖူပြန်လည် ရုပ်သိမ်းခံရတယ်ဆိုတဲ့ အလှမယ် ဂျူးစံသာရဲ့သတင်းဟာ အင်တာနက်မှာ ဒီသီတင်းပတ်အတွင်း ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်
ဖြစ်လို့နေပါတယ်။သရဖူရုပ်သိမ်းတယ်ဆိုတဲ့ သတင်းကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေတစ်ဆင့် ကြေညာခဲ့သူ
ကတော့ Globe Myanmar ပွဲစီစဉ်သူလည်းဖြစ်၊ ဂျူးစံသာရဲ့ National Director လည်းဖြစ်တဲ့
မလှနုထွန်း ပဲဖြစ်ပါတယ်။

ထူးမခြားနားသည့် အမ်ပီတီစနစ်၏ဖုန်းခ လျှော့သည့်ဝန်ဆောင်မှုဝေဖန်မှုများရှိ

ရန်ကုန်− မြန်မာ့ဆက်သွယ်ရေး၏ ပြည်ပကုမ္ပဏီနှင့်ပူးပေါင်းပြီးနောက် ပထမဆုံးဝန်ဆောင်မှု အနေဖြင့်စတင်သည့်ခေါ်ဆိုခ လျှော့ချပေးသော ဝန်ဆောင်မှု့မှာ ဝေဖန်မှုများနှင့်ကြုံတွေရလျက်ရှိသည်။Friends and Family Service အမည်ဖြင့် မိမိမိတ်ဆွေ၊ သူငယ်ချင်းများနှင့် မိသားစုများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ဖြင့် သြဂုတ်လကုန်အထိ ဖုန်းခေါ်ဆိုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုပေး ထားသော်လည်း ထိုဝန်ဆောင်မှု အသုံးပြုခအတွက် ၂၅၀၀ ကျပ် စတင်ဖြတ်တောက်ခြင်းကြောင့် အသုံးမပြုလိုကြကြောင်း GSM နှင့် WCDMA မိုင်ဘိုင်းဖုန်းသုံးစွဲ သူများကပြောသည်။ဆက်သွယ်ရေးက ယင်းသို့ အကန့်အသတ်ဖြင့် ဖုန်းခေါ်ဆိုခ လျှော့ချကြောင်းကြေညာ အပြီးမှာပင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ယင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းအသုံးပြုသူများအတွက်သာ စမ်းသပ်ဝန်ဆောင်မှုပေးသည့် ဖုန်းနံပါတ်သုံးခုကို တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့်ခေါ်ဆိုနိုင်မည့် စနစ်ကို စတင်လုပ်ကိုင်ပေးထားသော်လည်း အများစုမှာ အသုံးမပြုကြ ကြောင်း သတင်းရရှိသည်။‘‘အရင် သင်္ကြန်တုန်း ကလည်း Promotion တွေလုပ်ကတည်းက တစ်ခါမှမလုပ်ခဲ့ဘူး။ အခု Promotion ကိုလည်းမလုပ် ပါဘူး။ တန်တယ်လို့လည်းမထင်ဘူး။ MPT က သူတို့ဆီကတစ်ခုခုရဖို့အရေးကို သူတို့ကာထားတဲ့ အချက်တွေကပိုများတယ်။ ပြီး တော့ အစကတည်းက Plan ရှိရင် လည်း စောစောလုပ်သင့်တယ်။အခုက အူရီးဒူးကတ်ဝယ်ရင်တောင် ၁၄ ရက်နေ့အထိ Free ပြောလို့ရတာဆိုတော့ သူ့ဟာ မလုပ်လည်း ဘာမှမဖြစ်တော့ဘူး’’ဟု မန္တလေးတိုင်းကွန်ပျူတာလုပ်ငန်းရှင်အသင်းနာယက ဦးရဲမြတ် သူကပြောသည်။

ဘုရားခိုးဂိုဏ်းမှသယ်ဆောင်လာသည့် ရတနာပုံခေတ်လက်ရာ ကျွန်းရုပ်ပွားတော်များ စစ်ကိုင်းတွင် ဖမ်းမိ

စစ်ကိုင်းမြို့နယ် ဆွမ်းချက်ကျေး ရွာ သံလမ်းအနီးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆောင်ရွက်နေသည့် ယာဉ် ထိန်းတပ်ဖွဲ့မှ ရတနာပုံခေတ်လက်ရာ ကျွန်းသားမတ်ရပ် ရုပ်ပွားတော်ကြီးများ နှင့် အခြားရုပ်တုများကို ဇူလိုင် ၃ဝ ရက် နံနက် ၆ နာရီ ၁၅ မိနစ်က စစ်ဆေးတွေ့ ရှိသဖြင့် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့သို့ သတင်းပေးတို့တိုင်ကြားရာ စစ်ကိုင်းမြို့ ရဲစခန်းမှ (ပ)၃၁၈/၂ဝ၁၄ ဖြင့် အမှုဖွင့် ၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ ၂၉၅/၅၄ ဖြင့်အရေးယူထားကြောင်း သိရသည်။
စစ်ကိုင်းမြို့ အမှတ်(၆၃)ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှ ရဲအုပ်လူလှ၊ တပ်ကြပ်ကြီး စန်းခိုင်နှင့်အဖွဲ့သည် စစ်ကိုင်း အမှတ် (၂)ရဲကင်းစခန်းမှ တပ်ကြပ်လှမြင့် ပူး ပေါင်းအဖွဲ့၊ စီတီးကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးဦးကျော်နိုင်၊ ဆယ်အိမ်မှူးဦးဇော် ဝင်းအောင်တို့နှင့်အတူ ဆွမ်းချက်ကျေး ရွာ ကားလမ်းံ့ ဝ၂၉၂၈၂ သံလမ်း ကူးနေရာမှ မသင်္ကာသောကားများကို ရပ်တန့်စစ်ဆေးမှုဆောင်ရွက်စဉ် လိုက်ထရပ်ယာဉ်တစ်စီးကို တားဆီးရာ မောင်း ပြေးသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှ ရဲအုပ် လူလှနှင့် တပ်ကြပ်ကြီးစန်းခိုင်တို့က လိုက် လံဖမ်းဆီးခဲ့သည်။ အဆိုပါကားသည် တပ်မ ၃၃ ရှေ့အရောက် လမ်းမပေါ်မှာ ဖမ်းဆီးရရှိသဖြင့် စစ်ဆေးမှု ပြုလုပ်ရာ လိုက်ထရပ်အဖြူရောင် ယာဉ်အမှတ် ၈င်္---- နှင့်အတူ ယာဉ်ပေါ်မှ ဘုရားဆင်း တုတော်များကို တွေ့ရှိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသော တရားခံပြေးတစ်သောင်းကျော်ကို သီးခြားစီမံချက်ဖြင့် ပြန်လည်ဖမ်းဆီးရန် ညွှန်ကြားထားပြီး တရားခံအား မဖမ်းဘဲ နားလည်မှုရယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသေးသော တရားခံပြေးတစ်သောင်းကျော်ကို သီးခြားအစီအမံများဖြင့် စီမံချက်တစ်ခုရေးဆွဲကာ လွတ်မြောက်နေသောတရားခံပြေးများအား ပြန်လည်ဖမ်းဆီးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဇွန် ၃၀ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ တရားခံပြေးတစ်သောင်းကျော်ကို ပြန်လည်ဖမ်းဆီးရန်ညွှန်ကြားထားသည့်စီမံချက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးများက အနီးကပ်ဆောင်ရွက်ရန်၊ မိမိနယ်မြေအတွင်းရှိ တရားခံပြေးများကို ဖမ်းဆီးနိုင်မှုမရှိသေးချိန်တွင် အခြားမြို့နယ် နယ်မြေမှ ရဲတပ်ဖွဲ့ဝင်များက နယ်ကျော်ဖမ်းဆီးခွင့်ရှိပြီး တရားခံအားဖမ်းဆီးရမိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များအား အရေးယူရန် စသည့်အချက်အလက်များပါဝင်ကြောင်း သိရသည်။

ရန်ကုန်တွင် အချို့ ဆိုင်များ ၌ ကျပ် ၅၀၀၀ ဖြင့် အော်ရီဒူး ဆင်းမ်ကတ်များ စရောင်း

 အော်ရီဒူးကုမ္ပဏီထုတ်တယ်လီဖုန်းဆင်းမ် ကတ်များအား ရန်ကုန်တွင် ဩဂုတ် ၂ရက်နေ့တွင် စတင်ရောင်းချ မည် ဟု ကြေညာ ထားသော် လည်း ဇူလိုင် ၃ဝရက် ညနေပိုင်းက ရန်ကုန်မြို့ လယ်တွင် စတင်ရောင်း ချခဲ့ကြောင်း သိရသည်။
ကျပ် ၁၅၀ဝဖြင့် ရောင်းချမည့် အော်ရီဒူးဆင်းကတ်များကို စတင် ရောင်းချ ခဲ့ရာတွင် ဝယ်ယူလိုသူများ ပြားခဲ့ကြခြင်းကြောင့် ဆိုင်အချို့တွင် ဆင်းမ်ကတ် တစ်ကတ်လျှင် ကျပ် ၅၀၀ဝနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
''သူတို့ပြောတုန်း ကတော့ တစ် ကတ်ကို ငွေ ၁၅၀၀ လို့ပြောပေမယ့် ဖုန်းဆိုင်မှာ သွားဝယ်တော့ တစ်ကတ် ကို ငါးထောင်ပေး ဝယ်ခဲ့ရတယ်။ ဒါ တောင်အလု အယက်ဝယ်ခဲ့ရတာ'' ဟု သွားရောက်ဝယ်ယူခဲ့သည့် ကမာ ရွတ်မြို့နယ်နေ ပြည် သူ တစ်ဦးက ပြောသည်။အနော်ရထာလမ်းနှင့် မဟာဗန္ဓု လပန်းခြံလမ်းထောင့်ရှိ ဆင်းမ်ကတ် ရောင်းချ ခဲ့သည့်ဆိုင်သို့ ဆက်သွယ် မေးမြန်းရာ''ကျွန်တော် တို့တစ်ကတ် ငါးထောင်နဲ့ရောင်း တာပါ။ ဝယ်ရင် တော့ မှတ်ပုံတင်နဲ့ ဓာတ်ပုံလိုပါတယ်။ ကတ် ၂ဝလောက် ဝယ်လဲ ဒီဈေးနဲ့ ပဲရောင်းပါတယ်''ဟု ပြောခဲ့သည်။
''သူတို့ကြေညာထားတာ က တော့ လကုန်ပြီး ၂ရက်နေ့မှရောင်း ပေး မယ်ဆိုပေမယ့် ကျွန်တော်တို့ဆီ ကိုတော့ ဒီနေ့က စပြီးရောင်း လို့ရ အောင် လာချပေးသွားတဲ့အတွက် စရောင်းတာ။ အခုဆို ဖုန်းကတ် ၂၀၀ ကျော်ကုန် သွားပြီ။ ဖုန်းဆိုင်တွေကို ခွဲတမ်းဘယ်လိုချလဲဆိုတာတော့ မသိ ရဘူး။ ဖုန်းကတ်တွေ ချပေးတာနဲ့ ပတ်သက်လို့လည်း အခြားသူတွေ ကို မပြောရဘူး လို့ ပြောထားတယ်'' ဟု ဆင်းမ်ကတ်တစ်ကတ်လျှင် ၁၅၀၀ ဖြင့် ရောင်းချခဲ့သည့် သန်လျင်မြို့ နယ်အတွင်း ဖုန်းနှင့် ဖုန်း အပိုပစ္စည်း ဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးဖြစ်သော ကိုအောင်မျိုးသန့်က ပြောသည်။

ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ

ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များ အကန့်အသတ်မရှိ ၀ယ်ယူအသုံးပြုနိုင်ရန် တစ်လကျော်ခန့်သာ လိုတော့သည်။ ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် မြန်မာပြည်တွင် ယခင်က မရဖူးသည့် ကောင်းမွန်သော အင်တာနက်လိုင်းနှင့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။ဖုန်းခေါ်ဆိုတိုင်း ကြုံတွေ့နေရသည့် ဧရိယာပြင်ပရောက် လူကြီးမင်းနှင့် အင်တာနက်သုံးတိုင်း အ၀ိုင်း (Loading) လည်နေသည်ကို ကြည့်နေရသည်ကို ပြည်သူများ ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း လစဉ်မဲနှိုက်ပြီး ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းများကို စိတ်ဝင်စားမှုနည်းလာနေပြီး ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်ကို စောင့်နေကြခြင်းဖြစ်သည်။

ငွေကြေးမတတ်နိုင်သည့် လူနာများအား ဆေးမကုပေးပါက ၀န်ကြီးဌာနသို့ တိုင်ကြားနိုင်

အစိုးရကျန်းမာရေး ဆေးရုံများတွင် တာဝန်ရှိသူ ၀န်ထမ်းများအနေဖြင့် အခကြေးငွေ
မတတ်နိုင်သည့် လူနာများကို ဆေးကုသမှုမပေးခြင်း၊ ဆက်ဆံရေး မပြေပြစ်ခြင်း ရှိပါက
ကျန်းမာရေးဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး အရေးယူပေးမည်ဟု ကျန်းမာရေးဦးစီးဌာနမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ထမ်းတွေကို လူနာတွေကို မခြေမငံ မဆက်ဆံဖို့၊
လူနာတွေ ဘက်ကနေ ဆက်ဆံလာရင်တောင် သည်းခံဖို့ ကောင်းကောင်း မွန်မွန်ဆက်ဆံဖို့
အတိအလင်း ညွှန်ကြားထားပါတယ်။ ငွေကြေးလုံးဝ မတတ်နိုင်တဲ့ လူနာတွေ ဆေးရုံလာတက်တဲ့
ဆေးရုံကနေ ဆေးမကုပေးဘူးဆိုပြီး နှင်ထုတ်လို့ မရပါဘူး"ဟု ကျန်မာရေးဦးစီးဌာန၏
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွှန့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ပြီးခဲ့သည့်လတွင် ဖြစ်ပွားခဲ့သည့် မြောင်းမြ ဆေးရုံမှ ဆေးမကုသပေးသဖြင့် မိမိကိုယ် မိမိ
အဆုံးစီရင်သွားခဲ့သည်ဆိုသည့် ဖြစ်စဉ်ကို ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရာတွင်
အဆိုပါလူနာသည် ဆေးရုံနှင့် ပတ်သက်မှု ရှိသည်ကို အထင်အရှား မတွေ့ ကြောင်း
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆောက်လုပ်ဆဲကန်ထရိုက်တိုက်မှ အစောင့်တဲရွှေ့ပြောင်းစဉ် ဓာတ်ကြိုးနှင့်ငြိပြီး လျှပ်စစ် ဓာတ်ကြိုး ပြတ်တောက်မှုအတွက် အိမ်ရှင်ကို မြို့နယ်လျှပ်စစ်က အမှုဖွင့်ရန်စီစဉ်

မြောက်ဥက္က လာပမြို့နယ်အတွင်းရှိ ဝဇီရာ(၄) လမ်းတွင် ဇူလိုင် ၂၈ ရက်က ဆောက် လုပ်ဆဲကန်ထရိုက် တိုက် အစောင့် တဲ ရွှေ့ပြောင်း စဉ် လျှပ်စစ်ဓာတ်ကြိုးနှင့် ငြိကာ လျှပ်စစ်ဓာတ်ကြိုး ပြတ်တောက် မှုဖြစ်ကာ လူတစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောက် ဥက္ကလာပ မြို့နယ်၊ (စ)ရပ်ကွက်၊ ဝဇီရာ(၄)လမ်း ရှိ အိမ်အမှတ် စ/၁၇၅တွင် ဇူလိုင် ၂၈ရက် မွန်းလွဲ ၂နာရီခန့်က လျှပ် စစ်ဓာတ်ကြိုးအောက်တွင် တည် ဆောက်ထားသည့် တိုက်အစောင့် ယာယီတဲကို ရွှေ့ပြောင်းစဉ် တဲတွင် မိုးထားသည့် တာလပတ်စကို လေ တိုက်သည့်အတွက် အမိုးပေါ်ရှိဓာတ် ကြိုးနှင့်ငြိခဲ့ကြောင်း သိရသည်။
ထို ကဲ့သို့ ဖြစ်နေခြင်းကို ပြန်လည်ဆွဲယူ ရာမှ ဓာတ်ကြိုးနှစ်ချောင်းပူးသဖြင့် လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ကာ ဓာတ် အားလိုင်း ပြတ်တောက်မှုဖြစ်ပွားခဲ့ ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
(စ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇင်ဘို က ''သူတို့စည်ပင်က ခွင့်ပြု ချက်ဆိုင်းဘုတ်မထောင်ဘဲ ဆောက် နေတာကြာပြီ။ ဒီနေ့ခွင့်ပြုချက်ဆိုင်း ဘုတ်ရလို့ ထောင်မယ်ဆိုပြီး အစောင့် ကောင်လေးက တဲကိုရွှေ့မယ် လုပ်ရင်း လေတိုက်လို့ တာလပတ်က ဓာတ် ကြိုးနဲ့ငြိပြီး ပြန်ဆွဲရာကနေ ကြိုးပူးပြီး ရှော့ခ်ဖြစ်လို့ လမ်းထိပ်ကနေ ဓာတ် ကြိုးနှစ်ချောင်းပြတ်သွားတယ်။ အဲဒီ အစောင့်က ကြောက်ကြောက်နဲ့ အမိုး ပေါ်ကနေ ခုန်ချလို့ ဘေးကအုတ်ခဲ ပုံနဲ့ထိမိပြီး မေးကွဲသွားတယ်။ အခု သူ့ကိုလဲ ဆေးရုံပို့ပြီး ဆေး စစ်ချက် ယူနေပါတယ်''ဟုပြောသည်။

ကြွက်နို့ပျောက်သည့် သဘာဝ ဆေးနည်းများ (ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ)

 
ကြွက်နို့ ပေါက်သူများ ဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)

ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။